← Chapters

ဝိညာဉ်ကြေးနီတောင်တန်း

Vol. 19 Ch. 189

ဝိညာဉ်ကြေးနီတောင်တန်း

Vol. 19 Ch. 189

လင်းထျန်းဂိုဏ်းကို ရှင်းလင်းရန် ရှန်ယွဲ့နှင့် ရွှီကျင်းတို့ကို စီစဉ်ပေးပြီးနောက် လီချင်းချိုး ဤကိစ္စအတွက် ထပ်မံ စိုးရိမ်မနေတော့ချေ။ အကယ်၍ လင်းထျန်းဂိုဏ်း၌ သိုင်းလောက ဒဏ္ဍာရီကို ဆက်ခံမည့်သူ ရှိနေလျှင်တောင် ထိုအချိန် မတိုင်မီအထိ လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းနှင့် ယှဉ်ပြိုင်ရန် မရဲဝံ့တော့ချေ။

ထို့ပြင် လီချင်းချိုးက ယခုအခါ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။ လီချင်းချိုးသည် ဂိုဏ်းအတွင်း လှည့်လည်သွားလာရင်း ခန်းမ အသီးသီးသို့ လည်ပတ်ကာ သုံးရက် အချိန်ဖြုန်းခဲ့ပြီး ကိစ္စ အားလုံးကို အပြီးသတ်ပြီးမှသာ အာရုံကို တာအိုလမ်းစဉ် မျက်နှာပြင်ဆီသို့ ပြောင်းလိုက်သည်။

[သင့်တွင် ကံကြမ္မာ အခွင့်အရေး နှစ်ကြိမ် ရှိသည်... အခု စတင်လို့ ရပါပြီ…]

ထိုညနေခင်းတွင် လီချင်းချိုး မသေမျိုးဂူ အတွင်း၌ တရားထိုင်ကာ ကံကြမ္မာကို အသက်သွင်းလိုက်သည်။

[ သင့်ကံကြမ္မာ ဆုလာဘ်ကို ရယူပါ ]

[ ကံကြမ္မာကို စတင်ပါ ]

[ ကံကြမ္မာ စမ်းသပ်မှုကို စတင်ပါ ]

[ ကံကြမ္မာကို ရှာဖွေတွေ့ရှိပါသည်... ဝိညာဉ်ကြေးနီတောင်တန်းကို တွေ့ရှိပါသည်... ကံကြမ္မာ လမ်းညွှန်မှုကို လက်ခံမည်လား ]

မဆိုးပါဘူး... နောက်ထပ် ကျင့်ကြံခြင်း အရင်းအမြစ် တစ်ခုပဲ... ဝိညာဉ်ကြေးနီကို ဘာအတွက် အသုံးပြုရမှန်း မသိပေမဲ့ သဲလွန်စမှာ တောင်တန်းတစ်ခုလို့ ဖော်ပြထားတော့ သိုလှောင်ထားတဲ့ ပမာဏက အများကြီးပဲ ဆိုတာ သက်သေပြနေတယ်…

လီချင်းချိုး ချက်ချင်း လက်ခံလိုက်ပြီးနောက် အသိစိတ်က အိပ်မက်တစ်ခုနှင့် တူသော စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

အချိန် နာရီဝက် အပြည့် ကုန်လွန်သွားပြီးနောက်မှသာ လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာ တစ်ခု ရှိနေသည်။

ဝိညာဉ်ကြေးနီတောင်တန်းမှာ သူ စိတ်ကူးထားသည်ထက် များစွာ ပိုမို ကြီးမားပြီး မိုင်ရာပေါင်းများစွာ ရှည်လျားကာ တောင်များက ဝိညာဉ်ကြေးနီများဖြင့် ပြည့်နှက်နေ၏။

ဝိညာဉ်အသိအာရုံအဆင့်က လော့ခ်ဖွင့်ပေးလိုက်သော ကံကြမ္မာပီပီ တကယ်ကို အံ့မခန်းပင်…

ဤဝိညာဉ်ကြေးနီက မှော်ပစ္စည်းတွေနဲ့ ဝင်္ကပါတွေ ဖန်တီးဖို့ သင့်တော်မယ်လို့ လီချင်းချိုး ခံစားလိုက်ရသည်။

