← Chapters

နတ်ဆိုးဘုရင်

Vol. 2 Ch. 28

နတ်ဆိုးဘုရင်

Vol. 2 Ch. 28

“ငါ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီပဲ”

ပုံရိပ်ယောင်တိုက်ပွဲခန်းအတွင်း၌ လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ယခုလေးတင် သူ၏ အစွမ်းကုန်ကို ထုတ်သုံးခဲ့ရခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အဆင့် ၉၉ ရှိသော သွမ့်ထျန်းနှင့် တိုက်ခိုက်စဉ်က သူ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သွမ့်ထျန်းထက် အနည်းငယ်သာ သာလွန်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ထိုထက် မြင့်မားသော အဆင့်ရှိသူများကို ဆက်လက်စိန်ခေါ်မည်ဆိုပါက ရလဒ်မှာ မသေချာတော့ပေ။

သေချာပေါက်ပင် သူသာ သေချာရွေးချယ်ပြီး စိန်ခေါ်မည်ဆိုပါက ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ထိုသို့လုပ်ရန်မှာ ဘာအဓိပ္ပာယ် ရှိပါမည်နည်း။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ သူ၏ ခွန်အားအတိအကျကို စမ်းသပ်ရန်သာ ဖြစ်ပြီး လူကြားထဲတွင် နာမည်ကြီးချင်၍ မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲခန်းမှ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် သူ၏ မျက်လုံးထောင့်မှ ထိပ်သီး ၁၀၀ စာရင်းကို လှမ်းမြင်လိုက်ရသည်။

ထိပ်သီး ၁၀၀ စာရင်းဝင်များမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ အထူးချွန်ဆုံးသော ကျောင်းသားများ ဖြစ်ကြသည်မှာ သေချာလှသည်။ သို့သော် သူတို့သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် ပုံရိပ်ယောင်တိုက်ပွဲခန်းကို အသုံးပြုခွင့် ရတော့မည်မဟုတ်ပေ။

လင်းဖုန်း၏ အမြင်အရ သွမ့်ထျန်း၏ စွမ်းဆောင်ရည်မှာ အလွန်ပင် သန်မာလှသည်။ သို့သော် သွမ့်ထျန်းသည်ပင် အဆင့် ၉၉ သာ ရှိသေးသည်။ ထိုသို့ဆိုလျှင် အဆင့်တစ် နေရာကို ရယူထားသူမှာ မည်မျှအထိ သန်မာနေပါမည်နည်း။

စင်စစ်တွင် လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲခန်း၌ အဆင့်တစ် ရရှိထားသူအကြောင်းကို ကြားဖူးနားဝ ရှိပါသည်။ ထိုသူမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ သမိုင်းတစ်လျှောက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဟုပင် ဆိုနိုင်သည်။ သူသည် ပုံရိပ်ယောင်တိုက်ပွဲခန်း၏ အဆင့်တစ် နေရာကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကတည်းက စိုးမိုးထားခဲ့သူ ဖြစ်သည်။

အချို့သောသူများကမူ သူသည် ဤနံပါတ်တစ် နေရာကို နောက်ထပ် နှစ်ပေါင်း တစ်ရာအထိ ဆက်လက် စိုးမိုးထားဦးမည်ဟုပင် ခန့်မှန်းထားကြသည်။

“နတ်ဆိုးဘုရင်...တုန်ဖန်းရှန်”

လင်းဖုန်း၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ပုံရိပ်ယောင်တိုက်ပွဲခန်းတွင် အဆင့်တစ် နေရာကို အနှစ် ၂၀ ကြာ စိုးမိုးထားပြီး အကယ်ဒမီကျောင်းသားများက နတ်ဆိုးဘုရင် ဟု တင်စားခေါ်ဝေါ်ကြသောသူမှာ တုန်ဖန်းရှန်ပင် ဖြစ်သည်။

“သူ ဘယ်လောက်တောင် သန်မာသလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်”

ဘာပဲဖြစ်ဖြစ် လင်းဖုန်းသည် သူ၏ အဆင့်ကို ထပ်မံမြှင့်တင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ ဤအခွင့်အရေးကို အသုံးချကာ နတ်ဆိုးဘုရင်ကို တစ်ချက်မျှ အကဲခတ်လိုခြင်းသာ ဖြစ်သည်။

