← Chapters

ငွေညှစ်ခြင်းလုပ်ငန်းစဥ်

Vol. 8 Ch. 780

ငွေညှစ်ခြင်းလုပ်ငန်းစဥ်

Vol. 8 Ch. 780

ဆယ်ရက်ဆိုသော အချိန်မှာ တစ်ခဏအတွင်း ကုန်ဆုံးသွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ လုံးဝ အပြင်မထွက်ခဲ့ပေ။ သူသည် စစ်ဆေးရေးစံအိမ်ထဲတွင် တံခါးပိတ်ကျင့်ကြံကာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းနှင့် ပို၍အသားကျလာအောင် ကြိုးစားနေသည်။

ပိုင်ဟောက်၏ ကူညီမှုဖြင့် သူ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ မီးတောက်ဖန်တီးရန်ပင် အကြိမ်အနည်းငယ်ခန့် ကြိုးစားကြည့်သေးသည်။ သို့သော် ကုန်ဆုံးသွားသည့် ရင်းမြစ်ပစ္စည်းများမှာ အလွန့်အလွန်များလွန်းလှသည်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းမှာ အခြားဖန်တီးနည်းများနှင့် မတူညီပဲ ရင်းမြစ်ပစ္စည်းများစွာ ပို၍ သုံးစွဲရသည်။ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် တစ်ခါဖန်တီးနိုင်ဖို့ရာ အရင်ဆုံး ဆယ့်ခုနစ်ရောင်ခြယ်မီးတောက် ဆယ်ခု ဖန်တီးထားရန် လိုအပ်သည်။

ပိုင်ရှောင်ချန်းမှာ အလွန်အမင်း ကြွယ်ဝချမ်းသာနေပါသော်လည်း ထိုကုန်ဆုံးမှုများ၏ ဒဏ်ကိုမခံနိုင်ပေ။

" အခု ဘာလုပ်ရတော့မှာတုံး "

သူက တွေးလိုက်သည်။ သို့သော် သူထိုသို့တွေးတောနေစဥ်မှာပင် မဟာကောင်းကင်သခင်က ကိစ္စရပ်ကြီးတစ်ခုကို ဆောင်ရွက်လိုက်လေသည်။

ဆယ်ရက်တိတိ တွေးတောဆင်ခြင်သုံးသပ်ပြီးနောက် သူသည် လျှပ်စီးလက်သည့်အလား လျင်မြန်စွာ လှုပ်ရှားကာ ကောင်းကင်မြို့စားကိုးယောက်ကို ဖမ်းဆီးလိုက်လေသည်။

ထိုဖမ်းဆီးမှုများကြောင့် မြေရိုင်းဒေသထဲရှိ လူတိုင်းသာမက ကောင်းကင်ဘုရင်လေးပါးပင် တုန်လှုပ်သွားကြရသည်။ ဗဟိုဧကရာဇ်မြို့တစ်ခုလုံးမှာ ပွက်ပွက်ညံနေပြီး ကျန်ရှိနေသေးသည့် ကောင်းကင်မြို့စား ကိုးဆယ်ဝန်းကျင်မှာလည်း ကြောက်လန့်နေကြတော့သည်။

ကောင်းကင်နယ်စားများကို မထိရသေးသော်ငြားလည်း သူတို့ ထိတ်လန့်နေကြသည်။ သူတို့အားလုံးမှာ တံခါးပိတ်ကျင့်စဥ်ဝင်ရန် ဆုံးဖြတ်လိုက်ကြပြီး သူတို့အား လာရောက်တွေ့ဆုံသည့် လူများကိုပင် ထွက်၍မတွေ့ကြတော့ပေ။ ဤဖြစ်ရပ်ကြီးထဲသို့ သူတို့မှာ အဆွဲထည့်မခံလိုပေ။

ချန်ဟောက်စုန့်ပင်လျှင် အလွန်အန္တရာယ်များသော အခြေအနေတွင် ရောက်ရှိနေကြောင်း သိသဖြင့် ပါးစပ်ပိတ်ကာ တံခါးပိတ်ကျင့်ကြံသွားတော့သည်။

