အခန်း (၁၀၈၁-၁၀၈၂)
Vol. 109 Ch. 1081-1082
အခန်း (၁၀၈၁) ဒီနေရာမှာ ဘယ်သူက ဒါကို လုပ်နိုင်မှာလဲ
"မှန်လေး ဒီနတ်မီးလျှံချိုင့်ဝှမ်းက နည်းနည်းတော့ ထူးဆန်းနေတယ်၊ ဘာအကြောင်းရှိလဲ"
ဖန့်ချန်ဟာ အလွယ်တကူ အနားမကပ်ရဲပါဘူး။
နတ်မီးလျှံချိုင့်ဝှမ်း ပတ်ပတ်လည်မှာ တားမြစ်ချက် ပညာရပ်တွေ အများကြီး ရှိနေပြီး အဲဒီအတတ်တွေက အလွန်ရှုပ်ထွေးတာကြောင့် ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ထားရင်တောင်မှ အကောင်းဆုံး ဖြေရှင်းနည်းလမ်းကို ရှာဖို့ အချိန်တစ်ခုယူပြီး ခွဲခြမ်းစိတ်ဖြာရမှာပါ။
"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး နတ်မီးလျှံ တစ်ခုရှိနေတာပါ ဒီနေရာက အရင်တုန်းက အထက်ဘုံလောကရဲ့ ဆေးဖော်စပ်သူ တစ်ယောက်ရဲ့ ဂူဗိမာန် ဖြစ်နိုင်ပါတယ်"
မှန်လေးက ဆိုပါတယ်။
အထက်ဘုံလောက ဆေးဖော်စပ်သူရဲ့ ဂူဗိမာန်လား
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်လိုက်ပါတယ်။
မြေဝက်ဝံကြယ် ပေါ်မှာတင် နတ်ဘုရားတွေ ချန်ထားခဲ့တဲ့ ဂူဗိမာန်တွေ အများကြီး ရှိနေတာကို ကြည့်ရင်၊ ရှေးဟောင်းအထက်ဘုံလောကတံခါးကြီး မပိတ်ခင်တုန်းက အထင်ဘုံလောက က အစစ်မှန်နတ်ဘုရား တွေဟာ လူ့လောကမှာ ဂူဗိမာန်တွေ ဆောက်ပြီး ကျင့်ကြံရတာကို အတော်လေး ဝါသနာပါခဲ့ကြပုံရပါတယ်။
ရက်အနည်းငယ် ကြာပြီးနောက် ဖန့်ချန်ဟာ တားမြစ်ချက်တွေထဲက အားနည်းချက်ကို ရှာတွေ့သွားပြီး အနှောင့်အယှက်မရှိဘဲ နတ်မီးလျှံချိုင့်ဝှမ်းရဲ့ အနက်ပိုင်းကို ရောက်ရှိသွားပါတယ်။
ဒီနေရာမှာ သူဟာ ဧရာမ အစီရင် ကြီးတစ်ခုကို တွေ့လိုက်ရပြီး ပတ်ပတ်လည်မှာ အဆင့် (၁) လွတ်လပ်သောမသေမျိုး အနည်းငယ်နဲ့ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်ဟာ တင်ပျဉ်ခွေ ထိုင်နေကြပါတယ်။
အစီရင်ရဲ့ အလယ်ဗဟိုမှာတော့ ထူးခြားတဲ့ နတ်မီးလျှံတစ်ခုက အရူးအမူး လောင်ကျွမ်းနေပြီး အပေါ်မှာတော့ ရွှေနီရောင် ဗူးသီးခြောက် တစ်လုံး ပျံဝဲနေပါတယ်။
ဖန့်ချန် အဲဒါကို မှတ်မိပါတယ်၊ အဲဒါ ဝမ်ချုံစန်းရဲ့ ဗူးသီးပါ။
ဒါပေမဲ့ ဝမ်ချုံစန်းက ဒီမှာ မရှိသလို ယွင်တိန့်ဆရာကြီးတောင် မရှိပါဘူး။
ဒီဆေးဖော်စပ်တဲ့ ပွဲဟာ အဆင့် (၁) လွတ်လပ်သောမသေမျိုး သုံးယောက်က ဦးဆောင်ပြီး တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်က ကူညီပေးနေသလိုပါပဲ။
ဒါပေမဲ့ ဖန့်ချန် သိတာကတော့ ဒီလူတွေအားလုံးဟာ ကူညီပေးရုံသက်သက်ပါပဲ။
သူတို့က ဒီအစီရင်ကို သုံးပြီး အဲဒီနတ်မီးလျှံကို ထိန်းချုပ်ကာ ဗူးသီးထဲက သျှောင်နတ်နဂါးမလေး တို့ကို အရည်ကျိုနေကြတာပါ။
ဒီနတ်မီးလျှံကိုတော့ မဟာကောင်းကင်ရဲ့ ဆေးပညာရပ်တွေကို ဆက်ခံထားတဲ့ ဖန့်ချန်အဖို့ တစ်ချက်ကြည့်ရုံနဲ့တင် ဘာလဲဆိုတာ သိလိုက်ပါတယ်။
"ဟန်ဆွေနတ်မီးလျှံ ..."
