← Chapters

အခန်း (၁၀၃၅-၁၀၃၆)

Vol. 104 Ch. 1035-1036

အခန်း (၁၀၃၅-၁၀၃၆)

Vol. 104 Ch. 1035-1036

​အခန်း (၁၀၃၅) ငါ မင်းကို လိုက်ပို့ပေးမယ်

​နှစ်ဖက်စလုံး စက္ကန့်အနည်းငယ်ကြာ အခြေအတင် ဖြစ်ပြီးနောက် လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ခြေလှမ်းတွေကို ရွှေ့ဖယ်ပေးလိုက်ကြပါတယ်။

​ပိုင်လင်ယွဲ့ ဟာ တစ်ကိုယ်လုံး သွေးတွေနဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေပါတယ်။

အခုတော့ အားနည်းစွာနဲ့ အသက်ရှူနေရပြီး ခုနက လှမ်းခေါ်လိုက်တဲ့ အသံဟာ သူ့ရဲ့ အားအင်ရှိသမျှကို သုံးလိုက်ရပုံပါပဲ။

​ဖန့်ချန်က ပိုင်လင်ယွဲ့ ရဲ့ ရှေ့ကို လျှောက်သွားပြီး ဒူးထောက်ကာ ဒဏ်ရာကို စစ်ဆေးလိုက်ပါတယ်။

​သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အရိုးတွေ မြင်ရတဲ့အထိ နက်ရှိုင်းတဲ့ ဒဏ်ရာအချို့ ရှိနေပေမဲ့ အပြင်းထန်ဆုံးကတော့ အဲဒီဓားဒဏ်ရာတွေ မဟုတ်ပါဘူး။

သူ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက လုံးဝ ကြေမွနေပြီး အသားတွေက ပျော့စိစိ ဖြစ်နေတာပါ။

​"မင်း အမြင့်ကနေ ပြုတ်ကျလာတာလား"

​ဖန့်ချန်က ခပ်တိုးတိုး မေးလိုက်ပါတယ်။

​ပိုင်လင်ယွဲ့ ရဲ့ လက်ရှိ ခန္ဓာကိုယ်က သာမန်လူ တစ်ယောက်လိုပါပဲ။

ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာကြောင့် စကားပြောဖို့တောင် ခက်ခဲနေပါတယ်။

သူ ခဏလောက် အမောတကော အသက်ရှူပြီးမှ အားယူကာ တိုးတိုးလေး ပြောနိုင်ပါတော့တယ်

​"ကျွန်တော့်ကို လုံမျိုးနွယ်စုက ဓားကျင့်ကြံသူက တွန်းချလိုက်တာ... စုန်းမျိုးနွယ်စုက လူတွေ သူ့ကို လာတိုက်တော့ ကျွန်တော်က သူ့ဘေးမှာ ရှိနေတာနဲ့ ကျွန်တော့်ကို ဆွဲပြီး ဓားနဲ့ ကာလိုက်တာပဲ"

"ကံကောင်းလို့ အဲဒီတုန်းက ၃ ပေ၊ ၄ ပေ လောက်ပဲ မြင့်သေးလို့၊ မဟုတ်ရင်... ကျွန်တော် တစ်ကိုယ်လုံး ကြေမွပြီး သေနေလောက်ပြီ"

​အနီးနားက လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ မျက်နှာတွေ ပျက်ကုန်ကြပါတယ်။

အဲဒီထဲက တစ်ယောက်က ရယ်ပြီး ပြောတယ်

"ဖန့်ကျင့်ကြံသူ... ဒီလူက ယောင်ယမ်းပြီး ပြောနေတာပါ ငါတို့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ကိုယ့်လူအချင်းချင်း ဓားနဲ့ ကာစရာလား သူက အားကုန်နေတာရယ်၊ စုန်းမျိုးနွယ်စုက လူတွေရဲ့ ဓားချက်အချို့ မိသွားတာရယ်ကြောင့် နွယ်ပင်ပေါ်ကနေ ပြုတ်ကျသွားတာပါ"

​"မင်း... လျှောက်ပြောနေတာ..."

​ပိုင်လင်ယွဲ့ က မျက်လုံးကို အကြိမ်ကြိမ် လန်တက်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ပါတယ်။

အဲဒီနောက် ဖန့်ချန်ကို အားနည်းစွာ ကြည့်ရင်း

​"ငါ အသက်မရှင်တော့ဘူး မဟုတ်လား"

​"အသက်ရှင်နိုင်ပါသေးတယ်၊ နောက်ဆုံး ထွက်သက်လေးကိုပဲ ထိန်းထားလိုက်"

​ဖန့်ချန်က ဆိုပါတယ်။

​"ကျုပ်ကို မညာပါနဲ့တော့ ဒီလို ဒဏ်ရာမျိုးနဲ့... ကျုပ်ဘယ်လိုမှ မရှင်နိုင်တော့ပါဘူးတကယ်လို့ မင်းအနေနဲ့ ဇာတိမြေကို ပြန်ခွင့်ရခဲ့ရင် ကျုပ်ရဲ့ အရိုးပြာတွေကို တစ်ခါတည်း သယ်သွားပေးပါ"