တက်ကြွသော စိတ်ဓာတ်ဖြင့် သူ၏ ဒုတိယမြောက် ကံကြမ္မာကို မစတင်မီ နောက်တစ်နေ့တွင် လူများကို ဝိညာဉ်ကြေးနီတောင်တန်းသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။

နောက်တစ်နေ့ နံနက်တွင် လီချင်းချိုးက ရွေးချယ်မှုများကို စတင် ပြုလုပ်ခဲ့ပြီး ယွမ်ချီအား နာမည်စာရင်း တစ်ခုကို ယူ၍ တပည့် တစ်စုကို ခေါ်ယူရန် ညွှန်ကြားလိုက်သည်။ ဤတပည့်များသည် ခန်းမ အသီးသီးမှ လာသူများ ဖြစ်ပြီး လွန်စွာ သစ္စာရှိကြသည်။ သူတို့ကို ပြန့်ကျဲစွာ ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ အပြန်အလှန် ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် ဖြစ်သည်။ တပည့်များက သူ့အပေါ် သစ္စာရှိသည် ဆိုသည့် အချက်က ပြည်တွင်း ပဋိပက္ခများ မရှိနိုင်ဟု ဆိုလိုခြင်း မဟုတ်ချေ။

ဝိညာဉ်ကြေးနီတောင်တန်းက ကျယ်ပြန့်လွန်းသည်...

ခန်းမတခုတည်းကိုပဲ လက်ဝါးကြီးအုပ်ခွင့် ပေးထားလို့ မရဘူး...

ထို့ကြောင့် သူက တပည့် နှစ်ရာကို တိုက်ရိုက် ခေါ်ယူလိုက်သည်။သူ တောင်အောက်သို့ ဆင်းလာသောအခါ အတော်လေး ကြည့်ကောင်းသော မြင်ကွင်း တစ်ခု ဖြစ်နေပြီး လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ခန်းမသခင်များပင်လျှင် သူ့ထံသို့ လာ၍ ဘယ်သွားမလို့လဲ ဟု မေးကြသော်လည်း လီချင်းချိုးက နောင်ကျမှ သိရလိမ့်မည် ဟုသာ ပြောလိုက်သည်။

ဝိညာဉ်ကြေးနီတောင်တန်းမှာ နန်ချူခရိုင်တွင် တည်ရှိပြီး မိုင်ထောင်ပေါင်းများစွာ ကွာဝေးပေသည်။ ဤသည်မှာ ပထမဆုံး တပည့် အသုတ်သာ ဖြစ်ပြီး သာမန် တပည့်များနှင့် အမည်ခံ တပည့် အမြောက်အမြားကို နောက်ပိုင်းတွင် တူးဖော်ရန် စေလွှတ်ဦးမည် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းသည် ယခုအခါ အခြား အင်အားစုများ ရှာဖွေတွေ့ရှိမည်ကို မကြောက်ဘဲ ပွင့်ပွင့်လင်းလင်း လှုပ်ရှားနိုင်ပြီ ဖြစ်သည်။

ဤပထမ တပည့် အသုတ်ထဲတွင် လီချင်းချိုးက မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာ နှစ်ယောက်နှင့် မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာ ဆယ်ယောက်တို့ကို ထည့်သွင်းထားရာ လောကီ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပေသည်။

အဖွဲ့ကို ဦးဆောင်မည့်သူမှာ ချင်းရှောင်ဘိုးဘေးဖြစ်သည်။ ချင်းရှောင်ဘိုးဘေးသည် လက်ရှိတွင် မူလအားဖြည့်နယ်ပယ် ဒုတိယအလွှာ အဆင့်တွင်သာ ရှိသေးသော်လည်း သူ့ အဆင့်အတန်းက ကိုယ်စားပြုနေပြီး အစီအစဉ်တကျ ဖြစ်စေရန် ထိန်းသိမ်းထားနိုင်ပေသည်။

