← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

Chapter 550 – ကျွန်တော့်ကို ယုံပါ

ခံတပ်မျှော်စင်။

ရှန်မိုသည် ကျန်းလုံရှန့်နှင့် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်မူ ရွှေ့ဝူခံတပ်၏ စစ်သူကြီးမှာ နားထင်စပ်ရှိ ဆံပင်များပင် ဖြူဖွေးနေပြီဖြစ်သည်။ ရှန်မိုသည် ကျန်းလုံရှန့်နှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က ပုံရိပ်ကို ရုတ်တရက် ပြန်လည်အမှတ်ရမိသွား၏။ ထိုစဉ်က ဤစီနီယာကြီးမှာ လူငယ်တစ်ယောက်ကဲ့သို့ တက်ကြွလန်းဆန်းနေဆဲ ဖြစ်သည်။ သို့သော် နှစ်အနည်းငယ်အတွင်းမှာပင် သူ များစွာ ပြောင်းလဲသွားခဲ့ချေပြီ။

ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ရုပ်ရည်သွင်ပြင်ဆိုသည်မှာ ပြဿနာမဟုတ်တော့ပေ။ သူတို့တွင် သက်တမ်းကျန်ရှိနေသရွေ့ မိမိတို့နှစ်သက်ရာ ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်စမြဲပင်။ အကယ်၍ သူတို့သည် အိုမင်းရင့်ရော်သော ပုံစံဖြင့် ပေါ်လာခဲ့လျှင် ၎င်းမှာ မိမိအလိုဆန္ဒကြောင့် ဖြစ်စေ၊ သို့မဟုတ် အင်အားဆုတ်ယုတ်လာသဖြင့် ရုပ်ရည်ကို မထိန်းသိမ်းနိုင်တော့ခြင်းကြောင့် ဖြစ်စေ တစ်ခုခု ဖြစ်ပေလိမ့်မည်။

ကျန်းလုံရှန့်၏ အပြောင်းအလဲမှာ အန်းချန်နှင့် အန်းဖုန်းတို့ ရွှေ့ဝူခံတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့စဉ်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကျန်းလုံရှန့်သည် မိမိကိုယ်ကို အစာအဖြစ်အသုံးချကာ အန်းဖုန်း ကိုယ်တိုင်လာရောက် တိုက်ခိုက်ရန် ဆွဲဆောင်ခဲ့သည်။ 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' ရှစ်စင်းဖြင့် ဝိုင်းရံတိုက်ခိုက်ခဲ့ရာ အန်းဖုန်းမှာ သေလုနီးပါး ဖြစ်ခဲ့ရ၏။ ကျန်းလုံရှန့်၏ ခန္ဓာကိုယ်ထဲရှိ အတွင်းဒဏ်ရာများမှာ ထိုအချိန်ကတည်းက ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် သူ၏အခြေအနေမှာ တစ်စတစ်စ ပိုဆိုးလာခဲ့ပြီး အရင်ကကဲ့သို့ အစွမ်းမပြနိုင်တော့ပေ။

ရှန်မိုမှာ ဤအရာအားလုံးကို ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့်ပင် သူ ကျန်းလုံရှန့်ကို အလွန်အမင်း ရိုသေလေးစားခြင်း ဖြစ်သည်။ ရိုးရိုးသားသားရှိလှသော ဤစီနီယာကြီးသည် သူ့ကိုရော၊ ဤခံတပ်ကိုပါ အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ဖူးသည် မဟုတ်ပါလား။

"ဟင်... မင်း ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"

ကျန်းလုံရှန့်သည် အဆုံးမရှိသော စာရွက်စာတမ်းများကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေသည်။ ရှန်မို စားပွဲအနားသို့ ရောက်လာသည့်တိုင်အောင် သတိမထားမိဘဲ ရှိနေရာမှ ရုတ်တရက် မြင်သွားသောအခါ အံ့အားသင့်သွားဟန် ရှိသည်။

ရှန်မိုမှ ပြုံးလိုက်ပြီး

"နတ်ဆိုးတွေက ပြိုလဲတော့မယ့် အခြေအနေ ရောက်နေပြီဆိုတော့ လူကြီးမင်းတို့လည်း ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်နေကြမှာပဲ… ကျွန်တော် ခန့်မှန်းရရင်တော့ လူကြီးမင်းတို့အားလုံး နဝမအလွှာဆီ သွားပြီး စစ်ဆေးဖို့ ပြင်နေကြတယ်မလား"

