← Chapters

လောကကြီးကို ဆက်သခြင်း…..

Vol. 19 Ch. 182

လောကကြီးကို ဆက်သခြင်း…..

Vol. 19 Ch. 182

"အိုး... ဘာအောင်မြင်မှုလဲ... မင်းဆရာကို ပြစမ်းပါဦး..."

လီချင်းချိုးက ရှည်လျားသော စားပွဲတွင် ထိုင်၍ လ္ဘက်ရည်ငဲ့ရင်း ပြုံးကာ မေးလိုက်သည်။ သူက မသိယောင်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့ လျှို့ဝှက်စွာ မျှော်လင့်နေမိသည်။

ယွမ်လီက ခြံဝင်းအလယ်သို့ လျှောက်သွားပြီး မြင်းထိုင်ထိုင် လိုက်ကာ လက်သီးများကို ဆုပ်၍ ခါးနားတွင်စု ထားလိုက်သည်။ထို့နောက် လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တစ်မုဟုတ်ချင်းပင် သူ့ခန္ဓာကိုယ် ရုတ်တရက် သန်မာလာသည်။

အခြား တပည့်များနှင့် နှိုင်းယှဉ်လျှင် တောင့်တင်းသန်မာသည်ဟု မဆိုနိုင်သော်လည်း သူ့ရဲ့ ပိန်ပါးသော ပုံမှန်ခန္ဓာကိုယ်ထက်တော့ အမှန်တကယ်ပင် ပိုမို သန်မာလာသည်။ သူ့ဝတ်ရုံပင် အနည်းငယ် လွင့်ဝဲလာပြီး ဖော်ပြ၍ မရနိုင်သော အရှိန်အဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာသဖြင့် လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။

ယွမ်လီသည် မူလချီစွမ်းအင်အပြင် သူ့ရဲ့အရိုး၊အသွေးအသားမှ မြစ်ဖျားခံသော အထူး စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူ တွေ့ရှိလိုက်ရသည်။ထို့ပြင် မူလချီစွမ်းအင်က ဤစွမ်းအားကို နှိုးဆွပေးနိုင်ပြီး ပိုမို အားကောင်းလာစေနိုင်သည်။

သေချာသည်မှာ အသိပေးချက်များကို အစပျိုးခြင်းက ကျင့်ကြံခြင်းနည်းစနစ်အချို့ကို ကျွမ်းကျင်ပိုင်နိုင်ရုံ သက်သက် မဟုတ်ဘဲ တစ်စုံတစ်ရာကို ဖန်တီးခြင်းပင် ဖြစ်သည်။

"ဒါက ဘာလဲ..."

လီချင်းချိုးက အံ့အားသင့်စွာ မေးလိုက်သည်။

ခန္ဓာကိုယ်အတွင်းမှ အထူးစွမ်းအားကို အသက်သွင်းပြီးနောက် အသက်ဆယ့်နှစ်နှစ် အရွယ် ယွမ်လီ၏ မျက်နှာအမူအရာမှာ မယုံနိုင်လောက်အောင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ယခင်ကနှင့် လုံးဝ ကွာခြားသွားသည်။

"ဆရာ... ဒီစွမ်းအားကို ကျွန်တော်ကတော့ အရှိန်အဝါလို့ ခေါ်ပါတယ်... ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်ကို ကျင့်ကြံနေစဉ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အဆုံးအစမဲ့ လျှို့ဝှက်ချက်တွေကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တယ်... စကြဝဠာ လည်ပတ်မှုရဲ့ အံ့ဖွယ်တွေကိုတောင် တွေ့ခဲ့ရတယ်... မူလချီစွမ်းအင်ဆိုတာ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီစွမ်းအင်ကနေ ဖြစ်ပေါ်လာတာပါ... ကျွန်တော်က ရုပ်ခန္ဓာရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ချင်ခဲ့တယ်... ဒါကြောင့် အရှိန်အဝါကို ဖန်တီးခဲ့တာပါ... အရှိန်အဝါကို မူလချီစွမ်းအင်ကနေလည်း စွမ်းအား ဖြည့်တင်းပေးနိုင်တယ်... ကျွန်တော့်ရဲ့ နယ်ပယ် ကျင့်ကြံခြင်းအဆင့် မတိုးလာပေမဲ့ လက်ရှိ စွမ်းအားကတော့ အများကြီး တိုးလာပါတယ်..."

