← Chapters

အခန်း (၁၀၃၃-၁၀၃၄)

Vol. 104 Ch. 1033-1034

အခန်း (၁၀၃၃-၁၀၃၄)

Vol. 104 Ch. 1033-1034

အခန်း (၁၀၃၃) မင်းတို့ရဲ့ အသက်ရှူသံကို ငါကြားနေရတယ်

​အဲဒီ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ အုပ်စုဟာ မှင်တက်သွားကြပြီး မျက်နှာတွေက အရမ်းကို ကြည့်ရဆိုးသွားပါတယ်။

အခုအချိန်မှာ သူတို့အတွက်က ရှေ့တိုးဖို့ကော နောက်ဆုတ်ဖို့ကော မလွယ်တော့တာကြောင့် သွားကြိတ်ပြီး အတင်းတိုးတိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။

​ဖန့်ချန်က လက်တစ်ဖက်နဲ့ နွယ်ပင်ကို မြဲမြဲဆုပ်ကိုင်ထားပြီး ပါးစပ်ထဲက ဓားရှည်ကို လက်ထဲပြောင်းကိုင်လိုက်ပါတယ်။

အဲဒီနောက် ကိုယ်ကို အရှိန်ပြင်းပြင်း လွှဲလိုက်ပြီး အရှိန်အဟုန်ကို သုံးကာ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကြားထဲမှာ ဟိုဟိုဒီဒီ ဖြတ်သန်းသွားပါတယ်။

​ဓားတစ်ချက် ထုတ်လိုက်တိုင်း လူတစ်ယောက်က အော်ဟစ်ကာ ပြုတ်ကျသွားပြီး မြေပြင်ပေါ်မှာ အသားစတုံးအဖြစ် ပြောင်းလဲသွားပါတယ်။

​စက္ကန့်အနည်းငယ်အတွင်းမှာတင် ဖန့်ချန်ကို တားဆီးဖို့ ဆင်းလာတဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ အားလုံး ပြုတ်ကျသေဆုံးကုန်ပါပြီ။

​ဖန့်ချန်က ဓားပေါ်က သွေးစွန်းတွေကို ဂရုမစိုက်ဘဲ ဓားရှည်ကို ပါးစပ်နဲ့ ပြန်ကိုက်ကာ အပေါ်ကို ဆက်တက်ပါတယ်။

​စုန်းစုစု ရဲ့ မျက်နှာက အရမ်းကို ကြည့်ရဆိုးနေပြီး စုန်းယိ နဲ့ တခြားလူတွေကတော့ ဒီအချိန်မှာ သူမရဲ့ ဒေါသနဲ့ မတိုးမိအောင် ဘယ်သူမှ စကားမဟရဲကြပါဘူး။

​အချိန်အနည်းငယ်အတွင်းမှာတင် စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူ ဒါဇင်နဲ့ချီ သေဆုံးသွားပါပြီ။

တကယ်လို့ ဒီဓားကျင့်ကြံသူတွေသာ အပေါ်ကိုပဲ အာရုံစိုက်တက်မယ်ဆိုရင် အနည်းဆုံးတော့ အဆင့် ၆၀ လောက်အထိ ရောက်နိုင်ကြမှာပါ။

​"ငါတို့... အပေါ်ကိုပဲ ဆက်တက်ကြမလား"

​အောက်ကို ငုံ့ကြည့်နေတဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ တစ်ယောက်က ဆက်တက်ဖို့ အကြံပြုတာကို အားလုံးက သဘောတူလိုက်ကြပါတယ်။

​သူတို့တွေဟာ ကိုယ့်အသက်ကို ဒီနေရာမှာ အလဟသ အဆုံးမခံချင်ကြတော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက ထိပ်ဆုံးရောက်ဖို့ မဖြစ်နိုင်တာကြောင့် ဂရုမစိုက်တာကပဲ အကောင်းဆုံးပါ။

​တတိယအဆောင်ရဲ့ မသေမျိုးလှေပေါ်မှာတော့ သျှောင်နတ်နဂါးမလေး က ဒါကို မြင်တဲ့အခါ ခပ်ဖွဖွ ပြုံးလိုက်ပြီး

​"သူ့ရဲ့ ဆရာသခင် လီကျန်းနျန် ရဲ့ မျက်နှာကို တကယ်ပဲ အပျက်မခံဘူးပဲ"

​တတိယအဆောင်က လွတ်လပ်သောမသေမျိုးတွေကလည်း လိုက်ပြီး ပြုံးပြကြပေမဲ့ စိတ်ထဲမှာတော့ သိပ်ပြီး အရေးမထားကြပါဘူး။

​သူတို့ ပိုပြီး အလေးထားတာက ဖုတုန်းဟိုင် တို့လို လူတွေကိုပါ။

ဒါတွေကမှ လုံမျိုးနွယ်စုရဲ့ ဒီလောင်းကြေးပွဲမှာ အကြီးမားဆုံး အားကိုးရာတွေ မဟုတ်လား။

​ဖန့်ချန် ပထမအဆင့် လှေကားထစ်ကို ရောက်တဲ့အချိန်မှာ ဖုတုန်းဟိုင် တို့ကတော့ တတိယအဆင့် လှေကားထစ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ။

​ကြီးမားလှတဲ့ လှေကားထစ်ပေါ်မှာတော့ ဖန့်ချန်တစ်ယောက်တည်းကလွဲလို့ တခြား ဘယ်သူမှ မရှိဘဲ ဟောင်းလောင်းကြီး ဖြစ်နေပါတယ်။

