← Chapters

နောက်တစ်ခေါက်ထပ်လာခဲ့ဦးမယ်

Vol. 54 Ch. 800

နောက်တစ်ခေါက်ထပ်လာခဲ့ဦးမယ်

Vol. 54 Ch. 800

"အားလုံးပဲ ဒီဘက်ကို ကြွကြပါ"

ဝန်ထမ်းများက သူတို့၏လုပ်ငန်းကျွမ်းကျင်မှုကို ပြသရင်း သူတို့နှစ်ယောက်ကို ဂိုဒေါင်ထဲသို့ ဦးဆောင်ခေါ်သွားကြသည်။

"ဝိုး... ဒီမှာ တော်တော်များတာပဲ"

ကျယ်ပြောလှသည့် နေရာကြီးထဲတွင် စင်တန်းကြီးများမှာ စီစီရီရီရှိနေပြီး တစ်ခုချင်းစီတွင် ဇီဒယ်လ်ကျောက်ရိုင်းများဖြင့် ပြည့်နှက်နေသည်။

"မင်း ဘယ်လိုများ လုပ်လိုက်တာလဲ။ ကိုယ်ပေါ်မှာ ရတနာတစ်ခုခု ပါလာတာလား"

အိုင်းရင်းက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

"စကြဝဠာထဲမှာ ထူးခြားတဲ့သိုင်းပညာ နှစ်မျိုးရှိတယ်လို့ ကြားဖူးတယ်။ တစ်ခုက ဝိညာဉ်အာရုံခံစားမှုဖြစ်ပြီး နောက်တစ်ခုကတော့ စက္ခုစွမ်းရည်တဲ့။ မင်းသုံးတာက ဘယ်တစ်ခုလဲ"

"ငါ့ဟာက စက္ခုစွမ်းရည်ထဲမှာ ပါမယ်ထင်တာပဲ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"သောက်ကျိုးနည်း... ဒီလောက်တောင်များတာလား။ ဒါတွေကို အကုန်ကြည့်ဖို့ ဘယ်လောက်တောင်ကြာမလဲမသိဘူး"

ကျောက်ရိုင်းအလုံးပေါင်း နှစ်ဆယ်သုံးဆယ်ဘီလီယံခန့် ရှိနေလေရာ ကျန်းမုန့်လောင်အနေနှင့် မစားမသောက်ဘဲ ကြည့်လျှင်ပင် ဘယ်အချိန်တွင် ပြီးစီးမလဲဆိုသည်ကို မသိနိုင်ပေ။

ဘာ့ဂ်က ထိုစကားများကို အတိုင်းသား ကြားလိုက်ရသည်။ ကျန်းမုန့်လောင်က ကံကောင်းခြင်းဟု ဆိုသော်လည်း လူတိုင်းကတော့ ဤသည်မှာ ကံကောင်းခြင်းသက်သက်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။

ကျန်းမုန့်လောင်တွင် ရတနာတစ်ခုခုရှိမည်ဟု အစက ထင်ထားခဲ့သော်ငြား တစ်ဖက်လူက စက္ခုစွမ်းရည်ရှိသည်ဟု ဝန်ခံလာမည်ဟု မမျှော်လင့်ထားပေ။

စက္ခုစွမ်းရည်တိုင်းက ရှေးဟောင်းအမွေအနှစ်များ ဖြစ်ပြီး ကျွမ်းကျင်မှု အနည်းငယ် ရရှိရန်အတွက်ပင် ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုများနှင့် အချိန်အတော်ကြာအောင် ပေးဆပ်ရန်လည်း လိုအပ်သည်ဟု ဆိုကြသည်။

"သခင်... ဒီနေရာမှာ ကျောက်ရိုင်းတွေက အရမ်းများလွန်းတယ်။ ခင်ဗျား ကြည့်မယ်ဆိုရင် နှစ်ပေါင်းများစွာတောင် ကြာသွားနိုင်တယ်"

ဘာ့ဂ်က ဆိုလိုက်၏။ ယနေ့ သူရရှိလိုက်သည့် ပမာဏကပင် လုံလောက်နေပြီဖြစ်ရာ သူကတော့ ကျေနပ်သွားပြီဖြစ်၏။

