← Chapters

အခန်း (၁၀၁၅-၁၀၁၆)

Vol. 102 Ch. 1015-1016

အခန်း (၁၀၁၅-၁၀၁၆)

Vol. 102 Ch. 1015-1016

​အခန်း (၁၀၁၅) ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ဘာလို့ မထိရမှာလဲ

​အောက်ဆင်းသူ တစ်အုပ်စုဟာ ဟွမ်ဝမ်ချင်း ရှေ့ကို ရောက်လာပြီး မျက်နှာပျက်ပျက်နဲ့ ခေါင်းခါပြကြပါတယ်။

​ဟွမ်ဝမ်ချင်းရဲ့ အမူအရာက တောင့်တင်းသွားပြီး ဒေါသတွေက တလိပ်လိပ် တက်လာပါတော့တယ်။

​ဒီနှစ်တွေတစ်လျှောက် ပေးခဲ့သမျှ အကျိုးအမြတ်တွေက ခွေးကျွေးလိုက်သလို ဖြစ်ကုန်တာလား ဒီအရှင်တွေက တကယ်ပဲ မျက်နှာပြောင်းတာ မြန်လွန်းတယ်၊ တစ်ယောက်မှ ဝင်ပြီး တောင်းပန်ပေးမယ့်သူ မရှိဘူးလား။

​"ကိစ္စက ဒီအဆင့်ထိ ရောက်လာမှတော့ ငါတို့ တခြားနည်းလမ်းပဲ စဉ်းစားရတော့မယ် ငရဲပြည်ရဲ့ အခြေအနေကို အရင် တည်ငြိမ်အောင် လုပ်ရမယ်၊ သူတို့နဲ့ ထိပ်တိုက် မတိုးတာ အကောင်းဆုံးပဲ"

​ဟွမ်ဝမ်ချင်းက ကျန်တဲ့လူတွေကို အသံလှိုင်းနဲ့ သတိပေးလိုက်ပြီး မျက်နှာမှာ အပြုံးတုတစ်ခု ဆင်မြန်းကာ ဖန့်ချန်ကို လက်အုပ်ချီလိုက်ပါတယ်

​"အရှင်ဖန့်... ဝိညာဉ်နတ်ဘုရားကျောင်းလည်း ဖျက်ပြီးပြီဆိုတော့ ကျွန်တော်တို့လည်း လူ့လောကကို ပြန် ပါတော့မယ်"

​"မင်းတို့တွေက လူကြီးမင်းဖန့်ရဲ့ စကားကို သေချာ နားမလည်တာလား မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေက အထက်အရာရှိကို လုပ်ကြံတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတယ် အခု ပြန်ချင်တယ်ဆိုတာကတော့ အဲလောက် မလွယ်ကူလှဘူးနော်"

​ချိုးကျင်က ပြုံးပြီး ပြောလိုက်ပါတယ်။

​အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဟွမ်ဝမ်ချင်းတို့ရဲ့ လက်အောက်ငယ်သားတွေကတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်နေကြတယ်၊ ဒီအရှင်တွေက သူတို့ကို တကယ်ပဲ ဖမ်းထားချင်နေတာလား

​"ကျွန်တော်တို့နဲ့ အစိုးရက အမြဲတမ်း တစ်ဦးနဲ့တစ်ဦး မနှောင့်ယှက်ကြေး နေလာခဲ့တာပါ အရှင်ချိုး ရဲ့ စကားက ဘာကို ဆိုလိုတာလဲ"

​"ကျွန်တော်တို့မှာ အရာရှိရာထူး မရှိပေမဲ့လည်း အရပ်သားက အရာရှိကို မယှဉ်ရ ဆိုတဲ့ စည်းကမ်းကို အမြဲ စောင့်ထိန်းပါတယ် ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အစွမ်းက အရှင်တွေထက် နိမ့်ကျနေမယ်လို့ ခင်ဗျား ထင်နေတာလား"

​ဟွမ်ဝမ်ချင်းက ပြုံးစိစိနဲ့ ပြောလိုက်ပါတယ်။

​ချိုးကျင်ရဲ့ မျက်လုံးတွေက အနည်းငယ် မှေးစက်သွားပြီး ကျင်ရွှေကလည်း မသိမသာနဲ့ ဖန့်ချန်ကို လှမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်တယ်

​"အရှင်ဖန့်... တကယ်ပဲ လက်ပါကြမယ်ဆိုရင် ဒီနေ့ ကျွန်မတို့ဆီမှာ လူအင်အား မလုံလောက်ဘူး ကျွန်မ တရားသူကြီးဌာနကို တစ်ချက် သွားလိုက်ရမလား "

​ဟွမ်ဝမ်ချင်းရဲ့ မျက်ဝန်းထဲမှာ မထေမဲ့မြင်ပြုတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို လှောင်ပြုံးနဲ့ ကြည့်လိုက်တယ်

​"ငရဲပြည်က အရှင်တွေကို အကုန်ရေတွက်ကြည့်ရင်တောင်မှ ဆယ်ဂဏန်းလောက်ပဲ ရှိတာပါ ဒါပေမဲ့ လူကြီးမင်းဖန့် သိရဲ့လား... ကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ ကျွန်တော့်လို ကျင့်ကြံသူမျိုး ဘယ်လောက်ရှိလဲ ဆိုတာကိုရော"

​ဖန့်ချန်

"ဘယ်လောက်ရှိလို့လဲ"

