← Chapters

အခန်း (၁၀၄၅-၁၀၄၆)

Vol. 105 Ch. 1045-1046

အခန်း (၁၀၄၅-၁၀၄၆)

Vol. 105 Ch. 1045-1046

​အခန်း (၁၀၄၅) ငါ၊ လီကျင်နျန်

​"ညီလေး... ငါ့ရဲ့ ကျင့်ကြံမှုတွေ ဖြည်းဖြည်းချင်း ပြန်ရလာပြီလို့ ခံစားနေရတယ်"

​ပိုင်ချင်းမင်ရဲ့ မျက်နှာမှာ ဝမ်းသာအားရ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

​"ကျွန်တော့် ကျင့်ကြံမှုတွေလည်း ပြန်ရနေပါပြီ"

​ဖန့်ချန်က ခေါင်းညိတ်ပြပြီးနောက် သူ့ရှေ့က လောကီဓားသမားပုံစံ လူငယ်ဆီ လျှောက်သွားကာ

"မိတ်ဆွေက ဘယ်သူလဲ"

​အဲဒီလူငယ်က မျက်တောင်ကို အနည်းငယ် လှုပ်ခတ်ပြီး မျက်လုံးဖွင့်လာကာ သမ်းဝေလိုက်ပါတယ်။

သူက ဖန့်ချန်တို့ကို သေချာကြည့်ပြီးနောက် ခေါင်းခါရင်း

​"မင်းတို့ တက်လာတာ တော်တော်ကြာတာပဲ၊ ငါ့မှာ စောင့်နေရတာ မောလှပြီ"

​"ကျွန်တော်တို့ကို စောင့်နေတာလား"

​ဖန့်ချန်က ထူးဆန်းသလိုနဲ့

"ဘာဖြစ်လို့လဲ"

​"ငါက မင်းတို့ ညီအစ်ကိုနှစ်ယောက်ကို သတိပေးချင်လို့ပါ ဒီနေရာမှာ မကြာခင် ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်၊ မင်းတို့ အဲဒီထဲမှာ မပါဝင်ချင်ဘူးဆိုရင် အမြန်ဆုံး ထွက်သွားကြတာ ကောင်းမယ်"

​လူငယ်က ထရပ်ပြီး ကိုယ်လက်လှုပ်ရှားလိုက်ပါတယ်။

​"ဘာကိစ္စကြီးလဲ"

​ပိုင်ချင်းမင်က ထူးဆန်းသလို မေးတယ်

"မင်းက ဘယ်တုန်းက ထိပ်ဆုံးရောက်နေတာလဲ ဒီအပေါ်မှာ နေနေတာ နှစ်တွေ အများကြီး ကြာပြီလား"

​"လီချန်စန်းတို့ လူစုကြောင့်ပေါ့"

​လူငယ်က လှောင်ပြုံးတစ်ချက်နဲ့

"သူတို့က နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့ကြတာ မကြာခင်ကမှ စပြီး လက်စွမ်းပြတော့တာ မင်းတို့က ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ တပည့်တွေပဲ သူတို့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေမှာ ပါဝင်လို့ မဖြစ်ဘူး ဒီကိစ္စအတွက်ဆိုရင် သူတို့က ဘယ်လို နည်းလမ်းညစ်မျိုးကိုမဆို သုံးကြမှာပဲ"

​ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ရဲ့ မျက်နှာထားတွေက အလွန်လေးနက်သွားကြပါတယ်

"မင်းက တကယ်တော့ ဘယ်သူလဲ"

​"ငါလား... လီကျင်နျန် "

​လူငယ်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​"လီကျင်နျန်"

​ပိုင်ချင်းမင်က အသက်ပြင်းပြင်း ရှူလိုက်မိပြီး ဒေါသတကြီးနဲ့

"မင်း ငါတို့ကို နောက်နေတာလား ငါတို့ ဘိုးဘေးကြီး ခန္ဓာကိုယ်စွန့်ခွာသွားတာ နှစ်တွေ အများကြီး ကြာလှပြီ!"

​ဖန့်ချန်ကတော့ စိတ်ထဲမှာ ထူးဆန်းနေပါတယ်။

တစ်ဖက်လူက ဒီအပေါ်မှာ ကြိုရောက်နေပြီး သူတို့ကို စောင့်နေရုံတင်မကဘဲ သူကိုယ်သူ လီကျင်နျန်လို့ ပြောနေတာပါ။

ပြီးတော့ လီချန်စန်းတို့ ကိစ္စကိုလည်း သိနေတယ်။

​ငါတို့ကို နောက်ပြောင်ဖို့သက်သက်တော့ မဖြစ်နိုင်ဘူး။

​"အဲတုန်းက အခြေအနေမဲ့ တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ရခဲ့တာကို မင်းတို့ မေ့နေတာလား"

​လီကျင်နျန်က ပိုင်ချင်းမင်ကို တစ်ချက်ကြည့်လိုက်ပြီး ဖန့်ချန်ဘက် လှည့်ကာ ပြုံးစိစိနဲ့ ပြောတယ်

​"ဒီအမွေအနှစ်က ပြောရရင် မင်းနဲ့လည်း ပတ်သက်နေတာပဲ ငါ့ရဲ့ ဓားသန္ဓေသား ကို ပေးပြီး လဲလှယ်ခဲ့ရတာလေ အဲဒီဓားက သုံးလို့ ကောင်းရဲ့လား"

