← Chapters

အရှင်မင်းကြီး၊ ကျွန်တော်မျိုး နတ်ဝိညာဥ်ကို ဖမ်းမိလိုက်ပါတယ်

Vol. 8 Ch. 774

အရှင်မင်းကြီး၊ ကျွန်တော်မျိုး နတ်ဝိညာဥ်ကို ဖမ်းမိလိုက်ပါတယ်

Vol. 8 Ch. 774

ခန်းမအပြင်ဘက်တွင် စုဝေးနေကြသည့် လူထောင်ပေါင်းများစွာက ဂါဝရပြု အရိုအသေပေးလိုက်ကြရာ သူတို့၏ အသံသည် မိုးကောင်းကင်နှင့် ပထဝီမြေကြီးမှာပင် ပဲ့တင်ထပ် လွင့်ပျံ့သွား၏။

ခန်းမထဲတွင် ဒုတိယမင်းသားနှင့် တော်ဝင်အင်ပါယာမျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များအားလုံး နည်းနည်းလေးပင် ပမာမခန့်မလုပ်ဝံ့ကြဘဲ ဂါဝရပြုအရိုအသေပေးလိုက်ကြသည်။

ဗဟိုဧကရာဇ်မင်းသာ မပါဝင်ခြင်းဖြစ်သည်။ သူ၏လက်ချောင်းများသည် နဂါးပလ္လင်၏ လက်တန်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သော်လည်း တခဏကြာသော် ပြန်လည်ပြေလျော့သွားသည်။

" ဒီတော့ ဒါက ဗဟိုဧကရာဇ်ပေါ့" သူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" မဟာကောင်းကင်သခင်နဲ့ နှိုင်းယှဥ်ခံရတာ တော်တော်မကြိုက်ပုံပဲ။ "

ပဲ့တင်ထပ်သံများသည် တခဏကြာပြီးနောက် ပျောက်ကွယ်သွား၏။ မဟာကောင်းကင်သခင်မှာမူ မျက်နှာထားတည်တည်ဖြင့် သူ၏ ပလ္လင်ပေါ်တွင် ထိုင်လိုက်ကာ ဘိုးဘေးပူဇော်ပွဲကို စောင့်ကြည့်နေပုံရပြီး စကားတစ်ခွန်းမဆိုပေ။

ဗဟိုဧကရာဇ်က အတန်ငယ်စောင့်လိုက်ပြီးနောက် ခါးကုန်းပြီး ရက်စက်ပုံရသော အဘိုးကြီးနှစ်ယောက်ကို ကြည့်လိုက်ပြီး ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။

ဗဟိုဧကရာဇ်ထံမှ ထိုမသေချာမရေရာ အမိန့်ကို ပေးအပ်ခြင်းခံရသည့်အတွက် အဘိုးကြီးနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်အနက် တစ်ယောက်၏ မျက်လုံးများထဲတွင် မဟာကောင်းကင်သခင်၏ တုံပြန်မှုကို ကြောက်လန့်နေသော အရိပ်အယောင်များ မြင်နိုင်သည်။ တခဏကြာသော် သူတို့ထဲမှ တစ်ယောက်က ခန်းမအပြင်ရှိ ရင်ပြင်ဘက် လှည့်၍ မျက်နှာမူလိုက်ပြီး ပူဇော်ပွဲစာတမ်းကို ရွတ်ဖတ်လိုက်သည်။ သူ၏ စကားလုံးများက ပဲ့တင်ထပ်သွားပြီး ထိုစကားလုံးများတွင် အပေါ်ထက်ရှိ တိမ်တိုက်များကို လေပွေကြီးတစ်ခုအလား ရိုက်ခတ်လှုပ်ရှားထကြွလာစေသော ဆန်းကြယ်သည့် အသံသြဇာတစ်ခု ပါဝင်နေဟန်တူသည်။

လေပွေကြီး လည်ပတ်လာပြီး တစတစကြီးမားလာသဖြင့် စောစောက ဧရာမနဂါးကြီး ပျောက်ကွယ်သွား၏။

ဤအရာအားလုံးကို ခန့်မှန်းထားသည့်အလား လူအုပ်ကြီးထံမှ ထူးထူးခြားခြားအမူအရာမပြပေ။ သို့သော် ၄င်းမှာ ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ် အနှီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ကြုံဖူးခြင်းဖြစ်သည့်အတွက် တအံ့တသြ စူးစိုက်မကြည့်မိဘဲ မနေနိုင်ပေ။ တဖြည်းဖြည်းနှင့်လေပွေကြီးက အလွန်တရာကြီးမားလာသဖြင့် ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားတော့သည်။

ထိုစဥ် လေပွေကြီး၏အတွင်းထဲမှာ ဧရာမမြစ်ကြီးတစ်စင်းကဲ့သို့ အရာတစ်ခုကို မြင်နိုင်သည်....

