← Chapters

အခန်း (၁၀၀၇-၁၀၀၈)

Vol. 101 Ch. 1007-1008

အခန်း (၁၀၀၇-၁၀၀၈)

Vol. 101 Ch. 1007-1008

​အခန်း (၁၀၀၇) ဗုံတီးသူ

​စုန်းကုဟာ တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် အချိန်ယူပြီး ယင်စိန့်ဂိုဏ်းအကြောင်းကို အကုန်အစင် ရှင်းပြခဲ့ပါတယ်။

ဥပမာအားဖြင့် ယင်စိန့်ဂိုဏ်းက အဲဒီ တတိယဆင့် လွတ်လပ်သောမသေမျိုးဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာပဲ နေထိုင်လေ့ရှိတယ် ဆိုတာမျိုးပေါ့။

​ယင်လောကငယ် က လက်ခံနိုင်တဲ့ အမြင့်ဆုံးအင်အားက ပထမဆင့် လွတ်လပ်သောမသေမျိုး အဆင့်ပါ။

​မယ်တော်စီဟာ ဒီအဆင့်ထဲမှာ ပါဝင်သလို၊ ငရဲမင်းစစ်ချပ်ဝတ် ကို ဝတ်ဆင်ထားတဲ့ ဖန့်ချန်ဟာလည်း ဒီအဆင့်ထဲမှာ ပါဝင်ပါတယ်။

​အကယ်၍ ဒီကျင့်ကြံမှုအဆင့်ထက် ကျော်လွန်သွားရင်တော့ ယင်လောကကြီး ကို သွားရမှာဖြစ်စေ၊ ဒါမှမဟုတ် ငရဲမင်းနန်းတော် ထဲမှာပဲ နေထိုင်ရမှာဖြစ်စေ တစ်ခုခု လုပ်ရပါမယ်။

​ဒါကြောင့် ယင်စိန့်ဂိုဏ်းက အဲဒီ တတိယဆင့် လွတ်လပ်သောမသေမျိုးဟာ တစ်နှစ်ပတ်လုံး ငရဲပြည်မှာ ရှိနေတယ်ဆိုရင် သူဟာ သေချာပေါက် ယင်လောကကြီးထဲမှာ ရှိနေမှာပါ။

​ဒီတတိယဆင့်အပြင် ယင်စိန့်ဂိုဏ်းမှာ ဒုတိယဆင့် လွတ်လပ်သောမသေမျိုး အချို့နဲ့ ပထမဆင့် လွတ်လပ်သောမသေမျိုး ဒါဇင်နဲ့ချီပြီး ရှိနေပါသေးတယ်။

​တခြားသော အင်အားစုတွေရဲ့ ပူးပေါင်းမှုတွေ၊ လက်အောက်ခံတွေကိုပါ ထည့်တွက်ရင် ယင်စိန့်ဂိုဏ်း စုစည်းနိုင်တဲ့ လွတ်လပ်သောမသေမျိုး အရေအတွက်ဟာ လုံမျိုးနွယ်ထက် နည်းမှာမဟုတ်ဘဲ ပိုတောင် ပိုနိုင်ပါသေးတယ်။

​စုန်းကု သိတာကတော့ ဒီလောက်ပါပဲ။

ယင်စိန့်ဂိုဏ်းက ငရဲပြည်မှာ ဘာတွေလုပ်ခဲ့လဲ၊ ဒါမှမဟုတ် ဘာတွေလုပ်နေလဲ ဆိုတာကိုတော့ သူ လုံးဝမသိပါဘူး။

​"မင်း သိတာ ဒါပဲလား"

​ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​စုန်းကုက လက်ခုပ်တီးရင်း ပြောတယ်

"ဒါပဲ သိတာပါ ကျွန်တော်က ယင်စိန့်ဂိုဏ်းရဲ့ တပည့် မဟုတ်ပါဘူး၊ သူများပြောတာတွေကိုပဲ နားစွင့်ပြီး သိထားရတာပါ ဒါပေမဲ့ ဒါတွေက အိမ်က လူကြီးတွေ ပြောတာဆိုတော့ အမှားဖြစ်နိုင်ခြေ နည်းပါတယ်"

​"ဒါဆိုရင် မင်းတို့ စုန်းမျိုးနွယ်က ဒီတစ်ခါ လုံမျိုးနွယ်နဲ့ လောင်းကြေးထပ်တဲ့ ကိစ္စမှာ ဘယ်လို အစီအစဉ်တွေ လုပ်ထားလဲဆိုတာ ပြောပြဦးလေ"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​စုန်းကုရဲ့ မျက်နှာ အနည်းငယ် ပျက်သွားပြီး မသိမသာ ဟန်ဆောင်ကာ ပြောလိုက်တယ်

"ကျွန်တော့်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းပါတယ်... အိမ်က လူကြီးတွေရဲ့ အစီအစဉ်ကို... လောင်းကြေးထပ်မယ့်နေ့ မရောက်မချင်း ကျွန်တော်လည်း သိခွင့်မရှိပါဘူး"

​"အဖြူလေး... သူ့ကို ခေါ်သွားပြီး အပြစ်ပေး (နှိပ်စက်) လိုက်"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​စက္ကူဖြူရုပ်က စကားတစ်ခွန်းမှ မပြောဘဲ စုန်းကုကို ဆွဲကာ ထောင်ရဲ့ အနက်ရှိုင်းဆုံးဆီကို ခေါ်သွားပါတော့တယ်။

မကြာခင်မှာပဲ စုန်းကုရဲ့ နာကျင်စွာ အော်ဟစ်သံကြီးက အတွင်းထဲကနေ ပျံ့လွင့်လာတာကို အားလုံး ကြားလိုက်ရပါတယ်။