​"ခြေလှမ်းတွေက အနည်းငယ် လေးလာသလိုပဲ"

​ဖန့်ချန်က ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို တိတ်တဆိတ် ခံစားကြည့်ပါတယ်။

​လေဟာနယ်ထဲမှာတော့ မမြင်ရတဲ့ ဖိအားတစ်ခုက သူ့အပေါ် ကျရောက်နေသလိုပါပဲ။

​ကံကောင်းတာက ဒီဖိအားက သိပ်မပြင်းထန်သေးတာကြောင့် လောလောဆယ် သူ့အတွက် အဟန့်အတား မဖြစ်သေးပါဘူး။

ဖန့်ချန်က ဒုတိယအဆင့် လှေကားထစ်ဆီကို ဆက်တက်သွားပါတယ်။

​သူ ဒုတိယအဆင့် လှေကားထစ်ကို ရောက်တဲ့အခါမှာလည်း ဘယ်သူမှ မရှိပါဘူး။

လူတိုင်းက တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်ကို ရောက်နေကြပါပြီ။

​စတုတ္ထအဆင့် လှေကားထစ်မှာ ရှိနေတဲ့ ဖုတုန်းဟိုင် က အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်တဲ့အခါ ဖန့်ချန် တစ်ယောက်တည်း ဒုတိယအဆင့်မှာ ရပ်နေတာကို မြင်ပြီး ပြုံးလိုက်ပါတယ်။

​"စီနီယာအစ်ကို... အစ်ကို ခုနက လုပ်လိုက်တာက လုံရို့ လေးကို စိတ်ဆိုးအောင် လုပ်လိုက်သလို ဖြစ်နေပြီ"

​ကျန်းကောင်းထျန်း က ဖုတုန်းဟိုင် ရဲ့ ဘေးကို လျှောက်လာပြီး ခပ်တိုးတိုး ပြောပါတယ်။

​"ကိစ္စမရှိပါဘူး၊ ဒုတိယအဆောင်မှာ သခင်လေးတွေ၊ သခင်မလေးတွေ အများကြီး ရှိတာပဲ ငါသာ ဒီတစ်ခါ ထိပ်ဆုံးရောက်သွားရင် သူမ တစ်ယောက်တည်းကို စိတ်ဆိုးအောင် လုပ်မိတာက ဘာဖြစ်မှာလဲ"

​ဖုတုန်းဟိုင် က လက်လှမ်းမမီနိုင်တဲ့ ဟင်းလင်းပြင်ကြီးကို လှမ်းကြည့်လိုက်ပါတယ်။

ဓားသင်္ချိုင်းလှေကားထစ်ရဲ့ အဆုံးသတ်က သူ့ကို လက်ယပ်ခေါ်နေသလိုပါပဲ။

​"ငါတို့ ဓားကျင့်ကြံသူတွေဆိုတာ လုံမျိုးနွယ်စုရဲ့ လက်ထဲက ဓားတွေပဲ ဒီဓားကသာ လုံလောက်အောင် ထက်မြက်နေမယ်ဆိုရင် သူတို့ ငါတို့ကို အသာတကြည် ပစ်ထားမှာ မဟုတ်ဘူး"

​ဖုတုန်းဟိုင် က ပြောပြီးတာနဲ့ ပဉ္စမအဆင့် လှေကားထစ်ဆီ သွားတဲ့ နွယ်ပင်တွေဆီ လျှောက်သွားပါတယ်။

​ထိပ်ဆုံးရောက်ရင် ဓားကျမ်းတစ်စောင် ရမယ်။

​အဲဒါက လုံမျိုးနွယ်စုမှာ ရှိပြီးသား ဓားကျမ်း ၃၆ စောင်ထဲက တစ်စောင် မဟုတ်ဘူးဆိုရင် သူဟာ နောက်ပိုင်းမှာ လီချန်စန်း တို့၊ ကျူးယွမ်ချန်း တို့လို ဓားကျင့်ကြံသူမျိုး ဖြစ်လာမှာပါ။

သူ့ရဲ့ အဆင့်အတန်းကလည်း နိမ့်ကျမှာ မဟုတ်တော့ပါဘူး

​တကယ်လို့ ဓားကျမ်းကို မရနိုင်ခဲ့ရင်တောင် ထိပ်ဆုံးရောက်တာက သူ့ရဲ့ ဓားလမ်းစဉ် ပါရမီဟာ ထူးခြားပြောင်မြောက်ကြောင်း သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

အဲဒီအချိန်ကျရင် လုံမျိုးနွယ်စုက သူ့ကို အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးမှာ အသေအချာပါပဲ။

​ကိုယ့်ရဲ့ လက်အောက်မှာ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ တစ်ယောက် တိုးလာမှာကို ဘယ်သူက မလိုချင်ဘဲ နေမလဲ

​လုံရို့ လို မိန်းကလေးမျိုးကတော့ ဂရုစိုက်နေစရာ မလိုပါဘူး။

​အချိန်တွေ တဖြည်းဖြတ် ကုန်ဆုံးသွားပြီး နာရီအနည်းငယ်အကြာမှာတော့ လူအချို့ဟာ အဆင့် ၁၇ လှေကားထစ်ကို ရောက်နေကြပါပြီ။

