← Chapters

ကြယ်ငါးပွင့်အကောင့် လှုပ်ရှားလာပြီ

Vol. 54 Ch. 804

ကြယ်ငါးပွင့်အကောင့် လှုပ်ရှားလာပြီ

Vol. 54 Ch. 804

စကြဝဠာ၏ဗဟိုတည့်တည့်တွင် ရောင်စုံမြူခိုးများရှိနေချေသည်။ ထိုနေရာမှာ မဟာပေါက်ကွဲမှုကြီး၏ စမှတ်ဖြစ်ပြီး ထိုအချိန်တုန်းက ဒြပ်ဝတ္ထုအများဆုံးစုစည်းနေသော နေရာလည်း ဖြစ်၏။ ဤဒေသကား ဂြိုဟ်အများဆုံး၊ မျိုးနွယ်စုအများဆုံးနှင့် စကြဝဠာနိုင်ငံအများဆုံး တည်ရှိနေသောနေရာပင်။

စကြဝဠာတစ်ခုလုံး၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သိုင်းတာအိုပညာရပ်များ၏ ဗဟိုချက်ဖြစ်သောကြောင့် စကြဝဠာအတွင်းရှိ အကြီးဆုံးအဖွဲ့အစည်းများကို ဤနယ်မြေထဲမှာပင် တည်ထောင်ထားကြသည်။

စကြဝဠာဘဏ်ချုပ်ကြီးက ကြယ်တစ်လုံးနားတွင် တည်ဆောက်ထားသော လူလုပ်အာကာသကိုယ်ထည်တစ်ခု ဖြစ်သည်။ထုထည်ပမာဏက ပထမတန်းစားကြယ်တစ်လုံးအဆင့်အထိရှိပြီး စကြဝဠာတစ်ခွင် အကျယ်ပြန့်ဆုံးနှင့် ပြည့်စုံမှုအရှိဆုံး အချက်အလက်များကို စုဆောင်းသိမ်းဆည်းထားသော စကြဝဠာ၏ အကြီးဆုံးကြိုးမဲ့ဒေတာကွန်ရက်ကြီးကို ထည့်သွင်းတည်ဆောက်ထားသည်။

"ကြီးကြပ်ရေးမှူး.. အဆင့်ငါးအကောင့်တစ်ခု အခုလေးတင် လှုပ်ရှားလာပါတယ်"

ဘီဒီယာဂြိုဟ်ရှိ ဘဏ်ဝန်ထမ်းတစ်ယောက်က သတင်းပို့လိုက်သည်။

"အဲဒီအကောင့်က နှစ်ပေါင်းနှစ်ထောင်တိတိ ဘယ်သူမှမထိထားတဲ့ အကောင့်တစ်ခုပါ"

"ဘာ.. တစ်ယောက်ယောက်က အဲဒီအကောင့်ကို သုံးလိုက်တယ်ပေါ့။ ဘယ်နေရာကလဲ"

ကြီးကြပ်ရေးမှူး၏ လေသံမှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။ အကြောင်းမှာ ထိုအကောင့်သာ လှုပ်ရှားလာခဲ့လျှင် ချက်ချင်းသတင်းပို့ရန် သူ့အထက်လူကြီးက ညွှန်ကြားထားသောကြောင့်ပင်။ ဤညွှန်ကြားချက်ကို ဥက္ကဋ္ဌကိုယ်တိုင် ပေးထားခြင်းသာ။

"ခဏစောင့်ပေးပါ။ အချက်အလက်တွေက ဒီနေရာကနေ အလင်းနှစ် ၇၃.၆ဘီလီယံ ကွာဝေးတဲ့ စကြဝဠာနယ်မြေအမှတ်၁၂က အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲက အဆင့်နှစ်မျိုးနွယ်စုတစ်ခုရဲ့ မိခင်ဂြိုဟ်ကနေ တက်လာတာပါ"

"တော်တယ်"

ကြီးကြပ်ရေးမှူးက သူ့ရုံးခန်းထဲက ချက်ချင်းထွက်သွားလေသည်။

"မန်နေဂျာ အဆင့်ငါးအကောင့်က အခုလေးတင် လှုပ်ရှားလာပါတယ်..."