​ကျောက်မင်ရွှမ်နဲ့ နန်ကုန်းယွမ်ချန်တို့ဟာ အံ့အားသင့်သွားကြပြီး သူတို့ရဲ့ အမူအရာတွေက ပိုပြီး လေးနက်လာပါတယ်။

​"သူက မပြောဘူးဆိုတော့ မင်းပဲ ပြောတော့ မင်းတို့ ယွန်းလူမြို့ကရော ဒီတစ်ခါ စုန်းမျိုးနွယ်နဲ့ လုံမျိုးနွယ်ရဲ့ လောင်းကြေးပြိုင်ပွဲမှာ ဝင်ပါသေးလား"

​ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​"မပါပါဘူး"

​ကျောက်မင်ရွှမ်က အမြန်ဖြေပါတယ်

"ယွန်းလူမြို့က ဘယ်တုန်းကမှ ဒီလို အပိုကိစ္စတွေထဲ ဝင်မပါဘူး ကျွန်တော့်အဖေရဲ့ ရပ်တည်ချက်က ရှင်းလင်းပါတယ်၊ ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘူး"

​"ဒါကို ရှင်းလင်းတယ်လို့ ခေါ်တာလား ဒါက လေယူရာယိမ်းတဲ့ မြက်ပင် လိုပဲ၊ ဘယ်သူပဲဖြစ်ဖြစ် အမြဲတမ်း ရပ်တည်ချက်တစ်ခုတော့ ရှိရမယ်"

​ဖန့်ချန်က ပြုံးပြီး ပြောပါတယ်

"ရပ်တည်ချက် မရှိဘူးဆိုတာက အခွင့်အရေးကို စောင့်ကြည့်ပြီး ဈေးကောင်းပေးမယ့်သူ နောက်ကို လိုက်ချင်တာပဲ၊ ဒါက ကုန်သည်တွေရဲ့ လှည့်ကွက်ပဲလေ"

​ကျောက်မင်ရွှမ်ရဲ့ မျက်နှာ ပျက်သွားပါတယ်။

အရင်ကဆိုရင် သူ့မျက်နှာရှေ့မှာ သူ့အဖေကို ကုန်သည်တစ်ယောက်လို့ ဘယ်သူက လှောင်ပြောင်ရဲမှာလဲ

​"မင်း ငါ ကြားချင်တဲ့ စကားမျိုး ပြောတာ ပိုကောင်းလိမ့်မယ် မဟုတ်ရင်တော့ မင်းကို အပြစ်ပေးနေမှာ မဟုတ်တော့ဘူး ဝမ်ချွမ်းမြစ် ထဲကို တိုက်ရိုက် ပစ်ချလိုက်မယ် အဲဒီအခါကျရင် မင်းကို ဘယ်သူမှ လာမကယ်နိုင်ဘူးဆိုတာ မှတ်ထား မင်းတို့ ကျောက်မျိုးနွယ်ရဲ့ ဘိုးဘေးတွေ ရောက်လာရင်တောင် မင်းနဲ့အတူ ဝမ်ချွမ်းမြစ်ထဲမှာ ရေချိုးရလိမ့်မယ်"

​ဖန့်ချန်က ရယ်မောလိုက်ပါတယ်။

​ကျောက်မင်ရွှမ်က စိတ်ထဲမှာ ဒေါသကို အတင်းမျိုသိပ်ထားရပါတယ်။

စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ သူက ဖြည်းဖြည်းချင်း ပြောလိုက်တယ်

​"ကိစ္စတစ်ခု ရှိတယ်၊ လုံမျိုးနွယ်နဲ့ ပတ်သက်တာပဲ မင်းတို့ လုံမျိုးနွယ်ထဲက တစ်ယောက်က စုန်းမျိုးနွယ်ရဲ့ သိမ်းသွင်းမှုကို ခံလိုက်ရပြီ ဒီတစ်ခါ ဓားသခင်္ျိုင်းလှေကား ပြိုင်ပွဲမှာ လုံမျိုးနွယ်ကတော့ ရှုံးဖို့ ရာခိုင်နှုန်း များနေပြီ"

​"လုံမျိုးနွယ်ကလူက စုန်းမျိုးနွယ်ရဲ့ သိမ်းသွင်းမှုကို ခံလိုက်ရတယ် သူတို့ရဲ့ လောင်းကြေးက တကယ်ကို ကြီးမားတာဆိုတော့ မင်း ဒီလိုပြောတာကို ယုံဖို့ ခက်တယ်၊ သက်သေ ရှိလား "

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​"သက်သေတော့ မရှိဘူး၊ ကျွန်တော်က စုန်းကုရဲ့ ပါးစပ်ကနေ သတင်းလေး နည်းနည်း ကြားလိုက်ရတာ လုံမျိုးနွယ်ထဲက လွတ်လပ်သောမသေမျိုး တစ်ယောက်က ဒုတိယဆင့်ကို တက်လှမ်းချင်နေတယ်"

" အဲဒီအတွက် မသေမျိုးကျောက်တုံး အမြောက်အမြား လိုအပ်ရုံတင်မကဘဲ ဝိညာဉ်သစ်သီး တစ်မျိုးလည်း လိုအပ်တယ် အဲဒီ ဝိညာဉ်သစ်သီးက စုန်းမျိုးနွယ်ရဲ့ လက်ထဲမှာ ရှိနေပြီး တခြား ဘယ်နေရာမှာမှ ရှာလို့မရဘူး"