ပိုင်ရှောင်ချန်းမှာ လေပွေအတွင်းရှိ မြစ်ကြီးက စွမ်းအားကြီးသော သေမင်းအရှိန်အဝါတစ်ခုထုတ်လွှတ်နေသည်ကို သတိထားမိလိုက်သဖြင့် အံ့သြမှင်သက်ကာ အသက်ရှူပင် မှားသွားတော့သည်.....

" မြေအောက်ကမ္ဘာမြစ် "

သူက ရေရွတ်လိုက်သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းသည် တော်ဝင်နန်းတော်ရှိ ကောင်းကင်ယံမှာ ဖြစ်နေသည့်တိုင် အောက်ဖက်ရှိ ဗဟိုဧကရာဇ်မြို့သာမန်လူများ၏ ဂါဝရပြုသံများ၊ ဥဒါန်းကျူးရင့်သံများ စီစီညံနေသည်ကို ကြားလိုက်ရလေသည်။

လေပွေကြီးမှာ အလွန်ကြီးမားလှသောကြောင့် မြေအောက်ကမ္ဘာမြစ်ကို အလွန်ပြတ်သားစွာ မြင်ရပြီး တသွင်သွင် စီးဆင်းနေသော ရေများကိုပင် မြင်နိုင်သည်။

လေပွေကြီးထဲမှ ထွက်ပေါ်နေသည့် သေခြင်းအငွေ့အသက်များသည် နေရာတစ်ခုလုံးတွင် တစတစပြည့်နှက်လာကာ ပိုင်ရှောင်ချန်းမှာ အတော်လေးတုန်လှုပ်သွား၏။ ယင်းမှာ အလွန်အံ့သြတုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေသည်။ ဧရာမမျက်လုံးကြီးပွင့်လာခဲ့ပြီး လူတိုင်းအား မြေအောက်ကမ္ဘာမြစ်ကို မြင်နိုင်ရန် ခွင့်ပြုနေသည့်အလား။ တစ်ဆက်တည်းမှာပင် ထိုမျက်လုံးကြီးက အပြင်ဘက်လောကရှိ သက်ရှိသက်မဲ့အရာဟူသမျှကို လှမ်းကြည့်နေသကဲ့သို့ဖြစ်နေသည်။

၄င်းမှာ ပိုင်ရှောင်ချန်း တစ်ခါမှ မကြုံတွေ့ဖူးသည့် ထူးဆန်းသော အာရုံခံစားချက်တစ်ခု ဖြစ်ပေသည်။

ပိုင်ရှောင်ချန်း တအံ့တသြကြည့်နေစဥ် အဘိုးအို၏ ပူဇော်ပွဲ စာတမ်းဖတ်ရှုပြီးသွားလေပြီ။ သူက နိဂုံးချုပ်စကားပြောပြီး အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။

" အခမ်းအနားစစေ"

သူ၏ စကားလုံးများသည် ခေါင်းလောင်းတစ်လုံး၏ အသံကဲ့သို့ ထွက်ပေါ်သွားသည်နှင့် အံသြတုန်လှုပ်ဖွယ် ထစ်ခြုမ်းသံများ လေပွေထဲမှ ကြားလိုက်ရလေသည်။ ၄င်းမှာ ဧရာမလက်ကြီးတစ်ဖက်က မြေအောက်ကမ္ဘာမြစ်ကို ရိုက်ချလိုက်သဖြင့် ဧရာမလှိုင်းလုံးကြီးတစ်လုံး မြင့်တက်လာသည့်အလား၊ မရေမတွက်နိုင်သော ဝိညာဥ်များဖြင့်ပြည့်နှက်နေသည့် အမြှုပ်တစီစီထနေသော လှိုင်းလုံးကြီးတစ်လုံး လေပွေကြီးထဲမှ စီးကျလာတော့သည်။

၄င်းမှာ အံ့ဖွယ်ထူးကဲပြီး ခမ်းနားကြီးကျယ်သော ဝိညာဥ်မိုးများရွာကျလာသည့် မြင်ကွင်းဖြစ်သည်။