​ဟွမ်ဝမ်ချင်းက လက်ကို ဝေ့ယမ်းလိုက်ပြီး ကောင်းကင်ကို ညွှန်ပြလိုက်တယ်

"ကောင်းကင်က ကြယ်တွေလိုပဲ၊ ရေတွက်လို့ မရနိုင်ဘူး "

​တစ်ဖက်လူက သူ့ကို ကြောက်ရွံ့သွားပြီလို့ သူ ထင်လိုက်ပုံရပြီး အခွင့်ကောင်းယူကာ ပြုံးပြီး ပြောလိုက်ပြန်တယ်

​"ကျွန်တော်တို့က လူကြီးမင်းဖန့်ကို တော်တော်လေး ယဉ်ကျေးပြခဲ့ပါပြီ လူကြီးမင်း အနေနဲ့ အခု အေးအေးဆေးဆေး ထိုင်စကားပြောဖို့ ဆန္ဒရှိမလား ဘယ်လို အထင်လွဲမှုပဲ ရှိရှိ ကျွန်တော်တို့မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ ဓားမိုး၊ လှံမိုးတွေကြားမှာ သတ်ဖြတ်နေဖို့ ဘာလိုအပ်လို့လဲ"

​"ထိုင်စကားပြောဖို့တော့ မလိုပါဘူး၊ ဒူးထောက်ပြီးပဲ ပြောကြတာပေါ့"

​ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​အားလုံး သတိမဝင်ခင်မှာပဲ ဖန့်ချန်ရဲ့ ကိုယ်ထဲကနေ ယင်စွမ်းအားတွေ တလိပ်လိပ် ထွက်ပေါ်လာပြီး တောင်ကြီးတစ်လုံးလို ဟွမ်ဝမ်ချင်းတို့ရဲ့ ပခုံးပေါ်ကို ချက်ချင်း ဖိချလိုက်ပါတော့တယ်။

​ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကြောင့် သူတို့မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပါဘူး။

သူတို့ ကိုယ်ထဲက ယင်စွမ်းအားတွေကို ဘယ်လိုပဲ ထုတ်သုံးသုံး မကာကွယ်နိုင်ဘဲ ဒူးနှစ်ဖက် ညွတ်ကျကာ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ဒူးထောက်ကျသွားပါတော့တယ်။

​ဟွမ်ဝမ်ချင်းရဲ့ မျက်နှာမှာ အံ့သြတုန်လှုပ်မှုတွေ ပေါ်လာပါတယ်။

သူက မသိမသာ ပြန်ထဖို့ ကြိုးစားပေမဲ့ ဒူးကို တစ်လက်မလောက် မြှောက်လိုက်ရုံနဲ့တင် ထိုစွမ်းအားက နှစ်ဆလောက် တိုးလာပြီး သူ့ကို ဖိချလိုက်တာကြောင့် ဒူးရိုးတွေဟာ မြေကြီးထဲအထိ တိုးဝင်သွားပါတော့တယ်။

​ကျန်တဲ့ အောက်ဆင်းသူတွေလည်း အခြေအနေက သိပ်မထူးပါဘူး။

ဒီစွမ်းအားကို မယှဉ်နိုင်မှန်း သိသွားတဲ့အခါ သူတို့အားလုံး ဖန့်ချန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြပါတယ်။

​ဒီအရှင်ရဲ့ အစွမ်းက... ဘာလို့ သူတို့ထက် ဒီလောက်အထိ သာလွန်နေရတာလဲ

​ဖန့်ချန်က ငရဲပြည်မှာ လက်ပါတာ အလွန်နည်းပြီး ကျင်ရွှေတောင်မှ တစ်ခါပဲ မြင်ဖူးပါတယ်။

အဲဒီတုန်းကလည်း နေကင်းလှည့်နတ်ဘုရား တစ်ယောက်ကိုပဲ ကိုင်တွယ်ခဲ့တာပါ။

​ဒီနေ့မှသာ သူတို့ဟာ ဖန့်ချန်ရဲ့ အစွမ်းအစအမှန်ကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။

အရှင်တွေနဲ့ အစွမ်းချင်း တူညီတဲ့ လူတစ်အုပ်ကို ဘာမှ အားမစိုက်ရဘဲ ဖိနှိပ်ထားနိုင်တဲ့ ဒီကျင့်ကြံမှု အဆင့်က... သူတို့ ခန့်မှန်းထားတာထက် အများကြီး သာလွန်နေပါပြီ။

​ချိုးကျင်က ရင်ထဲက တုန်လှုပ်မှုကို ဖိသိပ်လိုက်ပြီး အနားတိုးကာ တိုးတိုးလေး မေးလိုက်တယ်

"လူကြီးမင်းဖန့်... ဒီလူတွေကို ဘယ်လို စီမံရမလဲ"

​"အရင်ဆုံး မြို့တော်က ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေကို အကုန်လုံး ဒီကို ဖမ်းလာခဲ့၊ အတူတူ စစ်ဆေးမေးမြန်းမယ်၊ သူတို့ကို လူ့လောကကို ပြန်ပြေးခွင့် မပေးနဲ့"

​ဖန့်ချန်က အမိန့်ပေးလိုက်ပါတယ်။

​"ဟုတ်ကဲ့ပါ"

​ချိုးကျင်က ချက်ချင်းပဲ သူ့လက်အောက်က ယင်စစ်သည်တော်တွေကို ဦးဆောင်ပြီး ထွက်သွားပါတယ်။

