← Chapters

အရှင် ဘာတွေပြောနေတာလဲ

Vol. 54 Ch. 808

အရှင် ဘာတွေပြောနေတာလဲ

Vol. 54 Ch. 808

"ကျောင်းအုပ်ကြီး... ခင်ဗျား ဒီလောက်အထိ ဒုက္ခခံနေစရာမလိုပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိုလောရင့်စ်ဆိုတဲ့လူကို တိုက်ရိုက်ကိုင်တွယ်ခိုင်းလိုက်ရုံပါပဲ။ သူ့ဆီက စကားတစ်ခွန်းတည်းနဲ့တင် စီဘော့စ်ကော်ပိုရေးရှင်းကို မပြောနဲ့။ ကမ္ဘာမြေကို မျက်စိကျနေတဲ့ ဒူရန်ဒိုမျိုးနွယ်စုရဲ့ အရှင်သခင်တောင် ကြောက်သေးထွက်ကျသွားပါလိမ့်မယ်"

"မင်း ဘာမှမသိပါဘူး"

ကျန်းမုန့်လောင်က ပွစိပွစိပြောလေတော့သည်။

"မင်းရဲ့ဗျူဟာအမြင်တွေ ပျောက်သွားပြီလား။ ငါ့မှာ ခွန်အားအမှတ်တွေ ကုန်တော့မယ်။ အထာကျကျကြွားလုံးထုတ်ဖို့သာ အခွင့်အရေးထပ်မရှာရင် ပိုမိုက်တဲ့ဆရာတွေကို ဘယ်လိုလုပ်ပြီး ဆင့်ခေါ်နိုင်မှာလဲ။ အန္တရာယ်ကြုံလာတဲ့အခါ ငါ့ကိုယ်ငါ ဘယ်လိုကာကွယ်မလဲ"

"ငါကိုယ်တိုင် လူလုံးထွက်ပြပြီး ကြီးမားကျယ်ပြန့်တဲ့ ငါ့အဆက်အသွယ်တွေရဲ့ ဩဇာတိက္ကမကို သူတို့ခံစားရအောင် မလုပ်ရင် ဒီကိစ္စကို ဘယ်လိုလုပ်အောင်မြင်အောင် လုပ်နိုင်မှာလဲ"

"မင်း သိထားသင့်တယ်။ ဒီကမ္ဘာပေါ်မှာ ကြွားလုံးထုတ်တာနဲ့ ပတ်သက်လာရင် ကျန်းမုန့်လောင်ထက် ပိုနားလည်တဲ့လူ ဘယ်သူမှမရှိဘူး"

"ကြွားလုံးအရှင်သခင်ကြီး... ကျွန်တော် တောင်းပန်ပါတယ်"

...

"အရှင်အိုလောရင့်စ်... ကျွန်တော့်ကို ရှာနေတာလား"

ကျန်းမုန့်လောင်နှင့် ဖုန်းပြောပြီးနောက် အိုလောရင့်စ်သည် အိုင်ဇက်မျိုးနွယ်စု၏ အရှင်သခင် ရီနိုအိုင်ဇက်ထံသို့ ချက်ချင်း ဆက်သွယ်လိုက်သည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စီဘော့စ်ကော်ပိုရေးရှင်းကိစ္စကြောင့် ရီနို၏ ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးဖိထားသလို ဂနာမငြိမ်ဖြစ်နေခဲ့သည်။

အိုလောရင့်စ်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိလိုက်သည်နှင့် ရီနို၏ခေါင်းထဲ ဗလာကျင်းသွားလေသည်။ စီဘော့စ်ကော်ပိုရေးရှင်းက ဤကိစ္စကို ကိုင်တွယ်ပေးဖို့ ဂလက်ဆီအရှင်သခင်ကိုများ သွားရှာခဲ့လေသလား။