ခုနစ်ရက် အကြာတွင် လီချင်းချိုးတို့တွေ နောက်ဆုံး၌ ဝိညာဉ်ကြေးနီတောင်တန်းသို့ ရောက်ရှိလာကြသည်။

နန်ချူခရိုင်၏ တောင်တန်းများက တဆက်တည်းသွယ်တန်းနေပြီး သစ်ပင်များက စိမ်းလန်းစိုပြည်ကာ မျက်စိတစ်ဆုံး ကျယ်ပြန့်သော အစိမ်းရောင် သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ပင်။

ဝိညာဉ်ကြေးနီတောင်တန်းက ထောင်ပေါင်းများစွာသော တောင်တန်းများ အနက် တစ်ခုသာ ဖြစ်ပြီး အခြားတောင်တန်းများနှင့် ကွာခြားမှု မရှိချေ။ သို့သော် လီချင်းချိုးက ဝိညာဉ်ကြေးနီကို မြေကြီးထဲမှ တူးထုတ်လိုက်သောအခါ ဝိညာဉ်ကြေးနီက အလင်းရောင်နှင့် ထိတွေ့သည်နှင့် ဝိညာဉ်ချီစွမ်းအင်များ ထွက်ပေါ်လာရာ တပည့်များမှာ အံ့အားသင့်သွားကြသည်။

"တကယ်ပဲ ရတနာ ရှိနေတာပဲ..."

"ဂိုဏ်းချုပ် ပီသပါပေတယ်... သူက မသေမျိုးဆီကနေ အိပ်မက် တကယ် ရခဲ့တာပဲ..."

"အဲဒါ လိမ်တာပါ... ဂိုဏ်းချုပ်က ကျင့်ကြံခြင်း အဆင့် မြင့်မားလို့ ဒီနေရာမှာ ဝိညာဉ်ချီ ရတနာ ပုန်းကွယ်နေတာကို ခံစားမိတာများ ဖြစ်နိုင်မလား..."

"ဟင်... မင်း ပြောတာလည်း တော်တော်လေး အဓိပ္ပာယ်ရှိသားပဲ..."

တပည့်များက သစ်တောထဲတွင် ရပ်နေကြပြီး အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်။

လီချင်းချိုးက ချင်းရှောင်ဘိုးဘေး၊ဝူမန်အာနှင့် လီရန်တို့ကို ဘေးသို့ ခေါ်သွားပြီး ဝိညာဉ်ကြေးနီတောင်တန်း၏ အရေးပါမှုကို သတိပေးလိုက်သည်။ ဝူမန်အာနှင့် လီရန်တို့ နှစ်ယောက်စလုံးက မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာတွင် ရှိကြပြီး သူတို့၏ ထူးချွန်လှသော တိုက်ခိုက်ရေး ပါရမီကြောင့် သူတို့၏ အစစ်အမှန် စွမ်းအားမှာ ယန်ယွမ်အဆင့် ဆဋ္ဌမအလွှာနှင့် နှိုင်းယှဉ်နိုင်ပေသည်။

လီရန်သည် မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာသို့ အဆင့်တက်သွားသည်မှာ မကြာသေးဘဲ လီချင်းချိုးက သူ့ကို တာဝန်တစ်ခုဖြင့် စေလွှတ်လိုက်သဖြင့် စိတ်လှုပ်ရှားနေသည်။သူက ရင်ဘတ်ကို ပုတ်၍ လီချင်းချိုးကို စိတ်ပျက်စေမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ကတိပေးလိုက်သည်။

တောင်တန်း တစ်ခုလုံးတွင် ဝိညာဉ်ကြေးနီများ ပါဝင်နေကြောင်း လီချင်းချိုးက ထုတ်ဖော်ပြောပြသောအခါ ချင်းရှောင်ဘိုးဘေးနှင့် လီရန်တို့မှာ နောက်ပြောင်နေခြင်း ရပ်တန့်သွားပြီး သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်လာသည်။

"လူအရေအတွက်ဒီလောက်နဲ့ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်..."