​သူတို့တွေက လောင်းကစားဒိုင်တွေမှာ ရေပန်းစားနေသူတွေ ဖြစ်တာကြောင့် ဒီလောက်မြန်မြန် တက်နိုင်တာက လူတိုင်း ခန့်မှန်းထားတဲ့အတိုင်းပါပဲ။

​ဒါပေမဲ့ ဒီထဲမှာ မျှော်လင့်မထားတဲ့ လူအချို့လည်း ပါလာပါတယ်။

​"လုံမျိုးနွယ်စု ပထမအဆောင်က သမက် ခေါ်လာတဲ့ ဓားကျင့်ကြံသူလည်း မဆိုးဘူးပဲ၊ နာမည်က ဘယ်သူပါလိမ့် ယန်ခုန်း ဟုတ်လား "

​"သူ့ရဲ့ အဆပေါင်း တွေ ကျလာပြီဟ ဒီအချိန်မှာ အခွင့်ကောင်းယူပြီး နည်းနည်းလောက် လောင်းထားရင် မကောင်းဘူးလား"

​"နောက်တစ်ယောက်လည်း မဆိုးဘူး အဆင့် ၁၆ ကို ရောက်နေပြီ သူ့ကို လောင်းလိုက်ပါ၊ ပေါက်ရင် အများကြီး ရမယ်"

​"ရှုံးရင်လည်း နာမှာပေါ့၊ မင်းပဲ လောင်းတော့၊ ငါကတော့ သေချာတဲ့လူကိုပဲ ရွေးမယ်"

​ယန်ခုန်း က အမောတကော အသက်ရှူရင်း အားပြန်ဖြည့်ဖို့ အချိန်ကို အလဟသ အဆုံးမခံရဲပါဘူး။

ဒီအချိန်မှာ သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ပိုင်ချင်းမင် နဲ့ ဖန့်ချန် တို့ကို တွေ့လိုက်ရပါတယ်။

​ဖန့်ချန်ကို ထားလိုက်ပါဦး၊ အခု ပိုင်ချင်းမင် တောင် အဆင့် ၁၆ မှာ နားနေတုန်းပါ။

သူ့မျက်လုံးထဲမှာတော့ အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီးနောက် ကောင်းကင်ယံကို မော့ကြည့်လိုက်ပါတယ်။

​အဲဒီဘက်က ပထမအဆောင်ရဲ့ မသေမျိုးလှေ ရှိတဲ့ ဘက်ပါ။

​"ဆရာက ဖန့်ချန်ကို အထင်ကြီးနေပေမဲ့၊ ဒီနေ့အတွက် ငါ ဘယ်လောက်အထိ ပြင်ဆင်ခဲ့ရလဲဆိုတာ သူ မသိဘူး"

​ယန်ခုန်း က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အဆင့် ၁၈ လှေကားထစ်ဆီ သွားတဲ့ နွယ်ပင်ဆီကို လျှောက်သွားပါတယ်။

​......

​......

​တဖြည်းဖြည်းနဲ့ ဖန့်ချန်ရဲ့ အရှိန်က စုန်းမျိုးနွယ်စုနဲ့ လုံမျိုးနွယ်စုက ဓားကျင့်ကြံသူ အတော်များများကို မှီလာပါတယ်။

​သူတို့တွေက ဖန့်ချန် သူတို့ကို မှီလာတာကို မြင်တော့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။

တစ်ဖက်လူက နောက်ကျမှ ထွက်လာတာဖြစ်သလို လမ်းမှာလည်း ဝိုင်းတိုက်တာကို နှစ်ကြိမ်တောင် ကြုံခဲ့ရတာပါ။

အခုတော့ သူတို့နဲ့ တစ်နေရာတည်း ရောက်နေပြီဆိုတာက သူတို့ဟာ ဒီကလေးကို မမီဘူးဆိုတာ သွယ်ဝိုက်ပြီး သက်သေပြနေသလိုပါပဲ။

​"သူ့ကို အပေါ် ဆက်တက်ခွင့် မပေးနဲ့တော့"

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ဖန့်ချန် နားနေတာကို မြင်တော့ ချက်ချင်း ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံကျယ်ကျယ်နဲ့ ပြောလိုက်ပါတယ်

​"ဒီကောင် ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးကို သတ်ခဲ့တာ၊ အခု မရှင်းပစ်ရင် နောက်မှ နောင်တရနေမှာလား"

​နားနေကြတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

သူတို့ရဲ့ အမူအရာက ထူးဆန်းနေပေမဲ့ ဘယ်သူမှ ဝင်မပြောကြပါဘူး။

​သူတို့က ထိပ်ဆုံးရောက်ဖို့ပဲ စိတ်ဝင်စားကြပြီး ဒီလိုကိစ္စတွေမှာ ဝင်မပါချင်ကြပါဘူး။

အားအင်တွေကို နောက်ဆုံးအထိ ချန်ထားချင်ကြတာပါ။

​ဒီနေ့ ဓားကျင့်ကြံသူ တစ်ထောင်ကျော် ရှိတဲ့အနက် အခု သူတို့ရဲ့ အထက်မှာ ခုနစ်ရာ၊ ရှစ်ရာလောက် ရှိနေတာမို့ နောက်ကနေ ပြတ်ကျမကျန်ခဲ့ဖို့ပဲ အာရုံစိုက်နေကြပါတယ်။

​"ငါတို့ ဒီကိစ္စမှာ ဝင်မပါဘူး"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်ကာ အပေါ်ကို ဆက်တက်ဖို့ ပြင်ပါတယ်။