“တုန်ဖန်းရှနိကို စိန်ခေါ်မယ်”

လင်းဖုန်းသည် ပုံရိပ်ယောင်တိုက်ပွဲခန်း၏ AI စနစ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ပုံရိပ်ယောင်တိုက်ပွဲခန်း အပြင်ဘက်တွင်မူ မျက်နှာပြင်ကြီးမှာ ရုတ်တရက် မှောင်သွားပြီး မည်သည့်ပုံရိပ်မျှ ပေါ်မလာတော့ပေ။

“ဘာဖြစ်တာလဲ”

“ပုံရိပ်တွေ ဘာလို့ ပျောက်သွားတာလဲ”

“ဘယ်သူမှလည်း အပြင်ကို ထွက်မလာသေးဘူး။ စီနီယာ လင်းဖုန်းက စိန်ခေါ်မှုကို ဆက်လုပ်နေတုန်းပဲ”

လူအများမှာ ဇဝေဇဝါ ဖြစ်ကုန်ကြပြီး ဘာဖြစ်နေသည်ကို မသိကြပေ။

ထိုစဉ်မှာပင် တိုက်ပွဲကြည့်ရန် အမှတ်ပေးမည့် ကျောင်းသားများ၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားကြသည်။ သူတို့အားလုံး အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

“ဟင်... တိုက်ပွဲကြည့်ဖို့အတွက် အမှတ် ၁၀ မှတ်တောင် ပေးရမယ်တဲ့လား”

“၁၀ မှတ် ဟုတ်လား။ အဲဒါ နတ်ဆိုးဘုရင်ကို စိန်ခေါ်တဲ့အခါမှပဲ ပေါ်လာတာ မဟုတ်ဘူးလား”

“ဒါဆို စီနီယာ လင်းဖုန်းက နတ်ဆိုးဘုရင်ကို စိန်ခေါ်လိုက်တာလား”

“နတ်ဆိုးဘုရင်... သူ့ကို စိန်ခေါ်တဲ့သူ မရှိတာ ဘယ်လောက်တောင် ကြာပြီလဲ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထင်တယ်။ အဲဒီတုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ပြင်နေတဲ့ စီနီယာတစ်ယောက် သွားစိန်ခေါ်တာ အပြတ်အသတ် ရှုံးခဲ့တာလေ။ စီနီယာ လင်းဖုန်းက နတ်ဆိုးဘုရင်ကို စိန်ခေါ်ရဲတယ် ဟုတ်လား”

နတ်ဆိုးဘုရင်ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ကျောင်းသားများမှာ ဝိုင်းအုံ ဆွေးနွေးကြတော့သည်။ ဤသူမှာ သာမန်လူ မဟုတ်ပေ။ နတ်ဆိုးဘုရင်သည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီဖြစ်သလို အကယ်ဒမီ၏ ဂုဏ်ယူစရာလည်း ဖြစ်သည်။

နတ်ဆိုးဘုရင်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ ကျောင်းဆင်းသွားသည်မှာ ကြာပြီဖြစ်သော်လည်း သူ အကယ်ဒမီတွင် ထားရစ်ခဲ့သော မှတ်တမ်းများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို မည်သူမျှ မချိုးဖျက်နိုင်သေးပေ။ နတ်ဆိုးဘုရင်မှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီလာ ပြယုဂ်တစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

မရေမတွက်နိုင်သော လူများက နတ်ဆိုးဘုရင်ကို အနိုင်ယူလိုကြသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။

နတ်ဆိုးဘုရင်သည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်သဖြင့် အနန္တလမ်းစဉ်အကယ်ဒမီကလည်း ဤကဲ့သို့ အကျိုးအမြတ်ရမည့် အခွင့်အရေးကို လက်လွတ်မခံပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က နတ်ဆိုးဘုရင်ကို စိန်ခေါ်တိုင်းမှာ အလွန် ဟိုးလေးတကျော် ဖြစ်လေ့ရှိပြီး ကြည့်ရှုလိုသူတိုင်းမှာ အမှတ် ၁၀ မှတ် ပေးဆောင်ရခြင်း ဖြစ်သည်။

