အခန်း (၁၀၂၁-၁၀၂၂)
Vol. 103 Ch. 1021-1022
အခန်း (၁၀၂၁) ရှန်တောက်ဂိုဏ်းရဲ့ ဘိုးဘေး
"ဖန့်မိတ်ဆွေက လိုက်လာရင် သိရမှာပေါ့ ဘာပဲဖြစ်ဖြစ် ဒါက လုံမျိုးနွယ်စုထဲမှာတင်ပဲလေ သိပ်လည်း မဝေးပါဘူး ဖန့်မိတ်ဆွေ ကြွလှမ်းပေးပါဦး"
လာတဲ့လူက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနေပေမဲ့ သူ့ရဲ့ အကြည့်တွေကတော့ တဖြည်းဖြည်း ထက်မြက်လာပါတယ်။
ဒုန်း
တံခါးက ချက်ချင်း ပြန်ပိတ်သွားတာကြောင့် လာတဲ့လူရဲ့ မျက်နှာက အပြုံးတွေ တောင့်ခဲသွားပြီး၊ နောက်ဆုံးမှာတော့ တံခါးပိတ်ကြီးကို ကြည့်ရင်း မျက်နှာက စိမ်းပုပ်သွားပါတော့တယ်။
ဒီနေရာက ပထမအဆောင် ဖြစ်နေတာကြောင့် သူက အတင်းအဓမ္မ လက်မပါရဲပါဘူး။
စိတ်ရှည်လက်ရှည်နဲ့ပဲ တံခါးကို ပြန်ခေါက်လိုက်ရတယ်
"ဖန့်မိတ်ဆွေ... တစ်ခေါက်လောက်တော့ သွားသင့်ပါတယ်၊ ခင်ဗျားကို ဖိတ်ခိုင်းတာက စတုတ္ထအဆောင်က သားကြီး လုံယိန့် ပါ"
အခန်းထဲမှာတော့ ဘာအသံမှ ပြန်မလာဘဲ တိတ်ဆိတ်နေပါတယ်။
လာတဲ့လူရဲ့ မျက်နှာက မှောင်မှောင်မည်းမည်း ဖြစ်လာပြီး အေးအေးဆေးဆေးပဲ ဆက်ပြောတယ်
"ဒီကိစ္စက စုန်းမျိုးနွယ်စုက လူနဲ့ ပတ်သက်နေတယ်၊ ဖန့်မိတ်ဆွေ မကြားချင်ဘူးလား "
"ငါက ဓားသင်္ချိုင်းလှေကားထစ် ပွဲအတွက် ပြင်ဆင်နေတယ်၊ ပြန်လိုက်ပါတော့"
ဖန့်ချန်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။
လာတဲ့လူက ခေတ္တမျှ တိတ်ဆိတ်သွားပြီး နောက်တစ်ကြိမ် ထပ်ပြောပါတယ်။
ဒါပေမဲ့ အထဲက ဘာမှ ထပ်မဖြေတော့တာကြောင့် လက်ဖက်ရည်တစ်ခွက်စာလောက် အချိန်ကြာပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူလည်း လှည့်ထွက်သွားပါတော့တယ်။
စတုတ္ထအဆောင်မှာတော့ ခုနက တံခါးသွားခေါက်တဲ့ ဓားကျင့်ကြံသူဟာ လူငယ်တစ်ယောက်ရှေ့မှာ ရိုရိုသေသေ ရပ်နေပါတယ်။
"သူက ငါ့ကို လာမတွေ့ဘူးလား "
လူငယ်က သူ့လက်ထဲက ငါးစာတွေကို ဆုပ်ကိုင်ပြီး ရှေ့က ကန်ထဲကို ဖြည်းဖြည်းချင်း ကြဲလိုက်ရာ၊ ကန်ထဲက ငါးကြင်းစိမ်းတွေဟာ လုယက်စားသောက်ကြပါတော့တယ်။
သူ့ဘေးမှာလည်း လူငယ် အများအပြား ရပ်နေကြပြီး၊ တစ်ဖက်က ငါးကြည့်ရင်း တစ်ဖက်ကလည်း ဓားသင်္ချိုင်းလှေကားထစ် ပွဲနဲ့ ယွန်းလူမြို့က အဖြစ်အပျက်တွေအကြောင်း စကားလက်ဆုံ ကျနေကြပါတယ်။
"လုံယိန့်အစ်ကို... ကျွန်တော် ကြားတာတော့ လီဦးလေး ခေါ်လာတဲ့ ဓားကျင့်ကြံသူတွေထဲမှာ ယန်ခုန်း ကလွဲရင် ကျန်တဲ့လူတွေက တော်တော်လေး မာနကြီးကြတယ်ဆိုပဲ ကောလာဟလက အမှန်ပဲ ထင်တယ်"
" သူတို့ဆီမှာ ဓားကျင့်ကြံသူ လမ်းစဉ်က ငါတို့ရဲ့ တရားဝင် ရှည်လျားသောသက်တမ်း လမ်းစဉ်ထက် ပိုသာတယ်လို့ ထင်နေကြတာလား မသိဘူး"
တစ်ယောက်က ရယ်ပြီး ပြောပါတယ်။
လုံယိန့်က လက်ကျန် ငါးစာတွေကို ကန်ထဲ အကုန်ကြဲလိုက်ပြီး ပြုံးလိုက်တယ်
"အဲဒီလို နေရာမျိုးမှာ ကျင့်ကြံရေး အရင်းအမြစ်တွေက ရှားပါးတယ်လေ၊ ငါတို့က သက်တမ်းရှည်ဖို့ ကျင့်ကြံကြတာဆိုပေမဲ့ ဂူထဲမှာပဲ ငုတ်တုတ်ထိုင် ကျင့်နေလို့မှ မရတာ အဲဒီတော့ ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားက အသာစီး ရသွားတာပေါ့"
