← Chapters

ဝံပုလွေအုပ်စုက ဘုရင်တစ်ပါးကို အမဲလိုက်ခြင်း၊ မိုးကြိုး၀က်၀ံ၏ နောက်ဆုံးတုံ့ပြန်မှု (၂)

Vol. 10 Ch. 92

ဝံပုလွေအုပ်စုက ဘုရင်တစ်ပါးကို အမဲလိုက်ခြင်း၊ မိုးကြိုး၀က်၀ံ၏ နောက်ဆုံးတုံ့ပြန်မှု (၂)

Vol. 10 Ch. 92

“ငါ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ... ငါ့ရဲ့ မျိုးနွယ်စုက ဒီလောက်အထိ ကြီးထွားလာခဲ့ပြီလား...” သူ စိတ်လှုပ်ရှားသွားခဲ့သည်။

အာဏာစက် ပင်ကိုစွမ်းရည်၊ လမင်းမြည်ကြွေးသံ စွမ်းရည်နှင့် တိုတမ်မိခင်သစ်ပင်၏ စွမ်းအင်မြှင့်တင်ပေးမှုတို့ သုံးထပ်ဆင့် ပေါင်းစပ်သွားသောအခါ၊ သူ၏ ဝံပုလွေအုပ်စုမှာ အဆင့်တူ သို့မဟုတ် အဆင့်အနည်းငယ် မြင့်သော ရန်သူများကို ရင်ဆိုင်ရာတွင် လုံးဝ ခြေမှုန်းပစ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားကြပြီပဲ ဖြစ်သည်။

သို့သော် ဤကျေနပ်မှုမှာ ခဏတာသာခံခဲ့ပြီး ပိုမိုကြီးမားသော စိုးရိမ်မှု ခံစားချက်တစ်ခုနှင့် အစားထိုး ဝင်ရောက်လာခဲ့သည်။

“ဒီလို စွမ်းအားမျိုးက ဒီထျန်းစန်းတောအုပ်ကြီးကို စိုးမိုးဖို့အတွက် လုံလောက်ချင် လုံလောက်လိမ့်မယ်၊ ဒါပေမဲ့... တကယ်လို့ ငါတို့က နင်းမြို့တော်က လူသားတွေရဲ့ စနစ်တကျရှိတဲ့ အကြီးစား ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်ကော...” လင်းထျန်းလုံ၏ အတွေးများမှာ ပို၍နက်နဲလာခဲ့သည်။

“ကျည်ဆန်တွေကိုတော့ အမြန်နှုန်းနဲ့ စွမ်းအင်အကာအကွယ်တွေသုံးပြီး ခုခံနိုင်သေးတယ်၊ ဒါပေမဲ့ အဲဒီဝိညာဉ်စွမ်းအင်သုံး ဒုံးပျံတွေ၊ စွမ်းအင်ဗုံးတွေ... ပိုပြီးကြီးမားတဲ့ စစ်ပွဲသုံး စက်ယန္တရားတွေနဲ့ဆိုရင်ကော...”

“နေရာတိုင်းကို ဖုံးလွှမ်းသွားမယ့် အကြီးစားပစ်ခတ်မှု တစ်ခုတည်းနဲ့တင်... ငါ အပင်ပန်းခံ တည်ဆောက်ထားခဲ့သမျှ အရာအားလုံးက တစ်ခဏအတွင်းမှာတင် ပျောက်ကွယ်သွားနိုင်တာပဲ”

“ရှေ့ဆက်ရမယ့်လမ်းက အရမ်းကို ရှည်လျားနေပါသေးလား...”

လင်းထျန်းလုံ စိတ်လှုပ်ရှားနေစဉ်မှာပင်၊ စစ်မြေပြင်ပေါ်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝံပုလွေများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရပြီး၊ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနေကာ၊ တဖြည်းဖြည်းနှင့် သေသည်အထိ ကြိတ်ချေခံရတော့မည့်ပုံ ပေါ်နေသော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ၊ တစ်နေရာမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုကို အတင်းအဓမ္မ ညှစ်ထုတ်လိုက်သည့်အလား အဆုံးမဲ့ နာကျင်မှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသော မကျေမနပ် ဟိန်းဟောက်သံကြီး တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်လေတော့သည်။

“ဝုန်း...”

