← Chapters

အခန်း (၁၀၇၇-၁၀၇၈)

Vol. 108 Ch. 1077-1078

အခန်း (၁၀၇၇-၁၀၇၈)

Vol. 108 Ch. 1077-1078

​အခန်း (၁၀၇၇) ငါတို့မျိုးဆက်က အနာဂတ်အတွက် တိုက်ပွဲဝင်တာ

​ဖန့်ချန်ဟာ ဟုန်ချင်းက သူ့ရှေ့ကနေ ဖြတ်လျှောက်သွားတာကို သေချာစိုက်ကြည့်နေမိပါတယ်၊ သူ့ရဲ့ အမူအရာက အေးစက်တောင့်တင်းနေပြီး တခြားစက္ကူရုပ်တွေလိုပဲ အသက်ဓာတ် ကင်းမဲ့နေပါတယ်။

​တိုက်ရိုက်တပည့်တွေကို သစ်သီးနဲ့ အရက်တွေ ချပေးပြီးတဲ့နောက် သူက တခြားစက္ကူရုပ်တွေနဲ့အတူ ပွဲတော်ရဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး အမိန့်ကို ငြိမ်ငြိမ်လေး စောင့်နေပါတယ်။

​"တကယ်လို့ သူက ဟုန်ချင်းဆိုရင်... စီနီယာချင်းမုရဲ့ လက်ရှိအခြေအနေကလည်း သူ့ထက် သိပ်ထူးမှာ မဟုတ်ဘူး"

​ဖန့်ချန်၏ မျက်နှာထား လေးနက်သွားသည်။

​ချင်းမုဘိုးဘေးဟာလည်း ဒီနေရာက တာအိုကျင့်ကြံသူတွေရဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ် နဲ့ စက္ကူရုပ်အဖြစ် အလုပ်အကျွေးပြုဖို့ အသွင်ပြောင်းခံထားရတာ ဖြစ်ဖို့ များပါတယ်။

​အခုချိန်မှာ သူက ဟုန်ချင်းနဲ့ သွားပြီး အဆက်အသွယ်လုပ်လို့ မရပါဘူး မဟုတ်ရင် သူ့ကို ဝိညာဉ်သွင်းထားတဲ့ ကျင့်ကြံသူက ချက်ချင်း သိသွားပါလိမ့်မယ်။

​တစ်ခုတည်းသော နည်းလမ်းကတော့ အခွင့်အရေးရှာပြီး သူ့ကို ယင်လောက ထဲ ခေါ်သွားဖို့ပါပဲ ဒါပေမဲ့ ဒီလိုလုပ်တာကလည်း ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

​"စီနီယာချင်းမုနဲ့ ဟုန်ချင်းရဲ့ ဝိသေသက ဆရာယွမ်ဟယ်နဲ့ ပတ်သက်နေတာ၊ တကယ်လို့ စုန်းစုစုကို ခိုင်းပြီး သူတို့ကို တောင်းခိုင်းရင်လည်း သံသယဝင်စရာ ဖြစ်သွားနိုင်တယ်..."

​ဖန့်ချန် ခဏလောက် စဉ်းစားပြီးနောက် အခွင့်အရေးကို အသာစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

​အခု သဲလွန်စအချို့ ရထားတာကပဲ ကံကောင်းတာပါ၊ ဒါက ချင်းမုဘိုးဘေးဟာလည်း ဒီနေရာမှာပဲ ရှိနေဖို့ သေချာသလောက် ရှိနေတာကို ပြနေတာပဲ။

​ချင်းမုကို ရှာတွေ့တာနဲ့ သူတို့ နှစ်ယောက်လုံးကို ခေါ်ပြီး ချက်ချင်း ထွက်သွားလို့ ရပါတယ်၊ သောင်းတာအိုမျှော်စင်ရဲ့ နည်းလမ်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း ယင်လောကထဲအထိတော့ လိုက်မလာနိုင်ပါဘူး။

​"နန်ကုန်းယွမ်ကျိန်း... မင်းညီကို ဘယ်သူသတ်လဲဆိုတာ တကယ် သိချင်ရင် မိတ်ဆွေနယဲ့ကို ဘာလို့ မမေးကြည့်တာလဲ"

ယန်ဟောက်ရန်က ရုတ်တရက် ရယ်မောကာ ပြောလိုက်ပါတယ်။

​လူတိုင်းရဲ့ အကြည့်တွေက ယင်စိန့်ဂိုဏ်းက အမျိုးသမီးဆီ ကျရောက်သွားပါတယ်။

​နယဲ့ယွမ်ချန့်က ခပ်ဖွဖွ ခေါင်းခါပြတယ်

"ယင်စိန့်ဂိုဏ်းက ကူညီစုံစမ်းပေးပြီးပါပြီ ဘာသဲလွန်စမှ မရှိပါဘူး ဒါ့အပြင် အခု ယင်လောကမှာ အပြောင်းအလဲတွေ ဖြစ်နေတယ် ငါတို့ ယင်စိန့်ဂိုဏ်းနဲ့ ရင်းနှီးတဲ့ တရားသူကြီးချုပ်ရုံး က အာဏာလုခံလိုက်ရတယ်... ခဏတဖြုတ်တော့ ငြိမ်ငြိမ်လေး နေရဦးမယ်"