​"လူကြီးမင်းဖန့်... ဒီတစ်ခါ ကိစ္စက တကယ်ပဲ အထင်လွဲတာပါ တစ်စုံတစ်ယောက်က ကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို တမင် သက်သက် အပြစ်ပုံချတာလည်း ဖြစ်နိုင်ပါတယ်၊ လူကြီးမင်း အနေနဲ့ သေချာ စုံစမ်းပေးဖို့ တောင်းဆိုပါတယ်"

​ဟွမ်ဝမ်ချင်းက ထပ်ပြီး အရှုံးပေးလိုက်ပြန်ပါတယ်။

သူ အာခံရဲတဲ့ စကားတွေ မပြောရဲတော့ဘဲ တစ်ဖက်လူ စိတ်ပြောင်းသွားဖို့ပဲ မျှော်လင့်နေပါတော့တယ်။

​"မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အပြစ်ပုံချတာ ဘယ်သူ့အတွက် အကျိုးရှိလို့လဲ "

​ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​ဟွမ်ဝမ်ချင်းတို့ ဆွံ့အသွားကြပါတယ်၊ ရင်ထဲမှာလည်း ဝေဝေဝါးဝါး ဖြစ်ကုန်ပါတယ်။

ဟုတ်သားပဲ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အပြစ်ပုံချလို့ ဘယ်သူက အကျိုးရှိမှာလဲ

​ငရဲပြည်မှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ အကြီးအကျယ် ပြဿနာတက်ထားတဲ့လူ ဆိုလို့ မရှိသလောက်ပါပဲ။

​ဖန့်ချန်က ထပ်မပြောတော့ဘဲ ငြိမ်သက်စွာ စောင့်နေပါတယ်။

​မကြာခင်မှာပဲ တုယွန်းရွှီက အဖွဲ့ကို ဦးဆောင်ပြီး အရင်ဆုံး ပြန်ရောက်လာပါတယ်။

သူက သူ့လက်အောက်က နေကင်းလှည့်အဖွဲ့နဲ့အတူ ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် ရာပေါင်းများစွာကို ဖမ်းလာပါတယ်၊ ကျင့်ကြံမှုတွေကတော့ အလယ်အဆင့်ကနေ အထက်အဆင့်အထိ အမျိုးမျိုးပါပဲ။

​"ဒီနေရာက ငရဲပြည် မြို့တော်ပဲ ဒီဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေက ဒီမှာ အလုပ်လာလုပ်နိုင်တယ်ဆိုကတည်းက လူ့လောကမှာလည်း သူတို့မှာ နောက်ခံအင်အားတွေ ရှိနေမှာ သေချာတယ်"

​ဖန့်ချန်ရဲ့ မျက်ဝန်းထဲမှာ အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပါတယ်။

​ခဏအကြာမှာတော့ နောက်ထပ် နေကင်းလှည့်နတ်ဘုရား တစ်ယောက် ပြန်ရောက်လာပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် ၁၀၀ ကျော်ကို ဖမ်းလာပြန်ပါတယ်။

​နာရီအနည်းငယ်အတွင်းမှာပဲ နေကင်းလှည့် နဲ့ ညကင်းလှည့် က ကျွမ်းကျင်သူတွေဟာ ဒီနေရာကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပါတယ်။

​ချိုးကျင်တို့ ပြန်ရောက်လာတဲ့အချိန်မှာတော့ မြို့တော်က ဝိညာဉ်နတ်ဘုရားကျောင်း ၇၃၂ ကျောင်းလုံးကို အကုန် ဖျက်ဆီးပြီးပါပြီ။

​"လူကြီးမင်းဖန့်... ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် တချို့ကတော့ သတင်းကြားပြီး လူ့လောကကို ပြန်ပြေးသွားကြတယ်၊ ကျွန်တော်တို့လည်း သူတို့ကို ဖမ်းဖို့ မတတ်နိုင်တော့ဘူး"

​ချိုးကျင်က လက်အုပ်ချီပြီး ခါးသီးစွာ ပြုံးလိုက်ပါတယ်။

​"ကိစ္စမရှိပါဘူး၊ ရေက နက်ပြီး ငါးက များနေမှတော့ ငါးအချို့ လွတ်သွားတာကတော့ ဖြစ်လေ့ရှိတာပဲ"

​ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​ချိုးကျင် ရင်ထဲက သက်ပြင်းချနိုင်သွားတယ်၊ ဒီလူကြီးမင်းဖန့်က စကားပြောရတာ တော်တော်လေး လွယ်ကူသားပဲ။

​ကျင်ရွှေကတော့ လူဦးရေကို ရေတွက်ပြီးပြီ ဖြစ်တာကြောင့် အနားတိုးကာ သတင်းပို့ပါတယ်

"လူကြီးမင်းဖန့်... ဖမ်းမိတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် စုစုပေါင်း ၃၂၇၁ ယောက် ရှိပါတယ်"

​"သူတို့တွေက အရင်တုန်းက မြို့တော်မှာ စာရင်းသွင်းထားတာ ရှိလား စုစုပေါင်း အရေအတွက်က ဘယ်လောက်လဲ"

​"အဲဒါက... သူတို့က အောက်ဆင်းသူတွေ ဖြစ်နေတာကြောင့် သေချာ စာရင်းသွင်းထားတာမျိုး မရှိပါဘူး ကျွန်မရဲ့ အတွေ့အကြုံအရဆိုရင်တော့ စုစုပေါင်း ၄၀၀၀ ဝန်းကျင်လောက် ရှိပါလိမ့်မယ်"