"တောအရပ်ဆိုတာ တောအရပ်ပါပဲ ကျွန်တော်ပဲ တစ်ခေါက် သွားလိုက်ရမလား ဒီကောင်က တကယ်ပဲ မင်းရဲ့ ဖိတ်ကြားချက်ကိုတောင် မလာရဲအောင် မာနကြီးနေတာလား ဆိုတာ သွားကြည့်ရအောင်"
"မလိုဘူး၊ ငါကိုယ်တိုင်ပဲ သွားတွေ့လိုက်မယ်"
လုံယိန့်က အေးအေးဆေးဆေး ပြုံးပြီး ပြောကာ လှည့်ထွက်သွားပါတယ်။
ကျန်တဲ့လူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သံသယ ဝင်ကုန်ကြပါတယ်။
လုံယိန့်ရဲ့ အဆင့်အတန်းနဲ့ အဲဒီဓားကျင့်ကြံသူကို ဘာလို့ ကိုယ်တိုင် သွားတွေ့ရတာလဲ၊ ဓားသင်္ချိုင်းလှေကားထစ် ပွဲအတွက်လား
ဖန့်ချန်ရဲ့ အဆောင်ရှေ့မှာတော့ ခုနက ဓားကျင့်ကြံသူက နောက်တစ်ကြိမ် ယဉ်ယဉ်ကျေးကျေး တံခါးခေါက်ပြန်တယ်
"ဖန့်မိတ်ဆွေ... သခင်လေး လုံယိန့် ရောက်လာပါတယ်"
တံခါးပွင့်သွားပြီး ဖန့်ချန်က ရောက်လာတဲ့လူကို ကြည့်လိုက်ပါတယ်။
သူ့မျက်နှာက မက်မွန်ပွင့်လို လှပနေပြီး ယောက်ျားလေး ဖြစ်ပေမဲ့ မိန်းကလေးထက်တောင် ပိုပြီး သေသပ်လှပနေပါတယ်။
အသားအရေကလည်း ဖြူစင်နုနယ်နေပြီး လေဒဏ်မိုးဒဏ် တစ်ခါမှ မကြုံဖူးတဲ့အတိုင်းပါပဲ။
"ဖန့်မိတ်ဆွေ... ငါက လုံယိန့် ပါ၊ အထဲဝင်ပြီး စကားပြောလို့ ရမလား"
လုံယိန့်က မာနမထားဘဲ ပြုံးပြီး မေးပါတယ်။
"သခင်လေး လုံယိန့်၊ ကြွပါ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။
အဲဒီဓားကျင့်ကြံသူကတော့ အထဲမဝင်ဘဲ တံခါးဝမှာပဲ စောင့်နေပါတယ်။
လုံယိန့်က အခန်းထဲရောက်တာနဲ့ အသံလုံတဲ့ အစီရင်အတား တစ်ခုကို အလွယ်တကူ ခင်းကျင်းလိုက်ပြီး၊ ဖန့်ချန်ကို သေချာ စိုက်ကြည့်ကာ ပြုံးပြီး ပြောလိုက်တယ်
"ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် မင်း အရင်က စုန်းယိ ရဲ့ စိတ်ဝိညာဉ်ခွဲ ကို သတ်ခဲ့ပြီး သူ့ရဲ့ သိုလှောင်လက်စွပ်ကို ယူခဲ့တယ်မလား"
"သူက ပြောတယ်... တခြားပစ္စည်းတွေ အကုန်လုံးကို မင်းယူလို့ရတယ်၊ သူ အရေးမယူဘူးတဲ့ ဒါပေမဲ့ ပစ္စည်းတစ်ခုကိုတော့ သူ့ကို ပြန်ပေးရမယ်တဲ့"
"အဲဒီပစ္စည်းကိုသာ ပြန်ပေးရင် ဒီကိစ္စက ပြီးသွားပြီ သူ မင်းကို ထပ်ပြီး ဒုက္ခမပေးတော့ဘူးလို့ ဆိုတယ်မင်း ဘယ်လို ထင်သလဲ"
"သခင်လေး လုံယိန့် ပြောတာကို ကျွန်တော် သိပ်နားမလည်ဘူးဗျ"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
ကြည့်ရတာ လုံမျိုးနွယ်စုဝင်တွေနဲ့ စုန်းမျိုးနွယ်စုကြားမှာ အမြဲတမ်း အဆက်အသွယ် ရှိနေပုံရပါတယ်။
စုန်းယိက ရှေ့က လူကိုတောင် ကူပြောပေးဖို့ အကူအညီ တောင်းနိုင်တယ်ဆိုတော့။
ဒီ လုံယိန့် ဆိုတဲ့လူရဲ့ ကျင့်ကြံမှု အရှိန်အဝါက မသေးပါဘူး၊ ဘေးဒုက္ခကို ကျော်ဖြတ်ပြီးသား ဖြစ်နေပုံရပြီး မသေမျိုးအဖြစ် တက်လှမ်းဖို့ စောင့်နေတဲ့သူ ဖြစ်နိုင်ပါတယ်။
"စုန်းယိကလည်း ငါ့ကို အသေအချာ မပြောပြဘူး အဲဒါက ဘာလဲဆိုတာ ငါလည်း မသိဘူး ဒါပေမဲ့ မင်း စိတ်ထဲမှာ သိမှာပါလို့ သူက ပြောထားတယ် မင်း တကယ်ပဲ နားမလည်ဘူးလား "
လုံယိန့်က မေးပါတယ်။