...

"အဲဒီအကောင့် လှုပ်ရှားလာတယ်လို့ ပြောလိုက်တာလား"

ဘဏ်ချုပ်ရုံးခန်းထဲတွင် အလွန်ငယ်ရွယ်ပုံရသော်ငြား ဖော်ပြ၍မရနိုင်သော ဩဇာအာဏာများဖြင့် ပြည့်နှက်နေသည့် အမျိုးသားတစ်ယောက်က စိတ်လှုပ်ရှားနေဟန် အမူအရာကို ပြသလိုက်သည်။

"ဟုတ်ပါတယ် ဥက္ကဋ္ဌ"

အတွင်းရေးမှူးကလည်း သတင်းပို့လိုက်သည်။

"လွန်ခဲ့တဲ့မိနစ်ပိုင်းကပါ"

ထိုအမျိုးသား၏နာမည်မှာ အီလော့စ်ဖြစ်ပြီး စကြဝဠာဘဏ်၏ လက်ရှိဥက္ကဋ္ဌဖြစ်သလို အဆင့်ခုနစ်သက်ရှိတစ်ဦးလည်း ဖြစ်၏။

"အကောင့်ကို တစ်ယောက်ယောက်များ သုံးထားသေးလား"

"မသုံးရသေးပါဘူး"

အတွင်းရေးမှူးက သတင်းပို့ချေသည်။

"ဒီအကောင့်ကို စောင့်ကြည့်ထားဖို့ ဥက္ကဋ္ဌကြီး ညွှန်ကြားထားခဲ့တာလေ။ အကောင့်ပိုင်ရှင်က ဥက္ကဋ္ဌကြီးအတွက် အရမ်းအရေးကြီးလို့များလား"

"အရမ်းအရေးကြီးတာပေါ့"

အီလော့စ်က ပြောလိုက်သည်။

"ငါ သူ့ကို လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က တွေ့ဖူးတာပဲ။ သူ့ရဲ့ စကြဝဠာစီးပွားရေးမူကြမ်းအဆိုပြုချက်က ငါတို့စကြဝဠာဘဏ်ရဲ့ အနာဂတ်တစ်ခုလုံးကို ပြောင်းလဲပေးခဲ့တာ။ နှစ်ငါးရာအတွင်းမှာတင် ငါတို့ရဲ့ အပ်နှံငွေတွေ နှစ်ဆတိုးလာပြီး အမြတ်ငွေတိုးတက်မှုကလည်း ၃၀ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့တယ်"

"သူက ဟိုစီးပွားရေးပညာရှင်လား"

"သူက သာမန်စီးပွားရေးပညာရှင်တစ်ယောက်တင် မဟုတ်ဘူး"

အီလော့စ်က ပြောလိုက်သည်။

"သူက စကြဝဠာထဲမှာ အရည်အချင်းအရှိဆုံးနဲ့ အစွမ်းအထက်ဆုံးလူတစ်ယောက်ပဲ။ ငါတို့စကြဝဠာဘဏ်ရဲ့ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင်က ဘယ်သူလဲဆိုတာကို မင်း တစ်ချိန်လုံးသိချင်နေခဲ့တာမဟုတ်လား။ အဲဒါ သူပဲ"

"သူပဲလား။ သူက ဥက္ကဋ္ဌကြီး ၃၇ရာခိုင်နှုန်းနဲ့ လဲလှယ်ပြီး ရယူခဲ့တဲ့ စီးပွားရေးမူကြမ်းကို ပေးခဲ့တဲ့လူပေါ့"

"ဟားဟားဟား အဲဒီတုန်းကသာ ငါသာ ဒီရှယ်ယာတွေနဲ့ သူ့ဆီက မလဲလှယ်ခဲ့ဘူးဆိုရင်..."

