← Chapters

ဒါက မင်းတို့စကားပြောရမယ့် နေရာလား

Vol. 54 Ch. 805

ဒါက မင်းတို့စကားပြောရမယ့် နေရာလား

Vol. 54 Ch. 805

"မစ္စတာကျန်း... ရှင့်ရဲ့ဘဏ်အကောင့်ကို အောင်အောင်မြင်မြင် ပြောင်းရွှေ့ပေးပြီးပါပြီ။ အခုကစပြီး ရှင်သုံးစွဲသမျှ အသုံးစရိတ်အားလုံးကို ရှင့်ရဲ့ စကြဝဠာနိုင်ငံသားစိစစ်ရေးကတ်ကတစ်ဆင့် တိုက်ရိုက်ပေးချေနိုင်ပါပြီ"

"ကောင်းပြီ... ကျေးဇူးပဲ"

ရက်အနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်သည် ဘာမှမရှိသောဘဝမှ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့ပြီး နောက်တစ်နေ့မှာတော့ စကြဝဠာတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတော့သည်။

"အစ်ကိုကျန်း... အစ်ကို့ရဲ့ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်အတွင်းမှာတင် ဒီလောက်များတဲ့ ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာရှင်ဖြစ်အောင် ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ"

အိုင်းရင်းခမျာ ဖျစ်ညှစ်ပြီး စဉ်းစားသော်ငြား ထိုအချိန်တုန်းက တကယ်တမ်း ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို လုံးဝမစဉ်းစားတတ်ချေ။

"ငါလည်း သိပ်မသေချာဘူး"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"ငါလည်း အဲဒီဘိုးဘေးနဲ့ မဆုံဖူးဘူး။ ဒါပေမဲ့ သူကတော့ တော်တော်အောင်မြင်ခဲ့ပုံရတယ်။ ငါတို့မိသားစုက ချမ်းသာတယ်ဆိုတာတော့ တစ်ချိန်လုံးသိနေခဲ့တာ"

"ဟေ့... ငါက ကြယ်ငါးပွင့်အဆင့်အအသုံးပြုသူဆိုတော့ အထူးအခွင့်အရေးတွေဘာတွေ မရှိဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။ ဥပမာအားဖြင့် ကမ္ဘာမြေပေါ်မှာဆိုလျှင် နှစ်စဉ်အပ်နှံငွေ သန်းဂဏန်းရှိသူများဆိုလျှင် ပိတ်ရက်များတွင် ဘဏ်မန်နေဂျာကိုယ်တိုင် အိမ်အထိ လက်ဆောင်လာပေးတတ်ကြခြင်းမျိုးပင်။

အမြန်ရထားများနှင့် လေယာဉ်များတွင်လည်း အခမဲ့အဆင့်မြှင့်တင်မှုမျိုး၊ အစားအသောက် ဝန်ဆောင်မှု အလကားပေးခြင်းမျိုးအထိ ရနိုင်လေသည်။ သူတို့က သင့်ကို နတ်ဘုရားတစ်ပါးနှယ် ကိုးကွယ်ကြမည်သာ။

အကယ်၍ သင့်မှာ အပ်နှံငွေဘီလီယံနှင့်ချီ၍ ရှိနေမည်ဆိုပါက ဘဏ်မန်နေဂျာ၏ သမီးကိုပင် လက်ထပ်ခွင့်တောင်းနိုင်ပြီး မန်နေဂျာကလည်း မင်္ဂလာလက်ဖွဲ့များပါ ပြုံးပြုံးကြီးပြင်ဆင်ပေးလိမ့်မည်။

ဤသည်မှာ သူတို့၏ ကမ္ဘာမြေသေးသေးလေးပေါ်မှာသာ ရှိသေးသည်။ ဤမျှကြီးမားသော စကြဝဠာဘဏ်ကြီးဆိုလျှင် အကျိုးခံစားခွင့်များက အဆပေါင်းထောင်ချီ ပိုကောင်းမည်မဟုတ်လော။

"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။ ကျွန်တော်က ကြယ်တစ်ပွင့်အဆင့်တောင် မရှိတာ။ ကျွန်တော့်အဖေရဲ့အကောင့်က ဈေးဝယ်ရင် ၃ရာခိုင်နှုန်း လျှော့ဈေးရတယ်ဆိုတာပဲသိတယ်"

"ထားလိုက်ပါတော့... မင်းကိုမေးနေလည်း အပိုပဲ"