​ကျောက်မင်ရွှမ်က ပြောပါတယ်။

​"သက်သေမရှိဘူးဆိုတော့ ဒါက လျှောက်ပြောတာပဲ ဖြစ်မှာပါ မယ်တော်စီ... နောက်ကျရင် သူ့ကို ဗုံတီးတဲ့အဖွဲ့ထဲမှာ ထည့်လိုက်ပါ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​မယ်တော်စီက ပြုံးရွှင်တဲ့ မျက်လုံးတွေနဲ့ ကျောက်မင်ရွှမ်ကို အကဲခတ်ကြည့်ပြီး ခေါင်းညိတ်ပြတယ်

"ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင် ဗုံတီးဖို့ လုံလောက်ပါတယ်"

​ကျောက်မင်ရွှမ် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး အမြန်ပြောပါတယ်

"ဒီကိစ္စက တကယ်ကို အမှန်တရားပါ ကျွန်တော့်မှာ သက်သေမရှိပေမဲ့၊ မင်းသာ လုံမျိုးနွယ်ကို ကြိုတင် အသိပေးထားရင် အဲဒီ လွတ်လပ်သောမသေမျိုးက တကယ်ပဲ အလွန်အကျွံ လုပ်ရဲမှာ မဟုတ်ဘူး"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပေမဲ့ ကျောက်မင်ရွှမ်ကို ထပ်ပြီး ဂရုမစိုက်တော့ပါဘူး။

​ကျောက်မင်ရွှမ်ရဲ့ မျက်နှာဟာ မျှော်လင့်ချက် ကင်းမဲ့သွားပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်က ဝိညာဉ်အရှိန်အဝါ တစ်ခုရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရပြီး နောက်ဘက်မှာရှိတဲ့ ဗုံတီးတဲ့ စက္ကူရုပ်တွေရဲ့ ဘေးမှာ မတတ်သာဘဲ သွားရပ်နေရပါတော့တယ်။

​နန်ကုန်းယွမ်ချန်ရဲ့ ရင်ထဲမှာတော့ ဒိတ်ခနဲ ဖြစ်သွားပါတယ်။

စုန်းကုက အပြစ်ပေးခံရဖို့ ခေါ်သွားခံရပြီ၊ ကျောက်မင်ရွှမ်က ဗုံတီးသူ ဖြစ်သွားပြီ၊ ဒါဆို သူကရော

​"သခင်လေး... ကျွန်တော်က စည်းစိမ်မက်လို့ မှားသွားတာပါ၊ သူတို့နဲ့ မတူပါဘူး ကျွန်တော်က သခင်လေးကို တကယ် ရန်ပြုဖို့ မရည်ရွယ်ပါဘူး"

​နန်ကုန်းယွမ်ချန်က အမြန် ပြောလိုက်ပါတယ်။

​သူက စကားပြောတာ နောက်ကျသွားလို့ တစ်ဖက်လူက ဘာမှမပြောဘဲ သူ့ကို အပြစ်ပေးမှာ စိုးရိမ်နေတာပါ။

​"မင်း အရင်က ရွတ်ခဲ့တဲ့ ကဗျာလေးက မဆိုးတာကို ထောက်ထားပြီး အပြစ်ပေးတာကို ကင်းလွတ်ခွင့် ပေးမယ် နောက်ကျရင် ဒီထောင်ထဲမှာပဲ နေတော့၊ တစ်နေ့နေ့ ငါ စိတ်ကြည်တဲ့အခါ မင်းကို လွှတ်ပေးရင် ပေးမှာပေါ့"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

​ဒီထောင်ထဲမှာ နေရမယ်

​နန်ကုန်းယွမ်ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဒီလို အပြစ်ပေးတာက မဆိုးဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

​အနည်းဆုံးတော့ သူက နှိပ်စက်တာ မခံရသလို၊ ကျောက်မင်ရွှမ်လိုမျိုး အောက်တန်းကျတဲ့ ဗုံတီးတဲ့ အစေခံတစ်ယောက်လည်း ဖြစ်စရာ မလိုတော့ပါဘူး။

​တစ်နာရီရဲ့ တစ်ဝက်လောက် ကြာပြီးနောက်မှာတော့ စုန်းကုကို စက္ကူဖြူရုပ်က ဆွဲခေါ်လာပြီး ဖန့်ချန်ရဲ့ ရှေ့မှာ ပစ်ချလိုက်ပါတယ်။

​စုန်းကုဟာ ကြောက်စရာကောင်းတဲ့ နှိပ်စက်မှုကို ခံလိုက်ရပုံရပြီး တစ်ကိုယ်လုံး ပျော့ခွေနေပါတယ်။

သူ ဖန့်ချန်ကို မြင်တာနဲ့ ချက်ချင်း ပြောလိုက်တယ်

​"ကျွန်တော် သိတယ်... စုန်းယီ ရဲ့ တခြား ဝိညာဥ်ခွဲဖြာခြင်း တွေ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိတယ် သူ့အသက်နဲ့ ကျွန်တော့်အသက်ကို လဲပါရစေ"

​"စုန်းယီရဲ့ အသက်နဲ့ မင်းအသက်ကို လဲမယ် ငါ မှတ်မိသလောက်ဆိုရင် စုန်းယီက မင်းရဲ့ ညီ မဟုတ်လား"

​ဖန့်ချန်က ရယ်မောလိုက်ပါတယ်။

​စုန်းကုက အမြန်ပြောတယ်

"အဖေတူ အမေကွဲပါ၊ သိပ်ပြီးတော့လည်း မရင်းနှီးပါဘူး "

​"ကောင်းပြီလေ၊ ပြောစမ်းပါ မင်းကတော့ အသက်ရှင်ဖို့ မရှိတော့ပေမဲ့၊ ဒါကို ပြောပြရင် ငရဲပြည်မှာ မင်း နေရတာ သက်သာသွားလိမ့်မယ် ဒုက္ခ မရောက်တော့ဘူးပေါ့"

