← Chapters

အခန်း (၁၀၄၇-၁၀၄၈)

Vol. 105 Ch. 1047-1048

အခန်း (၁၀၄၇-၁၀၄၈)

Vol. 105 Ch. 1047-1048

​အခန်း (၁၀၄၇) ယင်လောကထဲကို သွားမလို့လား ငါ လေ့လာဖို့ အချိန်မရသေးဘူး

​ဖန့်ချန်ရဲ့ စိတ်ကူးက လျှပ်စီးလို မြန်ဆန်လှပြီး ခဏအတွင်းမှာပဲ လက်ရှိ အခြေအနေကို ခန့်မှန်းလိုက်နိုင်ပါတယ်။

​စုန်းမျိုးနွယ်စုနဲ့ လုံမျိုးနွယ်စုရဲ့ လွတ်လပ်သောမသေမျိုးတွေ အကုန်ထွက်သွားကြတယ်ဆိုတာ သူတို့ရဲ့ ပင်မမျိုးနွယ်စုတွေ အတိုက်ခိုက်ခံနေရလို့ပဲ ဖြစ်ရမယ်။

​အခုဆိုရင် ရွှယ်ရှန်းလိုလူမျိုးကတောင် လုံရို့ကို ပါးရိုက်ရဲနေပြီဆိုတော့ လီချန်စန်း ကိုယ်စားပြုတဲ့ အင်အားစုတွေ ဒီပွဲမှာ နိုင်သွားပြီဆိုတာ ထင်ရှားနေပါတယ်။

​ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေဟာ စုန်းနဲ့ လုံမျိုးနွယ်စုကို အနိုင်ယူနိုင်ဖို့ဆိုရင်... အဆင့် ၃ ဓားကျင့်ကြံသူ ထွက်ပေါ်လာမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

​ဒီလောကက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေနဲ့ သူတို့ရဲ့ သက်တမ်း ထက်ဝက်လျော့နည်းတဲ့ အားနည်းချက်တွေအရ အဆင့် ၃ ဓားကျင့်ကြံသူ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

​သူတို့ရဲ့ တိုးတက်ရာလမ်းကြောင်းကို ထာဝရအသက်ရှည်မှုကို ရှာဖွေတဲ့ ပင်မကျင့်ကြံသူတွေက နည်းမျိုးစုံနဲ့ ပိတ်ဆို့ထားခဲ့ကြတာ မဟုတ်လား။

​ဘယ်သူမှမသိအောင် တိတ်တိတ်လေး အဆင့်တက်နိုင်ဖို့ဆိုတာ မသေမျိုးကျောက်တုံးတွေအပြင်... သွေးဝိညာဉ်နတ်ဆေး ရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

​ဝမ်ချုံစုန်းက ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့ကြောင်း ချင်ဟော့ချိန်က တစ်ခါ ပြောခဲ့ဖူးပါတယ်။

​အခု လီချန်စန်းတို့ လုပ်နေတာကလည်း အဲဒီကိစ္စပါပဲ။

​လီကျင်နျန်က သူတို့နှစ်ယောက်ကို ဒီကိစ္စမှာ ဝင်မပါဖို့ သတိပေးခဲ့တယ်...။

​"ခင်ဗျားတို့က သွေးဝိညာဉ်ဂိုဏ်း နဲ့ ပူးပေါင်းလိုက်တာပဲ"

​ဖန့်ချန်ရဲ့ အကြည့်တွေက အေးစက်နေပြီး လီချန်စန်းကို စိုက်ကြည့်ကာ

"ဘိုးဘေး လီ... ခင်ဗျားကလည်း သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်လား"

​"သွေးဝိညာဉ်ဂိုဏ်းဆိုတာ ဘာလဲ"

​လူအများစုက ကြောင်သွားကြပေမဲ့ အနည်းငယ်သော လူအချို့ကတော့ ဖန့်ချန်ရဲ့ စကားကို နားလည်လိုက်ကြပါတယ်။

​အဲဒီအထဲမှာ ကျော့ရွှီလည်း ပါဝင်ပါတယ်။

​ကျော့ရွှီက အခုမှ အကုန်လုံး သဘောပေါက်သွားပါတော့တယ်... သွေးဝိညာဉ်ဂိုဏ်းနဲ့ ဒီဓားကျင့်ကြံသူတွေ ပူးပေါင်းလိုက်တာ မဟုတ်ရင်၊ ဒီဓားကျင့်ကြံသူတွေက တစ်ညတည်းနဲ့ စုန်းမျိုးနွယ်စုနဲ့ လုံမျိုးနွယ်စုကို ဒီလိုအခြေအနေ ရောက်အောင် လုပ်နိုင်စရာ အကြောင်းမရှိပါဘူး။

​ဒီကိစ္စဟာ တိတ်တိတ်လေး ကြံစည်လာခဲ့တာ တော်တော်ကြာနေပြီ ဖြစ်ရမယ်

​လီချန်စန်းက ပြုံးလိုက်ပြီး ဖန့်ချန်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ပိုင်ချင်းမင်ကို ကြည့်ကာ

​"မင်း ဘယ်လို ဆုံးဖြတ်လိုက်လဲ"

​"ခင်ဗျားကို ဆရာတင်ရမယ် ဟုတ်လား..."

