ကယ်တင်ခြင်း
Vol. 1 Ch. 7
သစ်တောဗီလာ၏ ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသော အခန်းတစ်ခုထဲတွင် ချူချန်းနှင့် လင်းချန်တို့သည် ကြိုးများဖြင့် အသေအချာ တုပ်နှေင်ခံထားရသည်။ သူတို့နှစ်ဦးစလုံးသည် အနီရောင် ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်ကို ထိတ်လန့်တကြား ကြည့်နေကြရသည်။
“ကျောက်ဖိန်... နင် ဘာတွေလုပ်နေလဲဆိုတာ သိရဲ့လား။ ငါတို့ကို အခုချက်ချင်းလွှတ်ပေးစမ်း။ မဟုတ်ရင် ငါ့မိသားစု သိသွားတာနဲ့ နင်တော့ သွားပြီသာမှတ်”
လင်းချန်လည်း ထိတ်လန့်နေသော်လည်း ချူချန်းထက်တော့ အနည်းငယ် ပို၍ တည်ငြိမ်နေပါသေးသည်။
ကျောက်ဖိန်သည် လက်ထဲတွင် ဝိုင်နီခွက်တစ်ခွက်ကို ကိုင်ထားသည်။ သွေးရောင်လွှမ်းနေသော ဝိုင်နီ၏ ရနံ့ကို မျက်လုံးမှိတ်ကာ သာယာနေဟန်ဖြင့် ခံစားလိုက်ပြီးမှ ပြုံး၍ ပြောလိုက်သည်။
“လင်းချန်... နင့်ရဲ့ နောက်ခံကို ငါ စုံစမ်းပြီးသားပါ။ လင်းကော်ပိုရေးရှင်း မဟုတ်လား? အဲဒါလောက်နဲ့တော့ ငါ့ကို ခြောက်လို့မရပါဘူး။ တခြားလူတွေရဲ့ မျက်စိထဲမှာ လင်းကော်ပိုရေးရှင်းက အကောင်ကြီးကြီး ဖြစ်နေနိုင်ပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ပါဘူး။ ဟင်း... ဒီနေ့ နင့်ကို ငါ တစ်ခုခု လုပ်လိုက်ရင်တောင် နင့်မိသားစုက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ။ ဟားဟားဟား...”
ကျောက်ဖိန်၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ အထင်းသား ပေါ်နေသည်။ သူက မတ်တတ်ထရပ်ပြီး လင်းချန် အနားသို့ လျှောက်သွားသည်။ ပြီးနောက် သူမ၏ ပါးလေးကို အသာအယာ ဆွဲညှစ်လိုက်ကာ ပျော်ရွှင်မြူးထူးနေဟန်ဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။
“တကယ့်ကို ဆွဲဆောင်မှုရှိတာပဲ။ လင်းချန်... လင်းချန်... အရင်ကတော့ ငါ ဒီလိုနည်းလမ်းမျိုး သုံးဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ နင်ကမှ အလိုက်မသိတာကိုး။ ဒါကြောင့်မို့ ငါလည်း ဒီနည်းလမ်းကိုပဲ သုံးရတော့မယ်”
ထိုသို့ပြောပြီးနောက် ကျောက်ဖိန်က ချူချန်းကို တစ်ချက်ကြည့်ပြီး ခနဲ့လိုက်ပါတယ်။
“ပြီးတော့ ချူချန်း... ဟမ့်၊ အဲဒီ သူရဲဘောကြောင်တဲ့ သုချန်ကတော့ အောင်မြင်ခါနီးမှ နောက်ဆုတ်သွားတယ်။ ဒါလည်း ကောင်းတာပါပဲ။ နင်က ငါ ကြိုက်တဲ့ပုံစံမျိုး မဟုတ်ပေမဲ့ အလှနတ်သမီးလေးတစ်ပါး ဆိုတော့ ငါ နင့်ကိုလည်း မြည်းစမ်းရမှာပေါ့...ဟီးဟီးဟီး”
“ကျောက်ဖိန်... တော်လိုက်တော့။ ငါက ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တစ်ယောက်ပဲ။ ငါ့ကို ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်များအဖွဲ့အစည်းက အကာအကွယ်ပေးထားတယ်။ နင် စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး”
ချူချန်းလည်း နည်းလမ်းမျိုးစုံဖြင့် စဉ်းစားနေသည်။ သူမ ပြောသည့် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်အဖွဲ့အစည်းဆိုသည်မှာ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်များအတွက် ဖွင့်လှစ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တိုင်း ဤအဖွဲ့အစည်းကို ဝင်ကြရသည်။