​ဖန့်ချန်က ပြုံးလိုက်ပါတယ်။

​စုန်းကုဟာ ခုနက ခံခဲ့ရတဲ့ အပြစ်ပေးမှုတွေကို မှတ်လောက်သားလောက် ဖြစ်နေတာကြောင့် အဲဒီလို ထပ်မခံချင်တော့ပါဘူး။

ဒါကြောင့် စုန်းယီရဲ့ အကြောင်းတွေကို အကုန်အစင် ဖော်ကောင်လုပ်ပါတော့တယ်။

​သူ့ရဲ့ ဝိညာဥ်ခွဲတွေ ဘယ်နေရာတွေမှာ ပုန်းပြီး ကျင့်ကြံနေလဲ ဆိုတာကို အသေးစိတ် ပြောပြရုံတင်မကဘဲ၊ စုန်းယီ အပြင်မှာ ထားထားတဲ့ မယားငယ်တွေရဲ့ သတင်းကိုပါ အကုန်ပြောပြလိုက်ပါတယ်။

​"မယားငယ် ဒါဇင်နဲ့ချီပြီး ရှိတာလား သူ ဘယ်လို အချိန်ပေးနိုင်တာလဲ"

​ဖန့်ချန်ရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။

​စုန်းကုက အမြန် ဖြည့်ပြောတယ်

"သူက မဟာယန်ဂိုဏ်း ရဲ့ တပည့်လေ မဟာယန်ဂိုဏ်းက ကျင့်ကြံတာက ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပူးတွဲကျင့်စဉ် လေ မယားငယ် များလေလေ၊ သူ့ရဲ့ ကျင့်ကြံမှု တိုးတက်တာ မြန်လေလေပဲ"

​"ကောင်းပြီ... နောက်ကျရင် မင်းက မယ်တော်စီရဲ့ နောက်ကို ဆက်လိုက်ပေါ့ မင်းက ရှေ့က လက်ခုပ်တီး၊ ကျောက်မင်ရွှမ်က နောက်က ဗုံတီး၊ အပေးအယူ တည့်တာပေါ့"

​ဖန့်ချန်က ရယ်မောလိုက်ပါတယ်။

​စုန်းကုရဲ့ မျက်နှာက တောက်လျှောက် ပြောင်းလဲသွားပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ မပြောရဲပါဘူး။

​"လူကြီးမင်း... ညကင်းလှည့်နတ်ဘုရား ရောက်လာပါတယ်"

​တစ်ယောက်ယောက်က ဝင်လာပြီး စက္ကူဖြူရုပ်ကို ရိုရိုသေသေ ပြောပါတယ်။

​"ငါ ဒီနေ့ အားမအားဘူးလို့ သွားပြောလိုက်"

​စက္ကူဖြူရုပ်က ပြောလိုက်ပါတယ်။

​စကားပြောလို့ မဆုံးသေးခင်မှာပဲ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာတယ်

"ဖြူလေး ညီအစ်ကို... မင်း ဒီနေ့ ဧည့်သည်တော်ကို ဧည့်ခံနေတယ်လို့ ကြားတယ် ငါ့မှာလည်း မင်းရဲ့ ဧည့်သည်တော်နဲ့ သိခွင့်ရမယ့် ကံမျိုး ရှိမလားလို့ပါ"

​လူသန်ကြီး တစ်ယောက်က အခန်းထဲကို လျှောက်ဝင်လာပြီး စက္ကူဖြူရုပ်ကို မြင်တာနဲ့ ပြုံးပြလိုက်ပါတယ်။

​သူ့ရဲ့ အကြည့်တွေက ဖန့်ချန်တို့အဖွဲ့ဆီမှာ ရှိနေပြီး မယ်တော်စီကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ နှာခေါင်းက ရှုံ့သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်တယ်

​"ယင်မိစ္ဆာကြီး လား "

​"မိတ်ဆွေ ငါ ဒီနေ့ မအားဘူးလို့ ပြောနေတယ်လေ၊ မင်း ပြန်လိုက်တာ ကောင်းမယ်"

​စက္ကူဖြူရုပ်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ဒီညလှည့်ကင်းနတ်ဘုရားဟာ ယင်မိစ္ဆာကြီးကို မြင်တာနဲ့ မကြာသေးခင်က မြို့တော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စအချို့ကို ချက်ချင်း ဆက်စပ်တွေးတောမိသွားပါတယ်။

​ယင်မိစ္ဆာကြီးကို ဘေးနားမှာ ခေါ်ထားနိုင်တာဆိုလို့ မြို့တော်က အဲဒီ နေလှည့်ကင်းအရှင် အသစ်ပဲ ရှိနိုင်တာ...

​"သင်... သင်က..."

​ဒီညကင်းလှည့်နတ်ဘုရားဟာ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး ဖန့်ချန်ကို ကြောင်ကြည့်နေပါတော့တယ်။

​"အဖြူလေး... သူတို့ကို သေချာနေရာချပေးထား၊ လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားဦး၊ ထွက်မပြေးစေနဲ့"

​ဖန့်ချန်က မှာကြားလိုက်ပြီး အဲဒီ ညကင်းလှည့်နတ်ဘုရားကို ဂရုမစိုက်ဘဲ မယ်တော်စီကို ခေါ်ကာ လှည့်ထွက်သွားပါတော့တယ်။

​အခန်း (၁၀၀၈) ဓားငှားသတ်ခြင်း

​ကျန့်လုံဟာ ဖန့်ချန်တို့အဖွဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေမိပြီးမှ သတိဝင်လာကာ စက္ကူဖြူရုပ်ကို လှမ်းကြည့်ပြီး ဂရုတစိုက် မေးလိုက်ပါတယ်