အဆုံးမရှိသော ဝိညာဥ်များက ဗဟိုဧကရာဇ်မြို့တော်ပေါ်သို့ ကျဆင်းလာတော့သည်။ ၎င်းတို့က အရာအားလုံးကို ဖုံးအုပ်သွားပြီး ၎င်းတို့ကိုကြည့်ရသည်မှာ အိပ်စက်နေဟန်တူသည်။ နတ်အဆင့်ဝိညာဥ်ပေါ်လာလျှင်တောင်မှ ၄င်းသည်လည်း အိပ်မောကျနေသည့် အခြေအနေတွင် ဖြစ်မည်ဖြစ်ပြီး မည်သည့်ကံကောင်းသောလက်မဆို ၎င်းကို ဆွဲယူနိုင်မည် ဖြစ်သည်။

ဗဟိုဧကရာဇ်မြို့တော်တွင် တစ်ခဲနက် ကြွေးကြော်သံများ ထွက်ပေါ်လာကာ ဘိုးဘေးပူေဇာ်ပွဲအတောအတွင်း ပေးအပ်လာသည့် အခွင့်အရေးမှ အကျိုးအမြတ်ရရန် မျှော်လင့်ရင်း စိတ်လှုပ်ရှားနေကြသော အရပ်သားများက အုတ်အုတ်ကျက်ကျက် ဖြစ်လာတော့သည်။

တော်၀င်နန်းတော်ရှိ အစောင့်များက ကျဆင်းလာသော ဝိညာဥ်များကို ဆွဲယူလိုက်ကြသည်။ သခင်မလေးဟုန်ချိန်နှင့် သူမကဲ့သို့ အစွမ်းထက်သော လူများသည်လည်း ထိုနည်းတူပင်။

ကောင်းကင်နယ်စားများ၊ ကောင်းကင်မြို့စားများနှင့် မင်းမှုထမ်းအရာရှိများပင်လျှင် ထိုနည်းတူ လုပ်ဆောင်ကြသည်။ အမှန်တကယ်တော့ သူတို့အတွက် ဘိုးဘေးပူဇော်ပွဲအတောအတွင်း ဤဝိညာဥ်များစုဆောင်းခြင်းတွင် အရေးအကြီးဆုံးမှာ ရရှိသောဝိညာဥ်များ၏ အရေအတွက်မဟုတ်ဘဲ အမျိုးအစားဖြစ်သည်။ နတ်ဝိညာဥ်တစ်ကောင်ကို ရရှိနိုင်သော မည်သူမဆို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ကံကောင်းမည် ဖြစ်သည်။

သို့သော် နတ်ဝိညာဥ်များသည် ဘိုးဘေးပူဇော်ပွဲအတောအတွင်း အမြဲလိုလို ပေါ်လာလေ့မရှိဘဲ တစ်ခါတရံမှသာ ပေါ်လာတတ်လေသည်။

ဖြစ်ပျက်နေသော မြင်ကွင်းက ပိုင်ရှောင်ချန်းကို ပင့်သက်ရှိုက်မိသွားစေသည်။ သူက မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ၊ မျှော်လင့်ချက်များဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ယခုအချိန်သည် သူ၏အစီအစဥ်ကို အကောင်အထည်ဖော်ရန် အချိန်ဖြစ်သည်။ ထို့နောက်တွင်တော့ မင်းမျိုးနွယ်အထက်တန်းလွှာများမှာ သူ့ကို လက်ရှိ မုန်းနေသည်ထက်ပို၍ မုန်းသွားတော့မည်။

"ကဲပါ အဲဒါတွေကို စိတ်ပူနေလို့မရဘူး။ သူတို့က ငါ့ကို အစထဲက ကြိုက်မှမကြိုက်ပဲ။ ဒီအစီအစဥ်အတိုင်းမသွားရင်တောင်မှ နောက်ဆုံးကျ သူတို့ ငါ့ကို ဆန့်ကျင်ဖို့ လှုပ်ရှားကြမှာပဲ "

သူကအံတင်းတင်းကြိတ်ရင်း စိတ်လှုပ်ရှားမှုများနှင့်စိုးရိမ်ပူပန်မှုများ ဒွန်တွဲလျက် လေပေါ်ပျံတက်လိုက်သည်။

ပိုင်ရှောင်ချန်း လှုပ်ရှားလိုက်သောအခါ မဟာကောင်းကင်သခင်က သူ့ကို မျက်လုံးဖွင့်သည်ဆိုရုံသာကြည့်လိုက်သည်။

ပိုင်ရှောင်ချန်း လေပေါ်ပျံတက်ပြီး တခဏကြာသော် သူက ဆင်းသက်လာသော ဝိညာဥ်များအနက် တစ်ကောင်ကို ဆွဲယူလိုက်သည်။

၄င်းသည် အခြေခိုင်မာခြင်းအဆင့် ဝိညာဥ်တစ်ကောင် ဖြစ်သည်.....