ကျန်းလုံရှန့် ပြုံးလျက် ခေါင်းငြိမ့်ပြကာ

"မင်းက အမြဲတမ်း အမြင်စူးရှနေတာပဲနော်"

"ဟုတ်တယ်… ငါ စစ်သူကြီး ပိုင်လျဲ့ကျို၊ စစ်သူကြီး ထန်ကျင့်လုံ၊ စစ်သူကြီး အောင်ချင်း တို့နဲ့ ဆွေးနွေးပြီးသွားပြီ… ငါတို့အားလုံး နဝမအလွှာဆီသွားပြီး တကယ် ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြမလို့… နတ်ဆိုးတွေ ရုတ်တရက်ကြီး ပြိုလဲသွားတာက ငါတို့အားလုံးကို အံ့ဩသွားစေတာပဲ"

ရှန်မို အသာအယာ ခေါင်းငြိမ့်ပြပြီး

"ကျွန်တော်လည်း လိုက်ချင်တယ်"

ကျန်းလုံရှန့်မှာ မှင်တက်သွားပြီးနောက် ချက်ချင်းပင် ခေါင်းခါပြကာ

"မဖြစ်ဘူး… နဝမအလွှာက အရမ်းန္တရာယ်များတယ်… မင်းက ငယ်သေးတယ်… ဒီလိုစွန့်စားခန်းမျိုးထဲ မင်းပါဖို့ မလိုသေးပါဘူး"

သူ ငြင်းလေ၏။

ရှန်မိုမှာ ပြုံးလျက်

"ကျွန်တော့်ကို ဒီလောက်အမြန်ကြီး မငြင်းလိုက်ပါနဲ့ဦး… အရင်ဆုံး လူကြီးမင်းကို တစ်ခုခု ပေးပါရစေဦး"

သူ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ပေးလိုက်သည်။

"ဆေးလုံးလား"

ကျန်းလုံရှန့် အံ့ဩသွားပြီး

"ငါ့ဒဏ်ရာတွေကို ကုပေးမလို့လား… အဲဒါက တော်တော်ခက်ခဲလိမ့်မယ်… ငါ ကောင်းကင်တာအို ဘဏ္ဍာတိုက်ကနေ ဆေးရည်တွေ အများကြီး လဲလှယ်ဖူးပေမဲ့ ဘယ်တစ်ခုမှ ထိထိရောက်ရောက် အလုပ်မဖြစ်ခဲ့ဘူး… သူတော်စင်အဆင့်ဆေးလုံး ဆိုရင်တော့ တစ်မျိုးပေါ့… ဒါပေမဲ့ အဲ့ဒီဆေးလုံးတွေက အရမ်းဈေးကြီးတယ်… ငါ့ရဲ့ စစ်မှုထမ်းရမှတ်တွေကို တခြားနေရာတွေမှာ သုံးစရာရှိနေလို့..."

ရှန်မို ခပ်တိုးတိုးရယ်ရင်း

"ဒီဆေးလုံးက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာပါ… ကောင်းကင်တာအို ဘဏ္ဍာတိုက်က လဲထားတာ မဟုတ်ပါဘူး"

ကျန်းလုံရှန့်မှာ စွံ့အသွားပြီး ပုလင်းအဖုံးကို ဖွင့်ကာ အသာအယာ အနံ့ခံကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့၏။

ထို့နောက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး -

"သူတော်စင်ဆင့်ဆေးလုံး!"

"မင်းက သူတော်စင်ဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်တာလား”

ကျန်းလုံရှန့်၏ မျက်နှာတွင် မထိန်းချုပ်နိုင်သော ဝမ်းသာအားရမှုများ ပေါ်လွင်လာသည်။ ရှန်မိုမှာ ပြုံးလျက် ခေါင်းညိတ်ပြကာ

"ကျင်ယွီ နိဗ္ဗာန်ဆေးလုံးပါ… သူတော်စင်ဆင့်ဆေးလုံး ဆေးလုံးပေါ့… မကြာသေးခင်ကမှ ကျွန်တော် ဖော်စပ်ထားတာပါ"

ရှန်မိုကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရသောအခါ ကျန်းလုံရှန့် ပို၍ပင် ဝမ်းသာသွားတော့သည်။

