အခန်း (၁၀၅၅-၁၀၅၆)
Vol. 106 Ch. 1055-1056
အခန်း (၁၀၅၅) လောကနိယာမ
ထွက်ခွာသွားပြီဖြစ်တဲ့ လီဝူဝမ့်နဲ့ ဝမ်ချုံစန်းတို့ဟာ ဖန့်ချန် လူတွေကို ခေါ်ထုတ်သွားပြီး မကြာခင်မှာတင် ပြန်လည်ပေါ်လာကြပါတယ်။
မကြာခင်မှာပဲ လုံမျိုးနွယ်စုထဲကနေ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ကို ပျံသန်းသွားကြပါတယ်။
တစ်ချိန်တည်းမှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်အာရုံ တစ်ခုဟာ ရေလှိုင်းတွေလိုမျိုး အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားပါတော့တယ်။
လုံမျိုးနွယ်စုနဲ့ မိုင်တစ်ရာကျော်အကွာက တောင်ကြားတစ်ခုမှာတော့ ဖန့်ချန်ဟာ တည်ငြိမ်စွာ ရပ်နေပါတယ်။
သူ့မျက်နှာမှာ ဘာခံစားချက်မှ မရှိပေမဲ့ ချွေးစက်တွေကတော့ တောက်လျှောက် စီးကျနေပါတယ်။
ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား တွေဟာ ကုန်ခမ်းနေပြီဖြစ်လို့ ပြန်လည်ပြည့်ဖြိုးလာချိန်မှာ မျက်လုံးအစုံထဲက ကြီးမားလှတဲ့ ဝိညာဉ်စွမ်းအားတွေကို ထုတ်သုံးပြီး ရိပ်ခြေဗုဒ္ဓပညာ ကို ဆက်လက်ထိန်းထားရပါတယ်။
စိတ်အာရုံတစ်ခု ဖြတ်သန်းသွားတာကို သူ ခံစားလိုက်ရပါတယ်။
သေချာတာကတော့ အဲဒီစိတ်အာရုံပိုင်ရှင်ဟာ လီဝူဝမ့်ပါပဲ။
ကံကောင်းတာက တစ်ဖက်လူဟာ အရိပ်ထဲမှာ ပုန်းနေတဲ့ သူတို့ကို မရိပ်မိခဲ့ပါဘူး။
လုံမျိုးနွယ်စု ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေမှာ လေးစားမှုတွေ ပါလာပါတယ်။
"မင်းရဲ့ အတတ်ပညာက... လီဝူဝမ့်ရဲ့ စိတ်အာရုံကနေတောင် လွတ်အောင် ပုန်းနိုင်တာလား"
လုံအောက်က မနေနိုင်ဘဲ မေးလိုက်ပါတယ်။
ဖန့်ချန် ဘာမှ ပြန်မပြောပါဘူး။
ထင်ထားတဲ့အတိုင်းပဲ စိတ်အာရုံနဲ့ ရှာဖွေခံနေရတဲ့ ခံစားချက်က ထပ်ပေါ်လာပြန်ပါတယ်။
တစ်ဖက်လူဟာ မြေပြင် တစ်လက်မမကျန်အောင် အပြန်ပြန်အလှန်လှန် ရှာဖွေနေတာပါ။
ဒါကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ဖန့်ချန်ဟာ သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ရိပ်ခြေဗုဒ္ဓပညာကို ရုပ်သိမ်းလိုက်ပါတယ်။
သူ့ပုံစံက အတော်လေး ပင်ပန်းနေပုံရပြီး လုံအောက်တို့ လူစုကို ကြည့်ကာ
"အားလုံးရဲ့ ကျင့်ကြံခြင်း အဆင့်တွေက မနိမ့်ကြပါဘူး၊ ကိုယ့်ဘာကိုယ်ပဲ အသက်လွတ်အောင် ပြေးကြတော့"
"မင်းက ဘယ်သူလဲ၊ ဘာလို့ ငါတို့ကို ကယ်တာလဲ မင်းနဲ့ လီချန်စန်းက..."