ယွမ်လီ စကားပြောနေစဉ် သူ့မျက်နှာထားက အေးစက်သွားပြီး ဆံပင်များက လွင့်ဝဲလာသည်။

လီချင်းချိုး၏ စိတ်ကူးယဉ်မှု ဟုတ်မဟုတ် မသေချာသော်လည်း အရှိန်အဝါကို အသက်သွင်းပြီးနောက် ယွမ်လီကိုကြည့်ရသည်မှာ ခံစားချက်များ ပျောက်ဆုံးသွားသလိုထင်ရသည်။

ထိုအချက်ကြောင့် လီချင်းချိုး စိတ်ဝင်စားသွားပြီး မတ်တတ်ရပ်ကာ ရှည်လျားသော စားပွဲကို ပတ်၍ ယွမ်လီ၏ ရှေ့တွင် ရပ်လိုက်ပြီး …

"ငါ့ကို တစ်ချက်လောက် ထိုးစမ်းပါ... အစွမ်းကုန် သုံးပြီး ထိုး..."

ယွမ်လီသည် မူလအားဖြည့်နယ်ပယ် ဒုတိယအလွှာတွင်သာ ရှိနေသော်လည်း ဆရာ့ရဲ့အကြံပြုချက်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး တုံ့ဆိုင်းနေမိသည်။

"တကယ် ပြောနေတာ ကောင်လေးရဲ့... အရှိန်အဝါကို နားလည်သွားရုံနဲ့ ငါ့ကို သတ်နိုင်ပြီလို့ မင်း မထင်ထားဘူး မဟုတ်လား..."

လီချင်းချိုးက ယွမ်လီအား ချဲ့ကားသော စကားများဖြင့် နောက်ပြောင်လိုက်ရာ ယွမ်လီ၏ မျက်နှာ နီရဲသွားတော့သည်။

ယွမ်လီ ထပ်မံ မတုံ့ဆိုင်းတော့ချေ။ သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ခန္ဓာကိုယ်ကို လေးတစ်လက်ကဲ့သို့ ကွေးညွှတ်လိုက်ကာ နောက်ခြေကို လှည့်၍ ခါးကို လိမ်ကာ အရှိန်အဝါနှင့် ချီစွမ်းအင် အားလုံးကို ညာဘက် လက်သီးတွင် စုစည်း၍ ထိုးချလိုက်သည်။ ထိုအခါ လေပြင်းတစ်ချက်က လီချင်းချိုး၏ မျက်နှာဆီသို့ တိုက်ခတ်လာပြီး ဖုန်မှုန့်များကိုပင် လွင့်စင်သွားစေခဲ့သည်။

ဖောင်း…….

လီချင်းချိုးက ယွမ်လီ၏ လက်သီးကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ့ ဆံပင်ရှည်များက လေထဲတွင် လွင့်ဝဲနေသည်။ ယွမ်လီသည်လည်း ဆရာ့ရဲ့ လက်ဖဝါးက အလွန် ခိုင်မာကြောင်း ခံစားလိုက်ရသည်။

သူ့ရဲ့ အရှိန်အဝါက ဆရာ့ရဲ့ လက်ဖဝါးကို ရိုက်ခတ်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ထိုအခါ ဝတ်ရုံများ လွင့်ဝဲနေမှု ရပ်တန့်သွားပြီး မျက်နှာအမူအရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ခန္ဓာကိုယ်မှာလည်း အရွယ်အစား တစ်ခုစာ ပြန်လည် သေးငယ်သွားသည်။

"ဆရာ... ဆရာက တကယ့်ကို အံ့မခန်းပဲ... ကျွန်တော်က ဆရာ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး..."

"ဟား ဟား မင်းရဲ့ အရှိန်အဝါက တော်တော်လေး ကောင်းတယ်... မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာက တပည့်တွေတောင် အစောက မင်းရဲ့ အစွမ်းကုန် ထိုးနှက်ချက်ကို သတိမထားမိဘဲ ခံလိုက်ရရင် ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေ ရသွားနိုင်တယ်..."