ကောင်းကင်မြို့စား ကိုးယောက်ကို ဖမ်းဆီးချုပ်နှောင်လိုက်သောအခါ သူတို့၏ မျိုးနွယ်စုများမှာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ရီစွာ ကျန်ခဲ့ကြသည်။ ထို့အပြင် မဟာကောင်းကင်သခင်၏ ကိုယ်တိုင်ခွင့်ပြုချက်မပါပဲ သူတို့ထဲရှိ မည်သူမျှ မြို့တော်အပြင်သို့ ထွက်ခွင့်မရှိပေ။

ဗဟိုဧကရာဇ်မြို့တော်ထဲရှိ လူတိုင်းမှာ ကြောက်လန့်တုန်လှုပ်နေကြစဥ် ပိုင်ရှောင်ချန်းမှာ မဟာကောင်းကင်သခင်ထံမှ အမိန့်ရလိုက်လေသည်။ သူ၏တာဝန်မှာ ထိုအပြစ်ရှိသော မျိုးနွယ်စုများကို သွား၍ ငွေညှစ်ရမည်ဖြစ်သည်။

အဆုံးတွင် ပိုင်ရှောင်ချန်းသည် သူ၏ ကျွမ်းကျင်မှုများကို အပြည့်အဝထုတ်သုံးခွင့် ရပြီဖြစ်သည်။ ယနေ့လို နေ့ရက်မျိုး ရောက်လာစေရန် သူစောင့်ဆိုင်းနေခဲ့သည်မှာ အတော်အတန်ကြာနေပြီဖြစ်သည်။ သူ၏ စိတ်စွမ်းအင်မြှင့်တင်ရေးဆိုင် ဖျက်စီးခံလိုက်ရပြီးနောက် သူသည် ကျင့်ကြံခြင်း အထောက်အပံ့ ရင်းမြစ်ပစ္စည်းရရှိနေသည့် ဝင်ပေါက်ပိတ်သွားခဲ့ရသည်။ ယခုတွင် မျိုးနွယ်စုအချို့အား ငွေညှစ်ရန် အခွင့်အရေးရပြီဖြစ်၍ ရင်းြမစ်အနည်းငယ် ပြန်လည်ရရှိတော့မည်ဖြစ်သည်။

သူ၏ လက်ထဲသို့ ထိုဓမ္မအမိန့်တော် ရောက်လာသည်နှင့် သူ စိတ်လှုပ်ရှားသွားရတော့သည်။

" ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို လေ့ကျင့်ဖို့က ဝိညာဥ်အများကြီးလိုတာ။ များလွန်းလို့ တွက်လို့တောင်မရဘူး။ ဆက်တိုက်ဆက်တိုက် လေ့ကျင့်ရုံကလွဲပြီး အခြားရွေးစရာလမ်းကလည်း မရှိဘူးဆိုတော့... "

" အာ... ငွေညှစ်ရတော့မယ်ဟေ့။ ကောင်းကင်မြို့စားကိုးယောက်ရဲ့ မျိုးနွယ်စုတွေကိုသာ ငွေညှစ်လိုက်မယ်ဆိုရင် မီးတောက် ပြန်ဖန်တီးလို့ရပြီ "

ပိုင်ရှောင်ချန်းမှာ လုံးဝတွေဝေမနေပဲ သူ၏အလောင်း တပ်သား အယောက်သုံးထောင်ပါသည့် စစ်တပ်ကို ဦးဆောင်၍ မဟာကောင်းကင်သခင်က သူ့အားပေးခဲ့သည် စာရင်းထဲက အတိုင်း ဆောင်ရွက်ရန်ချက်ချင်း ပြင်ဆင်လိုက်တော့သည်။ သူ အနည်းငယ်စွဲမက်လာပြီဖြစ်သော လုပ်ငန်းဖြစ်သည့် ငွေညှစ်ခြင်းအချို့ကို လုပ်ခွင့်ရတော့မည်ဖြစ်သည်။