ရှန်မိုက သူတော်စင်ဆင့်ဆေးလုံးများကို ဖော်စပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့မိပေ။ ဒါက တကယ်ကို ကြီးမားလှသည့် အံ့အားသင့်စရာပင်။

"မင်းက သူတော်စင်ဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်ဆိုရင်တော့ နဝမအလွှာကို လုံးဝ မသွားသင့်တော့ဘူး… မင်းသာ အသက်ရှင်နေမယ်ဆိုရင် ဒီဆေးလုံးတွေကို ဆက်ပြီး ဖော်စပ်ပေးနိုင်မှာပဲ… အချိန်တန်ရင် မင်းကြောင့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တွေ အများကြီး ပေါ်ထွက်လာလိမ့်မယ်”

ကျန်းလုံရှန့်မှာ လေးနက်စွာ ပြောလိုက်သည်။

ရှန်မို ပြုံးလိုက်ပြီး

"ကျွန်တော် ဒီ ကျင်ယွီ နိဗ္ဗာန်ဆေးလုံး ဘယ်နှလုံး ဖော်စပ်ပြီးပြီလဲ… ကျွန်တော်ကိုယ်တိုင်ရော ဘယ်နှလုံး သုံးစွဲပြီးပြီလဲဆိုတာ လူကြီးမင်း ခန့်မှန်းကြည့်ပါဦး"

ကျန်းလုံရှန့်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသော်လည်း ထိုအတွေးမှာ အလွန်ပင် ရဲတင်းလွန်းလှသဖြင့် သူ ထုတ်မပြောဝံ့ပါချေ။

ရှန်မိုမှ လေးနက်စွာဖြင့်

"ကျွန်တော့်မှာ အသင့်ပြင်ဆင်မှုတွေ ရှိထားလို့သာ လူကြီးမင်းတို့နဲ့အတူ နဝမအလွှာကို လိုက်ချင်တာပါ… စဉ်းစားကြည့်ပါဦး… နတ်ဆိုးဘုရင်တွေ အားလုံးကို ဘာက ဒီလောက်အထိ ခြေမှုန်းပစ်နိုင်မှာလဲ… သူတို့ထက် အဆပေါင်းများစွာ သာလွန်တဲ့ ဖြစ်တည်မှုမျိုး ပေါ်လာလို့သာ ဖြစ်ရမယ်"

သူသည် ကျန်းလုံရှန့်၏ မျက်လုံးများကို စိုက်ကြည့်ကာ

"စစ်သူကြီးကျန်း... ကျွန်တော့်ကို ယုံကြည်ပေးပါ"

ကျန်းလုံရှန့်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် တည်ငြိမ်စွာ စကားဆိုလိုက်ပါတော့သည်။

"ကောင်းပြီလေ… ငါ မင်းကို ယုံကြည်ပါတယ်"

Chapter 551 – ကျွန်တော့်အဆင့်လည်း အတူတူပါပဲ

"စစ်သူကြီးကျန်း... နောက်ရက်အနည်းငယ်နေလို့ လူကြီးမင်းတို့ နဝမအလွှာကို သွားရောက်စူးစမ်းတဲ့အခါ ကျွန်တော့်ကိုပဲ လူကြီးမင်းကိုယ်စား လွှတ်ပေးပါ"

ရှန်မို အလေးအနက် ပြောလိုက်သည်။

"လူကြီးမင်းအတွက်ကတော့ တခြားတာဝန်တစ်ခု ရှိပါတယ်"

ကျန်းလုံရှန့်မှာ စူးစမ်းလိုစိတ်ဖြင့်

"ဘာတာဝန်လဲ"

သူ ပြန်မေးသည်။

ရှန်မိုမှာ တည်ငြိမ်စွာပင်

"နဝမအလွှာနဲ့ အဋ္ဌမအလွှာကြားမှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းက တစ်ခုမက ရှိပါတယ်… လူကြီးမင်းအနေနဲ့ တခြားလမ်းကြောင်းတစ်ခုမှာ စောင့်နေသင့်တယ်"

ကျန်းလုံရှန့်သည် သူ၏စကားထဲမှ အဓိပ္ပာယ်ကို ရိပ်မိသွားပြီး

"ကျန်ရှိနေတဲ့ နတ်ဆိုးတွေကို ကြားဖြတ်ဟန့်တားခိုင်းချင်တာလား"

ရှန်မို ခေါင်းငြိမ့်ပြသည်။

"မှန်ပါတယ်"