"နားမလည်ပါဘူး ကျင့်ကြံရေးလောကရဲ့ ထုံးစံအရဆိုရင် သူက ရှုံးနိမ့်သွားပြီဖြစ်လို့ သိုလှောင်လက်စွပ်က သူ့ဟာ မဟုတ်တော့ဘူးလေ အထဲက ဘယ်ပစ္စည်းကိုမဆို ကျုပ်က စိတ်ကြိုက် စီမံပိုင်ခွင့် ရှိတာပေါ့"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
"ထုံးစံကတော့ အဲဒီအတိုင်းပါပဲ"
လုံယိန့်က ပြုံးပြီး ခေါင်းညိတ်ပြတယ်
"မင်းတို့ဆီမှာတင် ဒီလိုထုံးစံ ရှိတာ မဟုတ်ဘူးချောင်ဖုန်းနယ်မြေမှာလည်း အတူတူပါပဲ ဒါပေမဲ့ တချို့ပစ္စည်းတွေက အရမ်း တန်ဖိုးကြီးလွန်းနေရင် မင်းလက်ထဲမှာ ရှိနေတာက မင်းအတွက် ပြဿနာတွေပဲ ဖိတ်ခေါ်နေသလို ဖြစ်မှာပေါ့ အဲဒီအစား ထုတ်ပေးလိုက်ပြီး ကျေးဇူးကြွေး တစ်ခု ယူထားတာက ပိုမကောင်းဘူးလား"
"စုန်းယိက ကတိမတည်မှာကိုလည်း မင်း မစိုးရိမ်ပါနဲ့၊ သူ့ရဲ့ ကတိက တည်မြဲစေရမယ်လို့ ငါက မင်းကို အာမခံပေးနိုင်ပါတယ်"
"ဒါဆိုရင်တော့ သခင်လေး လုံယိန့်ကို ကျုပ် မကူညီနိုင်တော့ဘူး ထင်တယ်"
ဖန့်ချန်က သက်ပြင်းအသာချပြီး ပြောလိုက်ပါတယ်။
"ကိစ္စမရှိပါဘူး ငါက စကားပါးပေးရုံပဲ ကိစ္စက အောင်မြင်တာ မအောင်မြင်တာက ငါနဲ့ သိပ်မဆိုင်ဘူး သွားလိုက်ဦးမယ်"
လုံယိန့်က စိတ်မဆိုးပါဘူး၊ သူက ပြုံးပြီး ခေါင်းညိတ်ကာ အစီရင်အတားစီးကို ရုပ်သိမ်းပြီး လှည့်ထွက်သွားပါတော့တယ်။
ဖန့်ချန် အနည်းငယ် အံ့သြသွားပါတယ်။
ကြည့်ရတာ ဒီလူက စုန်းယိအတွက် စကားပါးပေးရုံ သက်သက်ပဲ ဖြစ်ပုံရပြီး၊ စုန်းယိ ရှာနေတာက မသေမျိုးကျောက်တုံး ဖြစ်တယ်ဆိုတာကို သူ တကယ် မသိတာ ဖြစ်နိုင်ပါတယ်။
ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ လီချန်စန်း က နောက်တစ်ကြိမ် ပေါ်လာပါတယ်။
ဝတ်စုံဖြူနဲ့ အမျိုးသမီး လုံရို့ နဲ့ လုံရွှမ်း တို့လည်း ဘေးမှာ ပါလာကြပါတယ်။
"ဒီရက်ပိုင်းအတွင်း မင်းတို့ ဒီမှာ တစ်ခုခု ရရှိခဲ့ကြလား"
လီချန်စန်းက လက်ကို နောက်ပစ်ပြီး ပြုံးကာ မေးပါတယ်။
"ဆရာ... တပည့်က ချင်းဆုန်းဓားကျမ်း ကို နည်းနည်း နားလည်လာပါပြီ၊ မကြာခင်မှာ ချင်းဆုန်းဓားဆန္ဒ ကို ဖော်ဆောင်နိုင်တော့မှာပါ"
ယန်ခုန်းက ရိုရိုသေသေ ပြောပါတယ်။
ပိုင်လင်ယွဲ့ တို့ကလည်း သူတို့ရဲ့ သိမြင်မှုတွေကို အသီးသီး ပြောပြကြပါတယ်။
လီချန်စန်းက ခေါင်းညိတ်ပြပြီးနောက် မသေမျိုးလှေ ကို ထုတ်လိုက်ပြီး အားလုံးကို ပြုံးကြည့်ကာ
"လှေပေါ် တက်ကြစို့"
အားလုံးရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
ဒါက ဓားသင်္ချိုင်းလှေကားထစ် ဆီကို သွားဖို့ ထွက်ခွာကြတော့မှာလား
အဆောင်ကြီး ရဲ့ မသေမျိုးလှေ ပျံတက်သွားတဲ့အခါ၊ ဒုတိယအဆောင်၊ တတိယအဆောင်နဲ့ စတုတ္ထအဆောင်တွေဆီကလည်း မသေမျိုးလှေတွေ တစ်စင်းပြီးတစ်စင်း ပျံတက်လာကြပါတယ်။
ခဏအတွင်းမှာတင် မသေမျိုးလှေ ၄ စင်းဟာ ယှဉ်တွဲပြီး ပျံသန်းနေကြတာမို့ တစ်စင်းနဲ့တစ်စင်းပေါ်က အခြေအနေတွေကို လှမ်းမြင်နေရပါတယ်။
"လီအဘိုးကြီး ဘက်ကတော့ နည်းနည်း အားငယ်စရာပဲ၊ ကျွန်တော်တို့ ၁၀ ယောက်ကျော်ပဲ ရှိတာကိုး..."