​"...ကောင်းပါတယ်"

​ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။

​အရင်က အခြေအနေမဲ့ နှစ်ယောက် စစ်တုရင် ကစားရင်းနဲ့ အဘိုးကြီးက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဓားနတ်ဘုရားဟောင်းကို ဘာလို့ လမ်းညွှန်ခဲ့သလဲဆိုတာ အခုမှ သူ နားလည်သွားပါတော့တယ်။

​တစ်ဖက်လူက ဒီအကြောင်းတွေကို သိနေတယ်ဆိုကတည်းက သူ့ရဲ့ အထောက်အထားက သေချာသွားပါပြီ။

​"ညီလေး... သူက တကယ်ပဲ ငါတို့ ဘိုးဘေးကြီးလို့ မင်း ယုံတာလား ဘိုးဘေးက သေသွားပြီလေ၊ ပြန်ဝင်စားရင်တောင် ဒီလောက် မြန်မြန် ကြီးလာမှာ မဟုတ်ဘူး"

​ပိုင်ချင်းမင်က လီကျင်နျန်ကို သတိနဲ့ စိုက်ကြည့်နေတုန်းပါပဲ

"ပြော... မင်း တကယ်တော့ ဘာလဲ"

​"ငါက အခုချိန်မှာ... အခြေအနေမဲ့ တစ်ယောက်လို့ ပြောလို့ရမလားပဲ"

​လီကျင်နျန်က ပြုံးလိုက်တယ်

"ငါက မင်းတို့နဲ့ မတူတော့ဘူး ဒီတစ်ခါ ကိစ္စမှာလည်း ငါ မင်းတို့ကို မကူညီနိုင်ဘူး၊ ကန့်သတ်ချက်တွေက အရမ်းများလွန်းလို့ "

​ပြောပြီးတာနဲ့ လီကျင်နျန်က မလှမ်းမကမ်းက ဓားကျောက်စာတိုင် တစ်ခုကို ညွှန်ပြလိုက်တယ်

"ဟို ဓားကျောက်စာတိုင်ကို မြင်လား ငါ စစ်ဆေးကြည့်ပြီးပြီ၊ အဲဒီထဲက ဓားကျမ်းက တခြားဓားကျမ်းတွေထက် ပိုပြီး နက်နဲတယ် သွားပြီး လေ့လာကြည့်ကြ"

​သူတို့ နှစ်ယောက်လုံး အဲဒီကျောက်စာတိုင်ဆီကို လှမ်းကြည့်လိုက်ကြပါတယ်။

သူတို့ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ လီကျင်နျန်က အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားပါပြီ။

​ပိုင်ချင်းမင် ရင်ထဲမှာ ထိတ်ခန့်သွားပြီး တိုးတိုးလေး မေးတယ်

"ညီလေး... သူက တကယ်ပဲ ငါတို့ဂိုဏ်းက ဓားနတ်ဘုရားဟောင်းကြီးလား သူက အခြေအနေမဲ့ ဖြစ်သွားပြီဆိုတော့... တာအိုသုံးထောင်ဂိုဏ်းကလူတွေလိုမျိုး မသေနိုင်တော့တာလား"

​"စီနီယာ... အခြေအနေမဲ့ ဆိုတာ တကယ်တော့ ဘယ်လို တည်ရှိမှုမျိုးလဲ"

​ဖန့်ချန်က စဉ်းစားနေမိပါတယ်။

​"ငါ ဘယ်လို သိမှာလဲ..."

​ပိုင်ချင်းမင်က ညည်းတွားလိုက်တယ်

"အခုနက သူ ပြောသွားတာက လီချန်စန်းတို့က ကိစ္စကြီးတစ်ခု ကြံစည်နေကြတယ်၊ ဒီနေရာမှာ အပြောင်းအလဲကြီး ဖြစ်တော့မယ်ဆိုတော့... မင်း ဘယ်လို ထင်လဲ"

​ဖန့်ချန်က ခေါင်းခါလိုက်ပါတယ်။

လီချန်စန်း ဘာတွေ ကြံစည်နေလဲ သူ မသိပါဘူး။

​ခဏ စဉ်းစားပြီးနောက် ဖန့်ချန်က ပိုင်ချင်းမင်ကို ခေါ်ပြီး အဲဒီ ဓားကျောက်စာတိုင်ဆီ လျှောက်သွားပါတယ်။

​"လက်နဲ့ စမ်းကြည့်လိုက်ဦး"

​ပိုင်ချင်းမင်က သတိပေးပါတယ်။

​ဖန့်ချန်က လက်တစ်ဖက်နဲ့ ကျောက်စာတိုင်ကို ဖိလိုက်ပါတယ်။

ဘာမှ မထူးခြားဘူးလို့ ထင်လိုက်တဲ့ ခဏမှာပဲ ဖန့်ချန်ရဲ့ လက်ဝါးအောက်ကနေ စပြီး အက်ကွဲကြောင်းတွေဟာ ကျောက်စာတိုင်တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။

​ဒီအတိုင်းဆိုရင် တစ်ခုလုံး ပြာဖြစ်သွားတော့မှာပါ။

​ဖန့်ချန်က လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပါတယ်။

ကျောက်စာတိုင်ကလည်း ဆက်ပြီး မအက်တော့ပါဘူး။

​"စီနီယာ စမ်းကြည့်ပါဦး"