ဤစကားကို ကြားသောအခါ ယွမ်လီ အလွန် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေတော့သည်။

"မနက်ဖြန် ငါ မင်းအတွက် အထိမ်းအမှတ် ကျောက်တိုင်တစ်ခု စိုက်ထူခိုင်းမယ်...ဒီတာအိုက ခန္ဓာကိုယ်ကျင့်ကြံသူရဲ့ တာအို ဖြစ်လာလိမ့်မယ်... နောင်ကျရင် ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို သင်ပေးဖို့ ဂိုဏ်းအတွင်းမှာ မင်းကို ကျောင်းတော် တစ်ခု ဖွင့်ခွင့်ပေးမယ်..." ဟု လီချင်းချိုးက ဆက်ပြောလိုက်တော့ ယွမ်လီ ချက်ချင်းပင် အလွန် ဝမ်းသာသွားပြီး ဆရာ့ကို ကမန်းကတန်း ကျေးဇူးတင်လိုက်သည်။

အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခြင်းက ကြီးမားလှသော ဂုဏ်ကျက်သရေတစ်ခု ဖြစ်တာကြောငိ့ သူ ငြင်းပယ်မည် မဟုတ်ပေ။ ထို့ပြင် သူ ဖန်တီးခဲ့သည့် အရှိန်အဝါကလည်း ဤဂုဏ်ကျက်သရေနှင့် ထိုက်တန်သည်ဟု ခံစားရသည်။

လီချင်းချိုးက သူ့ကို သွားနားရန် ပြောလိုက်ရာ သူ ချက်ချင်းပင် အရိုအသေပေး၍ ထွက်ခွာသွားလေသည်။

ကောင်လေး ထွက်သွားပြီးနောက် လီချင်းချိုးက သူ့ရဲ့ ညာလက်ကို မြှောက်၍ ခါလိုက်ပြီး..

"ဒီကောင်လေးမှာ ဘယ်လောက်တောင် အားကောင်းတဲ့ ခွန်အားတွေ ရှိနေတာလဲ..."

လီချင်းချိုး တိတ်တဆိတ်ထိတ်လန့်နေချေပြီ။ သူ့လက်တဖက်လုံးထိုထိုးနှက်ချက်ကြောင့် ထုံကျင်သွားခဲ့သည် မဟုတ်ပေလော။ ထိုလက်သီးချက်ဖြင့် ယွမ်လီ၏ ခန္ဓာကိုယ်ထဲတွင် အရှိန်အဝါ အလွန် နည်းပါးစွာသာ ကျန်ရစ်တော့ကြောင်း သူ မြင်နိုင်ပေသည်။ လက်သီးတစ်ချက်တည်းဖြင့် မိမိ၏ စွမ်းအား အားလုံးကို ထုတ်ဖော်နိုင်ခြင်းက လွယ်ကူသော ကိစ္စ မဟုတ်ချေ။ ယွမ်လီကို ဂိုဏ်း၏ အနာဂတ် နံပါတ်တစ် တပည့်ဟု သူ ယုံကြည်ထားသည်မှာ အံ့သြစရာ မဟုတ်ပေ။

ကျောက်ကျိန်း၊ ကျီယာနှင့် လီရန်တို့ အားလုံးက ထူးချွန်ကြသော်လည်း လီချင်းချိုး၏ အမြင်တွင်တော့ ယွမ်လီသည်သာ သူ အမျှော်လင့်ဆုံး သူပင် ဖြစ်သည်။ ဒါဟာလည်း ဖျက်ဆီး၍မရသောခန္ဓာကိုယ်ကြောင့်သာမက ဂိုဏ်းအတွင်း မည်သူနှင့်မျှ မယှဉ်သာသော ထူးခြားလှသည့် နားလည် သဘောပေါက်နိုင်စွမ်းကြောင့်လည်း ဖြစ်သည်။