အီလော့စ်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

"နှစ်တစ်သောင်းအတွင်း ငါတို့ရဲ့စကြဝဠာဘဏ်ကြီးလည်း သူများဆီက ကျော်တက်ခံလိုက်ရမှာ သေချာတယ်"

"အဲဒီအကောင့်အတွက် လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဖွင့်ပေးလိုက်။ ပြီးတော့ အဲဒီအကောင့်ရဲ့ ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲဖို့ သီးသန့်အဖွဲ့တစ်ဖွဲ့ကို ချက်ချင်းတာဝန်ပေးထားလိုက်"

...

စကြဝဠာ၏အစွန်အဖျားတွင် မှောင်မိုက်အေးစက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော ဂြိုဟ်တစ်လုံးရှိ၏။

"ဘာ... အဲဒီအကောင့်ကို တစ်ယောက်ယောက်က သုံးလိုက်တယ်ပေါ့"

တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူထွားကြီးတစ်ယောက်က ကျောက်စာတိုင်တစ်ခုရှေ့တွင် ကျင့်ကြံအားထုတ်နေပေသည်။ သူ့အရပ်က ငါးမီတာကျော်မြင့်ပြီး အသားအရေမှာ အနီရင့်ရောင်ဖြစ်၏။ သာမန်လူများအနေနှင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်လုံးထဲတွင် ပူစပ်ပူလောင်ဝေဒနာကို ခံစားရစေနိုင်သည်။

ထိုလူထွားကြီးက အဆင့်ရှစ်သက်ရှိတစ်ယောက်ဖြစ်ပြီး စကြဝဠာသိုင်းပညာအသင်း၏ ဥက္ကဋ္ဌဟူသော အဆင့်အတန်းကိုပါ ပိုင်ဆိုင်ထားသူဖြစ်၏။ ထို့ပြင် သူသည် ထိုအသင်းကြီးကို တည်ထောင်သူလည်း ဖြစ်ပြန်သည်။

သူ၏ အဆင့်မြင့်သက်စောင့်စွမ်းအင်က သူ့အား အဆုံးမရှိလုနီးပါးဖြစ်သော သက်လုံကို ပေးစွမ်းထားသည်။ သူ့နာမည်မှာ ဇာ့ဂ် ဖြစ်သည်။

သူသည် ဤကျောက်စာတိုင်ကို လေ့လာသုံးသပ်နေခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်နီးပါး ရှိနေလေပြီ။ သူ့အတွက်တော့ နှစ်ပေါင်းနှစ်ထောင်ဆိုသည်မှာ လက်တစ်ခတ်စာမျှသာဖြစ်သော်ငြား ထိုကျောက်စာတိုင်၏ လျှို့ဝှက်ချက်တစ်ခုကိုမှ မဖော်ထုတ်နိုင်သေးပေ။

"ဟုတ်ပါတယ် ဥက္ကဋ္ဌကြီး... အခုလေးတင် ဒီအကောင့်ကို သွေးမျိုးဆက်စစ်ဆေးမှုကတစ်ဆင့် အသုံးပြုသွားတာပါ။ ကျွန်တော်တို့ရဲ့ အချက်အလက်ဒေတာဘေ့စ်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တော့ နှစ်ဖက်စလုံးရဲ့ မျိုးရိုးဗီဇအချက်အလက်တွေက ၉၉.၉၈ရာခိုင်နှုန်း တူညီနေပါတယ်"

"သူ့မျိုးဆက်လား"

ဇာ့ဂ်၏အကြည့်က ကျောက်စာတိုင်ပေါ်သို့ ကျရောက်သွားသည်။

"မိတ်ဆွေဟောင်းကြီး... နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဆိုပေမဲ့ မင်းထားခဲ့တဲ့အရာတွေကို ငါ အခုထိ ဖော်ထုတ်လို့မရသေးဘူး။ မင်းရဲ့ လမ်းညွှန်မှုမပါဘဲနဲ့ အဆင့်ကိုး သက်ရှိတစ်ယောက်ဖြစ်လာနိုင်တဲ့ လမ်းစကို ငါ ဘယ်တော့များမှ ရှာတွေ့နိုင်မှာလဲ"