​"ယင်လောကမှာလည်း အာဏာလုတာတွေ ရှိတာလား"

လူတိုင်း စိတ်ဝင်စားသွားကြပါတယ်။

​မဟာယန်ဂိုဏ်းက လူကတော့ စပ်စုတဲ့ မျက်နှာနဲ့

"မိတ်ဆွေနယဲ့... ယင်လောကမှာ မိန်းမလှလှလေးတွေ များလား "

​"များတော့ကော ဘာဖြစ်လဲ မများတော့ကော ဘာဖြစ်လဲ နင်သိချင်ရင် ကိုယ်တိုင် ဆင်းကြည့်ပါလား"

နယဲ့ယွမ်ချန့်က အေးဆေးစွာ ပြန်ပြောပါတယ်။

​မဟာယန်ဂိုဏ်းက လူဟာ ချက်ချင်းပဲ အားနာသလို ရယ်လိုက်တယ်

"ငါတို့က ယင်လောကကို ဘယ်လိုသွားရမှန်း မသိတာ၊ ဘယ်လို ဆင်းလို့ ရမှာလဲ"

​သူတို့ ယင်လောကသွားခြင်းအတတ် ကို တတ်ရင်တောင်မှ ယင်လောကကို အလွယ်တကူ သွားရဲမှာ မဟုတ်ပါဘူး။

ဖန်တီးရှင်ကြယ် ပေါ်မှာ ယင်လောကသွားဖို့ အတော်ဆုံးက ယင်စိန့်ဂိုဏ်းလေ။

​အဲဒီနေရာက သူတို့နယ်မြေပဲ၊ တကယ်လို့ တခြားလူက ခိုးသွားပြီး ယင်စိန့်ဂိုဏ်း ကျင့်ကြံသူတွေနဲ့ တိုးရင် အသာစီးရမှုက သူတို့လက်ထဲ ရောက်သွားမှာပါ။

​လူ့လောကမှာတော့ လူမှုရေးအရ အထင်လွဲတာလေးတွေ ရှိရင်တောင် အပြင်ပန်းမှာ ပြုံးပြုံးရယ်ရယ်နဲ့ ဓားနဲ့ လှံနဲ့ မဖြစ်ကြပါဘူး။

ဒါပေမဲ့ ယင်လောကထဲ ရောက်သွားရင်တော့ ယင်စိန့်ဂိုဏ်း ကျင့်ကြံသူတွေ စိတ်ထဲ ဘာတွေးနေမလဲဆိုတာ ဘယ်သူ အာမခံနိုင်မလဲ

​"မိတ်ဆွေနယဲ့... ဒီနေ့ ငါတို့တွေ ခဲခဲယဉ်ယဉ် ဆုံကြတာပဲ၊ ယင်လောကအကြောင်းလေး ငါတို့ကို ပြောပြပါဦးလား"

ချွီကောက ရယ်မောကာ မေးပါတယ်။

​အနားက တိုက်ရိုက်တပည့်တွေလည်း နားစွင့်နေကြပါတယ်၊ ယင်လောကအကြောင်းကို သူတို့လည်း အရမ်းစပ်စုချင်နေကြတာပါ။

​ယင်စိန့်ဂိုဏ်း ကျင့်ကြံသူတွေက ယင်လောကသွားရတာကို ဝါသနာပါတာကို ကြည့်ရင် အဲဒီမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ရှိနေမှာ သေချာပါတယ်။

ဒါကြောင့်လည်း ယင်စိန့်ဂိုဏ်း ကျင့်ကြံသူတွေရဲ့ အဆင့်တက်နှုန်းက သူတို့ထက် ပိုမြန်နေတာပေါ့။

​"ယင်လောက ကိစ္စက... ပြောရခက်တယ်၊ ဝိညာဉ်ခရီးသွားပြီး အဲဒီကို ရောက်သွားရင် ငါတို့လို ကျင့်ကြံသူတွေတောင်မှ အဲဒီက စည်းကမ်းတွေကို လိုက်နာရမယ်လို့ပဲ ပြောလို့ ရမယ်"

နယဲ့ယွမ်ချန့်က ခပ်ဖွဖွ ခေါင်းခါပြပြီး စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

သူမက ယင်လောကအကြောင်း အများကြီး မပြောပြချင်တာ သိသာပါတယ်။

​"ငါတို့ အဲဒီဓားကျင့်ကြံသူတွေအကြောင်း ပြောကြရအောင်"

​နယဲ့ယွမ်ချန့်ရဲ့ အကြည့်က လေးနက်သွားပြီး လူတိုင်းကို ဝေ့ကြည့်လိုက်တယ်

"ငါ့ဂိုဏ်းက လူကြီးတွေက ဒီကိစ္စကို အရမ်းအာရုံစိုက်နေကြတယ်၊ မင်းတို့နောက်ကွယ်က လူကြီးတွေကော ဒီကိစ္စကို ဘယ်လိုမြင်လဲ"

​လူတိုင်း၏ အမူအရာ လှုပ်ခတ်သွားသည်။

အထူးသဖြင့် လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်က လာတဲ့ တိုက်ရိုက်တပည့်တွေဟာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ယန်ဟောက်ရန်တို့ကို စိုးရိမ်တကြီး ကြည့်နေကြပါတယ်။