လူ့လောဘဆိုသည်မှာ အတောမသတ်သော်လည်း သူ့လက်ရှိပိုင်ဆိုင်မှုမှာ လိုအင်ဆန္ဒကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ဘာလုပ်ရမှန်းမသိဖြစ်နေသည့် အဆင့်ကိုပင် ရောက်နေလေပြီ။

"ဘယ်သူကမပြီးဘူးလို့ပြောလဲ"

ကျန်းမုန့်လောင်က ဆိုလိုက်၏။

"ဒါပေမဲ့ ဒီနေ့တော့ အဆင့်တစ်သလင်းကျောက်တွေကို လိုက်ရွေးဖို့ပျင်းနေလို့ တခြားဟာတွေကိုပဲ အကုန်ယူသွားတော့မယ်"

ကျန်းမုန့်လောင်၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ဂိုဒေါင်၏ အမြင့်ဆုံးနေရာသို့ ပစ်တင်လိုက်သည်။ ထိုအလင်းတန်းမှာ ဂိုဒေါင်တစ်ခုလုံးကို နေမင်းကြီးပမာ လင်းထိန်သွားစေချေသည်။

ဤအကွက်မှာ "နဂါးဥ"ထဲမှ ဗာဂျီတာ အသုံးပြုသည့် လအတုပြုလုပ်နည်း ဖြစ်သော်လည်း ကျန်းမုန့်လောင်တွင် ဆိုင်ယန်သွေး မပါရှိသဖြင့် မျောက်ဝံအဖြစ် ပြောင်းလဲရန် ရည်ရွယ်ခြင်းမဟုတ်ပေ။

သူ့သွေးမျိုးဆက်စွမ်းအားကို အမြင့်ဆုံးအရှိန်အဟုန်ဖြင့် ထုတ်ဖော်လိုခြင်းသာ။

"ရင်နီဂန်... အသက်သွင်းစေ"

ကျန်းမုန့်လောင်၏ မျက်လုံးများမှာ ခရမ်းရောင်သန်းသော မီးခိုးရောင်အဖြစ်သို့ ရုတ်ခြည်းပြောင်းလဲသွားပြီး ကောင်းကင်ထက်ရှိ လအတုကလည်း သူ့မျက်လုံးနှင့် တစ်ထပ်တည်းကျသွားတော့သည်။

"ဟိုမျက်လုံးတွေ..."

အိုင်းရင်းနှင့် ကျန်လူများမှာ ရုတ်တရက် ချွေးစေးများ ထွက်လာကြသည်။ ထိုအချိန်တွင် သူတို့မှာ လျှို့ဝှက်ချက်လုံးဝမရှိတော့ဘဲ အရာအားလုံး ဖောက်ထွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

"အစ်ကိုကျန်း... အရမ်းအံ့သြဖို့ကောင်းတာပဲ"

"ဟားဟားဟား... အလုပ်ဖြစ်သားပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။ချဲ့ထွင်ထားသော ရင်နီဂန်၏အောက်တွင် သူ့အမြင်အာရုံအတွင်းရှိ ဇီဒယ်လ်ကျောက်ရိုင်းအားလုံးမှာ မှန်သားပမာ ဖောက်ထွင်းမြင်နေရသည်။

"အဖြူ... အဖြူ... အဖြူ... အဖြူပဲ"

"ဝူးဟူး... ဟိုမှာ အစိမ်းတစ်လုံး"

"ဝိုး... အပြာတစ်လုံးတောင် ပါသေးတယ်"

"ကိုယ်ပွားသိုင်း..."

"ဘုန်း ဘုန်း ဘုန်း..."

ကျန်းမုန့်လောင်သည် ကိုယ်ပွားပေါင်းများစွာ ခွဲထုတ်လိုက်ပြီး ထိုကျောက်ရိုင်းများကို စတင်သိမ်းဆည်းတော့သည်။

"အနီရောင်"

ကျန်းမုန့်လောင်က ဤကျောက်ရိုင်းဘီလီယံပေါင်းများစွာထဲမှ အနီရောင်ကျောက်ရိုင်း တစ်လုံးကိုပင် ရှာတွေ့ခဲ့သည်။ ထိုအရာမှာ အဆင့်လေးစွမ်းအင်သလင်းကျောက်ပင်။

"ဟားဟားဟား... ငါတော့ ချမ်းသာပြီဟေ့။ ချမ်းသာပြီ"