ဖန့်ချန်၏ အကြည့်များ လှုပ်ခတ်သွားသည်။
မဟာကောင်းကင် ဆေးပညာရပ်ထဲက မဟာကောင်းကင် အခန်းကဏ္ဍမှာ ထူးခြားတဲ့ ဝိညာဉ်စွမ်းအား ၉၉ မျိုးကို မှတ်တမ်းတင်ထားပါတယ်။
အခု ရှေ့က ဟန်ဆွေနတ်မီးလျှံဟာ အဲဒီထဲက တစ်မျိုးဖြစ်ပြီး အခးထက်ဘုံလောကမှာတောင် ရခဲလှတဲ့ ထူးခြားတဲ့ ဝိညာဉ်စွမ်းအားတွေထဲက တစ်ခုပါ။
တကယ်လို့ အသုံးချတတ်ရင် အရာအားလုံးကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိရုံတင်မကဘဲ မိုင်ပေါင်းသောင်းချီ အေးခဲသွားစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။
သောင်းတာအိုမျှော်စင်ကတော့ ဒီ ဟန်ဆွေနတ်မီးလျှံကို ဘယ်လို တကယ်တမ်း ဘယ်လို သန့်စင်ရမလဲ (သို့) ဘယ်လို အရည်ကျိုရမလဲဆိုတာ မသိတာ သိသာပါတယ်။
ဒါကြောင့်လည်း ဒီအစီရင်ကို ခင်းကျင်းပြီး အဆင့် (၁) လွတ်လပ်သောမသေမျိုး သုံးယောက် ဦးဆောင်ကာ တက်လှမ်းခြင်းအဆင့် တစ်ရာကျော်ရဲ့ အင်အားနဲ့ မီးလျှံကို အနိုင်နိုင် ထိန်းချုပ်ပြီး သျှောင်နတ်နဂါးမလေး တို့ဆီက ကံတရားတွေကို အရည်ကျိုဖို့ ကြိုးစားနေတာပါ။
ဖန့်ချန်ရဲ့ မူလရည်ရွယ်ချက်က သျှောင်နတ်နဂါးမလေး တို့ကို ခေါ်သွားပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အရှုံးနဲ့ ရင်ဆိုင်စေဖို့ပဲ ဖြစ်ပေမဲ့၊ မထင်မှတ်ဘဲ အခုလို အဖိုးတန်တဲ့ အရာကိုပါ တွေ့လိုက်ရတာပါ။
ကံမကောင်းတာက... အခု အဲဒီမှာ ကျင့်ကြံသူတွေ အုပ်စုလိုက် စောင့်ကြပ်နေတာကြောင့် သူ့မှာ ဟန်ဆွေနတ်မီးလျှံကို သိမ်းပိုက်ဖို့ ထူးခြားတဲ့ နည်းလမ်းရှိရင်တောင် အကောင်အထည်ဖော်လို့ မရပါဘူး။
သူ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ဒီမီးလျှံကို သိမ်းပိုက်ဖို့ဆိုရင် အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရမှာပါ။
ဒါပေမဲ့... သူ ဒီမီးလျှံကို ယင်လောကထဲ ခေါ်သွားဖို့ ကြိုးစားကြည့်လို့ ရနိုင်ပါတယ်။
အထဲမှာဆိုရင် သူ့အတွက် သန့်စင်ဖို့ အချိန်လုံလုံလောက်လောက် ရှိတာပေါ့။
ဒါပေမဲ့ အန္တရာယ်တော့ ရှိပါတယ်။
ရှေ့က အဆင့် (၁) လွတ်လပ်သောမသေမျိုးတွေဟာ သူပေါ်လာတဲ့ ခဏမှာတင် တုံ့ပြန်နိုင်ကြမှာပါ။
သူ့မှာ ဒီဟန်ဆွေနတ်မီးလျှံကို အဓမ္မ ခေါ်သွားဖို့ အချိန်လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။