ကျန်းလုံရှန့်မှ

"ကောင်းပြီလေ… ငါ မင်းကို ယုံကြည်ပါတယ်"

ရှန်မို ထွက်ခွာသွားပြီးနောက် ကျန်းလုံရှန့်သည် 'ကျင်ယွီ နိဗ္ဗာန်ဆေးလုံး' ကို ထုတ်ယူကာ ချက်ချင်းပင် စတင်အသုံးချတော့သည်။ သူတော်စင်ဆင့်ဆေးလုံး၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး ကိုးမိုးကောင်းကင်မှ ကျဆင်းလာသည့် ရေတံခွန်ကြီးတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ဆေးကြောသန့်စင်ပေးသည်။

ထိုမျှကြီးမားလှသော ဆေးစွမ်းအင်အောက်တွင် သူ၏ အတွင်းဒဏ်ရာများမှာ လျင်မြန်စွာပင် ပျောက်ကင်းသွားတော့၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တည်ငြိမ်စွာ မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဓမ္မရုပ်ပွားတော်အဆင့်၏ အထက်ဆုံးသို့ ပြန်လည်ရောက်ရှိသွားသည်။ ကျန်းလုံရှန့်သည် ဓမ္မရုပ်ပွားတော်အဆင့်၏ ထိပ်ဆုံးတွင် အချိန်အတော်ကြာအောင် အခြေခံကောင်းကောင်းဖြင့် စုဆောင်းထားသူဖြစ်ရာ 'ကျင်ယွီ နိဗ္ဗာန်ဆေးလုံး' ၏ ကြီးမားလှသော ဆေးစွမ်းအင်မှာ အဆင့်တက်လှမ်းရန် အခွင့်အရေးတစ်ခု ဖြစ်လာတော့သည်။

သူ၏ အဆင့်မှာ ဓမ္မရုပ်ပွားတော်အဆင့်၏ ထိပ်ဆုံးမှာတင် ရပ်တန့်မနေဘဲ နိဗ္ဗာန်အဆင့်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။ သို့သော် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိရန်မှာ ပြင်ပမီးလျှံတစ်ခုဖြင့် ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းစေရန် လိုအပ်သည်။ ကျန်းလုံရှန့်တွင်မူ ထိုကဲ့သို့သော နတ်ဘုရားမီးလျှံမျိုး မရှိပေ။ ထို့ကြောင့် 'ကျင်ယွီ နိဗ္ဗာန်ဆေးလုံး' ၏ ဆေးစွမ်းအင်များ ကုန်ခမ်းသွားသည့်အခါ သူ၏ အဆင့်တက်လှမ်းမှုမှာ ရပ်တန့်သွားတော့သည်။

ယခုအခါ သူသည် ဓမ္မရုပ်ပွားတော်အဆင့်နှင့် နိဗ္ဗာန်အဆင့် ကြားထဲတွင် ပိတ်မိနေခြင်းဖြစ်လေ၏။ တိတိကျကျ ပြောရလျှင် ကျန်းလုံရှန့်သည် နိဗ္ဗာန်အဆင့်သို့ ခြေတစ်လှမ်းလှမ်းထားနိုင်ပြီ ဖြစ်သည်။ သူ၏ အစွမ်းမှာ ဓမ္မရုပ်ပွားတော်အဆင့် အမြင့်ဆုံး ကျင့်ကြံသူအားလုံးနီးပါးကို ဖိနှိပ်နိုင်ရန် လုံလောက်သော်လည်း တကယ့် နိဗ္ဗာန်အဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်လျှင်မူ လိုအပ်ချက်များ ရှိနေဆဲပင်။

ဝေါကနဲ။

ကျန်းလုံရှန့်သည် ကျေနပ်အားရစွာဖြင့် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ အကယ်၍ ရှန်မိုသာ မရှိလျှင် သူသည် ဤကဲ့သို့သော နိဗ္ဗာန်တစ်ပိုင်းအဆင့်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ယခုမူ သူသည် သက်တမ်း နောက်ထပ် နှစ်တစ်ရာကျော် တိုးလာခဲ့ပြီဖြစ်သည်။ နောင်တစ်ချိန်တွင် ဒဏ္ဍာရီလာ နိဗ္ဗာန်အဆင့်သို့ပင် သူ အမှန်တကယ် တက်လှမ်းနိုင်ပေလိမ့်မည်။

'ရှန်မို... မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေတာဆိုတော့…မင်းရဲ့ ကျင့်ကြံမှုကများ...'