"စိတ်မပူပါနဲ့... ငါတို့ကလွဲပြီး တခြား ဘယ်အင်အားစုကမှ ဝိညာဉ်ကြေးနီတောင်တန်း အကြောင်း မသိသေးဘူး... ခင်ဗျားတို့က တစ်နေရာတည်းမှာပဲ တူးဖော်ဖို့ စတင်လိုက်ပြီး တပည့် တစ်စုကို ကင်းလှည့်ဖို့ လွှတ်ထားလိုက်... နောက်ကျရင် ငါ တပည့်တွေ ထပ်လွှတ်ပေးမယ်..." ဟု လီချင်းချိုးက နှစ်သိမ့်စကား ပြောလိုက်ရာ ဤစကားကို ကြားသောအခါ ချင်းရှောင်ဘိုးဘေးနှင့် လီရန်တို့ စိတ်သက်သာရာ ရသွားကြသည်။

လူနှစ်ရာတည်းဖြင့်သာ တောင်တန်း တစ်ခုလုံးကို တူးဖော်ချင်ပါက နှစ်ပေါင်း မည်မျှ ကြာမည်နည်း။

လီချင်းချိုးက အချိန်မဖြုန်းတော့ဘဲ လုပ်ပိုင်ခွင့်များကို ချင်းရှောင်ဘိုးဘေးထံ လွှဲအပ်ပြီးနောက် စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာသွားခဲ့သည်။

သူ ချင်းရှောင်ဂိုဏ်းသို့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး တစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်။

ထိူ့နောက် ခန်းမသခင်များကို လင်းရှောင်ခြံဝင်းသို့ ခေါ်ယူလိုက်ပြီး ဝိညာဉ်ကြေးနီတောင်တန်း ရှိနေကြောင်းကို ထုတ်ဖော်ပြောပြလိုက်ရာ အားလုံး၏ မျက်လုံးများ တောက်ပသွားစေခဲ့သည်။

ချင်းရှောင်ဂိုဏ်းက ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားလာသည်နှင့်အမျှ သူတို့၏ အာရုံစိုက်မှုက လောကီ ကိစ္စများမှ မသေမျိုးလမ်းစဉ်ကို ရှာဖွေခြင်းဆီသို့ ပြောင်းလဲသွားခဲ့ချေပြီ။

သာမန် ရွှေငွေ လက်ဝတ်ရတနာများနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်ကျောက်တုံးများနှင့် မှော်ပစ္စည်း ဖန်တီးသည့် ပစ္စည်းများ ကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူတို့ ပိုမို စိတ်ဝင်စားကြသည်။

"ဒီတောင်တန်းက အရမ်း ရှည်လျားတယ်... အဲဒါကို အကုန် တူးဖော်ဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်... ဒါကြောင့် ငါ့မှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်ခု လိုအပ်တယ်... ဘယ်သူက ဒီကိစ္စကို တာဝန်ယူမလဲ..." ဟု လီချင်းချိုးက ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် မေးလိုက်သည်။

ကျန်းယွီချွန်း၊ ယန်ကျွယ်တိန်၊ ကျူးယန်နှင့် ချန်ချန်ဟိုင်တို့ အားလုံးက တာဝန်ယူနိုင်ကြောင်း ပြောဆိုကြသည်။ လီတုန်းယွဲ့၊ လီစစ်ကျင်းနှင့် ချိုင်ယွင်ရှန်းတို့ကတော့ သိပ်ဂရုမစိုက်ကြချေ။ သေချာ စဉ်းစားပြီးနောက် လီချင်းချိုးက ယန်ကျွယ်တိန်ကို အခွင့်အရေး ပေးရန် ဆုံးဖြတ်လိုက်ရာ ယန်ကျွယ်တိန်ကို များစွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။

ကျန်းယွီချွန်း၊ ကျူးယန်နှင့် ချန်ချန်ဟိုင်တို့မှာ စိတ်ပျက်သွားကြသော်လည်း သူတို့က အပြင်သို့ မပြသခဲ့ကြချေ။ သူတို့ အားလုံးက ယန်ကျွယ်တိန်ကို ဂုဏ်ပြုစကား ပြောကြားကြပြီး ယန်ကျွယ်တိန် အနေဖြင့် အကူအညီ လိုအပ်ပါက အချိန်မရွေး သူတို့ကို ဆက်သွယ်နိုင်ကြောင်း ကတိပေးလိုက်ကြသည်။