​ကျင်ရွှေက တိုးတိုးလေး ပြောပါတယ်။

​"အောက်ဆင်းသူတွေနဲ့ ပတ်သက်ပြီး မင်းတို့ လုပ်ထားတာက သိပ်မကောင်းဘူး တစ်ဦးနဲ့တစ်ဦး မနှောင့်ယှက်တာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ စနစ်တကျ စီမံခန့်ခွဲတဲ့ ယန္တရားတစ်ခုတော့ ရှိသင့်တယ် သူတို့က လာချင်ရင်လာ၊ သွားချင်ရင်သွား၊ ဘယ်နေရာကို သွားလို့ ဘာလုပ်နေမှန်းတောင် မသိရတာမျိုးကတော့ မဖြစ်သင့်ဘူး"

​ဖန့်ချန်က ပြောပြီးနောက် သူ့ရဲ့ အကြည့်က ဟွမ်ဝမ်ချင်းတို့ဆီကို ကျရောက်သွားပါတယ်

"မင်းတို့ အပြစ်ကို ဝန်ခံသလား"

​"အပြစ်... အပြစ်ဝန်ခံရမယ် "

​ဟွမ်ဝမ်ချင်းရဲ့ မျက်နှာက ပျက်သွားပြီး ခပ်ဖွဖွ ခေါင်းခါလိုက်တယ်

"လူကြီးမင်းက တကယ်ပဲ အထင်လွဲနေတာပါကျွန်တော်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းမှာ ဘာအပြစ်ရှိလို့လဲ"

​"လူကြီးမင်း... သူတို့က အပြစ်မဝန်ခံချင်ဘူးဆိုတော့ နှိပ်စက်ရေးဌာန ကို ခေါ်သွားပြီး သေချာ စစ်ဆေးမေးမြန်းတာ ပိုကောင်းမယ် ထင်ပါတယ်"

​ချိုးကျင်က အကြံပေးလိုက်ပါတယ်။

​ဟွမ်ဝမ်ချင်းရဲ့ မျက်နှာက ပျက်သွားပါတယ်၊ အကယ်၍ ဒီဌာနတွေရဲ့ နှိပ်စက်ရေးထောင်ကို ရောက်သွားရင် ဘယ်လို နှိပ်စက်ခံရမယ်ဆိုတာကို သူ မတွေးရဲပါဘူး။

​"မင်းတို့တွေ အသာတကြည်ပဲ အပြစ်ဝန်ခံလိုက်တာ ပိုကောင်းမယ်၊ ဖြစ်နိုင်ရင် လူကြီးမင်းက သက်ညှာပြီး အဓိက တရားခံတွေကိုပဲ သတ်မှာပါ"

​ကျင်ရွှေက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ဟွမ်ဝမ်ချင်းရဲ့ နောက်မှာ ဒူးထောက်နေတဲ့ လူတစ်ယောက် ရှိနေပါတယ်၊ သူကလည်း လူ့လောကက မသေမျိုးဘုရင် တစ်ယောက်ပါ။

သူက ကျင်ရွှေရဲ့ စကားကို ကြားတဲ့အခါ တစ်ခုခုကို အရိပ်အမြွက် ရသွားပုံရပြီး သွားကို ကြိတ်ကာ ခေါင်းမော့ပြီး အော်လိုက်တယ်

​"ကျွန်တော် အပြစ်ဝန်ခံပါတယ်"

​"အပြစ်ဝန်ခံတယ်ဆိုမှတော့... အကုန်လုံးကို သတ်လိုက်တော့"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​အခုလေးတင် အပြစ်ဝန်ခံလိုက်တဲ့လူက ကြောင်အသွားပြီး ဖန့်ချန်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ကြည့်နေမိပါတယ်။

သူ သတိမဝင်ခင်မှာပဲ ချိုးကျင်က ဓားကို ဆွဲထုတ်ပြီး ခုတ်ချလိုက်ပါတော့တယ်။

​"မင်းတို့ ငရဲပြည်က အောက်ဆင်းသူတွေကို ဒီလိုမျိုး ရမ်းကားသတ်ဖြတ်ရဲတယ်ပေါ့ နောင်ဆိုရင် ဘယ်ကျင့်ကြံသူကမှ အောက်ဆင်းတော့မှာ မဟုတ်ဘူးဆိုတာ သတိထားပါ "

​ဟွမ်ဝမ်ချင်းက ထိတ်လန့်ဒေါသထွက်စွာနဲ့ အော်ဟစ်ပါတော့တယ်။

​"ငါ့ကို ယုံပါ၊ သူတို့က ငရဲပြည်ကို နှစ်သက်လို့ လာတာ မဟုတ်ဘူး ယင်သက်တမ်း အတွက်ပဲ လာကြတာ ယင်သက်တမ်း ရှိနေသရွေ့ ငရဲပြည်မှာ အောက်ဆင်းသူတွေ လိုအပ်နေမှာ မဟုတ်ဘူး"

​ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​"မင်း တကယ်ပဲ ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ထိရဲတယ်ပေါ့... မကြောက်ဘူးလား..."