ပိုင်လင်ယွဲ့က ဖန့်ချန်ဘေးမှာ ရပ်ရင်း တခြားလှေတွေပေါ်မှာ ဓားကျင့်ကြံသူတွေ အပြည့်၊ ရာနဲ့ချီ ပါလာတာကို မြင်တော့ မျက်နှာက ထူးဆန်းသွားပါတယ်။
ဒုတိယအဆောင်ရဲ့ လှေပေါ်မှာတော့ လုံအောက် က လက်ကိုနောက်ပစ်ပြီး ရပ်နေပါတယ်။
သူ့ဘေးမှာ ရွှယ်ဆန်း နဲ့ အဆောင်အယောင် ခမ်းနားတဲ့ အမျိုးသမီးကြီး တချို့ ရှိနေပြီး၊ အမျိုးသမီးကြီး တစ်ဦးစီရဲ့ ဘေးမှာလည်း လူငယ်တွေ ရှိနေကြပါတယ်။
အဲဒီထဲက အမျိုးသမီးတစ်ယောက်ကို ဖန့်ချန် မြင်ဖူးပါတယ်၊ သူက လုံရို့ရဲ့ မိခင်ပါ။
လုံရို့နဲ့ တခြားလူငယ် တစ်ယောက်က သူမဘေးမှာ ရပ်နေကြပါတယ်။
ဒါပေမဲ့ ဖန့်ချန်ရဲ့ အာရုံကို ဆွဲဆောင်သွားတာကတော့ တခြားတစ်ယောက်ပါ။
သူက လုံအောက် ရဲ့ ဘေးမှာ မရပ်ဘဲ လှေရဲ့ ထောင့်တစ်နေရာမှာပဲ ရပ်နေပါတယ်။
သူ့ဆီကနေ လီချန်စန်းနဲ့ ဆင်တူတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတာမို့ သူဟာလည်း လွတ်လပ်သောမသေမျိုး တစ်ဦး ဖြစ်တာ သေချာပါတယ်။
"အားလုံးပဲ... ကျွန်တော်တို့ ဒုတိယအဆောင်က အရင် သွားနှင့်ပြီနော် ခင်ဗျားတို့ ဖြည်းဖြည်းချင်း လာခဲ့ကြပါ"
လုံအောက်က ရုတ်တရက် အော်ဟစ် ရယ်မောလိုက်ရာ၊ မသေမျိုးလှေဟာ အရှိန်အဟုန်နဲ့ ပျံထွက်သွားပြီး မိုးကုပ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားပါတော့တယ်။
လီချန်စန်းရဲ့ အကြည့်တွေက အေးစက်နေပြီး နှာခေါင်းကနေ ခပ်တိုးတိုး နှာမှုတ်လိုက်ပါတယ်။
အဲဒီနောက် တတိယအဆောင်ရဲ့ လှေကို ကြည့်လိုက်ပါတယ်။
လုံဝူ နဲ့ တုန်းဖန်းဟောင်ကျဲ တို့လည်း အဲဒီပေါ်မှာ ပါလာပြီး၊ တုန်းဖန်းဟောင်ကျဲက ဖန့်ချန်ကို လှမ်းပြီး လက်ဝေ့ယမ်း ပြနေပါတယ်။
"မင်းတို့ ကျုံးကျိုး က နတ်ဘုရားလမ်းစဥ်ဂိုဏ်းရဲ့ ဘိုးဘေး ကို မြင်ဖူးကြလား "
လီချန်စန်းက ရုတ်တရက် ပြုံးပြီး မေးလိုက်ပါတယ်။
ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့တင်မကဘဲ ပိုင်လင်ယွဲ့တို့ အားလုံးရဲ့ အာရုံကပါ ရောက်ရှိလာပါတယ်။
တိထျန်း နဲ့ ပေတု ကျင့်ကြံရေးလောကထဲမှာ နတ်ဘုရားလမ်းစဥ်ဂိုဏ်း ဆိုတာ အလွန် ထင်ရှားကျော်ကြားတဲ့ ဂိုဏ်းကြီးပါ။
လီချန်စန်းက တတိယအဆောင်ရဲ့ လှေကို ကြည့်လိုက်ပြီး၊ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားတဲ့ စာပေပညာရှိ တစ်ယောက်ဆီ အကြည့်ရောက်သွားကာ
"ဖူယွမ်ကျူး ဒီဘက်လာပြီး စကားပြောရအောင်"
ဒီလူလား
အားလုံးက အဲဒီစာပေပညာရှိကို ဝိုင်းကြည့်လိုက်ကြပါတယ်။
ဖန့်ချန် တစ်ယောက်တည်းသာ လုံရို့ရဲ့ စကားကို သတိရသွားပါတယ်။
ဝိညာဉ်သုတ်သင်ရေးဌာန ရဲ့ အကြီးအကဲ ကလည်း စာပေပညာရှိတစ်ယောက်ပဲ လို့ သူမ ပြောခဲ့တာပါ။
အခန်း (၁၀၂၂) အဆင့် ၂ လွတ်လပ်သောမသေမျိုး
အားလုံးရဲ့ မျက်စိတစ်မှိတ်အတွင်းမှာတင် လီချန်စန်းရဲ့ ရှေ့မှာ စာပေပညာရှိတစ်ယောက် ရောက်ရှိနေပါပြီ။
စာပေပညာရှိဟာ ရုပ်ရည်ချောမောခန့်ညားပြီး လီချန်စန်းဘေးက ဝတ်စုံဖြူနဲ့ အမျိုးသမီးကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်
"ဂါရဝပြုပါတယ် သခင်မကြီး"
"ပညာရှိ ဖူ... ပြီးခဲ့တဲ့ရက်ပိုင်းက နဂါးချောက် ကို သွားခဲ့တယ်လို့ ကြားတယ် တတိယအဆောင်ရဲ့ နဂါးချောက်က စီးပွားရေးကိစ္စတွေကို သွားပြီး စီမံတာလား "
ဝတ်စုံဖြူနဲ့ အမျိုးသမီးက ပြုံးပြီး မေးပါတယ်။
ဖူယွမ်ကျူးက ပြုံးပြီး ခေါင်းခါပြတယ်
"ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု သွားရှင်းတာပါ"
"ဪ..."