ခန်းမသခင် တစ်ယောက်စီက ကိုယ်ပိုင် အဖွဲ့များကို ပြုစုပျိုးထောင်ထားကြပြီး သူတို့၏ ကွပ်ကဲမှုအောက်တွင် ပါရမီရှင် အများအပြား ရှိကာ သူတို့ကိုယ်သူတို့ သက်သေပြရန် အခွင့်အရေးကို အားလုံးက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ကိစ္စ ပြီးစီးသွားပြီးနောက် လီချင်းချိုးက အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ရန် မသေမျိုးဂူသို့ ပြန်သွားခဲ့သည်။

ဝိညာဉ်ကြေးနီတောင်တန်းကို ယခုမှ ရှာဖွေတွေ့ရှိထားခါစ ဖြစ်သဖြင့် လီချင်းချိုးက နောက်ထပ် ကောင်းချီးပေးမြေ တစ်ခုကို ချက်ချင်း ရှာဖွေရန် မသင့်တော်ဟု ခံစားရ၏။

ထို့ပြင် ဝိညာဉ်ကြေးနီတောင်တန်းအတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် တူးဖော်မည့် နာမည်စာရင်းများကိုလည်း ဆုံးဖြတ်ရန် အချိန်လိုသေးသဖြင့် ကံကြမ္မာကို ဆက်လက် အသက်မသွင်းတော့ချေ။

…………

ဆောင်းဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ ရောက်ရှိလာပြီး နှစ်စဉ် ကျဆင်းနေကျ နှင်းများ ထပ်မံ ကျဆင်းလာပြန်၏။

အရုဏ်တက်ချိန်တွင် လီချင်းချိုးက တောင်ထိပ်၌ ရပ်ကာ အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်နေသည်။ နှင်းများ ထူထပ်စွာ ကျဆင်းနေသော်လည်း မျက်စိအမြင်အာရုံကြောင့် အလွန် အဝေးအထိ မြင်တွေ့နိုင်ပေသည်။

ရက်သတ္တပတ် နှစ်ပတ်ကြာ ဆွေးနွေးပြီးနောက် ဂိုဏ်းက အမည်ခံ တပည့် ၅၀၀ နှင့် သာမန် တပည့် ၂၀၀၀ ကို ဝိညာဉ်ကြေးနီတောင်တန်းသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအရေအတွက်က နည်းပါးလှသည် မဟုတ်သော်လည်း ဤမျှများပြားသော တပည့်များကို တောင်အောက်သို့ စေလွှတ်လိုက်လျှင်ပင် ချင်းရှောင်တောင်နှင့် ဇီယန်တောင်ထွတ်တို့မှာ စည်ကားနေဆဲပင်။

ယမန်နေ့ညက ကျန်းယွီချွန်းက ဂိုဏ်းအတွင်း မှတ်ပုံတင်ထားသော တပည့် အရေအတွက် ရှစ်ထောင်ကျော်သွားပြီ ဖြစ်ပြီး သာမန် တပည့် အရေအတွက် တစ်သောင်းကျော်သွားပြီ ဖြစ်ကြောင်း သူ့ကို အစီရင်ခံခဲ့သည်။ ထိုအထဲတွင် မူလအားဖြည့်နယ်ပယ် ပထမအလွှာသို့ ရောက်ရှိသော အတွင်းစည်းတပည့် အရေအတွက် နှစ်ထောင်ကျော် ရှိသည်။ ဤအရေအတွက်က လီချင်းချိုးကို ဝမ်းသာစေခဲ့ပြီး ချင်းရှောင်ဂိုဏ်းတွင် ကျင့်ကြံသူ နှစ်ထောင် ရှိနေပြီဖြစ်ကြောင်း ပြသနေသည်။