​ဒီလူတွေက ဒီဒေသမှာ အသက်အငယ်ဆုံး လွတ်လပ်သောမသေမျိုးတွေ ဖြစ်တာကြောင့် သူတို့က အနာဂတ်ကို ကိုယ်စားပြုနေတာပါ။

သူတို့ပြောတဲ့ စကားတွေဟာ အဆင့် (၂) လွတ်လပ်သောမသေမျိုးတွေ၊ အဆင့် (၃) ဘိုးဘေးတွေရဲ့ သဘောထားနဲ့ အတူတူပါပဲ။

​ဖန့်ချန်လည်း ဒီအင်အားစုတွေက ဒီကိစ္စအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သိချင်နေမိပါတယ်။

​"အားလုံး သတိမထားမိကြဘူးလား၊ သောင်းတာအိုမျှော်စင်က ဓားကျင့်ကြံသူတွေ အကုန် ထွက်သွားကြပြီလေ"

ယန်ဟောက်ရန်က ခပ်ဖွဖွ ပြုံးကာ

"ငါတို့ဂိုဏ်းက ပိုင်ဆိုင်တဲ့ ဓားကျမ်းတွေကိုလည်း အဲဒီဓားကျင့်ကြံသူတွေလက်ထဲ အကုန် အပ်လိုက်ပြီ"

​"မဟာယန်ဂိုဏ်းလည်း အတူတူပါပဲ"

မဟာယန်ဂိုဏ်းက လူက ခေါင်းငြိတ်ပြတယ်

"ဂိုဏ်းလူကြီးတွေက ပြောတယ် ဓားကျင့်ကြံသူတွေထဲမှာ အဆင့် (၃) ပေါ်လာပြီဆိုတော့ အရင်လို ဆက်ဆံလို့ မရတော့ဘူးတဲ့ သူတို့လမ်းစဉ်ကလည်း မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ နောင်ဆိုရင် သူတို့ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ မှာထားတယ်"

​"ချွီမျိုးနွယ်ကတော့ ဘာမှ မရှိပါဘူး၊ သူတို့တွေ ဆက်ပြီး နယ်မြေမချဲ့ထွင်သရွေ့တော့ အေးအေးဆေးဆေး နေသွားလို့ ရပါတယ်"

ချွီကောက စဉ်းစားပြီး ပြောပါတယ်

​"တုမျိုးနွယ်လည်း အတူတူပါပဲ"

တုအန်းရှန်က ဆိုပါတယ်။

​"ကြားရတာတော့ ကောလာဟလတွေက အမှန်ပဲပေါ့ ဓားကျင့်ကြံသူတွေက ဒီမှာ ဂိုဏ်းထောင်တော့မယ်ဆိုပဲ၊ အဲဒီအချိန်ကျရင်ကော မင်းတို့ အေးအေးဆေးဆေး နေနိုင်ကြဦးမလား"

နယဲ့ယွမ်ချန့်က အေးစက်စွာ ပြောလိုက်ပါတယ်။

​နန်ကုန်းယွမ်ကျိန်းက ဘာမှ မပြောပေမဲ့ သူ့အမူအရာအရ ကျိုရှန်းတောင် သန့်စင်သောနယ်မြေကလည်း ဒီကိစ္စကို ဝင်မပါချင်တာ သိသာပါတယ်။

​ဒီတစ်ခေါက် ဓားကျင့်ကြံသူတွေက ချောင်ဖုန်းနယ်မြေရဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးလိုက်တာကြောင့် အင်အားစုတွေအားလုံး ပြန်ပြီး နေရာညှိကြရတော့မှာပါ။

ကျင့်ကြံသူတွေဆိုတာ အရင်းအမြစ်အတွက် တိုက်ပွဲဝင်ကြတာလေ၊ ဝိညာဉ်ကျောက်တုံး၊ မသေမျိုးကျောက်တုံး တွေ လုံလုံလောက်လောက် မရှိရင် ဘယ်မှာ မျိုးနွယ်ကြီး (၄) ခု၊ ဂိုဏ်းကြီး (၃) ခုနဲ့ ကျိုရှန်းတောင် ဆိုတာ ရှိလာမှာလဲ

တကယ်လို့ ဒါတွေကို လုယူခံရမယ်ဆိုရင်တော့ အေးအေးဆေးဆေး နေမယ် ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ပြေလည်သွားမှာ မဟုတ်ပါဘူး။

​"အားလုံးက အရမ်းစိုးရိမ်နေကြတာပဲ ကျိုရှန်းတောင်ကို ထားပါဦး သောင်းတာအိုမျှော်စင်ကိုပဲ ကြည့်၊ ဒီမှာ ရှိနေတာ ဘယ်လောက်တောင် ကြာပြီလဲ"

"သောင်းတာအိုမျှော်စင်မှာ ရှေးခေတ်ကနေ အခုအထိ ခန္ဓာကိုယ်ချုပ်ငြိမ်းသွားတဲ့ လွတ်လပ်သောမသေမျိုးတင် လူတစ်ရာကျော် ရှိတယ် မင်းတို့ ငါတို့က ငယ်ပါသေးတယ်၊ ငါတို့မျိုးဆက်က အနာဂတ်အတွက် တိုက်ပွဲဝင်တာပါ လက်ရှိကို ကြည့်နေတာ မဟုတ်ဘူး"