​ဖန့်ချန်က ထူးဆန်းသလို ခံစားရတာကြောင့် ပိုင်ချင်းမင်ကို ကျောက်စာတိုင်ရှေ့မှာ ထားပြီး လက်နဲ့ ဖိခိုင်းလိုက်ပါတယ်။

​ပိုင်ချင်းမင် စမ်းကြည့်တဲ့အခါမှာတော့ ကျောက်စာတိုင်က မအက်ကွဲတော့ဘဲ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပိုင်ချင်းမင်ရဲ့ လက်ဖဝါးကနေတစ်ဆင့် လက်မောင်း၊ အဲဒီကနေတစ်ဆင့် နဖူးအလယ် ဆီကို တိုးဝင်သွားပါတယ်။

​ကြည့်ရတာ ပိုင်ချင်းမင်က ဒီဓားကျောက်စာတိုင်ရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီး အမွေအနှစ်ကို လက်ခံရရှိနေပုံရတယ်လို့ ဖန့်ချန် ခန့်မှန်းလိုက်ပါတယ်။

ဒါကြောင့် သူက တခြား ဓားကျောက်စာတိုင်တွေဆီကို သွားပြီး စမ်းကြည့်ပါတယ်။

​ရလဒ်ကတော့ အတူတူပါပဲ။

သူ့လက်ဝါးနဲ့ ထိလိုက်တိုင်း ကျောက်စာတိုင်တွေက အက်ကွဲကုန်ကြပါတယ်။

​ကျောက်စာတိုင် တစ်ခုပြီးတစ်ခုမှာ သူ့ရဲ့ လက်ဝါးရာတွေ ကျန်ရစ်ခဲ့ပါတယ်။

​ရက်အနည်းငယ် ကြာတဲ့အခါ ဖန့်ချန်က ပိုင်ချင်းမင် ဘေးကို ပြန်ရောက်လာပါတယ်။

ပိုင်ချင်းမင်ကတော့ ဓားကျမ်းအမွေအနှစ်ကို လက်ခံတုန်းပါပဲ။

​ဖန့်ချန်ရဲ့ မျက်နှာထားက ရှုပ်ထွေးနေပါတယ်။

သူ ဒီအပေါ်က ဓားကျောက်စာတိုင် အားလုံးကို စမ်းကြည့်ပြီးပါပြီ၊ တစ်ခုချင်းစီမှာ လက်ဝါးရာတွေ ကျန်ခဲ့ပါတယ်။

​"ဒါဟာ ရှစ်မျက်နှာအရပ် ဓားကျမ်း ကြောင့်လား"

​သေချာ စဉ်းစားကြည့်တဲ့အခါ ဒါက အဖြစ်နိုင်ဆုံး အကြောင်းပြချက်ပါပဲ။

​သူ့မှာ ရှိနေတဲ့ ဓားကျမ်းက ဒီနေရာက ဘယ်ဓားကျမ်းထက်မဆို အဆင့်အတန်း ပိုမြင့်နေတာကြောင့် ဒီလို ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

​လေဟာနယ်ထဲမှာတော့ ကျောက်ယွမ်လူက တိတ်တိတ်လေး ရပ်နေပါတယ်။

ဓားသင်္ချိုင်းလှေကားထစ်ရဲ့ အဆုံးဟာ မြူထုတွေနဲ့ ဖုံးလွှမ်းနေတာကြောင့် သူ့လို ပုဂ္ဂိုလ်မျိုးတောင်မှ သာမန်မျက်စိနဲ့ အပေါ်က အခြေအနေကို မမြင်ရပါဘူး။

​ရက်အနည်းငယ် စောင့်ပြီးတဲ့နောက် သူက လီချန်စန်း ရှေ့ကို ရုတ်တရက် ရောက်လာပါတယ်။

​လုချင်းရှူးတို့ လူစုဟာ မျက်မှောင်ကြုတ်သွားပြီး ကျောက်ယွမ်လူကို သတိနဲ့ ကြည့်လိုက်ကြပါတယ်။

​"စီနီယာ ကျောက်"

​လီချန်စန်းက ပြုံးပြီး လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​ကျောက်ယွမ်လူက ခေါင်းညိတ်ပြတယ်

"အခု ဒီနေရာမှာ မင်းက စကားပြောပိုင်ခွင့်ရှိသူ ပဲ မဟုတ်လား"

​"မှန်ပါတယ်"

​လီချန်စန်းက ခပ်ဖွဖွ ခေါင်းညိတ်ပြပါတယ်။

​"လုံမျိုးနွယ်စုမှာ အခု အပြောင်းအလဲကြီး ဖြစ်နေပြီဆိုတော့ သျှောင်နတ်နဂါးမလေး အရင်က ပြောခဲ့တဲ့ စကားတွေကလည်း အတည်မဖြစ်တော့ဘူး"

​"အဲဒီကောင်လေးက ထိပ်ဆုံးရောက်သွားပြီဆိုပေမဲ့၊ ငါကတော့ သူ့ရဲ့ ဝိညာဉ်ကို စစ်ဆေး ချင်တုန်းပဲ ငါ့ရဲ့ အသုံးမကျတဲ့သားကို ဘယ်သူ သတ်လိုက်တာလဲဆိုတာ သိချင်တယ် မင်းရဲ့ သဘောထားက ဘယ်လိုလဲ"