"ဥက္ကဋ္ဌကြီး ကျွန်တော်တို့ တစ်ခုခုလုပ်သင့်လား"

"အမြွှာဝေလငါးမျိုးနွယ်စုကို လူနည်းနည်းလောက် လွှတ်လိုက်။ သူတို့ရောက်နေတာကို သူသတိမထားမိစေနဲ့။ တကယ်လို့ သူ အန္တရာယ်တစ်ခုခုကြုံလာရင် ဒါမှမဟုတ် သူ့အသက်အန္တရာယ် ခြိမ်းခြောက်ခံရရင် ချက်ချင်းရှင်းပစ်လိုက်"

"ဟုတ်ကဲ့"

သတင်းပို့သူက နောက်ထပ်မေးခွန်းတစ်ခု မေးရန် မအောင့်အည်းနိုင်တော့ပေ။

"ဥက္ကဋ္ဌကြီး... ဘယ်လိုလူမျိုးကများ ဥက္ကဋ္ဌကြီး အလေးအနက်ထားရလောက်အောင်အထိ တန်ဖိုးရှိနေလို့လဲ။ စည်းကျော်ပြီး မေးမိတဲ့အတွက် ခွင့်လွှတ်ပါ။ ဥက္ကဋ္ဌကြီးရဲ့မျိုးဆက်တွေကိုတောင် ဒီလောက်ဂရုစိုက်တာမျိုး မတွေ့ဖူးလို့ပါ"

"သူလား။ သူက စကြဝဠာထဲမှာ ပြိုင်ဘက်ကင်း အထူးခြားဆုံးလူပဲ"

ဇာ့ဂ်က ပြန်ဖြေသည်။

"ငါ့ရဲ့သိုင်းပညာတာအိုခရီးလမ်းမှာဘယ်တုန်းကမှ ရှုံးနိမ့်ဖူးတာမျိုး မရှိဘူး။ ဒါပေမဲ့ အခုချိန်အထိ သူကလွဲလို့ ဘယ်သူကမှ ငါ့ကို တကယ်အရှုံးပေးချင်လာအောင် မလုပ်နိုင်ခဲ့ဘူး"

"ဥက္ကဋ္ဌကြီးက သူ့ကို ရှုံးခဲ့တာလား"

"ဟုတ်တယ်"

ဇာ့ဂ်က ပြောလိုက်သည်။

"ငါ ပြိုင်ဘက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အတိတ်က ငါအရှုံးတွေက ငါ့ကို ဘယ်တုန်းကမှ စိတ်ပျက်အားငယ်အောင် မလုပ်နိုင်ခဲ့ဘူး။ ပိုဆိုးတာက ငါ့ကို အရင်က အနိုင်ရခဲ့ဖူးတဲ့လူတွေအားလုံးကို ငါ ပြန်အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုတော့ လုံးဝအနိုင်မယူနိုင်ခဲ့ဘူး"

"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က ပြိုင်ပွဲကို ပြောတာလား"

"ပြိုင်ပွဲတဲ့လား"

ဇာ့ဂ်က ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်သည်။

"ပြိုင်ပွဲသာဆိုရင် ငါသေသွားတာကြာနေလောက်ပြီ။ အဲဒီလူက လှုပ်တောင်မလှုပ်ခဲ့ဘူး။ တစ်ချက်လေးကြည့်လိုက်ရုံနဲ့တင် ငါ့ကို အဆုံးမရှိတဲ့အားနည်းချက်တွေ ခံစားစေခဲ့တာ"

သူသည် ကျောက်စာတိုင်ကို ထိတွေ့လိုက်သောအခါ အဆင့်တက်နိုင်မည့် လျှို့ဝှက်ချက်များအတွက် စကြဝဠာသိုင်းပညာအသင်းကြီး၏ စကြဝဠာသိုင်းကျောင်းတော် ရှယ်ယာထက်ဝက်ကို ထိုလူနှင့် လဲလှယ်ခဲ့သည့် သဘောတူညီချက်ကို ပြန်သတိရလိုက်မိသည်။

"သူ့မျိုးဆက်ကလည်း သူ့လိုပဲ ဆွဲဆောင်မှုရှိပြီး ထူးချွန်ပြောင်မြောက်နေမှာပေါ့"

...