သူ၏လက်များကို ဆုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက ပင့်သက်ရှိုက်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခုပေါ်လာသော်လည်း ၄င်းက ပျော်ရွှင်သောအသွင်သို့ ရုတ်ခြည်းပြောင်းလဲသွားသည်။ သူက ခေါင်းကိုပင် နောက်လှန်၍ အားပါးတရရယ်မောလိုက်သည်။

"ဘုရားရေ ၊ ကျုပ် ဒီလိုဝိညာဥ်တစ်ကောင်ကို တကယ်ရတာ မယုံနိုင်ဘူး "

သူ၏ ရယ်သံက သတိထားမိနိုင်သည်အထိ ကျယ်လောင်သော်လည်း သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ်ဖြင့် အသံချဲ့လိုက်သည့်အတွက် လူအများ အာရုံစိုက်ရာဖြစ်သွားတော့သည်။ မည်သူမျှ ဘာဖြစ်သွားသည်ကို သေချာမမြင်လိုက်ခင် သူက တော်၀င်နန်းတော်ထဲရှိ ပင်မခန်းမထံ ဆင်းသက်လိုက်သည်။

သူက သခင်မလေးဟုန်ချိန်နှင့် အခြားသော ကောင်းကင်ဘုရင်များ၏ ဆက်ခံသူများရှိသည့် မြင့်မြတ်သောနေရာတည့်တည့်ရှိ ရင်ပြင်ဆီသို့ လျှပ်စီးလက်သည့်အလား ပြန်လည်ဆင်းသက်လိုက်သည်။ ထို့နောက် သူက မိုးခြိန်းသည့်အလားလေသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီးခင်ဗျား၊ ကျွန်တော်မျိုး ပိုင်ဟောက် နတ်အဆင့်ဝိညာဥ်ကို ဖမ်းမိလိုက်ပါတယ် "

ထို့နောက် သူက အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ကို လူတိုင်းသေချာမြင်နိုင်စေရန် အပေါ် ခပ်မြင့်မြင့်သို့ မြှောက်ပြလိုက်သည်။

သူ ကျယ်လောင်စွာနှင့် ရုတ်တရက် ပြောလိုက်ခြင်းကြောင့် မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံးနီးပါး သူ့ကို လှမ်းကြည့်လိုက်ကြသည်။ သခင်မလေးဟုန်ချိန်မှာမူ အနီးဆုံးဖြစ်၍ သူ့စကားများကို ကြားလိုက်ပြီး သူကိုင်ထားသော ဝိညာဥ်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအရာပြောင်းလဲသွားလေသည်။

" ပိုင်ဟောက် နင်ဘာလုပ်နေတာတုံး "

သခင်မလေးဟုန်ချိန်က ဒေါသသံစွတ်နေသော အသံလေးဖြင့် မာန်မဲ၏။

" နင့်နေရာနင် ပြန်သွားလေ "

ဘေးမှ ကျိုးဟုန်သည်လည်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်။ စစ်နိုင်ဘုရင်ငယ်နှင့် ဝိညာဥ်ခရီးမြို့တော်မှ ဆက်ခံသူမှာမူ မြင်နေရသော အခြင်းအရာကြောင့် ကြက်သေသေနေတော့သည်။

ပိုင်ရှောင်ချန်း ကိုင်ထားသည့် ဝိညာဥ်မှာ သိသာထင်ရှားစွာ အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ဖြစ်ပြီး နတ်အဆင့်ဝိညာဥ်မဟုတ်ပေ.....

သူတို့သည်သာ ထိုသို့ တုန်ပြန်လိုက်သည့် လူများမဟုတ်ပေ။ ချန်ဟောက်စုန့်နှင့် ကောင်းကင်နယ်စားများအားလုံး လုံးလုံးလျားလျား တုန်လှုပ်သွားလေသည်။ သို့သော် အချိန်တိုအတွင်း သူတို့၏ အကြည့်များသည် ဓားသွားပမာ စူးရှပြတ်သားလာပြီး သူတို့၏ ခေါင်းထဲတွင် တူညီသောအတွေးများ ပေါ်လာတော့သည်။

"သူ ဧကရာဇ်မင်းကို နန်းစွန့်ဖို့ ဖိအားပေးနေတာများလား"