​ပိုင်လင်ယွဲ့ က ရုတ်တရက် ဖန့်ချန်ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပါတယ်။

​"ထားလိုက်ပါတော့၊ မင်းရဲ့ ဒီဒဏ်ရာက... တကယ်ပဲ မရှင်နိုင်တော့ပါဘူး ငါ မင်းကို လိုက်ပို့ပေးမယ်ဒါပေမဲ့ မှတ်ထားပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီနေရာမှာပဲ ငါ့ကို စောင့်နေပါ"

​ဖန့်ချန်က ပိုင်လင်ယွဲ့ ရဲ့ ပုခုံးကို ဆွဲကိုင်ပြီး လှေကားထစ် အစွန်းဘက်ကို လျှောက်သွားပါတယ်။

​ပိုင်လင်ယွဲ့ က နာကျင်လွန်းလို့ တုန်ယင်နေပြီး အသက်ကို မနည်းရှူနေရပါတယ်။

သူက ဖန့်ချန်ကို ထိတ်လန့်တကြီး ကြည့်ပြီး

​"ဖန့်... ဓားခေါင်းဆောင်... ဘာလုပ်မလို့လဲ"

​"ငါ ခုနက ပြောတာကို မှတ်ထားပါ"

​ဖန့်ချန်က ပြုံးလိုက်ပြီး အားနဲ့ ပစ်ပေါက်လိုက်တဲ့အခါ ပိုင်လင်ယွဲ့ ဟာ လေထဲကို ဝေ့တက်သွားပြီး အောက်ဘက်ကို တန်းတန်းမတ်မတ် ပြုတ်ကျသွားပါတော့တယ်။

​ပိုင်လင်ယွဲ့ ရဲ့ မျက်နှာမှာ မယုံနိုင်စရာတွေ ဖြစ်နေပါတယ်။

​"ဖန့်ချန်... မင်းကို ငါ..."

​ပိုင်လင်ယွဲ့ ရဲ့ အသံက တဖြည်းဖြည်း သေးငယ်သွားပြီး မကြားရတော့ပါဘူး။

အားလုံးက ခဏလောက် စောင့်နေပြီးမှ အောက်ဘက်ကနေ မြည်ဟည်းတဲ့ အသံကြီး တစ်ခုကို ကြားလိုက်ရပါတယ်။

​လှေကားထစ်ပေါ်က လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကြက်သီးမွေးညင်းတွေ ထသွားကြပါတယ်။

​ဒီကောင်က ကိုယ့်လူအချင်းချင်းတောင် ဒီလောက်အထိ ရက်စက်ရတာလား

​မသေမျိုးလှေပေါ်မှာတော့ ချန်ချင်းထိုက် က လီချန်စန်း ကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်တယ်

"ဒီကလေးကတော့ အလားအလာ ရှိတာပဲ"

​"သူက သူ့ရဲ့ အဖော်ကို ဒုက္ခမရောက်စေချင်ရုံတင်ပါ"

​လီချန်စန်း က ခေါင်းညိတ်ပြတယ်

"ဖြတ်တောက်သင့်ရင် ပြတ်ပြတ်သားသား ဖြတ်တောက်ရမယ်၊ တကယ်ပဲ အလားအလာ ရှိပါတယ်"

​သူ့နေရာမှာသာ ဆိုရင်လည်း သူ ဒီလိုပဲ လုပ်မှာပါ။

​ပိုပြီး မြင့်တဲ့ နေရာမှာတော့ တိထျန်း နဲ့ ပေတု က လာတဲ့ ယန်ခုန်း၊ တန့်ဇီရွှိ၊ ဟော့ယွမ်ဝေ စတဲ့ ဓားကျင့်ကြံသူတွေကလည်း ဒါကို မြင်လိုက်ရပါတယ်။

​အချို့က ချက်ချင်းပဲ ဆဲရေးလိုက်ကြပြီး အချို့ကတော့ ဘာမှ မပြောဘဲ ရှေ့ကိုပဲ ဆက်တက်နေကြပါတယ်။

​ဒီနေရာကို ရောက်ရင် ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ပါဘူး။

အခုအချိန်မှာ ထိပ်ဆုံးရောက်ဖို့ပဲ သူတို့ရဲ့ ပန်းတိုင် ဖြစ်နေပါပြီ။

​လှေကားထစ်ပေါ်မှာတော့ ဖန့်ချန်က လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ရှေ့ကို လျှောက်သွားပြီး ပြုံးမေးလိုက်တယ်

"ဘယ်သူက သူ့ကို ဓားနဲ့ ကာဖို့ သုံးလိုက်တာလဲ"

​"မင်း အထင်လွဲနေတာပါ၊ သူက ဒဏ်ရာပြင်းထန်လို့ စိတ်ကယောင်ကတမ်းတွေ ဖြစ်နေတာ ဘယ်သူမှ သူ့ကို ဓားနဲ့ မကာပါဘူး၊ သူ့ရဲ့ အရည်အချင်း မရှိလို့သာ ဖြစ်တာပါ"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်ကာ နွယ်ပင်ဆီကို လျှောက်သွားပါတယ်။