​ပိုင်ချင်းမင် ခဏလောက် တိတ်ဆိတ်သွားပြီး

"ခင်ဗျားနဲ့ မတန်ဘူးထင်တယ်"

​လူတိုင်းရဲ့ မျက်နှာထားတွေက ထူးဆန်းကုန်ကြပါတယ်။

လီချန်စန်းက လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတစ်ယောက် ဖြစ်တာကို... ပိုင်ချင်းမင်က ဘာအစွန်းအထွက်မှ မချန်ဘဲ ပြောချလိုက်တာ မဟုတ်လား။

​"နှမြောစရာပဲ၊ ဒီတစ်ခါ တစ်ခုခု ရနိုင်မယ်လို့ ထင်ခဲ့တာ ကြည့်ရတာ မင်းကိုယ်ပေါ်က ဓားကျမ်းကတော့ မင်းနဲ့အတူ ဝိညာဉ်လောက ကို လိုက်သွားရတော့မယ် ထင်ပါရဲ့"

​လီချန်စန်းက သက်ပြင်းတစ်ချက်ချပြီး ကျောက်ယွမ်လူကို လှမ်းကြည့်လိုက်တယ်

"စီနီယာ ကျောက်... ဖိတ်ခေါ်ပါတယ်"

​ကျောက်ယွမ်လူက ဖန့်ချန်ဆီ လက်လှမ်းလိုက်ပါတယ်။

​ကြီးမားလှတဲ့ ကြောက်မက်ဖွယ် စွမ်းအင်တွေဟာ လူတစ်ယောက်ကို တုံ့ပြန်ဖို့ စိတ်ကူးတောင် မယဉ်နိုင်အောင် ဖိနှိပ်ထားပါတယ်။

ဒါဟာ မြင့်မြတ်တဲ့တောင်ကြီး ပြိုကျလာတာကို ရင်ဆိုင်နေရတဲ့ သာမန်လူတစ်ယောက်လိုပါပဲ။

​"တကယ်ကို ပင်ပန်းရတဲ့ အလုပ်ပဲ"

​ဖန့်ချန်ရဲ့ နားထဲမှာ အသံတစ်ခု ထွက်ပေါ်လာပါတယ်။

​နောက်တစ်ခဏမှာတော့ သူ့လက်မောင်းပေါ်က နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံဟာ ရုတ်တရက် ပွင့်ထွက်လာပြီး ဖန့်ချန်နဲ့ ပိုင်ချင်းမင်ကို ပတ်ထားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံဆီသို့ တရှိန်ထိုး ပျောက်ကွယ်သွားပါတော့တယ်။

​"ဝိညာဉ်လက်နက် လား"

​လုချင်းရှူးရဲ့ မျက်လုံးတွေက လှုပ်ခတ်သွားပြီး လောဘအရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

အဲဒီနောက် လီချန်စန်းကို ကြည့်ကာ

​"ဒီကောင်လေးဆီမှာ ဝိညာဉ်လက်နက် ဘယ်လိုလုပ် ရှိနေတာလဲ ခင်ဗျား မသိဘူးလား"

​လီချန်စန်းက မျက်မှောင်ကြုတ်လိုက်တယ်

"သူ့ကို သဘောကျတဲ့ လွတ်လပ်သောမသေမျိုးတစ်ယောက်က သူ့ကို ကာကွယ်ဖို့အတွက် ခေတ္တချေးပေးထားတာ ဖြစ်ရမယ် ခင်ဗျားလည်း သိတဲ့အတိုင်း ဝိညာဉ်လက်နက်က သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားချင်ရင် ငါတို့လိုလူတွေတောင် သတိထားမိဖို့ ခက်တယ်လေ"

​ကျောက်ယွမ်လူက ခဏလောက် မှင်တက်သွားပြီးမှ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံ နောက်ကို လိုက်ပါသွားပါတယ်။

​"ဒီဝိညာဉ်လက်နက်ကို ငါတို့ ပြန်သိမ်းရမယ်၊ ငါ လူခေါ်ပြီး နောက်က လိုက်သွားမယ်"

​လုချင်းရှူးက စကားတစ်ခွန်း ချန်ထားခဲ့ပြီး တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်စုကို ခေါ်ကာ ဓားအဖြစ် ပြောင်းလဲပြီး နောက်က လိုက်သွားကြပါတယ်။

​ဒီအချိန်ကျမှ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုက ကျင့်ကြံသူတွေဟာ လီချန်စန်း ခေါ်လာတဲ့ ဒီဓားကျင့်ကြံသူရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာ သိလိုက်ရပါတော့တယ်။

​မျိုးနွယ်စုကြီးတွေရဲ့ ထိပ်သီး ပါရမီရှင်တွေတောင်မှ ဝိညာဉ်လက်နက်ဆိုတာ လက်ဝယ်ပိုင်ဆိုင်ဖို့ မလွယ်ကူပါဘူး။

​"ဒါကြောင့်လည်း သူက ဒီလောက်အထိ မာန်တက်နေတာကိုး..."

စုန်းစုစုက မျက်နှာပျက်နေပါတယ်။

​"ငါ ရှုံးရတာ မနာလိုတော့ပါဘူး..."