ဤအခြေအနေမှာ ချင်းရှောင်ဂိုဏ်းက တပည့်များ ခေါ်ယူရန် အပြည့်အဝ လှုပ်ရှားမှု မရှိသေးသည့် အခြေအနေအောက်တွင်သာ ဖြစ်သည်။ ကျန်းယွီချွန်းက သာမန် တပည့်များကို ပိုမို ခေါ်ယူနိုင်ကြောင်း ယခင်က အကြံပြုခဲ့သော်လည်း မှတ်ပုံတင်ထားသော တပည့် အရေအတွက်ကိုတော့ ထိန်းချုပ်ထားသင့်ကြောင်း ထောက်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ ဂိုဏ်းက ဝိညာဉ်ကျောက်တုံး အရင်းအမြစ်များကို ခွဲဝေပေးရမည် ဖြစ်ပြီး အကယ်၍ တိုးချဲ့မှုက ပရမ်းပတာ ဖြစ်သွားလျှင် ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းသွားကာ ပြဿနာများ မလွဲမသွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။

သေချာ စဉ်းစားပြီးနောက် လီချင်းချိုးက ထိုအကြံပြုချက်ကို သဘောတူခဲ့သည်။

လီချင်းချိုး ဤအကြောင်းကို စဉ်းစားနေစဉ် ရုတ်တရက် တောင်တစ်ဝက်ခန့်မှ ထွက်ပေါ်လာသော မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာ၏ ချီအရှိန်အဝါ နှစ်ခုကို ခံစားလိုက်ရပြီး ဉာဏ်ရည်ယှဉ်ပြိုင် တိုက်ခိုက်နေကြပုံ ရသည်။ ထိုအထဲမှ တစ်ယောက်မှာ သူ သိသော လူသားတာအို ဘိုးဘေး ယန်ရွှမ် ဖြစ်သည်။ ဤတပည့် မျိုးဆက်က မူလအားဖြည့်နယ်ပယ် တတိယအလွှာတွင် အရင် တပည့်များထက် ပိုမို မြန်ဆန်သော အမြန်နှုန်းများကို ရရှိကြသည်။ တပည့်များက အစောပိုင်း အဆင့်တွင် ပိုမြန်သော်လည်း တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ကူးပြောင်းခြင်းက ကျော်လွှားရန် ခက်ခဲသော အဓိက အတားအဆီး တစ်ခု ဖြစ်နေသည်။

ထိုအတားအဆီးက အရင်းအမြစ်များစွာ ရှိနေလျှင်တောင် ကျော်လွှားရန် ခက်ခဲပြီး မွေးရာပါ ပါရမီ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပေသည်။

လီချင်းချိုး၏ အကဲခတ်မှု အရ ကျင့်ကြံခြင်း ပါရမီ လွန်စွာ နိမ့်ကျနေခြင်း မရှိသရွေ့ သူတို့ကို ကျင့်ကြံခြင်းအတွက် ပါရမီ အနည်းငယ် ရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ အမြော်အမြင်ရှိသူ များစွာတို့က တောင်ပေါ်သို့ မတက်မီက သိုင်းပညာ ပါရမီရှင်များ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သာမန်သာ ဖြစ်သွားခဲ့ကြသည်။ တပည့်များစွာမှာ တောင်ပေါ်သို့ မတက်မီက အားနည်းပြီး ဖျားနာတတ်သူများ ဖြစ်ခဲ့ကြသော်လည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံပြီးနောက် ထူးချွန်သော ပါရမီကို ပြသခဲ့ကြသည်။

"ပါရမီရှင်တွေ အများကြီး ရှိပေမဲ့ နင်းအာ၊ တတိယ ဂျူနီယာ ညီလေးနဲ့ ရှန်ယွဲ့တို့လို ထိပ်တန်း တိုက်ခိုက်ရေးသမားတွေက အရမ်း နည်းနေသေးတယ်..." ဟု လီချင်းချိုး စိတ်ထဲမှ တွေးလိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်က မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာမှာ ချင်းရှောင်ဂိုဏ်းကို ထောက်ပံ့ရန် လုံလောက်ခဲ့သော်လည်း ယခုအခါ မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာက လီချင်းချိုးအတွက် စိတ်ဝင်စားစရာ မကောင်းတော့ချေ။