​ဒါပေမဲ့ ခြေလှမ်း နှစ်လှမ်းလောက်ပဲ လျှောက်ရသေးတယ်၊ နောက်ကျောကနေ အေးစိမ့်သွားတာကို ခံစားလိုက်ရပါတယ်။

သူ ငုံ့ကြည့်လိုက်တဲ့အခါ သွေးတွေ စိုရွှဲနေတဲ့ ဓားဦးက သူ့ရင်ဘတ်ကနေ ထွက်နေတာကို တွေ့လိုက်ရပါတယ်။

​ဖန့်ချန်က ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ပြီး အလောင်းက ဒူးထောက်လဲကျသွားတာကို လွှတ်ထားလိုက်ပါတယ်။

အဲဒီလူရဲ့ အဝတ်အစားနဲ့ ဓားပေါ်က သွေးတွေကို သုတ်လိုက်ရင်း မှင်တက်နေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ကြည့်ကာ

​"တကယ်လို့ သူ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ လက်ချက်နဲ့ သေတာဆိုရင်တော့ သူ့ရဲ့ အရည်အချင်း မရှိလို့ပါပဲ ဒါပေမဲ့ ကိုယ့်လူအချင်းချင်းကပဲ လက်ချက်ဆိုရင်တော့ ငါ့ရဲ့ ဒီတောသား အဖော်က ဘယ်လိုလုပ်ပြီး မျက်စိမှိတ်နိုင်မှာလဲ ဒါကြောင့်... မင်းတို့ကိုပါ သူ့ဆီ အဖော်အဖြစ် လိုက်ပို့ပေးရလိမ့်မယ်"

​တစ်ဝက်လောက် ရောက်နေတဲ့ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ဒါကို မြင်တော့ အားရပါးရ ရယ်မောနေကြပါတယ်။

​"မင်း... မင်း သတ္တိကတော့ တော်တော် ကောင်းတာပဲ၊ အဲဒါက ဒုတိယဓားကျောင်း ကျောင်းအုပ်ရဲ့ တပည့်အရင်းကွ"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြီး အော်ဟစ်လိုက်ပါတယ်။

​မသေမျိုးလှေ တစ်စင်းပေါ်မှာတော့ မသေမျိုးဘုရင် အဆင့် ဓားကျင့်ကြံသူတစ်ယောက်က မျက်လုံးတွေက လျှပ်စီးလို တောက်ပနေပြီး ဖန့်ချန်ကို စူးစိုက်ကြည့်နေပါတယ်။

သူ့မျက်လုံးထဲက သတ်ဖြတ်လိုတဲ့ စိတ်ကလည်း ဖုံးကွယ်မထားပါဘူး။

​"မင်းကရော ဘယ်ကျောင်းအုပ်ရဲ့ တပည့်လဲ"

​ဖန့်ချန်က အဲဒီလူဆီကို လျှောက်သွားပါတယ်။

​အဲဒီ လုံမျိုးနွယ်စု ဓားကျင့်ကြံသူက မသိစိတ်ကနေ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး

"မင်း မလာနဲ့၊ ဒီကိစ္စက ငါနဲ့ မဆိုင်ဘူး"

​"ဒါဆို ဘယ်သူနဲ့ ဆိုင်တာလဲ ပြောလိုက်ပါ၊ ပြောရင် မင်းတို့ကို ငါ ဒုက္ခမပေးတော့ဘူး"

​ဖန့်ချန်က ပြုံးပြတယ်

"မင်းတို့ ဒီလောက်အထိ မပြောချင်ဘူးဆိုတာက အဲဒီလူက လုံမျိုးနွယ်စုရဲ့ ဓားကျောင်း ၉ ခုထဲမှာ အဆင့်အတန်း မြင့်လို့လား"

​"အခု မပြောလည်း ငါ ခဏနေရင် မေးလို့ ရပါတယ် ဒီအတွက်ကြောင့်နဲ့ အသက်အဆုံးခံရတာကတော့ မတန်ဘူးနော်"

​"သူ ငါတို့ကို မသတ်ရဲပါဘူး၊ တစ်ယောက် သတ်တာက ထားလိုက်ပါဦး၊ ထပ်ပြီး လက်လှုပ်ရင် ဓားသင်္ချိုင်းလှေကားထစ်ကနေ ထွက်တာနဲ့ ယွင်လူမြို့ကလူ လာရှာစရာ မလိုဘူး၊ လုံမျိုးနွယ်စုက လူကြီးမင်းတွေကပဲ သူ့အသက်ကို နှုတ်လိမ့်မယ် "

​တစ်ယောက်က ဟိန်းဟောက်လိုက်ပါတယ်။

​ဖန့်ချန်က အဲဒီလူဆီကို အမြန်လျှောက်သွားပါတယ်။

ထိုလူက ဒါကို မြင်တော့ နောက်ကို အဆက်မပြတ် ဆုတ်သွားပါတယ်။

တစ်ဖက်က တိုးလာပြီး တစ်ဖက်က ဆုတ်နေရင်းနဲ့ မကြာခင်မှာပဲ လှေကားထစ် အစွန်းကို ရောက်သွားပါတော့တယ်။