လုံအောက်က မျက်မှောင်ကြုတ်ပြီး မေးပါတယ်။
အားလုံးရဲ့ မျက်လုံးထဲမှာလည်း သံသယတွေ ရှိနေပါတယ်။
လီချန်စန်း ခေါ်လာတဲ့ ဓားကျင့်ကြံသူက သူတို့ကို ကယ်လိမ့်မယ်လို့ မထင်ထားခဲ့ကြလို့ပါ။
"ဒါတွေ မေးနေလို့ ဘာထူးမှာလဲ အခုချက်ချင်း မပြေးရင် ဒီနေရာကနေ လွတ်ဖို့ အခွင့်အရေးက တစ်ရာခိုင်နှုန်းတောင် မရှိတော့ဘူး"
ဖန့်ချန်က ခပ်အေးအေး ပြောပါတယ်။
"ကျေးဇူးတင်ပါတယ်"
လုံအောက်က လက်အုပ်ချီ ဂါရဝပြုပြီး ဒုတိယမျိုးနွယ်စု ကျင့်ကြံသူတွေကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွားပါတယ်။
အဲဒီနောက် တတိယမျိုးနွယ်စုနဲ့ စတုတ္ထမျိုးနွယ်စုတွေလည်း လိုက်သွားကြပါတယ်။
တတိယမျိုးနွယ်စုက လုံဝူကို အတင်းခေါ်သွားဖို့ ကြိုးစားပေမဲ့ ဖန့်ချန်က စိုက်ကြည့်လိုက်တာကြောင့် လက်လျှော့သွားကြပါတယ်။
"နဂါးပုလဲ... မင်းကို ပြန်ပေးမယ်"
ဖန့်ချန်က နဂါးပုလဲကို လုံဝူဆီ လှမ်းပစ်ပေးလိုက်ပါတယ်။
"ဖန့်ချန်အစ်ကို... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ ဒီနေရာကလည်း အစိမ်းသက်သက်ကြီး၊ ငါတို့ ဇနီးမောင်နှံ ဘယ်ကို ပြေးရမလဲ "
တုန်းဖန်းဟောက်ကျဲက ခါးသီးစွာ ပြုံးပြီး မေးပါတယ်။
"အဝေးဆုံးကို ပြေးဖို့ပဲ ရှိတာပေါ့ ငါ မင်းတို့ကို တစ်ထောက်လောက် လိုက်ပို့ပေးမယ်၊ ပြီးရင်တော့ ပုန်းနေကြတော့ လီချန်စန်းတို့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတာဆိုတော့ မင်းတို့ကို လိုက်သတ်ဖို့ လူအင်အား အများကြီး မသုံးနိုင်သေးဘူး"
ဖန့်ချန်က အသက်ပြင်းပြင်းရှူပြီး ရိပ်ခြေဗုဒ္ဓပညာကို ပြန်သုံးကာ သူတို့နှစ်ယောက်ကို ခေါ်ပြီး အမြန်ထွက်ခွာသွားပါတယ်။
ဒီအတောအတွင်းမှာ တုန်းဖန်းဟောက်ကျဲနဲ့ လုံဝူတို့ မမြင်ရတာကတော့ ရွှယ်စန်းတို့ရဲ့ ဝိညာဉ် တွေကို ပိုင်ချင်းမင်က သံကြိုးတွေနဲ့ သူတို့ရဲ့ ပုခုံးရိုး တွေကို ဖောက်ပြီး တောက်လျှောက် ဆွဲခေါ်လာတာပါပဲ။
လုံရှန်းတို့ လူစုဟာ အစက ပိုင်ချင်းမင်တို့ကို အမြင်မကြည်ပေမဲ့ ဖန့်ချန်က လုံအောက်တို့ကို ဘေးကင်းကင်း ကယ်ထုတ်သွားတာကို မြင်တော့မှ အမြင်ကြည်လင်သွားပြီး စိတ်ထဲမှာ အမျိုးမျိုး ခန့်မှန်းနေကြပါတော့တယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်...
စိတ်အာရုံ ဘယ်နှစ်ခါ ဖြတ်သွားမှန်း မသိတော့ပါဘူး။
ရက်အတော်ကြာတဲ့အထိ စိတ်အာရုံတွေ မလာတော့မှပဲ ဖန့်ချန်ဟာ ရပ်နားလိုက်ပါတယ်။
......
......
လုံမျိုးနွယ်စုမှာတော့ လီဝူဝမ့်ဟာ လီချန်စန်းနဲ့ လုချင်းရှူးတို့ကို အေးစက်စွာ ကြည့်နေပါတယ်။
"မင်းတို့ မျက်စိအောက်မှာတင် လုံမျိုးနွယ်စု ကျင့်ကြံသူတွေကို တစ်ယောက်ယောက်က ကယ်သွားတယ်၊ မင်းတို့မှာ ပြောစရာ စကား မရှိဘူးလား"
လီချန်စန်းက နှုတ်ဆိတ်နေပါတယ်။
လုချင်းရှူးက ခဏစဉ်းစားပြီး တိုးတိုးလေး ပြောတယ်
"ဆရာ... ဟိုမျိုးနွယ်စုကြီးတွေက အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေ ဝင်ပါတာများလား..."