သို့သော် အရှင့်အတွက်ကတော့ ဤကိစ္စမှာ ပြဿနာသေးသေးလေးမျှသာ။ စီဘော့စ်ကော်ပိုရေးရှင်းက လူများအနေနှင့် သူတို့ဘာသာ အပြည့်အဝကိုင်တွယ်နိုင်စွမ်းရှိသည်။ အဘယ်ကြောင့်များ အရှင်သခင်ကိုယ်တိုင် ဝင်ပါရလောက်အောင်အထိ အနှောင့်အယှက်ပေးမည်နည်း။ ဤသည်မှာ ခြင်ကို အမြောက်နှင့်ပစ်သလို ဖြစ်မနေဘူးလား။

"ရီနို... မင်းရဲ့အိုင်ဇက်မျိုးနွယ်စုကို ရောင်းဖို့ စိတ်ဝင်စားလား"

အိုလောရင့်စ်က လိုရင်းကိုသာ တန်းပြောလိုက်သည်။

"ဟင်"

ကပ်ဘေးဆိုက်တော့မည်ဟု ခေါင်းထဲတွင် ပုံဖော်တွေးတောနေမိသောကြောင့် ဤမေးခွန်းက သူ့ကို ကြက်သေသေသွားစေသည်။

အရှင်သခင်က သူ့ကို စာရင်းလာရှင်းတာ မဟုတ်ဘူးလား...

"လေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်က မင်းရဲ့ အိုင်ဇက်မျိုးနွယ်စုကိုဝယ်ဖို့ စိတ်ဝင်စားနေတယ်။ သူက စကြာဝဠာဒင်္ဂါးသန်းတစ်ရာပေးမယ်လို့ ကမ်းလှမ်းထားတယ်။ မင်း ရောင်းချင်လား"

"စကြာဝဠာဒင်္ဂါးသန်းတစ်ရာလား"

အကယ်၍ ကောင်းကင်ဘုံကသာ ကံကောင်းခြင်းကို ချပေးနိုင်သည်ဆိုလျှင် ယခုဖြစ်ပျက်သွားသော ကိစ္စက သေချာပေါက် ထိုကဲ့သို့သောကိစ္စမျိုးပင်။

သူ၏ အိုင်ဇက်မျိုးနွယ်စုတွင် အဆင့်တစ်မျိုးနွယ်စုပေါင်းတစ်ထောင်ကျော်ပါဝင်သော်လည်း မည်သည့်မျိုးနွယ်စုကမှ ကြီးကြီးမားမား တိုးတက်မှုမရှိကြပေ။ အဆင့်မြင့်အဆင့်တစ်မျိုးနွယ်စုများမှာ ငါးရာခိုင်နှုန်းပင်မပြည့်ချေ။ အများစုမှာ အခြေခံအဆင့်များတွင်သာ ရှိနေဆဲပင်။ ပျမ်းမျှအားဖြင့် မျိုးနွယ်စုတစ်ခုချင်းစီ၏ တန်ဖိုးမှာ စကြဝဠာဒင်္ဂါးသုံးသောင်းခန့်သာရှိပြီး တစ်ခုလုံးကို ပေါင်းလိုက်လျှင်ပင် သန်းငါးဆယ်ခန့်သာ တန်ကြေးရှိသည်။

စကြာဝဠာဒင်္ဂါးသန်းတစ်ရာဟူသော ကမ်းလှမ်းချက်မှာ ထိုတန်ဖိုး၏ နှစ်ဆပင်။

သူသည် ဤငွေပမာဏကို မရှာနိုင်သည်တော့ မဟုတ်ပေ။ သို့သော် အခွန်ငွေများအပေါ်တွင်သာ မှီခိုနေရပါက ဤပမာဏကိုရရန် သူ့အတွက် နှစ်ပေါင်းသိန်းနှင့်ချီ၍ ကြာပေလိမ့်မည်။