​"ဒါက မြို့တော်က အဲဒီ နေလှည့်ကင်းအရှင် လူကြီးမင်းဖန့် လား "

​"မိတ်ဆွေ ... စကားကို ဆင်ခြင်ပါ"

​စက္ကူဖြူရုပ်က တောင့်တင်းတဲ့ အပြုံးတစ်ခု ပြလိုက်ပါတယ်။

​ကျန့်လုံ စိတ်ထဲမှာချက်ချင်း သဘောပေါက်သွားပြီး အမြန်ခေါင်းညိတ်ပြတယ်

"ကျွန်တော် သိပါပြီ"

​အကယ်၍ အရင်အချိန်တုန်းကဆိုရင် ဒီ နေလှည့်ကင်းအရှင်က ရှန်းယန်မြို့ကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ သူ အသေအချာ စဉ်းစားမိမှာပါ။

ဒါပေမဲ့ မကြာသေးခင်က ငရဲပြည်ရဲ့ အခြေအနေတွေက အကြီးအကျယ် ပြောင်းလဲနေပါတယ်။

​ပစ်ပယ်ခံထားရတာ ကြာပြီဖြစ်တဲ့ တရားရုံးဌာနနဲ့ ဝိညာဉ်ဖမ်းဆီးရေးဌာနတွေဟာ အကြောင်းရင်းမရှိဘဲ လူအများရှေ့ကို ထွက်ပေါ်လာပြီး မြို့ကြီးတွေမှာ ရုံးခန်းတွေ ဖွင့်လှစ်လာကြပါတယ်။

​ဒီလုပ်ငန်းစဉ်အတွင်းမှာတော့ ပဋိပက္ခတွေ အများကြီး ပေါ်ပေါက်ခဲ့တာပေါ့။

ဒါပေမဲ့ နေကင်းလှည့်နဲ့ ညကင်းလှည့် အနွယ်ဝင်တွေကတော့ အဲဒီထဲမှာ ဝင်မပါကြပါဘူး။

​ယင်စစ်သည်တော် အနွယ်ဝင်တွေနဲ့ တရားသူကြီး အနွယ်ဝင်တွေကပဲ သူတို့နဲ့ တိတ်တဆိတ် အားပြိုင်နေကြတာပါ။

​ကျန့်လုံဟာ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရှိနေတာတောင် လှိုင်းတံပိုးတွေ ထနေတာကို ခံစားနေရတာကြောင့် ဘယ်မှာ ဝင်ရှုပ်ရဲပါ့မလဲ။

​ဝမ်ချွမ်းမြစ် ရှေ့မှာတော့ မယ်တော်စီရဲ့ အဖွဲ့ဟာ အရင်အတိုင်းပဲ ထင်ရှားပေါ်လွင်နေဆဲပါ။

စုန်းကု ဟာ တောင့်တင်းတဲ့ အပြုံးနဲ့ အဖွဲ့ရဲ့ ရှေ့ဆုံးကနေ လက်ခုပ်တီးနေပြီး၊ ကျောက်မင်ရွှမ် ကတော့ ကြေးမောင်း (ဗုံ) ကို ကိုင်ပြီး တစ်ချက်ပြီးတစ်ချက် တီးနေရပါတယ်။

​"သခင်လေး... ကျွန်မရဲ့ အဲဒီကိစ္စလေးက..."

​မယ်တော်စီက ဖန့်ချန်ကို ကြည့်လိုက်ပြီး မျက်ဝန်းထဲမှာ အလောတကြီးဖြစ်နေတဲ့ အရိပ်အယောင်တွေ လင်းလက်နေပါတယ်။

​"အဲဒီ လူမဆန်တဲ့သူ က ချောင်ဖုန်းမှာလား၊ ဒါမှမဟုတ် တခြားနေရာမှာလား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​"ချောင်ဖုန်းမှာပါပဲ၊ သူက ပေကုန်း မျိုးနွယ်ကပဲ၊ ချောင်ဖုန်းရဲ့ ထင်ရှားတဲ့ မျိုးနွယ်စုကြီးတစ်ခုပေါ့"

​မယ်တော်စီရဲ့ မျက်ဝန်းထဲမှာ နာကျည်းမှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

​"မင်း ငရဲပြည်ကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ "

​ဖန့်ချန်က စဉ်းစားသလို မေးပါတယ်။

​"အနှစ် ၅၀၀၀ ကျော်လောက် ရှိပါပြီ"

​မယ်တော်စီက ပြုံးလိုက်တယ်

"ကျွန်မလည်း အသေအချာ မမှတ်မိတော့ဘူး၊ ရှေ့နောက် သိပ်တော့ မကွာပါဘူး"

​"ပထမဆင့် လွတ်လပ်သောမသေမျိုးရဲ့ သက်တမ်းက ၅၀၀၀ လေ၊ အကယ်၍ မင်းရဲ့ ရန်သူက အသက်ရှင်နေသေးတယ်ဆိုရင် သူက ဒုတိယဆင့် လွတ်လပ်သောမသေမျိုး ဖြစ်နေလောက်ပြီ..."