ဒါကလွဲရင် သူ ဘာအကြောင်းပြချက်မှ မတွေ့ပါဘူး။
အဆင့် ၂ လွတ်လပ်သောမသေမျိုး ဆိုရင်တောင် လုံအောက်တို့ကို ကယ်သွားဖို့က ဒီလောက် မလွယ်ကူပါဘူး။
"လွတ်လပ်သောမသေမျိုး လက်ချက်ဆိုတာ သေချာပါတယ်၊ ဒါပေမဲ့ သူတို့က ငါ့ရဲ့ စိတ်အာရုံကို ဘယ်လို ရှောင်သွားတာလဲ "
ဝမ်ချုံစန်းက လီဝူဝမ့်ကို ကြည့်ပြီး သိချင်စိတ်နဲ့ မေးပါတယ်။
"ဒီလို နည်းလမ်းမျိုးက တာအိုပညာ ဖြစ်နိုင်တယ်"
လီဝူဝမ့်က ခပ်အေးအေး ပြောတယ်
"ဒီနယ်မြေမှာ ဂိုဏ်းကြီး သုံးခု ရှိတယ်၊ ယင်စိန့်ဂိုဏ်း ၊ နေမင်းဂိုဏ်း နဲ့ သောင်းတာအိုမျှော်စင် ဒီဂိုဏ်း သုံးခုလုံးက တာအိုဂိုဏ်း နဲ့ ပတ်သက်မှုတွေ အများကြီး ရှိတယ် ငါကိုယ်တိုင် သွားကြည့်မယ်၊ ငါ့ခေါင်းပေါ်ကို သူတို့ လက်လှမ်းရဲသလား ဆိုတာ"
"ဒီကိစ္စက သိပ်တော့ အရေးမကြီးပါဘူး၊ ငါတို့ရဲ့ အစီအစဉ်ကို မထိခိုက်နိုင်ပါဘူး"
ဝမ်ချုံစန်းက ရယ်ပြီး
"ငါ အရင်သွားနှင့်ပြီ၊ နှုတ်ဆက်ပါတယ်"
ဝမ်ချုံစန်း ထွက်သွားပြီးနောက် လီဝူဝမ့်က လီချန်စန်းကို ကြည့်ကာ
"နတ်ဘုရားလမ်းစဉ်ဂိုဏ်း ကိစ္စကို ပိုဂရုစိုက်ဦး ဖူယွမ်ကျူး ဘယ်လောက်အထိ ပုန်းနေနိုင်မလဲ ငါ ကြည့်ချင်တယ်"
"ဟုတ်ကဲ့ပါ အဖေ"
လီချန်စန်းက ခေါင်းငြိတ်လိုက်ပါတယ်။
......
......
"ဒီနေရာဆိုရင်... လုံခြုံလောက်ပါပြီ"
ဖန့်ချန်က တုန်းဖန်းဟောက်ကျဲနဲ့ လုံဝူကို ကြည့်ကာ ပြောပါတယ်။
"ဖန့်ချန်အစ်ကို... ငါတို့က ဇာတိတူတွေလေ သိလာတာလည်း နှစ်တွေ အများကြီး ရှိပြီပဲ ငါတို့ကို လမ်းစလေး တစ်ခုလောက် ပြပါဦး "
တုန်းဖန်းဟောက်ကျဲက အတင်း တောင်းဆိုပါတယ်။
"ဘယ်မှာ လမ်းစ ရှိမှာလဲ"
ဖန့်ချန်က ခါးသီးစွာ ပြုံးတယ်
"မင်း ကျုံးကျိုးကို ပြန်ချင်ရင် အခုလောလောဆယ် မဖြစ်နိုင်သေးဘူး၊ အရင် ပုန်းနေကြဦး"
"ဒါလည်း ဟုတ်တာပဲ..."
တုန်းဖန်းဟောက်ကျဲက ခေါင်းငြိတ်ပြီးနောက် အလျင်အမြန် ပြောတယ်
"ဟို လီဝူဝမ့်က လီချန်စန်းကို နတ်ဘုရားလမ်းစဉ်ဂိုဏ်းကို သွားရှင်းခိုင်းနေတယ်"
"ဖူဆရာ မှာ ရင်ဆိုင်ဖို့ နည်းလမ်း ရှိမှာပါ"
လုံဝူးက ပြောပါတယ်။
တုန်းဖန်းဟောက်ကျဲက ခေါင်းခါတယ်
"သူက နတ်ဘုရားလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆိုပေမဲ့ သူ့ခွန်အားက လီချန်စန်းနဲ့ လုချင်းရှူးတို့ကို မယှဉ်နိုင်ဘူး အဲဒီနှစ်ယောက်က လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတွေလေ သူတို့သာ တိုက်ရင် ကျုံးကျိုးမှာ ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး"
လုံဝူး နှုတ်ဆိတ်သွားပါတယ်။
"ဒီ လောကနိယာမ ကတော့..."
တုန်းဖန်းဟောက်ကျဲက မနေနိုင်ဘဲ ခေါင်းခါလိုက်ပြီး ဖန့်ချန်ကို လက်အုပ်ချီ ဂါရဝပြုလိုက်တယ်
"ငါတို့ ဇနီးမောင်နှံ သွားတော့မယ် ဖန့်ချန်အစ်ကိုနောက်မှ ပြန်ဆုံကြတာပေါ့"
"မလိုက်ပို့တော့ဘူးနော်"
ဖန့်ချန်က ခေါင်းငြိတ်လိုက်ပါတယ်။
သူတို့နှစ်ယောက် အမြင်အာရုံကနေ ပျောက်ကွယ်သွားတဲ့အထိ ကြည့်နေပြီးမှ ဖန့်ချန်ရဲ့ အကြည့်က ရွှယ်စန်းတို့ဆီ ရောက်သွားပါတယ်။
"သူ... ငါ့ကို မြင်နေရတာလား"
ရွှယ်စန်း အံ့ဩသွားပါတယ်။
အားလုံး ဘာမှ မတုံ့ပြန်နိုင်ခင်မှာတင် သူတို့ရှေ့မှာ အဆုံးအစမရှိတဲ့ လမ်းမကြီးတစ်ခု ပေါ်လာပါတယ်။
"ဒါက..."