ပုံရိပ်ယောင် တိုက်ပွဲတစ်ခုကို ကြည့်ရန်အတွက် ယွမ်သန်းပေါင်းများစွာ ပေးရခြင်းပင်။

“၁၀ မှတ်က များလွန်းတယ်ကွာ။ ငါတို့ တစ်ယောက် တစ်မှတ်စီ စုထည့်ကြရအောင်”

တိုက်ပွဲတစ်ပွဲကြည့်ရန်အတွက် ယွမ်ဆယ်သန်းနှင့် ညီမျှသော အမှတ်ကို ပေးဆောင်ရခြင်းမှာ လွန်လွန်းပေသည်။ သို့သော်လည်း ဤကျောင်းသားများမှာ သူတို့၏ သိချင်စိတ်ကို မထိန်းချုပ်နိုင်ကြပေ။ အနည်းငယ် ဈေးကြီးသော်လည်း ကြည့်ရှုခွင့်ရရန်မှာ ပို၍ အရေးကြီးသည်။ ထို့ကြောင့် သူတို့သည် အမှတ်များကို ဝိုင်းစုလိုက်ကြသည်။

မကြာမီမှာပင် သူတို့ အမှတ် ၁၀ မှတ် ရရှိသွားပြီး လင်းဖုန်း၏ ပုံရိပ်မှာ ပုံရိပ်ယောင်တိုက်ပွဲခန်း အပြင်ဘက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် ပြန်လည် ပေါ်လာတော့သည်။ ကံကောင်းစွာဖြင့် တိုက်ပွဲမှာ မစတင်ရသေးပေ။ သူတို့သည် အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦးကြားမှ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနိုင်ခွင့် ရရှိသွားကြပြီ ဖြစ်သည်။

…

ပုံရိပ်ယောင်တိုက်ပွဲခန်းအတွင်း၌ လင်းဖုန်း စကားဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်မှာ စတင် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ကျယ်ပြောလှသော လွင်ပြင်ကျယ်ကြီးတစ်ခု ဖြစ်သွားတော့သည်။

ထိုလွင်ပြင်ကျယ်ကြီးမှာ ခြောက်သွေ့မှုန်မှိုင်းကာ အထီးကျန်ဆန်သော မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ လက်တွေ့တွင်မူ ဤသည်မှာ ပြင်ပနယ်မြေရှိ အချို့သော နေရာများကို ပုံတူကူးယူထားခြင်း ဖြစ်သည်။ နတ်ဆိုးဘုရင်ကို စိန်ခေါ်သည့် အချိန်မှသာ ဤကဲ့သို့သော တိုက်ပွဲပတ်ဝန်းကျင် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ခြင်း ဖြစ်သည်။

နတ်ဆိုးဘုရင်သည်လည်း တဖြည်းဖြည်း ချင်းပေါ်လာသည်။

နတ်ဆိုးဘုရင် တုန်ဖန်းရှန်သည် အေးစက်သော မျက်နှာအမူအရာရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ခေတ်မီ သတ္တုစပ် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ရုပ်သွင်မှာ အလွန်ပင် ခန့်ညားလှသည်။ သို့သော် သူ၏ အမူအရာမှာ ထာဝရအေးခဲနေသော ရေခဲပြင်ကြီးအလား အေးစက်လွန်းသဖြင့် လူအများကို ကြက်သီးထစေသည်။

အေးစက်ခြင်း... ဤသည်မှာ နတ်ဆိုးဘုရင်၏ အရှိန်အဝါပင်။ နတ်ဆိုးဘုရင်သည်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား မိဘနှစ်ပါးမှ မွေးဖွားလာသူ ဖြစ်သည်။ ထို့အပြင် နတ်ဆိုးဘုရင်သည် သူ၏ "ရေခဲနှင့် မီး" အထူးစွမ်းအင်ကို နိုးကြားစေခဲ့ပြီး ထိုစွမ်းအင်ကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားနိုင်ခဲ့သည်။ နတ်ဆိုးဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းဖုန်းသည် ဤတိုက်ပွဲကို အလွန် လေးနက်စွာ သဘောထားသည်။ နတ်ဆိုးဘုရင် ပေါ်လာသည်နှင့် လင်းဖုန်းမှာ ပြိုင်ဘက်ကင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရတော့သည်။

“ဝဲကယက်စွမ်းအား”