​ဖန့်ချန်က မယ်တော်စီကို တစ်ချက်ကြည့်လိုက်တယ်

"မင်းကတော့ သူ့ရဲ့ ပြိုင်ဘက် ဖြစ်မှာမဟုတ်ဘူး"

​မယ်တော်စီရဲ့ မျက်နှာ တောင့်တင်းသွားပြီး အတင်းပြုံးကာ ပြောလိုက်တယ်

"ရပါတယ်၊ သွားကြည့်ရုံပဲဆိုရင်လည်း ဖြစ်ပါတယ် သူ့ကို ဆဲဆိုလိုက်ရရင်ပဲ ရင်ထဲမှာ နေလို့ကောင်းသွားမှာပါ"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပါတယ်။

​ကံကောင်းတာက သူတို့ရဲ့ အဆင့်အတန်းက ထူးခြားနေတာကြောင့် တကယ်လို့ တိုက်လို့မနိုင်ရင်တောင် ငရဲပြည်ထဲကို အလွယ်တကူ ထွက်ပြေးလို့ ရပါတယ်။

ဆုတ်လမ်းရှိနေတာကြောင့် တတိယဆင့် လွတ်လပ်သောမသေမျိုးနဲ့ ရင်ဆိုင်ရရင်တောင် ဆဲဆိုလိုက်ရတာ ဘာအရေးလဲ။

​"သခင်လေး... မကြာသေးခင်က လူကြီးမင်းရှီလုံ က ဒုတိယဆင့် ယင်မိစ္ဆာကြီး တစ်ပါးကို ရှာတွေ့ထားပြီး ဆွေးနွေးနေပါတယ် တစ်ဖက်လူကလည်း ခိုလှုံဖို့ စိတ်ဝင်စားပုံရပေမဲ့ တချို့သော အခြေအနေတွေကိုတော့ သဘောတူညီမှု မရသေးဘူး ဖြစ်နေတယ်"

​မယ်တော်စီက တိုးတိုးလေး ပြောပါတယ်။

​"ဒုတိယဆင့် ယင်မိစ္ဆာကြီးလား တကယ်လို့ သူ့ရဲ့ တောင်းဆိုချက်တွေက အရမ်း အလွန်အကျွံ မဖြစ်ဘူးဆိုရင် လူကြီးမင်းရှီလုံကို သဘောတူခိုင်းလိုက်ပါ"

​ဖန့်ချန် စိတ်ထဲမှာ ဝမ်းသာသွားပါတယ်။

​အခုက လူအင်အား လိုအပ်နေတဲ့အချိန်ပါ။

အကယ်၍ သူ့ရဲ့ လက်အောက်မှာ ဒုတိယဆင့် ယင်မိစ္ဆာကြီး တစ်ပါးသာ ထပ်တိုးလာမယ်ဆိုရင် ချောင်ဖုန်းနယ်မြေမှာ အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။

​မယ်တော်စီက ခပ်ဖွဖွ ခေါင်းညိတ်ပြီး လူတွေကို ခေါ်ကာ ဖူထူလောက ကို ပြန်သွားပါတော့တယ်။

​ဟူကျောက်မြို့။

​"စုံစမ်းပြီးပြီလား တိုက်ခိုက်တဲ့သူက တရားသူကြီးဌာနကလား "

​အမည်းလေး ရဲ့ မျက်ဝန်းထဲမှာ အေးစက်တဲ့ အလင်းတစ်ခု ဖြတ်ပြေးသွားပါတယ်။

​"လူကြီးမင်းအမည်း... ကျွန်တော်တို့ သဲလွန်စတွေနောက်ကို တောက်လျှောက် လိုက်ကြည့်တာ လူတစ်ယောက်ကို တွေ့ခဲ့ပါတယ် အဲဒီလူက တရားသူကြီးဌာနက တရားသူကြီးတစ်ယောက်ဖြစ်တဲ့ ကျိုးနင် ပါပဲ"

​"တရားသူကြီးဌာနမှာ တရားသူကြီး ကောင်မှု့ မကောင်းမှု့ မှတ်တမ်း ရှိတယ် သူတို့ အလုပ်လုပ်ရတာ လွယ်ကူအောင် ဒီစာအုပ်ထဲမှာ ငရဲပြည်ရဲ့ ဌာနအသီးသီးက အရာရှိတွေရဲ့ အသွားအလာတွေကို မှတ်တမ်းတင်ထားတယ် လူကြီးမင်း ဟူကျောက်မြို့ကနေ ထွက်သွားတာနဲ့ ချောင်းမြောင်း တိုက်ခိုက်ခံရတာက အချိန်ကိုက် ဖြစ်နေလွန်းတယ်"

​"တရားသူကြီးဌာနကလွဲရင် လူကြီးမင်းရဲ့ သွားလာမှုကို ဒီလောက် အသေးစိတ် သိနိုင်မယ့်သူ ဘယ်သူမှ မရှိဘူးလို့ ကျွန်တော် ထင်တယ်"

​ဟူကျောက်မြို့ရဲ့ နေကင်းလှည့်စစ်သူကြီး ဝူးဝေး က တိုးတိုးလေး ပြောပါတယ်။

​ရှေ့မှာရှိနေတဲ့ ဒီလူကြီးမင်းအမည်းရဲ့ ခွန်အားက နေကင်းလှည့်ဗိုလ်ချုပ် အဆင့်လောက်ပဲ ရှိပေမဲ့ သူ့ရဲ့ နောက်ခံနဲ့ ဇာစ်မြစ်က အလွန် ကြောက်စရာကောင်းတာကြောင့် ဝူးဝေးလည်း မပေါ့ဆရဲပါဘူး။

​"ကျိုးနင်က ဘယ်မှာလဲ ငါ့ကို လုပ်ကြံတဲ့ အောက်ဆင်းသူက သူနဲ့ ရင်းနှီးတယ်ဆိုရင် အဲဒီလူရဲ့ နောက်ကြောင်းကို သူ သိမှာပဲ"

​အမည်းလေးက တည်ငြိမ်စွာ မေးပါတယ်။

​ဝူးဝေးရဲ့ မျက်နှာမှာ အနေခက်တဲ့ အရိပ်အယောင် ပေါ်လာပြီး တိုးတိုးလေး ပြောတယ်

"ကျိုးနင်က လင်ခုန်းမြို့ မှာ ရှိနေတယ် သူက အဲဒီမြို့ရဲ့ မြို့စားမင်းပဲ"