ကျန်တဲ့လူတွေလည်း ဒါကို မြင်တော့ အားလုံး ထရပ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ ပြင်ကြပါတယ်။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေအတွက်တော့ နောက်ဆံအေးသွားပါပြီ။

သူတို့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို သားကောင်ကို ချောင်းနေတဲ့ ကျားတွေ၊ ဝံပုလွေတွေလိုမျိုး ရက်စက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေကြပါတယ်။

​"အခု သူက ငါတို့လိုပဲ သာမန်လူ ခန္ဓာကိုယ်ပဲ ရှိတော့တာ၊ ပြီးတော့ သူက မျက်စိမမြင်တဲ့ လူကန်းတစ်ယောက်ပဲ အခု အားအင်တွေလည်း တော်တော် ကုန်နေလောက်ပြီ၊ သူ့မှာ ဘာလက်နက်မှ ကျန်တော့မှာ မဟုတ်ဘူး"

​"ဟုတ်တယ်၊ ငါတို့ အားလုံး အတူတူ တိုက်ခိုက်ရင် ရှုံးစရာ အကြောင်းမရှိဘူး"

​သူတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောနေကြသလိုပါပဲ။

မကြာခင်မှာပဲ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ တစ်ရာကျော် ထရပ်လိုက်ပြီး ဖန့်ချန်ဆီကို တန်းစီလျှောက်သွားကြပါတယ်။

​"သွားပြီ..."

​တုန်းဖန်းဟောက်ကျဲ က အရမ်းကို စိုးရိမ်နေပါပြီ

"ဖန့်ချန်အစ်ကိုက အခု သာမန်လူ ဖြစ်နေတာ၊ သူ့ရဲ့ ကြံ့ခိုင်မှုက ဘယ်လောက်ပဲ ကောင်းကောင်း လူတစ်ရာကျော် ဝိုင်းတိုက်တာကိုတော့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး"

​လုံဝူ က သက်ပြင်းတစ်ချက် ချလိုက်တယ်

"ဒါက သူ့ရဲ့ ကံကြမ္မာပဲ ဒါပေမဲ့ ပထမအဆောင်ဘက်မှာတော့ အခွင့်အရေး ရှိပါသေးတယ် ယန်ခုန်း ရဲ့ အရှိန်က ဖုတုန်းဟိုင် တို့နဲ့ မတိမ်းမယိမ်းပဲ"

​"ယန်ခုန်း က လူယုတ်မာပဲ၊ သူသာ ထိပ်ဆုံးရောက်သွားရင် လူယုတ်မာတွေ အောင်ပွဲခံသလို ဖြစ်မှာပေါ့"

​တုန်းဖန်းဟောက်ကျဲ က နှာခေါင်းရှုံ့လိုက်ပါတယ်။

ဖန့်ချန် ဝိုင်းထားခံရတာကို မြင်တော့ သူလည်း ဘာမှ ထပ်မပြောတော့ဘဲ ဒီမြင်ကွင်းကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတော့တယ်။

​"မျက်စိမမြင်တဲ့ကောင်... မင်း အနားယူလို့ ဝပြီလား မင်း အခု ကိုယ့်ဘာသာကိုယ် အောက်ကို ပြန်ဆင်းသွားရင် ငါတို့ မင်းကို လက်ဖျားနဲ့တောင် မတို့ဘူး"

​"ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲပြီးရင် ယွင်လူမြို့ကလူက မင်းကို အပြစ်ပေးမှာပဲ"

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ဖန့်ချန်က ရယ်လိုက်ပြီး

"ငါ ခုနက အနားယူနေတာ မဟုတ်ဘူး"

​"အနားယူနေတာ မဟုတ်ဘူး ဒါဆို ဘာလုပ်နေတာလဲ"

​"ငါက မင်းတို့ရဲ့ အသက်ရှူသံကို နားထောင်ပြီး မင်းတို့ ဘယ်နှယောက် ရှိလဲဆိုတာကို ရေတွက်နေတာ"

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ အံ့သြသွားကြပါတယ်။

သူတို့ သတိမဝင်ခင်မှာပဲ ဖန့်ချန်က ဓားကို ဆွဲပြီး သူတို့ဆီ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။

သူ့နဲ့ အနီးဆုံးမှာ ရှိတဲ့ ဓားကျင့်ကြံသူဆိုရင် ဓားတောင် မထုတ်ရသေးဘူး၊ သူ့ရဲ့ ခေါင်းက ပုခုံးပေါ်ကနေ လျောကျသွားပါပြီ။

​တစ်ဖက်လူက အရင် စတိုက်တာလား

​သူတို့တွေဟာ ဒေါသတကြီးနဲ့ အော်ဟစ်ကာ ဖန့်ချန်ဆီကို ဝိုင်းအုံ ပြေးဝင်သွားကြပါတော့တယ်။

​အခန်း (၁၀၃၄) အားလုံးပဲ... ထွက်သွားဖို့ မလောကြပါနဲ့ဦး

​ဒါဟာ အရမ်းကို ရှုပ်ထွေးလှတဲ့ တိုက်ပွဲတစ်ခုပါ။

အော်ဟစ်သံတွေ၊ ဟိန်းဟောက်သံတွေနဲ့အတူ ဓားအလင်းတန်းတွေ ထွက်ပေါ်လာပြီး ခဏချင်းမှာတင် မြေပြင်ပေါ်မှာ သွေးတွေ အိုင်ထွန်းနေပါပြီ။