​ကျောက်ယွမ်လူက မေးပါတယ်။

​လုချင်းရှူးတို့ လူစုကတော့ သက်ပြင်းချနိုင်သွားပါတယ်။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က သူတို့ကို ဘာမှ ထိခိုက်မှု မရှိလို့ပါ။

​"ကျွန်တော် ထင်တာကတော့ စီနီယာကျောက် ပြောတာ မှန်ပါတယ် ပြီးတော့ အဲဒီကောင်လေးက ကျွန်တော့်သားကိုလည်း သတ်ခဲ့တာဆိုတော့ တစ်ခုခုတော့ ဖြေရှင်းချက် ပေးရမှာပဲ"

​လုချင်းရှူးက ခပ်အေးအေး ပြောလိုက်ပါတယ်။

​"စီနီယာ သဘောအတိုင်းပါပဲ"

​လီချန်စန်းက ပြုံးပြီး ပြောပါတယ်။

​ကျောက်ယွမ်လူကလည်း အဓိပ္ပာယ်ပါတဲ့ အပြုံးတစ်ခုနဲ့

"နောင်ကျရင် အားတဲ့အခါ ယွမ်လူမြို့ ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"

​အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီး ကတော့ မယုံနိုင်အောင် ဖြစ်နေပါတယ်။

သူမက လီချန်စန်းကို စိုက်ကြည့်ရင်း ခဏအကြာမှာမှ

​"သူက... အစ်ကို့ရဲ့ ဇာတိမြေကနေ ခေါ်လာတဲ့လူ မဟုတ်လား..."

​"သူက အသုံးမဝင်တော့ဘူး"

​လီချန်စန်းရဲ့ မျက်နှာထားက အေးစက်နေပါတယ်။

​လုံရွှမ်းကလည်း သူ့အဖေကို ပထမဆုံးအကြိမ် မြင်ဖူးသလိုမျိုး ကြောင်ကြည့်နေမိပါတယ်။

​ချန်ချင်းထိုက်တို့ လူစုကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာမှ ဝင်မပြောကြပါဘူး။

ဒီလို ကိစ္စတွေကို သူတို့ မပတ်သက်ချင်တော့ပါဘူး၊ အခု သူတို့ စိတ်ကူးနေတာက ဘယ်လို ဘေးကင်းအောင် ဆုတ်ခွာရမလဲ ဆိုတာပါပဲ။

​နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားပါတယ်။

​ဓားသင်္ချိုင်းလှေကားထစ်ရဲ့ အဆုံးမှာတော့ အလင်းတန်းတစ်ခုဟာ ကောင်းကင်ကို ထိုးတက်သွားပါတယ်။

ဒါဟာ တစ်စုံတစ်ယောက်က ဓားကျမ်းအမွေအနှစ်ကို ရရှိသွားပြီဆိုတဲ့ အထိမ်းအမှတ်ပါပဲ။

​"လူနှစ်ယောက် တက်သွားတာဆိုတော့ ဖန့်ချန်ပဲ ဓားကျမ်းအမွေအနှစ်ကို ရသွားတာ ဖြစ်မယ်"

​လီချန်စန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး ကျောက်ယွမ်လူကို ကြည့်ကာ

"စီနီယာကျောက်... ကျွန်တော်တို့ ဓားကျမ်းကို ပြန်သိမ်းပြီးတာနဲ့ ဒီကောင်လေးကို စီနီယာ့လက်ထဲ အပ်ပါ့မယ်"

​"ကိစ္စမရှိဘူး"

​ကျောက်ယွမ်လူက ခေါင်းညိတ်ပြပါတယ်။

သူက သိပ်ပြီး ဂရုမစိုက်ပါဘူး။

​လှေကားထစ်ပေါ်က နွယ်ပင်တွေကြားမှာတော့ ယန်ခုန်းတို့ လူစုဟာ အဲဒီ အလင်းတန်းကို မြင်တဲ့အခါ မျက်နှာတွေ ရှုပ်ထွေးကုန်ကြပါတယ်။

​အဲဒီနှစ်ယောက်ဟာ ထိပ်ဆုံးရောက်သွားရုံတင်မကဘဲ ဓားကျမ်းအမွေအနှစ်ကိုပါ ရသွားကြတာပါ။

​"အလင်းတန်းက တစ်ခုတည်းဆိုတော့... ဖန့်ချန်ပဲ ဖြစ်ရမယ်"

​ယန်ခုန်းက သက်ပြင်းချလိုက်ပါတယ်။

အဲဒီနောက် သွားကို တင်းတင်းကြိတ်ပြီး အားခဲလိုက်တယ်၊ နည်းနည်းလေးပဲ လိုတော့တာပါ၊ သူလည်း ထိပ်ဆုံးကို ရောက်တော့မှာပါ

​အခန်း (၁၀၄၆) ကောင်းကင်ကို တိုက်ခိုက်ခြင်း

​အလင်းတန်းဟာ နွေဦးတစ်ဝက်လောက်အထိ ကြာမြင့်ခဲ့ပါတယ်။

ဒီခြောက်လအတွင်းမှာပဲ ပိုင်ချင်းမင်ရဲ့ ပြတ်တောက်နေတဲ့ ခြေထောက်နှစ်ဖက်ဟာ အသစ်ပြန်လည် ထွက်ပေါ်လာခဲ့ပါပြီ။

​သူ့ရဲ့ မျက်နှာက တည်ကြည်လေးနက်နေပြီး မျက်လုံးတွေကို မှိတ်ကာ ဓားကျောက်စာတိုင်ရှေ့မှာ ထိုင်နေပါတယ်။

သူ့ကိုယ်ပေါ်က ဓားဆန္ဒ တွေဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်အောင်ကို တရိပ်ရိပ် တိုးတက်လာနေတာပါ။

​"နောက်ဆုံးတော့ ရောက်လာပြီ..."