ကျန်းမုန့်လောင်က အေအိုင်ဘက်ကိုလှည့်ပြီး မေးလိုက်သည်။

"ပြောစမ်း... ငါ့အကောင့်မှာ ဘယ်လိုထူးခြားအခွင့်အရေးတွေ ရှိလဲ"

"အထူးအခွင့်အရေးတွေကို အကောင့်ပိုင်ရှင်တစ်ဦးတည်းသာ သိနိုင်ပါတယ်။ ကျေးဇူးပြုပြီး ဘေးမှာ တခြားလူတွေမရှိအောင် လုပ်ပေးပါ"

အေအိုင်က အိုင်းရင်းကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်ကြောင်း သိသာပေသည်။

"ကျွန်တော် ထွက်သွားပေးပါ့မယ်"

အိုင်းရင်းကလည်း စနစ်ထဲက အလိုက်တသိထွက်သွားလေသည်။

သူက အဲဒီလိုအရာတွေကို ကြည့်ခွင့်ရှိလို့လား...

...

"ကဲ... အခု ပြောလို့ရပြီလား"

ကျန်းမုန့်လောင်က အေအိုင်မိန်းကလေးကို ကြည့်လိုက်သည်။

"အဆင့်အမြင့်ဆုံး ကြယ်ငါးပွင့်အသုံးပြုသူတစ်ဦးအနေနဲ့ ရှင့်အတွက် သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ဝန်ဆောင်မှုတွေကို ခံစားခွင့်ရှိပါတယ်။ ရှင့်ရဲ့ ဈေးဝယ်ယူမှုတိုင်းကို စကြဝဠာဘဏ်ရဲ့ကွန်ရက်က ဦးဦးဖျားဖျားကိုင်တွယ်ပေးသွားမှာဖြစ်သလို ကျွန်မတို့ရဲ့ သက်တော်စောင့်ဝန်ဆောင်မှုကိုလည်း အသုံးပြုနိုင်ပါတယ်"

"သက်တော်စောင့်ဝန်ဆောင်မှုလား"

ကျန်းမုန့်လောင် စိတ်ဝင်စားသွားသည်။

ဒါက သူ အခု လိုအပ်နေတဲ့အရာပဲလေ...

"အသေးစိတ်ရှင်းပြ"

"ဟုတ်ကဲ့ပါ... ကျွန်မတို့ဘက်က ဝန်ဆောင်မှုနှစ်မျိုးပေးထားပါတယ်။ ပထမတစ်ခုကတော့ ကိုယ်ရေးကိုယ်တာကာကွယ်ရေးအတွက် အဆင့်ခြောက်သက်ရှိအယောက်တစ်ရာအထိ ရှင့်ရဲ့ သက်တော်စောင့်တွေအဖြစ် ခန့်အပ်ပေးနိုင်ပါတယ်။ သူတို့တွေက စကြဝဠာသိုင်းပညာရှင်အသင်းနဲ့ ပူးပေါင်းထားတဲ့လူတွေပါ"

"အဆင့်ခြောက်သက်ရှိတွေ ဟုတ်လား။ မဆိုးဘူးပဲ"

ကျန်းမုန့်လောင်၏ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာပင် ဤအဆင့်ရှိသော ဆရာအများကြီးမရှိသေးချေ။ ထို့ပြင် အခမဲ့လည်း ဖြစ်နေပြန်သည်။

"နောက်ထပ်ဘာရှိသေးလဲ"

"ရှင့်အတွက် အဆင့်ငါးမျိုးနွယ်စုရဲ့ အာကာသယာဉ်အဖွဲ့တစ်ဖွဲ့ကို အခမဲ့ပေးအပ်သွားမှာပါ။ အဲဒီအာကာသယာဉ်တွေအားလုံးက လက်ရှိ အမြင့်ဆုံးစံချိန်စံညွှန်းတွေနဲ့ တည်ဆောက်ထားပါတယ်။ အဝေးဆုံးခရီးကို အာကာသဖြတ်လမ်းကတစ်ဆင့် ဖြတ်သန်းမယ်ဆိုရင်တောင် သုံးလပဲကြာပါလိမ့်မယ်"

"အရမ်းကြာလွန်းတယ်"

ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။

"တကယ်လို့ ငါက အခုချက်ချင်းလိုချင်တယ်ဆိုရင်ရော"