ယခု မူလအားဖြည့်နယ်ပယ် သတ္တမအလွှာသို့ ရောက်မည့်သူကို သူ လိုအပ်နေသည်။ ရွှီကျင်းက မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာသို့ ဝင်ရောက်ပြီးနောက် ဆဋ္ဌမအလွှာသို့ အချိန်ကြာမြင့်စွာ မရောက်နိုင်ဘဲ ဖြစ်နေရာ လီချင်းချိုးက နှမြောစရာဟု ခံစားမိ၏။ လက်ရှိတွင် ဂိုဏ်း၌ ယန်ယွမ်အဆင့် ဆဋ္ဌမအလွှာ၏ စွမ်းအား ကင်းမဲ့နေပြီး ဤအလွှာမှာ လုံးဝ လွတ်ဟာနေသည်။

တောင်များနှင့် မြစ်များ၏ ခမ်းနားထည်ဝါသော ရှုခင်းများကို ကြည့်ရှုနေရင်း လီချင်းချိုးက ဂိုဏ်း၏ တပည့်များ အကြောင်းကို တွေးတောနေမိသည်။ သူက ဂိုဏ်းချုပ် အုပ်စုမှ မဟုတ်သော တပည့်တစ်ဦးကို ရွေးချယ်ပြီး ရွှီကျင်းနှင့် နှိုင်းယှဉ်နိုင်သူ တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ရန် စီစဉ်ထားသည်။

သေချာ စဉ်းစားပြီးနောက် လီချင်းချိုးက ကျီဖှာခန်းမမှ လုချင်းကို လမ်းညွှန်ပြသပေးရန် ဆုံးဖြတ်လိုက်သည်။

လုချင်းတွင် ကောင်းမွန်သော စိတ်နေသဘောထားနှင့် ထူးချွန်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။ သူက တစ်ချိန်က ဓမ္မတိုက်ပွဲညီလာခံတွင် ပဉ္စမနေရာ ရရှိခဲ့ပြီး စောစီးစွာ နာမည်ရခဲ့သော စီနီယာ တပည့်တစ်ဦးဟု သတ်မှတ်နိုင်သည်။ သူက တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသည့်အပြင် ချိုင်ယွင်ရှန်းကလည်း လုချင်းမှာ အလားအလာရှိသော ပါရမီရှင် တစ်ဦး ဖြစ်ပြီး အမှားအယွင်းများ မလုပ်ဖူးသေးကြောင်း ပြောခဲ့ဖူးသည်။

ဂိုဏ်းတွင် အထူးကျင့်ကြံခြင်း အစီအစဉ် တစ်ခု ရှိပြီး အစီအစဉ်ထဲရှိ တပည့်များ အနေဖြင့် ကောင်းချီးပေးမြေတွင် အချိန်ကန့်သတ်ချက် မရှိဘဲ နေနိုင်သော်လည်း ဤတပည့် အသုတ်က ကြီးပြင်းလာပြီ ဖြစ်သဖြင့် အကျိုးသက်ရောက်မှုမှာ မသိသာတော့ချေ။

ထို့ကြောင့် လီချင်းချိုးက လုချင်းကို ထပ်ဆောင်း အကူအညီ တစ်ခု ပေးရန် ပြင်ဆင်ထားသည်။ သူက ချွမ်းကုန်းခန်းမမှ ဝိညာဉ်ချီဆေးလုံး အမြောက်အမြားကို တောင်းခံပြီး လုချင်းအား ပေးသနားရန် စီစဉ်ထားသည်။ စဉ်းစားပြီးသည်နှင့် အကောင်အထည် ဖော်ရန်အတွက် လီချင်းချိုး တဖက်လှည့်၍ တောင်အောက်သို့ ဆင်းလာခဲ့လိုက်သည်။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြန်သည်။

နေမင်းကြ အနောက်ဘက်သို့ ဝင်သွားပြီး ညနေခင်း ရောက်လာချိန်တွင်… .