​ထိုလူက အောက်ကို ငုံ့ကြည့်လိုက်ပါတယ်။

အရင်တုန်းကဆိုရင် ဒီလိုအမြင့်မျိုးက သူ့ကို ဘာမှ မဖြစ်စေပေမဲ့ အခု လူသာမန် ဖြစ်သွားတဲ့အခါမှာတော့ တကယ်ပဲ သာမန်လူတစ်ယောက်လို ဖြစ်သွားပါပြီ။

ဒီအမြင့်ကို မြင်တော့ ခြေထောက်တွေက မသိစိတ်ကနေ တုန်ယင်လာပြီး နှလုံးခုန်သံတွေကလည်း အရမ်းမြန်လာကာ မျက်နှာတစ်ခုလုံး နီမြန်းလာပါတယ်။

​သူဟာ သေဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို ခံစားမိတဲ့အခါ သွားကြိတ်ပြီး

"ငါ ပြောမယ်..."

​စကားမဆုံးခင်မှာပဲ အင်အားကြီးတဲ့ ခြေကန်ချက်တစ်ခု ရောက်လာပြီး သူဟာ မယုံနိုင်စရာကောင်းလောက်အောင် လေထဲကို ဝဲတက်သွားပါတယ်။

သူ့ရဲ့ ရင်ဘတ်ပေါ်က ခြေရာကို ကြည့်လိုက်၊ လှေကားထစ်ပေါ်မှာ ရပ်နေတဲ့ ဖန့်ချန်ကို ကြည့်လိုက်နဲ့ မျက်နှာမှာ နာကျည်းမှုတွေ ပြည့်နှက်ကာ ရူးသွပ်စွာ ဆဲရေးပါတော့တယ်။

​ဖန့်ချန်က ကိုယ်ကိုလှည့်ပြီး ကျန်တဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီ လျှောက်သွားပါတယ်။

သူတို့ရှေ့ မရောက်ခင်မှာပဲ တစ်ယောက်က စကားစလိုက်ပါတယ်

​"ခုနက ငါ မြင်လိုက်တာကတော့ မင်းရဲ့ အဖော်နဲ့ အနီးဆုံးမှာ ရှိနေတာက ပထမဓားကျောင်း က လုပင်းပင်း ပဲ"

​"သူက ဘယ်လိုလူလဲ"

​ဖန့်ချန်က ပြုံးမေးပါတယ်။

​"ပထမဓားကျောင်း ကျောင်းအုပ်ရဲ့ ဒုတိယသားပဲ၊ အခု အသက် ၈၀၀ တောင် မပြည့်သေးဘူး၊ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ"

​"ဩော်... ဒါဆို ဖုတုန်းဟိုင် လိုပဲ ပါရမီရှင်ပေါ့ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ ဘာလို့ ဒီနေရာမှာ ငါ့အဖော်နဲ့ လာဆုံနေရတာလဲ "

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​တစ်ဖက်လူရဲ့ မျက်နှာက ရှုပ်ထွေးသွားတယ်

"စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူတွေက သူ့ကို ဒုက္ခပေးပြီး တမင် နှောင့်နှေးအောင် လုပ်နေကြတာ"

​"ကြည့်ရတာ ငါ့အဖော်က တကယ်ပဲ မလိမ်ခဲ့သလို၊ ယောင်ယမ်းပြီး ပြောတာလည်း မဟုတ်ဘူးပဲ"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ နွယ်ပင်ဆီကို လျှောက်သွားပါတယ်။

​သူက အပေါ်ကို ဆက်တက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး ဖန့်ချန်ကို နောက်ကျောကနေ ဓားနဲ့ ထိုးဖို့ ကြိုးစားပါတယ်။

​"အစ်ကို... ငါ အစ်ကို့အတွက် ကလဲ့စားချေပေးမယ်"

​မျက်စိတစ်မှိတ်အတွင်းမှာပဲ ဓားအလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီး လာတဲ့သူရဲ့ ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားပါတယ်။

သူ့ရဲ့ လည်ပင်းမှာ အပေါက်တစ်ခု ပွင့်ထွက်သွားပြီး သွေးတွေက ထိန်းမနိုင် သိမ်းမရ ပန်းထွက်နေပါပြီ။

​သူက လက်ထဲက ဓားကို ချလိုက်ပြီး လည်ပင်းကို အလန့်တကြား ဖိထားရင်း လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီကို အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်ပါတယ်။

​ဒါပေမဲ့ ဒီလိုဒဏ်ရာမျိုးက... ဘယ်လိုလုပ် ထိန်းလို့ ရမှာလဲ။

သူက ပါးစပ်ကို ဟရုံပဲ ရှိသေးတယ်၊ သွေးထွက်လွန်ပြီး မျက်နှာဖြူလျော့ကာ ဒူးထောက်လဲကျ သေဆုံးသွားပါတော့တယ်။

​ဖန့်ချန်က ဓားကျောင်းက လုပ်ဖော်ကိုင်ဖက်တွေကို တစ်ယောက်ပြီးတစ်ယောက် သတ်နေတာကို မြင်တော့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ ဒေါသထွက်ပေမဲ့ မပြောရဲကြပါဘူး။