​ယန်ခုန်းဟာ အလွန်တရာ စိတ်လှုပ်ရှားနေပါတယ်။

သူ နောက်ဆုံးတော့ ထိပ်ဆုံးကို ရောက်လာခဲ့ပါပြီ

​ယန်ခုန်း ထိပ်ဆုံးရောက်ပြီးနောက် ဖုတုန်းဟိုင်တို့ လူစုလည်း တစ်ယောက်ပြီးတစ်ယောက် ဆိုက်ရောက်လာကြပါတယ်။

သူတို့တွေ အခုထိ ကြံ့ကြံ့ခံနိုင်ခဲ့တာကို ကြည့်ပြီး အားလုံးက အံ့ဩနေကြတာပါ။

​"ဘာလို့ ဖန့်ချန် မဟုတ်တာလဲ"

​ယန်ခုန်းက အကဲခတ်ကြည့်လိုက်ရာ အမွေအနှစ်ကို လက်ခံရရှိနေတာ ပိုင်ချင်းမင် ဖြစ်နေတာကို တွေ့လိုက်ရပြီး မျက်နှာထားက ထူးဆန်းသွားပါတယ်။

​"သူပဲ အမွေအနှစ် ရနေတာလို့ ငါထင်ခဲ့တာ... တကယ်တော့ သူက ဒီနေရာရဲ့ အသိအမှတ်ပြုမှုကိုတောင် မရခဲ့ဘူးပဲ"

​ဖုတုန်းဟိုင်က မနေနိုင်ဘဲ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပါတယ်။

​စုန်းမျိုးနွယ်စုဘက်က ဓားကျင့်ကြံသူတွေကတော့ ဒါတွေကို ဂရုမစိုက်အားပါဘူး။

သူတို့က ဖန့်ချန်ကို သတိနဲ့ ကြည့်ရင်း ကျန်နေတဲ့ ဓားကျောက်စာတိုင်တွေဆီကို အပြေးအလွှား သွားကြပါတယ်။

​သူတို့ရဲ့ ရည်မှန်းချက်က ချောင်ဖုန်းနယ်မြေမှာ မရှိသေးတဲ့ ဓားကျမ်းအသစ်တွေ ဖြစ်ပါတယ်။

​"ဖန့်ဓားဦးဆောင်သူ"

​ယန်ခုန်းက အဝေးကနေ ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီးနောက် ဓားကျောက်စာတိုင်တွေကို လိုက်ရှာပါတော့တယ်။

​"ဟင်... ဒီကျောက်စာတိုင်မှာ ဘာလို့ လက်ဝါးရာကြီး တစ်ခု ရှိနေတာလဲ"

​"မင်းဘက်မှာလည်း ဟုတ်လား ငါ့ဘက်မှာလည်း ရှိတယ်"

​"ထူးဆန်းလိုက်တာ... ဒီကျောက်စာတိုင်တွေကို လွတ်လပ်သောမသေမျိုးတွေတောင် မဖျက်ဆီးနိုင်ဘူးလေ၊ ဘယ်သူက ဒီပေါ်မှာ လက်ဝါးရာ ချန်ထားနိုင်ခဲ့တာလဲ "

​လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်ကုန်ကြပါတယ်။

ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူတို့ မတွေးတတ်တော့ပါဘူး။

​ဟိုးရှေးယခင်က လွတ်လပ်သောမသေမျိုးတွေ ထိပ်ဆုံးရောက်တဲ့အခါ ဒီနေရာကို စမ်းသပ်ဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ ဘယ်လို နည်းလမ်းနဲ့မှ ဒီနေရာက မြက်တစ်ပင်၊ သစ်ပင်တစ်ပင်ကိုတောင် မဖျက်ဆီးနိုင်ခဲ့ကြပါဘူး။

တချို့ကတော့ ဒီနေရာဟာ ဓားနယ်ပယ် တစ်ခုနဲ့ ဖုံးလွှမ်းထားလို့ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

​"ဖန့်ချန်... မင်းတို့ အရင်ရောက်တာဆိုတော့ ဒီလက်ဝါးရာတွေက အရင်ကတည်းက ရှိနေတာလား"

​ဖုတုန်းဟိုင်က အဝေးကနေ အော်မေးပါတယ်။

​ဖန့်ချန်က ပြုံးပြီး ခေါင်းငြိတ်ပြတယ်

"အရင်ကတည်းက ရှိနေတာပါ"

​"ကြည့်ရတာ ငါတို့ မသိသေးတဲ့ ကိစ္စတွေ ဒီမှာ ဖြစ်ခဲ့ပုံပဲ"