ကျန်းလုံရှန့်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ခံစားချက်များမှာလည်း မြင့်တက်လာတော့၏။

...

ငါးရက်အကြာတွင်။

နတ်ဆိုးပင်လယ်၏ အလယ်ဗဟိုရှိ ကျွန်းငယ်လေးတစ်ခုပေါ်၌။

ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံ၊ ရှီထျန်၊ လန်ပန်၊ အောင်ချင်းနှင့် အောင်ကွမ်း ဆိုသည့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် ခြောက်ဦး စုဝေးနေကြသည်။ တခြားသူတစ်ယောက်မျှ မရှိဘဲ ဤနေရာတွင် ရှိနေသူအားလုံးမှာ ဓမ္မရုပ်ပွားတော်အဆင့် အစွမ်းထက် ပညာရှင်များသာ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက်က ခြေတစ်ချက်ဆောင့်လိုက်လျှင်ပင် နတ်ဆိုးပင်လယ် တစ်ခုလုံး တုန်ခါသွားပေလိမ့်မည်။

"ကျန်းလုံရှန့်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ… သူက အမြဲတမ်း အချိန်တိကျတဲ့သူပဲကို"

ထန်ကျင့်လုံမှ မျက်မှောင်ကြုတ်ကာ ပြောသည်။

ပိုင်လျဲ့ကျိုက ဝိုင်အနည်းငယ် သောက်လိုက်ရင်း

"ဟက်... ဘယ်သူသိမှာလဲ… အဘိုးကြီးကျန်းက အခုတလော အတော်လေး အလုပ်ရှုပ်နေတာ… နေ့တိုင်း ရွှေ့ဝူခံတပ်ရဲ့ လက်နက်တိုက်ဆီကို ခေါက်တုံ့ခေါက်ပြန် သွားနေတာလေ"

အောင်ချင်းလည်း ပြုံးလျက်

"ရွှေ့ဝူခံတပ်က ထွက်တဲ့ လက်နက်ကိရိယာတွေက တကယ်ကောင်းတာဗျ… ကျွန်တော့်ရဲ့ ရေခဲနဂါးခံတပ်တောင် အများကြီး ဝယ်ထားရတယ်"

သူ့ဘေးမှ အောင်ကွမ်းကို ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်သည်။ "ပန်လုံခံတပ်က ထွက်တဲ့ ပစ္စည်းတွေထက် အရည်အသွေးရော ဈေးနှုန်းရော အများကြီး ပိုသာတယ်ဗျ"

အဝါရောင်နဂါးဖြစ်သူ အောင်ကွမ်းက နှာခေါင်းရှုံ့ကာ

"အကောင်းဆုံး ပစ္စည်းတွေကို ရွှေ့ဝူခံတပ်မှာပဲ သိမ်းထားတာပါ… အညံ့စားတွေကိုပဲ မင်းတို့ကို ရောင်းတာ… အောင်ချင်း... ငါက မင်းကို လက်နက်တွေ ရောင်းဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး… မင်း ဈေးနှစ်ဆ ပေးရင်တောင် ငါမရောင်းဘူး"

ပန်လုံခံတပ်သည်လည်း တိုက်ပွဲစင်မြင့် အမျိုးမျိုး အပါအဝင် လက်နက်ကိရိယာ အချို့ကို ထုတ်လုပ်နိုင်သည်။ သို့သော် ရွှေ့ဝူခံတပ်၏ ထုတ်လုပ်မှု ပေါက်ကွဲထွက်လာကတည်းက ပန်လုံခံတပ်၏ လက်နက်များမှာ အရောင်းမသွက်တော့ဘဲ အရောင်းအဝယ်မှာလည်း အတော်လေး ဆိုးရွားနေခဲ့ခြင်း ဖြစ်သည်။

"တစ်ယောက်ယောက် လာနေပြီ"

လန်ပန်မှ ရုတ်တရက် မျက်လုံးများကို ကြုတ်ကာ ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ တခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များလည်း လှမ်းကြည့်လိုက်ကြ၏။

ထိုအခါ ရောက်လာသူမှာ ကျန်းလုံရှန့် မဟုတ်ဘဲ နုပျိုသော်လည်း ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ရှန်မို!