စုန်းယီကတော့ စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်နေပါတယ်။

​တစ်ဖက်လူမှာ ဝိညာဉ်လက်နက် ရှိနေတာက တကယ်ပဲ တုန်လှုပ်စရာပါပဲ။

အရင်က သူ့ရဲ့ အဆင့်အတန်းက တစ်ဖက်လူထက် အများကြီး မြင့်တယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ အခုကြည့်ရတာ တစ်ဖက်လူကမှ တကယ့် မင်းစိုးရာဇာသားလို ဖြစ်နေပြီး စုန်းမျိုးနွယ်စုကတော့ အပြောင်းအလဲကြီး ကြုံနေရပါပြီ... သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ပိုပြီး ကြီးမားလာပါတယ်။

​ဒါပေမဲ့ တစ်ဖက်လူလည်း အခြေအနေ မကောင်းပါဘူး၊ အဆင့် ၃ လွတ်လပ်သောမသေမျိုးရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရသလို ဓားကျင့်ကြံသူတစ်အုပ်ကလည်း ဝိုင်းစောင့်နေကြတာဆိုတော့ ဘယ်လိုမှ ပြေးလွတ်နိုင်မှာ မဟုတ်ပါဘူး။

​ဓားသင်္ချိုင်းနန်းတော်မှာ...

​ကျူယွင်ချန်း ကလည်း ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲပြီး နောက်က လိုက်သွားပါတယ်။

ကျူရှူးခေါ့ကတော့ ကြောင်ကြည့်နေမိပါတယ်။

အဆင့် ၃ လွတ်လပ်သောမသေမျိုး ရှေ့ကနေ ပြေးလွတ်နိုင်ဖို့ဆိုတာ ဝိညာဉ်လက်နက် ရှိမှသာ ဖြစ်နိုင်မှာပါ။

​မလှမ်းမကမ်းမှာတော့ ပိုင်လင်ယွဲ့ ရဲ့ လေလွင့်ဝိညာဉ်ဟာ ကြောင်အမ်းအမ်းနဲ့ ရပ်နေပါတယ်။

ဘာလို့ ကိစ္စတွေက ဒီလို ဖြစ်ကုန်တာလဲဆိုတာ သူ နားမလည်နိုင်ပါဘူး။

​သူက ဖန့်ချန် ပြောခဲ့သလို ဒီနေရာမှာ ဆက်စောင့်နေရမှာလား... ဒါမှမဟုတ် ယင်လောက ကို သွားမယ့် လမ်းကြောင်းကိုပဲ အရင်ရှာရမှာလား

​"ပြေးပါ... လွတ်အောင် ပြေးနိုင်ရင် အကောင်းဆုံးပဲ"

လုံရို့ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။

​ဖန့်ချန် မသေမချင်း၊ သူမအနေနဲ့ အဲဒီလူသားကို ပြန်တွေ့ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။

​"ဆရာ... ကျွန်တော့်ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး အဲဒီကောင်လေးက ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်ပေမဲ့ သတ်နိုင်မှာတော့ မဟုတ်ဘူး သူတို့ ဘာဖြစ်သွားမလဲဆိုတာ လိုက်ကြည့်ချင်တယ်"

​ဖုတုန်းဟိုင်က သူ့ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီး မျက်နှာက ပြာနှမ်းနေပါတယ်။

​ဓားကျမ်းအမွေအနှစ်ကို မရခဲ့တာ ထားလိုက်ပါဦး...။

တာအိုပေါင်းစပ်ခြင်းအဆင့် ကောင်လေးရဲ့ ဓားတစ်ချက်နဲ့ ဒဏ်ရာရခဲ့တာက သူ့အတွက်တော့ အရှက်တကွဲ ဖြစ်စရာပါပဲ

​"ကောင်းပြီ... ငါလည်း သွားကြည့်ချင်တယ်"

ရွှယ်ရှန်းက အေးစက်စွာ ခေါင်းငြိတ်ပြပါတယ်။

​လုံရို့တို့ ဘေးကနေ ဖြတ်သွားတဲ့အခါ ဖုတုန်းဟိုင်က ခြေလှမ်းတန့်လိုက်ပြီး လုံရို့ကို ကြည့်ကာ

​"သခင်မလေး"

​"ဘာကိစ္စလဲ"

လုံရို့က အေးစက်စွာ မေးပါတယ်။

​ဖုတုန်းဟိုင်က ပြုံးလိုက်တယ်

"ငါ ပြန်လာတဲ့အခါ မင်းကို လက်ထပ်ပြီး အိမ်ထဲ ခေါ်ယူမှာပါ"

​ပြောပြီးတာနဲ့ ဖုတုန်းဟိုင်နဲ့ ရွှယ်ရှန်းတို့ဟာ ဓားအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံကို ပျံတက်သွားကြပါတယ်။

​လုံရို့ရဲ့ မျက်နှာက ဆိုးဝါးသွားပါတယ်။

​"အောက်တန်းစားကောင်... ငါ့သမီးကို ယူချင်တယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက် "

လုံအောက်ကတော့ ဒေါသထွက်လွန်းလို့ ရင်ကွဲတော့မတတ်ပါပဲ။

​ယန်ခုန်းက လီချန်စန်း ရှေ့ကို ပြန်ရောက်လာပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

​"ဆရာ"

​"ဘယ်လို ဓားကျမ်း ရခဲ့လဲ"

လီချန်စန်းက အေးအေးဆေးဆေး မေးပါတယ်။

​"မသေနိုင်သော ဓားကျမ်း ပါ"