​အားလုံးရဲ့ မျက်နှာတွေ လေးနက်သွားပါတယ်။

​နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အခါ ယန်ခုန်းဟာ သူ့ကို အမွေအနှစ်ပေးမယ့် ကျောက်စာတိုင်တစ်ခုကို တွေ့သွားပြီး ချက်ချင်း လက်ခံရယူပါတော့တယ်။

​အဲဒီနောက် ကျန်းကောင်းထျန်း...။

​နောက်ဆုံးတော့ စုန်းမျိုးနွယ်စုထဲက ဓားကျင့်ကြံသူ တစ်ယောက်...။

​ဒီသုံးယောက်ကလွဲရင် ကျန်တဲ့လူတွေကတော့ အမွေအနှစ် မရရှိခဲ့ကြပါဘူး။

​ဖုတုန်းဟိုင်ကတော့ မျက်နှာ ပျက်နေပါတယ်။

သူ့ရဲ့ ပါရမီနဲ့ ဓားသင်္ချိုင်းလှေကားထစ်ကို တက်ခဲ့ပေမဲ့ ဘာမှ မရခဲ့တာကို သူ မယုံနိုင်အောင် ဖြစ်နေတာပါ။

ဒါဟာ ဓားကျောက်စာတိုင်တွေက သူ့ကို အသိအမှတ် မပြုဘူးလို့ ဆိုလိုတာပဲ မဟုတ်လား။

​"တော်သေးတာက ဖန့်ချန်ကလည်း အမွေအနှစ် မရဘူးပဲ ငါ သိပ်ပြီး အရှက်မကွဲတော့ဘူးပေါ့"

​ဒီလို တွေးလိုက်တော့မှ ဖုတုန်းဟိုင် စိတ်အနည်းငယ် ပြန်အေးသွားပါတယ်။

​တစ်လလောက် ကြာတဲ့အခါ ယန်ခုန်းတို့ လူစုဟာ အမွေအနှစ် လက်ခံတာ ပြီးဆုံးသွားကြသလို၊ အစောဆုံး စတင်ခဲ့တဲ့ ပိုင်ချင်းမင်လည်း ပြီးဆုံးသွားပါပြီ။

​"စီနီယာ... ဘယ်လို ခံစားရလဲ"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​ပိုင်ချင်းမင်က ခဏကြာမှ မျက်လုံးဖွင့်လာပြီး ဖန့်ချန်ကို ကြည့်ကာ ခေါင်းငြိတ်ပြတယ်

​"အရမ်း အားကောင်းတယ်... ငါ ရခဲ့တဲ့ ဓားကျမ်း နာမည်က ကောင်းကင်ကို တိုက်ခိုက်ခြင်း တဲ့တိုက်ခိုက်နိုင်စွမ်းက ငါ အရင်ကျင့်ခဲ့တာထက် အနည်းဆုံး အဆပေါင်း ဆယ်ဂဏန်းလောက် ပိုသန်မာတယ် "

​"ကောင်းကင်ကို တိုက်ခိုက်ခြင်း..."

​ဖန့်ချန် ခေါင်းငြိတ်လိုက်ပါတယ်။

ဒီနာမည်က တကယ်ပဲ ရဲရင့်လှပါတယ်။

လီကျင်နျန်က ဘာလို့ သူတို့ကို ဒီကျောက်စာတိုင်ဆီ လမ်းညွှန်ခဲ့သလဲဆိုတာ နားလည်သွားပါပြီ။

​"အားလုံးပဲ... ခရီးစဉ်က ပြီးဆုံးသွားပြီဆိုတော့ သွားကြစို့"

​ယန်ခုန်းက ပြုံးပြီး ပြောပါတယ်။

ကြည့်ရတာ သူ ရခဲ့တဲ့ ဓားကျမ်းကလည်း သိပ်တော့ မသေးလှပါဘူး။

​လူတိုင်း ကျင့်ကြံမှုတွေ ပြန်ရလာကြပြီ ဖြစ်တာကြောင့် လေထဲကို ပျံတက်ပြီး ဒီနေရာကနေ ထွက်ခွာလာကြပါတယ်။

​သူတို့ရဲ့ အမြင်အာရုံနဲ့ဆိုရင်တော့ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုမှာ တစ်ခုခု မမှန်တာကို ချက်ချင်း သိလိုက်ရပါတယ်။

​"ညီလေး... နေဦး"

​ပိုင်ချင်းမင်က ဖန့်ချန်ရဲ့ လက်စကို ဆွဲလိုက်ပြီး လီချန်စန်းနဲ့ သူ့ဘေးက ကျောက်ယွမ်လူကို သတိနဲ့ ကြည့်လိုက်ပါတယ်။

​ကျောက်ယွမ်လူက ဘာလို့ လီချန်စန်း ဘေးမှာ ရောက်နေရတာလဲ

​ဖုတုန်းဟိုင်ကတော့ ဖန့်ချန်တို့ နှစ်ယောက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခု ပေါ်လာပါတယ်။

​"ယန်ခုန်း... ဖန့်ချန်ကို ခေါ်လာခဲ့"

​လီချန်စန်းက ခပ်အေးအေး အမိန့်ပေးပါတယ်။

​"ပိုင်ချင်းမင်... မင်း သူ့ကိစ္စကို ဝင်မပါတာ ကောင်းမယ် မင်းက ဓားကျမ်းအမွေအနှစ်ကို ရထားတာဆိုတော့ နောင်ကျရင် ဒီနယ်မြေမှာ အလားအလာ အများကြီး ရှိနေတာ"

