← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

Chapter 553: ပြေးစရာ မလိုပါဘူး

ထိုဧရာမ ခန်းမကြီး၏ အရိပ်မည်းကြီးကို အဝေးကပင် လှမ်းမြင်နေရသည်။ သို့သော် ၎င်းအနားသို့ တကယ်တမ်း ချဉ်းကပ်ရန်မှာမူ တောင်နှင့် မြစ်များစွာ ခြားနေသကဲ့သို့ပင်။

"တောင်ကို လှမ်းကြည့်ပြီး ပြေးရတာ မြင်းတောင် သေနိုင်တယ်" ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်တော့သည်။

ဤနေရာတွင် ရှိနေသူအားလုံးမှာ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ဖြစ်ကြသဖြင့် သူတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ သို့သော်လည်း ထိုမျှ မြန်ဆန်သည့်တိုင်အောင် ခန်းမကြီး၏ ရှေ့မှောက်သို့ ရောက်ရှိရန် နှစ်နာရီတိတိ ပျံသန်းခဲ့ကြရသည်။ ၎င်း၏ ရှေ့တွင် ရပ်လိုက်နိုင်သည့် အခါမှသာ ခန်းမကြီး၏ ကြမ်းတမ်းခိုင်ခံ့မှုနှင့် ခန့်ညားထည်ဝါမှုကို အမှန်တကယ် အာရုံခံမိတော့သည်။

ဤခန်းမကြီးမှာ ပေတစ်သောင်းခန့် မြင့်မားသည်။ ၎င်းကို ဧရာမ ကျောက်တိုင်ကြီး လေးတိုင်တည်းဖြင့်သာ ထောက်မထားခြင်း ဖြစ်၏။ ခန်းမပတ်လည်တွင်မူ မရေမတွက်နိုင်သော ဧရာမ ကျောက်တုံးကြီးများကို ဆင့်စီထားသည်။ ကျောက်တုံးတစ်တုံးချင်းစီမှာ အလျား ပေသုံးဆယ်၊ အနံ ပေနှစ်ဆယ်နှင့် အမြင့် ပေနှစ်ဆယ်ခန့် ရှိပေသည်။

ဤမျှ ကြီးမားလှသော ဆောက်လုပ်ရေး လုပ်ငန်းမျိုးမှာ အဆင့်နိမ့်နတ်ဆိုးများ လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်သည်မှာ ထင်ရှားလှ၏။ အကြောင်းမှာ ဤနေရာရှိ ကျောက်တုံးများမှာ နတ်ဆိုးစွမ်းအင်များဖြင့် နှစ်ပေါင်းများစွာ စိမ့်ဝင်နေခဲ့သဖြင့် အလွန်တရာ မာကျောပြီး လေးလံလှသောကြောင့် ဖြစ်သည်။ အဆင့်နိမ့်နတ်ဆိုးများမှာ ထိုကျောက်တုံးများကို တူးဖော်ဖို့ နေနေသာသာ ရွှေ့ရုံမျှနှင့်ပင် အတော်လေး ခက်ခဲပေလိမ့်မည်။

"ဒီနေရာမှာ နတ်ဆိုးမျိုးနွယ်စုတွေအတွက် အလွန်အရေးကြီးတဲ့ တစ်စုံတစ်ခုကို ပူဇော်ထားတာ ဖြစ်ရမယ်"

"ဒါဟာ ဒဏ္ဍာရီလာ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်'ရဲ့ ရုပ်အလောင်းလည်း ဖြစ်နိုင်တယ်"

လန်ပန်မှ လေးနက်စွာ ပြောလိုက်သည်။

"ကြည့်စမ်း... အထဲက ရုပ်ထုကြီး... မဟုတ်ဘူး… အဲဒါက ရုပ်ထုမဟုတ်ဘူး— အဲဒါ နတ်ဆိုးတစ်ကောင်ပဲ!"