"အခုချက်ချင်း လိုအပ်တယ်ဆိုရင်တော့ အနီးဆုံးမှာရှိတဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာက အာကာသယာဉ်အဖွဲ့ကို စေလွှတ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်... ဒါက ရှင့်ရဲ့သီးသန့်အာကာသယာဉ်အဖွဲ့လောက်တော့ မကောင်းပေမဲ့ အနီးဆုံးမှာရှိနေတဲ့အတွက် ရှင့်ဆီကိုရောက်ဖို့ အလွန်ဆုံးမှ နာရီဝက်ပဲကြာမှာပါ။ ပြီးတော့ သီးသန့်သက်တော်စောင့်တွေကိုလည်း အနီးဆုံးနေရာက အဆင့်ငါးမျိုးနွယ်စုတွေနဲ့ သိုင်းကျောင်းတွေကနေ မြန်မြန်ဆန်ဆန် စေလွှတ်ပေးနိုင်ပါတယ်"

"မင်းတို့ရဲ့ဝန်ဆောင်မှုတွေက အထင်ကြီးချင်စရာကောင်းတာပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ အာကာသယာဉ်တပ်ဖွဲ့နဲ့ သိုင်းပညာရှင်တွေကို ရှင့်ရဲ့လုံခြုံရေး ခြိမ်းခြောက်ခံရတဲ့အချိန်မှာပဲ အသုံးပြုလို့ရမှာပါ။ မျိုးနွယ်စုအချင်းချင်း ပဋိပက္ခတွေထဲမှာတော့ သူတို့ ဝင်ပါလို့မရပါဘူး"

အေအိုင်က ဖြည့်စွက်ပြောလိုက်သေးသည်။

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်ကတော့ အစက သူတို့ကို စိတ်ကြိုက်ခိုင်းနိုင်မည်ဟု ထင်ခဲ့မိသည်။ ထိုသို့သာဆိုလျှင် ဒူရန်ဒိုမျိုးနွယ်စုကို အစအနမကျန်အောင် ချေမှုန်းပစ်ဖို့ အမိန့်ပေးလိုက်ရုံပင်။ ထိုအခါ ဂလက်ဆီအရှင်သခင်ပင် စကားတစ်ခွန်းဟရဲမည်မဟုတ်ပေ။

"ထားလိုက်ပါတော့"

ကျန်းမုန့်လောင် ခေါင်းခါလိုက်သည်။ ယခု သူ ချမ်းသာနေလေပြီ။ ဘဏ်ဝန်ဆောင်မှုက မလုံလောက်ဘူးဆိုလျှင် သူကိုယ်တိုင် အာကာသယာဉ်အဖွဲ့တစ်ဖွဲ့ကို ဝယ်လိုက်ရုံပင်။ ငွေအများကြီးပိုင်ဆိုင်ထားသည်ဖြစ်ရာ လေယာဉ်ကွင်းတစ်ခုလုံးကို ဝယ်ပြီး ကိုယ်ပိုင်အာကာသယာဉ်များ ဆောက်လျှင်ပင် ပြဿနာမရှိနိုင်ပါချေ။

"ဒီလိုပဲ လုပ်ကြတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ့ဆီကို အာကာသယာဉ်အဖွဲ့တစ်ဖွဲ့ လာခိုင်းလိုက်။ ဒါပေမဲ့ တခြားဘယ်မျိုးနွယ်စုမှ မသိအောင် လျှို့ဝှက်ထားပေးပါ"

"စိတ်ချပါ ဂုဏ်သရေရှိလူကြီးမင်း.. အဆင့်ငါးမျိုးနွယ်စုရဲ့ စစ်သင်္ဘောအုပ်စုသာ လှုပ်ရှားလာမယ်ဆိုရင် အဆင့်လေးမျိုးနွယ်စုတစ်ခုလုံးရဲ့ မိခင်ဂြိုဟ် ပျက်စီးသွားရင်တောင် ဘယ်သူလုပ်လဲဆိုတာ သူတို့သိမှာမဟုတ်ပါဘူး။ အဆင့်တစ်မျိုးနွယ်စုဆိုတာတော့ ပြောနေစရာတောင် မလိုပါဘူး"

"ကောင်းတယ်"

ကျန်းမုန့်လောင်လည်း ကျေနပ်နပ်နပ် ခေါင်းညိတ်ပြလိုက်သည်။

"ခဏနေရင် ယာဉ်တန်းရဲ့ကပ္ပတိန်ကို ရှင့်ဆီ ဆက်သွယ်ခိုင်းလိုက်ပါ့မယ်။ တိုက်ခိုက်ရေးတာဝန်တွေရှိရင် သူ့ကို တိုက်ရိုက်အမိန့်ပေးနိုင်ပါတယ်"