​"ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ဘာလို့ မထိရမှာလဲ"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်

"အရှင်ကျင်... အရှင်ချိုး တစ်ယောက်တည်း လက်ပါနေတာကိုပဲ ကြည့်နေတော့မှာလား "

​"...ဟုတ်ကဲ့ပါ"

​ကျင်ရွှေက တိတ်တဆိတ် ခေါင်းညိတ်ပြီး ဟွမ်ဝမ်ချင်းဆီကို လျှောက်သွားပါတော့တယ်။

​အခန်း (၁၀၁၆) ခေတ်ကာလတွေ ပြောင်းလဲသွားပြီ

​ဟွမ်ဝမ်ချင်းတို့ဟာ ဖန့်ချန်ရဲ့ အရှိန်အဝါကြောင့် ဖိနှိပ်ခံထားရတာမို့ ချိုးကျင်နဲ့ ကျင်ရွှေတို့ လှုပ်ရှားတဲ့အခါ ဘာခုခံမှုမှ မရှိဘဲ ကြက်ကလေး ငှက်ကလေးတွေကို ညှစ်သတ်ရသလိုမျိုး လွယ်ကူနေပါတယ်။

​ဒီလိုဖြစ်လေလေ၊ သူတို့နှစ်ယောက်ဟာ ဖန့်ချန်ရဲ့ အစွမ်းအပေါ် ပိုပြီး တုန်လှုပ်ခြောက်ခြားလာလေလေပါပဲ။

​သူတို့နှစ်ယောက်စလုံးက ဖန့်ချန်ဟာ ငရဲမင်းကြီးရဲ့ နောက်ခံရှိလို့ ဒီလောက် ရမ်းကားနေတာလို့ ထင်ခဲ့ကြတာပါ၊ ဒါပေမဲ့ ဒီနေ့ကြည့်ရတာတော့ တစ်ဖက်လူမှာ ကိုယ်တိုင် ရမ်းကားနိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိနေတာပဲ။

​ငရဲပြည်က ဘယ်အရှင်ကများ လူ့လောကက အဆင့်တူ အောက်ဆင်းသူတစ်ယောက်ကို တစ်ဦးချင်း တိုက်ခိုက်ပြီး အပြတ်အသတ် နိုင်မယ်လို့ အာမခံရဲမှာလဲ

​စက္ကူနက်ရုပ်လေးရဲ့ မျက်ဝန်းမှာတော့ ချီးကျူးဂုဏ်ပြုတဲ့ အရိပ်အယောင်တွေ ပေါ်နေပါတယ်။

ဖန့်ချန်နဲ့ စတွေ့ခါစတုန်းက ဖန့်ချန်ဟာ ကျင့်ကြံခြင်းလောကမှာ အတွေ့အကြုံမရှိသေးတဲ့ လူသစ်လေး တစ်ယောက်သာ ရှိပါသေးတယ်။

​အခု ဘယ်လောက်မှ မကြာသေးဘူး၊ ငရဲပြည်မှာ ဒီလောက်အထိ ထင်ပေါ်လာပြီး မသေမျိုးဘုရင်အဆင့်ရှိတဲ့ အောက်ဆင်းသူတွေကိုတောင် သတ်ချင်သလို သတ်နိုင်နေပြီ။

​သူ့နောက်က ဝူဝေကတော့ ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံး မြင်ဖူးတာဖြစ်ပြီး၊ သူ့ထက် အစွမ်းထက်တဲ့ အောက်ဆင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် ဝိညာဉ်ချုပ်ငြိမ်း သွားတာကို ကြည့်ပြီး ကြက်သီးမွေးညင်းတွေ ထနေပါတယ်။

​ခဏအတွင်းမှာတင် အောက်ဆင်းသူ ၃,၀၀၀ ကျော်ဟာ ဝိညာဉ်ပျောက်ကွယ်သွားကြပြီး သူတို့ချန်ရစ်ခဲ့တဲ့ ယင်သက်တမ်း တွေကို ချိုးကျင်က လူလွှတ်သိမ်းဆည်းစေကာ နောက်ဆုံးမှ ဖန့်ချန်ဆီ ယူလာပေးပါတယ်။

​"အမဲလေး ဒီမှာ ယင်သက်တမ်း ဘယ်လောက်ရှိလဲ ရေတွက်လိုက်ဦး"

​ဖန့်ချန်က ပြောပါတယ်။

​စက္ကူမဲ ရုပ်လေးက ခေါင်းညိတ်ပြီး ဝူဝေကို တစ်ချက်ကြည့်လိုက်ရာ ဝူဝေလည်း ချက်ချင်း သတိဝင်လာပြီး ရှေ့က ယင်သက်တမ်း တွေကို အတူတူ စတင်ရေတွက်ပါတော့တယ်။

​ဒီမှာ ဖြစ်ပျက်သမျှကို အပြင်က စောင့်ကြည့်နေသူတွေ အားလုံး မြင်နေကြရပါတယ်။

အထူးသဖြင့် တရားသူကြီးဌာနက တရားသူကြီးတွေဟာ မျက်နှာမပြပေမဲ့လည်း ဒီမြင်ကွင်းကို အမှောင်ထဲကနေ စိုက်ကြည့်နေကြတာပါ။

​ဖန့်ချန်က ဟွမ်ဝမ်ချင်းတို့ကို အလွယ်တကူ နှိမ်နင်းလိုက်တာကို မြင်တော့၊ အရင်က ဖန့်ချန်ကို ထိပ်တိုက်တွေ့ဖို့ အကြံပေးခဲ့တဲ့ တရားသူကြီးတွေ ချက်ချင်း အသံတိတ်သွားကြပါတယ်။

​"အရှင်... အခု သူညှိလိုက်တဲ့ မီးက ဝိညာဉ်နတ်ဘုရားဂိုဏ်းဆီ ရောက်သွားပြီ၊ မကြာခင် ကျွန်တော်တို့ တရားသူကြီးဌာနဆီကိုလည်း ရောက်လာတော့မှာပဲ..."