ထန်ကျင့်လုံက ခန်းမအတွင်းသို့ စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။

အစကမူ သူတို့အားလုံး ထိုဧရာမ ပုံရိပ်ကြီးကို ရုပ်ထုတစ်ခုဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း ထိုရုပ်ထုကြီးမှာ အနည်းငယ်မျှ လှုပ်ရှားသွားသည်ကို ထန်ကျင့်လုံ သတိထားမိလိုက်၏။

၎င်းမှာ ရုပ်ထုတစ်ခု မဟုတ်ဘဲ အသက်ရှင်နေသော နတ်ဆိုးတစ်ကောင် ဖြစ်နေကြောင်း သူ ချက်ချင်း သဘောပေါက်သွားတော့သည်။

အလွန်ပင် ကြီးမားလှသလို အရှိန်အဝါလည်း အလွန်ထည်ဝါလှသည်။ သူ မည်သူမည်ဝါဖြစ်ကြောင်းမှာလည်း ထင်ရှားလှပေသည်။ ၎င်းမှာ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ပင် ဖြစ်တော့သည်။

ချွတ်၊ ချွတ်၊ ချွတ်!

လူတိုင်း သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ အမြင့်ဆုံး သတိထားမှုဖြင့် ပြင်ဆင်လိုက်ကြသည်။

ရှန်မိုကမူ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ကို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။ သူသည် ထိုခန္ဓာကိုယ်ထံမှ ဘာကိုမျှ မမြင်ရပေ။

နတ်ဆိုးများ၏ ကံကြမ္မာစနစ်လည်း ပေါ်မလာချေ။ ဤအချက်က တစ်ဖက်လူမှာ အသက်ရှင်နေသူ မဟုတ်ဘဲ သေဆုံးနေသည့် အရာတစ်ခုသာ ဖြစ်ကြောင်း ပြနေသည်။ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ သိသိသာသာ လှုပ်ရှားမှုမှာ သူတို့၏ အာရုံကို ဆွဲဆောင်ရန်အတွက် ကျိရွှမ်က ကွယ်ရာကနေ ထိန်းချုပ်ထားခြင်းသာ ဖြစ်ရမည်။

သို့ဆိုလျှင် ကျိရွှမ်၏ တကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ရှန်မို ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း စဉ်းစားနေမိသည်။

ဝုန်း!

ရုတ်တရက် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ ဧရာမ ခန္ဓာကိုယ်ကြီး လှုပ်ရှားလာသည်။

ခုနလေးတင် ခန်းမအတွင်း၌ ငြိမ်သက်စွာ ရှိနေခဲ့သော်လည်း နောက်တစ်ခဏတွင်မူ ဝုန်းခနဲ အပြင်သို့ ပြေးထွက်လာတော့သည်။

ကြီးမားလှသော လက်နှစ်ဖက်မှာ ကောင်းကင်ယံမှ ကျဆင်းလာသည်။ ဧရာမ နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းလျက် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။

ထိုလက်ကြီးများ ရိုက်ချလိုက်သည့် အခိုက်အတန့်တွင် ကောင်းကင်ယံကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ရသည်။ လူတိုင်း၏ ရင်ထဲတွင် အမည်မဖော်နိုင်သော မျှော်လင့်ချက်မဲ့မှုများ နက်ရှိုင်းစွာ ပေါ်ပေါက်လာသည်။

ဒါက 'မဟာ နတ်ဆိုးဧကရာဇ်' တစ်ပါးပဲ။

လန်ပန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"သူက တကယ်ကြီး အသက်ရှင်နေသေးတာလား”

ရှီထျန်ကလည်း ဟိန်းဟောက်လိုက်သည်။

"မဟာ နတ်ဆိုးဧကရာဇ်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုပဲ… ငါတို့ ဒါကို မခုခံနိုင်ဘူး… ချက်ချင်း ဆုတ်ကြစို့"

ထန်ကျင့်လုံမှ အော်ပြောသည်။

"ကျန်းလုံရှန့်နဲ့ ကျူးရွှမ်ကျီးဆီကို ချက်ချင်း သတင်းပို့လိုက်ကြ… မသေနိုင်သော နတ်ဆိုးဧကရာဇ် နိုးထလာပြီလို့… အဆင်သင့် ပြင်ထားကြ”

ဤနေရာတွင် ရှိနေသူများမှာ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတိုင်း သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေသော်လည်း တုံ့ပြန်မှုမှာမူ လျင်မြန်လှသည်။

သူတို့ ချက်ချင်းပင် အနောက်သို့ ဆုတ်ခွါလိုက်ကြ၏။ တစ်ချိန်တည်းမှာပင် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များထံသို့လည်း သတင်းပို့လိုက်ကြသည်။

ဝုန်း!