ဤနေရာတွင် ရှိနေသူများအနက် ပိုင်လျဲ့ကျိုနှင့် အောင်ကွမ်းမှလွဲ၍ ကျန်သူအားလုံးမှာ ရှန်မိုနှင့် တွေ့ဖူးကြသူများ ဖြစ်သည်။

"စီနီယာတို့... မတွေ့တာ ကြာပြီနော်"

ရှန်မိုမှ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ… ကျန်းလုံရှန့်ရော ဘယ်မှာလဲ"

ထန်ကျင့်လုံက အံ့ဩတကြီး မေးလိုက်သည်။

ရှန်မို ပြုံးလျက်

"စစ်သူကြီးကျန်းက တခြားကိစ္စတွေ လုပ်စရာရှိနေလို့ပါ… ဒီတစ်ခေါက် နဝမအလွှာ ခရီးစဉ်အတွက် သူ့ကိုယ်စား ကျွန်တော် လိုက်ခဲ့ပါမယ်… ကျွန်တော်လည်း ဓမ္မရုပ်ပွားတော်အဆင့်မှာပဲ ဆိုတော့ ကျွန်တော်တို့ရဲ့ အစွမ်းက သိပ်ပြီး ကွာခြားမှာ မဟုတ်ပါဘူး"

Chapter 552: နတ်ဆိုးပင်လယ်၏ နဝမအလွှာ

ရှန်မို စကားပြောပြီးနောက် အောင်ချင်းနှင့် လန်ပန်တို့ နှစ်ဦးစလုံး ခေါင်းငြိမ့်ထောက်ခံကြသည်။ သူတို့သည် ရှန်မို၏ အစွမ်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူများ ဖြစ်ကြသဖြင့် သူ၏စကားကို သဘာဝကျကျပင် အသိအမှတ်ပြုကြခြင်းဖြစ်၏။

"ဒါဆိုရင်လည်း ရပြီလေ… သွားကြစို့"

ရှီထျန်ကလည်း သဘောတူညီစွာ ခေါင်းပြောလိုက်သည်။

သို့သော် ရုတ်တရက် အောင်ကွမ်းမှ ရှန်မိုကို ကြည့်ကာ

"ရှန်မို... မင်းတို့ ရွှေ့ဝူခံတပ်မှာ စစ်လက်နက်အမျိုးအစားသစ်တစ်ခုကို ထပ်ပြီး တီထွင်နေတယ်လို့ ငါကြားတယ်"

"အဲဒါသာ အောင်မြင်သွားရင်တော့ သူ့ရဲ့ အစွမ်းသတ္တိကို ငါကိုယ်တိုင် မြင်တွေ့ချင်ပါသေးတယ်… ငါတို့ ပန်လုံခံတပ်က အသစ်ထုတ်လုပ်ထားတဲ့ 'ဒီရေဆန် တိုက်ပွဲစင်မြင့်'နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲဆိုတာ ကြည့်ရသေးတာပေါ့"

'ဒီရေဆန် တိုက်ပွဲစင်မြင့်' ဆိုသည်မှာ ပန်လုံခံတပ်မှ မကြာသေးမီနှစ်များအတွင်း တည်ဆောက်ထားသည့် စခန်းအသစ်တစ်ခုဖြစ်ပြီး ပိုမိုကြီးမားကာ ပိုမိုအစွမ်းထက်ပြီး ခန့်ညားထည်ဝါလှသည်။ 'ဒီရေဆန် တိုက်ပွဲစင်မြင့်' တစ်ခုတည်းမှာပင် 'လှိုင်းဖြတ်စင်မြင့်' အစင်းပေါင်းများစွာနှင့် 'လှိုင်းခွဲစင်မြင့်' ဆယ်စင်းကျော်ကို တပ်ဆင်ထားနိုင်ပြီး ၎င်း၏ ပစ်ခတ်မှုစွမ်းအားမှာလည်း ပိုမိုကြီးမားလှသည်။ နတ်ဆိုးနှိမ်နင်းရေးခံတပ် အတော်များများကလည်း ၎င်းတစ်ခုကို ရရှိရန် စစ်မှုထမ်းရမှတ် အမြောက်အမြား အသုံးပြုကာ ကြိုတင်မှာယူထားကြပြီးဖြစ်၏။

ရှန်မိုသည် လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့ထံမှ ထို 'ဒီရေဆန် တိုက်ပွဲစင်မြင့်' အကြောင်းကို ကြားသိထားပြီးဖြစ်သည်။