ကျန်းမုန့်လောင်ကတော့ ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိပေ။

ကျန်းမုန့်လောင်သည် ကျောက်ရိုင်းနှစ်ဆယ်ဘီလီယံကျော်ထဲမှ စုစုပေါင်း ကျောက်ရိုင်း ၁၅၀၀ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအထဲတွင် အဆင့်လေးတစ်လုံး၊ အဆင့်သုံးနှစ်လုံးနှင့် ကျန်အရာများမှာ အဆင့်နှစ်ကျောက်ရိုင်းများ ဖြစ်ကြသည်။

"ဒါတွေ အလုပ်ရုံကို အကုန်သယ်သွားကြ"

ဤမျှကြီးမားသော စက္ခုစွမ်းရည်ကို အသုံးပြုလိုက်ရသဖြင့် ကျန်းမုန့်လောင်မှာ အနည်းငယ်ပင်ပန်းနွမ်းနယ်သွားသဖြင့် ဆေးလုံးတစ်လုံးကို ထုတ်သောက်လိုက်ရသည်။

"သိုင်းတာအိုပြဒါးရှင်"

အိုင်းရင်း၏မျက်လုံးများမှာ ထိုဆေးလုံးပေါ်သို့ ကျရောက်သွားသည်။ ၎င်းမှာ သိုင်းပညာရှင်များထဲတွင် အဂ္ဂိရတ်ပညာရှင်များသာ ဖော်စပ်နိုင်ပြီး မည်သည့်နည်းပညာနှင့်မှ တုပ၍မရသည့် အရာပင်။

ဤကဲ့သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူတစ်ဦးမှာ အနည်းဆုံးတော့ အဆင့်သုံးမျိုးနွယ်စုတွင်ပင် မြင့်မားလှသော အဆင့်အတန်းကို ပိုင်ဆိုင်ထားပေလိမ့်မည်။

ကျန်းမုန့်လောင်၏ မျိုးနွယ်စုတွင် ဤကဲ့သို့သော ပြဒါးရှင်လုံးများကို ဖော်စပ်နိုင်သူ ရှိနေသည်တဲ့လား။

အလုပ်ရုံတစ်ဝိုက်တွင် လူအပြည့်ဖြစ်နေချေပြီ။ ထိုကျောက်ရိုင်းများကို သယ်ယူလာချိန်တွင် လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။ ဆရာသခင်တစ်ယောက် လက်စွမ်းပြပြီဆိုလျှင် ထူးခြားသောအရာတစ်ခုခုတော့ ရှိရမည်မဟုတ်ပါလော။

ဖြစ်နိုင်ခြေတွက်ချက်မှုများအရ ဂိုဒေါင်ထဲရှိ ကျောက်ရိုင်းဘီလီယံပေါင်းများစွာတွင် အနည်းဆုံး သလင်းကျောက်ပါသည့် ကျောက်ရိုင်း သန်းဂဏန်းခန့်ရှိရမည်ဖြစ်သော်လည်း ကျန်းမုန့်လောင်က အလုံးနှစ်ထောင်အောက်ကိုသာ ရွေးထုတ်လာခဲ့သည်။

ဤသည်မှာ ဘာကိုဆိုလိုလေသလဲ။

ဤကျောက်ရိုင်းများမှာ သံသယဖြစ်ဖွယ်မရှိလောက်အောင် အလွန်အရည်အသွေးမြင့်မားကြောင်း ပြသနေခြင်းပင်။

ပို၍ထိတ်လန့်စရာကောင်းသည့် အချက်မှာ ကျန်းမုန့်လောင်သည် ဂိုဒေါင်ထဲတွင် နာရီအနည်းငယ်သာ အချိန်ယူခဲ့သော်လည်း ဤကျောက်ရိုင်းဘီလီယံပေါင်းများစွာကို အပြီးသတ်ရွေးထုတ်နိုင်ခဲ့ခြင်းပင်။ သူ့မှာ သလင်းကျောက်ရှာဖွေသည့် စက်ပစ္စည်းတစ်ခုခုများ ရှိနေလေသလား။

"အဆင့်နှစ်သလင်းကျောက်။ အေအဆင့်အရည်အသွေး၊ ၂၂.၃ဂရမ်"

"အဆင့်နှစ်သလင်းကျောက်။ ဘီအဆင့် အရည်အသွေး၊ ၂၅.၂ ဂရမ်"

...