​အချို့က သွေးတွေကြောင့် ချော်လဲကုန်ကြပြီး အချို့ကတော့ မတ်တတ်တောင် မရပ်နိုင်ကြပါဘူး။

​ဘက်ပေါင်းစုံကနေ ဒီတိုက်ပွဲကို ကြည့်နေကြသူတွေဟာ တဖြည်းဖြည်းနဲ့ အမှန်တရားတစ်ခုကို သဘောပေါက်လာကြပါတယ်။

စုန်းမျိုးနွယ်စုက ဒီဓားကျင့်ကြံသူတွေဟာ လူသာမန် ဖြစ်သွားတဲ့အခါ သူတို့ရဲ့ ဓားကွက်တွေက အရမ်းကို နုနယ်လွန်းနေတာပါ။

ဒါဟာ ဒီလိုအခြေအနေမျိုးမှာ တိုက်ခိုက်ရတဲ့ အတွေ့အကြုံ မရှိတာကြောင့် ဖြစ်မှာ အသေအချာပါပဲ။

​ဖန့်ချန်ကတော့ ဆန့်ကျင်ဘက်ပါပဲ။

သူ့ရဲ့ ဓားချက်တိုင်းမှာ ထူးခြားတဲ့ အနှစ်သာရတွေ ပါဝင်နေပြီး အင်အားအနည်းဆုံး သုံးကာ အထိရောက်ဆုံး သတ်ဖြတ်နိုင်စွမ်း ရှိနေပါတယ်။

​ဒီလို အတွေ့အကြုံမျိုးဟာ တစ်ရက်၊ နှစ်ရက်နဲ့ ရနိုင်တာ မဟုတ်ပါဘူး။

အနည်းဆုံးတော့ နှစ်ပေါင်းများစွာ သတ်ဖြတ်ခြင်းတွေကို ဖြတ်သန်းလာမှသာ အခြေခံကို ရနိုင်တာမျိုးပါ။

​"ဒီကလေးက ဘယ်နှနှစ်ကတည်းက စပြီး ကျင့်ကြံခဲ့တာလဲ"

​ချန်ချင်းထိုက် တို့က လီချန်စန်း ကို အံ့သြတကြီး ကြည့်ပြီး မေးလိုက်ကြပါတယ်။

​"အတိအကျတော့ မသိဘူး၊ ဒါပေမဲ့ သူ ကျင့်ကြံခြင်းလောကထဲ မဝင်ခင်ကတည်းက စစ်မြေပြင်တွေမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးတယ်လို့ ငါသိထားတယ် ဒီသတ်ကွက်တွေက စစ်မြေပြင်ကနေ ရလာတာ ဖြစ်နိုင်တယ်"

​လီချန်စန်း က ပြုံးပြီး ပြောလိုက်ပါတယ်။

​အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာတွေက ထူးဆန်းနေပါတယ်။

​အရင်တုန်းက သူတို့တွေဟာ သာမန်လူတွေထဲက ပါရမီရှင်တွေကို ရွေးထုတ်ပြီး ဒီဓားသင်္ချိုင်းလှေကားထစ်ကို တက်ခိုင်းဖို့ မစဉ်းစားခဲ့ဖူးတာ မဟုတ်ပါဘူး။

​တကယ်လည်း အောင်မြင်မှုအချို့ ရခဲ့ပါတယ်။

အဲဒီသာမန်လူတွေဟာ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့ခြင်း မရှိသလို တိုက်ပွဲအတွေ့အကြုံကလည်း အရမ်းကို ပြည့်စုံလှပါတယ်။

​တကယ်တမ်း ထိပ်ဆုံးကို ရောက်သွားတဲ့ သာမန်လူတောင် ရှိခဲ့ဖူးပါတယ်။

​ဒါပေမဲ့... သူတို့ထဲက အများစုဟာ ဓားကျမ်းကို မရရှိခဲ့ကြပါဘူး။

အကြောင်းကတော့ သူတို့မှာ ကျင့်ကြံဖို့ ပါရမီ မရှိတာကြောင့်ပါ။

​အဲဒီနောက်ပိုင်းမှာတော့ အဖွဲ့အစည်းအသီးသီးက ဒါကို လက်လျှော့လိုက်ကြပါတယ်။

သာမန်လူတွေထဲကနေ လိုက်ရွေးနေရတာက အချိန်ကုန်သလို ထိုက်တန်တဲ့ ရလဒ်လည်း မရနိုင်တာကြောင့်ပါ။

​ဖန့်ချန်လိုမျိုး သာမန်လူဘဝမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး ကျင့်ကြံရေးပါရမီလည်း ရှိသလို ဓားကျင့်ကြံသူ အစစ်အမှန်လည်း ဖြစ်နေတဲ့သူမျိုးကတော့ အလွန်တရာ ရှားပါးလှပါတယ်။

ပုံမှန်ဆိုရင် ဘယ်လိုမှ ရှာမတွေ့နိုင်ပါဘူး။

​၁၅ မိနစ် ခန့် ကြာတဲ့အခါ။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူအချို့ဟာ ကိုယ်ကိုလှည့်ပြီး နွယ်ပင်တွေဆီ ပြေးသွားကာ အပေါ်ကို ကုတ်ကတ်တက်နေကြပါပြီ။