လုံရို့က တစ်ခုခုကို တွေးမိသွားပုံရပါတယ်။
"မရဏလမ်း လေ"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
"အာ မင်း တကယ်ပဲ ငါတို့ကို မြင်နေရတာလား"
လုံမျိုးနွယ်စုဝင် ဝိညာဉ်တွေဟာ အံ့ဩတကြီးနဲ့ ဖန့်ချန်အနား တိုးကပ်လာကြပါတယ်။
"ယင်လောကထဲကို ဝင်နိုင်တာလား... မင်းနဲ့ ယင်စန့်ဂိုဏ်း က ဘာပတ်သက်တာလဲ "
ရွှယ်စန်းရဲ့ မျက်နှာက ညှိုးမှိန်သွားပါတယ်။
"ဒီမှာ မင်း စကားပြောပိုင်ခွင့် ရှိလို့လား"
ပိုင်ချင်းမင်က ရယ်လိုက်ပြီး သံကြိုးတွေကို ဆွဲကာ ရွှယ်စန်းတို့ကို ယင်လောကလမ်းထဲ ဆွဲခေါ်သွားပါတော့တယ်။
"ယင်လောကလမ်း... ကြည့်ရတာ ငါတို့ အားလုံး လူပြန်ဝင်စားကြရတော့မှာပေါ့..."
လုံမျိုးနွယ်စုဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြပါတယ်။
ဒီဘဝမှာ နေလို့ မဝသေးခင်မှာပဲ နောက်ဘဝကို ရင်ဆိုင်ရတော့မယ်လေ။
နောက်ဘဝမှာကော သူဌေးမျိုးနွယ် ဖြစ်ပါဦးမလား မသိဘူး။
မရဏလမ်းမှာ အောင်ပွဲခံတဲ့ အဖွဲ့အစည်းတစ်ခုက စောင့်ဆိုင်းနေတာ ကြာပါပြီ။
ပန်ဆန်း ၊ မယ်တော်စီ တို့အပြင် ထိုက်ယင်နဂါးမင်းကြီး နဲ့ ရှီလုံ တို့ကိုပါ ဖန့်ချန်က ခေါ်ထားပါတယ်။
အရေးပေါ် အခြေအနေတွေအတွက် ပြင်ဆင်ထားတာပါ။
ကံကောင်းတာက ဒီတစ်ခါတော့ အဆင်ပြေပြေနဲ့ လီဝူဝမ့်တို့နဲ့ ထိပ်တိုက် မတွေ့ခဲ့ပါဘူး။
မဟုတ်ရင်တော့... ဒီယင်လောက မိစ္ဆာကြီး လေးပါးတောင် တစ်ဖက်လူရဲ့ ဓားတစ်ချက်ကို တောင့်ခံနိုင်ပါ့မလား မသိပါဘူး။
လုံမျိုးနွယ်စုဝင်တွေဟာ ဒီအဖွဲ့အစည်းကို မြင်တော့ ယင်အရှိန်အဝါတွေက ကြောက်စရာကောင်းလွန်းလို့ ဆက်မသွားရဲဘဲ ရှိနေကြပါတယ်။
ဒါပေမဲ့ တစ်ဖက်က မောင်းတီး၊ ဗုံတီးပြီး သူတို့ဆီကို ဝမ်းသာအားရ ကြိုဆိုဖို့ လာနေကြပါတယ်။
"မကြောက်ကြနဲ့၊ ဖန့်ဂျူနီယာရဲ့ လူတွေပါ"
ပိုင်ချင်းမင်က ပြုံးပြီး ပြောပါတယ်။
ဒီအဖွဲ့အစည်းက နီးကပ်လာတာနဲ့အမျှ ဝိညာဉ်အုပ်စုဟာ ထိတ်လန့်စရာကောင်းတဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူရတာတောင် ခက်ခဲသလို ခံစားရပါတယ်။
ဖုတုန်းဟိုင်ဟာ မျက်နှာဖြူလျော့စွာနဲ့ ရွှယ်စန်းရဲ့ နောက်မှာ ရပ်နေရင်းက ရုတ်တရက် တစ်ခုခုကို မြင်လိုက်ရပြီး မယုံနိုင်သလို ဖြစ်သွားပါတယ်။
ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခု... တစ်ယောက်က မောင်းတီးနေပြီး၊ နောက်တစ်ယောက်ကတော့ ထူးဆန်းတဲ့ အပြုံးကြီးနဲ့ အဖွဲ့အစည်း ဘေးနားကနေ လက်ခုပ်တီးနေတာပါပဲ။
အခန်း (၁၀၅၆) သတင်းကောင်းတစ်ခု
ရောက်ရှိနေတဲ့ လုံမျိုးနွယ်စုဝင်တွေထဲမှာ ယွန်းလူမြို့ ကို ရောက်ဖူးသူ တော်တော်များများ ပါဝင်ပါတယ်။
သူတို့တွေက ဒီအဖွဲ့အစည်းကို သေသေချာချာ ကြည့်လိုက်တဲ့အခါ ကျောက်မင်ရွှမ်နဲ့ စုန်းကုတို့ကို တစ်ယောက်ပြီးတစ်ယောက် မှတ်မိသွားကြပါတယ်။
"ငါ မျက်စိမှားတာ မဟုတ်ဘူးမလား ဟိုမှာ မောင်းတီးနေတာ... ယွန်းလူမြို့က ကျောက်မင်ရွှမ် မဟုတ်လား"
"သူနဲ့ တူတယ်နော်..."