"အဆင့်သုံးကွ။ အဆင့်သုံးသလင်းကျောက် နောက်တစ်လုံးထွက်လာပြီ"

"ဒီမှာလည်း နောက်ထပ် အဆင့်သုံးတစ်လုံး"

ဘာ့ဂ်ခမျာ ဤမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ပင် ဝဲလာမိသည်။ ဤအဆင့်သုံးသလင်းကျောက်နှစ်လုံးမှာ ယခင်ကကဲ့သို့ အရည်အသွေး မမြင့်သော်ငြား အရွယ်အစားကတော့ အလွန်ကြီးမားလှသည်။ ဤကျောက်များမှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား နှစ်ထရီလီယံမှ သုံးထရီလီယံအထိ အသာလေးရနိုင်ပေသည်။

ထို့ပြင် သူ့ဘက်က ကော်မရှင်ခ သုံးရာခိုင်နှုန်းလည်း ရပေဦးမည်။

သူ... အမလေး...

"အနီရောင်မြူခိုးတွေဟ။ အနီရောင်မြူတွေ ထွက်လာပြီ"

"ဒါ... အမလေး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကျောက်ရိုင်းတွေထဲမှာ အဆင့်လေးသလင်းကျောက် ပါနေတာလား"

"အဆင့်လေးသလင်းကျောက်ကြီး။ ဒါက ကျောက်ရိုင်းထရီလီယံ​အများကြီးထဲကမှ တစ်လုံးလောက်ပဲ ထွက်တတ်တဲ့ အရာမျိုး မဟုတ်လား။ ဒါက ကံကောင်းတာထက်တောင် ကျော်နေပြီ"

"ဒါက ကံကောင်းတာတဲ့လား။ ဒါမျိုးက အရည်အချင်းကွ"

"အဆင့်... အဆင့်လေးသလင်းကျောက်လား"

ဘာ့ဂ်ခမျာ အသက်ရှူပင် ကျပ်လာသလို ခံစားလိုက်ရသည်။ ယခုမူ သူသည် ဘယ်မျိုးနွယ်စုဆီကို ပြောင်းရွှေ့နေထိုင်ရမလဲဟုပင် စဉ်းစားနေမိတော့သည်။ အိုင်ဇက်မျိုးနွယ်စုတွင် ဆက်နေပါက ယနေ့ညတင် သူ ဓားပြတိုက်ခံရမည်ကို စိုးရိမ်ရသည်။

"အဆင့်လေးသလင်းကျောက်"

အိုင်းရင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူ့အဖေပိုင်ဆိုင်သည့် အဆင့်သုံးအာကာသယာဉ်ဆယ်စီးပေါ်တွင် အဆင့်သုံးသလင်းကျောက်ကို တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ သူ့အဖေကိုယ်တိုင်ပင် ဂလက်ဆီအရှင်သခင်၏ လက်အောက်တွင် စစ်မှုထမ်းစဉ်က တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။

"ငါ အဲ့ဒါကို ထိကြည့်လို့ရမလား"

အိုင်းရင်းက သတိကြီးကြီးထား၍ မေးလိုက်သည်။

"ရပါတယ်... ထိကြည့်လေ"

ကျန်းမုန့်လောင်ကလည်း သာမန်ကာလျှံကာပင် လှမ်းပေးလိုက်သည်။

"ဒါနဲ့ မစ္စတာဘာ့ဂ်... ဒါကို စစ်ဆေးပေးနိုင်မလား"

"အခုချက်ချင်းလုပ်ပေးပါ့မယ်။ အခုချက်ချင်း စစ်ဆေးပေးပါ့မယ်"

ဘာ့ဂ်လည်း တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ အဆင့်သုံးသလင်းကျောက်များအတွက် သူတို့ဌာနခွဲမျှဖြင့် ပြီးသော်လည်း အဆင့်လေးကိုမူ သူတို့၏ဌာနခွဲက ဝယ်ယူနိုင်စွမ်းမရှိသဖြင့် ရုံးချုပ်သို့ တင်ပြရမည်ဖြစ်၏။

"ဆရာဘာ့ဂ်... အလုပ်ရှိတယ်ဗျ"