သူတို့မျက်နှာတွေက အရမ်းကို ထိတ်လန့်နေပြီး ခန္ဓာကိုယ်တွေကလည်း တုန်ယင်နေပါတယ်။

​သူတို့ရဲ့ နောက်ကွယ်မှာတော့ မရေမတွက်နိုင်တဲ့ အလောင်းတွေ လဲလျောင်းနေပါတယ်။

ဒါတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပေမဲ့ အခုတော့ အသက်ရှင်သူနဲ့ သေသူအဖြစ် ကွဲပြားသွားပါပြီ။

​"အားလုံးပဲ... ထွက်သွားဖို့ မလောကြပါနဲ့ဦး"

​နောက်ဘက်ကနေ ရယ်မောသံတစ်ခု ထွက်ပေါ်လာပါတယ်။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက် ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဝိညာဉ်ပါ လွင့်ထွက်မတတ် ထိတ်လန့်သွားပါတယ်။

သွေးတွေ ရွှဲနစ်နေတဲ့ လူရိပ်တစ်ခုဟာ သူ့ဆီကို တက်လာနေတာပါ။

မျက်နှာပေါ်က အပြုံးက နွေးထွေးနေပေမဲ့ သူ့အတွက်တော့ အရမ်းကို ကြောက်စရာ ကောင်းလှပါတယ်။

​"မလာနဲ့ ငါ့နား မလာနဲ့ဦး"

​သူက ထိတ်လန့်တကြီး အော်ဟစ်လိုက်ပါတယ်။

ကြောက်လေလေ လက်တွေက မမြဲလေလေ ဖြစ်လာပြီး နောက်ဆုံးမှာတော့ နွယ်ပင်ကို မဖမ်းနိုင်တော့ဘဲ အောက်ကို ပြုတ်ကျသွားပါတယ်။

​ပြုတ်ကျနေတုန်းမှာ ဖန့်ချန်ကို လှမ်းဆွဲဖို့ ကြိုးစားခဲ့သေးပေမဲ့ အကွာအဝေးကြောင့် မမီဘဲ အော်ဟစ်ရင်း မြေပြင်ပေါ်မှာ အသားစတုံးအဖြစ် ပြောင်းလဲသွားပါတယ်။

​ဖန့်ချန်က စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မှီပြီး အောက်ကို ကန်ချတာဖြစ်ဖြစ်၊ ဓားနဲ့ ထိုးသတ်တာဖြစ်ဖြစ် လုပ်လိုက်ပါတယ်။

​ဒီဓားကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုဟာ အပြင်လောကမှာဆိုရင် ဖန့်ချန်ထက် မြင့်ကြပါတယ်။

ဝိညဥ်ခွဲဖြာခြင်းအဆင့်တွေ၊ ပေါင်းစပ်ခြင်းအဆင့်တွေနဲ့ အထက်အဆင့် ၃ ဆင့် ထဲက လူတွေတောင် ပါပါတယ်။

​အခုတော့ အားလုံးဟာ တန်းတူရည်တူ ဖြစ်သွားပြီး တူညီတဲ့ နိဂုံးကိုပဲ ရရှိကြပါတယ်။

​ဝိညာဥ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူတွေသာလျှင် သူတို့ရဲ့ ဝိညာဉ်ခွဲ ကြောင့် အသက်အစစ်ကို ဆက်ထိန်းထားနိုင်တာပါ။

​စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေဟာ တဖြည်းဖြည်း စကားနည်းသွားပြီး မျက်မှောင်ကြုတ်ကာ ဒါကို ကြည့်နေကြပါတယ်။

​ဓားကျင့်ကြံသူအချို့ သေတာက သူတို့အတွက် ဘာမှ မဟုတ်ပါဘူး။

ဓားကျမ်းတွေ ရှိနေသရွေ့ ဓားကျင့်ကြံသူ ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြန်မွေးမြူလို့ ရပါတယ်။

​ဒါပေမဲ့ တစ်ဖက်လူက ဒီလိုလုပ်နေတာဟာ စုန်းမျိုးနွယ်စုရဲ့ ပါးကို ခပ်ပြင်းပြင်း ရိုက်လိုက်သလိုပါပဲ။

နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ စုန်းမျိုးနွယ်စုရဲ့ ဂုဏ်သတင်းက ဓားကျင့်ကြံသူ တစ်ယောက်လေးကိုတောင် မဖိနှိပ်နိုင်တော့ဘူးလား ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

​"ဒီကောင်က တကယ်ပဲ စုန်းမျိုးနွယ်စုရဲ့ နောက်ပိုင်းစာရင်းရှင်းတာကို မကြောက်ဘူးလား"

​လှေကားထစ်ပေါ်မှာတော့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ဒီမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေကြပါတယ်။

သူတို့ရင်ထဲမှာလည်း ထိတ်လန့်မှုတွေ ပေါ်လာပါတယ်။

​လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက မတည့်ကြဘူးဆိုပေမဲ့ ဒီလို အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေကြားက ဆက်ဆံရေးကို ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ

​သူတို့လို ဓားကျင့်ကြံသူတွေဆိုတာ ဒီအထက်တန်းလွှာတွေရဲ့ လက်ထဲက ဓားတွေပဲ။

သုံးလို့ကောင်းတုန်းမှာတော့ သူတို့က ဂရုစိုက်သလို လုပ်မှာပေါ့၊ ဒါပေမဲ့ မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် မင်းကို ပေးလိုက်ရုံနဲ့ ပိုကြီးမားတဲ့ အကျိုးအမြတ် ရမယ်ဆိုရင်တော့ သူတို့က တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