ဧရာမ လက်ဝါးကြီးမှာ အောက်သို့ ကျဆင်းလာသည်။ လူစု၏ တုံ့ပြန်မှုမှာ လျင်မြန်လှသဖြင့် တိုက်ရိုက် အထိမခံလိုက်ရသော်လည်း၊ ရိုက်ချက်၏ အရှိန်ကြောင့် တက်လာသော လှိုင်းလုံးကြီးများက သူတို့ကို ရိုက်ခတ်သွားတော့သည်။ ၎င်းမှာ ရိုက်ချက်၏ ရိုက်ခတ်မှုနှင့် လေဖိအားမျှသာ ဖြစ်သော်လည်း 'မဟာ နတ်ဆိုးဧကရာဇ်' ၏ ရိုက်ချက်မှ ဘေးထွက်ဒဏ်မှာပင် ဤဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံးကို လွင့်ထွက်သွားစေပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိသွားစေရန် လုံလောက်လှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တိုင်း သွေးအန်ကုန်ကြပြီး မျက်နှာများမှာလည်း ပြာနှမ်းသွားကြ၏။

သူတို့၏ စိတ်ဝိညာဉ်လက်နက်များမှာလည်း တစ်ပြိုင်နက်တည်း ကြေမွသွားပြီး မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ပြန့်ကျဲသွားတော့သည်။

ရှန်မိုသည် သူ၏အစွမ်းကို ချက်ချင်း ထုတ်မပြသေးပေ။ ထိုအစား သူသည်လည်း အခြားသူများကဲ့သို့ပင် ရိုက်ခတ်မှုဒဏ်ဖြင့် လွင့်ထွက်သွားသည့်ဟန် ပြုလုပ်လိုက်သည်။ အကြောင်းမှာ ကျိရွှမ် ယခုအချိန်ထိ ပေါ်မလာသေးသောကြောင့် ဖြစ်သည်။

သူသည် အောင်ပွဲကို အပိုင်ဆုပ်ကိုင်နိုင်ရန်အတွက် ကျိရွှမ် ပေါ်လာသည်အထိ စောင့်ရပေမည်။

"ငါ အနောက်ကနေ တားထားပေးမယ်… မင်းတို့အားလုံး ပြေးကြတော့!"

ထန်ကျင့်လုံ ဟိန်းဟောက်လိုက်ရင်း သူ၏ ဓမ္မရုပ်ပွားတော်ကို ထုတ်ဖော်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဓမ္မရုပ်ပွားတော်မှာ အကြီးဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ပေတစ်ထောင်ခန့် မြင့်မားသွားသည်။ သို့သော်လည်း 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' နှင့် ယှဉ်လိုက်လျှင်မူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လွန်းနေဆဲပင်။

"ပြေးနေဖို့ မလိုပါဘူး… ဒီဧကရာဇ်က ဒီမှာ ရှိနေတာပဲကို"

ထိုစဉ် သူတို့၏ အနောက်ဘက်ဆီမှ အေးစက်ပြီး ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းမှာ မှင်တက်သွားကြ၏။

ဒီနေရာမှာ တခြားတစ်ယောက် ရှိနေသေးတာလား။

Chapter 554: ကျွန်တော် အခုကစပြီး ခစားပါ့မယ်

ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အရပ်ရှည်ရှည်နှင့် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သူတို့ တွေ့လိုက်ရသည်။ ထိုသူမှာ နဂါး သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ ဂုဏ်သရေရှိလှသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူသည် ကောက်ရိုးရောင် ပိန်းပိတ်အောင်မည်းသော ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည်။ လက်နှစ်ဖက်ကို အနောက်ပစ်လျက် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရုံမျှသာ ဖြစ်သော်လည်း ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် ရှိနေပြီး အဆုံးမရှိသော ပင်လယ်ပြင်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။ ၎င်းမှာ လူတိုင်းကို အသက်ရှူရန်ပင် ခက်ခဲစေ၏။

ရှိနေသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တိုင်းမှာ သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ နတ်ဆိုးပင်လယ်၏ နဝမအလွှာတွင် ဤကဲ့သို့သော လျှို့ဝှက်ဆန်းပြားသည့် လူသားတစ်ဦး ပေါ်လာခြင်းမှာ တကယ်ကို ထူးဆန်းလှပေသည်။ သူသည် မည်သည့်ကိုယ်ခံပညာစွမ်းရည်ကိုမျှ အသုံးမပြုသေးသော်လည်း သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် လွယ်လွယ်နှင့် ထိပါး၍ရမည့်သူ မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်ပေ၏။

အောင်ချင်းနှင့် အောင်ကွမ်းတို့မှာမူ ထိုသူ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ အမည်မဖော်နိုင်လောက်အောင် မှင်တက်သွားကြသည်။ သူတို့သည် ထိတ်လန့်စရာကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

အောင်ကွမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"နင်... နင်က... သေသွားပြီ မဟုတ်ဘူးလား"

"အောင်ချင်း… အောင်ကွမ်း... ဘာဖြစ်လို့ ဒီဧကရာဇ်ကို အဲဒီလို ကြည့်နေကြတာလဲ"

လူလတ်ပိုင်း အမျိုးသားက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဒီဧကရာဇ်ရဲ့ မျက်နှာကို မင်းတို့ မေ့သွားကြပြီလား"

"ဒါမှမဟုတ် မင်းတို့ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုပဲ မေ့သွားကြတာလား"

သူ စကားပြောပြီးသည်နှင့် သူ၏ အရှိန်အဝါမှာ ရုတ်တရက် အဟုန်ပြင်းစွာ တက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်မှုန့်များ လွင့်ပျံလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားသည်။ အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာ ဘာမှ ထူးထူးခြားခြား မခံစားရသော်လည်း အောင်ချင်းနှင့် အောင်ကွမ်းတို့မှာမူ သူတို့၏ ကျောပေါ်သို့ ဧရာမ တောင်ကြီးတစ်လုံး ရုတ်တရက် ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်။

ဝုန်း၊ ဝုန်း၊ ဝုန်း!

ဤရှေးဟောင်း နဂါးအသွင်ပြောင်း မြွေကြီး နှစ်ကောင်မှာ တစ်လက်မချင်းစီ မြေပြင်ပေါ်သို့ ဝပ်ဆင်းသွားကြရသည်။ နောက်ဆုံးတွင်မူ သူတို့သည် တီကောင်များကဲ့သို့ မြေပြင်ပေါ်၌ ဝပ်စင်းနေရပြီး သူတို့၏ ဂုဏ်သိက္ခာအားလုံးလည်း ပျောက်ဆုံးသွားတော့သည်။

ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံ၊ ရှီထျန်နှင့် လန်ပန်တို့မှာ အံ့ဩတကြီး ကြည့်နေကြ၏။ သူတို့၏ ဘေးနားလေးတွင် ရှိနေသော်လည်း သူတို့မှာ ဘာမှမခံစားရချေ။ သို့သော် အောင်ချင်းနှင့် အောင်ကွမ်းတို့မှာမူ ပိုးကောင်များကဲ့သို့ ဝပ်နေရသည်။ ထိုသူ၏ အင်အားထိန်းချုပ်မှုမှာ ကြောက်စရာကောင်းလှ၏။ သူသည် တခြားသူများကို လုံးဝမထိခိုက်စေဘဲ အောင်ချင်းနှင့် အောင်ကွမ်းတို့ကိုသာ တိကျစွာ ဖိနှိပ်ထားနိုင်ခြင်းပင်။

"ပြီးတော့ မင်းတို့အားလုံးကရော… ဒူးမထောက်ကြသေးဘူးလား"

လူလတ်ပိုင်း အမျိုးသားက တခြားသူများကို လှမ်းကြည့်ကာ တည်ငြိမ်စွာ စကားဆိုသည်။

ဝုန်း!