အကယ်၍ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တစ်ယောက် တစ်ခုခုဖြစ်သွားမည်ဆိုလျှင် အဖွဲ့အစည်းက သေချာပေါက် အာရုံစိုက်လာမည် ဖြစ်သည်။ ချူချန်းသည် အဆင့်လေး သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်မှတ်လည်း ရှိထားသူဖြစ်သောကြောင့် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးဖြစ်သည်။
“ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်အဖွဲ့အစည်းက အဆင့်နိမ့် သိုင်းသမားလေးတစ်ယောက်ကများ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ”
ကျောက်ဖိန်၏ ဂရုမစိုက်သော ပုံစံကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ သူ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်မှန်း သိသာလှသည်။
ထို့အပြင် ကျောက်ဖိန်၏ အဆင့်အတန်းမှာ အတော်ပင် ထူးခြားနေပုံရသည်။ အခန်းထဲတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေပြီး သူသည် မည်သည်ကိုမျှ စိတ်မဝင်စားသည့် ပုံစံဖြင့် တရားမှတ်နေသော ဘုန်းကြီးအိုကြီးတစ်ပါးကဲ့သို့ ငြိမ်သက်နေကာ ကျောက်ဖိန်၏ အပြုအမူနှင့် လုံးဝ ကွဲထွက်နေပေသည်။
သို့သော် ထိုသူမှာ မည်မျှ ကြောက်စရာကောင်းသည်ကို ချူချန်း သိသည်။ သူမနှင့်လင်းချန်ကို ထိုသူမှပင် ဖမ်းဆီးလာခဲ့ခြင်း ဖြစ်သည်။ သူမသည် အဆင့်လေး သိုင်းသမားတစ်ယောက် ဖြစ်သော်လည်း ထိုသူကို အမှန်တကယ် လုံးဝ ပြန်လည်ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ဤပုဂ္ဂိုလ်သည် အနည်းဆုံး အဆင့်ခြောက် သိုင်းသမားဖြစ်ရပေမည်။ မဟုတ်လျှင် အဆင့်ခြောက်ထက်ပင် ပိုမို သန်မာနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုမျှလောက်ပင် သန်မာအားကောင်းသော သိုင်းပညာရှင်တစ်ယောက်ကို သက်တော်စောင့်အဖြစ် ထားနိုင်သည့် ကျောက်ဖိန်၏ နောက်ခံသည် သာမန်မဟုတ်သည်မှာ သေချာပေသည်။ ထို့ကြောင့်ပင် သူ မည်သည်ကိုမျှ ကြောက်ရွံ့ခြင်း မရှိသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သို့သော် ချူချန်းနှင့် လင်းချန်တို့မှာ ကျောက်ဖိန်ကို အလွယ်တကူ အရှုံးပေးမည် မဟုတ်ပေ။
“ကျောက်ဖိန်... နင်က အရူးပဲ။ ငါ့အစ်ကို သိသွားရင် နင့်ကို သေချာပေါက် သတ်လိမ့်မယ်”
လင်းချန် ငိုနေပြီ ဖြစ်သည်။ ကျောက်ဖိန်၏ လက်သည် လင်းချန်၏ ပါးပြင်မှ ဖြူဖွေးနူးညံ့သော လည်ပင်းဆီကို ဆင်းလာပြီး သူမ၏ ရင်သားများဆီတွင် ရပ်တန့်သွားသည်။
လင်းချန်တစ်ယောက် ဤကဲ့သို့ အရှက်ခွဲခံရမှုမျိုးကို မည်သည့်အချိန်ကမျှ မခံစားခဲ့ရဖူးချေ။
“နင့်အစ်ကိုလား။ နင့်အစ်ကိုကြီး လင်းယုံက စီးပွားရေးသမားပဲ။ ဒုတိယအစ်ကို လင်းဟိုင်ကလည်း ဒုတိယဗိုလ်မှူးကြီး ဆိုတော့ သူက ဘာလုပ်နိုင်မှာလဲ။ နင့်ရဲ့ တတိယအစ်ကို ဆိုရင်တော့... ဟားဟား၊ သူက ရောဂါသည် ငပျော့လေးပဲလေ။ သူက နင့်ကို ကယ်နိုင်လိမ့်မယ်လို့ ထင်နေတာလား”
ကျောက်ဖိန် အော်ဟစ် ရယ်မောလိုက်ပြီး သူ့ လုပ်ရပ်များမှာ ပို၍ ရဲတင်းလာသည်။
ဗြိ...