ချိုင်ယွင်ရှန်းက အမျိုးသား တပည့်တစ်ဦး ဖြစ်သော လုချင်းနှင့်အတူ လင်းရှောင်ခြံဝင်းမှ ထွက်လာခဲ့သည်။ လုချင်းမှာ အရပ်ရှည်ပြီး ချောမောကာ ယဉ်ကျေးသိမ်မွေ့သော အမူအရာ ရှိသည်။ သူ့ထံ၌ ရွှီကျင်းလို သတ်ဖြတ်လိုစိတ် မျိုး မရှိသော်လည်း တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော အသွင်ကို ပေးစွမ်းသည်။ ထိုအချိန်တွင် လုချင်းမှာ အနည်းငယ် မှင်သက်နေသည်။

ဂိုဏ်းချုပ်က သူ့အပေါ် မျှော်လင့်ချက်များ ထားရှိမှုနှင့် သူ့အတွက် ခွဲဝေပေးလိုက်သော အရင်းအမြစ်များကို တွေးမိသောအခါ သူ တည်ငြိမ်စွာ မနေနိုင်တော့ချေ။

သူတို့နှစ်ယောက် ကျောက်လှေကား အောက်သို့ ရောက်သောအခါ ချိုင်ယွင်ရှန်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး လုချင်းဘက်သို့ လှည့်ကာ…

"တကယ်တော့ ဒီကိစ္စကို ငါ အပြင်းအထန် ဆန့်ကျင်တယ်... မတရားဘူးလို့ ခံစားရတယ်... ဒါပေမဲ့ ဂိုဏ်းချုပ် ပြောတာ မှန်တယ်... ဂိုဏ်းက ရှေ့ထွက်မယ့် လူတစ်ယောက် လိုအပ်နေတယ်... မှတ်ထားပါ... အခုကစပြီး မင်းရဲ့ တာဝန်တွေက ကျီဖှာခန်းမလောက်တင် မကတော့ဘူး... တပည့် တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ အလုံးစုံ အကျိုးစီးပွားကို ဦးစားပေးသင့်တယ်..."

ထိုအခါ လုချင်းက မှင်သက်နေရာမှ သတိဝင်လာပြီး လေပြင်းပြင်း တစ်ချက် ရှူသွင်းကာ… "ခန်းမသခင်... စိတ်ချပါ... ဂိုဏ်းချုပ်နဲ့ ခန်းမသခင်ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..."

ချိုင်ယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားတော့ လုချင်းက အနီးကပ် လိုက်ပါသွားသည်။

သူတို့၏ နောက်တွင် ယွမ်ချီက လင်းရှောင်ခြံဝင်းမှ ထွက်လာသည်။ လီချင်းချိုးက လုချင်းအား ကတိပေးလိုက်သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် သူ့ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

သူက လုချင်းကို မနာလိုခြင်းမဟုတ်သော်လည်း လုချင်း ထင်ရှားလာသည်နှင့်အမျှ ၎င်းက သူ့ ညီငယ် ယွမ်လီ၏ အရင်းအမြစ်များကို ညှစ်ထုတ်ပစ်လိုက်မည်ဟု သူ ခံစားရသည်။ ထိုအဖြစ်က နှမြောစရာကောင်းသည်ဟု သူ ခံစားမိသည်ါ

ယွမ်လီက ငယ်လွန်းပြီး အရေးကြီးသော တာဝန်များကို မပေးအပ်မီ ကြီးထွားရန် အနည်းဆုံး ခြောက်နှစ်ခန့် အချိန်လိုသေးသည်။ သူ ခေါင်းခါလိုက်ပြီး ၎င်းကို ဆက်မတွေးတော့ချေ။

ခြောက်နှစ် ကြာပြီးနောက် ယွမ်လီလည်း ပိုမို ကောင်းမွန်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိနိုင်ပေလိမ့်မည် ဖြစ်ပြီး အနာဂတ်အတွက် သူ စိုးရိမ်နေရန် မလိုအပ်ချေ။

ထို့ကြောင့် သူက တောင်အောက်သို့ အလျင်စလို ဆင်းသွားပြီး ထိုအလှလေးကို သွားရှာရန် ပြင်ဆင်လိုက်သည်။

ဤရက်ပိုင်း သူ တစ်ခုခုကို စဉ်းစားနေမိသည်။ အဲဒါက ယွမ်လီနဲ့ ခွဲနေသင့်၊ မသင့် ဆိုတာကိုပါပင်...

All Chapters