"ဒီကျင့်ကြံသူတွေရဲ့ ဝိညာဉ်စွမ်းအား ကုန်ဆုံးတာ အရမ်းမြန်တယ်၊ ဒီအစီရင်ကို အမြဲတမ်း ပတ်မထားနိုင်တာ သေချာတယ်"
ဖန့်ချန် စိတ်ကူးတစ်ခု ရသွားပါတယ်။
သူဟာ ဒီနေရာမှာပဲ ငြိမ်ပြီး စောင့်နေလိုက်ပါတယ်။
တစ်လကြာပြီးနောက်မှာတော့ လွတ်လပ်သောမသေမျိုး တစ်ယောက်က ပထမဆုံး မျက်လုံးဖွင့်လာပြီး မတ်တပ်ထရပ်ပါတယ်။
အဲဒီနောက် ကျန်တဲ့ လွတ်လပ်သောမသေမျိုး နှစ်ယောက်နဲ့ ကျန်တဲ့ တက်လှမ်းခြင်းအဆင့် တစ်ရာကျော်တို့လည်း ထလာကြပါတယ်။
အစီရင်လည်ပတ်မှု ရပ်တန့်သွားတာနဲ့အမျှ ဟန်ဆွေနတ်မီးလျှံဟာ အပူရှိန်တွေ ထွက်မလာတော့ဘဲ သာမန်မီးတောက်တစ်ခုလို ဖြစ်သွားပါတယ်။
ဘာထူးခြားမှုကိုမှ မမြင်ရတော့ပါဘူး။
ဒါကလည်း ဟန်ဆွေနတ်မီးလျှံရဲ့ ထူးခြားချက်ပါပဲ။
ဝိညာဉ်စွမ်းအားနဲ့ မနှိုးဆော်သရွေ့၊ ရေခဲနဲ့ မီး ဂုဏ်သတ္တိ နှစ်ခု အပြန်အလှန် ထိန်းညှိထားတာကြောင့် သူဟာ အလွန်သာမန် အခြေအနေမှာ ရှိနေမှာပါ။
သာမန်လူတစ်ယောက် လက်နဲ့ သပ်သွားရင်တောင် ဒဏ်ရာရမှာ မဟုတ်ပါဘူး။
ဒါကြောင့် အထက်ဘုံလောကမှာတောင် ဟန်ဆွေနတ်မီးလျှံကို ရှာတွေ့ဖို့ ခဲယဉ်းသလို၊ ရံဖန်ရံခါ ပေါ်လာရင်တောင် လူတွေက သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။
မကြာခင်မှာပဲ နတ်မီးလျှံချိုင့်ဝှမ်း အပြင်ဘက်ကနေ နောက်ထပ် ကျင့်ကြံသူ အုပ်စုတစ်စု ဝင်လာပါတယ်။
လူအင်အားက အရင်အတိုင်း အဆင့် (၁) လွတ်လပ်သောမသေမျိုး သုံးယောက်က ဦးဆောင်လာတာပါ။
နှစ်ဖက်စလုံးဟာ အချိန်ကွက်တိ အစားထိုးလိုက်ကြပါတယ်။
ဖန့်ချန် နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။
သူ့ကို အချိန်အလုံအလောက် မပေးဘူးဆိုရင် သူ လှုပ်ရှားလို့ မရပါဘူး။
"သောင်းတာအိုမျှော်စင်မှာ အခြေစိုက်နေတဲ့ အဆင့် (၁) လွတ်လပ်သောမသေမျိုးက သိပ်မများဘူးတကယ်လို့ တစ်ခုခုကြောင့် လူအချို့ ထွက်သွားရမယ်ဆိုရင်၊ အစားထိုးတဲ့ အချိန်မှာ ဟာကွက် ပေါ်လာနိုင်တယ်"
ဖန့်ချန် စိတ်ထဲမှာ အကွက်ချလိုက်ပါတယ်။
အဲဒီနောက်ပိုင်း ကာလတွေမှာတော့ သောင်းတာအိုမျှော်စင်ရဲ့ အပြင်ဘက်က စီးပွားရေးလုပ်ငန်းတွေဟာ ရုတ်တရက် တိုက်ခိုက်ခြင်း ခံရပါတော့တယ်။