ဂိုဏ်းတစ်ခွင်လုံးကို ကြည့်လိုက်လျှင် သောင်းချီသောဉပဒေသကံကြမ္မာရှင်နှင့် သန့်စင်ခြင်းတစ်ထောင်တို့မှ တိမ်ရောင်စဉ် တစ်ယောက်သာ ယွမ်လီနှင့် ယှဉ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဤနှစ်ယောက်က ချင်းရှောင်ဂိုဏ်း၏ အနာဂတ်ကို ကိုယ်စားပြုနေပြီး လီချင်းချိုးက သူတို့ကို သေချာပေါက် ပြုစုပျိုးထောင်ပေးမည် ဖြစ်သည်။

သူတို့ကို ခန်းမ ရှစ်ခု သို့မဟုတ် ဓားဂိုဏ်းသို့ တာဝန်ပေးမည် မဟုတ်ဘဲ သူ့လက်ထဲတွင်သာ ထားရှိမည် ဖြစ်သည်။ဂိုဏ်းကြီးထွားလာသည်နှင့်အမျှ အုပ်စုခွဲများ ပိုမို ပေါ်ထွက်လာမည်မှာ မလွဲမသွေ ဖြစ်ပြီး ပြည်တွင်း ပဋိပက္ခများမှာလည်း ရှောင်လွှဲ၍ ရမည် မဟုတ်ချေ။

လီချင်းချိုးက မာနထောင်လွှားနေမည် မဟုတ်ဘဲ ဌာနတစ်ခုစီ၏ စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှုကို တိုးချဲ့နေစဉ် ဂိုဏ်းချုပ်၏ကိုယ်ပိုင် စွမ်းအားကိုလည်း ဖွံ့ဖြိုးအောင် လုပ်ဆောင်မည် ဖြစ်သည်။

ယွမ်လီသည် စွမ်းအား မနိုးထသေးသော်လည်း ဖျက်ဆီး၍မရသောခန္ဓာကိုယ်က လီချင်းချိုးအား ဤမျှ ကြီးမားသော အံ့သြဖွယ်ရာကို ပေးစွမ်းနိုင်ခဲ့ခြင်းက သူ့ကို အလွန် ပျော်ရွှင်စေခဲ့သည်။ ထိုညနေခင်းတွင် ယွမ်လီအတွက် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူရန် ထျန်းကုန်းဆောင်သို့ သွားရန် ယွမ်ချီကို ညွှန်ကြားလိုက်သည်။

ယွမ်ချီ ဤကိစ္စကို သိလိုက်ရသောအခါ ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့ အလွန် ဝမ်းသာသွားသည်။ လီချင်းချိုး လူမှားနေခြင်းများလား ဟုပင် သူက မေးခွန်းထုတ်ခဲ့သေးသော်လည်း လီချင်းချိုး၏ ငေါက်ငမ်းမောင်းထုတ်ခြင်းကို ခံလိုက်ရသည်။

ညဉ့်နက်ပိုင်းတွင်….

ထိုနေ့အတွက် တာဝန်များ အားလုံး ပြီးစီးသွားသောအခါ ယွမ်ချီ ခြံဝင်းသို့ ပြန်လာခဲ့သည်။ ၎င်းမှာ ညီအစ်ကို နှစ်ယောက်တည်းသာ ပိုင်ဆိုင်သော ခြံဝင်း ဖြစ်သည်။ ယွမ်ချီပြန်လာချိန်တွင် ယွမ်လီတယောက် လက်ဝှေ့သိုင်းများကို လေ့ကျင့်နေဆဲ ဖြစ်ကြောင်း သူ သတိပြုမိသဖြင့် ….

"ညီလေး... ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို မင်း တကယ် ဖန်တီးခဲ့တာလား..."

ယွမ်ချီ စိတ်လှုပ်ရှားစွာ မေးလိုက်တော့ ယွမ်လီက လက်သီးကို ရုပ်သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ကျွန်တော် အဲဒါကို အရှိန်အဝါလို့ ခေါ်တယ်..."