ကြီးမားလှသော ဖိအားတစ်ခုမှာ လူတိုင်း၏ ပခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။

"ခင်ဗျားက ဘယ်သူလဲ"

ပိုင်လျဲ့ကျိုက ထိုဖိအားကို အံကြိတ်ခုခံရင်း မေးခွန်းတစ်ခုကို မနည်းညှစ်ထုတ်ကာ မေးလိုက်သည်။

လူလတ်ပိုင်း အမျိုးသားမှ အေးချမ်းစွာ ပြုံးလိုက်သည်။

"အောင်ကွမ်း... သူတို့ကို ဒီဧကရာဇ်ရဲ့ နာမည်ကို ပြောပြလိုက်စမ်း"

အောင်ကွမ်းပေါ်ရှိ ပြင်းထန်သော ဖိအားမှာ နောက်ဆုံးတွင် လျော့ပါးသွားသည်။ သူသည် သက်ပြင်းချလိုက်နိုင်ပြီး ချက်ချင်းပင် ပြောလိုက်၏။

"မင်းတို့ရှေ့မှာ ရှိနေတာက ကျင်းနိုင်ငံရဲ့ ပထမဆုံးသော လူသားဧကရာဇ်ပဲ"

"ဒီကမ္ဘာကြီးရဲ့ တစ်ဦးတည်းသော အရှင်သခင်!"

"လူသားတွေ၊ မိစ္ဆာတွေနဲ့ နဂါးအနွယ်ဝင်တွေရဲ့ အရှင်သခင်!"

"ကျိရွှမ်”

ထိုစကားများကို ကြားလိုက်ရသည့်အခါ ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံ၊ ရှီထျန်နှင့် လန်ပန်တို့ အားလုံးမှာ မယုံနိုင်သော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။ ကျိရွှမ်က ခုနလေးတင် သူ့ကိုယ်သူ "ဒီဧကရာဇ်" ဟု သုံးနှုန်းကာ အရိပ်အမြွက် ပေးခဲ့သော်လည်း အောင်ကွမ်း၏ ပါးစပ်မှ အမှန်တရားကို အခိုင်အမာ ကြားလိုက်ရခြင်းမှာ မယုံနိုင်စရာပင် ဖြစ်နေသေးသည်။

လူသားဧကရာဇ် ကျိရွှမ်။

သူက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သေသွားပြီ မဟုတ်ဘူးလား။

သမိုင်းရဲ့ ဖုန်မှုန့်တွေကြားမှာ မြှုပ်နှံထားပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး နတ်ဆိုးပင်လယ်ရဲ့ နဝမအလွှာမှာ ရုတ်တရက် ပေါ်လာရတာလဲ။

အထူးသဖြင့် နတ်ဆိုးအရှင်သခင်တွေ လျှို့ဝှက်စွာ အသတ်ခံရတာရယ်၊ မသေနိုင်သော နတ်ဆိုးဧကရာဇ်က ရုတ်တရက် နိုးထလာတာရယ်.. ဒီဖြစ်ရပ်တွေ အားလုံးက ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တွေရဲ့ စိတ်ထဲမှာ ဝဲလည်နေပေမဲ့ တစ်ဆက်တည်းဖြစ်အောင် ချက်ချင်း မတွေးနိုင်ကြသေးဘူး။

သူတို့ရဲ့ အတွေးတွေက ဗရပွဖြစ်နေပြီး ရှင်းထုတ်ဖို့ မဖြစ်နိုင်သေးဘူး။

အောင်ကွမ်းမှာ စကားပြောပြီးသည်နှင့် ကျိရွှမ်၏ ဘေးနားသို့ အပြေးအလွှား သွားလိုက်သည်။ သူသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး ကျိရွှမ်၏ ခြေရင်းတွင် ရိုသေစွာ ဒူးထောက်လိုက်၏။ "လူသားဧကရာဇ်... ကျွန်တော်မျိုးက အရှင်မင်းကြီးကို အမြဲတမ်း အမှတ်ရနေခဲ့တာပါ… တစ်ခါမှ မမေ့ခဲ့ပါဘူး”

"အရှင်မင်းကြီး ကွယ်လွန်သွားတုန်းက ကျွန်တော်မျိုးဟာ စားမဝင် အိပ်မပျော်ဘဲ နှစ်ပေါင်းတစ်ရာကျော်တောင် ဝမ်းနည်းပူဆွေးခဲ့ရပါတယ်"