" အမယ်လေး။ ငါက မြေရိုင်းဒေသရောက်ကထဲက မျိုးနွယ်စုတွေကို ငွေညှစ်နေရတာပါလား။ ပထမတုံးက သရဲကြီးမြို့မှာ။ နောက်ကျတော့ အခုဒီကိုရောက်လာပြန်တယ်။ ငွေညှစ်တဲ့နေရာမှာ ငါ့ရဲ့ ကျွမ်းကျင်မှုက အဆင့်နှစ်ဆိုရင် အဆင့်တစ်ပိုင်ရှင်က ရှိမှာမဟုတ်ဘူးဟေ့ "

သူက ဝင့်ကြွားကာ အရာရာတိုင်းကို အထင်သေးနေသည့် ပုံစံဖြင့် စာရင်းပေါ်ရှိ ပထမမျိုးနွယ်စုဆီသို့ ဦးတည်သွားတော့သည်။

သူ စစ်ဆေးရေးစံအိမ်ထဲမှ ထွက်လာသည်နှင့် မြို့တော်ထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရသည်။ မြို့တော်ထဲရှိ အရက်စက်ဆုံးနှင့် အကောက်ကျစ်ဆုံး လူများပင်လျှင် သူလာရာလမ်းမှ ဖယ်ပေးလိုက်ကြသည်။ ရပ်မိရပ်ဖများမှာ တုန်ရီနေကြပြီး မှူးမျိုးမတ်နွယ်များမှာ သူတို့မနိုးထနိုင်မည့် အိပ်မက်ဆိုးကြီးတစ်ခုအား ကြုံတွေ့နေသကဲ့သို့ ခံစားနေကြရသည်။

သူသည် ထိုမျိုးနွယ်စုများထံသို့ သူ၏အလောင်းတပ်သားများကို ခေါ်သွားပြီး တစ်မျိုးနွယ်စုပြီး တစ်မျိုးနွယ်စု

ငွေညှစ်နေတော့သည်။ သူသည် ၎င်းတို့ဆီမှ မြက်ပင်ပါမကျန် ရှင်းထုတ်ခဲ့သည်။ တန်ဖိုးရှိသမျှ အရာတိုင်းကို သိမ်းပိုက်၍ အိမ်အလှဆင် ပစ္စည်းများကိုပါ ဖြုတ်ယူခဲ့သည်။ ကြွက်ဖောက်ခြင်းခံထားရသည့် စပါးသိုလှောင်ခန်းများပင် ထိုမျိုးနွယ်စုများလောက် ပြောင်သလင်းခါနေမည်မဟုတ်ပေ။

သို့သော် ထိုငွေညှစ်မှုအားလုံး၏ အခရာမှာ ပိုင်ရှောင်ချန်းမဟုတ်ပဲ ကျိုးရီရှင်းသာဖြစ်သည်။ သူသည် ငွေညှစ်ရာတွင် အထူးပါရမီပါသောသူတစ်ယောက်ဖြစ်ပြီး လုံခြုံစွာ သိမ်းဆည်းထားသည့် ရတနာများကိုပင် မြင်နိုင်သည့် စွန်ရဲမျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူ၏ အစွမ်းကြောင့် ပစ္စည်းအသေးအမွှားလေးကအစ အရာအားလုံးမှာ သိမ်းပိုက်ခံလိုက်ကြရသည်။

ပိုင်ရှောင်ချန်းမှာ မီးတောက်ဖန်တီးရာတွင် ပစ္စည်း လုံလုံလောက်လောက်ရှိစေရန်အတွက် လိပ်ကလေးကိုပင် နှိုးလိုက်လေသည်။ လိပ်ကလေးမှာလည်း ငွေညှစ်ရသည်ကို အလွန်ခုန်မင်သဖြင့် ကျိုးရီရှင်းနှင့် ပူးပေါင်း၍ တွဲလုပ်လိုက်ကြသောအခါ သူတို့၏ လမ်းတွင်ရှိသမျှလူတိုင်းမှာ ပျက်စီးခြင်းငါးပါး စိုက်သွားကြတော့သည်။