ယန်ခုန်းက တိုးတိုးလေး ဖြေပါတယ်။

​"အိုး"

လီချန်စန်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ခေါင်းငြိတ်ပြတယ်

"ကောင်းတယ်၊ ဒီဓားကျမ်းက ချောင်ဖုန်းနယ်မြေမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး"

​ခဏအကြာမှာ သူက ထပ်မေးတယ်

"အခုနက ဖန့်ချန်ကို ဖမ်းဖို့ မင်းကို ခိုင်းတာကို ဘာလို့ လက်မပါတာလဲ"

​"ဆရာ... ကျွန်တော် တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာပဲ အပြောင်းအလဲတွေ ဖြစ်သွားလို့ပါ"

ယန်ခုန်းက အံ့ဩသွားဟန်နဲ့ ပြောပါတယ်။

​"ဒါဆိုလည်း ပြီးတာပဲ"

လီချန်စန်းက ခေါင်းငြိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

​ယန်ခုန်းက ဘာတွေ ဖြစ်နေလဲဆိုတာ မေးချင်ပေမဲ့ အခြေအနေအရ တိတ်တိတ်လေး နေတာက အကောင်းဆုံးမှန်း သိတာကြောင့် ဘာမှ ဝင်မပြောတော့ပါဘူး။

​"အစ်ကို... တတိယအိမ်တော်က အဲဒီ ဒေါ်လေး ကလည်း ဒီတစ်ခါ ငါတို့နဲ့အတူ လိုက်လာမယ်ဆိုတာ ဘယ်လို သိနေတာလဲ"

အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီး က မေးပါတယ်။

​ချန်ချင်းထိုက်တို့ လူစုကလည်း လီချန်စန်းကို မျက်စိထောင့်ကနေ လှမ်းကြည့်နေကြပါတယ်။

​အဲဒီ သျှောင်နတ်နဂါးမ ရဲ့ သွေးမျိုးဆက်က ထူးခြားပြီး နဂါးအသွင် ပြောင်းလဲနိုင်တဲ့ အလားအလာ ရှိပါတယ်။

သူမ ဒေါသထွက်လာရင် အဆင့် ၃ လွတ်လပ်သောမသေမျိုးကလွဲလို့ ဘယ်သူမှ မတားနိုင်ပါဘူး၊ အဆင့် ၂ ဓားကျင့်ကြံသူတောင် မလွယ်ပါဘူး။

​"လီကျင်နျန်ရဲ့ တပည့်တွေ လာမယ်ဆိုတာကို သူမ သိနေလို့ လိုက်လာပြီး ကြည့်တာပါ"

လီချန်စန်းက ခပ်အေးအေး ပြောလိုက်ပါတယ်။

​လီသခင်မကတော့ တိတ်ဆိတ်သွားပါတော့တယ်။

​"ဒီတစ်ခါမှာ အကုန်လုံးကို တစ်ပြိုင်တည်း ရနိုင်မယ်လို့ ထင်ခဲ့တာ၊ နှမြောစရာပဲ... ပိုင်ချင်းမင်ဆီက ဓားကျမ်းကို ပြန်မသိမ်းနိုင်လိုက်ဘူး"

လီချန်စန်းက သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

​...

​...

​"မရတော့ဘူး... ငါ့အမြန်နှုန်းက သူ့ကို မယှဉ်နိုင်ဘူး၊ ငါတို့တော့ သေတော့မှာပဲ အဲဒီ အဘိုးကြီးက ငါ့ကို ဒုက္ခပေးတာပဲ "

​နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံရဲ့ အသံက ထွက်ပေါ်လာပါတယ်။

ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ကျောက်ယွမ်လူဟာ သူတို့ကြားက အကွာအဝေးကို တဖြည်းဖြည်း ချုံ့လာနေတာကို မြင်လိုက်ရပါတယ်။

​သူတို့နောက်မှာလည်း ဓားအရိပ်တွေ အများကြီး လိုက်လာနေပါတယ်။

​"စီနီယာ... ယင်လောကထဲကို သွားခြင်း ခင်ဗျား တတ်လား"

ဖန့်ချန်က ပိုင်ချင်းမင်ကို ကြည့်ကာ မေးပါတယ်။

​"ယင်လောကထဲကို သွားမလို့လား ငါ လေ့လာဖို့ အချိန်မရသေးဘူး"

​ပိုင်ချင်းမင်ရဲ့ မျက်နှာက ပြာနှမ်းနေပါပြီ

"ပြီးတော့ အခုချိန်မှာ ယင်လောကထဲ သွားလို့ရော ဘာထူးမှာလဲ၊ ခန္ဓာကိုယ်ကို မကာကွယ်နိုင်ရင်လည်း သေမှာပဲလေ..."