တဖြည်းဖြည်း ငြိမ်သက်စပြုနေသော ကောင်းကင်ကြီးတွင်၊ ဧရာမ မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးမှာ နောက်တစ်ကြိမ် ရူးသွပ်စွာ စတင်လည်ပတ်လာပြန်သည်။

သူ၏ ဧရိယာမှာ ယခင်က ခက်ထန်သောကောင်းကင်မိုးကြိုးအကကို အသုံးပြုခဲ့စဉ်ကကဲ့သို့ ကမ္ဘာပျက်မတတ် မကြီးမားသော်လည်း၊ နှလုံးခုန်ရပ်သွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို စုစည်းနေနိုင်ဆဲပင်။

နောက်တစ်စက္ကန့်တွင် ဝံပုလွေများအားလုံး မမျှော်လင့်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုဝဲဂယက်အတွင်းမှနေ၍ ယခင်အခေါက်နှင့် ယှဉ်လျှင် သေးငယ်သော်လည်း မျက်စိကျိန်းမတတ် တောက်ပနေဆဲဖြစ်သော မိုးကြိုးစီးကြောင်း ဒါဇင်ကျော်မှာ အောက်သို့ ကျဆင်းလာခဲ့လေသည်။

သို့သော် သူတို့၏ ပစ်မှတ်မှာ နှင်းဝံပုလွေအုပ်စုမဟုတ်ဘဲ... မြေပြင်ပေါ်ရှိ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝ်ဆီသို့ တည့်တည့်မတ်မတ် ကျဆင်းလာခြင်းပင်။

“ဂျုန်းးး ဘုန်း…”

ပြင်းထန်လှသော မိုးကြိုးများသည် ဧရာမဝက်ဝံကြီးကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။ သို့သော် နှင်းဝံပုလွေများ မျှော်လင့်ထားသည့်အတိုင်း လောင်ကျွမ်းသွားခြင်းမရှိပေ။

ထိုအစား မိုးကြိုးစီးကြောင်းများသည် အသန့်စင်ဆုံးသော စွမ်းအင်ဖြည့်စွက်စာများအဖြစ် ပြောင်းလဲသွားပုံရပြီး၊ ၎င်း၏ရင်ဘတ်ပေါ်မှ အပြာရင့်ရင့် ပုံသဏ္ဌာန်များနှင့် ကျောရိုးရှိ သလင်းကျောက်များက ရူးသွပ်စွာ ဝါးမြိုစုပ်ယူနေကြလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဒဏ်ရာများမှာ အမှန်တကယ်ပင် သွေးတိတ်သွားပြီး၊ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် အသားနုများ ပြန်တက်ကာ ပိတ်သွားလေတော့သည်။

“သောက်ကျိုးနည်း”

ပုံမှန်အားဖြင့် တည်ငြိမ်သော လင်းထျန်းလုံပင်လျှင် သူ၏စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်လောက်အောင်ဖြစ်ကာ လုံးဝ မှင်တက်သွားခဲ့ရသည်။

“သေစမ်း… ဒီဝက်ဝံဘုရင်က တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီနည်းလမ်းနဲ့တောင် သူက အသက်ဆက်ရှင်နိုင်သေးတာလား” သေလုနီးပါး အခြေအနေတွင် အလားအလာများကို ညှစ်ထုတ်ပြီး ကန့်သတ်ချက်များကို ချိုးဖျက်နိုင်သည့် အလွန်အမင်း ဖြစ်ခဲလှသော အခြေအနေမျိုးနှင့် သူ အမှန်တကယ် ကြုံတွေ့လိုက်ရခြင်း ဖြစ်ပြီး၊ ၎င်းမှာ မူလကတည်းကပင် ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားသည့် ဤဝက်ဝံဘုရင်ဆီတွင် ဖြစ်ပျက်နေခြင်းပင်။

“မဟုတ်သေးဘူးလေ... ငါ့ကောင်ကြီးရာ... ဇာတ်ညွှန်းက ဒီလိုဖြစ်သင့်တာ မဟုတ်ဘူးမလား”

လင်းထျန်းလုံ၏ နှုတ်ခမ်းထောင့်မှာ အထိန်းအကွပ်မဲ့စွာ တွန့်ကွေးသွားခဲ့သည်။ သို့သော် သူ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများကြောင့် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ထိုတုန်လှုပ်မှုများကို ဖိနှိပ်နိုင်ခဲ့ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

ထို၀က်ဝံအား နလန်ပြန်ထူခွင့် လုံး၀ ပေးလို့မဖြစ်ချေ။

“အာဝူး... (အားလုံးပဲ၊ လူစုခွဲကြ)”

သူသည် တိုတောင်းပြီး အရေးတကြီးဖြစ်နေသော ဝံပုလွေဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ မိုးကြိုးများ းဖုံးလွှမ်းနေသော ဧရိယာမှ ဝံပုလွေအုပ်စုကို ချက်ချင်း ထွက်ခွာရန် အမိန့်ပေးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်မှာလည်း ငွေရောင် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့တန်းသို့ နောက်တစ်ကြိမ် ပြေးတက်သွားခဲ့ချေပြီ။