"ရှေ့ကနေ လက်ခုပ်တီးနေတဲ့သူက... ကျောက်မင်ရွှမ်နဲ့အတူ ပျောက်သွားတဲ့ စုန်းကု မဟုတ်လား "
"ပျောက်သွားတာ မဟုတ်ဘူး၊ သေချာပေါက် သေသွားတာပဲ"
လူတိုင်းရဲ့ စိတ်ထဲမှာ အမျိုးမျိုးသော ခံစားချက်တွေနဲ့အတူ အေးစိမ့်မှုကို ခံစားလိုက်ရပါတယ်။
အမှန်တရားက ပေါ်သွားပါပြီ။
ကျောက်ယွင်လူက လူမမှားခဲ့ပါဘူး၊ ကျောက်မင်ရွှမ်ဟာ တကယ်ပဲ ဖန့်ချန်ရဲ့ လက်ထဲမှာ သေဆုံးခဲ့တာပါ။
သူတို့တွေ ဖန့်ချန်ရဲ့ အစွမ်းတွေကို မြင်ဖူးသွားကြပါပြီ၊ သူ့ဘေးနားက လိုက်ပါလာတဲ့ ပုဂ္ဂိုလ်တွေဟာ အနည်းဆုံးတော့ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေ ဖြစ်ကြပါတယ်။
ကျောက်မင်ရွှမ်နဲ့ စုန်းကုတို့ကလည်း လုံရို့တို့ လူစုကို မြင်တဲ့အခါ သူတို့မျက်နှာမှာ အနေရခက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
အသက်ရှင်ဖို့အတွက် သူတို့ လက်ထဲက အလုပ်တွေကို မရပ်ရဲကြပါဘူး။
ကံကောင်းတာက အခု သူတို့က ဝိညာဉ်တွေ ဖြစ်နေလို့ ရှက်တာကြောင့် မျက်နှာနီမြန်းတာမျိုး မဖြစ်ဘဲ လက်ရှိ အမူအရာအတိုင်း တည်တည်ငြိမ်ငြိမ် ဆက်နေနိုင်ကြပါတယ်။
အဖွဲ့အစည်း ရပ်တန့်သွားပြီးနောက် မယ်တော်စီ က လိုက်ကာကို ဖွင့်ကာ ထွက်လာပါတယ်။
သူမရဲ့ ဘေးမှာတော့ အစေခံမလေးလို ခေါင်းငုံ့လိုက်ပါလာသူက ယွီချင်းမေ ပါပဲ။
"နောက်ထပ် လွတ်လပ်သောမသေမျိုး တစ်ယောက်လား "
ရွှယ်စန်းတို့ လူစုဟာ ထိတ်လန့်သွားကြပါတယ်။
မယ်တော်စီ ပေးတဲ့ ခံစားချက်ဟာ သာမန်မဟုတ်ပါဘူး၊ အရင်က တိုက်ခိုက်ခဲ့တဲ့သူ (ပန်ဆန်း) နဲ့ အရှိန်အဝါချင်း ဆင်တူနေလို့ပါ။
အဲဒီနောက် သူတို့ရဲ့ အကြည့်က ထိုက်ယင်နဂါးမင်းကြီးနဲ့ ရှီလုံဆီ ရောက်သွားတဲ့အခါ ဒီနှစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က ပိုပြီး နက်နဲနေသလို၊ အရင်နှစ်ယောက်ထက်တောင် ပိုပြီး အစွမ်းထက်နေသလို ခံစားလိုက်ရပါတယ်။
လူတိုင်း စိတ်ထဲမှာ အသက်ရှူမှားမတတ် ထိတ်လန့်သွားကြပြီး ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေမှာ ကြောက်ရွံ့မှုနဲ့ ဝေခွဲမရမှုတွေ ရောယှက်နေပါတယ်။
ဒီလူက ဘယ်လို နောက်ခံမျိုး ရှိလို့ သူ့ဘေးမှာ လွတ်လပ်သောမသေမျိုး လေးယောက်တောင် ရှိနေရတာလဲ ဒီလေးယောက်အပြင်... တခြားသူတွေကော ရှိဦးမလား
"သခင်လေး... ဒီကောင်တွေကို ဘယ်လို စီမံရမလဲ"
မယ်တော်စီက ဦးစွာ ဂါရဝပြုလိုက်ပြီး ရွှယ်စန်းတို့ကို ပြုံးပြုံးလေး ကြည့်ကာ မေးပါတယ်။
"သူတို့ကို ဖူထူလောက ကို ခေါ်သွားပြီး စစ်မေးလိုက်ပါ"
ဖန့်ချန်က ရယ်ပြီး ပြောပါတယ်။
"အဓိက ဘာကို မေးရမလဲဆိုရင်..."