​"လင်ခုန်းမြို့လား"

​"ဟုတ်ပါတယ် လင်ခုန်းမြို့က ဟူကျောက်မြို့ထက် မနိမ့်ပါဘူး နောက်ခံ အင်အားကဆိုရင် ဟူကျောက်မြို့ထက်တောင် တစ်ဆင့် ပိုသာပါသေးတယ်"

​"ဒါဆိုရင်... အဲဒီ ကျိုးနင်ရဲ့ ခွန်အားက မသေးဘူးပေါ့ လူ့လောကမှာဆိုရင်လည်း မသေမျိုး အဆင့်လောက် ရှိမှာပဲ"

​အမည်းလေးရဲ့ မျက်မှောင်တွေ ကြုတ်သွားပါတယ်။

​သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် နေကင်းလှည့်နတ်ဘုရားနဲ့ ခွန်အားချင်း တူညီတဲ့ တရားသူကြီးဌာနက တရားသူကြီးတစ်ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးဖို့ဆိုတာ အိပ်မက်ယုံကြည်ချက်လိုပဲ မဖြစ်နိုင်တဲ့ ကိစ္စပါ။

​ဒါ့အပြင် တရားသူကြီးဌာနနဲ့ နေကင်းလှည့် အနွယ်ဝင်တွေက အခုချိန်မှာ အဆင်မပြေကြပါဘူး။

​"လူကြီးမင်းသာ မြို့တော်ကို တစ်ခေါက်လောက် သွားနိုင်မယ်ဆိုရင် ဖြစ်နိုင်တာက..."

​ဝူးဝေးက တိုးတိုးလေး အကြံပြုပါတယ်။

​"ငါ အဲဒီလောက်အထိ မျက်နှာ မငယ်နိုင်ဘူး"

​အမည်းလေးရဲ့ မျက်နှာ ညိုမှောင်သွားပြီး ဝူးဝေးကို တစ်ချက်ကြည့်လိုက်တယ်

"ငါ ဟူကျောက်မြို့မှာ အလုပ်တာဝန်တွေ မထမ်းဆောင်နိုင်ရုံတင်မကဘဲ၊ ချောင်းမြောင်း တိုက်ခိုက်ခံရပြီး နောက်ဆုံးမှာ ညကင်းလှည့် အနွယ်ဝင်တွေက ကယ်ခဲ့ရတယ်ဆိုတာကို သခင်လေး သိသွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ "

​"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ... လူကြီးမင်း ပြောတာ မှန်ပါတယ်၊ ကျွန်တော် စဉ်းစားတာ အားနည်းသွားပါတယ်"

​ဝူးဝေးက အမြန်ခေါင်းညိတ်ပြီး စိတ်ထဲမှာတော့ အားကျနေမိပါတယ်။

​တစ်ဖက်လူက အဲဒီ နေကင်းလှည့်အရှင်ကို သခင်လေး လို့ ခေါ်တာကို ကြည့်ရင် သူဟာ လူယုံထဲက လူယုံဆိုတာ ထင်ရှားပါတယ်။

အခု ငရဲပြည်မှာ ဘယ်သူက အဲဒီလူကြီးမင်းဆီကို မကပ်ချင်ဘဲ နေမှာလဲ။

ကံကောင်းလို့သာ သူက အခု ဒီလူကြီးမင်းအမည်းရဲ့ လက်အောက်မှာ ရှိနေလို့သာ၊ ဒါဟာ အဲဒီလူကြီးမင်းရဲ့ တိုက်ရိုက်လက်အောက်ခံ ဖြစ်သွားတာပဲ မဟုတ်လား။

​"မင်း ဘယ်တုန်းက ဒီလောက်အထိ မျက်နှာကို အရေးစိုက်သွားရတာလဲ"

​အသံတစ်ခုက အခန်းထဲကနေ ထွက်ပေါ်လာပါတယ်။

​"ဘယ်သူလဲ"

​ဝူးဝေးရဲ့ မျက်နှာ ညိုမှောင်သွားပြီး

"ယင်စစ်သည်တော်ဌာနရဲ့ အရေးကြီးတဲ့နေရာကို ဘယ်သူက ခွင့်ပြုချက်မရှိဘဲ ဝင်ရဲတာလဲ"

​သူ့မျက်ဝန်းတွေက သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နှက်သွားပြီး ရုတ်တရက် ပေါ်လာတဲ့ ပုံရိပ်ဆီကို လှမ်းကြည့်လိုက်ပါတယ်။

အဲဒီလူက လက်ဖက်ရည်ဝိုင်းရှေ့မှာ ထိုင်နေပြီး သူ့ဘာသာ လက်ဖက်ရည် ဖျော်နေပါတယ်။

ဒီလောက်အထိ မောက်မာတာမျိုးက တကယ်ကို တွေ့ရခဲပါတယ်။

​"မင်း ရိုင်းလှချည်လား"

​အမည်းလေးက ဝူးဝေးကို အေးစက်စွာ ဟောက်လိုက်ပြီး၊ ဖန့်ချန်ရဲ့ ရှေ့ကို အမြန်လျှောက်သွားကာ လက်အုပ်ချီ အရိုအသေပြုလိုက်ပါတယ်

​"သခင်လေး"

​သခင်လေး

​ဝူးဝေးရဲ့ အမူအရာက အမျိုးမျိုး ပြောင်းလဲသွားပြီး၊ ဖန့်ချန်ရဲ့ ရှေ့ကို အပြေးလေး သွားကာ ဒူးထောက် အရိုအသေပြုလိုက်ပါတယ်