​ယန်ဟောက်ရန်က ပြုံးကာ ဆက်ပြောတယ်

"အခု အဆင့် (၃) ဓားကျင့်ကြံသူ ပေါ်လာတယ်ဆိုပေမဲ့ သူတို့ရဲ့ သက်တမ်းကတော့ ပြောင်းလဲမသွားပါဘူး၊ ငါတို့ရဲ့ သက်တမ်း ထက်ဝက်လောက်ပဲ ရှိတာပါ"

"ငါ သိသလောက်တော့ အဆင့် (၃) ဓားကျင့်ကြံသူ နှစ်ယောက်ကလွဲရင်၊ သူတို့လက်အောက်မှာ အဆင့် (၁) ဓားကျင့်ကြံသူ (၁၀) ယောက်ကျော်ပဲ ရှိတယ်၊ အဆင့် (၂) ဆိုတာ မရှိဘူး။ ဒါက ဘာကို ပြနေတာလဲ"

​လူတိုင်း၏ အကြည့်များ လှုပ်ခတ်သွားသည်။

​ဒါက ဒီဓားကျင့်ကြံသူတွေရဲ့ အခြေခံက နိမ့်ပါးနေသေးတာကို ပြနေတာပါ။

အဲဒီ အဆင့် (၃) နှစ်ယောက် ပေါ်လာတာကလည်း တစ်ခုခုကို သုံးပြီး လုပ်ထားတာ ဖြစ်နိုင်ပါတယ်။

အချိန်တစ်ခု ကြာသွားလို့ အဲဒီ အဆင့် (၃) နှစ်ယောက်သာ ခန္ဓာကိုယ်ချုပ်ငြိမ်းသွားရင် ချောင်ဖုန်းနယ်မြေရဲ့ အခြေအနေက အရင်လို ချက်ချင်း ပြန်ဖြစ်သွားမှာပါ။

သူတို့ လုံမျိုးနွယ်၊ စုန်းမျိုးနွယ်တွေဆီက လုယူထားတဲ့ ဝိညာဉ်ကြောတွေ၊ စီးပွားရေးတွေကို ကျန်တဲ့ မျိုးနွယ်ကြီး နှစ်ခု၊ ဂိုဏ်းကြီး သုံးခုနဲ့ ကျိုရှန်းတောင်တို့က ပြန်ပြီး ခွဲဝေယူကြမှာပါ။

​"တကယ်ကြီး အဆင့် (၃) ဓားကျင့်ကြံသူ နောက်တစ်ယောက် ရှိနေတာပဲ"

ဖန့်ချန်၏ အကြည့်က လှုပ်ခတ်သွားသည်။

​လီဝူဝမ့်က လုံမျိုးနွယ်ကို ကိုင်တွယ်ခဲ့တာဆိုတော့၊ စုန်းမျိုးနွယ်ကို ကိုင်တွယ်ခဲ့တဲ့ အဆင့် (၃) ဓားကျင့်ကြံသူက ဘယ်သူဖြစ်မလဲ

​ဒီနေရာက လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်က လာတဲ့ တပည့်တွေဟာ ယန်ဟောက်ရန်တို့ရဲ့ စကားကို ကြားတဲ့အခါ အတော်လေး စိတ်အားငယ်သွားကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းပြောတဲ့ စကားတွေကြောင့် သူတို့ စိတ်ပြန်တင်းလိုက်နိုင်ပါတယ်။

ဟုတ်တာပေါ့၊ နောက်ထပ် နှစ်အနည်းငယ် ကြာရင် ဒီဓားကျင့်ကြံသူတွေက အရင်လိုပဲ ပြန်ဖြစ်သွားမှာပါ။

​လူတိုင်း စကားကောင်းနေကြစဉ်၊ ပွဲတော်ပြီးခါနီးအချိန်မှာတော့ ထူးခြားတဲ့ အငွေ့အသက်တစ်ခု အဝေးကနေ နီးကပ်လာပါတယ်၊ လူတိုင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ လူတစ်ယောက်က ဓားပျံအတတ် ကို သုံးပြီး သူတို့ခေါင်းပေါ်ကနေ ပျံသန်းသွားတာကို မြင်လိုက်ရပါတယ်။

​အားလုံး တိတ်ဆိတ်သွားကြပါတယ်။

​အရင်တုန်းကဆိုရင် ဘယ်ဓားကျင့်ကြံသူက ဒီလောက်အထိ မောက်မာရဲမှာလဲ

အခုလေးတင် ဖြတ်သွားတဲ့ ဓားအလင်းတန်းရဲ့ အငွေ့အသက်က သိသိသာသာကို လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ တစ်ယောက်ပါ။

​ဒါပေမဲ့ သောင်းတာအိုမျှော်စင်မှာ ရှိတဲ့ တစ်ဦးတည်းသော လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူကတော့ တခြားဓားကျင့်ကြံသူတွေကို ခေါ်ပြီး ထွက်သွားတာ ကြာပါပြီ။

အခု ရုတ်တရက် ပေါ်လာတဲ့ ဒီဓားကျင့်ကြံသူက ဘယ်သူလဲ

​လူတိုင်း မျက်နှာပျက်နေစဉ်မှာပဲ၊ လီချန်စန်း သောင်းတာအိုမျှော်စင်ကို ရောက်လာပြီဖြစ်ကြောင်း လူတစ်ယောက်က လာသတင်းပို့ပါတယ်။