ကျောက်ဖိန်သည် လင်းချန်၏ အဝတ်အစားများကို ဆွဲဖြဲလိုက်ရာ သူမ၏ ဖြူဝင်းနူးညံ့သည့် အသားအရေကို ပေါ်ထွက်လာစေသည်။ ဤသည်ကို မြင်လိုက်ရသော ကျောက်ဖိန်လည်း ပို၍ပင် စိတ်လှုပ်ရှားလာသည်။ လင်းချန်မှာတော့ မျက်ရည် ဖြိုင်ဖြိုင်ကျပြီး အမှန်တကယ်ပင် မျှော်လင့်ချက်ကင်းမဲ့နေသည်။
“ကယ်ကြပါဦး...”
“ဘယ်သူမှ နင့်ကို မကယ်နိုင်တော့ဘူး”
ကျောက်ဖိန်သည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ကျောက်ဖိန်၏ စက်ဆုပ်ဖွယ်ရာကောင်းသော အမူအရာက လင်းချန်ကို ထိတ်လန့်စေသော်လည်း သူမမှာ ကြိုးဖြင့် အချည်ခံထားရသည်မို့ မည်သို့မျှ လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူမ အမှန်တကယ် ဤလူယုတ်မာ၏ လက်ထဲတွင် အရှက်တကွဲဖြစ်ရတော့မည်လား။
ချူချန်းလည်း သူမ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ရုန်းကန်နေသည်။ လင်းချန် အစော်ကားခံရမည်ကို သူမ မည်သည့်နည်းနှင့်မျှ ခွင့်မပြုနိုင်ပေ။ သို့သော် သူမသည် ပရော်ဖက်ရှင်နယ် သိုင်းသမားဖြစ်သော်ငြား သူမခန္ဓာကိုယ်တွင် တုပ်နှေင်ထားသော အထူးပြုလုပ်ထားသည့် ကြိုးများကို ဖြတ်တောက်ကာ လွတ်မြောက်ရန် မစွမ်းသာပေ။
“ကျောက်ဖိန်... စိတ္တဇကောင်... တော်လိုက်တော့...”
ချူချန်းက အော်ဟစ်ကြိမ်းမောင်းနေသော်လည်း ကျောက်ဖိန်သည် ဂရုမစိုက်ဘဲ လင်းချန်၏ အဝတ်အစားများကို ဆက်လက်၍ ဆွဲဖြဲနေသည်။
အခန်းထဲတွင် ကျောက်ဖိန်၏ ယုတ်မာစက်ဆုပ်ဖွယ်ရာ ရယ်သံများနှင့် အမျိုးသမီးနှစ်ဦး၏ ငိုရှိုက်သံများ၊ ကျိန်ဆဲသံများဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် မျက်လုံးမှိတ်၍ ငြိမ်သက်စွာ အနားယူနေသော သက်တော်စောင့်သည် မျက်လုံးဖွင့်ကာ အလျင်စလို အော်ပြောလိုက်သည်။
“ဘယ်သူလဲ”
သက်တော်စောင့်သည် ချက်ချင်းပင် တံခါးဆီသို့ ပြေးသွားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ အခန်းတံခါးသည် အလွန်တရာ ကြီးမားသော အင်အားတစ်ခုဖြင့် ကန်ဖွင့်ခြင်း ခံလိုက်ရသည်။ သံမဏိတံခါးဖြစ်သော်လည်း ကန်ချက်ကြောင့် ခဏချင်းမှာပင် ကြေမွသွားခဲ့ရသည်။ ထို့နောက် ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ သွက်လက်မြန်ဆန်စွာ အခန်းထဲ ဝင်လာလေသည်။
“လင်းချန်”
လင်းချန်နှင့် ချူချန်းတို့လည်း ရုတ်တရက် တံခါးဝဆီသို့ ခေါင်းမော့ကြည့်လိုက်ရာ သူတို့အတွက် အလွန်တရာဝမ်းသာပျော်ရွှင်သွားစေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
“အစ်ကို...”