မယ်တော်စီက မျက်လုံးတစ်ချက် ဝေ့လိုက်ပါတယ်။
"ဘာမေးမေး ရပါတယ်၊ ငါ့လက်ထဲက အလုပ်တွေ ပြီးသွားရင် ငါကိုယ်တိုင် ထပ်မေးဦးမှာ"
ဖန့်ချန်က ပြောပါတယ်။
မယ်တော်စီက သဘောပေါက်သွားပါတယ်။
သူမရဲ့ တာဝန်က ရွှယ်စန်းတို့ကို စကားပြောတတ်အောင် သင်ပေးဖို့ပဲလေ၊ ဒါက အရမ်းလွယ်ပါတယ်။
"သခင်လေး... ဒီလူတွေက နဂါးကျွန် တွေလား"
ထိုက်ယင်နဂါးမင်းကြီးက လုံရို့တို့ကို ကြည့်ပြီး စဉ်းစားသလို မေးပါတယ်။
နဂါးကျွန်
လုံမျိုးနွယ်စုဝင် တော်တော်များများရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
သူတို့က နဂါးသွေးမျိုးနွယ်တွေလေ၊ နဂါးကျွန်ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးတာ ကြာပါပြီ။
ဖန့်ချန်က ခပ်တိုးတိုး ခေါင်းငြိတ်လိုက်တယ်
"အခု ချုပ်နှောင်လေလွင့်မြေ မှာ အပြောင်းအလဲတွေ ဖြစ်နေတယ်၊ ရန်သူရဲ့ အစွမ်းက မနည်းဘူး၊ အဆင့် ၃ ဓားကျင့်ကြံသူတွေ ပါနေတယ် အားလုံးပဲ ဖူထူလောကကို အရင်ပြန်ကြပါ ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှပဲ အေးအေးဆေးဆေး တိုင်ပင်ကြတာပေါ့"
ဖန့်ချန်က လုံရို့ကို ကြည့်ပြီး
"လုံရို့ မယ်တော်စီက မင်းတို့ကို ကောင်းကောင်း စီစဉ်ပေးပါလိမ့်မယ်၊ သူမနဲ့ လိုက်သွားလိုက်ပါ"
"ငါတို့ကြားက သဘောတူညီချက်က..."
လုံရို့က စိုးရိမ်တကြီး မေးပါတယ်။
"အတည်ပါပဲ"
ဖန့်ချန်က ခေါင်းငြိတ်ပြလိုက်ပါတယ်။
အဲဒီတော့မှ လုံရို့ဟာ သက်ပြင်းချနိုင်ပါတော့တယ်။
ဖန့်ချန်က ဝိညာဉ်တံတားကို ဖွင့်ပြီး လူတိုင်းကို ပို့ဆောင်လိုက်ကာ ရှီလုံ တစ်ယောက်တည်းကိုပဲ ချန်ထားခဲ့ပါတယ်။
"ရှီလုံ... ပြီးခဲ့တဲ့ရက်က မယ်တော်စီ ပြောတယ်၊ အဆင့် ၂ ယင်မိစ္ဆာကြီးတွေက ခင်ဗျားတို့နဲ့ ဆွေးနွေးချင်နေကြတယ်ဆို၊ ဘယ်လိုဖြစ်သွားပြီလဲ"
"သူတို့ တောင်းဆိုတဲ့ အခြေအနေတွေက နည်းနည်းတော့ လွန်လွန်းနေလို့ ကျွန်တော် ငြင်းလိုက်ပါတယ်"
ရှီလုံက ပြောပါတယ်။
"ပြောပြပါဦး"
ဖန့်ချန်က စိတ်ဝင်တစား မေးပါတယ်။
ရှီလုံက ရယ်လိုက်ပြီး
"သူတို့က ဘွဲ့ထူး တော့ လိုချင်ကြတယ်၊ ဒါပေမဲ့ သခင်လေးရဲ့ ထိန်းချုပ်မှုကိုတော့ မခံချင်ကြဘူး သခင်လေးက အကူအညီ လိုတဲ့အခါ သူတို့ စဉ်းစားကြည့်လို့ အန္တရာယ် များမယ်ထင်ရင် ငြင်းပိုင်ခွင့် လိုချင်ကြတာပါ ဒါတွေက သူတို့ရဲ့ အခြေအနေတွေပဲ၊ သခင်လေးသာ သဘောတူရင် သူတို့ ဘွဲ့ထူးကို လက်ခံမယ်လို့ ပြောပါတယ်"
"ဒါက ဆုတောင်းနေတာပဲ"
ဖန့်ချန်က ရယ်လိုက်ပြီး ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။
သူက အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ ယင်မိစ္ဆာတွေ လာရောက် ခိုလှုံတာကို လိုချင်တာ မှန်ပေမဲ့ အဲဒီအတွက်နဲ့တော့ အလျှော့ပေးမှာ မဟုတ်ပါဘူး။
မဟုတ်ရင် သတင်းပျံ့သွားတဲ့အခါ တစ်ချို့လူတွေက ပိုပြီး အတင့်ရဲလာကြမှာပါ။
ကျုံးကျိုး၊ နတ်ဘီလူးဂိုဏ်း ။
ဖန့်ချန် အနားမကပ်ဘဲ ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွာပြီး နတ်ဘီလူးဂိုဏ်းဆီ သွားလိုက်ပါတယ်။