​ဖန့်ချန်က ဒီသတင်းကို ကြားတာနဲ့ ဓားကျင့်ကြံသူ ထွက်ခွာသွားတဲ့ ဘက်ကို လိုက်သွားပါတော့တယ်။

​အခန်း (၁၀၇၈) ဘေးလွတ်ရာ ရှောင်ရှားခြင်း

​သောင်းတာအိုမျှော်စင် အတွင်းဂိုဏ်းရဲ့ ကျင့်ကြံခြင်းနယ်မြေ တစ်ခုရဲ့ အပြင်ဘက်မှာတော့ ဓားကျင့်ကြံသူ အုပ်စုလိုက် ရပ်နေကြပါတယ်၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အနည်းဆုံး အထက်သုံးဆင့် တွေ ဖြစ်ကြပါတယ်။

​ဒီနေရာကနေ ဖြတ်သွားတဲ့ သောင်းတာအိုမျှော်စင် ကျင့်ကြံသူတွေဟာ တအံ့တဩ ကြည့်သွားကြပြီး တိုးတိုးတိတ်တိတ် မျက်ရိပ်ပြနေကြပါတယ်။

​အခုအချိန်မှာတော့ ဓားကျင့်ကြံသူတွေဟာ အရင်နဲ့ လုံးဝ မတူတော့ပါဘူး၊ ဓားကျင့်ကြံသူတွေထဲမှာ အဆင့် (၃) လွတ်လပ်သောမသေမျိုး နှစ်ယောက် ပေါ်ထွက်လာတာကြောင့် သူတို့ရဲ့ အဆင့်အတန်းက အကြီးအကျယ် မြင့်တက်သွားခဲ့ပါပြီ။

သောင်းတာအိုမျှော်စင် ကျင့်ကြံသူတွေဟာ သူတို့ကွယ်ရာမှာတောင် မကောင်းမပြောရဲကြတော့ဘဲ ဒီဓားကျင့်ကြံသူ အုပ်စုကြီး သောင်းတာအိုမျှော်စင်ကို လာရတဲ့ ရည်ရွယ်ချက်ကိုပဲ ခန့်မှန်းနေကြပါတယ်။

​ဖန့်ချန်ကတော့ အပြင်က ဓားကျင့်ကြံသူတွေကို လျစ်လျူရှုပြီး နယ်မြေအနက်ပိုင်းအထိ အတားအဆီးမရှိ ဝင်သွားတဲ့အခါ လီချန်စန်းဟာ ဆံပင်ဖြူတာအိုဆရာကြီး တစ်ယောက်နဲ့ စကားပြောနေတာကို မြင်လိုက်ရပါတယ်။

​လီချန်စန်းအပြင်၊ မလှမ်းမကမ်းမှာလည်း အငွေ့အသက်အရ လုချင်းရှုနဲ့ အဆင့်တူတဲ့ အဆင့် (၁) လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ တစ်ယောက် ရပ်နေပါတယ်။

​မလွဲနိုင်တာကတော့ ဒီလူဟာ ခုနက ယန်ဟောက်ရန်တို့ ခေါင်းပေါ်ကနေ တမင်သက်သက် ပျံသန်းသွားတဲ့ ဓားကျင့်ကြံသူ ဖြစ်ပါလိမ့်မယ်။

​"ယွင်တိန့်ဆရာကြီး... ချင်းမု ဘယ်မှာလဲ"

လီချန်စန်းက လက်အုပ်ချီကာ ပြုံးပြီး မေးပါတယ်။

​ဆံပင်ဖြူတာအိုဆရာကြီးက ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ့နောက်မှာ စက္ကူရုပ်တစ်ရုပ် ပေါ်လာပါတယ်။

​ဖန့်ချန်၏ အကြည့်များ တင်းမာသွားသည်။

သူ ခန့်မှန်းခဲ့တာ မှန်သွားပါပြီ၊ ချင်းမုဟာ ဟုန်ချင်းလိုပဲ ဝိညာဉ်ပူးကပ်ခြင်းအတတ် နဲ့ အစားထိုးခံလိုက်ရပါပြီ။

​ချင်းမုဘိုးဘေးရဲ့ မျက်နှာက တောင့်တင်းနေပေမဲ့ လီချန်စန်းကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့မျက်လုံးထဲမှာ နာကျည်းမှု အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားပါတယ်။

​ဒါကလွဲရင် သူဟာ အနီးအနားက တခြားစက္ကူရုပ်တွေနဲ့ ဘာမှမခြားနားပါဘူး။

​ဖန့်ချန် ဒီနေရာကို ရောက်လာတော့မှ ဒီနေရာမှာ ဝိညာဉ်သွင်းခံထားရတဲ့ စက္ကူရုပ်တွေက အရမ်းများနေတာကို တွေ့လိုက်ရတာပါ။

ရှေ့က ယွင်တိန့်ဆရာကြီး ဆိုတဲ့လူဟာ ဒီဝိညာဉ်ပူးကပ်ခြင်းအတတ်ကို အထူးတလည် ဝါသနာပါတဲ့ ကျင့်ကြံသူ ဖြစ်ဖို့ များပါတယ်။

​"သူတို့ သိထားတာက အရမ်းနည်းပါတယ်၊ မင်း ဒီနေ့ တကူးတက လာခဲ့တာက တခြား ဘာကိစ္စများ ရှိသေးလို့လဲ "