သူသည် အမြဲတစေ သိုင်းပညာလမ်းစဉ်တွင် အဆင့်တက်နိုင်ရန် ကြိုးပမ်းနေသူဖြစ်၏။ ထိုသို့ အဆင့်တက်ရန်အတွက် ကြီးမားလှသော အရင်းအမြစ်များစွာကို လိုအပ်ပြီး သူ့နှစ်စဉ်အခွန်ဝင်ငွေမှာ ထိုအရာများအတွက် မလောက်ငှပေ။ စကြဝဠာဒင်္ဂါးသန်းတစ်ရာသာ ရှိမည်ဆိုလျှင် သူသည် အဆင့်လေးမျိုးနွယ်စု၏ သိုင်းကျောင်းတော်ကိုပင် ဝင်ရောက်နိုင်မည်ဖြစ်ပြီး သူ့တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်နိုင်မည်ဖြစ်၏။

ထို့ပြင် ယခုအချိန်ဝယ် သူသည် ခေါင်းကိုက်စရာကိစ္စကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။ မျိုးနွယ်စုကို ရောင်းချလိုက်ခြင်းမှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးကို လျော့ကျသွားစေမည်သာ။ သူ့အနေနှင့် လွတ်လပ်စွာ ထွက်ခွာနိုင်ပြီး မိသားစုကိုခေါ်ကာ ဘယ်နေရာကိုမဆို သွားနိုင်ပြီဖြစ်၏။ ထိုမျှဝေးကွာသောနေရာသို့ စီဘော့စ်ကော်ပိုရေးရှင်းပင် လိုက်နိုင်စွမ်းရှိတော့မည် မဟုတ်ပေ။

"ရောင်းပါ့မယ်။ သေချာပေါက်ရောင်းမှာပေါ့"

ရီနိုက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ စကြာဝဠာဒင်္ဂါးသန်းငါးဆယ်သာ ရမည်ဆိုလျှင် သူသည် မျိုးနွယ်စုကို တုံ့ဆိုင်းခြင်းမရှိဘဲ ရောင်းချပစ်မည်သာ။

"ကောင်းပြီ"

အိုလောရင့်စ်၏ မျက်နှာထက်တွင် ကျေနပ်အားရနေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။ ရီနိုက အဘယ်ကြောင့်များ ဤမျှ ရောင်းချချင်နေကြောင်း သူနားမလည်သော်လည်း ဤသို့သဘောတူလိုက်ခြင်းမှာ ကျန်းမုန့်လောင်ဘက်တွင် အဆင်ပြေသွားပြီဟု ဆိုလိုခြင်းပင်။

"သြော်... ဒါနဲ့ စကားမစပ် သူက အနီးအနားက အဆင့်နှစ်မျိုးနွယ်စုတော်တော်များများကိုပါ ဝယ်ထားသေးတယ်"

"သူက တစ်ခုထက်မက ဝယ်ထားတာလား"

"စုစုပေါင်း ဆယ်ခု"

အိုလောရင့်စ်က ပြောလိုက်သည်။ ဤစကြာဝဠာဒင်္ဂါး၆ဘီလီယံမှာ ဂလက်ဆီအတွင်းရှိ လူနေဂြိုဟ်အားလုံးနီးပါးကို ဝယ်ယူနိုင်သော်လည်း ဝယ်သူက ငွေသုံးရသည်ကို ဝန်မလေးသောကြောင့် အိုလောရင့်စ်အနေနှင့် ဆယ်ခုရောင်းချရန် ဆုံးဖြတ်ခဲ့သည်။

ဤရောင်းဝယ်မှုကတစ်ဆင့် သူသည် အနည်းဆုံး စကြာဝဠာဒင်္ဂါးငါးဘီလီယံခန့် အမြတ်အစွန်း ရရှိနိုင်မည်ဖြစ်၏။

"အဲဒီမျိုးနွယ်စုတွေရဲ့ အရှင်သခင်တွေကို မင်းဆီ လာခိုင်းလိုက်မယ်။ ပြီးတော့ ဝယ်သူကလည်း အခု မင်းတို့ဂြိုဟ်ပေါ်မှာ ရောက်နေလောက်ပြီ။ ပိုင်ဆိုင်မှုလွှဲပြောင်းတာတွေကို အပြီးသတ်ဖို့နဲ့ မင်းရဲ့အကောင့်ထဲ ငွေလွှဲပေးဖို့ မှတ်ပုံတင်ရုံးကို မင်းဆီ လွှတ်လိုက်မယ်"