သွေးဆာသားရဲဟိန်းသံ (စိမ်းပြာရောင် ကြေးအဆင့်)မှ ထွက်ပေါ်လာသော သွေးနီရောင် အလင်းတန်းများမှာ သူ၏ မျက်လုံးများထဲတွင် နောက်တစ်ကြိမ် ပြည့်နှက်လာခဲ့ပြီး၊ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင် ပါရမီရှင်အဆင့်) ကိုလည်း အစွမ်းကုန် မြှင့်တင်လိုက်သည်။

သူသည် မည်သည့်အရာကိုမျှ ချန်လှပ်မထားတော့ဘဲ၊ သူ၏ ပစ်မှတ်၊ စွမ်းအားဖြည့်တင်းနေသော ဝက်ဝံဘုရင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားနေခဲ့သည်။

၎င်းမှာ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်) နှင့် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း တို့ကို ပေါင်းစပ်ထားသည့် သေချာပေါက် သတ်ဖြတ်နိုင်မည့် အလစ်အငိုက် တိုက်ခိုက်မှုပင် ဖြစ်လေသည်။

ဖုံးကွယ်ထားခြင်းမရှိ၊ အေးစက်ပြီး သန့်စင်သော သတ်ဖြတ်လိုစိတ်မှာ ရုပ်ဝတ္ထုတစ်ခုဖြစ်လာသည့်အလား ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံဆီသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

သူ၏ ခွန်အားများ ပြန်လည်ရရှိလာသည်ကို ခံစားမိပြီး ဝမ်းသာစပြုနေသော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ၊ ဤမျက်နှာချင်းဆိုင် ရောက်ရှိလာသော အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရပြီး၊ အကျပ်ရိုက်စရာ အခြေအနေတစ်ခုထဲသို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။

နောက်ဆုတ်ကာ စုပ်ယူမှုကို ဖြတ်တောက်မည်လော။ သို့ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကို ကုသရန်နှင့် ပြန်လည်တိုက်ခိုက်ရန်အတွက် သူ၏ မူလစွမ်းအင်များ အကုန်ခံပြီး ခေါ်ယူထားသော မိုးကြိုးစွမ်းအင်များမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ ပြီးတော့ သူ ဘယ်တော့မှ ပြန်လည် နာလန်ထူနိုင်တော့မည်မဟုတ်ပေ။

နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံမည်လော။ ထိုငွေရောင်ဝံပုလွေ၏ လက်သည်းများ မည်မျှထက်မြက်ကြောင်းကို သူ ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရပြီးဖြစ်သည်။

ဒေါသနှင့် ရှင်သန်လိုစိတ်တို့မှာ တစ်ခဏအတွင်းမှာပင် ရောယှက်သွားခဲ့သည်။ နောက်ဆုံးတွင်မူ စွမ်းအားကို ဆာလောင်မှုနှင့် ကံကိုပုံအောလိုစိတ်က အနိုင်ရရှိသွားခဲ့လေသည်။

“ဟွန့်.. ငါ့ကို နှစ်စက္ကန့်လောက်ပဲ အချိန်ပေးစမ်းပါ... နှစ်စက္ကန့်ပဲ” ၎င်းမှာ ပြန်လည်နာလန်ထူနိုင်မည့် အဓိကအချိန်ကို ရယူနိုင်ရန်အတွက် ဤတိုက်ခိုက်မှုကို ကြံ့ကြံ့ခံရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

“သေချင်နေတာလား၊ ဒါဆိုရင်လည်း မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့”

လင်းထျန်းလုံသည် ထိုကောင်ကြီး၏ ရည်ရွယ်ချက်ကို ချက်ချင်း ထိုးဖောက်မြင်သွားခဲ့ပြီး စိတ်ထဲမှ လှောင်ရယ်လိုက်သည်။

ထိုကောင်မှာ ငွေပြာရောင် သွေးမျိုးဆက်နှင့် စွမ်းအားမြှင့်တင်မှု အမျိုးမျိုးအောက်ရှိ သူ၏ ရုတ်တရက် ပေါက်ကွဲထွက်လာမည့် ခွန်အား၊ ထို့အပြင်... ၎င်းအား သတ်ဖြတ်ပစ်မည့် သူ၏ဆုံးဖြတ်ချက်ကိုပါ လျှော့တွက်နေဆဲ ဖြစ်လေသည်။

ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း၏ အေးစက်စက် အလင်းတန်းမှာ လေထုကို ဆုတ်ဖြဲသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ လက်ရှိအခြေအနေ၏ လေးနက်မှုကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။ ထိုလက်သည်းများအတွင်း ပါဝင်နေသည့် အဖျက်စွမ်းအားကောင်းသော စွမ်းအင်မှာ သူခန့်မှန်းထားသည်ထက် များစွာ သာလွန်နေလေသည်။

၎င်းမှာ ရှောင်တိမ်းချင်သည်၊ ကာကွယ်ချင်သည်၊ သို့ပေမဲ့... နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

အရိပ်လက်သည်းကြီး၏ ပုံရိပ်မှာ အရင်ဆုံး ကျဆင်းလာခဲ့သည်။ အရိပ်လက်သည်းကြီးပုံရိပ်မှာ သူ့အား တိုက်ခိုက်လိုက်ခြင်း မဟုတ်ဘဲ၊ သူ၏ ပတ်ဝန်းကျင်တွင် စုစည်းနေသော ကစဉ့်ကလျား မိုးကြိုးစွမ်းအင်နယ်ပယ်ကို ရုတ်တရက် ဝင်ရောက် နှောင့်ယှက်လိုက်ခြင်း ဖြစ်ပြီး၊ သူ၏ ကောင်းကင်မိုးကြိုး စုပ်ယူမှုဖြစ်စဉ်ကို ချက်ချင်း ဖြတ်တောက်လိုက်ခြင်းပင်။

နောက်တစ်စက္ကန့်တွင် လင်းထျန်းလုံ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လင်းထျန်းလုံ၏ အဖျက်စွမ်းအားကောင်းလွန်းသော ငွေဖြူရောင် လက်သည်းငါးချောင်းမှာ ထူထဲသော နှလုံးသားကို တိုက်ခိုက်ရန် မရွေးချယ်ဘဲ၊ ထိုအစား တိကျရက်စက်စွာဖြင့်... မျက်နှာဆီသို့ တည့်တည့် ဦးတည်သွားကာ အပေါ်မှနေ၍ အောက်သို့ တည့်တည့်မတ်မတ် ဆွဲဆုတ်လိုက်လေသည်။

“ရှပ်...”

သွားကျိန်းစရာကောင်းသော ဆွဲဆုတ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ၎င်းနှင့်အတူ အလွန်အမင်း နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်သော ဝက်ဝံဟိန်းဟောက်သံကြီး တစ်ခုလည်း လိုက်ပါလာခဲ့လေသည်။

သလင်းကျောက်အပိုင်းအစများနှင့် ရောယှက်နေသော သွေးများ ပန်းထွက်လာခဲ့သည်။ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ မျက်ဝန်း တစ်ဖက်မှာ၊ ၎င်းအပေါ်ရှိ အသားစများနှင့်အတူ ဤလက်သည်းတစ်ချက်တည်းဖြင့် လုံးဝ ပျက်စီးသွားခဲ့ရလေပြီ။

ပြင်းထန်လှသော နာကျင်မှုနှင့် သေလုနီးပါး ဖြစ်နေသောကြောင့် ကြောက်ရွံ့မှုတို့မှာ၊ ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံဆီသို့ ခေါင်းအပေါ်တည့်တည့်မှ ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ စီးဝင်သွားခဲ့သည်။

ထို့နောက် ရှင်သန်လိုသော ဗီဇက အရာအားလုံးကို လွှမ်းမိုးသွားခဲ့လေသည်။

၀က်ဝံဘုရင်မှာ သူ၏ နောက်ဆုံးခွန်အားများ အားလုံးကို ထုတ်ဖော်လိုက်ပြီး၊ အစောပိုင်းကတင် စုပ်ယူထားပြီး လုံးဝမထိန်းချုပ်နိုင်သေးသော ကစဉ့်ကလျား မိုးကြိုးစွမ်းအင်များ ရစ်ပတ်နေသည့် သူ၏ ဧရာမ ဝက်ဝံလက်ဝါးကြီးဖြင့်၊ လင်းထျန်းလုံကို နောက်ဆုတ်သွားစေရန်အတွက် ရူးသွပ်စွာ ရမ်းနေလေတော့သည်။