ဖန့်ချန်ရဲ့ နောက်ကျောကိုပဲ စိုက်ကြည့်နေကြပြီး ဘယ်သူမှ ထပ်ပြီး မတိုက်ခိုက်ရဲကြတော့ပါဘူး။

​အခန်း (၁၀၃၆) မာန်

​အဆင့် ၁၉ လှေကားထစ်

​ဖန့်ချန်က အနားယူနေတဲ့ လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကို ကြည့်ပြီး မေးလိုက်တယ်

" လုပင်းပင်း ရှိလား"

​တစ်ယောက်က အပေါ်ကို လက်ညှိုးထိုးပြပြီး ရှုပ်ထွေးတဲ့ မျက်နှာထားနဲ့ ပြောပါတယ်

"သူ အပေါ်တက်သွားပြီ"

​"ကျေးဇူးပဲ"

​ဖန့်ချန်က ခေါင်းညိတ်ပြပြီး စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဆီ လျှောက်သွားပါတယ်။

​"မင်း ဘာလုပ်မလို့လဲ"

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက် မျက်နှာဖြူလျော့သွားပြီး

"ငါတို့က စုန်းစုစု ရဲ့ လူတွေ မဟုတ်သလို စုန်းယိ ရဲ့ လူတွေလည်း မဟုတ်ဘူးနော်"

​"စုန်းမျိုးနွယ်စုကပဲ မဟုတ်လား"

​"... ဟုတ်တယ်"

​"ဒါဆို ရပြီ"

​ဖန့်ချန်က အပေါ်ကို တရစပ် တက်လှမ်းနေပြီး စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေနဲ့ တွေ့တိုင်း သတ်ဖြတ်နေတာကို မြင်တော့ စုန်းမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေရဲ့ မျက်နှာက အရမ်းကို မှောင်မှောက်သွားပါတယ်။

​ဆန့်ကျင်ဘက်အနေနဲ့ လုံမျိုးနွယ်စုက လွတ်လပ်သောမသေမျိုး အချို့လည်း မျက်နှာမကောင်းကြပါဘူး။

ဒါပေမဲ့ သူတို့က ခံစားချက်ကို သေချာဖုံးကွယ်ထားပြီး အပြင်ကို ထုတ်မပြကြပါဘူး။

​အဆင့် ၂၀ လှေကားထစ်။

"လုပင်းပင်း ရှိလား"

"အပေါ်တက်သွားပြီ"

"ကျေးဇူးပဲ"

​အဆင့် ၂၃ လှေကားထစ်။

အဆင့် ၂၈ လှေကားထစ်။

အဆင့် ၃၀ လှေကားထစ်။

​အချိန်က တစ်ရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အခုတော့ ဓားသင်္ချိုင်းလှေကားထစ် ဖွင့်လှစ်တဲ့ ဒုတိယမြောက်နေ့ ညနေခင်းကို ရောက်နေပါပြီ။

​အဆင့် ၃၀ လှေကားထစ်ကို ရောက်တဲ့အခါ ဖန့်ချန်ဟာ ပုခုံးပေါ်ကို အလုံးအရင်းနဲ့ ဖိချလာတဲ့ မမြင်ရတဲ့ ဖိအားတွေ ပိုလေးလံလာတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။

​ခြေထောက်နှစ်ဖက်က ခဲရည်တွေ လောင်းထည့်ထားသလို လေးလံနေပြီး ခြေတစ်လှမ်း လှမ်းတိုင်းက အရမ်းကို ခက်ခဲလှပါတယ်။

အပေါ်မှာ တက်ဖို့ ၇၀ လောက် ကျန်ပါသေးတယ်။

​နှစ်ပေါင်းများစွာအတွင်း ဘာလို့ လူအနည်းငယ်ပဲ ထိပ်ဆုံးရောက်နိုင်သလဲဆိုတာ သူ အခုမှ နည်းနည်း နားလည်သွားပါတယ်။

​ကံကောင်းတာက လက်ရှိ ဖိအားကို သူ တောင့်ခံနိုင်ပါသေးတယ်။ ဘာမှတော့ မဟုတ်သေးပါဘူး။

​"အဆင့် ၆၀ ကျော်မှ တကယ့်ကို ခြေလှမ်းတိုင်းက ခက်ခဲမှာ"

​ဖန့်ချန်က မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး မိနစ် ၃၀ ခန့် အနားယူကာ အားပြန်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

​တစ်ချိန်တည်းမှာပဲ အချို့လူတွေက အဆင့် ၃၃ လှေကားထစ်အထိ ရောက်နေကြပါပြီ။

သူတို့တွေက လောင်းကစားဒိုင်တွေမှာ ရေပန်းစားနေတဲ့ လူတွေပါ။

​ကျန်တဲ့လူတွေကတော့ ၃၁၊ ၃၂ တွေမှာ ရှိနေပြီး အချို့ကလည်း အဆင့် ၃၀ မှာပဲ နားနေကြပါတယ်။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ အစက တုန်လှုပ်နေကြပါတယ်။

သူတို့ အားမပြည့်သေးခင်မှာ အတင်းတက်ရင် လမ်းတစ်ဝက်ကနေ ပြုတ်ကျနိုင်ပါတယ်။

​ဒါပေမဲ့ ဖန့်ချန်က အောက်မှာ သူတို့လူတွေကို အများကြီး သတ်ခဲ့တာကြောင့် အပေါ်မတက်ရင်လည်း သူ့ဓားစာခံ ဖြစ်ရတော့မှာပါ။

ဘာလုပ်ရမှန်း မသိဖြစ်နေတုန်းမှာပဲ ဖန့်ချန်က စပြီး အနားယူနေတာကို တွေ့လိုက်ရတယ်...