​ဒီလို သာဓကတွေ အများကြီး ရှိပါတယ်။

အရင်စက္ကန့်မှာတင် ကိုယ့်ရဲ့ ဓားကျင့်ကြံသူတွေကို ဓားချင်းယှဉ်ခိုင်းနေပေမဲ့ နောက်စက္ကန့်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဓားကျင့်ကြံသူကို တစ်ဖက်လူဆီ လက်ဆောင်ပေးလိုက်တာမျိုးတွေပါ။

​တစ်ဖက်လူက သတ်မလား၊ ဖြတ်မလား ဆိုတာကို သူတို့ ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။

​အခု ဖန့်ချန် လုပ်နေတာဟာ သူတို့အမြင်မှာတော့ မိုက်မဲလွန်းပြီး အမျှော်အမြင် မရှိတဲ့ လုပ်ရပ်ပါ။

​"သူ ဒီလိုလုပ်နေတာက လုံမျိုးနွယ်စုရဲ့ အထင်ကြီးမှုကို ရမှာ မဟုတ်ဘူး အကြီးကဲတွေက သူ့ကို ဦးနှောက်မရှိတဲ့ လူကြမ်း တစ်ယောက်လို့ပဲ မြင်ကြလိမ့်မယ်"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က မျက်နှာပျက်ပျက်နဲ့ ပြောလိုက်တယ်

"ငါတို့ မြန်မြန်သွားရအောင်၊ ဒီကိစ္စထဲ ဝင်မပါနဲ့၊ ကိုယ့်ဆီ မီးကူးလာရင် မကောင်းဘူး"

​အားလုံးက ခေါင်းညိတ်လိုက်ကြပြီး မနားတော့ဘဲ ဖန့်ချန်နဲ့ အဝေးဆုံးကို အရင် ရောက်သွားအောင် တစ်ရှိန်ထိုး တက်ဖို့ ပြင်လိုက်ကြပါတယ်။

​ဓားနန်းတော် ပတ်ပတ်လည်မှာတော့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရှိနေပါတယ်။

ဖန့်ချန်က စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ဝက်တွေ၊ ခွေးတွေကို သတ်သလိုမျိုး အလွယ်တကူ သတ်ဖြတ်နေတာကို မြင်တော့ အားလုံးက လောင်းကစားဒိုင်တွေရဲ့ အဆပေါင်း တွေကို လိုက်စုံစမ်းကြပါတော့တယ်။

​မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒိုင်တွေက ဖန့်ချန်ရဲ့ အဆပေါင်းကို လျှော့ချလိုက်ပါပြီ။

မူလက လုံးဝ ရေပန်းမစားတဲ့သူ ကနေ အခုတော့ ရေပန်းစားသူ စာရင်းထဲကို ဖြည်းဖြည်းချင်း ဝင်လာပါပြီ။

​......

​"ဒီကလေးက တကယ် သတ်နိုင်တာပဲ၊ စုန်းမျိုးနွယ်စုရဲ့ နောက်ပိုင်းစာရင်းရှင်းတာကိုလည်း မကြောက်ဘူးလား လုံမျိုးနွယ်စုက သျှောင်နတ်နဂါးမလေး က ဓားကျင့်ကြံသူ တစ်ယောက်ကို အလေးထားလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား "

​ကျူးရှုခေါ့ က နှာခေါင်းရှုံ့လိုက်ပါတယ်။

​ကျူးယွမ်ချန်း က ခပ်အေးအေး ပြောလိုက်တယ်

"တကယ်လို့ သူ ထိပ်ဆုံးရောက်သွားမယ်ဆိုရင် လီကျန်းနျန် ရဲ့ ပတ်သက်မှုနဲ့တင် ဒီနေ့ သူ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူ ဘယ်လောက်ပဲ သတ်သတ် သျှောင်နတ်နဂါးမလေး က သူ့ကို ကာကွယ်ပေးလိမ့်မယ်"

​"အဖေ... စုန်းမျိုးနွယ်စုဘက်ကတော့ အရမ်းကြီး ဒေါသထွက်မှာ မဟုတ်ပါဘူး၊ ဓားကျင့်ကြံသူ အနည်းငယ်ရဲ့ အသက်က သူတို့အတွက်တော့ ပြောပလောက်တာ မဟုတ်ဘူး ဒါပေမဲ့ ယွင်လူမြို့ကလူ ကတော့ ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

​ကျူးရှုခေါ့ က ဆိုပါတယ်။

​ကျူးယွမ်ချန်း က ရယ်လိုက်တယ်

"လုံမျိုးနွယ်စုက ခိုင်းစေနိုင်တဲ့ အဆင့် ၁ လွတ်လပ်သောမသေမျိုး တောင် လူတစ်ရာကျော် ရှိတယ်၊ ချောင်ဖုန်း နယ်မြေအနှံ့မှာ သူတို့ရဲ့ လုပ်ငန်းတွေ ရှိတယ်"

​"ဒါ့အပြင် အဆင့် ၂ လွတ်လပ်သောမသေမျိုး တွေလည်း အများကြီး ရှိသလို အဆင့် ၃ အဆင့် ဘိုးဘေးကြီးလည်း ရှိသေးတယ် ကျောက်ယွင်လူ က မျက်နှာပျက်ချင်တယ် ဆိုရင်တောင် သေချာ စဉ်းစားရလိမ့်မယ်"