"အခု အရှင်မင်းကြီး နောက်ဆုံးတော့ ပြန်လာပြီဆိုတော့…"

"ရှောင်ကွမ်းက အရှင်မင်းကြီးရဲ့ ဘေးနားမှာ အမြဲတမ်း အစေခံသွားပါ့မယ်”

Chapter 555: ငါက ဘာလို့ ပူးပေါင်းရမှာလဲ

ကျိရွှမ် ပြုံးလိုက်သည်။

"အောင်ကွမ်း... မင်းကတော့ အမြဲတမ်း ပါးနပ်သွက်လက်တာပဲ… နှစ်ပေါင်းများစွာ ကြာသွားတာတောင် မင်းရဲ့ပင်ကိုယ်ဗီဇက မပြောင်းလဲသေးဘူးပဲ"

သူသည် လက်ကိုဆန့်ထုတ်ကာ အောင်ကွမ်း၏ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ အောင်ကွမ်းမှာမူ သူ၏သခင်က အလိုလိုက်ယုယမှုကို ခံရသည့် ချွဲနွဲ့နေသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ကြည်နူးပီတိဖြစ်နေသော မျက်နှာအမူအရာမျိုး ပေါ်လွင်နေတော့သည်။

အောင်ချင်းမှာ ထိုမြင်ကွင်းကို ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်နေ၏။

"အောင်ကွမ်း... မင်းကိုယ်မင်း ပြန်ကြည့်စမ်း… နဂါးအနွယ်ဝင်တစ်ယောက်အနေနဲ့ မင်းမှာ သိက္ခာဆိုတာ ကျန်သေးရဲ့လား"

"မင်းက ပင်လယ်လေးပါးအရှင်သခင်တွေထဲမှာ အသက်အကြီးဆုံးနဲ့ ဝါအသီးဆုံး ဖြစ်နေပြီးတော့ လူသားတစ်ယောက်ရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ ဒီလောက်တောင် လိုလိုလားလား ရှိနေတာလား”

"မင်းဟာ နဂါးမျိုးနွယ်စုတစ်ခုလုံးကို အရှက်ခွဲလိုက်တာပဲ"

အောင်ချင်းမှ သူ၏ဒေါသကို မနည်းအောင့်ထားရင်း ဟိန်းဟောက်လိုက်သည်။

အောင်ကွမ်းသည် နဂါးတစ်ကောင်ဖြစ်သဖြင့် သူ၏မျက်နှာအမူအရာကို ဖတ်ရခက်သော်လည်း သူ၏မျက်နှာမှာ ဖြူဖျော့သွားပြီးမှ စိမ်းဖန့်ဖန့်ဖြစ်သွားသည်ကို လူတိုင်း ခံစားမိကြ၏။

အောင်ကွမ်း နှာခေါင်းရှုံ့ကာ

"လူသားဧကရာဇ်ဆိုတာ ကောင်းကင်အောက်က အရာအားလုံးရဲ့ တရားဝင်အရှင်သခင်ပဲ… သူ့ဆီမှာ အညံ့ခံတာက သဘာဝကျတဲ့ အလုပ်ပဲ”

"မင်းတို့အားလုံးလည်း လူသားဧကရာဇ် အရှင်မင်းကြီးရဲ့ ရှေ့မှာ ဒူးထောက်သင့်တာပေါ့”

ရှီထျန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံတိုးတိုးဖြင့်

"ကျိရွှမ်... မသေနိုင်သော နတ်ဆိုးဧကရာဇ်က ဘာလို့ ပြန်နိုးထလာတာလဲ… ပြီးတော့ မင်းကရော ဘာလို့ ဒီမှာပေါ်လာတာလဲ… ငါတို့ ဒါကို ရှင်းရှင်းလင်းလင်း သိချင်တယ်"

ထန်ကျင့်လုံကလည်း လေးနက်စွာဖြင့်

"ကျိရွှမ်... မင်းကို လူသားဧကရာဇ်တစ်ယောက်အနေနဲ့ ငါတို့ လေးစားပါတယ်… ဒါပေမဲ့ နတ်ဆိုးအရှင်သခင်တွေ သေဆုံးကုန်တာက မင်းနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ… ငါတို့တွေ ပူးပေါင်းပြီးတော့ နတ်ဆိုးတွေကို အမြစ်ပြတ်အောင် ခြေမှုန်းနိုင်ပါတယ်… အဲဒီအခါကျမှပဲ ဒီကမ္ဘာကြီးက နောက်ဆုံးမှာ သန့်စင်သွားလိမ့်မယ်"