​အခန်း (၁၀၄၈) သူ ဘယ်ရောက်သွားတာလဲ

​"မော်လော်ထျန်းကျွင်းအိုး"

​ပြင်းထန်တဲ့ ဟိန်းဟောက်သံနဲ့အတူ ကောင်းကင်ယံမှာ ကြီးမားတဲ့ အိုးကြီးတစ်လုံး ရုတ်တရက် ပေါ်လာပါတယ်။

​ခဏချင်းမှာပဲ ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ဟာ တစ်ကိုယ်လုံး တုန်ခါသွားပြီး နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံဟာလည်း စွမ်းအားတစ်ခုရဲ့ တားဆီးမှုကို ခံလိုက်ရကာ လေထဲမှာတင် တန့်သွားပါတော့တယ်။

​ကျောက်ယွမ်လူရဲ့ မျက်လုံးတွေထဲမှာ အေးစက်တဲ့ လျှပ်စီးတွေ လက်နေပါတယ်။

သူက မော်လော်ထျန်းကျွင်းအိုးကို စီမံနေရင်းနဲ့ နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံကို လောဘတကြီး ကြည့်နေပါတယ်။

​"မျိုးဆက်သစ်လေး... ငါ့သားသေတဲ့ကိစ္စကို ငါ ထပ်ပြီး အပြစ်မယူတော့ဘူး ဒီရတနာကိုသာ အပ်လိုက်စမ်း၊ မင်းတို့ ညီအစ်ကိုနှစ်ယောက် အသက်ရှင်ခွင့် ရလိမ့်မယ်"

​ကျောက်ယွမ်လူက ခပ်အေးအေး ပြောလိုက်ပါတယ်။

​လုချင်းရှူးတို့ လူစုလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး ဒီမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှာ အမျိုးမျိုး တွေးတောနေကြပါတယ်။

​"စီနီယာ... ဒီအရာကနေ ရုန်းမထွက်နိုင်ဘူးလား"

​ဖန့်ချန်ရဲ့ အကြည့်တွေက လေးနက်နေပြီး တစ်ဖက်မှာလည်း ယင်လောကထဲ သွားတဲ့ နည်းလမ်းကို ပိုင်ချင်းမင်ဆီ အသံလွှင့် အသိပေးနေပါတယ်။

​"ဒီလောက် မသေမျိုးတံဆိပ် ခပ်ညံ့ညံ့ လက်နက်က ငါ့ရှေ့မှာ ငါးပုပ်တစ်ကောင်လိုပဲ သူ့သခင်ကသာ အဆင့် ၃ လွတ်လပ်သောမသေမျိုး မဟုတ်ရင် ငါ့ခြေလှမ်းကို တားနိုင်ပါ့မလား"

​နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံက ဒေါသတကြီး ပြောပါတယ်။

​"အခုတော့ ဘယ်လိုလဲ"

​"အခုကတော့... အဲဒီ အဘိုးကြီး သာ ဒီမှာရှိရင် ငါနဲ့ သူ ပူးပေါင်းပြီး ဒီလူ့လက်ထဲကနေ ပြေးဖို့ မခက်ပါဘူး ဒါပေမဲ့ မင်းမှာက မသေမျိုးစွမ်းအင် တစ်စက်မှ မရှိဘူး ငါ့ကိုယ်ပေါ်က စွမ်းအင်တွေကလည်း အကြာကြီး တောင့်မခံနိုင်ဘူး ဆက်ပြီး အချိန်ဆွဲနေရင်... ငါတို့အားလုံး အရှင်လတ်လတ် အဖမ်းခံရလိမ့်မယ်"

​ဖန့်ချန် ခေါင်းငြိတ်လိုက်ပါတယ်။

ကျောက်ယွမ်လူဟာ နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံကို လိုချင်တပ်မက်နေတာကြောင့် အသေမသတ်ဘဲ ကောင်းကင်အဆင့် ရတနာကို ထုတ်သုံးပြီး အလံရဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားအောင် အချိန်ဆွဲနေတာပါ။

​"စီနီယာကျောက်... ဒီလူက ဓားကျင့်ကြံသူတစ်ယောက်ပဲ၊ ကျွန်တော်တို့ကပဲ စီရင်သင့်တာပါ"

​လုချင်းရှူးက လက်အုပ်ချီပြီး ပြောပါတယ်။

​ဓားကျင့်ကြံသူတစ်အုပ်ဟာ မော်လော်ထျန်းကျွင်းအိုးကို ကြည့်ရင်း မျက်လုံးထဲမှာ သတိထားရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

​ကောင်းကင်အဆင့် ရတနာတွေမှာ မသေမျိုးတံဆိပ် ရိုက်နှိပ်ထားပြီး အဲဒီတံဆိပ်ရဲ့ အရင်းအမြစ်ကတော့ လွတ်လပ်သောမသေမျိုးတွေရဲ့ မသေမျိုးစွမ်းအင်နဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။

​ဒီလို ရတနာမျိုးကို ဖန်တီးဖို့ဆိုတာ မလွယ်ကူပါဘူး။

ယွမ်လူမြို့တော်ရဲ့ မြို့တော်ဝန်မှာ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်တဲ့ ရတနာတစ်ခု ရှိတယ်ဆိုတာ သူတို့ ကြားဖူးထားကြပြီး အခု မြင်နေရတာ အဲဒီအိုးပဲ ဖြစ်ရပါမယ်။

​ဒီရတနာတစ်ခုတည်းနဲ့တင် ဒီနေရာမှာရှိတဲ့ လွတ်လပ်သောမသေမျိုးအောက်က ဘယ်ဓားကျင့်ကြံသူကိုမဆို ဖိနှိပ်ထားနိုင်ပြီး ကျောက်ယွမ်လူ ကိုယ်တိုင်တောင် လက်စွမ်းပြစရာ မလိုပါဘူး။

​ကျောက်ယွမ်လူက လုချင်းရှူးကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်