"ဟုတ်ကဲ့"

"ကျွန်တော့်အိမ်မှာလား"

ရီနို ခေါင်းတကုတ်ကုတ်လုပ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ဝယ်သူကို အိုလောရင့်စ်က "လေးစားရတဲ့ပုဂ္ဂိုလ်" ဟု ရည်ညွှန်းပြောဆိုလိုက်ကြောင်း သူကြားလိုက်ရသည်။ အဆင့်သုံးမျိုးနွယ်စုမှ အရှင်သခင်တစ်ပါးက တစ်စုံတစ်ယောက်ကို "လေးစားရသူ"ဟု ခေါ်ဆိုလျှင် ထိုသူသည် အရေးပါသူတစ်ဦးဖြစ်ပြီး အနည်းဆုံး အဆင့်လေးမျိုးနွယ်စုမှ ဖြစ်ပေလိမ့်မည်။

သူတို့တွေက အဆင့်ငါးမျိုးနွယ်စုကများ ဖြစ်နေမလား။

ဤမျှအင်အားကြီးမားသူက သူ့အိမ်ထဲတွင် ရှိနေသည်ကို သူက မည်သို့နှယ် မသိရလေသလဲ။

အဆင့်နှစ်မျိုးနွယ်စုဆယ်ခုကို တစ်ပြိုင်နက်တည်း ဝယ်ယူရန်ဆိုသည်မှာ စကြဝဠာဒင်္ဂါးတစ်ဘီလီယံခန့် လိုအပ်မည်မဟုတ်ပါလော။

ဒီလူက ဘယ်သူများလဲ။

"မဖြစ်သေးဘူး။ ဟိုကလေးတွေကို ချက်ချင်းသွားအကြောင်းကြားမှပါ"

ရီနိုက ဆူညံပွက်လောရိုက်တတ်သော သူ့သားသမီးတစ်သိုက်ကို ရုတ်တရက်သတိရသွားသည်။ သူတို့ကများ အမှတ်တမဲ့ဖြင့် ဤအရေးကြီးပုဂ္ဂိုလ်ကို ပြစ်မှားမိပါက အိုင်ဇက်မျိုးနွယ်စုသာမက ဂလက်ဆီမျိုးနွယ်စုကြီးတစ်ခုလုံးပါ သုတ်သင်ခံရနိုင်ခြေရှိသည်။

...

ထိုနေ့က အိုင်းရင်း၏ မောင်နှမများက ကျန်းမုန့်လောင်ကို ဒုက္ခမပေးခဲ့ပေ။ သူတို့အားလုံးကို အိုင်းရင်း၏အိမ်တွင်သာ စုဝေးပြီး မည်သူ့ကိုမှ ထွက်မသွားစေရန် တားမြစ်ထားခဲ့သည်။ အရာအားလုံးကို ဖခင်ဖြစ်သူကသာ ဆုံးဖြတ်မည်ဖြစ်၏။

သို့သော် ရီနိုမှာ ယင်းကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိပေ။ သူသည် မျိုးနွယ်စု အရောင်းအဝယ်ကို မြန်မြန်ဆန်ဆန် အပြီးသတ်ပြီး အမြန်ဆုံးလစ်ပြေးချင်နေပေသည်။

ကျန်းမုန့်လောင်အတွက်ကတော့ သူသည် ယနေ့ထွက်သွားရန် ဘယ်တုန်းကမှ အစီအစဉ်မရှိခဲ့ပေ။ သူသည် အိုင်းရင်း၏အိမ်တွင် အေးအေးလူလူ လာရောက် အနားယူခြင်းမျှသာ။

ငြင်းမရသည့်အချက်မှာ အဆင့်နှစ်မျိုးနွယ်စု၏ ဂိမ်းများမှာ အဆင့်တစ်ထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်။ သူသည် အိုင်းရင်း၏အခန်းထဲတွင် တစ်ညလုံး ဂိမ်းကစားနေခဲ့ပြီး ထိုပုံရိပ်ယောင်ကမ္ဘာမှာ လက်တွေ့ကမ္ဘာထက် ပိုမိုပြည့်စုံကာ စိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။

...