လွတ်လပ်သောမသေမျိုးတွေ စောင့်ကြပ်နေတဲ့ ဝိညာဉ်ကျောက်သတ္တုတွင်း အချို့တောင်မှ အလုပ်ခံရပြီး စောင့်ကြပ်နေတဲ့ လွတ်လပ်သောမသေမျိုး နှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။
ဒီသတင်း ပျံ့နှံ့သွားတာနဲ့ ချောင်ဖုန်းနယ်မြေတစ်ခုလုံး တုန်လှုပ်သွားရပါတယ်။
ဘာကြောင့် သောင်းတာအိုမျှော်စင်ကို ရုတ်တရက် ရန်မူရတာလဲဆိုတာ ဘယ်သူမှ စဉ်းစားလို့ မရပါဘူး။
တချို့ကတော့ အပြင်မှာ ပုန်းနေတဲ့ စွန်းမျိုးနွယ်နဲ့ လုံမျိုးနွယ်က လွတ်လပ်သောမသေမျိုးတွေလို့ သံသယဝင်ကြပေမဲ့၊ သူတို့ရဲ့ ရန်သူက ဓားကျင့်ကြံသူတွေ ဖြစ်သင့်တာပါ၊ သောင်းတာအိုမျှော်စင် မဟုတ်ပါဘူး။
တချို့ကလည်း ဒါဟာ မဟာယန်ဂိုဏ်း သို့မဟုတ် ယင်စိန့်ဂိုဏ်း တို့နဲ့ သောင်းတာအိုမျှော်စင်ကြားမှာ ပဋိပက္ခတစ်ခုခု ဖြစ်တာကြောင့်လို့ ယူဆကြပါတယ်။
အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတာကြောင့် သောင်းတာအိုမျှော်စင်ထဲမှာ ဒေါသတွေ ပေါက်ကွဲနေပြီး၊ ဘယ်သူ့လက်ချက်လဲဆိုတာ တပည့်တွေက အမျိုးမျိုး ခန့်မှန်းနေကြကာ သွားကြားရင် သွား၊ မျက်လုံးကြားရင် မျက်လုံး ဆိုသလို လက်စားချေဖို့ ကြွေးကြော်နေကြပါတယ်။
မဟာယန်ဂိုဏ်းနဲ့ ယင်စိန့်ဂိုဏ်းတို့ကတော့ သူတို့နဲ့ မပတ်သက်ကြောင်း သက်သေပြဖို့အတွက် လွတ်လပ်သောမသေမျိုးတွေကိုယ်တိုင် လာရောက် ရှင်းပြကြပါတယ်။
ဒီနေ့မှာတော့ ယွင်တိန့်ဆရာကြီးဟာ မျက်နှာပျက်ပျက်နဲ့ နတ်မီးလျှံချိုင့်ဝှမ်းထဲ ဝင်လာပြီး လက်ဝေ့ယမ်းကာ
"မင်းတို့အားလုံး ခဏ ရပ်လိုက်ကြဦး"
အဆင့် (၁) လွတ်လပ်သောမသေမျိုး သုံးယောက်က ဒါကို မြင်တော့ သူတို့လုပ်လက်စတွေကို ချက်ချင်းရပ်ပြီး ထိုင်နေရာက ထကာ ဂါရဝပြုကြပါတယ်။
တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်ကလည်း တစ်ခုခုကို ရိပ်မိပုံရပြီး ထူးဆန်းတဲ့ မျက်နှာထားတွေ ဖြစ်နေကြပါတယ်။
"ဒီရက်ပိုင်းမှာ ငါတို့ သောင်းတာအိုမျှော်စင်ကို ရန်မူနေတဲ့လူ ရှိနေတယ်၊ အချိန်တိုလေးအတွင်းမှာတင် ငါတို့ရဲ့ အဆင့် (၁) လွတ်လပ်သောမသေမျိုး လေးယောက် သေသွားပြီ တိုက်ခိုက်တဲ့လူကလည်း အရိပ်တောင် မမြင်ရသလို ဘယ်သူလဲဆိုတာ ရှာမရဘူး"
ယွင်တိန့်ဆရာကြီးက အေးစက်စွာ ပြောပါတယ်။
အဆင့် (၁) လွတ်လပ်သောမသေမျိုး တစ်ယောက်က အံ့ဩတုန်လှုပ်စွာနဲ့