လင်းချန် ဝမ်းသာလွန်းသောကြောင့် သူမ၏ ပါးပြင်ထက်သို့ မျက်ရည်များ အတားအဆီးမဲ့စွာ စီးကျလာသည်။ ပထမဆုံး ရောက်ရှိလာသူမှာ သူမ၏ တတိယအစ်ကို လင်းဖုန်း ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမျှမင် မတွေးထားမိခဲ့ချေ။
“လင်းဖုန်း... သတိထား”
ဖုန်မှုန့်များကြားထဲမှ ပုံရိပ်တစ်ခုသည် လင်းဖုန်းဆီသို့ တိတ်တဆိတ် ကပ်လာလေသည်။ ထိုပုံရိပ်မှာ ကျောက်ဖိန်၏ သက်တော်စောင့်ပင်။ ထိုသူသည် ချူချန်းကို တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖိန်သည် သူ့ အစီအစဉ် ပျက်သွားသောကြောင့် အလွန်အမင်း ဒေါသထွက်သွားသည်။
“သူ့ကို ဖမ်းစမ်း။ ငါ သူ့ခြေထောက်တွေကို ချိုးပစ်မယ်။ ပြီးရင် သူ့ညီမနဲ့ သူ့ရည်းစားကို ငါ ဘယ်လို ကစားပြမလဲဆိုတာ သူကိုယ်တိုင် ကြည့်စေရမယ်။ ဟား...ဟား...ဟား...ဟား...”
ကျောက်ဖိန်သည် တကယ့်ကို စိတ်ဖောက်ပြန်နေသူတစ်ယောက်ပင်။ လင်းဖုန်းက သူ့အကြံကို လာရောက်ဖျက်ဆီးလိုက်ခြင်းကြောင့် လင်းဖုန်းကို အရှက်တကွဲအကျိုးနည်းဖြစ်စေရန် သူ ကြိုးပမ်းနေခြင်း ဖြစ်သည်။
“ဖယ်စမ်း”
လင်းဖုန်း အခန်းထဲသို့ တရကြမ်း ပြေးဝင်လာသည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ အဝတ်အစားဆုတ်ပြဲကာ ဖရိုဖရဲဖြစ်နေသော သူ့ညီမ လင်းချန်ပင်။ ထိုမြင်ကွင်းသည် လင်းဖုန်းကို အလွန်အမင်း ရူးသွပ်သွားစေသည်။ သူ့ စိတ်ထဲမှ ပြင်းထန်သော ဒေါသများကို သူ မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
ဝုန်း
လင်းဖုန်း၏ စိတ်ထဲတွင် ပြင်းထန်သော ဒေါသတရားမှလွဲ၍ မည်သည်မျှ မရှိတော့ချေ။ လင်းဖုန်းသည် ကိုယ်ကိုကွေးညွတ်ကာ အလွန်တရာ ပြင်းထန်လှသော လက်သီးတစ်ချက်ဖြင့် သက်တော်စောင့်အား အားကုန် ထိုးနှက်လိုက်သည်။ လင်းဖုန်း၏ အရှိန်အဝါမှာ တကယ့် နွားရိုင်းအစစ်ကြီး တစ်ကောင်ကဲ့သို့ပင်။
“နွားရိုင်း၏ နင်းခြေခြင်း”
လင်းဖုန်း၏ လက်သီးချက်မှာ အလွန်ပြင်းထန်လှသည်။ ၂,၀၀၀ ကီလိုဂရမ် နီးပါးရှိသော ခွန်အားမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ ၂ တန်နီးပါးရှိသည့် ခွန်အားသည် တစ်ခဏချင်းတွင် ပေါက်ကွဲထွက်လာသောအခါ အမှန်စင်စစ်ပင် ကြောက်စရာကောင်းလှသည်။ အေးစက်နေသော သက်တော်စောင့်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ့မျက်လုံးများကို သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်သွားသည်။
ဘန်း
သက်တော်စောင့်သည် ဖက်တုယှဉ်ပြိုင်ရန် မစွမ်းသာသော အင်အားကြောင့် ခပ်အုပ်အုပ်အသံတစ်ခုနှင့်အတူ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။ သူ့ လက်မောင်းမှာ တစစီ ကြေမွသွားပြီး ဦးခေါင်းကလည်း ကြမ်းပြင်နှင့်ရိုက်မိကာ သွေးအိုင်ထဲမှာပင် ချက်ချင်း အသက်ပျောက်သွားတော့သည်။
တစ်ချက်တည်းနဲ့ သက်တော်စောင့် သေသွားပြီ။
အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ မူလက ရူးသွပ်နေသော ကျောက်ဖိန်သည် လုံးဝ ကြောင်အသွားသည်။ ထို့နောက် ဒေါသပေါက်ကွဲနေသော လင်းဖုန်းကို ကြည့်ကာ သူ့မျက်လုံးထဲမှ ရူးသွပ်မှုများသည် ကြောက်ရွံ့မှုအဖြစ်သို့ ခဏတွင်းချင်း ပြောင်းလဲသွားသည်။
ကျောက်ဖိန်၏ သက်တော်စောင့်သည် အဆင့်ခုနစ် ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ဤသည်မှာ စင်စစ်ပင် အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ အချို့သော အလယ်အလတ်အဆင့် မြို့များတွင် အဆင့်ခုနစ် သိုင်းသမားများမှာ အာဏာရှိ အလေးစားခံ နာမည်ကျော်များ ဖြစ်ကြသည်။
သို့သော်ငြား လက်ရှိတွင်မူ ထိုကဲ့သို့ ပညာရှင်မှာ လင်းဖုန်း၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ဘဲ အသေအရိုက်ခံလိုက်ရသည်။ လင်းဖုန်းသည် ရောဂါသည် ငပျော့ကောင်နှင့် လုံးဝမတူတော့ဘဲ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
လင်းဖုန်း လူတစ်ယောက်ကို သတ်လိုက်မိသည်။ ပုံမှန်ဆိုလျှင် စက်ဆုပ်ရွံရှာခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းများ ခံစားရမည်ဖြစ်သော်ငြား ယခုအချိန်တွင်မူ မြေပြင်ပေါ်မှ အလောင်းကိုပင် သူ လှည့်မကြည့်အားပါချေ။
လင်းဖုန်းသည် ကျောက်ဖိန်ဆီသို့ အလျင်အမြန် လျှောက်သွားပြီး သူ့မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ ကျောက်ဖိန်သည် မြေပြင်ပေါ်သို့ တလိမ့်ခေါက်ခွေးကျသွားပြီး သွေးများနှင့်အတူ သွားအချို့လည်း ကျွတ်ထွက်သွားသည်။
“မင်း ငါ့ကို သတ်လို့မရဘူး... သတ်လို့မရဘူး... ငါ့ကို သတ်ရင် မင်းတို့ရဲ့ လင်းကော်ပိုရေးရှင်း တစ်ခုလုံး ပြာပုံဖြစ်သွားလိမ့်မယ်”
ထိုအခိုက်တန့်တွင် ကျောက်ဖိန်သည် ကြောက်လန့်တကြား အော်ဟစ်နေလေတော့သည်။ သူ ဤနေရာတွင် မသေချင်သေးပေ။
လင်းဖုန်း၏ မျက်လုံးများမှာမူ သွေးကဲ့သို့ နီမြန်းနေသည်။ လင်းဖုန်းသည် ကျောက်ဖိန်ကို ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ ဆွဲမလိုက်ပြီး မြေပြင်ပေါ်သို့ ကိုက်ပေါက်လိုက်သည်။ ကျောက်ဖိန် မူးဝေသွားသော်လည်း ၎င်းမှာ အဆုံးသတ်မဟုတ်ချေ။ လင်းဖုန်းသည် ကျောက်ဖိန်၏ ခြေထောက်များကို ပြင်းထန်စွာ နင်းခြေလိုက်သည်။
ဂျွတ်
ကျောက်ဖိန်သည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေလေတော့သည်။ ကောက်ဖိန်၏ ခြေထောက်များမှာ လင်းဖုန်း၏ နင်းခြေမှုကြောင့် ကြေမွသွားခဲ့ပြီ ဖြစ်သည်။ သို့သော် လင်းဖုန်းသည် ထိုမျှလောက်ဖြင့် ရပ်တန့်လိုစိတ် မရှိသေးပေ။ သူ့ ညီမ လင်းချန်၏ ဆုတ်ဖြဲခံထားရသော အဝတ်အစားများကို ကြည့်၍ နတ်ဆိုးဆန်ဆန် တစ်ချက်ပြုံးလိုက်ကာ ကျောက်ဖိန်၏ ပေါင်ကြားကို အားကုန် ကန်လိုက်သည်။
လင်းဖုန်းရဲ့ ခွန်အားမှာ ကြောက်စရာကောင်းလှသည်။ ထိုကန်ချက်ကြောင့် ကျောက်ဖိန်၏ ပေါင်ကြားမှ ပစ္စည်းများမှာ ချက်ချင်းပင် ကြေမွသွားတော့သည်။ ကျောက်ဖိန်သည် အလွန်ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်ရင်း ချက်ချင်း သတိလစ်သွားပါတော့သည်။
“အစ်ကို...”
