← Chapters

အတင်းအဖျင်းစကားများ

Vol. 8 Ch. 792

အတင်းအဖျင်းစကားများ

Vol. 8 Ch. 792

ပိုင်ရှောင်ချန်းက ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေပြီး ကောင်းကင်မြို့စားများအားလုံး အတူတကွ ပူးပေါင်း၍ တော်ဝင်နန်းတော်သို့သွားစေသည့် မဟာကောင်းကင်သခင်၏ ဓမ္မအမိန့်ထုတ်ပြန်လိုက်သော အခိုက်အတန့်ဖြစ်သော အချိန်ကောင်းတွင် လှုပ်ရှားလိုက်လေသည်။

ယင်းသည် မင်းမျိုးနွယ်အထက်တန်းလွှာများ ဝရုန်းသုန်းကားဖြစ်နေသော အချိန်တစ်ခုဖြစ်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက သူတို့ကို မိုးသက်မုန်တိုင်းသဖွယ် လှဲကျင်းတိုက်ခတ်ပစ်နိုင်လေသည်။ ဆက်ခံသူများမှာ ကြောက်လန့်တုန်ရီသွားကြပြီး မျိုးမစစ်များနှင့် တိုက်ရိုက်သွေးမျိုးဆက် ဆက်ခံသူမဟုတ်သည့်လူများက အားကိုးထိုက်သော ထောက်ပံ့မှုများကို ပြသကြလေသည်။ ယခုတွင် ထိုလူများ၌ ရည်မှန်းချက်ထားနိုင်သည့် တရားမျှတမှုကို သော်လည်းကောင်း၊ ယခင်က သူတို့ တစ်ခါမျှ စိတ်ကူးမယဥ်နိုင်ခဲ့သည့် မျှော်လင့်ချက် ကိုသော်လည်းကောင်း ရရှိနိုင်ကြလေပြီ။

အမှန်က ပိုင်ရှောင်ချန်းသည် အချိန်ကိုက် လှုပ်ရှားလိုက်ခြင်း မဟုတ်ပေ။ သူက စိုးရိမ်သောကရောက်နေခဲ့၍ လိုအပ်သည်ထက်ပိုပြီး အချိန်မဆွဲဝံ့ပေ။ ကောင်းကင်မြို့စားထွက်မသွားေသးသည့် မျိုးနွယ်စုများကိုပင် သူရောက်သွားနိုင်သည်။ သူ့မှာ နတ်အဆင့် အလောင်းတပ်သား ၂ဦး၊ နတ်တစ်ပိုင်းအဆင့် ၄ဦးနှင့် ယင်ယန်ဝိညာဥ်အဆင့် ၅၀၀၀ ရှိသည် မဟုတ်ပါလော။ သူက ကောင်းကင်မြို့စားများထက် မြင့်သော ကောင်းကင်နယ်စားများနှင့် သက်ဆိုင်သည့် စံအိမ်တော်များကိုပင် ကျူးကျော်ဝင်ရောက်နိုင်သည်။

သူက အလွန်လျင်မြန်သော အရှိန်ဖြင့် ကျောက်မျိုးနွယ်စုက ထွက်ခွာပြီး အခြားကောင်းကင်မြို့စားမျိုးနွယ်စုများရှိသည့် တခြားမြို့နယ်များကို ပျံသန်းသွားသည်။

ထိုမျိုးနွယ်စုများက ဗဟိုဧကရာဇ်မြို့တော်တွင် ဟိုတစ်စု သည်တစ်စု တည်ရှိပြီး အကြမ်းဖျင်းအားဖြင့် ၉၀ခန့်ရှိသည်။ မြို့တော်ရှိ မြို့နယ်တိုင်းနီးပါးတွင် မျိုးနွယ်စုတစ်စုရှိပြီး ပိုင်ရှောင်ချန်းက ရောက်သည်နှင့် မျိုးနွယ်စု၏ ဆက်ဆံသူအလောင်းအလျာကို ချက်ချင်း ဖမ်းဆွဲလိုက်သည်သာ ဖြစ်သည်။

ထို့နောက် သူက တစ်ယောက်ချင်းစီကို ' မင်းလား' ဟူသည့် တူညီသော မေးခွန်းကို မေးသည်။

သူက တဟုန်းဟုန်းတောက်လောင်နေသော သတ်ဖြတ်လိုစိတ်များဖြင့် စကားလုံးများကို ပြောလိုက်သည့်အတွက် သူဖမ်းဆွဲလိုက်သည့် မျိုးနွယ်စုဆက်ခံသူအပေါင်း၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ပေးလိုက်သလို ဖြစ်သွားစေသည်။