စကြဝဠာ၏ဗဟိုတွင်တည်ရှိသော ချန်းမုန့် စကြဝဠာအင်ပါယာသည် သာမန်စကြဝဠာအင်ပါယာများထက် အဆပေါင်းထောင်ချီ ကြီးမားသော ဧရိယာမျိုးရှိသည့် အကြီးဆုံးစကြဝဠာအင်ပါယာများအနက် တစ်ခုဖြစ်သည်။ ဤအင်ပါယာ၏ အုပ်စိုးရှင်ကလည်း သက်ရှိထင်ရှားရှိနေသော အသက်အကြီးဆုံးအဆင့်ရှစ်သက်ရှိများထဲမှ တစ်ဦးပင်။

အုပ်စိုးရှင်၏နာမည်မှာ ချန်းမုန့်ဖြစ်ပြီး စကြဝဠာအတွင်း သက်ရှိထင်ရှားရှိနေသော အသက်အကြီးဆုံး သက်ရှိများထဲမှ တစ်ဦးဖြစ်သည်။ အစွမ်းထက်သူတစ်ဦးအနေနှင့် သူ့ကျော်ကြားမှုနှင့် ဂုဏ်သတင်းမှာ စကြဝဠာသိုင်းပညာအသင်း၏ဥက္ကဋ္ဌဇာ့ဂ်ထက် မလျော့ပေ။

စကြဝဠာတစ်ခွင်ရှိ သိုင်းပညာပါရမီရှင်များမှာ သူ့လမ်းညွှန်မှုကို ခံယူခွင့်ရရန် ကြိုးပမ်းအားထုတ်ကြရသည်။

"ဒီနေ့အတွက် သင်ခန်းစာပြီးပြီ"

ချန်းမုန့်လည်း သိုင်းကျောင်းတော်အတွင်းမှ ထွက်လာခဲ့သည်။ ကျောင်းတော်ထဲရှိ ကျောင်းသားသောင်းဂဏန်းက မျက်လုံးမှိတ်ကာ ယခင်သင်ခန်းစာမှ အကြောင်းအရာများကို နားလည်သဘောပေါက်နိုင်ရန် အာရုံစိုက်နေကြသည်။ သူတို့ထဲရှိ အများစုမှာ အဆင့်ငါးသက်ရှိများဖြစ်ကြပြီး အချို့မှာမူ အဆင့်ခြောက်နှင့် အဆင့်ခုနစ်များပင် ဖြစ်ကြသည်။

"ဇာ့ဂ်လား။ ဘာ... သူ့အကောင့်က လှုပ်ရှားလာတယ်လား"

"ဟုတ်တယ်။ အခုလေးတင်ပဲ။ ဒါပေမဲ့ သူကိုယ်တိုင်တော့ မဟုတ်ဘူး။ သူ့ရဲ့မျိုးဆက် ဖြစ်နိုင်တယ်။ သွေးစစ်ဆေးမှုအရဆိုရင် အသက်သုံးဆယ်မပြည့်သေးတဲ့ အမျိုးသားတစ်ယောက်ပဲ"

"အမျိုးသားတစ်ယောက်"

ချန်းမုန့်စကြဝဠာအင်ပါယာ၏ အုပ်စိုးရှင်က စိတ်လှုပ်ရှားနေသည့် အမူအရာကို ပြသလိုက်သည်။

"ချန်းမုန့်... မင်းမျက်နှာက ဘာဖြစ်တာလဲ"