ကြီးမားသော လူအုပ်ကြီးတစ်ခုမှာ ပိုင်ရှောင်ချန်းနှင့် အတူလိုက်သွားပြီး ကောင်းကင်မြို့စားမျိုးနွယ်စု ကိုးခုအား သူငွေညှစ်နေသည့် ပုံရိပ်များကို မြင်လိုက်ရသောအခါ ဆွံ့အနေရတော့သည်။ ခဏအကြာတွင် ဇာတ်လမ်းအမျိုးမျိုးမှာ ပျံ့နှံ့စပြုလာတော့သည်။

" ဒီပိုင်ဟောက်က မျိုးနွယ်စုတွေကို ငွေညှစ်ဖို့ မွေးလာတာပဲ။ ရက်စက်လိုက်တာ "

" ဘုရားရေ။ လူနေအိမ်တွေတောင် မချန်ပဲ ဖြိုချပစ်တာပါလား "

" သူ့မျက်စိက လျင်လှပါလား။ သူလက်ညှိုးထိုးလိုက်တဲ့အချိန်တုံး လျှို့ဝှက်ရတနာတွေ ရှာတွေ့နေတော့တာပဲ။ ဒီပိုင်ဟောက်က အရင်ဘဝတုံးက တွေ့ကရာပစ္စည်း လိုက်စုတဲ့ကောင်များ ဖြစ်ခဲ့တာလား "

တစ်မြို့လုံးမှာ အုပ်အော်သောင်းနင်း ဖြစ်နေကြသည်။ ထိုအချင်းအရာများကို အသေးစိတ်အာရုံစိုက်ကာ ကြည့်ရှုနေကြသည့် လူများ ပို၍အံ့အားသင့်သွားရသည့်အချက်မှာ ပိုင်ရှောင်ချန်း၏ ပထမဆုံး ငွေညှစ်မှုက ခြောက်နာရီခန့် ကြာမြင့်သွားသည့်အချက်ဖြစ်သည်။ သိုသော် စတုတ္ထမြောက် ငွေညှစ်ရာတွင်မူ လေးနာရီအတွင်း တစ်မျိုးနွယ်စုလုံးကို ပြောင်လင်းခါအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဆောက်အဦများစွာမှာလည်း ပျက်စီးသွားခဲ့ရသည်။

သတ္တမမြောက် မျိုးနွယ်စုအလှည့်သို့ ရောက်သောအခါ သူ၏ စွမ်းဆောင်နိုင်နှုန်းမှာ တဟုန်ထိုး မြင့်တက်သွားသည်။ သတ္တမမြောက် မျိုးနွယ်စုကို သူသည် နှစ်နာရီအတွင်း မြေကြီးထဲရှိ ကျဥ်းကလေးတစ်ကျဥ်းသာသာအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။

သို့သော်လည်း ထိုအချင်းအရာမှာ မထူးဆန်းသေးပေ။ အံ့အားသင့်စရာ အကောင်းဆုံးမှာ နဝမမြောက်မျိုးနွယ်စုဖြစ်သည်။ အချိန်တစ်နာရီသာ ကြာမြင့်ပြီးနောက် သူထွက်ခွာသွားသောအခါ ဖုန်တစ်စပင် မကျန်ခဲ့ပေ။ ထိုဖြစ်ရပ်ကို မြင်လိုက်ရသူတိုင်း မှင်တက်နေရတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ဘဝတွင် အရာများစွာကို ကြုံတွေ့ဖူးပါသော်လည်း ဤမျိုးနွယ်စုကိုးခုအား သူငွေညှစ်ရာမှ စုဆောင်းမိထားသည့် ချမ်းသာကြွယ်ဝမှုများမှာ သူ၏နှလုံးခုန်နှုန်းကို မြန်လာစေတော့သည်။ သူသည် အပြီးထိဖန်တီးထားသော ဆယ့်ငါးရောင်ခြယ်မီးတောက်အနည်းငယ်နှင့် အရည်အသွေးပိုကောင်းသော အခြားမီးတောက်များကိုပင် ရရှိလိုက်သေးသည်။