ကျိရွှမ် တဟားဟား ရယ်မောလိုက်သည်။

"ပူးပေါင်းမယ် ဟုတ်လား… ဒီဧကရာဇ်က ပုရွက်ဆိတ်တွေနဲ့ ဘာလို့ ပူးပေါင်းရမှာလဲလို့ မင်းတို့ တွေးမိကြတာလဲ"

"မင်းတို့မျက်လုံးထဲမှာ နတ်ဆိုးတွေက မျိုးဖြုတ်သုတ်သင်ခံရဖို့ ထိုက်တန်တယ်လို့ ထင်ရပေမဲ့ ငါ့အတွက်တော့ သူတို့က အရေးကြီးတဲ့ လက်ရုံးတစ်ဆူပဲ"

သူသည် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ တောင်ကြီးတစ်လုံးကဲ့သို့ ဧရာမ ခန္ဓာကိုယ်ကြီးကို ညွှန်ပြလိုက်သည်။

"တွေ့လား… 'မဟာ နတ်ဆိုးဧကရာဇ်' တစ်ပါးရဲ့ ရုပ်အလောင်းကတင် ကြောက်စရာကောင်းလှတယ်… မင်းတို့အားလုံး စုပေါင်းရင်တောင် သေနေတဲ့ 'မဟာ နတ်ဆိုးဧကရာဇ်' တစ်ပါးကို မယှဉ်နိုင်ဘူး"

"မင်းတို့က ငါနဲ့ ပူးပေါင်းဖို့ အဆင့်မမီပါဘူး"

ကျိရွှမ် တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။

"မင်းတို့က ငါ့ကို ဟင်းလင်းပြင်ကို ဖြတ်ကျော်ဖို့ ကူညီပေးမယ့် 'ရှင်သန်နေသော ဝိညာဉ်များ' ဖြစ်ဖို့ပဲ ပိုပြီး သင့်တော်ပါတယ်"

"မင်းတို့လို ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တွေရဲ့ မူလဝိညာဉ်တွေကို 'ရှင်သန်နေသော ဝိညာဉ်' အဖြစ် ထုတ်ယူတာက သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုပြီးတော့ ခံလိမ့်မယ်"

ထိုစကားများကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြတော့သည်။

ကျိရွှမ်၏ ခြေရင်းတွင် ဝပ်စင်းနေသော အောင်ကွမ်းပင်လျှင် ရင်ထဲတွင် တုန်လှုပ်သွားရ၏။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတိုင်း 'ရှင်သန်နေသော ဝိညာဉ်' ဆိုသည်မှာ ဘာလဲဆိုသည်ကို သူတို့အားလုံး နားလည်ကြသည်။

နတ်ဆိုးပညာရပ် အတော်များများတွင် ထိုအကြောင်းကို ဖော်ပြထားသည်။ တစ်စုံတစ်ဦး၏ ရှင်သန်နေသော ဝိညာဉ်ကို ထုတ်ယူလိုက်ပြီဆိုပါက ထိုသူသည် မည်သည့်အခါမျှ လူပြန်မဖြစ်နိုင်တော့ဘဲ တခြားသူ၏ လက်ထဲတွင် ထာဝရ ရုပ်သေးရုပ် ဖြစ်သွားရပေလိမ့်မည်။