ဇာ့ဂ်က ချန်းမုန့်၏ ပြုံးဖြီးဖြီးမျက်နှာကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သွားရည်ကျမတတ်ဖြစ်နေသည့် ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် အကြီးဆုံးစကြဝဠာအင်ပါယာကြီး၏ အုပ်စိုးရှင်ဖြစ်သည်ဟု မည်သူကထင်မည်နည်း။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျန်းခိုင်က ငါ့မျိုးဆက်တွေထဲက တစ်ယောက်ကိုမှ မျက်စိမကျခဲ့ဘူး။ သူက သူတို့မျိုးနွယ်စုရဲ့ အလှအပခံစားမှုက ငါတို့နဲ့မတူဘူးလို့ ပြောခဲ့တယ်။ ဒါနဲ့ ငါလည်း သူ့ရဲ့မျက်နှာသွင်ပြင်တွေနဲ့ သူသဘောကျဖူးတဲ့ အမျိုးသမီးသက်ရှိတွေကို လေ့လာပြီးတဲ့နောက် နောက်ဆုံးမှာ သူ ဘယ်လိုပုံစံမျိုးကို သဘောကျတတ်လဲဆိုတာ နားလည်သွားပြီ"

"မင်း ဘာတွေပြောနေတာလဲ"

"နှစ်ပေါင်းနှစ်ထောင်လောက် အချိန်ယူပြီးတော့ သူ့အကြိုက်နဲ့ကိုက်ညီမယ့် နှင်းတစ္ဆေမျိုးနွယ်စု၊ အမှောင်နတ်သူငယ်မျိုးနွယ်စု၊ သွေးနတ်သူငယ်မျိုးနွယ်စုတွေအပါအဝင် ဇနီးသည်အယောက်တစ်သိန်းကို ငါရှာတွေ့ခဲ့တယ်။ သူတို့က ငါ့အတွက် သမီးတော် အယောက်၂.၇ဘီလီယံ မွေးပေးခဲ့ကြတယ်။ ငါ့ရဲ့သမီးတော် အယောက်၂.၇ဘီလီယံထဲမှာ ကျန်းခိုင်ရဲ့မျိုးဆက်တွေ မျက်စိကျလောက်တဲ့လူ တစ်ယောက်မှမပါဘူးဆိုတာတော့ ငါ လုံးဝမယုံနိုင်ဘူး"

"ငါ့သမီးတော် အယောက်၂.၇ဘီလီယံကို ဒီကိုခေါ်ပြီး သူတို့အတွက် မင်္ဂလာလက်ဖွဲ့တွေ ပြင်ထားကြတော့ဟေ့"

.....

"ဘာ.. အဲဒီအကောင့် လှုပ်ရှားလာတယ်ပေါ့။ ပစ္စည်းတွေ ပြင်ထားကြ။ အမှောင်နယ်မြေကို စတင်ဖွင့်လှစ်လိုက်တော့။ ငါတို့မျိုးနွယ်စု အမှောင်နယ်မြေထဲမှာ နှစ်တစ်သောင်းလောက် ပုန်းအောင်းရလိမ့်မယ်။ အဲဒီအရူးတော့ကွာ... အရင်တုန်းက သူဖန်တီးခဲ့တဲ့ ပြဿနာတွေကို အခု ငါတို့က ပြန်ပေးဆပ်ရတော့မယ်..."

...

"အဲဒီအကောင့် လှုပ်ရှားလာတယ်ပေါ့။ အဆင့်ငါးအာကာသယာဉ်စုနှစ်ရာကို မြန်မြန်စုစည်းပြီး အရေးပေါ်အသင့်အနေအထား ပြင်ထားလိုက်ကြ"

...

"အဲဒီအကောင့် လှုပ်ရှားလာတယ်ပေါ့။ ကုမ္ပဏီရဲ့ ပရောဂျက်တွေအားလုံးကို မြန်မြန်စွန့်လွှတ်လိုက်။ အိမ်ခြံမြေဖွံ့ဖြိုးရေးကိုပဲ အပြည့်အဝအာရုံစိုက်ပြီး လုပ်တော့။ ဟမ်... လူနေအိမ်ရာတွေ ဆောက်မယ်ပေါ့။ ငါတို့က သုသာန်တွေ ဆောက်ရမှာ"

All Chapters