ထို အပြီးထိ ဖန်တီးထားသည့် မီးတောက်များမှာ သူ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို လေ့ကျင့်ရာတွင် လိုအပ်သည့် ဝိညာဥ်ပမာဏကို လျှော့ချပေးနိုင်သဖြင့် အလွန်တရာ အရေးကြီးပေသည်။

ပိုင်ရှောင်ချန်း၏ အမြင်တွင် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များမှာ တန်ဖိုးကြီးရတနာများကဲ့သို့ ဖြစ်နေသည်။

သူ နဝမမြောက် မျိုးနွယ်စုဆီသို့ ရောက်သောအခါတွင် ထိုမျိုးနွယ်စုနှင့် မျက်စောင်းထိုးတွင်ရှိနေသည့် အခြားမျိုးနွယ်စုကို သွား၍ငွေညှစ်လိုစိတ်များကို မနည်းထိန်းထားရသည်။

ထိုမျိုးနွယ်စုဝင်များက သူ၏ လောဘများပြည့်နှက်ကာ နီမြန်းနေသည့် မျက်ဝန်းများကို မြင်လိုက်ရသောအခါ အပြင်သို့ပြေးထွက်၍ သူတို့မျိုးနွယ်စုမှာ စာရင်းထဲတွင် မပါကြောင်း သေသေချာချာ ပြောလိုက်ရသည်။ ပိုင်ရှောင်ချန်းသာ အမိန့်တစ်ချက်ပေးလိုက်လျှင် သူ၏ အလောင်းတပ်သား အယောက်သုံးထောင်မှာ သူတို့၏မျိုးနွယ်စုထဲသို့ ဝင်လာပြီး အရာအားလုံးကို အပြီးတိုင်ဖျက်ဆီးပစ်ကြမည် မဟုတ်ပါလော။

မျိုးနွယ်စုကိုးခုကို သူ၏ အရူးတပိုင်းငွေညှစ်မှုများကြောင့် ပိုင်ဟောက်ဆိုသော နာမည်မှာ ဗဟိုဧကရာဇ်မြို့တော်တွင် မကောင်းသတင်းဖြင့် ပို၍နာမည်ကျော်လာတော့သည်။ ထိုနာမည်မှာ မြေရိုင်းဒေသတစ်ခွင်မှ ကောင်းကင်တံတားမြစ်ဒေသရှိ ဂိုဏ်းများ၏ စွမ်းအားကြီးသော လူအချို့ထံသို့ပါ ပေါက်ကြားသွားတော့သည်။ ထိုသူများမှာ မြေရိုင်းဒေသထဲတွင် ဖြစ်ပျက်နေသည့်ကိစ္စအချို့ကို သိရှိနိုင်လောက်သည်အထိ အသိုင်းအဝိုင်း ကျယ်ပြန့်လွန်းလှသည်။

ယခုတွင် ပိုင်ရှောင်ချန်းမှာ ငွေညှစ်ခြင်းများကို စွဲလမ်းနေပြီဖြစ်ပြီး သူ့အတွက်ကံကောင်းစွာပင် မဟာကောင်းကင်သခင်မှာ နောက်ထပ် ဖမ်းဝရမ်းများ ထပ်ထုတ်လိုက်ပြန်သည်။ နောက်ထပ်ကောင်းကင်မြို့စားကိုးယောက်မှာ ထပ်၍ ဖမ်းဆီးခံလိုက်ရသည်။