နတ်ဆိုးမျိုးနွယ်စုများသည် ရှင်သန်နေသော ဝိညာဉ်များကို ထုတ်ယူကာ ယုတ်မာသော ဝိညာဉ်များ သို့မဟုတ် တိုက်ခိုက်ရေး ဝိညာဉ်များအဖြစ် ဖော်စပ်ရာတွင် အလွန်ပင် ကျွမ်းကျင်ကြသည်။ ၎င်းတို့ကို မိမိတို့ကိုယ်ကို အင်အားတောင့်တင်းစေရန် သို့မဟုတ် ကိုယ်ခံပညာစွမ်းရည်များအဖြစ် အသုံးပြုနိုင်ကြ၏။ ကျိရွှမ်က သူတို့ကို မျက်စိကျနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူက အားလုံး၏ မူလဝိညာဉ်များကို ဆွဲထုတ်ပြီး ရှင်သန်နေသော ဝိညာဉ်များအဖြစ် ဖော်စပ်ချင်နေခြင်း ဖြစ်သည်။ ကျိရွှမ် ပြောခဲ့သည့် အခြားသော စကားများနှင့် ဆက်စပ်ကြည့်လျှင် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' မှာ ဤလူနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်မှာ ထင်ရှားလှသည်။

သူသည် မိတ်ဆွေ လုံးဝ မဟုတ်ပေ။

သူသည် ရန်သူပင် ဖြစ်တော့သည်။

"အခုချက်ချင်း ဆုတ်ကြစို့!"

"မြန်မြန်... တခြား ဓမ္မရုပ်ပွားတော်အဆင့် မိစ္ဆာပညာရှင်တွေကို သတင်းပို့ကြ!"

လူစုမှာ ဟစ်အော်လိုက်ကြရင်း သူတို့၏ ဓမ္မရုပ်ပွားတော်များကို အသည်းအသန် ထုတ်ဖော်လိုက်ကြတော့သည်။

"ရုန်းကန်မနေကြပါနဲ့… ဒီခန်းမပတ်ဝန်းကျင်တစ်ခုလုံးကို အစီအရင်တစ်ခုနဲ့ ပိတ်ဆို့ထားပြီးသား… ဘယ်သတင်းပို့ ကျောက်စိမ်းပြားမှ ဒီမှာ အလုပ်လုပ်မှာ မဟုတ်ဘူး"

"မင်းတို့ရဲ့ ကံကြမ္မာကိုပဲ လက်ခံပြီး ငါ့ရဲ့ 'ရှင်သန်နေသော ဝိညာဉ်များ' ဖြစ်လာပေးကြစမ်းပါ"

ကျိရွှမ်၏ မျက်နှာမှာ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည်။ သူ၏မျက်လုံးထဲတွင် ဤလူများမှာ ပိတ်မိနေပြီးသား သားကောင်များသာ ဖြစ်၏။ သူသည် အခုမှ နိုးထလာခါစဖြစ်၍ အသက်ရှိသော သတ္တဝါများကို တွေ့သည့်အခါ စကားပြောချင်စိတ် ပေါက်နေခြင်းကြောင့်သာ ဤမျှအထိ စကားများနေခြင်း ဖြစ်သည်။

ရှန်မိုသည် ကျိရွှမ်ကို တိတ်တဆိတ် အကဲခတ်နေသည်။ ကျိရွှမ်၏ ကံကြမ္မာစနစ်ကို ကြည့်ရင်း ကျိရွှမ်တွင် သူထင်ထားသည်ထက် ပို၍ များပြားသော ဝှက်ဖဲများ ရှိနေကြောင်း ရှန်မို သတိပြုမိလိုက်သည်။

အကယ်၍ ရှောင်ဖန်၊ ယဲ့ယန်နှင့် လင်းတုန်းထျန်တို့သည် ဤခေတ်၏ 'ကံကြမ္မာရှင်များ' ဖြစ်ကြလျှင် ကျိရွှမ်သည် လွန်ခဲ့သော ခေတ်တစ်ခု၏ ကံကြမ္မာရှင် ဖြစ်ခဲ့ပေလိမ့်မည်။

မဟုတ်သေး။ သူ၏ ကံကြမ္မာမှာ ကံကြမ္မာရှင်ရုံတင်မကဘဲ 'ကောင်းကင်ဘုံဆန္ဒ၏ သားတော်' ပင် ဖြစ်နေသည်။ ဤကမ္ဘာငယ်လေးအတွင်းမှာ ကျိရွှမ်သည် ကောင်းကင်ဘုံကိုယ်တိုင်၏ မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်ရာ သတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် ကောင်းကင်တာအို၏ ကိုယ်ပွားတစ်ခုသဖွယ် ဖြစ်နေတော့သည်။

All Chapters