​"သူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဆိုတာ မှန်ပေမဲ့၊ သူ့မှာ နောက်ခံအင်အား မရှိတာကလည်း အမှန်ပဲ"

​ကျူးရှုခေါ့ မှင်တက်သွားပါတယ်

"ဒါဆို သုံးဆင့် လွတ်လပ်သောမသေမျိုး အဆင့် ရောက်သွားရင်တောင် ဒီလိုမျိုးနွယ်စုကြီးတွေရဲ့ မျက်နှာကို ကြည့်နေရတုန်းလား "

​"အဆင့် ၄ ကို ရောက်သွားရင်တော့ သူတို့မျက်နှာကို ကြည့်စရာ မလိုတော့ဘူး"

​ကျူးယွမ်ချန်း က ခပ်အေးအေး ပြောလိုက်ပါတယ်။

​အဆင့် ၄

​ကျူးရှုခေါ့ က ခါးသီးစွာ ပြုံးလိုက်ပါတယ်။

ဒီလောကမှာ အဆင့် ၄ လွတ်လပ်သောမသေမျိုး ရှိ၊ မရှိ ဆိုတာတောင် မေးခွန်းထုတ်စရာပါ။

​နှစ်ပေါင်းများစွာအတွင်းမှာ လုံယွမ် ၊ မင်ဟူ ဒါမှမဟုတ် စစ်ဝေ ဘယ်နေရာမှာမှ အဆင့် ၄ လွတ်လပ်သောမသေမျိုး မပေါ်ထွက်ခဲ့ပါဘူး။

​ဒါကို ကြည့်ရင် ဒီအဆင့်ဟာ အဆင့် ၃ တွေအတွက်တောင် လက်လှမ်းမမီနိုင်တဲ့ အဆင့်ဆိုတာ သိသာလှပါတယ်။

​နာရီဝက်ခန့် ကြာတဲ့အခါ။

​ဖန့်ချန်ဟာ အဆင့် ၁၈ လှေကားထစ်ကို ရောက်လာပါတယ်။

ခြေလှမ်းတွေက ပိုပြီး လေးလံလာသလို ခံစားရပါတယ်။

​ဒီနေရာကို ရောက်တော့ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူတွေဟာ ပွင့်ပွင့်လင်းလင်း ရန်မစကြသေးပေမဲ့ တစ်ဖက်လူရဲ့ အားနည်းချက်ကိုတော့ အဆက်မပြတ် ရှာဖွေနေကြပါပြီ။

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ဖန့်ချန်ကို မြင်တော့ မျက်နှာတွေ ပြောင်းသွားပါတယ်။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ ချက်ချင်းပဲ ထရပ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ ပြင်ကြပါတယ်။

​"ထွက်သွားဖို့ မလောကြပါနဲ့ဦး"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ ဂရုမစိုက်ဘဲ နွယ်ပင်တွေကို ဆွဲကာ အပေါ်ကို အမြန်ဆုံး တက်သွားကြပါတယ်။

​မသွားဘဲ နေရင် သေဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်လား

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ဖန့်ချန်ရဲ့ လက်ထဲမှာ အကြိမ်ကြိမ် အသတ်ခံခဲ့ရပြီးပြီမို့ အခုတော့ သင်ခန်းစာ ရသွားကြပါပြီ။

တစ်ဖက်လူ အားမကုန်မချင်း သူတို့ ထိပ်တိုက် မတွေ့ချင်ကြတော့ပါဘူး။

​ဖန့်ချန်က ရယ်လိုက်ပြီး လိုက်ဖို့ ပြင်လိုက်ပေမဲ့ မလှမ်းမကမ်းကနေ အားနည်းတဲ့ အသံတစ်ခု ထွက်ပေါ်လာတာကို ကြားလိုက်ရပါတယ်

​"ဖန့်ဓားခေါင်းဆောင်... ကျွန်တော့်ကို ကယ်ပါဦး..."

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူ အတော်များများရဲ့ မျက်နှာတွေ ချက်ချင်း ပြောင်းသွားပြီး တစ်ခြားဘက်ကို အတင်း လွှဲကြည့်လိုက်ကြပါတယ်။

​ဖန့်ချန်က စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို မလိုက်တော့ဘဲ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ပြုံးကြည့်ရင်း ပြောလိုက်တယ်

​"အားလုံးပဲ... လမ်းဖယ်ပေးကြပါဦး ဒီအသံက အရမ်းရင်းနှီးနေလို့ ဘယ်သူလဲဆိုတာ ကြည့်ပါရစေဦး"

​"မင်း စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကိုပဲ ဆက်လိုက်ပါ ငါတို့ ဒီမှာ ခဏနားပြီးမှ ဆက်တက်တော့မယ်"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က အတင်းပြုံးပြီး ပြောပါတယ်။

​ဖန့်ချန်ရဲ့ မျက်နှာပေါ်က အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်

​"လမ်းဖယ်ပေး"

​အေးစက်တည်ငြိမ်တဲ့ စကားသံ ဖြစ်ပေမဲ့ ခေါင်းပေါ်မှာ ဓားတစ်လက် ချိတ်ထားသလိုမျိုး တစ်ကိုယ်လုံးကို စိမ့်တက်သွားစေပြီး ကြက်သီးမွေးညင်းတွေ ထသွားစေပါတယ်။

All Chapters