"မင်း နောက်ထပ် အဆင့်သုံးတစ်လုံး ထပ်တွေ့ပြန်ပြီလား"

အဘိုးကြီးက မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။

"မင်းတော့ ပွပေါက်တိုးပြီထင်တယ်"

ဤကဲ့သို့သော ကျောက်ရိုင်းကုမ္ပဏီများတွင် အဆင့်သုံးထက်မြင့်သော သလင်းကျောက်များမှာ ထွက်ခဲလှသည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့သော သလင်းကျောက်များကို အရည်အသွေးမြင့်ကျောက်ရိုင်းများတွင်သာ တွေ့ရလေ့ရှိပြီး ၎င်းတို့မှာ စုဆောင်းသူများအတွက်သာ။ တန်ဖိုးမဲ့ကျောက်ဖြစ်နေလျှင်ပင် စက်ဖြင့် တိုင်းတာချက်အရ အရည်အသွေးမြင့်သည်ဟု သတ်မှတ်ခံရပါက စျေးနှုန်းမှာ အနည်းဆုံး အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ၁၀ဘီလီယံက စတင်လေ့ရှိသည်။

"အဆင့်သုံးနှစ်လုံးနဲ့ အဆင့်လေးတစ်လုံးပါ။ ကျွန်တော့်ကိုယုံ...ကျွန်တော်လည်း အဆင့်လေးသလင်းကျောက်ကို တစ်ခါမှမမြင်ဖူးဘူး"

"အဆင့်လေး ဟုတ်လား။ ခဏစောင့်။ ငါ့ဆရာကို သွားခေါ်လိုက်ဦးမယ်။ ငါလည်း ဒါကို မစစ်ဆေးနိုင်တော့ဘူး"

ခဏအကြာတွင် ဘာ့ဂ်ထက် ပိုတက်ကြွပုံရသော အဘိုးကြီးတစ်ယောက်၏ ဟိုလိုဂရမ်ပုံရိပ်တစ်ခု ပေါ်လာလေသည်။ သူ့အကြည့်များမှာ စူးရှလှသော်လည်း စိတ်လှုပ်ရှားမှုကို အစွမ်းကုန်ထိန်းထားရမှန်း သိသာလှသည်။

"အေအဆင့်အရည်အသွေး၊ ၁၄.၂ဂရမ်။ ဂလက်ဆီတန်ဖိုး ၄၅၀ဘီလီယံလောက်ဆိုရင်တော့ သင့်တော်မှာပါ"

အဘိုးအိုက ဆိုသည်။

"ဒီစျေးနှုန်းက ၂ရာခိုင်နှုန်းလောက် အတက်အကျ ရှိနိုင်ပါတယ်"

"ဆရာ... ကျွန်တော် အမြင့်ဆုံးစျေးနှုန်းရအောင် တင်ပြပေးပါ့မယ်"

ဘာ့ဂ်ခမျာ စကားများပင် ထစ်နေတော့သည်။ ဤသည်မှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြားများနှင့်ပင် ဝယ်ယူ၍ မရနိုင်တော့ဘဲ နဂါးငွေ့တန်းဂလက်ဆီသုံး အခြေခံငွေကြေးကိုပင် လိုအပ်နေပြီဖြစ်၏။ ဤပမာဏ၏ နှစ်ဆဆိုလျှင် အဆင့်တစ်မျိုးနွယ်စုဂြိုဟ်တစ်ခုကိုပင် ဝယ်ယူနိုင်သည်။

"ဒီစျေးနဲ့ပဲ လုပ်ကြတာပေါ့"

ကျန်းမုန့်လောင်က ဆိုလိုက်သည်။

"လျှောက်ထားရမှာတွေဘာတွေနဲ့ ရှုပ်နေဦးမယ်။ ငါကလည်း အဲဒီလောက်ချို့တဲ့မနေပါဘူး"

"ကဲ... ပစ္စည်းအသစ်တွေလဲလိုက်ကြဦး။ နောက်မှထပ်တွေ့ကြတာပေါ့။"

ကျန်းမုန့်လောင်က စက်ရုံဝန်ထမ်းများကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။

"ပစ္စည်းတွေ အသစ်ပြန်ဖြည့်ထားကြဦး။ မကြာခင်ပြန်လာခဲ့မယ်"

All Chapters