ယွင်တိန့်ဆရာကြီးက ပြုံးကာ မေးတယ်

"ဒီလောက် အချိန်ပိုနေရင် သူ့ရဲ့ ညီငယ်ကို သွားရှာတာ ပိုမကောင်းဘူးလား၊ သူ့ညီငယ် သိထားတဲ့အရာတွေက သူ့ထက် အများကြီး ပိုများမယ်လို့ ငါ ထင်တယ်"

"သူကတော့ အဲဒီ ထူးခြားသူ ရဲ့ နယ်ရုပ် တစ်ရုပ်ပဲ အမွေခံလို့ ပြောလို့ မရဘူး"

​"အဲဒီအတွက်ပဲ လာခဲ့တာပါ"

လီချန်စန်းက ချင်းမုကို ပြုံးပြုံးလေး ကြည့်နေပါတယ်။

​ယွင်တိန့်ဆရာကြီးက သဘောပေါက်သွားပြီး

"ဪ... မင်းက သူတို့ကို သုံးပြီး ငါးမျှားဖို့ ကြံနေတာကိုး"

ခဏနားပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်တယ်

"ဒီလို နည်းလမ်းမျိုးနဲ့ဆို... သာမန်လူက ငါးစာ လာဟပ်ပါ့မလား "

​"သူ့ညီငယ်က မတူဘူး၊ သာမန်အတွေးနဲ့ တွေးလို့ မရဘူး တချို့အချိန်တွေမှာ ဒါက ထောင်ချောက်မှန်း သိရင်တောင် သူ လာလိမ့်မယ်"

လီချန်စန်းက ရယ်မောကာ ပြောတယ်

"တကယ်လို့ အဲဒီ ထူးခြားသူ ဆီကနေ အမွေအနှစ် အနည်းငယ် ရနိုင်မယ်ဆိုရင် သောင်းတာအိုမျှော်စင် အတွက်လည်း အကျိုးအမြတ် အများကြီး ရှိမှာပါ"

​"ဒါတော့ ဟုတ်တယ်၊ အဲဒီ ထူးခြားသူကလည်း တာအိုဂိုဏ်းက ဆင်းသက်လာတာဆိုတော့ ပျောက်ကွယ်နေတဲ့ တာအိုအတတ်တွေ အများကြီး တတ်ထားမှာပဲ"

ယွင်တိန့်ဆရာကြီးက ခေါင်းငြိမ့်တယ်

"ငါက အဆင့် (၂) လွတ်လပ်သောမသေမျိုးပဲ ရှိသေးလို့သာပေါ့၊ မဟုတ်ရင် ငါကိုယ်တိုင် မင်းတို့ဆီ လိုက်လာပြီး အဖြေရှာကြည့်မိမှာ"

​"လီချန်စန်း... မင်းက ပြင်ပလူနဲ့ ပေါင်းပြီး ကိုယ့်ဇာတိက ပါရမီရှင်ကို လုပ်ကြံဖို့ ကြံစည်နေတာပဲ၊ တကယ့်ကို အရှက်မရှိတဲ့ကောင်"

ချင်းမုက ရုတ်တရက် စကားပြောလိုက်ပါတယ်။

​ယွင်တိန့်ဆရာကြီး၏ မျက်နှာထား ချက်ချင်း ပျက်သွားပြီး၊ ခဏချင်းမှာပဲ မမြင်ရတဲ့ မီးလျှံတစ်ခုက ချင်းမုရဲ့ ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းသွားပါတယ်။

သူဟာ နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်မှာ တလူးလူးတလဲလဲ ဖြစ်နေပါတော့တယ်။

​"မင်းက အခု ဝိညာဉ်ပူးကပ်ခံထားရတာ၊ ငါ အမိန့်မပေးဘဲနဲ့ မင်းက ဘယ်လိုများ စကားပြောရဲတာလဲ"

ယွင်တိန့်ဆရာကြီးက အေးစက်စွာ ပြောပြီးနောက် လီချန်စန်းကို ကျောက်စိမ်းပြား တစ်ခု ပေးလိုက်တယ်

"ဒီကောင်က နည်းနည်းတော့ အရိုးမာတယ် ဒီကျောက်စိမ်းပြားက သူ့ရဲ့ အသက်နဲ့ သေခြင်းကို ထိန်းချုပ်ထားနိုင်တယ်"

​"နောက်တစ်ယောက်ကော"

လီချန်စန်းက ကျောက်စိမ်းပြားကို ယူပြီး မေးလိုက်ပါတယ်။

​"ဪ... ငါ့တူက ဒီနေ့ လွတ်လပ်သောမသေမျိုး ဖြစ်တဲ့အတွက် ပွဲပေးနေတာ၊ လူလိုနေလို့ သူ့ကို ခဏ ခေါ်သွားတယ်"

ယွင်တိန့်ဆရာကြီးက ပြုံးကာ

"ခဏနေရင် ငါ လူလွှတ်ပြီး ပြန်ခေါ်ခိုင်းလိုက်မယ်၊ မင်း တစ်ခါတည်း ယူသွားလိုက်တော့"

ခဏနားပြီးနောက်

"ငါက နောက်ပိုင်းကျရင် မင်းရဲ့ အဖေ ဆီ သွားတွေ့ဖို့ ရှိတယ်၊ မင်း ဒီနေ့ ရောက်လာတာနဲ့ အတော်ပဲ၊ ငါလည်း မသွားရတော့ဘူးပေါ့"