​ဖုတုန်းဟိုင်က ပိုင်ချင်းမင်ကို ကြည့်ပြီး ပြောလိုက်ရာ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါဟာ ဖန့်ချန်နဲ့ ပိုင်ချင်းမင်ကို လွှမ်းခြုံသွားပါတယ်။

​ယန်ခုန်းရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး လီချန်စန်းနဲ့ ကျောက်ယွမ်လူကို ကြည့်ကာ အခြေအနေကို ရိပ်မိသွားပါတယ်။

​"မင်းပြောသလိုပဲ တစ်ခုခု မဟုတ်တော့ဘူး... လုံမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေ တစ်ယောက်မှ မရှိတော့ဘူး၊ စုန်းမျိုးနွယ်စုလည်း အတူတူပဲ..."

​ပိုင်ချင်းမင်က ဖုတုန်းဟိုင်ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မူမမှန်တာတွေကို ချက်ချင်း မြင်လိုက်ရပါတယ်။

​"ယန်ခုန်း... မင်း ဖန့်ချန်ကို လီချန်စန်းဆီ ခေါ်သွားလိုက်၊ ပိုင်ချင်းမင်ကိုတော့ ငါ ရှင်းလိုက်မယ်"

​ဖုတုန်းဟိုင်က ရယ်လိုက်ပြီး ပိုင်ချင်းမင်ဆီကို ဓားနဲ့ ရုတ်တရက် ခုတ်ပိုင်းလိုက်ပါတယ်။

​ပြင်းထန်လှတဲ့ ဓားဆန္ဒတွေဟာ သမုဒ္ဒရာလှိုင်းလုံးကြီးတွေလို လိမ့်တက်လာပါတယ်။

​"ဖယ်စမ်း"

​ပိုင်ချင်းမင်က လက်ကို လွှဲလိုက်ရာ ဓားတစ်ချက် ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ ဒီဓားချက်ထဲမှာ သူ အခုလေးတင် ရထားတဲ့ ကောင်းကင်ကို တိုက်ခိုက်ခြင်း ဓားဆန္ဒ ပါဝင်နေပါတယ်။

​ဖုတုန်းဟိုင်ရဲ့ ဓားဆန္ဒဟာ ဒီဓားဆန္ဒရှေ့မှာ လှိုင်းလုံးကြားက လှေငယ်လေးလိုပဲ ခဏချင်းမှာပဲ နစ်မြုပ်သွားပါတော့တယ်။

​ဓားတစ်ချက်တည်းနဲ့တင် ဖုတုန်းဟိုင်ဟာ အံ့ဩတကြီးနဲ့ နောက်ပြန်လွင့်သွားပြီး အောက်ကို ကျဆင်းသွားပါတယ်။

သူ့ရဲ့ ဝမ်းဗိုက်ကနေ သွေးတွေ ပန်းထွက်နေသလို အတွင်းအင်္ဂါ အချို့တောင်...။

​အားလုံး မှင်တက်သွားကြပါတယ်။

ဖုတုန်းဟိုင်က ဘာပဲပြောပြော ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ဓားကျင့်ကြံသူလေ၊ ပိုင်ချင်းမင်ထက် အဆင့်ကြီးတစ်ခုလုံး မြင့်နေတာကို...။

​"မင်း သေချင်နေတာပဲ"

​ရွှယ်ရှန်း က ဒေါသတကြီးနဲ့ ဓားအဖြစ် ပြောင်းလဲကာ တိုက်ခိုက်ဖို့ ပြင်ပါတယ်။

​ယန်ခုန်းက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး အသံလွှင့်ကာ သတိပေးလိုက်တယ်

"မင်းရဲ့ စီနီယာနဲ့အတူ အမြန်ဆုံး ထွက်ပြေးတော့"

​အဲဒီနောက် သူက ဖန့်ချန်ကို တိုက်ခိုက်မယ့်ပုံစံ ဖမ်းလိုက်ပေမဲ့ တကယ်တမ်းမှာတော့ ရွှယ်ရှန်းနဲ့ ဖန့်ချန်တို့ ကြားထဲမှာ ဝင်ခံလိုက်တာပါ။

​ရွှယ်ရှန်းရဲ့ တိုက်စစ်က တန့်သွားပါတယ်။

သူ ယန်ခုန်းကိုတော့ မသတ်ရဲပါဘူး၊ ဘာပဲပြောပြော သူက လီချန်စန်းရဲ့ တပည့် မဟုတ်လား။

​တပြိုင်နက်တည်းမှာပဲ နောက်ဘက်ကနေ ပြင်းထန်တဲ့ စုပ်ယူအားတစ်ခု ပေါ်လာပြီး ရွှယ်ရှန်းရဲ့ ကိုယ်ထည်ဟာ မတည်မငြိမ် ဖြစ်သွားကာ မူလနေရာကို ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရပါတယ်။

​သူက ဒေါသတကြီးနဲ့ ကျောက်ယွမ်လူကို လှည့်ကြည့်လိုက်ပါတယ်။

​"ငါ ဒီကောင်လေးကို ဝိညာဉ် မစစ်ဆေးရသေးဘူးမင်းရဲ့ ဓားအောက်မှာ သေလို့ ဖြစ်မလား"