​တစ်ယောက်က စိုးရိမ်တကြီးနဲ့ ရှန်းထူချန်းကို ကြည့်ပြီး ပြောပါတယ်။

​ရှန်းထူချန်း ခဏလောက် စဉ်းစားပြီးမှ လေးလေးပင်ပင် ပြောလိုက်တယ်

"တရားသူကြီးဌာနဆိုတာ ရှေးကတည်းက ရှိလာတာ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ မတူဘူး မီးက ငါတို့ဆီ ရောက်လာရင်တောင် ဝိညာဉ်နတ်ဘုရားဂိုဏ်းလိုမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး ငါ အခွင့်အရေးရရင် ငရဲမင်းကြီးကို သွားဖူးမြော်ပြီး အကြောင်းရင်းကို မေးကြည့်မယ်"

​...

​"သခင်လေး... သူတို့ ချန်ထားခဲ့တဲ့ ယင်သက်တမ်းက စုစုပေါင်း ၉၄,၃၂၀ နှစ် ရှိပါတယ်"

​စက္ကူမဲ ရုပ်လေးနဲ့ ဝူဝေတို့ နှစ်ခါပြန် ရေတွက်ပြီးမှ ပြောလိုက်တာပါ။

​"ဒီလောက်လေးပဲလား"

​ဖန့်ချန်က မသေသေးတဲ့ ဟွမ်ဝမ်ချင်းကို ကြည့်ပြီး

"မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက နေ့တိုင်း ဂိုဏ်းဝင်တွေဆီကနေ ယင်သက်တမ်းတွေ သိမ်းနေတာပဲကို၊ အဲဒီလောက်များတဲ့ ယင်သက်တမ်းတွေ ဘယ်ရောက်ကုန်တာလဲ"

​"ဟဲဟဲ..."

​ဟွမ်ဝမ်ချင်းက ခါးသီးစွာ ပြုံးလိုက်တယ်

"နေရာအနှံ့ကို လာဘ်ထိုးနေရတာရယ် သူတို့ရဲ့ ကျင့်ကြံမှုအတွက် လိုအပ်တာတွေရယ် ပေါင်းလိုက်ရင် သိပ်မကျန်တော့ဘူး ဒီအထဲမှာ တစ်ဝက်လောက်က မြို့တော်က ကျောင်း ၇၃၂ ကျောင်းက ၅ နှစ်အတွင်း စုဆောင်းထားတဲ့ ယင်သက်တမ်းတွေပဲ"

​ပြောပြီးနောက် သူက ဖန့်ချန်ကို ရန်ငြိုးတကြီး စိုက်ကြည့်လိုက်တယ်

"မင်းတို့ ငရဲပြည်က ကောင်တွေက ကတိမတည်တဲ့ လူယုတ်မာတွေပဲ အရင်တုန်းက ဝိညာဉ်နတ်ဘုရားကျောင်းတွေ ငရဲပြည်မှာ အခြေချနိုင်တာကလည်း မင်းတို့ ငရဲမင်းကြီး ကိုယ်တိုင် ခွင့်ပြုခဲ့လို့ပဲ အခုကျမှ ငါတို့ကို အမြစ်ပြတ်ရှင်းချင်နေတာလား၊ ဒီအငြိုးကို ဝိညာဉ်နတ်ဘုရားအဖွဲ့ချုပ် က မှတ်ထားလိမ့်မယ်"

​"လျှောက်မပြောနဲ့ မင်းတို့လိုကောင်တွေက ငရဲမင်းကြီးနဲ့ ပတ်သက်နိုင်ပါ့မလား"

​ချိုးကျင်က အထင်မသေးစွာနဲ့ အေးစက်စက် လှောင်လိုက်ပါတယ်။

​ကျင်ရွှေလည်း မျက်မှောင်ကြုတ်လိုက်တယ်

"ငရဲမင်းကြီးက ငရဲပြည်ကို အုပ်ချုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ မင်းတို့လို လူတွေနဲ့ ဘယ်လိုလုပ် ပတ်သက်မှာလဲ၊ လျှောက်မပြောနဲ့"

​"ငါက လျှောက်ပြောနေတာလား လွန်ခဲ့တဲ့ နှစ်တွေက မင်းတို့ ငရဲမင်းကြီးက ငါတို့ဆီကနေ အကျိုးအမြတ်တွေ ဘယ်လောက်တောင် ယူခဲ့လဲ မင်းတို့ မသိဘူးလား မယုံရင် ရှန်းထူချန်းကို သွားမေးကြည့်၊ သူက ငရဲမင်းကြီးရဲ့ လူယုံပဲလေဪ... အခုတော့ ငရဲမင်းကြီးရဲ့ လူယုံက ဒီက အရှင်ဖန့် ဖြစ်သွားပြီကိုး"

​"ဟုတ်မှာပေါ့... မင်းတို့ ငရဲမင်းကြီးက စိတ်ကူးပြောင်းသွားတော့ ရှန်းထူချန်းကို ဆက်မသုံးတော့ဘဲ ခွေးခြေသစ် တစ်ကောင် ထပ်ရှာလိုက်တာ ဖြစ်မှာပေါ့"