အမျိုးသမီးက အဓိပ္ပာယ်ပါပါ ခေါင်းညိတ်ပြပြီး ဆက်မမေးတော့ပါဘူး။
"မင်းတို့နှစ်ယောက်က ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က တပည့်တွေမလား ပြီးခဲ့တဲ့ရက်ပိုင်းက လူတွေ မင်းတို့အကြောင်း ပြောနေကြတာ ခဏခဏ ကြားတယ်"
ဖူယွမ်ကျူးရဲ့ အကြည့်က ဖန့်ချန်နဲ့ ပိုင်ချင်းမင်ဆီ ရောက်လာပါတယ်။
"စီနီယာကို ဂါရဝပြုပါတယ်"
နှစ်ယောက်သား လက်အုပ်ချီ နှုတ်ဆက်လိုက်ကြပါတယ်။
ပိုင်ချင်းမင်ရဲ့ မျက်လုံးထဲမှာတော့ စူးစမ်းလိုစိတ်တွေ ပါဝင်နေပါတယ်။
သူက အရှေ့ကျွန်းစု ရှန်းယွဲ့ဝမ် ရဲ့ သား၊ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့်ဖြစ်ပေမဲ့ နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ဘိုးဘေးကို တစ်ခါမှ မမြင်ဖူးပါဘူး။
"နတ်ဘုရားလမ်းစဉ်ဂိုဏ်းရဲ့ ဘိုးဘေးကတောင် လုံမျိုးနွယ်စုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတော့၊ လီချန်စန်း တစ်ယောက် လုံမျိုးနွယ်စုဆီ အိမ်ထောင်ဖက်အဖြစ် ဝင်ရောက်တာကလည်း အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး"
ဖန့်ချန်က စိတ်ထဲကနေ တွေးတောနေပါတယ်။
"မင်းတို့အားလုံးက ဓားလမ်းစဉ် ပါရမီရှင်တွေပဲ၊ အခြေခံအမွေအနှစ်မှာတော့ ဒီက ဓားကျင့်ကြံသူတွေကို မမီနိုင်ပေမဲ့၊ ဓားနှလုံးသား ချောမွတ်အောင် လေ့ကျင့်မှုမှာတော့ သူတို့ကို အပြတ်အသတ် သာပါတယ်"
"ဒီတစ်ခါ ဓားသင်္ချိုင်းလှေကားထစ်မှာ လက်တွန့်မနေနဲ့၊ အစွမ်းကုန် ကြိုးစားကြ၊ လုံမျိုးနွယ်စုက မင်းတို့ရဲ့ ပါရမီကို မြင်သွားရင် မင်းတို့အတွက် အကျိုးရှိလိမ့်မယ်"
ဖူယွမ်ကျူးက အားလုံးကို အားပေးစကား ဆိုပါတယ်။
အဲဒီနောက် လီချန်စန်းနဲ့ စကားအနည်းငယ် ထပ်ပြောပြီး တတိယအဆောင်ရဲ့ မသေမျိုးလှေဆီ ပြန်သွားပါတော့တယ်။
သိပ်မကြာခင်မှာပဲ တတိယအဆောင်ရဲ့ လှေကလည်း အရှိန်မြှင့်ပြီး ပျောက်ကွယ်သွားပါတယ်။
စတုတ္ထအဆောင်ရဲ့ လှေကလည်း အခြေအနေကို ကြည့်ပြီး ချက်ချင်း အရှိန်မြှင့်ကာ အလင်းတန်းတစ်ခုအလား အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။
"အဘိုးကြီးလီ... အဲဒီ စီနီယာဖူက တာတောက်စာသင်ကျောင်း ရဲ့ ကျောင်းအုပ်ကြီးလား"
ဖန့်ချန်က မေးလိုက်ပါတယ်။
လီချန်စန်းက ခေါင်းအသာခါယမ်းတယ်