"အရမ်းကောင်းတာပဲ... ငါ ဘာအတွက် ကြိုးစားနေတာလဲ... အားလုံး မင်းအတွက်ပဲ... ဂိုဏ်းချုပ်မှာ တပည့်တွေ ပိုပို များလာတယ်... မင်းရဲ့ နေရာကို ထိန်းထားနိုင်ဖို့ ငါ ပိုပြီး ကြိုးစားရဦးမယ်... အခု မင်းရဲ့ အလားအလာကို ပြသလိုက်ပြီဆိုတော့ မင်းဘေးမှာ ငါရှိနေရင် နောင်ကျရင် မင်းက ဂိုဏ်းချုပ် အတန်ဖိုးထားရဆုံး တပည့် သေချာပေါက် ဖြစ်လာလိမ့်မယ်... ကျောက်ကျိန်းနဲ့ ကျီယာတို့တောင် မင်းနဲ့ မယှဉ်နိုင်ဘူး... ဒါပေမဲ့ ရွှီနင်းနဲ့တော့ မျက်နှာသာပေးခံရဖို့ မပြိုင်နဲ့ပေါ့... သူက မတူဘူးလေ... သူက တပည့်ကြီး ဖြစ်ပြီးတော့ ဂိုဏ်းရဲ့ အစောပိုင်း ကာလတွေမှာ ကြီးမားတဲ့ အထောက်အပံ့တွေကို ပေးစွမ်းခဲ့တာ..."

ဤစကားများက ယွမ်လီကို နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားစေသည်။ ယွမ်လီ၏စိတ်ထဲတွင် မျက်နှာသာပေးခံရရန် ယှဉ်ပြိုင်လိုစိတ် မရှိသော်လည်း အစ်ကိုဖြစ်သူ ကြိုးစားပမ်းစား အလုပ်လုပ်နေသည်ကို သူ မြင်တွေ့ခဲ့ရသည်။ လူအများက သူ့ပါရမီကို လျှို့ဝှက်စွာ မေးခွန်းထုတ်ကြသော်လည်း ပွင့်ပွင့်လင်းလင်း မပြောရဲကြချေ။ ၎င်းမှာ သူက ဂိုဏ်းချုပ်၏ တပည့် ဖြစ်နေသောကြောင့်သာမက ယွမ်ချီကလည်း ဂိုဏ်းချုပ်၏ အချစ်တော် ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

ယွမ်ချီခင်မျာ စကားပြောရင်းနှင့် ပိုပို၍ စိတ်လှုပ်ရှားလာပြီး မျက်ရည်များပင် ကျလာသည်။ ထိုစဉ်က နို့စို့အရွယ်သာ ရှိသေးသော ယွမ်လီနှင့်အတူ ညီအကိုနှစ်ယောက် တောင်ထွတ်ခုနစ်ခုမဟာမိတ်အဖွဲ့တွင် အကျဉ်းချခံခဲ့ရသည်။ ထိုနေ့ရက်များက မမေ့နိုင်စရာပင် ဖြစ်ပြီး အကြောက်တရားများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည့်အချိန်များပင်ဖြစ်ခဲ့သည်။

ယွမ်လီထံတွင် ထိုအချိန်က မှတ်ဉာဏ်များ မရှိသော်လည်း ခံစားချက်များကို ရင်ထဲတွင် အမြဲ သိမ်းဆည်းထားခဲ့သည်။ ထို့ကြောင့် လီချင်းချိုးကို ကျေးဇူးတင်ရုံသာမက သန်မာလာစေရန်နှင့် မည်သည့်အခါမျှ အကျဉ်းသား ထပ်မဖြစ်စေရန်လည်း ကတိပြုထားသည်။

ယွမ်လီသည် စိစစ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး သူ့အပေါ် ဖိအားများစွာ ကျရောက်စေခဲ့သော်လည်း သူ မည်သည့်အခါမျှ ဖွင့်မပြောခဲ့ပေ။ နှစ်များစွာကြာပြီးနောက် ဒီညလောက် ပျော်ရွှင်ရသည့် တစ်ခုတည်းသော ညမှာ လီချင်းချိုးက တောင်ထွတ်ခုနစ်ခုမဟာမိတ်အဖွဲ့မှ ညီအစ်ကို နှစ်ယောက်ကို သယ်ဆောင်လာခဲ့သည့် ညပင် ဖြစ်သည်။

သူက ယွမ်လီကို ကြည့်ပြီး ရယ်မောလိုက်ကာ….

"ညီလေး... လာစမ်းပါ... ငါက မူလအားဖြည့်နယ်ပယ် တတိယအလွှာ ကျင့်ကြံသူဆိုတော့ မင်းထက် အများကြီး ပိုသန်မာတယ်ဆိုတာ ငါ ပြမယ်..."