​ဟွမ်ဝမ်ချင်းက ဟားဟားတိုက် ရယ်မောလိုက်ပါတယ်။

​သေခါနီးလူမို့ သူ ဘာကိုမှ မကြောက်တော့ပါဘူး။

အကယ်၍ ကိုယ်လက် လှုပ်ရှားလို့ရရင် ဖန့်ချန်ကို ပြေးကိုက်ဖို့တောင် ဝန်လေးမှာ မဟုတ်ပါဘူး။

​သူ စကားပြောနေတုန်းမှာပဲ ကျန်ရှိနေတဲ့ အောက်ဆင်းသူ အနည်းငယ်လည်း အကုန် သေဆုံးသွားပါပြီ။

​ဒါကို မြင်တော့ ချိုးကျင်က ဟွမ်ဝမ်ချင်းကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ကို မေးလိုက်တယ်

"လူကြီးမင်းဖန့်... ဒီလူကိုရော သတ်လိုက်ရမလား"

​"မင်းတို့ တခြားကိစ္စတွေကို အရင်သွားလုပ်ကြ၊ ဒီလူကိုတော့ ငါ ခေါ်သွားမယ်"

​ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဟွမ်ဝမ်ချင်းဟာ ဖန့်ချန်ရဲ့ လက်ထဲကို ပျံဝဲရောက်ရှိသွားပါတယ်။

ဖန့်ချန်က သူ့လည်ပင်းကနေ ကိုင်ပြီး အပြင်ကို ထွက်သွားပါတော့တယ်။

​ချိုးကျင်နဲ့ ကျင်ရွှေတို့ဟာ ဖန့်ချန် သွားတဲ့ဘက်က တရားသူကြီးဌာန ဖြစ်နေတာကို မြင်တော့ မျက်နှာတွေ လေးနက်သွားကြပါတယ်။

​ဒီလူကြီးမင်းဖန့်က ဟွမ်ဝမ်ချင်းရဲ့ စကားတွေကို တကယ်ပဲ ယုံသွားတာလား

​ဒီကိစ္စက ငရဲမင်းကြီးနဲ့ ပတ်သက်နေတာလေ၊ သူတို့သာဆိုရင် နေရာတင် အပြတ်သတ်လိုက်မှာပဲ၊ ဘာလို့ အလုပ်ရှုပ်ခံပြီး ခေါ်သွားနေဦးမှာလဲ။

​ချိုးကျင်က ကျင်ရွှေကို ကြည့်လိုက်တယ်

"အရှင်ကျင်... ဒီနေ့ ငါတို့ လက်တွဲညီခဲ့ကြတာပဲ၊ နောင်လည်း ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

​"ရှင်က ယင်စစ်သည်တော်ဌာနရဲ့ ခေတ္တအကြီးအကဲ ရာထူးကိုပဲ ယူထားတာပါ"

​ကျင်ရွှေက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ချိုးကျင်ကတော့ ပြုံးပြီး ဘာမှ မပြောတော့ပါဘူး။

ခေတ္တဆိုတော့ရော ဘာဖြစ်လဲ၊ သူသာ စွမ်းဆောင်ရည်ကောင်းပြနိုင်ရင် ဒီနေရာမှာ သူ့အပြင် ဘယ်သူ ထိုင်နိုင်ဦးမှာလဲ။

​တရားသူကြီးဌာန။

​ဖန့်ချန် ရောက်လာတဲ့အခါ တရားသူကြီးတွေဟာ ရိပ်မိသွားကြပြီး ပုန်းဖို့ ကြိုးစားကြပါတယ်။

​"မပုန်းကြနဲ့တော့၊ မင်းတို့ မြို့ထဲဝင်လာကတည်းက ငါ သိပြီးသားပဲ"

​ဖန့်ချန်က ဟွမ်ဝမ်ချင်းကို ကိုင်ပြီး တရားသူကြီးဌာနထဲ ဝင်လာကာ အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​သူ့ရဲ့ အသံဟာ ထိပ်တန်းတရားသူကြီး ၁၀ ယောက်လုံးရဲ့ နားထဲမှာ ဟိန်းထွက်သွားပါတယ်။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ မပုန်းတော့ဘဲ ရှန်းထူချန်းနဲ့အတူ ထွက်ကြိုလိုက်ရပါတယ်။

​"အရှင်ဖန့်"

​ရှန်းထူချန်းက ဟွမ်ဝမ်ချင်းကို တစ်ချက်ကြည့်ပြီး လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​"ဒီမှာ စကားပြောဖို့ အဆင်ပြေရဲ့လား"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​ရှန်းထူချန်း တစ်ခုခုကို နားလည်သွားပုံရပြီး ခေါင်းညိတ်ပြတယ်

"အရှင်ဖန့် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

​နှစ်ယောက်သား တရားသူကြီးဌာနရဲ့ အတွင်းဆောင်ကို ရောက်တဲ့အခါ ရှန်းထူချန်းက ပြောလိုက်တယ်

"ဒီမှာ တခြားလူ မရှိတော့ဘူး၊ အရှင်ဖန့် ဘာပြောချင်လို့လဲ"

​"ဒီလူက ပြောတယ်... ဝိညာဉ်နတ်ဘုရားဂိုဏ်း ငရဲပြည်မှာ အခြေစိုက်တာက ငရဲမင်းကြီးရဲ့ အလိုတော်ကြောင့်တဲ့ ဟုတ်လား"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​ဟွမ်ဝမ်ချင်းဟာ အသက်ရှင်ဖို့ မျှော်လင့်ချက် ပြန်မြင်လာသလို ဖြစ်သွားပြီး ရှန်းထူချန်းကို အလောတကြီး ကြည့်ကာ