​"ဒါ ငါတို့အတွက် အခွင့်အရေး ဖြစ်နိုင်တယ်"

​အနီးနားက စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေကတော့ ဝင်ပါဖို့ စိတ်မကူးသလို ဖန့်ချန်ကို သတိပေးဖို့လည်း မစဉ်းစားကြပါဘူး။

သူတို့အမြင်မှာတော့ ဒါက ခွေးချင်း ကိုက်နေကြတာပဲ မဟုတ်လား။

​"ဖန့်ကျင့်ကြံသူ... ငါတို့ နားကြရအောင် မင်းကို ရန်စတဲ့လူတွေလည်း သေကုန်ပြီပဲ ငါတို့ကလည်း အမိန့်အရ လုပ်ရတာပါ ဓားသင်္ချိုင်းလှေကားထစ်မှာ အသေအလဲ တိုက်နေစရာ မလိုပါဘူး ငါတို့အားလုံးရဲ့ ပန်းတိုင်က ထိပ်ဆုံးရောက်ဖို့ပဲလေ"

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ဖန့်ချန်ဆီ လျှောက်သွားပါတယ်။

၁၀ ပေ ခန့် အကွာမှာ ရပ်လိုက်ပြီး ရိုးသားတဲ့ ပုံစံနဲ့ ပြောပါတယ်။

​"ကောင်းပြီလေ"

​ဖန့်ချန်က မျက်လုံးမဖွင့်ဘဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

​ချက်ချင်းဆိုသလို အဲဒီ စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ချက်ချင်းပဲ ထရပ်ကာ ဓားတွေကို ကိုင်ပြီး ဖန့်ချန်ကို ဝိုင်းလိုက်ကြပါတော့တယ်။

​"သူက လူတွေအများကြီးကို သတ်ခဲ့ပြီး မနားတမ်း တက်လာတာဆိုတော့ အားကုန်နေပြီပေါ့ အခုလို အားနည်းတဲ့ ပုံစံပြတာက ရန်သူ့လက်ထဲကို အားနည်းချက် ထိုးပေးလိုက်တာပဲ"

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတစ်ယောက်က ခေါင်းခါရင်း ပြောပါတယ်။

​ကျန်တဲ့လူတွေကတော့ ဘာမှ မပြောဘဲ ငြိမ်ကြည့်နေကြပါတယ်။

တစ်ဖက်မှာလည်း အသက်ရှူနှုန်းကို ထိန်းညှိပြီး အားအမြန်ဆုံး ပြန်ဖြည့်နေကြပါတယ်။

​"မင်းတို့က နားမယ် ဆိုတာ မဟုတ်ဘူးလား"

​ဖန့်ချန် မျက်လုံးဖွင့်လိုက်ပါတယ်။

မီးခိုးဖြူရောင် မျက်ဝန်းတွေက ဘာခံစားချက်မှ မရှိသလိုပါပဲ။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ခြေလှမ်းတွေ ရပ်သွားပါတယ်။

ဖန့်ချန်နဲ့ ၁၀ ပေခန့် အကွာကနေ သူ့ကို အကဲခတ်နေကြပြီး အကြည့်ချင်းနဲ့ပဲ စကားပြောနေကြပါတယ်။

​ရှေ့ကလူက မျက်စိမမြင်ဘူး၊ ဒါကြောင့် သူတို့ စကားမပြောဘဲ အသံကို အတိုးဆုံး ထိန်းထားနိုင်ရင် ဒီနေ့ သူတို့လူတွေအတွက် ကလဲ့စားချေနိုင်မှာပါ။

​စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေက ပြန်မဖြေကြပါဘူး။

စက္ကန့်အနည်းငယ် ကြာတဲ့အခါ သူတို့တွေဟာ တပြိုင်နက်တည်း ဓားတွေနဲ့ ကြမ်းပြင်ကို ခေါက်ပြီး ကြည်လင်တဲ့ အသံတွေကို ထွက်ပေါ်စေပါတယ်။

​ခေါက်သံတွေက တစ်ခါတလေ ပေါ့ပြီး တစ်ခါတလေ လေးတယ်၊ တစ်ခါတလေ ဝေးပြီး တစ်ခါတလေ နီးတယ်။

ဒါဟာ သူတို့ရဲ့ ခြေသံတွေကို ဖုံးကွယ်ဖို့ လုပ်လိုက်တာပါ။

​ဟင်းလင်းပြင်ထဲမှာတော့ စုန်းမျိုးနွယ်စု လွတ်လပ်သောမသေမျိုးတွေဟာ ဒါကို မြင်တော့ အကြာကြီး ပျောက်ကွယ်နေတဲ့ အပြုံးတွေ ပြန်ပေါ်လာပါတယ်။