နောက်တစ်နေ့တွင် အိုင်ဇက်မျိုးနွယ်စုသည် အထူးဧည့်သည်တော်တစ်စုကို ကြိုဆိုခဲ့ရသည်။ သူတို့မှာ အနီးအနားရှိ အဆင့်နှစ်မျိုးနွယ်စုများ၏ အရှင်သခင်များပင်။ သူတို့၏ အထူးအဆင့်အတန်းများကြောင့် ရီနိုသည် ဧည့်သည်များအတွက် သူ့သီးသန့်ကြိုဆိုရေးယာဉ်ပျံကိုပင် စေလွှတ်၍ သွားရောက်ကြိုဆိုစေခဲ့သည်။

ထိုဧည့်သည်များကို ဧည့်ခံရန်အတွက် ရီနိုသည် ဇနီးဖြစ်သူနှင့် အိုင်းရင်းအပါအဝင် သားသမီးများကိုပါ ခေါ်ယူခဲ့သည်။ သို့သော်လည်း အိုင်းရင်းမှာ အခြားမောင်နှမများ၏ ဖယ်ကြဉ်ခြင်းကိုခံထားရပြီး ကျန်းမုန့်လောင်နှင့်အတူ ထောင့်တစ်နေရာတွင် မနေ့က ကစားခဲ့သော ဂိမ်းများအကြောင်းကိုသာ စကားစမြည်ပြောဆိုနေခဲ့သည်။

"မတွေ့တာကြာပြီနော်... သူငယ်ချင်းဟောင်းတို့"

"ဟားဟားဟား... ဒီတစ်ခေါက် ငါတို့ ဒီလောက်ကံကောင်းမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါတို့ရဲ့မျိုးနွယ်စုတွေကို တစ်စုံတစ်ယောက်က နှစ်ဆဈေးနဲ့ ကမ်းလှမ်းလာတယ်လေ"

"ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်က ဘယ်သူများလဲလို့ သိချင်မိတယ်။ ငါကြားတာကတော့ ငါတို့ရဲ့မျိုးနွယ်စုတွေက အပိုဆုအနေနဲ့ပဲ ပါတာတဲ့။ အဲဒီပုဂ္ဂိုလ်က အစတုန်းက မင်းရဲ့အိုင်ဇက်မျိုးနွယ်စုကိုပဲ ဝယ်ချင်တာတဲ့"

"တကယ်လား။ ရီနို... ငါတို့ မင်းကို ကျေးဇူးတင်ရမှာပဲ"

"ဟင်"

ရီနိုမှာ လုံးဝစိတ်ရှုပ်ထွေးသွားပုံပေါ်သည်။ ဤအကြောင်းကို သူ လုံးဝမသိခဲ့ပေ။ ထိုကမ်းလှမ်းချက်က အိုင်ဇက်မျိုးနွယ်စုကို အဓိကရည်ရွယ်ခဲ့လေသလား။

"ငါကတော့ အဲဒီငွေတွေကို လာနီယာကီ သိုင်းပညာလမ်းစဉ်ကို ဝင်ဖို့အတွက် သုံးမယ်လို့ စဉ်းစားထားတယ်။ ငါ့ဘဝမှာ အဆင့်ငါးသက်ရှိကို ချိုးဖောက်ဝင်ရောက်နိုင်ကောင်းပါရဲ့"

"ဟားဟားဟား... အဆင့်ငါးသက်ရှိကတော့ အိပ်မက်သာ မက်နေလိုက်တော့။ အဆင့်ငါးမျိုးနွယ်စုကတောင် ပျမ်းမျှအားဖြင့် အဆင့်ခြောကါသက်ရှိတစ်ယောက်တည်းပဲ ထွက်နိုင်တာလေ"