​"အရှင်ရှန်းထူ... အရှင်ဖန့်ကို ရှင်းပြပေးပါဦး အရင်တုန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း ငရဲပြည်မှာ အခြေချနိုင်တာ ငရဲမင်းကြီးရဲ့ အလိုတော်ကြောင့် မဟုတ်လား "

​ရှန်းထူချန်းက ဖန့်ချန်ကို ကြည့်ပြီး ခဏလောက် တိတ်ဆိတ်သွားကာမှ အေးအေးဆေးဆေး ပြောလိုက်တယ်

"အခုတော့ အရှင်ဖန့်က ငရဲမင်းကြီးရဲ့ လူယုံ ဖြစ်နေပြီပဲ၊ အဲဒါ ငရဲမင်းကြီးရဲ့ အလိုတော် ဟုတ်မဟုတ်ဆိုတာ အရှင်ဖန့်ရဲ့ စိတ်ထဲမှာ မသိဘူးလား"

​ငါ့ရဲ့ အဲဒီစီနီယာအစ်ကိုကြီးက သေသွားပြီလေ။

​ဖန့်ချန် ရင်ထဲမှာ သက်ပြင်းချလိုက်မိပါတယ်။

ဒီကိစ္စကို ရှန်းထူချန်းတို့ မသိသေးတာ သေချာတယ်၊ သူတို့က ငရဲမင်းကြီးဟာ နန်းတော်ထဲမှာ ရှိနေသေးတယ်လို့ပဲ ထင်နေကြတာပါ။

​အကယ်၍ လောကနှစ်ခုကြားက အတားအဆီး ကို ယင်သက်တမ်းတွေနဲ့ အမြဲတမ်း ပြန်လည်ပြုပြင်နေရမယ်ဆိုရင် ဒီကိစ္စက ဖြစ်နိုင်ခြေ ရှိပါတယ်။

​"သူပြောတာတော့ အရှင်ရှန်းထူက ဒီကိစ္စရဲ့ အတွင်းရေးကို သိတယ်ဆိုလို့ အရှင်ရှန်းထူရဲ့ သဘောထားကို ကြားချင်ပါတယ်"

​ဖန့်ချန်က ပြောပါတယ်။

​"ဒီကိစ္စကို သိတဲ့လူ သိပ်မများဘူး ဘာလို့လဲဆိုတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူ့လောကမှာ နာမည်ကောင်း မရှိသလို၊ ငရဲပြည်မှာလည်း သူတို့ကို ရန်သူလို သဘောထားတဲ့ ဝိညာဉ်တွေ အများကြီး ရှိလို့ပဲ ဒါပေမဲ့..."

​"ဟိုးအရင်တုန်းက ငရဲပြည်ရဲ့ ပထမဆုံး ဝိညာဉ်နတ်ဘုရားကျောင်းကို ငရဲမင်းကြီး ကိုယ်တိုင် ခေါင်းညိတ် ခွင့်ပြုခဲ့လို့ တည်ထောင်နိုင်ခဲ့တာပါ"

​"အောက်ဆင်းသူ အများကြီးရှိပေမဲ့ သူတို့က အစုအဖွဲ့ မရှိကြဘူး ဝိညာဉ်နတ်ဘုရားကျောင်း တစ်ခုတည်းကပဲ နေရာအနှံ့မှာ ပျံ့နှံ့နေတာကို အရှင်ဖန့် အရင်က မစဉ်းစားမိဘူးလား "

​ရှန်းထူချန်းက အေးအေးဆေးဆေး ပြောပါတယ်။

​"အရှင်ဖန့်... ကြားတယ်မလား ကျွန်တော်တို့က တကယ်တော့ တစ်လမ်းတည်း လျှောက်နေကြတဲ့ လူတွေပါ ကျွန်တော်တို့မှာ အရာရှိရာထူး မရှိရုံပဲ ရှိတာပါ အရင်တုန်းက ကျွန်တော်တို့ ငရဲမင်းကြီးဆီကို ပို့ပေးခဲ့တဲ့ ယင်သက်တမ်း တွေက မရေမတွက်နိုင်ဘူးနော်"

​"မင်းတို့တွေ အကျိုးရှိတုန်းက ယူပြီး အခုမှ ကူးတို့ဆိပ် ရောက်တော့ လှေဖျက် လို့ မရဘူးလေ"

​ဟွမ်ဝမ်ချင်းက အလောတကြီး ပြောပါတယ်။

​"အကျိုးရှိတုန်းယူပြီး လှေဖျက်တာ မဟုတ်ပါဘူးခေတ်ကာလတွေ ပြောင်းလဲသွားပြီ လို့ပဲ ပြောရမှာပါ"

​ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်တယ်

"မင်းတို့ ငရဲမင်းကြီးနဲ့ ဘယ်လို သဘောတူညီချက်ပဲ ထားခဲ့ ထားခဲ့၊ ဒီနေ့ကစပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် ကျင့်ကြံသူတွေ ငရဲပြည်မှာ ခြေဦးချခွင့် မရှိတော့ဘူး"

​ဟွမ်ဝမ်ချင်းဟာ ဖန့်ချန်ကို ကြောင်ကြည့်နေမိပါတယ်။

​ရှန်းထူချန်းရဲ့ မျက်နှာကလည်း လေးနက်သွားပြီး

"အရှင်ဖန့်... ဒါက ငရဲမင်းကြီးရဲ့ အလိုတော်လား"

​"အဲဒီလိုပဲ ဆိုပါတော့"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။

All Chapters