မျိုးနွယ်စုတိုင်းတွင် သူက မျိုးမစစ်များနှင့် တိုက်ရိုက်သွေးမျိူးဆက် ဆက်ခံသူမဟုတ်သူများကို ကျောက်မျိုးနွယ်စုတွင် သူပထမဆုံးပြောခဲ့သည့် စကားလုံးကို ထပ်မံ ရွတ်ဆိုပြသည်။ တစ်ခုတည်းသော ကွဲပြားချက်မှာ သူက ပို၍ လိုရင်းကျကျပြောလာခြင်းပင်။

" မင်းတို့မျိုးနွယ်စုရဲ့ အကြောင်းမှန်သမျှ ငါ့ကိုပြော “

" မင်းတို့ မျိုးနွယ်စုမှာ ဘာပစ္စည်းတွေရှိသလဲ ငါ့ကိုပြော “

"မင်းတို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာတွေအကြောင်း ငါ့ကိုပြော “

" ပြီးတော့ မင်းတို့ မျိုးနွယ်စုရဲ့ တပ်သားအင်အားကို ငါ့ကိုပြော။ တလောက လူသစ်တစ်ယောက်လောက် ပေါ်လာခဲ့သေးလား။ ဝါရင့်အဖွဲ့ဝင်တွေကြားထဲမှာ သံသယဖြစ်ရာလှုပ်ရှားမှုတွေ ရှိလား။ မင်းတို့ ကောင်းကင်မြို့စား ဘာလုပ်နေခဲ့လဲ။ မင်းတို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေ၊ ဝှက်ထားတဲ့ ရတနာတွေ ၊ မင်းတို့ရဲ့ စစ်မက်ရေးရာအစီရင်ခံစာတွေကြောင်း ငါ့ကိုပြောပြ “

" မင်းတို့ ငါ့ကို များများပြောလေ မင်းတို့ဝေစု ပိုကြီးလေလေပဲ “

" ငါ့ကို အများဆုံးပြောပြနိုင်တဲ့သူက ငါ့ဆီက ကိုယ်တိုင်ကိုယ်ကျထောက်ပံ့ပေးမှုကို ရမယ် "

သူက ထိုစကားများကို မျိုးနွယ်စုတစ်စုပြီးတစ်စုတွင် ပြောလေသည်။

အမှန်တွင် သူက မည်မျှ မြန်မြန်လှုပ်ရှားစေကာမူ မျိုးနွယ်စုကိုးဆယ်ကို သွားရန်ဆိုသည်မှာ အချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် အရာမဟုတ်ပေ။ နောက်ဆုံးတွင် သူက သူ၏ အလောင်းတပ်သား ၅၀၀၀တပ်ဖွဲ့ကို ခွဲလိုက်ပြီး မည်သို့လုပ်ရန် ၊မည်သို့ပြောရန် အစရှိသည့် ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များဖြင့် အခြားသော မျိုးနွယ်စုများထံ စေလွှတ်လိုက်သည်။

များမကြာမီ ဖြစ်ပျက်နေသော သတင်းများသည် မဟာကောင်းကင်သခင်ကို တွေ့ဆုံရန် ကောင်းကင်သခင်ခန်းမအပြင်တွင် စောင့်နေကြသော ကောင်းကင်မြို့စားများ နားထဲ ရောက်သွားတော့သည်။

သူတို့မှာ ဒေါသထွက်သွားကြသည့်တိုင် မည်သို့လုပ် ရမည်ကို ရေရေရာရာမသိပေ။ သူတို့က အမိန့်များပြင်ဆင်ရန် ဆောင့်ဆောင့်အောင့်အောင့်နှင့် သူတို့၏ မျိုးနွယ်စုများထံ ပြန်သွားကြပြီး အချို့က မဟာကောင်းကင်သခင်နှင့် တွေ့ဆုံရန် မျှော်လင့်ချက်များဖြင့် နေရစ်ခဲ့သည်။

မကြာမီ မျိုးမစစ်များနှင့် ဆက်ခံသူမဟုတ်သည့်လူများ၏ နှလုံးသားများထဲက ရည်မှန်းချက်များသည် လယ်ကွင်းထဲက စပါးပင်များအလား ကြီးထွားလာကြတော့သည်။

စောင့်နေကြသော ကောင်းကင်မြို့စားများမှာ ပို၍ စိုးထိတ်လာကြပြီး သူတို့၏မျိုးနွယ်စုများတွင် ဖြစ်ပျက်နေသည်များကို အပြည့်အစုံသိရရန် အဆက်မပြတ် စာများ ပို့လိုက်၊ လက်ခံလိုက်လုပ်နေကြသည်။ သူတို့၏ ကလေးများအားလုံး လုံးဝဒေါသထွက်လာသ

All Chapters