လင်းဖုန်းက အရင် စတင်တိုက်ခိုက်လိုက်သည်။ သူသည် လက်သီးတစ်ချက် ထိုးလိုက်ပြီး ဝဲကယက်စွမ်းအားကို ပေါက်ကွဲစေလိုက်သည်။ ထို့အပြင် 'နွားရိုင်း၏ အစစ်အမှန် စိတ်အသိ ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။ သူသည် ကြမ်းတမ်းသော နွားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ထို့အပြင် ဤအရှိန်အဝါအတွင်း၌ ယူနီကွန်း တစ်ကောင် ရှိနေသကဲ့သို့လည်း ခံစားရသည်။ ဤအခိုက်အတန့်တွင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ နှစ်မျိုးစလုံး၏ အစွမ်းသတ္တိများကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

လေထုထဲတွင် ဒေါသတကြီး ဟိန်းဟောက်သံများပင် ပဲ့တင်ထပ်သွားသည်။ ဤလက်သီးတစ်ချက်တည်းနှင့်ပင် အဆင့်ကိုး ထိပ်တန်း ပရော်ဖက်ရှင်နယ် သိုင်းသမား အမြောက်အမြားကို မှင်သက်သွားစေပြီး ခုခံနိုင်စွမ်း မရှိအောင် လုပ်ရန် လုံလောက်ပေသည်။

'ကိုးထပ် ခန္ဓာကိုယ်ကျင့်စဉ်' ၏ ပထမအဆင့်၊ ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇများ၊ နွားရိုင်း၏ အစစ်အမှန် စိတ်အသိ စသည်တို့မှာ တစ်ခုချင်းစီပင် အလွန် အစွမ်းထက်လှရာ ယခုကဲ့သို့ သုံးမျိုးစလုံး ပေါင်းစပ်လိုက်လျှင် မည်မျှအထိ ရှိမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။

လင်းဖုန်းသည် ဤလက်သီးချက်ဖြင့် ၈ တန်ကျော် ၉ တန်နီးပါးရှိသော ခွန်အားကို ထုတ်ဖော်လိုက်သည်။ အကယ်၍ သူ၏ ရှေ့တွင် အဆောက်အအုံတစ်ခု ရှိနေခဲ့လျှင်ပင် သူ ဖြိုချနိုင်ပေလိမ့်မည်။

လင်းဖုန်းသည် သူ၏ ကိုယ်ပိုင်ခွန်အားအပေါ် အလွန် ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း နတ်ဆိုးဘုရင်တုန်ဖန်းရှန်မှာမူ လင်းဖုန်း၏ ကြောက်စရာကောင်းသော လက်သီးချက်ကြောင့် တုန်လှုပ်သွားပုံ မရပေ။ လက်သီးချက်မှ ထွက်ပေါ်လာသော လေပြင်းများက နတ်ဆိုးဘုရင်ကို လွှမ်းခြုံသွားချိန်တွင် သူ ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ စိန်ပွင့်များအလား လင်းလက်တောက်ပနေသည်။

ဘန်း...

နတ်ဆိုးဘုရင် စတင် လှုပ်ရှားလိုက်သည်။ သူသည်လည်း ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်ချက် ထိုးလိုက်သော်လည်း ထိုလက်သီးမှာ ရေခဲနှင့် မီးတောက် စွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်။ နှင်းခဲများ၏ အဖြူရောင် စွမ်းအင်နှင့် မီးတောက်များ၏ အနီရောင် စွမ်းအင်တို့မှာ အလင်းလုံး နှစ်လုံးအလား ဖြစ်နေသည်။ နတ်ဆိုးဘုရင်၏ လက်သီးချက်ဖြင့် ထိုစွမ်းအင်များမှာ လင်းဖုန်းနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။

ဖောက်...