လင်းချန်က လင်းဖုန်းကို လှမ်းခေါ်လိုက်သည်။ လင်းဖုန်းသည် ကျောက်ဖိန်ကို ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ် ပစ်ထားခဲ့ပြီးနောက် လင်းချန်နှင့် ချူချန်းတို့ဆီသို့ အမြန်သွားကာ ကြိုးများကို ဖြည်ပေးလိုက်သည်။ ထို့နောက် သူ ဝတ်လက်စ အင်္ကျီကို လင်းချန်အား ခြုံပေးလိုက်သည်။
“ရပါပြီ... အားလုံး အဆင်ပြေသွားပါပြီ”
လင်းဖုန်း၏ စိတ်ထဲမှ ဒေါသများ တဖြည်းဖြည်း လျော့ပါးသွားသည်။ ချူချန်းသည် သွားကိုတင်းတင်းစေ့ကာ ပြောလိုက်သည်။
“လင်းဖုန်း... ဒါတွေအားလုံးက ငါ့အပြစ်တွေပါ။ သုချန်က ငါ့ကို လာနှောင့်ယှက်လို့သာ မဟုတ်ရင် လင်းချန်လည်း ဒီကိစ္စမှာ ပါလာမှာ မဟုတ်ဘူး”
“ဒါ နင့်အပြစ်မဟုတ်ပါဘူး။ သုချန်နဲ့ ကျောက်ဖိန်ကို ငါ ဒီအတိုင်း လွှတ်မထားဘူး”
လင်းဖုန်း ကျောက်ဖိန်ကို တစ်ချက်ကြည့်လိုက်သည်။ ကျောက်ဖိန်ကတော့ သတိလစ်နေပြီ ဖြစ်သည်။ သူ မသေသေးသော်လည်း နောက်နောင်တွင် ယောက်ျားတစ်ယောက်ကဲ့သို့ ပြုမူနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် ကျောက်ဖန်၏ ခြေထောက်များသည်လည်း ပြန်ကောင်းမကောင်း မသေချာတော့ပေ။
မကြာမီ သစ်တောဗီလာဆီသို့ လူအများအပြား ရောက်လာကြသည်။ လင်းကျုံး လွှတ်လိုက်သော လူများ ရောက်လာခြင်းပင်။ သို့သော် သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားကြရသည်။ အထူးသဖြင့် ကျောက်ဖိန်၏ သက်တော်စောင့်မှာ ရှင်းရှင်းလင်းလင်းပင် လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
“သခင်လေးဖုန်း... ဒီကျောက်ဖိန်ကိုတော့ အသက်မသေစေပါနဲ့ဦး။ ဥက္ကဋ္ဌက ကျောက်ဖိန်ကို အရင်ဆုံး ပြန်ခေါ်လာခဲ့ဖို့ မှာထားပါတယ်”
“ဒါဆိုလည်း ခေါ်သွားကြလေ”
လင်းဖုန်းလည်း လက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။ ထို့နောက် လင်းချန်၊ ချူချန်းတို့နှင့်အတူ သစ်တောဗီလာမှ ထွက်လာခဲ့သည်။ ချူချန်းသည် ကျောင်းဆောင်ကိုသာ ပြန်ချင်သည်ဟု ဇွတ်အတင်းပြောနေသောကြောင့် လင်းဖုန်းလည်း သူမကို ကျောင်းသို့ အရင်ပို့ပေးပြီးမှ လင်းချန်ကို အိမ်သို့ ခေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် လင်းဇနီးမောင်နှံနှင့် အစ်ကိုကြီး လင်းယုံတို့သည် အိမ်တွင် စုဝေးရောက်နေကြပြီ ဖြစ်သည်။ အားလုံး၏ အမူအရာမှာ တည်တင်းနေပြီး အခြေအနေက အတော်ပင် လေးနက်နေပုံရသည်။