​"ဟူကျောက်မြို့ နေလှည့်ကင်းစစ်သူကြီး ဝူးဝေး၊ နေကင်းလှည့်အရှင် လူကြီးမင်းကို ဂါရဝပြုပါတယ်"

​"ထပါ"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပါတယ်။

​ဝူးဝေးရဲ့ ရင်ထဲမှာတော့ အံ့သြဝမ်းသာ ဖြစ်နေပါတယ်။

ဒီနေ့မှာ ဒီ နေလှည့်ကင်းအရှင် လူကြီးမင်းဖန့်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားသလို၊ ဒီလူကြီးမင်းက ကိုယ်တိုင်ကိုယ်ကျ ဘာကိစ္စနဲ့ လာတာလဲဆိုတာကိုလည်း သိချင်နေပါတယ်။

​ဒါဆိုရင်... ဒီ နေကင်းလှည့်အရှင်က မကြာသေးခင်က လုပ်ကြံခံရတဲ့ ကိစ္စကို ကြားသွားလို့လား

​ဒီလို တွေးမိလိုက်တာနဲ့ ဝူးဝေးက အမည်းလေးကို ထူးဆန်းတဲ့ အမူအရာနဲ့ လှမ်းကြည့်လိုက်ပါတယ်။

ဒီလူက တကယ်ပဲ လူယုံပါပဲ၊ ဒီလောက်အထိ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ဒီကိစ္စအတွက် ကိုယ်တိုင် လာရတယ်ဆိုတာ သူတို့ကြားက ဆက်ဆံရေးက သာမန်မဟုတ်တာ ထင်ရှားပါတယ်။

​"မင်း မကြာသေးခင်က တိုက်ခိုက်ခံရတာကို ဘာလို့ တုယွန်းရွှီ ကို ချက်ချင်း မပြောတာလဲ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မြို့တော်ကို သွားဖို့ မခက်ပါဘူး"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​အမည်းလေးက တိုးတိုးလေး ပြောတယ်

"တစ်ဖက်လူက ကျွန်တော့်ကို စောင့်ကြည့်နေတာပါ အကယ်၍ ကျွန်တော် ဟူကျောက်မြို့ကနေ အလွယ်တကူ ထွက်သွားရင် သေချာပေါက် အသတ်ခံရပါလိမ့်မယ် ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို မြို့တော်ကို လွှတ်ရင်တောင် သူတို့ မြို့တော်ကို အသက်ရှင်လျက် ရောက်ဖို့ မသေချာဘူး"

​ဝူးဝေး တစ်ယောက် ကြောင်သွားပါတယ်။

ဒီလူကြီးမင်းအမည်းက ဒီအကြောင်းပြချက်ကြောင့်ပဲ ဟူကျောက်မြို့ထဲမှာ အောင်းနေပြီး ဘယ်မှ မသွားတာလား

​"ဒီအတောအတွင်းမှာ ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းတာ သဲလွန်စတွေက ဝေဝေဝါးဝါး ဖြစ်နေပေမဲ့သူတို့က ရလဒ်တစ်ခုကိုတော့ ရှာတွေ့ခဲ့တယ် အဲဒါက တရားသူကြီးဌာနက ကျိုးနင် ပဲ"

​"ထင်ရှားတာကတော့ ကျွန်တော့်ကို လုပ်ကြံတဲ့သူက ဒီကိစ္စကို တရားသူကြီးဌာန အပေါ်မှာ ပုံချပြီး ဓားငှားသတ်ခြင်း လှည့်ကွက် သုံးချင်နေတာပဲ"

​အမည်းလေးရဲ့ မျက်နှာက အေးစက်နေပါတယ်။

​ဒီစကားကို ကြားလိုက်ရတဲ့အခါ ဝူးဝေးရဲ့ ခြေထောက်တွေ ပျော့ခွေမတတ် ဖြစ်သွားပြီး မျက်နှာ ဖြူဖျော့ကာ အမည်းလေးနဲ့ ဖန့်ချန်ကို ကြည့်ရင်း စကားပြောချင်ပေမဲ့ မပြောရဲ ဖြစ်နေပါတယ်။

​"ကျွန်တော် ဒီရက်ပိုင်း စဉ်းစားကြည့်ပါတယ် ကျွန်တော့်ကို သတ်တာက ဘာမှ အကျိုးအမြတ် မရှိပါဘူး၊ သခင်လေးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရုံပါပဲ၊ ဒါက သူတို့ရဲ့ ရည်ရွယ်ချက်ပဲလေ"

​အမည်းလေးက ပြောပါတယ်။

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပါတယ်။

အမည်းလေးရဲ့ တွေးဆချက်က ယုတ္တိရှိသလို အမှန်တရားနဲ့လည်း နီးစပ်နေပါတယ်။

​အကယ်၍ တစ်ဖက်လူက တကယ်ပဲ ဒီလို ကြံစည်ထားတာဆိုရင် အမည်းလေးက ဟူကျောက်မြို့ကနေ ထွက်လို့ မရတာ မှန်ပါတယ်။

ထွက်တာနဲ့ သေမှာ ဖြစ်သလို၊ တစ်ဖက်လူက ဒါကို အသုံးချပြီး ဖန့်ချန်ကို ထွက်လာအောင် ဆွဲထုတ်ချင်တာပါ။

​"လူကြီးမင်းအမည်း၊ လူကြီးမင်းဖန့်... ဒီကိစ္စက ကျွန်တော့်နဲ့ ဘာမှ မပတ်သက်ပါဘူး..."

​ဝူးဝေးက အမြန် ကာကွယ်ပြောလိုက်ပါတယ်။

All Chapters