​"ဘာလဲ မင်းတို့ ဓားကျင့်ကြံသူတွေကလည်း ဝိညာဉ်လက်နက်ကို စိတ်ဝင်စားနေတာလား မင်းတို့ လက်ထဲက ဓားတွေက သုံးလို့ မလောက်သေးဘူးလား"

​လုချင်းရှူးက ပြုံးလိုက်ပြီး

"ဝိညာဉ်လက်နက်က ကံကြမ္မာကို တည်ငြိမ်စေနိုင်တယ်လေ အင်အားကြီး မျိုးနွယ်စု ၄ ခု၊ ဂိုဏ်းကြီး ၃ ခု၊ နတ်တောင် ၉ ခုက ဘယ်အဖွဲ့မှာ ဝိညာဉ်လက်နက် မရှိလို့လဲ ငါတို့ အသုံးမပြုနိုင်ဘူးဆိုပေမဲ့ ငါတို့အတွက် အကျိုးမရှိဘူးလို့ မဆိုလိုဘူးလေ စီနီယာကျောက်လည်း သိပြီးသားဖြစ်မှာပါ၊ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စု ဘယ်လို ကျရှုံးသွားသလဲဆိုတာ တကယ်ပဲ ငါတို့နဲ့ ဒီပစ္စည်းကို လုချင်တာလား"

​"အဆင့် ၃ ဓားကျင့်ကြံသူရဲ့ နည်းလမ်းတွေကို... ငါ တစ်ခါမှ မမြင်ဖူးပေမဲ့ ခန့်မှန်းလို့တော့ ရပါတယ် "

​ကျောက်ယွမ်လူက ပြုံးပြီး ခေါင်းငြိတ်ပြတယ်

"ဒါပေမဲ့... ငါ ဒီဝိညာဉ်လက်နက်ကို ရသွားပြီးရင် အဆင့် ၃ ဓားကျင့်ကြံသူက ငါ့ကို ရင်ဆိုင်ဖို့အတွက် နှစ်ခါပြန် စဉ်းစားရမှာ မဟုတ်လား မင်းတို့ လုံမျိုးနွယ်စုနဲ့ စုန်းမျိုးနွယ်စုကို တိုက်ခိုက်ခဲ့တာ ဘာမှ ပေးဆပ်စရာ မလိုဘူးလို့ ထင်နေတာလား ဒီအချိန်မှာ ငါ့လို ရန်သူမျိုးကို မင်းတို့ ဖန်တီးချင်တာလား ဒါကို မင်းရဲ့ အထက်လူကြီးတွေက ခွင့်ပြုပါ့မလား"

​လုချင်းရှူးရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး ဒေါသအရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

​လက်ရှိ အခြေအနေအရ ကျောက်ယွမ်လူနဲ့ ဒီဝိညာဉ်လက်နက်ကို မလုသင့်ဘူးဆိုတာ သူ သိပါတယ်။

ဒါပေမဲ့ သူ့လို ဓားကျင့်ကြံသူတစ်ယောက်တောင် ဝိညာဉ်လက်နက် ရှေ့မှာတော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

​ဒီပစ္စည်းသာ ရှိရင် သူဟာ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေကြားမှာ ဘယ်သူ့ကိုမှ မကြောက်စရာ မလိုသလို လီချန်စန်းကိုတောင် အလွယ်တကူ အနိုင်ယူနိုင်မှာပါ။

​ဒါပေမဲ့ ရှေ့မှာ ရှိနေတာက အဆင့် ၃ လွတ်လပ်သောမသေမျိုး... သူ ဘာမှ မတတ်နိုင်ပါဘူး။

​ကျောက်ယွမ်လူက လုချင်းရှူးတို့ကို ဂရုမစိုက်တော့ဘဲ နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံရဲ့ စွမ်းအင်တွေ တဖြည်းဖြည်း လျော့နည်းလာတာကို ကြည့်ပြီး အပြုံးတွေက ပိုမို ထင်ရှားလာပါတယ်။

​သားသတ်တဲ့ ရန်သူကို လာရှာရင်းနဲ့ ဒီလို မမျှော်လင့်ဘဲ ရတနာ ရလိမ့်မယ်လို့ သူ မထင်ခဲ့ပါဘူး။

​သူ့ရဲ့ ကျင့်ကြံမှုနဲ့သာ ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်လိုက်ရင် ယွမ်လူမြို့တော်ဟာ အင်အားကြီး မျိုးနွယ်စုတွေ၊ ဂိုဏ်းကြီးတွေနဲ့ တန်းတူ ဖြစ်သွားမှာပါ။

အစောပိုင်းက အဆင့် ၃ မသေမျိုးတွေနဲ့ ယှဉ်ရင်တောင် သူ ၅၀ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ သေချာသွားပါပြီ။

​"မျိုးဆက်သစ်လေး... မင်း သေချာ စဉ်းစားပြီးပြီလား"

​ကျောက်ယွမ်လူက ပြုံးစိစိနဲ့ မေးတယ်

"ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ် မင်း လီချန်စန်းဆီ ပြန်သွားလို့ ရတယ်၊ အခု ချောင်ဖုန်းနယ်မြေရဲ့ အခြေအနေက အပြောင်းအလဲကြီး ဖြစ်သွားပြီ၊ သူ့နောက် လိုက်ရင် မင်းမှာ စည်းစိမ်ဥစ္စာတွေ အများကြီး ရမှာပါ"