​ဒီဓားကျင့်ကြံသူတွေကတော့ ဦးနှောက်မရှိတာ မဟုတ်ဘူးပဲ၊ ရန်သူကို ရင်ဆိုင်ဖို့ ဒီလိုနည်းလမ်းမျိုး သုံးတတ်သေးတယ်ပေါ့။

​ရုတ်တရက် ဓားအလင်းတန်းတစ်ခုက ဖန့်ချန်ဆီကို လျှပ်စီးလို ပြေးဝင်သွားပါတယ်။

​ဖန့်ချန်က ဓားကို ခပ်ဖွဖွ လွှဲလိုက်ရုံနဲ့ မြှားတစ်စင်းလို ပြေးဝင်လာတဲ့ ဓားရှည်က လွင့်ထွက်သွားပါတယ်။

​ဓားထုတ်လိုက်တဲ့လူက အနားမကပ်ဘဲ ဓားကို လွှင့်ပစ်တဲ့ လက်နက် လို သုံးလိုက်တာပါ။

​"ချောင်ဖုန်း နယ်မြေက ဓားကျင့်ကြံသူတွေ... မင်းတို့ ဒီလို ပုံစံဖြစ်နေတာက အပေါ်ယံပဲ ရှိတော့တာပဲ၊ မင်းတို့ရဲ့ မာန် တွေ ပျောက်ဆုံးကုန်ပြီ"

​ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဓားကို ကိုင်ကာ လူအုပ်ဆီ လျှောက်သွားပါတယ်။

​အဲဒီ ခေါက်သံတွေက သူ့အတွက် အဟန့်အတား မဖြစ်စေတဲ့အပြင် စုန်းမျိုးနွယ်စု ဓားကျင့်ကြံသူတွေ ရှိတဲ့နေရာကို ပိုပြီး တိတိကျကျ သိစေပါတယ်။

​ဓားကျင့်ကြံသူအချို့က ဘာအသံမှ မထွက်စေဘဲ ဖန့်ချန်ဆီကို တိတ်တဆိတ် ချဉ်းကပ်သွားပါတယ်။

ခေါက်သံတွေရဲ့ အကာအကွယ်အောက်မှာ သူတို့ရဲ့ ခြေသံက လုံးဝ မကြားရသလောက်ပါပဲ။

​မကြာခင်မှာပဲ သူတို့တွေက လေးဘက်လေးလံကနေ ဖန့်ချန်နား ကပ်သွားပါတယ်။

ဓားထုတ်ဖို့ ပြင်လိုက်ရုံရှိသေးတယ်၊ လေပြင်းမုန်တိုင်းလို ပြင်းထန်တဲ့ ဓားကွက်တွေက သူတို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။

​လူအချို့ဟာ တစ်ကွက်တောင် မကာနိုင်ဘဲ ဓားချက်မိပြီး သေဆုံးကုန်ပါတယ်။

အဲဒီအထဲက အသက်မထွက်သေးတဲ့ တစ်ယောက်က မကျေမနပ် မေးလိုက်တယ်

​"မင်း ဘယ်လိုလုပ်ပြီး ငါတို့ကို သိတာလဲ..."

​"မင်းတို့ ကိုယ့်ခြေသံကိုယ် မကြားရတာက ငါလည်း မကြားရဘူးလို့ မဆိုလိုဘူး မင်းတို့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးသံတွေက ငါ့နားထဲမှာ မြစ်ရေလှိုင်းတွေလိုပဲ ကျယ်လောင်နေတယ်"

​ဖန့်ချန်က ခပ်အေးအေး ရှင်းပြလိုက်ပြီး ဓားနဲ့ အဲဒီလူရဲ့ မျက်ခုံးအလယ်ကို ထိုးစိုက်လိုက်ပါတယ်။

အဲဒီနောက် ဓားကို ပြန်ဆွဲထုတ်ပြီး ကျန်တဲ့လူတွေဆီ လျှောက်သွားပါတယ်။

​ဒါဟာ တစ်ဖက်သတ် သတ်ဖြတ်ပွဲ နောက်တစ်ခုပါပဲ။

ဒီဓားကျင့်ကြံသူတွေဟာ အပြင်လောကမှာ ပေါင်းစပ်ခြင်းအဆင့် ဖြစ်ဖြစ်၊ တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ဖန့်ချန်ရဲ့ လက်ထဲမှာ တစ်ကွက်တောင် တောင့်မခံနိုင်ကြပါဘူး။

​လုံမျိုးနွယ်စု ဓားကျင့်ကြံသူတွေဟာ မှင်တက်နေကြပါတယ်။

တစ်ယောက်က အံ့သြတကြီး ပြောတယ်

"ငါ ဘယ်လို ခံစားနေရလဲဆိုတော့... စုန်းမျိုးနွယ်စုက လူတွေက သူတို့ဘာသာသူတို့ သူ့ဓားအောက်ကို အသေခံဖို့ သွားနေကြသလိုပဲ"

​"ငါလည်း အဲဒီလိုပဲ ခံစားရတယ်..."