"ပြီးပြီ"

ကျန်းမုန့်လောင်လည်း စနစ်ထဲက ထွက်လိုက်သည်။

"သွားကြမလား။ မင်းရဲ့အိမ်ကို ဖိတ်ချင်တယ်ဆို။ ဒီနေ့ ငါလည်း ဘာအစီအစဉ်မှ မရှိသေးဘူးဆိုတော့ မင်းအိမ်ကိုပဲ လိုက်လည်တာပေါ့"

"အဲဒါက..."

"ဘာလဲ... မခေါ်ချင်ဘူးလား။ မခေါ်ချင်ရင် ငါသွားပြီနော်"

"အဲဒီလိုမဟုတ်ပါဘူး"

အိုင်းရင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"ကျွန်တော့်အိမ်က သိပ်အဆင့်မရှိဘူးလို့ ထင်မှာစိုးလို့ပါ"

အဆင့်နှစ်မျိုးနွယ်စု အရှင်သခင်တစ်ဦး၏ အိမ်က ဘယ်လိုလုပ်ပြီး အဆင့်မမီဘဲ နေမည်နည်း။ ထိုအိမ်ကို အဆင့်အမြင့်ဆုံး စံချိန်စံညွှန်းများဖြင့် တည်ဆောက်ထားသည်။

သို့သော် ရိုးရိုးသားသားပြောရလျှင် စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အဆင့်အသုံးပြုသူတစ်ယောက်မှာ သူ့အကောင့်ထဲရှိ အကြွေဖြင့်ပင် အိုင်ဇက်မျိုးနွယ်စုပေါင်းထောင်ချီကို ဝယ်နိုင်လေသည်။

သူ့ရှေ့တွင်မူ သူတို့၏အိမ်က သာမန်ဆီးရီးယားစတိုင် အပြင်အဆင်လောက်သာ ရှိနေပေလိမ့်မည်။

"မင်း ဘာတွေပြောနေတာလဲ"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ငါက အဆင့်တစ်အခြေခံမျိုးနွယ်စုမှာ ကြီးပြင်းလာတာပါ။ ငါကသာ အဆင့်မမီမှာ စိုးရိမ်ရမှာ"

"ဟားဟားဟား... ကောင်းပါပြီဗျာ။ ဒီည ကျွန်တော့်အိမ်မှာပဲ တည်းပါ။ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့လည်း မိတ်ဆက်ပေးမယ်"

အိုင်းရင်း၏ရင်ထဲရှိ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး အများကြီးစိတ်သက်သာရာရသွားသည်။

ယမန်ညက ကျန်းမုန့်လောင်၏ လုံခြုံရေးသည် သူတို့မျိုးနွယ်စုအတွက် ပြဿနာများကို သယ်ဆောင်လာလေမလားဟုတွေးကာ မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရသည်။ သို့သော် ယခုမူ စိုးရိမ်စရာမလိုတော့ချေ။

စီဘော့စ်ကော်ပိုရေးရှင်းလား။ ဟာသပဲ...

ဂလက်ဆီအရှင်သခင်တွေလား။ ဒါလည်း ဟာသပဲ။

စီဘော့စ်မိသားစု၏ ဘိုးဘေးများ အသက်ရှင်နေဦးမည်ဆိုလျှင်လည်း သူတို့လည်း ဟာသဖြစ်နေဦးမည်။

စကြဝဠာမျိုးနွယ်စုများတွင် စစ်ရေးပစ္စည်းများအားလုံးကို ပုဂ္ဂလိကလူပုဂ္ဂိုလ်များထံသို့ ရောင်းချနိုင်သည်။ ငွေသာရှိမည်ဆိုလျှင် အဆင့်တစ်မျိုးနွယ်စုပင် ဖြစ်နေပါစေ။ အဆင့်ငါးမျိုးနွယ်စု၏ အာကာသယာဉ်များကို ဝယ်ယူနိုင်သလို အဆင့်ငါးနှင့်အထက်ရှိသော သက်ရှိများကိုလည်း သက်တော်စောင့်အဖြစ် ငှားရမ်းနိုင်သည်။

စကြဝဠာဘဏ်၏ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူတစ်ယောက်တွင်ရှိသော ငွေများမှာ သယံဇာတများနှယ် များပြားလေသည်။