မည်သည့် အံ့သြစရာမှ ဖြစ်မလာခဲ့ပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ထိုအခိုက်အတန့်တွင်ပင် ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားပြီး မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ချက်ချင်းပင် လဲကျသွားတော့သည်။ သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်မှာ နတ်ဆိုးဘုရင်၏ စွမ်းအားကို လုံးဝ မခုခံနိုင်ခဲ့ပေ။

လက်သီးတစ်ချက်တည်းဖြင့်ပင် လင်းဖုန်း ရှုံးနိမ့်သွားခဲ့ပြီ။

…

“သူ တကယ်ပဲ ရှုံးသွားပြီ။ နတ်ဆိုးဘုရင်ကတော့ နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။ အံ့သြစရာကောင်းလိုက်တာ”

“ငါတို့ နတ်ဆိုးဘုရင်ရဲ့ အစွမ်းကို နောက်တစ်ခါ မြင်လိုက်ရပြန်ပြီ။ ဒါပေမဲ့ စီနီယာ လင်းဖုန်းကလည်း တော်တော်လေး သန်မာပါတယ်။ သူက ကျောင်းသားသစ်ပဲ ရှိသေးတာလေ။ သူ ပြင်ပနယ်မြေကို သွားပြီး နှစ်အနည်းငယ်လောက် လေ့ကျင့်ပြီးရင်တော့ နတ်ဆိုးဘုရင်ကို ပြန်ပြီး စိန်ခေါ်နိုင်မှာပါ”

“ဟဲဟဲ... ပြောရတာတော့ လွယ်တာပေါ့။ အရင်က နတ်ဆိုးဘုရင်ကို စိန်ခေါ်ခဲ့တဲ့သူတွေ အားလုံးက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခါနီး လူတွေချည်းပဲ။ ဒါပေမဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ခင်မှာ သူတို့တွေ နတ်ဆိုးဘုရင်ကို မနိုင်ခဲ့ကြဘူး။ ငါ့အမြင်အရတော့ နတ်ဆိုးဘုရင်က သာလွန်လူသား မဖြစ်သေးတဲ့သူတွေထဲမှာ အသန်မာဆုံးလူပဲ။ ဘယ်သူမှ သူ့ကို မနိုင်နိုင်ဘူး”

“အဲဒါတော့ မသေချာပါဘူး...”

လူအများမှာ အငြင်းပွားနေကြတော့သည်။ နတ်ဆိုးဘုရင်သည် တကယ့်ကို လူပြောအများဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နတ်ဆိုးဘုရင်ကို တစ်စုံတစ်ယောက်က စိန်ခေါ်တိုင်းမှာ လူအများကြားတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်တိုက်ပွဲခန်းအတွင်း၌ လင်းဖုန်းသည် ပုံရိပ်ယောင်စက်အတွင်းမှ ထလာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားလျော့မှုများ၊ ခါးသီးနာကျင်မှုများ မရှိပေ။ ပြင်းပြသော တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေသည်။

“သာလွန်လူသား အဆင့်အောက်မှာ ဒီလောက်တောင် သန်မာတဲ့သူ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”

လင်းဖုန်း အမှန်တကယ်ပင် အံ့သြသွားရသည်။ နတ်ဆိုးဘုရင်၏ ခွန်အားမှာ သူ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေသည်။ အကယ်၍ လင်းဖုန်း ကြမ်းကြုတ်သားရဲ မျိုးရိုးဗီဇများနှင့် ထပ်မံ ပေါင်းစပ်ဦးမည်ဆိုလျှင်ပင် နတ်ဆိုးဘုရင်ကို အနိုင်ယူနိုင်ရန်မှာ မသေချာသေးပေ။

“ဒီလိုကြည့်ရင် ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ငါ အများကြီး လိုနေသေးတာပဲ။ ပြင်ပနယ်မြေကို သွားဖို့ ငါ့အတွက် တကယ်အရေးကြီးနေပြီ”

နတ်ဆိုးဘုရင်၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းမှာ လင်းဖုန်းအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။ ထိပ်သီးအဆင့် ၁၀၀ စာရင်းဝင်သွားရုံနှင့် မိမိကိုယ်ကိုယ် အထင်ကြီး‌ကာ ဘဝင်မြင့်နေ၍ မရပေ။ မိမိထက် သန်မာသူများ များစွာ ရှိနေသေးကာ ထိုသူများပင်လျှင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် မလွယ်ကူခဲ့ကြသည်မှာ အထင်အရှားပင်။

သူ ရှုံးနိမ့်ခဲ့သော်လည်း ဤရှုံးနိမ့်မှုက လင်းဖုန်းအတွက် အကန့်အသတ်မဲ့သော တွန်းအားများကို ပေးစွမ်းနိုင်ခဲ့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၈) - နတ်ဆိုးဘုရင်

ဘာသာပြန် - အားသစ်

All Chapters