လင်းထျန်းလုံသည် လောဘမတက်ခဲ့ပေ။ တိုက်ခိုက်မှု အောင်မြင်သွားပြီဖြစ်သဖြင့် သူသည် ထို ဝှေ့ရမ်းတိုက်ခိုက်လိုက်ရာမှ ထွက်ပေါ်လာသော အရှိန်ကို အသုံးပြုကာ နောက်သို့ ပေါ့ပါးစွာ ခုတ်ဆုတ်လိုက်ပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ကာ နာကျင်မှုကြောင့် ရူးသွပ်စွာ ဟိန်းဟောက်နေသော ဧရာမဝက်ဝံကြီးကို အေးစက်စက် စောင့်ကြည့်နေလေသည်။

“ပြီးသွားပြီ” လင်းထျန်းလုံသည် ခေါင်းမော့လိုက်ပြီး၊ နောက်တစ်ကြိမ် ချဉ်းကပ်လာကြသော နှင်းဝံပုလွေအုပ်စုကို ဝေ့ကြည့်လိုက်သည်။

“ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားပြီး၊ အထူးသဖြင့် မျက်လုံးတစ်ဖက်ပါ ဆုံးရှုံးသွားတာဆိုတော့၊ သူ့ရဲ့ ဟန်ချက်နဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ အများကြီး လျော့ကျသွားမှာပဲ၊ သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ၊ ဝံပုလွေအုပ်စုရဲ့ သားကောင် ဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲလေ”

သို့သော်လည်း ဝံပုလွေများအားလုံး အောင်ပွဲမှာ လက်တစ်ကမ်းအလိုမှာ ရှိနေပြီဟု ထင်မှတ်နေကြစဉ်မှာပင်။

ထိုဧရာမဝက်ဝံကြီးမှာ၊ ပြင်းထန်လှသော နာကျင်မှုကြောင့် လုံးဝရူးသွပ်သွားခဲ့ပြီးနောက်၊ လင်းထျန်းလုံ အပါအဝင် ဝံပုလွေများအားလုံးကို ဆွံ့အသွားစေမည့် လှုပ်ရှားမှုတစ်ခုကို အမှန်တကယ် ပြုလုပ်လိုက်လေတော့သည်။

၀က်ဝံဘုရင်၏ ခြေထောက် ကြွက်သားများမှာ ပုံပျက်ပန်းပျက်ဖြစ်ကာ ရုတ်တရက် ကျုံ့ဝင်သွားပြီးနောက်...

“ဝုန်းးး”

တန်ချိန်ပေါင်းများစွာ လေးလံသော ဧရာမခန္ဓာကိုယ်ကြီးမှာ အမှန်တကယ်ပင်... မြေပြင်မှ ကြွတက်သွားခဲ့သည်။

အချိုးအစားမကျသော်လည်း အားကောင်းလှသော အမြောက်ဆန်တစ်ခုကဲ့သို့၊ ၎င်းမှာ မြေပြင်မှ သုံးမီတာခန့် အမြင့်အထိ ရုတ်တရက် ခုန်တက်သွားခဲ့ခြင်းပင်။

“ဟင်... ဘာကြီးလဲ...”

လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်ဝန်းများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။

“သောက်ကျိုးနည်း ကောင်ကြီး... မင်းရဲ့ ကိုယ်အလေးချိန်က ငှက်မွှေးသာသာပဲ ရှိတာမလို့လား၊ ဘာလို့ ဒီအတိုင်းကြီး ခုန်တက်သွားနိုင်ရတာလဲ။”

“ဒါက တကယ့်ကို…. သိပ္ပံနည်းလမ်းအရဆိုလျှင် လုံး၀ ဆန့်ကျင့်နေတာပဲ”

“အင်းပေါ့လေ...” မိုးကြိုးများအား ထိန်းချုပ်နိုင်သည့် ဝက်ဝံတစ်ကောင်ဟာ သိပ္ပံဆိုသည့် စကားလုံးနှင့် အစကတည်းက မပတ်သက်ဘူး ဆိုသည်ကို သူ ချက်ချင်း ပြန်သတိရသွားခဲ့သည်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ အခြေခံအသိများကို ဆန့်ကျင်နေသည့် ဤမြင်ကွင်းမှာ၊ တောင်ကုန်းငယ်လေး တစ်ခုက သူ့ဘာသာသူ ရုတ်တရက် ခုန်တက်သွားသည်ကို မြင်လိုက်ရသည်ထက် မနည်းသော တုန်လှုပ်မှုကို ပေးစွမ်းနေလေသည်။

“အဲ့ကောင်ကြီး ဘာလုပ်ချင်နေတာလဲ”

ဝံပုလွေများအားလုံး၏ အကြည့်များမှာ လေထဲသို့ ခုန်တက်သွားသော ထို ဧရာမအရိပ်ကြီးနောက်သို့ အလိုအလျောက် လိုက်ပါသွားလေတော့သည်။

All Chapters