​"ကျွန်တော့်ကို ထပ်ပြီး စဉ်းစားခွင့် ပေးပါဦး"

ဖန့်ချန်က မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။

​"ရတာပေါ့"

ကျောက်ယွမ်လူက ခေါင်းငြိတ်လိုက်ပေမဲ့ သူ့ရဲ့ အကြည့်ထဲမှာတော့ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။

​တစ်ဖက်လူက အချိန်ဆွဲနေတယ်ဆိုတာ သူ ဘယ်လိုမှ မသိဘဲ နေမလဲ။

ဒါပေမဲ့ ပိတ်မိနေတဲ့ ငှက်တစ်ကောင်က အချိန်ဆွဲရုံနဲ့ ဘာတတ်နိုင်မှာလဲလို့ သူ တွေးထားတာပါ။

​မကြာခင်မှာပဲ ကျူယွင်ချန်းလည်း ရောက်လာပါတယ်။

ဒီမြင်ကွင်းကို မြင်တော့ သူက ကျောက်ယွမ်လူနဲ့ လုချင်းရှူးတို့ကို တစ်ချက်ကြည့်ပြီး ဘာမှ မပြောဘဲ ငြိမ်နေပါတယ်။

​"ဆရာ... လီချန်စန်းရဲ့ ဇာတိက ဒီလို ဝိညာဉ်လက်နက်မျိုး ရှိနေတယ်ဆိုတော့ သိပ်တော့ မရိုးရှင်းဘူး ထင်တယ်"

​ဖုတုန်းဟိုင်က အခုမှ ရောက်လာပြီး နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံနဲ့ မော်လော်ထျန်းကျွင်းအိုးတို့ တိုက်ခိုက်နေတာကို မြင်တော့ မျက်နှာပျက်သွားပါတယ်။

​"သူ့ရဲ့ ဇာတိက တစ်ချိန်က ထွန်းကားခဲ့ဖူးတာ ဖြစ်နိုင်ပါတယ် ဝိညာဉ်လက်နက် တစ်ခု နှစ်ခု ရှိနေတာကတော့ သိပ်တော့ မဆန်းပါဘူး"

​ရွှယ်ရှန်းက ခပ်အေးအေး ပြောလိုက်ပါတယ်။

လုချင်းရှူးနဲ့ ကျူယွင်ချန်းတို့ ဘာမှ မလှုပ်ရှားတာကို မြင်တော့ သူလည်း ငြိမ်နေလိုက်ပါတယ်။

​ဒီလူကြီးတွေ ရှိနေသရွေ့တော့ ဒီရတနာက သူ့လက်ထဲ ဘယ်လိုမှ ရောက်လာမှာ မဟုတ်ဘူးလေ။

​"စီနီယာ... ယင်လောကထဲ သွားတဲ့ နည်းလမ်းကို မှတ်မိပြီလား"

ဖန့်ချန်က မေးပါတယ်။

​"တကယ်ပဲ ယင်လောကထဲ သွားမလို့လား ယင်လောကထဲ သွားရင် ဒီဘေးကနေ လွတ်နိုင်မှာလား"

​ပိုင်ချင်းမင်ရဲ့ မျက်နှာထားက ထူးဆန်းနေပါတယ်။

သူ နားမလည်ပေမဲ့ ဖန့်ချန် ပြောပြတဲ့ နည်းလမ်းတွေကိုတော့ တစ်ခုချင်းစီ မှတ်သားထားလိုက်ပါတယ်။

​"ရပြီ... နောက်ကော ဘာလုပ်ရမလဲ"

​ဖန့်ချန်က ချက်ချင်းပဲ ဝိညာဉ်ခေါ်မီးအိမ် တစ်လုံးကို ထုတ်ပြီး လက်ထဲမှာ ကိုင်လိုက်တယ်

"ယင်လောကထဲ သွားတဲ့ နည်းလမ်းကို သုံးလိုက်တော့၊ စီနီယာနက်မှောင်လည်း သိပ်ကြာကြာ တောင့်မခံနိုင်တော့ဘူး"

​ပိုင်ချင်းမင်က ချက်ချင်း မျက်လုံးမှိတ်လိုက်ပါတယ်။

​တော်သေးတာက နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံက သူတို့နှစ်ယောက်ကို အလယ်မှာ ပတ်ထားတာကြောင့် အပြင်လူတွေက သူတို့ ဘာလုပ်နေလဲဆိုတာ မမြင်နိုင်ပါဘူး။

​ပိုင်ချင်းမင်က ပါရမီထူးသူ ဖြစ်တာကြောင့် ခဏအတွင်းမှာပဲ ယင်လောကထဲကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီး ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ ထွက်သွားပါတော့တယ်။

​"အခု ဘာလုပ်ရမလဲ"

ပိုင်ချင်းမင်က ကြောင်အမ်းအမ်းနဲ့ မေးပါတယ်။

​ဝိညာဉ်ခေါ်မီးအိမ်ရဲ့ အစွမ်းကြောင့် သူ့ရှေ့မှာ မြူထုတွေ ဖုံးလွှမ်းနေတဲ့ လမ်းမကြီးတစ်ခု ပေါ်လာပါတယ်။ ဒါဟာ ဒဏ္ဍာရီထဲက မရဏလမ်း နဲ့ တူလှပါတယ်။