"အစ်ကို... ကျွန်တော့်ကို ဘယ်လောက် အားထည့်စေချင်လဲ..."

"ဘာလဲ... မင်းက အစ်ကိုကို သေအောင် ရိုက်ချင်လို့လား... ဒါမှမဟုတ် အထင်သေးနေတာလား... လုပ်စမ်းပါ... လက်သီးသာ ထိုးစမ်းပါ..."

ယွမ်လီ ဆရာ့အပေါ်တွင် အစွမ်းကုန် ထုတ်သုံးခဲ့ပြီးဖြစ်ရာ သူ၌ အရှိန်အဝါ အလွန်နည်းပါးစွာသာ ကျန်ရစ်တော့သည်။ ထို့ကြောင့် သူ သိပ်မတွေးတော့ဘဲ ကျန်ရှိနေသည့် အရှိန်အဝါများကို အကုန်သုံးရန် ပြင်ဆင်လိုက်သည်။ အရှိန်အဝါကို ထိန်းချုပ်လိုက်စဉ် ညီဖြစ်သူ၏ ပြောင်းလဲမှုများကို မြင်သောအခါ ယွမ်ချီ၏ မျက်နှာထား သဘာဝမကျသလို ဖြစ်သွားပြီး မကောင်းသော ကြိုတင်ခံစားမှုတစ်ခုကို ရုတ်တရက် ရလိုက်သော်လည်း အစ်ကိုကြီး တစ်ယောက်အနေဖြင့် မာနက သူ့ကို စိတ်ပြောင်းခွင့် မပေးချေ။

သူ တံတွေးမြိုချလိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်ကာ အခြေအနေကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်တော့သည်။

…………

နောက်တစ်နေ့ နံနက်တွင် တာအိုရှာဖွေခြင်းလမ်းပေါ်၌ အထိမ်းအမှတ် ကျောက်တိုင်အသစ် တစ်ခု ထပ်တိုးလာခဲ့ပြီး ဖြတ်သွားဖြတ်လာ တပည့်များကို လာရောက် ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့ကာ ထိုသတင်းသည်လည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဂိုဏ်းချုပ်၏ တပည့်သုံးယောက်က အမှန်တကယ်ပင် ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို ဖန်တီးခဲ့သည်လား…

ထိုသတင်းက တောမီးသဖွယ်လျင်မြန်စွာ ပျံ့နှံ့သွားချေပြီ။

ယွမ်လီသည် ဆိုးရွားသော စိတ်နေသဘောထားကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး တပည့်များစွာက သူ့ကို ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်အပေါ် အမည်းစက်တစ်ခုအဖြစ် လျှို့ဝှက်စွာ ခေါ်ဝေါ်ကြသည်။

ဒီလိုတပည့်မျိုးက ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်ကျင့်ကြံသူ တာအိုကို ဖန်တီးနိုင်မှာလဲ…..

တချို့က အံ့အားသင့်ကြပြီး တချို့က စပ်စုကာ တချို့ကတော့ မေးခွန်းထုတ်နေကြသည်။

ယွမ်လီသည် မွန်းတည့်ချိန်တွင် လီချင်းချိုးကို လာရောက်တွေ့ဆုံရန် လင်းရှောင်ခြံဝင်းသို့ ရောက်လာပြီး ယွမ်ချီလည်း အတူ ပါလာသည်။ ယွမ်ချီ၏ ညာဘက်လက်မောင်းကို အဖြူရောင် အဝတ်စဖြင့် ပတ်ထားပြီး အတွင်း၌ သစ်သားစ သုံးခု ထည့်ထားရာ အရိုးကျိုးနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

ထိုအချိန်တွင် ရှောင်ညီနောင်သုံးယောက်လည်း ခြံဝင်းထဲ၌ ရှိနေပြီး လီချင်းချိုးနှင့် စကားပြောနေကြသည်။ ယွမ်လီကို မြင်သောအခါ ရှောင်ဝူတိ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"စီနီယာအစ်ကိုယွမ်လီ.. ခန္ဓာကိုယ်ကျင့်ကြံသူတာအိုကို ခင်ဗျား တည်ထောင်ခဲ့တယ်လို့ ကြားတယ်... ခင်ဗျားရဲ့ အရှိန်အဝါကို ကျွန်တော် စမ်းကြည့်လို့ ရမလား..."