​ပြောပြီးနောက် သူက လီချန်စန်းကို နောက်ထပ် ကျောက်စိမ်းပြား တစ်ခု ထပ်ပေးလိုက်တယ်

"ဒီထဲမှာ နာမည် (၁၃) ခု ပါတယ်၊ သုံးလအတွင်းမှာ သူတို့တွေ ငြိမ်ငြိမ်သက်သက် သေသွားဖို့ မျှော်စင်သခင်က အလိုရှိတယ်"

သူက ရယ်မောကာ

"မင်းတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒါက မခက်ခဲလောက်ပါဘူး"

​ဖန့်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

​သောင်းတာအိုမျှော်စင်က လီချန်စန်းတို့ကို လူသတ်ခိုင်းနေတာလား၊ ဒီလိုနည်းလမ်းမျိုးက သွေးဝိညာဥ်ဂိုဏ်း သုံးနေကျ နည်းလမ်းတွေ မဟုတ်လား။

ဒါဆိုရင် ချောင်ဖုန်းနယ်မြေရဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကိစ္စအားလုံးကို တာဝန်ယူထားသူဟာ သောင်းတာအိုမျှော်စင်ရဲ့ မျှော်စင်သခင် ဖြစ်ဖို့ သေချာသွားပါပြီ။

​လီချန်စန်းက ကျောက်စိမ်းပြားထဲက အကြောင်းအရာတွေကို ကြည့်လိုက်ပြီး မျက်နှာပျက်သွားတယ်

"ဒီ (၁၃) ယောက်လုံးက လုံယွမ် နဲ့ စစ်ဝေ ထဲက လူကြီးလူကောင်းတွေပဲ၊ မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက သူတို့ကို လုပ်ကြံဖို့ ကြံနေတာလား"

​"သူတို့က အရင်ကတည်းက မတည့်ကြတာပါ ငါတို့က မီးလောင်ရာ လေပင့်ပေးရုံပါပဲ မင်းတို့ ကိစ္စကို သေချာလေး လုပ်ပေးပါ"

"အခု လောကမှာ မသေမျိုးကျောက်တုံးတွေက ပိုပိုပြီး ရှားပါးလာပြီ တကယ်လို့ သွေးဝိညာဉ်နတ်ဆေး နဲ့ အစားမထိုးဘူးဆိုရင် ငါတို့တွေက ဘယ်လိုလုပ်ပြီး မသေမျိုး ဖြစ်ခွင့် ရမှာလဲ "

ယွင်တိန့်ဆရာကြီးက ခပ်ဖွဖွ ရယ်လိုက်ပါတယ်။

​လီချန်စန်းက ငြိမ်ပြီး ခေါင်းငြိတ်လိုက်တယ်၊ ပြီးမှ မေးလိုက်တယ်

"လွန်ခဲ့တဲ့ရက်ပိုင်းက လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်က လွတ်လပ်သောမသေမျိုးတွေကော ဆေးလုံး ဖြစ်သွားကြပြီလား "

​"မင်းသိတဲ့အတိုင်းပဲ၊ သူတို့က လွတ်လပ်သောမသေမျိုးတွေဆိုတော့ ထူးခြားတဲ့ ဆေးဖော်စပ်နည်းနဲ့ ဖော်စပ်ရတာ၊ နှစ်ပေါင်း ရှစ်ဆယ်၊ တစ်ရာ မကြာဘဲနဲ့ ဆေးလုံး မဖြစ်နိုင်ဘူး"

"တကယ်လို့ အရမ်းလောကြီးရင် သူတို့ခန္ဓာကိုယ်ပေါ်က ကံတရား တွေကို အကုန် မချေဖျက်နိုင်ဘဲ ဖြစ်လိမ့်မယ်၊ နည်းနည်းလေး ကျန်နေရင်တောင် အဲဒီဆေးကို စားမိရင် ဒုက္ခရောက်လိမ့်မယ်"

ယွင်တိန့်ဆရာကြီးက ပြုံးကာ

"မင်း စိတ်ချပါ၊ ငါ့စီနီယာက ဒီပညာရပ်မှာ အရမ်းကျွမ်းကျင်တယ်၊ အမှားအယွင်း မရှိစေရဘူး ဆေးလုံးဖြစ်တဲ့နေ့ကျရင် မင်းလည်း အဆင့် (၂) ကို တက်လှမ်းနိုင်မှာပါ မင်းရဲ့အဖေက အမြော်အမြင်ရှိတဲ့သူပဲ၊ ငါတို့နဲ့ ပူးပေါင်းတာက အမှန်ကန်ဆုံး ရွေးချယ်မှုပဲ"

​"တော်လောက်ပြီ မဟုတ်လား"

အဝေးက ဓားကျင့်ကြံသူက စိတ်မရှည်သလို ပြောလိုက်ပါတယ်။

​ယွင်တိန့်ဆရာကြီးက ရယ်မောပြီး အဲဒီဓားကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှပြန်မပြောဘဲ လီချန်စန်းကိုပဲ ဆက်ပြောတယ်

"ငါ့မှာ လုပ်စရာလေးတွေ ရှိသေးတယ်၊ မင်းတို့လည်း လမ်းသိနေတာပဲ၊ မလိုက်ပို့တော့ဘူးနော်"