ရှန်မိုမှ ပြုံးလျက်

"စိတ်မပူပါနဲ့ စစ်သူကြီး အောင်ကွမ်း… မကြာခင် လူကြီးမင်း မြင်တွေ့ရမှာပါ"

အောင်ကွမ်းသည် ရည်ရွယ်ချက်ရှိရှိ ရန်စနေခြင်းဖြစ်ကြောင်း သိသာလှသည်။ ပန်လုံခံတပ်သည် နတ်ဆိုးမျိုးနွယ်စုများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိ၏။ အောင်ကွမ်းမှာ နဂါးမျိုးနွယ်ဖြစ်ပြီး နဂါးများ၏ သက်တမ်းရှည်မှုကို အမှီပြုကာ သူ၏ ကျင့်ကြံမှုအဆင့်မှာ ရှေ့ဆက်တိုး၍မရတော့မှန်း သိသာလာသည့်အခါ အစီအရင်များ၊ အင်းမှော်စာများနှင့် စစ်လက်နက်ပစ္စည်းများကို လေ့လာခြင်းဘက်သို့ လှည့်ခဲ့သည်။ သို့သော် သူသည် ဘက်စုံတော်သော်လည်း မည်သည့်အရာတွင်မျှ ကျွမ်းကျင်ပိုင်နိုင်မှု မရှိပေ။ သူ၏ ဗဟုသုတမှာ ကျယ်ပြန့်သော်လည်း အပေါ်ယံမျှသာ ရှိသည်။

အောင်ကွမ်း၏ စိတ်နေစိတ်ထားမှာ အစွန်းရောက်ပြီး မနာလိုဝန်တိုတတ်သူ ဖြစ်၏။ ဤနယ်ပယ်များတွင် သူ့ထက်သာသူရှိလျှင် သူ မနာလိုဖြစ်တတ်သည်။ ရှန်မိုသည် ပန်လုံခံတပ် အရှင်သခင်၏ စိတ်နေစိတ်ထားကို ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း တိုက်ပွဲကြီးမှာ နီးကပ်နေပြီဖြစ်ရာ ထိုအကြောင်းကို အာရုံစိုက်မနေလိုတော့ပေ။

အောင်ကွမ်းက လက်သီးဖြင့် လှမ်းထိုးသော်လည်း ရှန်မိုက မခုခံဘဲ ရှောင်လိုက်သည့်အတွက် အောင်ကွမ်းမှာ အင်အားသုံးလိုက်ရသော်လည်း မည်သည့်နေရာကိုမျှ မထိဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သလို ခံစားလိုက်ရသည်။

ပိုင်လျဲ့ကျိုမှ ဘာမှမပြောဘဲ ခပ်တိုးတိုး ရယ်မောလိုက်သည်။ အောင်ကွမ်းသည် သူ၏ ဝါရင့်စီနီယာဖြစ်မှုကို အမှီပြုကာ အမြဲတမ်း ဆရာကြီးလုပ်တတ်သူ ဖြစ်သည်။ ယခုမူ ရှန်မိုမှ သူ့ကို စကားမပြောနိုင်အောင် လုပ်လိုက်သဖြင့် တခြားသူများမှာလည်း သူတို့၏ ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြရသည်။

"သွားကြစို့… နဝမအလွှာမှာ တကယ် ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်"

"နတ်ဆိုးမျိုးနွယ်စုတွေရဲ့ အာဏာပိုင် အရှင်သခင်ဆီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ အဖြေကို ရှာရမယ့်အချိန် ရောက်ပြီ"

ထန်ကျင့်လုံမှ လူစုကို ကြည့်ကာ ပြောလိုက်သည်။

ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံး အသာအယာ ခေါင်းငြိမ့်လိုက်ကြသည်။ ထို့နောက် သူတို့သည် နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ချက်ချင်းပင် ငုပ်လျှိုးဝင်ရောက်သွားကြတော့၏။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် အုပ်စုတစ်စု စုပေါင်းတိုးတက်လာမှုက အလွန်အမင်း ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်ကို ဖန်တီးပေးလိုက်သည်။ သူတို့သွားရာလမ်းတစ်လျှောက် မည်သည့် နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်မျှ သူတို့ကို မတားရဲဘဲ၊ အားလုံးက မေးခွန်းမထုတ်ဘဲ လမ်းဖယ်ပေးကြသည်။