​အားလုံး ထိတ်လန့်သွားကြပါတယ်။

သာမန်လူတစ်ယောက်ရဲ့ ဓားပညာက ဒီအဆင့်အထိ ရောက်နိုင်တာလား

​လူသာမန်တွေကတော့ အပေါ်ယံ ပွဲကြည့်ကောင်းတာကိုပဲ မြင်ကြပေမဲ့ ပညာရှင်တွေကတော့ အနှစ်သာရကို မြင်ကြပါတယ်။

လွတ်လပ်သောမသေမျိုးတွေက ဖန့်ချန်ကို သတ္တိရှိတယ်လို့ပဲ မြင်ကြပေမဲ့ သူတို့ခေါ်လာတဲ့ မသေမျိုးဘုရင် အဆင့် ဓားကျင့်ကြံသူတွေကတော့ အနှစ်သာရကို တဖြည်းဖြည်း မြင်လာကြပါပြီ။

​"ရှုခေါ့... မင်း တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတွေရဲ့ စွမ်းဆောင်ရည်ကို သိလား"

​ကျူးယွမ်ချန်း က ရုတ်တရက် မေးလိုက်ပါတယ်။

​ကျူးရှုခေါ့ မှင်တက်သွားပြီး တိုးတိုးလေး ဖြေပါတယ်

"အဖေ... ပုံမှန်ဆိုရင် တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူ နှစ်ယောက် ပူးပေါင်းရင် အဆင့် ၁ လွတ်လပ်သောမသေမျိုး ရှေ့ကနေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်တယ်လို့ သိထားပါတယ်"

​"ဟုတ်တယ်၊ ပုံမှန်ဆိုရင်တော့ အဲဒီလို တွက်ချက်တာပေါ့ တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတိုင်းမှာ အားနည်းချက်၊ အားသာချက် ရှိပေမဲ့ အရမ်းကြီးတော့ မကွာခြားလှဘူး"

​"ဒါပေမဲ့... ဒီကလေးရဲ့ ဆရာဘိုးဘေး လီကျန်းနျန် တုန်းကတော့ တက်လှမ်းခြင်းအဆင့်ကို ရောက်ပြီးတာနဲ့ တစ်ယောက်တည်းတင် အဆင့် ၁ လွတ်လပ်သောမသေမျိုး ရှေ့ကနေ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ရုံတင်မကဘဲ တစ်ဖက်လူကို ဒဏ်ရာရအောင်ပါ လုပ်နိုင်ခဲ့တယ်"

​ကျူးယွမ်ချန်း က ခပ်အေးအေး ပြောလိုက်ပါတယ်။

​"ဒီလိုမျိုးတောင် ရှိတာလား"

​ကျူးရှုခေါ့ မယုံနိုင်အောင် ဖြစ်သွားပါတယ်။

​ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းမှန်း သူသိပေမဲ့ ဘယ်လောက်ပဲ ဖြစ်ဖြစ် အကန့်အသတ်တော့ ရှိရမှာ မဟုတ်လား။

​"ဒီကလေးသာ တက်လှမ်းခြင်းအဆင့် ရောက်သွားရင် လီကျန်းနျန် လိုပဲ ဖြစ်လာလိမ့်မယ်"

​ကျူးယွမ်ချန်း က သက်ပြင်းတစ်ချက် ချလိုက်တယ်

"သူတို့တွေက ဓားအတွက် မွေးဖွားလာသူတွေပဲ ဒီလို ပါရမီမျိုးက သာမန်လူတွေ ဘယ်လိုမှ လိုက်မမီနိုင်ဘူး"

​"အဖေ... အဖေ ပြောချင်တာက... သူ တကယ်ပဲ ထိပ်ဆုံးရောက်ဖို့ မျှော်လင့်ချက် ရှိတယ်လို့ ဆိုလိုတာလား"

​ကျူးရှုခေါ့ အသက်ရှူမှားသွားပါတယ်။

​"တကယ်လို့ ဘယ်သူမှ မတားဆီးဘူးဆိုရင် သူ ထိပ်ဆုံးရောက်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ် အခုတော့... ၄၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်"

​ကျူးယွမ်ချန်း က ပြောပါတယ်။

​"၄၀ ရာခိုင်နှုန်း..."

​ကျူးရှုခေါ့ ရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပါတယ်။

​သာမန်ဓားကျင့်ကြံသူတစ်ယောက်က ဘယ်သူမှ မတားဆီးရင်တောင် ထိပ်ဆုံးရောက်ဖို့ အခွင့်အရေးက ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။

အခု ဒီကလေးကတော့ လူတွေ တားဆီးနေတဲ့ ကြားကတောင် ၄၀ ရာခိုင်နှုန်းတောင် ရှိနေသေးတာလား

​သူ့အဖေရဲ့ စကားကို သူ ယုံကြည်ပါတယ်။

ဒီလိုကိစ္စမျိုးမှာ သူ့အဖေ အကြည့် မလွဲနိုင်ပါဘူး။

All Chapters