​"ယွင်တိန့်ဆရာကြီးကို အားနာပါတယ်"

လီချန်စန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​ယွင်တိန့်ဆရာကြီး ထွက်သွားတော့မှ သူက ဓားကျင့်ကြံသူဆီကို လျှောက်သွားပြီး ကျောက်စိမ်းပြား နှစ်ခုလုံးကို သူ့ဆီ ပစ်ပေးလိုက်တယ်

"အဖေက ပြောတယ်၊ ဒီတစ်ခေါက် ကိစ္စမှာ မင်းတို့ဘက်ကလည်း အားစိုက်ရမယ်တဲ့၊ ဒီအလုပ် နှစ်ခုလုံးကို မင်းတို့ပဲ တာဝန်ယူလိုက်ပါ"

​"ဟဲဟဲ... ထူးခြားသူ လာရှာမှာကို ကြောက်နေတာ မဟုတ်လား ထူးခြားသူကိုတောင် ကြောက်နေမှတော့ ဘာလို့ ဓားကျင့်ကြံသူ လုပ်နေဦးမလဲ ဒီလိုလူမျိုးတွေက ရူးသွပ်နေကြတာ ဘယ်အချိန်မှာ သတိပြန်ဝင်လာမလဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိဘူး"

အဲဒီဓားကျင့်ကြံသူက လှောင်ပြောင်လိုက်တယ်

"ဒီကိစ္စကို ငါ့ကိုပဲ အပ်လိုက်ပါ သောင်းတာအိုမျှော်စင် သတ်ခိုင်းတဲ့လူတွေ သေပြီးတာနဲ့ ငါ မင်းတို့ဆီ လာခဲ့မယ်၊ အဲဒီ ငါးအသေးလေးကို ငါကိုယ်တိုင် မျှားပေးမယ်"

​"မင်းသဘောပဲ"

လီချန်စန်းက ပြုံးပြီး ထွက်ခွာသွားပါတယ်။

​...

...

​"ဆရာ... လီချန်စန်းတို့က ဒီကိစ္စကို ဆရာ့ဆီ အပ်လိုက်တာက ဘေးလွတ်ရာ ရှောင်ရှား နေတာ လောက်ပဲ ရှိမှာပါ ဆရာက ဒီလောက် အလွယ်တကူ လက်ခံလိုက်တာ၊ သူတို့ရဲ့ အကွက်ထဲ ဆင်းမိသွားတာ မဟုတ်ဘူးလား..."

တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်က သတိထားပြီး မေးပါတယ်။

​ဓားကျင့်ကြံသူ၏ မျက်လုံးထဲမှာ မထီမဲ့မြင်ပြုတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားတယ်

"သောင်းတာအိုမျှော်စင် သတ်ခိုင်းတဲ့လူတွေက အားအကြီးဆုံးမှ အဆင့် (၁) လွတ်လပ်သောမသေမျိုးပဲ၊ ဒီအလုပ်က ငါတို့အတွက် ဘာမှ မဟုတ်ပါဘူး မင်းတို့ စိုးရိမ်နေတာက ထူးခြားသူနဲ့ ပတ်သက်တဲ့ အလုပ်ကို မဟုတ်လား "

​လူတိုင်း ခေါင်းငြိမ့်လိုက်ကြပြီး ချင်းမုနဲ့ ဟုန်ချင်း စက္ကူရုပ်နှစ်ရုပ်ဆီကို အကြည့်ရောက်သွားကြပါတယ်။

သူတို့ရဲ့ အတွေ့အကြုံအရ ထူးခြားသူနဲ့ ပတ်သက်လာရင် အမြဲတမ်း အပြောင်းအလဲတွေ အများကြီး ရှိတတ်တာကြောင့်ပါ။

​"မင်းတို့က ငါက တကယ်ပဲ လီချန်စန်းတို့အတွက် ငါးမျှားပေးမယ်လို့ ထင်နေတာလား ငါက ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ဇာတိမြေကို သွားကြည့်ချင်ရုံတင်ပါ"

"နေရာသေးသေးလေးကနေ ထူခြားသူ နှစ်ယောက်တောင် ထွက်လာတယ်ဆိုတော့ အဲဒီမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်တယ်"

ဓားကျင့်ကြံသူက ပြုံးကာ ပြောပါတယ်။

​လူတိုင်း သဘောပေါက်သွားပြီး စိတ်အေးသွားကြပါတယ်။

​"ဘယ်သူလဲ "

စကားပြောလို့ မဆုံးသေးခင်မှာပဲ ဓားကျင့်ကြံသူက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ဓားနဲ့ ခုတ်ချလိုက်ပါတယ်။

​တစ်ချိန်တည်းမှာပဲ အရိပ် (၃) ခုဟာ လေဟာနယ်ထဲကနေ ပေါ်ထွက်လာပြီး ဒီလူကို သူတို့ရဲ့ လူသတ်ကွက်တွေနဲ့ ပြိုင်တူ တိုက်ခိုက်လိုက်ပါတော့တယ်။

အနီးအနားက ဓားကျင့်ကြံသူတွေဟာ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘဲ နှစ်ဖက်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် အဲဒီနေရာတင် သေဆုံးသွားကြပါတော့တယ်။

All Chapters