တစ်ညတာ အနားယူပြီးနောက် ယွမ်လီ၏ အရှိန်အဝါ အများစု ပြန်လည် ပြည့်ဝနေပြီ ဖြစ်သည်။ ရှောင်ဝူတိ၏ တောင်းဆိုချက်ကို ကြားသောအခါ သူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ယွမ်ချီကို လှမ်းကြည့်လိုက်သေးသည်။

လီချင်းချိုးက ရယ်မောလိုက်ပြီး …

"ချသာချကွာ... အားမလျှော့နဲ့... ငါ ဒီမှာ ရှိနေတာပဲ... သူ အသက်တစ်မျှင်လောက်ပဲ ကျန်တော့ရင်တောင် ငါ သူ့ကို ကယ်နိုင်တယ်..."

ဤစကားကို ကြားသောအခါ ယွမ်လီ ပြုံးလိုက်မိသည်။

ရှောင်ဝူတိကလည်း ဒေါသထွက်နေပုံ မပေါ်ဘဲ ယွမ်လီကို မျှော်လင့်တကြီး ကြည့်နေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ဆီ တစ်ယောက် လျှောက်သွားကြပြီး သူတို့အကြည့်ချင်း ဆုံတွေ့ချိန်တွင် မီးပွားများ လွင့်စင်နေသလိုပင်ထင်ရလောက်သည်။ ယွမ်လီသည် ပုံမှန်အားဖြင့် နှိမ့်ချတတ်သော်လည်း သူ၏ သွေးကြောများထဲတွင် သန်မာသူတစ်ဦး၏ သွေးများ စီးဆင်းနေပြီး သူက မည်သူ့ကိုမျှ မရှုံးချင်ပေ။

...

ခြံဝင်းတစ်ခုထဲတွင်….

လီရန် လှံသိုင်းလေ့ကျင့်နေပြီး ဝမ်းကွဲညီမ ကျောက်လင်လုံနှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးလည်း ရှိနေသည်။

"ရန်အာ... တစ်ခုခု ပြောပါဦး..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ကူကယ်ရာမဲ့နေသော လေသံဖြင့် ပြောလိုက်ခြင်းပင်။

သူသည် လီမျိုးနွယ်မှလာခြင်း ဖြစ်ပြီး သူ့အမည်ကတော့ လီတာ ဖြစ်ကာ လီရန်၏ ဦးလေးဒုတိယ ဖြစ်သည်။

လီရန်က သူလုပ်နေသည့် အလုပ်ကို ရပ်လိုက်ပြီး လှံကို ဆုပ်ကိုင်ကာ လီတာကို ကြည့်လိုက်ပြီး…

"ဦးလေး မေးချင်တယ်ဆိုမှတော့ ကျွန်တော် ပြောပြမယ်... အဲဒီ အတွေးတွေကို ရက်ရက်စက်စက် ဖြတ်ပစ်လိုက်တာ ပိုကောင်းမယ်... မဟုတ်ရင် အဲဒါတွေက လီမျိုးနွယ်ဆီကို အကြွင်းမဲ့ ပျက်စီးခြင်းတွေ ယူဆောင်လာလိမ့်မယ်... ဒါကို ဦးလေး နားလည်ထားရမယ်..."

"အကြွင်းမဲ့ ပျက်စီးခြင်း" ဟူသော စကားလုံးများက လီတာ၏ မျက်နှာအမူအရာကို ဆိုးရွားစွာ ပြောင်းလဲသွားစေသည်။ ကျောက်လင်လုံ၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမ ဂိုဏ်းချုပ်၏ နည်းလမ်းများကို တွေးမိပြီး ဂိုဏ်းချုပ်ထံတွင် ထိုကဲ့သို့သော အရာမျိုးကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း နားလည်သွားသည်။

လီတာက …

"ဘယ်အချက်လဲ..."