ထို ဓမ္မအမိန့်တော် ကျလာသောအခါ ပိုင်ရှောင်ချန်းမှာ ကျေနပ်အားရသွားတော့သည်။ သူသည် အားပါးတရ ရယ်မော၍ ထိုအပြစ်ရှိသော မျိုးနွယ်စုများကို ဆက်တိုက် ငွေညှစ်လိုက်တော့သည်။ ထိုအချင်းအရာကြောင့် ဗဟိုဧကရာဇ်မြို့တော်ရှိ မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များမှာ ရရာနည်းလမ်းကိုသုံး၍ မဟာကောင်းကင်သခင်အား ဆက်သွယ်လိုက်ကြပြီး သူတို့၏ သစ္စာစောင့်သိမှုများကို ဖော်ပြနေကြတော့သည်။

ဗဟိုဧကရာဇ်မှာ ပထမဆုံးအကြိမ်အဖြစ် စိတ်ဆန္ဒအလျောက် တံခါးပိတ်ကျင့်စဥ် ဝင်သွားတော့သည်။ ထိုလုပ်ရပ်၏ အဓိပ္ပါယ်မှာ သူသည် မှူးမျိုးမတ်နွယ်များနှင့် အရာရှိများကို ကာကွယ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာပေသည်။ သို့သော် အမှန်မှာ သူသည် ပြည်သူလူထု၏ ထောက်ခံမှုကိုရရှိအောင် ဦးညွှတ်လိုက်ခြင်းသာဖြစ်သည်။

ထိုအချင်းအရာကို မဟာကောင်းကင်သခင်က သိသော်လည်း ဂရုမစိုက်ပေ။ သူသည် ပြည်သူလူထု၏ ထောက်ခံမှုကို မလိုအပ်သည် မဟုတ်ပါလော။ သူသည် လူများက သူ့ကိုကြောက်ရွံ့စေရန်သာ အလိုရှိသည်။ ယခုတွင်လည်း သူသည် ထိုရည်ရွယ်ချက်ဆီသို့ အောင်မြင်စွာ လျှောက်လှမ်းနေသည်။

ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေပြီး နောက်မျိုးနွယ်စု ခုနစ်ခုကိုလည်း ပို၍လိမ္မာပါးနပ်စွာ ငွေညှစ်လိုက်ပြန်သည်။ ထိုငွေညှစ်ရာမှ ရရှိလာသည့် ဥစ္စာဓနများမှာ ရွှေတုံးများဖြစ်နေသည့်အလား သူ၏မျက်ဝန်းများမှာ တောက်ပလာတော့သည်။

သူသည် ချမ်းသာကြွယ်ဝမှုကို အလွန်အလေးထားသူမဟုတ်ပါသော်လည်း ဗဟိုဧကရာဇ်မြို့တော်ထဲရှိ ကောင်းကင်မြို့စားအားလုံး၏ မျိုးနွယ်စုများကို ငွေညှစ်ချင်စိတ်များ တဖွားဖွားပေါ်နေသဖြင့် မနည်းထိန်းနေရသည်။ သို့သော် သူသည် ဥစ္စာပစ္စည်းများ၏ ကိုးဆယ်ရာခိုင်နှုန်းကို မပျက်မကွက် မဟာကောင်းကင်ခန်းမဆီသို့ ပေးပို့နေသည်။ ထိုသို့ပို့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤ ကောင်းကင်မြို့စားများ၏ မျိုးနွယ်စုများမှာ မည်မျှချမ်းသာကြွယ်ဝနေကြောင်းကို မဟာကောင်းကင်သခင်အား သိစေချင်၍ဖြစ်သည်။

ထို့အပြင် ထိုချမ်းသာကြွယ်ဝမှုများမှာ သူတို့၏ ကြောက်မက်ဖွယ် ရည်မှန်းချက်များအတွက် အကြောင်းပြချက်တစ်ခု ဖြစ်နေသည်။

သို့သော် ကောင်းကင်မြို့စားများကို နှစ်ခေါက်တိတိ ဖမ်းဆီးပြီးနောက် မဟာကောင်းကင်သခင်မှာ ထပ်၍ မလုပ်တော့ပေ။

ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ စောင့်ဆိုင်းလိုက်ပြီး ကျန်ရှိနေသေးသည့် မျိုးနွယ်စု ကိုးဆယ်ကျော်အကြောင်းတွေးကာ ဝမ်းနည်းစွာ သက်ပြင်းချနေတော့သည်။