​"စီနီယာ အရင်ဝင်သွားပြီး စောင့်နေပါ ကျွန်တော် ချက်ချင်း လိုက်လာခဲ့မယ်"

ဖန့်ချန်က ပိုင်ချင်းမင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

​"မင်း ငါ့ကို မြင်ရတာလား"

​ပိုင်ချင်းမင်က အံ့ဩသွားပေမဲ့ ဖန့်ချန်က သေချာပေါက် လုပ်နိုင်မယ့်ပုံပေါ်တာကြောင့် အချိန်မဆွဲတော့ဘဲ မရဏလမ်းထဲကို အမြန် ဝင်သွားပါတော့တယ်။

​နောက်ဆုံး အန္တရာယ် ကင်းသွားပြီ ဖြစ်တာကြောင့် ဖန့်ချန်ဟာ ပိုင်ချင်းမင်ရဲ့ ကိုယ်ပေါ်က ပစ္စည်းတွေကို သိမ်းလိုက်ပြီး နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံကို ပြောလိုက်တယ်

​"စီနီယာနက်မှောင်... ပြန်လာခဲ့တော့"

​နက်မှောင်သော တည်ငြိမ်ခြင်း ကောင်းကင်အလံဟာ တောင့်မခံနိုင်တော့တာ ကြာပြီဖြစ်လို့ ဖန့်ချန်ရဲ့ စကားကို ကြားတာနဲ့ ချက်ချင်းပဲ ဖန့်ချန်ရဲ့ လက်မောင်းဆီ ပြန်ဝင်သွားပါတယ်။

​နောက်တစ်ခဏမှာတော့ ဖန့်ချန်ဟာ ကောင်းကင်အလံနဲ့အတူ မရဏလမ်းထဲကို ပျောက်ကွယ်သွားပါတော့တယ်။

ပိုင်ချင်းမင်ရဲ့ ခန္ဓာကိုယ်ကြီးသာ ကျန်ရစ်ခဲ့ပါတယ်။

​လေထုဟာ သေလောက်အောင် တိတ်ဆိတ်သွားပါတယ်။

​ကျောက်ယွမ်လူဟာ မှင်တက်ပြီး ကြည့်နေမိပါတယ်။

ခဏအကြာမှ သူက လုချင်းရှူးတို့ကို ကြည့်ပြီး မေးလိုက်တယ်

​"သူ ဘယ်ရောက်သွားတာလဲ"

​ပိုင်ချင်းမင်ရဲ့ ခန္ဓာကိုယ်ကို ဓားကျင့်ကြံသူ တစ်ယောက်က ဖမ်းလိုက်ပါတယ်။

သူက စစ်ဆေးကြည့်ပြီးနောက် မျက်နှာပျက်သွားကာ

​"သူ အသက်မရှိတော့ဘူး..."

​ပိုင်ချင်းမင် ရုတ်တရက် သေဆုံးသွားတာနဲ့ ဖန့်ချန်ရော ဝိညာဉ်လက်နက်ပါ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတာက တစ်ခုခုနဲ့ ဆက်စပ်နေမယ်ဆိုတာ လူတိုင်း ရိပ်မိလိုက်ကြပါတယ်။

​"ဖြစ်နိုင်တာက... ဒီလူက သူ့ရဲ့ သက်တမ်းကို အကုန်သုံးပြီး ဝိညာဉ်လက်နက်ကို အစွမ်းကုန် သုံးလိုက်တာ ဖြစ်မယ်၊ ဖန့်ချန်ကို အဲဒီလက်နက်က ခေါ်သွားတာ ဖြစ်ရမယ်"

လုချင်းရှူးက သုံးသပ်ပြပါတယ်။

​ကျောက်ယွမ်လူကတော့ မျက်နှာထားက အမျိုးမျိုး ပြောင်းလဲနေပါတယ်။

သားသတ်တဲ့ ရန်သူ့သဲလွန်စ ပျောက်သွားတာတင်မကဘဲ ဝိညာဉ်လက်နက်ကြီးကပါ သူ့မျက်စိရှေ့မှာတင် ပျောက်သွားတာကို သူ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

​သူဟာ နှစ်ပေါင်းများစွာ မခံစားခဲ့ရတဲ့ ဒေါသတွေကို ခံစားနေရပါတယ်။

​နောက်တစ်ခဏမှာတော့ ကျောက်ယွမ်လူရဲ့ စိတ်အာရုံ တွေဟာ လှိုင်းလုံးကြီးတွေလို အရပ်မျက်နှာ အနှံ့ကို ပျံ့နှံ့သွားပြီး ဖန့်ချန် ဘယ်မှာလဲဆိုတာကို လိုက်ရှာပါတော့တယ်။

​တပြိုင်နက်တည်းမှာပဲ ဖန့်ချန်နဲ့ ပိုင်ချင်းမင်တို့ဟာ မရဏလမ်းရဲ့ အဝင်မှာ ရပ်နေပြီး ကျောက်ယွမ်လူတို့ကို လှမ်းကြည့်နေကြပါတယ်။

​"ညီလေး... မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ လူ့လောကမှာ ကျန်မနေခဲ့တာလဲ"

​ပိုင်ချင်းမင်က ထူးဆန်းသလို မေးလိုက်ပါတော့တယ်။

All Chapters