"ချင်းရှောင်ဂိုဏ်း အတွင်းမှာ ဘယ်သူမှ ဂိုဏ်းချုပ်ထက် ပိုမြင့်မားခွင့် မရှိဘူး... ချင်းရှောင်ဘိုးဘေးက အကောင်းဆုံး ဥပမာပဲ... ဂိုဏ်းချုပ်က ခွင့်မပြုရုံတင် မကဘူး ခန်းမ ရှစ်ခု၊ ဓားဂိုဏ်းနဲ့ အဲဒီ မှူးမတ်မျိုးနွယ်တွေကတောင် ခွင့်ပြုမှာ မဟုတ်ဘူး... လီမျိုးနွယ်တွေ ကိုယ့်ဒုက္ခ ကိုယ်မရှာသင့်ဘူး..."ဟု လီရန်က အေးစက်စွာ ပြောလိုက်သည့်အခါ လီတာ ချက်ချင်းပင် နားလည်သွားပြီး ချွေးစေးများ ထွက်လာသည်။

လီမျိုးနွယ်နှင့် လီချင်းချိုးတို့၏ ဆက်ဆံရေး ပေါ်ပေါက်သွားသည်နှင့် လီချင်းချိုးက ငြင်းဆိုသရွေ့ လူများစွာက လီမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားလာကြမည်မှာ သေချာသည်။

"သေချာတာပေါ့... အဲဒါ အမှန်ပဲ... ဘယ်သူမှ ဂိုဏ်းချုပ်ထက် ပိုမြင့်လို့ မရဘူး... ဒါပေမဲ့ ဂိုဏ်းချုပ်က လီမျိုးနွယ်ဝင်တွေကို ချင်းရှောင်ဂိုဏ်းကို ဝင်ခွင့်ပြုတယ်... သူတို့ စမ်းသပ်မှုကို အောင်မြင်သရွေ့ပေါ့..."ဟု လီရန်က စကားလမ်းကြောင်း လွှဲလိုက်ပြီး လေးနက်စွာ ပြောလိုက်သည့်အခါ လီတာ၏ မျက်လုံးများ တောက်ပသွားသည်။

"ဒါဆို လုံလောက်ပြီ... လုံလောက်ပါပြီ... လီမျိုးနွယ်က တခြား ဘယ်ကိုယ်ပိုင်လက္ခဏာမှ မလိုတော့ဘူး... ငါတို့က ဂိုဏ်းချုပ်အတွက် ကိုယ့်ကိုယ်ကိုယ် ဆက်သဖို့ ဆန္ဒရှိပါတယ်... ပြီးတော့ ကျူမျိုးနွယ်၊ ဖေ့မျိုးနွယ်၊ ချင်မျိုးနွယ်၊ ချိုက်မျိုးနွယ် စတဲ့ တခြား မှူးမတ်မျိုးနွယ်တွေကို ထိန်းချုပ်ဖို့ ဂိုဏ်းချုပ်ကို ကူညီပေးမယ်... ဂိုဏ်းချုပ်က သူတို့ကို အသုံးပြုရတာ ပျော်ချင်မှ ပျော်မှာလေ..."

လီရန်က …

"အကယ်၍ လီမျိုးနွယ်က ဂိုဏ်းအတွက် အကျိုးပြုဖို့ ဆန္ဒရှိရင် ဂိုဏ်းကလည်း လီမျိုးနွယ်ရဲ့ ကလေးတွေကို ကောင်းကောင်း ဆက်ဆံမှာပါ... အလွန်အကျွံ မတွေးပါနဲ့... ကျွန်တော်တို့က ကိုယ့်စွမ်းရည်နဲ့ ကိုယ် ဂိုဏ်းထဲ ဝင်တာပါ... နားလည်လား..."

လီတာက ခေါင်းညိတ်လိုက်ပြီး…

"တခြား မှူးမတ်မျိုးနွယ်တွေ ပေးစွမ်းနိုင်တာတွေကို ငါတို့ လီမျိုးနွယ်ကလည်း ပေးစွမ်းနိုင်တယ်... အဲဒါထက်တောင် ပိုပြီး..."

"ပိုပြီး ဘာဖြစ်လဲ..."

"လောကကြီးကိုတောင် ဆက်သနိုင်တယ်..."

All Chapters