" မဟာကောင်းကင်သခင်က ညှာလွန်းအားကြီးနေတာ။ အဲဒွမျိုးနွယ်စုတွေကို ထပ်ပြီး ငွေညှစ်မှ တော်ကာကျမှာ "

သို့သော် ငွေညှစ်သည့် အခန်းကဏ္ဍမှာ ပြီးစီးသွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အခြားရွေးချယ်စရာ မရှိတော့ပဲ စစ်ဆေးရေးစံအိမ်သို့ပြန်ကာ တံခါးပိတ်တရားကျင့်ကြံသွားပြန်တော့သည်။

သူရရှိခဲ့သည့် ရောင်စုံခြယ် မီးတောက်များကြောင့် သူသည် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်နှင့် ပို၍ရင်းနှီးလာတော့သည်။ အမှန်တွင် သူသည် မှန်းဆ၍မရလောက်အောင် လျင်မြန်စွာတိုးတက်သွားခဲ့သည်ဖြစ်၍ သူ့အတွက်သက်သာသွားသည့် အချိန်နှင့် အင်အားများကို တွက်ချက်၍ပင် မရနိုင်ပေ။

ကောင်းကင်မြို့စား ဆယ့်ခြောက်ယောက်၏ ကျဆုံးမှုကြောင့် မဟာကောင်းကင်သခင်၏ အာဏာမှာ ပို၍ မြင့်မားသွားတော့သည်။ ဗဟိုဧကရာဇ်မှာ ယခုတွင် တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ပြီး တော်ဝင်မင်းသား၊ မင်းသမီးများမှာလည်း ထိုနည်းတူပင်။ တော်ဝင်အင်ပါယာမျိုးနွယ်စုမှ တစ်ယောက်တစ်လေပင် သူတို့နေအိမ်များ၏ အပြင်သို့ တစ်လှမ်းပင်မလှမ်းရဲကြပေ။

ကောင်းကင်ဘုရင်လေးပါးပင် ထိုအခြေအနေတွင် မဟာကောင်းကင်သခင်ထံသို့ ဦးညွှတ်ရန်ဆုံးဖြတ်လိုက်ကြသည်။ သူတို့ထဲရှိ မည်သူမှ မဟာကောင်းကင်သခင်ကို ပုန်ကန်လိုသည့် လုပ်ရပ်မျိုး မလုပ်ကြပေ။ မဟာကောင်းကင်သခင်သည် ယခုတွင် အာဏာအကြီးဆုံးနှင့် ဂုဏ်အရှိန်အဝါအကြီးမားဆုံးလူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်လာခဲ့ပြီး ဗဟိုဧကရာဇ်အား သူ၏ရုပ်သေးရုပ်အဖြစ် ဖိအားပေးကာ ပြောင်းလဲခဲ့စဥ်တုံးကထက်ပင် ပို၍ အာဏာကြီးမားနေပြီဖြစ်သည်။

သုံးလတိတိ ကုန်ဆုံးသွားသည်။ ငွေညှစ်မှုများနှင့် မဟာကောင်းကင်သခင်၏ အာဏာတို့ကြောင့် ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပင် ပို၍နာမည်ကြီးနေတော့သည်။ မြေရိုင်းဒေသထဲတွင် ပိုင်ဟောက်ဆိုသည့် နာမည်ကို မကြားဖူးသူမှာ မရှိသလောက်ပင် နည်းပါးနေပြီဖြစ်သည်။ အကြီးစား လူ့ဘီလူးမျိုးနွယ်များဖြစ်စေ၊ အသေးစား လူ့ဘီလူးမျိုးနွယ်များဖြစ်စေ၊ သူ့အားကြောက်ရွံ့နေကြပြီး သူ့အကြောင်း ဇာတ်လမ်းများမှာ ပျံ့နှံ့နေသဖြင့် သူ၏ နာမည်ဆိုးမှာ ပို၍ကျော်ကြားလာတော့သည်။

All Chapters