"တာတောက်စာသင်ကျောင်းရဲ့ ကျောင်းအုပ်က တခြားတစ်ယောက်ပါ ဒါပေမဲ့ ဖူယွမ်ကျူးက တာတောက်စာသင်ကျောင်းက ဆင်းသက်လာတာတော့ အမှန်ပဲ၊ ကျောင်းအုပ်တော့ တစ်ခါမှ မလုပ်ဖူးဘူး"
"သူ့ရဲ့ ပါရမီက အလွန်မြင့်မားတယ်၊ အသက်အရွယ်က ငါနဲ့ မတိမ်းမယိမ်းပဲ၊ လက်ရှိ ကျုံးကျိုးမှာ အငယ်ဆုံး ဘိုးဘေးတွေထဲက တစ်ယောက်လို့ ပြောလို့ရတယ်"
ခေတ္တမျှ ရပ်ပြီးနောက် သူက ဖန့်ချန်နဲ့ ပိုင်ချင်းမင်ကို ကြည့်ကာ ပြုံးလိုက်တယ်
"ငါတို့ လူငယ်ဘဝတုန်းက သူရယ်၊ ငါရယ်၊ ပြီးတော့ မင်းတို့ရဲ့ အဘိုးကြီး ဓားနတ်ဘုရားအိုကြီးရယ် သုံးယောက်ပေါင်းပြီး ချောင်ဖုန်းမှာ လှည့်လည်သွားလာခဲ့ကြဖူးတယ်၊ အဲဒီတုန်းက ငါတို့ရဲ့ ကျင့်ကြံမှုက မင်းတို့နဲ့ သိပ်မကွာပါဘူး"
အားလုံးက ရုတ်တရက် သတိပြုမိသွားကြပါတယ်။
လီချန်စန်းဟာ ဧကရာဇ်စာရင်း မှာ နံပါတ် ၁ ဖြစ်ပေမဲ့ တကယ်တမ်းတော့ သူက ဘိုးဘေးတွေထဲမှာ အသက်အငယ်ဆုံး တစ်ယောက် ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းက သာမန်ကျင့်ကြံသူတွေရဲ့ တစ်ဝက်ပဲ ရှိတာပါ။
အကယ်၍ ဖူယွမ်ကျူးရဲ့ အသက်က လီချန်စန်းနဲ့ မတိမ်းမယိမ်းဆိုရင် သူ့ကို ပါရမီ အလွန်ထူးကဲသူလို့ ခေါ်နိုင်ပါတယ်။
အဲဒီနောက်မှာတော့ အားလုံးက စကားမပြောကြတော့ဘဲ ငြိမ်သက်စွာ ပြင်ဆင်နေကြပြီး ကိုယ့်နေရာမှာကိုယ် တရားထိုင် ကျင့်ကြံနေကြပါတယ်။
"လီချန်စန်းရဲ့ ဇနီးက ဖူယွမ်ကျူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နဂါးချောက်ကို သွားခဲ့တယ်လို့ ပြောတယ်၊ အဲဒီအချိန်မှာပဲ ဝိညာဉ်သုတ်သင်ရေးဌာန အကြီးအကဲကလည်း ကိစ္စတစ်ခုနဲ့ အလုပ်များနေလို့ လီရှောင် ကို ကိုယ်တိုင် မလာနိုင်ခဲ့ဘူး..."
ဖန့်ချန်က စိတ်ထဲကနေ တွေးတောနေပါတယ်။
အချိန်ကာလ တိုက်ဆိုင်မှု ရှိမရှိ သေချာမသိရသေးပေမဲ့ ဖူယွမ်ကျူးဟာ ဝိညာဉ်သုတ်သင်ရေးဌာန အကြီးအကဲ ဖြစ်နိုင်ခြေကတော့ အရမ်းမြင့်မားနေပါတယ်။
တစ်ဖက်လူက လွတ်လပ်သောမသေမျိုး ဖြစ်သလို ဓားကျင့်ကြံသူလည်း မဟုတ်တာကြောင့် ချောင်ဖုန်းနယ်မြေမှာ လွတ်လပ်စွာ နေနိုင်ရမှာပါ။
လုံမျိုးနွယ်စုဆီမှာ ခိုကပ်ပြီး အလုပ်အကျွေး ပြုနေဖို့ မလိုပါဘူး။
ဒီနောက်ကွယ်မှာတော့ သာမန်လူတွေ မသိနိုင်တဲ့ ကြံစည်မှုတွေ ရှိနေနိုင်ပါတယ်။
နှစ်ပတ်ခန့် ကြာပြီးနောက်...