ကျန်းမုန့်လောင်က သူတို့၏ရုံးခွဲတစ်ခုကို ဖျက်ဆီးလိုက်ရုံသာမက စီဘော့စ်မိသားစု၏ ဘိုးဘွားသင်္ချိုင်းပေါ်တွင် ပါတီပွဲလုပ်ခဲ့လျှင်ပင် ကျန်းမုန့်လောင်က မည်သူမည်ဝါဖြစ်ကြောင်း သိသွားသည်နှင့် စကားတစ်ခွန်းပင် ဟရဲမည်မဟုတ်ချေ။ သူတို့က နောက်ခံတေးဂီတတောင် လိုက်တီးပေးကြဦးမည်သာ။

...

"ဒါက ကျွန်တော့်အိမ်ပဲ"

အိုင်းရင်းက ကျန်းမုန့်လောင်ကို သူ့စံအိမ်ဆီသို့ ခေါ်လာခဲ့လိုက်သည်။ ဤသည်မှာ အရှင်သခင်တစ်ဦး၏ နေအိမ်ဖြစ်ပြီး ဇနီးမယားနှင့် သားသမီးတိုင်းအတွက်လည်း နေရာတစ်ခုစီရှိ၏။ သို့သော် အချိန်အများစုတွင် သူ့ညီအစ်ကိုမောင်နှမများနှင့် မိခင်များက ဤနေရာမှာ ရှိမနေတတ်ကြပေ။

"မဆိုးပါဘူး"

ကျန်းမုန့်လောင်ဟာ အဆင့်မြင့်နည်းပညာ၏ သက်သောင့်သက်သာရှိမှုကို သဘောကျနေလေသည်။

"တစ်နေ့ကျရင် ငါတို့ဂြိုဟ်ကိုလည်း ဒီလိုမျိုးပြန်ပြင်ရမယ်"

"ဟားဟားဟား... အစ်ကို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် ဒါက အစပဲရှိပါသေးတယ်"

အိုင်းရင်းက ပြုံးလိုက်ချေသည်။

"အိုင်းရင်း... မင်းက ပြန်လာရဲသေးတယ်ပေါ့လေ"

အိုင်းရင်း၏အခန်းထဲက အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒါက ဘယ်သူလဲ"

အိုင်းရင်း၏အခန်းထဲမှာ လူဆယ်ယောက်ကျော် ရောက်နေကြောင်း ကျန်းမုန့်လောင် သတိထားမိလိုက်သည်။ ယောကျာ်းရော မိန်းမများပါ ပါဝင်ပြီး အားလုံးက အိုင်းရင်းနှင့် ရုပ်ချင်းဆင်ကြသည်။

"မင်းရဲ့ ညီအစ်ကိုမောင်နှမတွေလား"

"ဟုတ်တယ်"

အိုင်းရင်း ခေါင်းညိတ်လိုက်သော်ငြား မျက်နှာကတော့ အနည်းငယ်ပျက်ယွင်းသွားသည်။ အရှင်သခင်၏ သားသမီးများအကြား အမွေဆက်ခံဖို့အတွက် ပြိုင်ဆိုင်မှုများက ပြင်းထန်လွန်းလှသည်။

"အိုင်းရင်း... မင်းက စီဘော့စ်ကော်ပိုရေးရှင်းကိုတောင် ရန်စရဲတယ်ပေါ့။ ရူးနေပြီလား"

"မင်း သူတို့ကို သွားတောင်းပန်သင့်တယ်။ ငါတို့မျိုးနွယ်စုကိုတော့ ဒီထဲဆွဲမထည့်ပါနဲ့"

"ဟုတ်တယ်... အဲဒါဆိုရင် သူတို့ မင်းကို လွှတ်ပေးရင် လွှတ်ပေးလိမ့်မယ်"

"သူ့ကို ဘာလို့ ရွေးချယ်စရာပေးနေမှာလဲ အစ်ကိုတို့ရာ။ သူ့ကို စီဘော့စ်ကော်ပိုရေးရှင်းဆီ အပ်လိုက်ကြစို့"

"ဟုတ်တယ်"

"တော်တော့"

ကျန်းမုန့်လောင်က အိုင်းရင်း၏ရှေ့မှာ ပိတ်ရပ်လိုက်သည်။

"မင်းတို့က ဘာပြောပိုင်ခွင့်ရှိလို့လဲ"

All Chapters