"ငါကတော့ အဆင့်ငါးသက်ရှိအဆင့်ကို ရောက်ဖို့ မျှော်လင့်နေတာ။ နောက်ထပ်နှစ်ထောင်ပေါင်းများစွာ အသက်ဆက်ရှင်နေရရင်ကိုပဲ တော်တော်လေးကောင်းနေပါပြီ"

အရှင်သခင်များသည် အချင်းချင်း ရင်းနှီးစွာ စကားပြောဆိုနေကြပြီး ပုံမှန်အချိန်မှာပင် ဆက်ဆံရေးကောင်းမွန်ကြောင်း သိသာထင်ရှားလှသည်။

အဆင့်နှစ်မျိုးနွယ်စုများနှင့် သက်ဆိုင်သော အရောင်းအဝယ်များအတွက် ကြီးကြပ်ကွပ်ကဲရေး အဆင့်သုံးမျိုးနွယ်စုထံမှ မှတ်ပုံတင်ထောက်ခံချက် လိုအပ်သည်။ ဂလက်ဆီအရှင်သခင်ကတော့ မှတ်ပုံတင်အရာရှိသည် ယနေ့ အိုင်ဇက်မျိုးနွယ်စုဆီသို့ ရောက်ရှိလာမည်ဟု ဆိုထားသည်။

"သူတို့ ရောက်လာကြပြီ"

ငွေရောင်သန်းနေသော မီးခိုးရောင်ယာဉ်ပျံတစ်စင်းက ရီနို၏နေအိမ်အထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

မှတ်ပုံတင်ရုံးသည် မျိုးနွယ်စုအဆင့်ရှိသော အဖွဲ့အစည်းတစ်ခုပင်။ အကယ်၍ အဆင့်နှစ်မျိုးနွယ်စုတစ်ခုကသာ ခရိုင်တစ်ခုဖြစ်ခဲ့လျှင် အဆင့်သုံးမျိုးနွယ်စုသည် မြို့တော်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ရုံးမှာ မြို့တော်အစိုးရအဆင့်နှင့် တန်းတူပင်။

ဤသို့သော ယာဉ်ပျံများမှာ အဆင့်နှစ်မျိုးနွယ်စုများအတွင်းသို့ ဝင်ရောက်ရာတွင် ဆိပ်ကမ်းများတွင် ကြိုတင်ဆိုက်ကပ်ရန် မလိုအပ်ဘဲ လွတ်လပ်စွာ ဝင်ရောက်ခွင့်ရှိသည်။

"အားလုံး စုံပြီလား"

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခေါင်းအနည်းငယ်ပြောင်နေသော ဂလက်ဆီနယ်ခံတစ်ဦးက ယာဉ်ပျံပေါ်က ဆင်းလာသည်။ သူ၏သက်ရှိအဆင့်မှာ အဆင့်သုံးသာရှိပြီး အရှင်သခင်များထက် နိမ့်ကျသော်လည်း သူတို့အနေနှင့် သူ့ကို ရိုသေလေးစားရပေမည်။

"ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မျိုးနွယ်စုတွေကို ဝယ်မယ့် အရှင်သခင်က ဘယ်မှာလဲ"

"ဒီထဲမှာ မစ္စတာအိုင်းရင်းအိုင်ဇက်ဆိုတာ ဘယ်သူပါလဲ"

လူအုပ်ထဲရှိ အိုင်းရင်းခမျာ ခဏမျှ ကြက်သေသေသွားလေသည်။

"ကျွန်... ကျွန်တော်ပါ။ ဘာကိစ္စများ ရှိလို့လဲ"

မှတ်ပုံတင်အရာရှိ၏ အမူအရာမှာ ချက်ချင်းဆိုသလို အဆမတန်ရိုကျိုးနှိမ့်ချသွားပြီး အရှင်သခင်များကို ဆက်ဆံစဉ်ကထက်ပင် များစွာပိုနေတော့သည်။

"အရှင် ဘာတွေပြောနေတာလဲ။ ကျွန်တော်က အရှင့်အတွက် မျိုးနွယ်စုလွှဲပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ရောက်လာတာပေါ့"

All Chapters