မကြာခင်မှာပဲ တစ်ခုခု မှားယွင်းနေတာကို သူ သတိထားမိလိုက်ပါတယ်။
ကျယ်ပြောလှတဲ့ နတ်ဘီလူးဂိုဏ်းကြီး တစ်ခုလုံးဟာ ဘာမှမရှိတော့ဘဲ ဗလာကျင်းနေပါပြီ။
ဝိညာဉ်ကြောတွေ၊ ဝိညာဉ်စမ်းရေတွင်းတွေကအစ ဝိညာဉ်လယ်ကွင်းတွေ၊ ဝိညာဉ်သစ်ပင်တွေပါ လူတွေ တူးထုတ်ယူသွားကြတာပါ။
"ဒါက ဓားကျင့်ကြံသူတွေရဲ့ လက်ချက် မဟုတ်ဘူး၊ လီချန်စန်းရဲ့ အရှိန်ကလည်း ဒီလောက် မမြန်နိုင်ဘူး"
ဖန့်ချန်ရဲ့ မျက်နှာထားက ပြောင်းလဲသွားပါတယ်။
သူက ယင်လောကကို ကြားခံသုံးပြီးမှ ကျုံးကျိုးကို အလွယ်တကူ ပြန်လာနိုင်တာပါ။
လီချန်စန်းတို့လို ဂိုဏ်းချုပ် တွေ ဆိုရင်တောင် ခရီးသွားတဲ့နေရာမှာ ဖန့်ချန်နဲ့တော့ ကွာခြားချက်က မိုင်ပေါင်း သောင်းခြောက်ထောင်မက ဝေးပါတယ်။
"သခင်လေး... ဒီအနီးအနားမှာ ကျင့်ကြံသူတွေရဲ့ အရိပ်အယောင် လုံးဝ မရှိတော့ပါဘူး"
ရှီလုံက တိုးတိုးလေး ပြောပါတယ်။
"တခြားနေရာတွေကို ထပ်ကြည့်ရအောင်"
ကျုံးကျိုး၊ ဆင်စိမ်းဂိုဏ်း
နတ်ဘီလူးဂိုဏ်းလိုပဲ ဆင်စိမ်းဂိုဏ်းကြီး တစ်ခုလုံးဟာလည်း အသက်မဲ့နေပြီး လူရိပ်လူခြေ လုံးဝ မတွေ့ရပါဘူး။
ကျုံးကျိုး၊ မဟာတာအိုစာကြည့်တိုက် ။
ဒီနေရာလည်း လူသူ ကင်းမဲ့နေပါတယ်။
ကျုံးကျိုး၊ လင်ယွမ်ဓားဂိုဏ်း
တိတ်ဆိတ်ခြောက်ကပ်နေပြီး လေလွင့်ခွေး နှစ်ကောင် သုံးကောင်လောက်ပဲ ရှိပါတော့တယ်။
နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ဂိုဏ်းကြီး လေးခုစလုံးဟာ မသေမျိုးဘုရင် ကနေ အောက်ခြေ အဆင့်အထိ အကုန်လုံး ပျောက်ကွယ်သွားကြပါပြီ။
"ဒါက ဖူဆရာရဲ့ လက်ချက် ဖြစ်ရမယ်"
ဖန့်ချန် ခဏလောက် စဉ်းစားပြီး ပြုံးလိုက်ပါတယ်။
သေချာတာကတော့ ဖူယွမ်ကျူးဟာ လုံမျိုးနွယ်စု သေချာပေါက် ပျက်စီးတော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်း ဒီကိုပြန်လာပြီး နတ်ဘုရားလမ်းစဉ်ဂိုဏ်းက ကျင့်ကြံသူအားလုံးကို ခေါ်သွားတာပါပဲ။
အခုဆိုရင် သူတို့တွေ ဒီနေရာမှာ ရှိတော့မှာ မဟုတ်ပါဘူး။
ဝိုလုံကျောင်း
ဖန့်ချန် စိတ်ကူးရသွားပြီး ရှီလုံကို ခေါ်ကာ ယင်လောကကတစ်ဆင့် ယူဟွန့်မြို့ ကို ဖြတ်ပြီး ဝိုလုံကျောင်းဆီ ပြန်သွားပါတယ်။
အဲဒီမှာ မြင်လိုက်ရတာကတော့ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုပါပဲ။
"ဖန့်ချန်"
ရှန်ကျီ က နှုတ်ဆက်ပါတယ်။
ဒါပေမဲ့ သူမရဲ့ မျက်နှာထားကတော့ နည်းနည်း ထူးဆန်းနေပါတယ်။
သူတို့နှစ်ယောက် ခဏလောက် စကားပြောဖြစ်ကြတဲ့အခါ ရှန်ကျီ ဆီကနေ သိလိုက်ရတာကတော့ နတ်ဘုရားလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လူတွေကို ခေါ်သွားတာ အမှန်ပဲ ဆိုတာပါပဲ။
သူမကတော့ ဖန့်ချန်ကို စောင့်ပြီး အကြောင်းကြားပေးဖို့ တစ်မင် ကျန်ခဲ့တာပါ။
"ဂိုဏ်းချုပ်က ဒီအတွက် အစီအစဉ်တွေ ကြိုလုပ်ထားတာ ကြာပါပြီ၊ ငါတို့က ကျင့်ကြံဖို့ နေရာပြောင်းလိုက်တဲ့ သဘောပါပဲ၊ ကျင့်ကြံရမယ့် ပတ်ဝန်းကျင်က အရင်ကထက်တောင် အများကြီး ပိုကောင်းသေးတယ်"
ရှန်ကျီလက သက်ပြင်းတိုးတိုး ချလိုက်တယ်
"ဒါပေမဲ့... ကျုံးကျိုးက ဝိညာဥ်သုတ်သင်ဌာနကတော့..."