"မောင်ကြီး... ဒီနေ့ နေဝင်ချိန်ဆိုရင် ရောက်တော့မယ်၊ မောင်ကြီး စိုးရိမ်နေတဲ့ ကိစ္စကတော့ မဖြစ်လာဘူး ထင်တယ်နော်"
မသေမျိုးလှေရဲ့ အရှေ့မှာ ဝတ်စုံဖြူနဲ့ အမျိုးသမီးက လီချန်စန်းကို မှီပြီး တိုးတိုးလေး ပြောပါတယ်။
"ဖြစ်နိုင်ပါတယ်"
လီချန်စန်းက ပြုံးလိုက်တယ်
"ဘေးကင်းကင်းနဲ့ ရောက်သွားရင်တော့ အကောင်းဆုံးပေါ့"
စကားဆုံးတာနဲ့ လီချန်စန်းနဲ့ သူ့ဇနီးတို့ဟာ ရှေ့ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြပါတယ်။
တရားထိုင်နေတဲ့ ယန်ခုန်းတို့ အားလုံးဟာ ရုတ်တရက် ကြက်သီးမွေးညင်း ထသွားပြီး ဦးရေပြားတွေ ထုံကျင်သွားသလို ခံစားလိုက်ရပါတယ်။
ဒါက အန္တရာယ်တစ်ခု နီးကပ်လာတဲ့ လက္ခဏာပါ။
မသေမျိုးလှေရဲ့ အရှေ့တည့်တည့်မှာ ခန္ဓာကိုယ် ပိန်ခြောက်ခြောက်နဲ့ အဘိုးအိုတစ်ယောက်ဟာ လေထဲမှာ ရပ်နေပါတယ်။
သူ့ရဲ့ ကိုယ်လုံးက ရှည်လျားပြီး ပါးရိုးတွေက ထွက်နေကာ မျက်နှာက အရေပြားဟာ အရိုးမှာ ကပ်နေသလိုပါပဲ၊ အသားဆိုတာ မြူမှုန်လောက်တောင် မရှိသလိုပါပဲ။
ဖြူဖွေးနေတဲ့ ဆံပင်တွေက ပခုံးပေါ်မှာ ဖရိုဖရဲ ကျနေပြီး သူ့ရဲ့ အေးစက်တဲ့ အကြည့်တွေထဲမှာ ဘာခံစားချက်မှ မရှိပါဘူး။
အဘိုးအို ပေါ်လာပြီးတာနဲ့ ဘာမှမပြောဘဲ မသေမျိုးလှေဆီကို လက်ညှိုးနဲ့ အသာလေး တို့လိုက်ပါတယ်။
ခဏချင်းမှာတင် အဆုံးအစမရှိတဲ့ ဝိညာဉ်စွမ်းအား တွေက ရူးသွပ်စွာ ဝဲပျံလာပြီး မသေမျိုးလှေဟာ ပြင်းထန်တဲ့ လှိုင်းတံပိုးတွေနဲ့ တိုးသလိုမျိုး ထိန်းမရအောင် ယိမ်းထိုးလာပါတော့တယ်။
လီချန်စန်းက နှာမှုတ်လိုက်ပြီး သူ့ကိုယ်ပေါ်ကနေ ဝိညာဉ်စွမ်းအားနဲ့ လုံးဝမတူတဲ့ စွမ်းအားတစ်မျိုး ထွက်ပေါ်လာပါတယ်။
"ဒါက...မသေမျိုးစွမ်းအား လား"
ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
လွတ်လပ်သောမသေမျိုး အဆင့်ကို ရောက်သွားရင်တော့ သာမန်လူကနေ နတ်ဘုရားအဖြစ် ပြောင်းလဲသွားသလိုပါပဲ၊ အရင်က သိုင်းသမား နဲ့ ကျင့်ကြံသူကြားက ခြားနားချက်မျိုးပါ။
လွတ်လပ်သောမသေမျိုးတွေ ဘာလို့ အစွမ်းထက်တာလဲဆိုတော့ ဒီ မသေမျိုး စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိလို့ပဲ ဖြစ်နိုင်ပါတယ်။
မသေမျိုး စွမ်းအား ထွက်ပေါ်လာတာနဲ့ လှေဟာ လေငြိမ်ပုတီး ကို စားလိုက်ရသလိုမျိုး ပြင်းထန်တဲ့ မုန်တိုင်းကြားမှာ တဖြည်းဖြည်း တည်ငြိမ်သွားပါတယ်။
"မင်းက ဘယ်သူလဲ"
လီချန်စန်းရဲ့ မျက်လုံးထဲမှာ လျှပ်စစ်တန်းတွေ ထွက်ပေါ်နေသလိုမျိုး စိုက်ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ တစ်ဖက်လူက စကားပြောဖို့ လုံးဝ စိတ်မကူးပါဘူး။
လက်ကို နောက်တစ်ကြိမ် ထိုးလိုက်ပြန်ပါတယ်။
ဒီတစ်ခါတော့ တစ်ဖက်လူက ဝိညာဉ်စွမ်းအားကို သုံးတာ မဟုတ်တော့ပါဘူး။
ကြောက်မက်ဖွယ်ကောင်းတဲ့ မသေမျိုး စွမ်းအားတွေဟာ တောင်ပြိုသလို၊ ပင်လယ်လှိုင်းလုံးကြီးတွေလို အဟုန်ပြင်းစွာ ကျဆင်းလာပါတယ်။
လီချန်စန်းရဲ့ မသေမျိုး စွမ်းအားကတော့ တစ်ဖက်လူနဲ့ ယှဉ်လိုက်ရင် အများကြီး ကွာခြားနေပါတယ်။
"အဆင့် ၂ လွတ်လပ်သောမသေမျိုး "
ယန်ခုန်းရဲ့ မျက်နှာက ပျက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ပါတယ်။
"မဖြစ်နိုင်တာ... ဘာလို့ အဆင့် ၂ လွတ်လပ်သောမသေမျိုးက ငါတို့ကို လာတိုက်ခိုက်ရတာလဲ "
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကြောက်လန့်ကုန်ကြပါတယ်။