ကောင်းကင်မြို့စားများမှာလည်း ထိုနည်းတူပြုမူလာကြပြီး သိသိသာသာ ပျာယာခတ်သွားကြ၏။ ဘယ်သူမှ နောက်ထပ် ဘာဖြစ်လာမည်လဲ သေချာမသိကြပေ။

" နတ်အဆင့်ဝိညာဥ်"

" အဲဒါက နတ်အဆင့်ဝိညာဥ်မဟုတ်ဘူး "

" ပိုင်ဟောက်က အရူးလား ဘာလားကွာ"

ဆွေးနွေးငြင်းခုံမှုများသည် ရင်ပြင်အတွင်း ပျံနှံ့လာတော့သည်။ ကျောက်ရှောင်လင်းမှာမူ မသင်္ကာစရာဖြစ်နေသည်ကို မမြင်ဘဲ ကျယ်လောင်စွာ ပြောသည်။

" မင်း မျက်လုံးကန်းေနတာလား ပိုင်ဟောက်။ အဲဒါက အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်တစ်ကောင်လေ နတ်အဆင့်ဝိညာဥ်မှ မဟုတ်ပဲ။ မင်းက နတ်အဆင့်ဝိညာဥ်လို့ ထင်နေရင် မင်းရူးနေပြီ ကုမရတော့ဘူး။ အဲဒါက နတ်ဘုရားတစ်ပိုင်းဝိညာဥ်လို့သာ ပြောလိုက်ပါတော့ကွာ "

လူအုပ်ကြားထဲတွင် လှောင်ပြောင်ရယ်မောသံများ ကြားနေရသော်လည်း ပိုင်ရှောင်ချန်းက လျစ်လျူရှုလိုက်သည်။ သူ၏အကြည့်သည် နဂါးပလ္လင်နှင့် ဗဟိုဧကရာဇ်ကိုသာ မမှိတ်မသုန်စူးစိုက်ကြည့်နေသည်။

တောင်၀င် မင်းသားများ၊ မင်းသမီးများ၏ မျက်နှာများပေါ်တွင် အမူအရာအမျိုးမျိုးပေါ်လာတော့သည်။ သူတို့ထဲတွင် ပိုင်ရှောင်ချန်းကို အခြားသူများထက် ကောင်းကောင်းပိုသိသော ဒုတိယမင်းသားရှိသည်။ သူ့မျက်နှာပေါ်တွင် “ အံသြတုန်လှုပ်ခြင်း “ စာသား ရေးထိုးထားသည့်အလား ဖြစ်နေပြီး ပိုင်ရှောင်ချန်းကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။

" သူဘာလုပ်နေတာလဲ။ ဖခမည်းတော်ကို ခေါင်းငုံ့အရှုံးပေးအောင် လုပ်ဖို့ ကြိုးစားနေတာလို့တော့ မပြောနဲ့နော်"

ဗဟိုဧကရာဇ်မှာ စူးရှတောက်ပသောအလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း သူ၏ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း အမှန်တကယ်တွင် အလွန်တရာစိုးရိမ်သောကရောက်နေသည် ဖြစ်ပြီး ဗဟိုဧကရာဇ်မင်း၏ စူးရှသော မျက်လုံးများက သူ့ကို ရင်တဒိန်းဒိန်းခုန်သွားစေသည်။ သို့သော် သူဘာမှမလုပ်နိုင်လိုက်ခင် ခါးကုန်းပြီးရက်စက်သော အဘိုးကြီးနှစ်ယောက်အနက် တစ်ယောက်က သတ်ဖြတ်လိုစိတ်များ အဖျားခတ်နေသော အသံဖြင့် ပြောလိုက်သည်။

" အတင့်ရဲလိုက်တာ။ အဲဒါက အခြေခိုင်မာခြင်းအဆင့် ဝိညာဥ်ဆိုတာ သေချာနေတာပဲ။ မင်း အရှင်မင်းမြတ်ကို ဘယ်လိုတောင် လိမ်ညာလျှောက်ရဲတာတုန်း။ "

အဘိုးကြီးက ပြောပြီးသည်နှင့် ပိုင်ရှောင်ချန်းရှိရာဘက်သို့ လျှောက်လာပြီး နတ်တစ်ပါး၏ အရှိန်အဝါတို့ ထွက်ပေါ်လာတော့သည်။

သူက ပိုင်ရှောင်ချန်းကို နေရာမှာပင် ပွဲချင်းပြီး အဆုံးသတ်သွားစေရန် ရည်ရွယ်ချက်ဖြင့် အားအင်အပြည့် ထုတ်ဖော်ကာ တိုက်ခိုက်လာလေသည်။

All Chapters