​ကျောက်ယွမ်လူက ခပ်အေးအေး ပြောလိုက်ပါတယ်။

​ရွှယ်ရှန်းမှာ ဒေါသထွက်စရာ နေရာမရှိတာကြောင့် ဖုတုန်းဟိုင်ရဲ့ ဒဏ်ရာကိုပဲ သွားကြည့်ပါတော့တယ်။

​ကျောက်ယွမ်လူက ဖန့်ချန်ကို ကြည့်ကာ

"မင်းတို့ ထွက်ပြေးဖို့ မကြိုးစားနဲ့၊ ပြေးလို့ လွတ်မှာ မဟုတ်ဘူး"

​"ဘိုးဘေး လီ... ဘာတွေ ဖြစ်ကုန်တာလဲ"

​ပိုင်ချင်းမင်က လီချန်စန်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ

"အရင်က ပြောထားတာက ညီလေး ထိပ်ဆုံးရောက်ရင် လုံမျိုးနွယ်စုက သူ့ကို ကာကွယ်ပေးမယ် ဆိုတာ မဟုတ်လား"

​လုံအောက်တို့ရဲ့ မျက်နှာတွေက ဆိုးဝါးနေသလို စုန်းမျိုးနွယ်စုဘက်ကလည်း အခြေအနေ မကောင်းပါဘူး။

​အရင်က အခြေအနေက အရင်ကပါ၊ အခုတော့... သူတို့ ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတာပါ။

​"အခြေအနေတွေက နည်းနည်း ပြောင်းလဲသွားလို့ပါ မင်းတို့ထဲမှာ ဘယ်သူက ဓားကျမ်းအမွေအနှစ်ကို ရခဲ့တာလဲ"

​လီချန်စန်းက ပြုံးပြီး မေးပါတယ်။

​"ပိုင်ချင်းမင် ပါ"

စုန်းမျိုးနွယ်စုက ဓားကျင့်ကြံသူ တစ်ယောက်က ဖြေပါတယ်။

​ဖန့်ချန် မဟုတ်ဘူးလား

​အားလုံး အံ့ဩသွားကြပါတယ်။

ဘာလို့ ပိုင်ချင်းမင်က အမွေအနှစ်ကို ရသွားတာလဲသူက ဖန့်ချန် ကျောပိုးလို့သာ ထိပ်ဆုံးကို ရောက်လာတာလေ...။

​ဘယ်လိုပဲ ဖြစ်ဖြစ် ဖန့်ချန်ပဲ ရသင့်တာ မဟုတ်လား

​"ငါ့ရဲ့ ခန့်မှန်းချက်ထက် ကျော်လွန်သွားတာပဲ"

​လီချန်စန်းက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

တကယ်တော့ ပိုင်ချင်းမင်ရဲ့ အခု ဓားဆန္ဒဟာ အရမ်းကို ကြောက်စရာကောင်းနေပြီဆိုတာ သူ မြင်နေရပါတယ်။

​သူက ပိုင်ချင်းမင်ကို ကြည့်ကာ

"ငါ မင်းကို တပည့်အဖြစ် လက်ခံချင်တယ် မင်းအတွက် အလားအလာကောင်းတွေ ပေးမယ် သေချာ စဉ်းစားပါ၊ ကိုယ့်လမ်းကိုယ် မပိတ်ပါနဲ့"

​"မင်း ငါ့ညီလေးကို ရောင်းစားလိုက်တာလား"

​ပိုင်ချင်းမင်ရဲ့ မျက်နှာက ပြာနှမ်းနေပါပြီ

"လုံမျိုးနွယ်စုက လွတ်လပ်သောမသေမျိုးတွေ ဘယ်ရောက်ကုန်ပြီလဲ"

​"ဖန့်ချန်... ဒီဓားကျင့်ကြံသူတွေ ပုန်ကန်ကုန်ကြပြီ"

လုံရို့ က ရုတ်တရက် အော်ပြောပါတယ်။

​ဖုတုန်းဟိုင်ကို ကုပေးနေတဲ့ ရွှယ်ရှန်းက ဒါကို မြင်တော့ လုံရို့ ရှေ့ကို လျှောက်သွားပြီး ပါးတစ်ချက် ရိုက်လိုက်ပါတယ်။

​"ရွှယ်ရှန်း မင်းလို ခွေးကောင်က ငါ့သမီးကို ရိုက်ရဲတယ်ပေါ့ "

လုံအောက်က ဒေါသတကြီး အော်ပါတယ်။

​"သခင်ကြီး... အခု အခြေအနေကို မျက်စိမပွင့်သေးဘူးလား"

ရွှယ်ရှန်းက လုံအောက်ကို အေးစက်စွာ ကြည့်လိုက်ပါတယ်။

​လုံအောက်ရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသကို ပြန်မျိုသိပ်ကာ ဘာမှ ဆက်မပြောတော့ပါဘူး။

​"ညီလေး... ဒီလီချန်စန်းတို့က... အရမ်းကြီးမားတဲ့ အစီအစဉ်ကြီး တစ်ခုကို လုပ်နေကြတာပဲ"

​ပိုင်ချင်းမင်က ဖန့်ချန်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်ပါတော့တယ်။

All Chapters