အဆင့် ၂ လွတ်လပ်သောမသေမျိုး ဆိုတာ အဘိုးကြီးလီ ထက်တောင် အများကြီး ပိုပြီး အစွမ်းထက်တာ မဟုတ်လား
ဒီနေရာမှာ ဓားကျင့်ကြံသူတွေ ဘာလို့ အဆင့်အတန်း မရှိတာလဲဆိုတာ သူတို့ သိထားပြီးသားပါ။
ဘာလို့လဲဆိုတော့ ချောင်ဖုန်းမှာဖြစ်စေ၊ နဂါးချောက်မှာဖြစ်စေ၊ တခြားနေရာတွေမှာဖြစ်စေ ဓားကျင့်ကြံသူတွေဟာ အဆင့် ၂ ကို တက်လှမ်းနိုင်သူ မရှိပါဘူး။
အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူက လီချန်စန်းလိုပဲ အဆင့် ၁ မှာတင် ရပ်တန့်နေခဲ့တာပါ။
ဒီအဆင့်မှာတော့ လီချန်စန်းဟာ အဆင့် ၁ တွေထဲမှာ တိုက်ခိုက်ရေးစွမ်းအား အတော်ဆုံး ဖြစ်နေရင်တောင် အဆင့် ၂ နဲ့တော့ ယှဉ်ပြိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ လီချန်စန်းရဲ့ တောင်ကိုဖြတ်၊ ပင်လယ်ကိုလောင်ကျွမ်းစေနိုင်တဲ့ ဓားချက်ကို အဘိုးအိုက အလွယ်တကူပဲ ခြေဖျက်လိုက်နိုင်ပါတယ်။
သွားပြီ
အားလုံးရဲ့ နှလုံးသားတွေ လေးလံသွားပြီး ရှေ့က မြင်ကွင်းကို ကြောင်ကြည့်နေကြပါတယ်။
အကယ်၍ လီချန်စန်းသာ ရှုံးနိမ့်သွားရင် ဒီနေ့ သူတို့အားလုံး အသက်ပျောက်ကြရတော့မှာပါ။
"လီချန်စန်းရဲ့ စရိုက်အရဆိုရင် ကြိုတင်ကာကွယ်မှု မရှိဘဲ မနေပါဘူး၊ မဟုတ်ရင် သူ လုံမျိုးနွယ်စုမှာ ဒီလောက်နှစ်အကြာကြီး ဘယ်နေနိုင်ပါ့မလဲ"
ဖန့်ချန်ကတော့ ယန်ခုန်းတို့လို အလွန်အမင်း စိုးရိမ်မနေပါဘူး။
"တကယ်ပဲ အသည်းကြီးလှချည်လား၊ လုံမျိုးနွယ်စုက လူကိုတောင် ထိရဲတယ်ဆိုတော့... မင်းတို့လို လွတ်လပ်သောကျင့်ကြံသူ တွေကတော့ တကယ့်ကို ဥပဒေမဲ့နေကြပြီပဲ"
အဘိုးအိုက အားလုံးကို အပြီးသတ် သတ်ဖြတ်ဖို့ ပြင်နေတုန်းမှာပဲ ဟင်းလင်းပြင်ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာပါတယ်။
သူကလည်း အဘိုးအို တစ်ယောက်ပါပဲ၊ ဒါပေမဲ့ မျက်နှာက နီမြန်းပြီး ခန့်ညားထည်ဝါတဲ့ အရှိန်အဝါ ရှိပါတယ်။
သူ ပေါ်လာတာနဲ့ လက်ဝါးတစ်ချက် ရိုက်လိုက်ပါတယ်။
ဒုန်း
ကြောက်မက်ဖွယ် မသေမျိုး စွမ်းအားတွေဟာ လေထဲမှာ ပေါက်ကွဲသွားပါတယ်။
အကယ်၍ လှေကို လီချန်စန်းက အကာအကွယ် မပေးထားရင် ဖန့်ချန်တို့ အားလုံးဟာ အဲဒီစွမ်းအားရဲ့ ရိုက်ခတ်မှုကြောင့် အမှုန့်ဖြစ်သွားမှာ သေချာပါတယ်။
ပိန်ခြောက်ခြောက် အဘိုးအိုရဲ့ မျက်နှာ ပျက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ဆုံးဖြတ်ချက်ချကာ လှည့်ပြေးပါတော့တယ်။
တိုက်ခိုက်ဖို့ လုံးဝ စိတ်မကူးတော့ပါဘူး။
အသက်အန္တရာယ်ဟာ ဒီလိုပဲ အလွယ်တကူ ပြေလည်သွားပါတယ်။
အားလုံးက ခုနက အခြေအနေကနေ သတိမဝင်သေးခင်မှာပဲ လီချန်စန်းက သူ့ဇနီးကိုခေါ်ပြီး အဘိုးအိုဆီ သွားကာ လက်အုပ်ချီ ဂါရဝပြုလိုက်တယ်
"အဘိုးကြီး ကူညီပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ "
အဘိုးအိုက ပြုံးလိုက်ပြီး လက်ဖြန့်လိုက်တယ်
"မသေမျိုးကျောက်တုံး ရော"
လီချန်စန်းက ချက်ချင်းပဲ မသေမျိုးကျောက်တုံး ၃ တုံး ထုတ်ပြီး ပေးလိုက်ပါတယ်။
အဘိုးအိုက သိမ်းလိုက်ပြီး ဘာမှ ထပ်မပြောဘဲ ကိုယ်ယောင်ဖျောက် ပျောက်ကွယ်သွားပါတော့တယ်။
ဒါကို မြင်တော့ အားလုံး သဘောပေါက်သွားကြပါတယ်။
လီချန်စန်းက အဆင့် ၂ လွတ်လပ်သောမသေမျိုး တစ်ယောက်ကို အစောင့်အရှောက်အဖြစ် ကြိုတင် ဖိတ်ခေါ်ထားခဲ့တာကိုး
"မသေမျိုးကျောက်တုံး ၃ တုံး... နည်းတဲ့ ပမာဏတော့ မဟုတ်ဘူးပဲ"
ဖန့်ချန်က စဉ်းစားနေပါတယ်။