ဖန့်ချန်က စိတ်နဲ့ ဝိညာဥ်သုတ်သင်ဌာနရဲ့ တံဆိပ်ကို ကြည့်လိုက်တဲ့အခါ တကယ်ပဲ သက်မဲ့ပစ္စည်းတစ်ခုလို ဖြစ်နေပြီး အရင်လို ထူးခြားတဲ့ စွမ်းအားတွေ မရှိတော့တာကို တွေ့လိုက်ရပါတယ်။
"စွန့်လွှတ်လိုက်ပြီလား"
ဖန့်ချန်က မေးပါတယ်။
ရှန်ကျီ က ခဏလောက် နှုတ်ဆိတ်သွားပြီး
"ဂိုဏ်းချုပ်က ပြောတယ်၊ ခြေလှမ်းတစ်လှမ်း မှားသွားရင် နောက်ပိုင်း ခြေလှမ်းတိုင်းက မှားကုန်လိမ့်မယ်တဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကံကြမ္မာက ဟိုဘက်မှာ အရမ်း အားကောင်းနေပြီ ဌာနရဲ့ စွမ်းအားနဲ့ မတားဆီးနိုင်တော့ဘူး ငါတို့တွေ အလဟဿ အသက်မသေရအောင် ဌာနရဲ့ အစီအစဉ်အားလုံးကို ခေတ္တရပ်နားထားဖို့ သူ ဆုံးဖြတ်လိုက်တာပါ ဒါက ယာယီပဲလို့ သူ ပြောပါတယ်"
"ထားလိုက်ပါတော့"
ဖန့်ချန်က နားလည်ကြောင်း ခေါင်းငြိတ်ပြပါတယ်။
သူ့နေရာမှာ ဆိုရင်လည်း ဒီလို ဆုံးဖြတ်ချက်မျိုးပဲ ချမိမှာပါ။
ဌာနကို ခေတ္တရပ်နားထားတာက သွေးဝိညာဉ်ဂိုဏ်းကို ဒေါသ မထွက်စေဖို့နဲ့ နှစ်ဦးနှစ်ဖက် အကျိုးနည်းမယ့် ကိစ္စတွေကို ရှောင်ရှားဖို့ပါပဲ။
သူတို့နှစ်ယောက် ဆက်ပြီး စကားပြောကြရင်း ကျန်းထျန်းအိုက် လည်း ဒီမှာ ရှိနေကြောင်း သိလိုက်ရပါတယ်။
ရှန်ကျီ စောင့်ရှောက်ပေးထားတာကြောင့် သူမဟာ ကျုံးကျိုးမှာထက် ဒီမှာ ပိုပြီး ဘေးကင်းမှာပါ။
မကြာခင်မှာပဲ ရှန်ကျီ က ဖန့်ချန်ကို လိပ်စာတစ်ခု ပေးခဲ့ပြီး ထွက်ခွာသွားပါတယ်။
ဖန့်ချန်ကလည်း ဒီမှာ အကြာကြီး မနေပါဘူး။
ဖူယွမ်ကျူးက နောက်ဆက်တွဲ ပြင်ဆင်မှုတွေ လုပ်ထားသလို သူလည်း လုပ်စရာရှိတာတွေ လုပ်ရဦးမှာပါ။
ကျုံးကျိုး၊ တောရိုင်းကျောင်း ခန်းမ
ရွှင်အဘိုးအို ကတော့ အရင်အတိုင်းပဲ ဟောင်းနွမ်းနေတဲ့ လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း ဖန့်ချန်ကို ပြုံးပြုံးလေး ကြည့်နေပါတယ်။
"မင်းကို သတင်းကောင်းတစ်ခု ပြောရဦးမယ်"