ထိုသို့ဖြင့် သူတို့သည် နဝမအလွှာသို့ လျင်မြန်စွာ ရောက်ရှိသွားကြလေ၏။ နဝမအလွှာ၏ ပတ်ဝန်းကျင်မှာ အလွန်အမင်း မှောင်မိုက်လှသည်။ ရှေ့ကလက်ကိုပင် မမြင်ရလောက်အောင် မှောင်သည်။ သေချာပါသည်။

၎င်းမှာ နတ်ဆိုးမျိုးနွယ်များ အစုလိုက်အပြုံလိုက် သေဆုံးပြီးနောက် သူတို့၏ နတ်ဆိုးစွမ်းအင်များ လျော့ပါးသွားခြင်းကြောင့် ဖြစ်သည်။ သူတို့၏ အရှိန်အဝါ အထွဋ်အထိပ်ရောက်နေစဉ်ကမူ ဤနေရာမှာ လုံးဝကို ပိန်းပိတ်အောင် မှောင်နေခြင်း ဖြစ်သည်။ အလင်းရောင်စိုးစဉ်းမျှ မမြင်ရချေ။

ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ဖြစ်ကြသည့်တိုင်အောင် စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအင်များကို အသုံးပြုကာ သူတို့၏ မျက်လုံးများကို ကာကွယ်ထားသော်လည်း သူတို့၏ ပတ်ဝန်းကျင် ပေတစ်ရာခန့်ကိုသာ မြင်နိုင်ကြသည်။ ၎င်းမှာ နတ်ဆိုးမျိုးနွယ်စုများ၏ နယ်မြေအားသာချက်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးခံတပ်များကို ခုခံရာတွင် သူတို့၏ အစွမ်းထက်ဆုံးသော နည်းလမ်းများအနက် တစ်ခုလည်း ဖြစ်သည်။

"ဒါက နဝမအလွှာလား… အရင် ရှစ်လွှာနဲ့ သိပ်ပြီး ထူးမခြားနားလှပါလား"

လန်ပန်၏ မျက်လုံးများမှာ ဝံပုလွေမျိုးနွယ်၏ ထူးခြားသော စွမ်းရည်ကြောင့် စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်နေသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် နတ်ဆိုးမျိုးနွယ်စုများမှာ လူသားများထက် ပိုမို၍ ကျွမ်းကျင်စွာ သွားလာနိုင်ကြသည်။

"ဟိုဘက်မှာ နတ်ဆိုးအလောင်းတွေ အများကြီးပဲ… သွားကြည့်ကြရအောင်"

ရှီထျန်မှ လက်သည်းပါသော ခြေဖဝါးဖြင့် လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာလည်း ချက်ချင်းပင် လိုက်ပါသွားကြ၏။

သေချာပေါက်ပင် လမ်းတစ်လျှောက်တွင် အဆင့်မြင့် 'စစ်မှန်သော နတ်ဆိုးဘုရင်' များ အပါအဝင် လဲကျသေဆုံးနေသော နတ်ဆိုးများစွာ ရှိနေသည်။

"ဒီမှာ နတ်ဆိုးဧကရာဇ် အချို့တောင် သေနေတာပဲ"

ပိုင်လျဲ့ကျို မျက်မှောင်ကြုတ်ကာ သူကိုင်ထားသော ဝိုင်ဘူးကိုပင် ဘေးဖယ်လိုက်သည်။ သူမြင်တွေ့နေရသည်များကို ကြည့်ပြီး သူ တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်နေပုံရ၏။

"ကြည့်စမ်း… ဟိုဘက်မှာ ဧရာမ ခန်းမကြီးတစ်ခု ရှိတယ်"

ရုတ်တရက် လန်ပန်သည် အဝေးတွင် ကြီးမားလှသော အနက်ရောင် အရိပ်ကြီးတစ်ခုကို သတိထားမိလိုက်သည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ သူ အသံတိုးတိုးဖြင့် ဟစ်အော်လိုက်လေ၏။

ပညာရှင်အားလုံး စိတ်ဝင်တစား ဖြစ်သွားကြပြီး ထိုလမ်းကြောင်းဆီသို့ အပြေးအလွှား သွားကြတော့သည်။

နဝမအလွှာရှိ ခမ်းနားလှသော ခန်းမကြီးတစ်ခု။ ဒါကတော့ သေချာပေါက် နတ်ဆိုးမျိုးနွယ်စုတွေအတွက် အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ရမယ်။

All Chapters