"ဘယ်သူက ဒီလောက်အထိ သတ္တိကောင်းနေတာလဲ ဒီနေရာက ဝိညာဥ်သုတ်သင်ဌာန ကျင့်ကြံသူတွေကို ကျုပ်တို့တွေ အမြစ်ပြတ် ရှင်းထားပြီးပြီ မဟုတ်လား၊ သူတို့က လူပြန်လွှတ်လိုက်တာလား"
ဖန့်ချန်၏ အကြည့်များ လှုပ်ခတ်သွားသည်။
ဒါကတော့ မထင်မှတ်ထားတဲ့ သတင်းပါပဲ။
ချောင်ဖုန်းနယ်မြေက ဝိညာဥ်သုတ်သင်ဌာန ကျင့်ကြံသူတွေကို သူတို့ အကုန်ရှင်းပစ်လိုက်ပြီ ဟုတ်လား
"အခု တည်နေရာ ကူးပြောင်းခြင်း အစီရင် တွေအားလုံးကို ဓားကျင့်ကြံသူတွေ စောင့်နေတာ လာတဲ့လူတိုင်းကို သတ်နေတာပဲ၊ သူတို့တော့ မဖြစ်နိုင်ဘူး"
ယွင်တိန့်ဆရာကြီးက အေးစက်စွာ ဆိုတယ်
"အဲဒီဓားကျင့်ကြံသူတွေပဲ ကောက်ကျစ်တဲ့ အကြံတစ်ခုခု ကြံနေတာလားလို့ ငါ သံသယရှိတယ်"
"သူတို့က ဘယ်လိုလုပ် ရဲမှာလဲ"
လူတိုင်း ပိုပြီးတော့တောင် အံ့ဩသွားကြပါတယ်။
"သူတို့ရဲ့ တာဝန်ရှိသူကို သွားတွေ့ရင် သိရမှာပေါ့မျှော်စင်သခင်က အဲဒီနှစ်ယောက်ကို တွေ့ဖို့ ချိန်းထားပြီးပြီ၊ ငါတို့လည်း အဲဒီကို သွားပြီး ကူညီပေးရမယ်"
ယွင်တိန့်ဆရာကြီးက အေးဆေးစွာ ပြောပါတယ်။
မကြာခင်မှာပဲ သူဟာ ကျင့်ကြံသူအားလုံးကို ခေါ်ပြီး နတ်မီးလျှံချိုင့်ဝှမ်းကနေ ထွက်သွားပါတော့တယ်။
ဒီနေရာကိုလည်း အထူးတလည် စောင့်ကြပ်တာမျိုး မလုပ်ခဲ့ပါဘူး။
ဒီက တားမြစ်ချက် ပညာရပ်တွေကို သူတို့က အလွန် ယုံကြည်မှု ရှိနေပုံရပါတယ်၊ ဘယ်သူမှ ဒီတားမြစ်ချက်တွေကို မထိဘဲ နတ်မီးလျှံချိုင့်ဝှမ်းထဲ ခိုးဝင်နိုင်လိမ့်မယ်လို့ မထင်တာကြောင့်ပါ။
ဖန့်ချန်ကတော့ စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။
အဲဒီနောက်မှာတော့ သူဟာ ကိုယ်ယောင်ဖျောက်ပြီး ဟန်ဆွေနတ်မီးလျှံ ရှေ့ကို ရောက်သွားကာ လက်တစ်ဖက်က ဗူးသီးကို ဆွဲကိုင်ပြီး၊ နောက်လက်တစ်ဖက်က ဟန်ဆွေနတ်မီးလျှံကို ဖမ်းဆုပ်လိုက်ပါတယ်။
ဝုန်း
ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေဟာ မိုးကြိုးမုန်တိုင်းလို အရှိန်အဟုန်နဲ့ ရောက်ရှိလာတာကြောင့် ဖန့်ချန်ရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပါတယ်။
ဒီအရှိန်က အရမ်းမြန်လွန်းတယ်၊ သောင်းတာအိုမျှော်စင်သခင်က ဒီနေရာရဲ့ လှုပ်ရှားမှုကို သတိပြုမိသွားတာ ဖြစ်နိုင်ပါတယ်။
မရဏလမ်းဟာ ဖန့်ချန်ရဲ့ ရှေ့မှာ ပွင့်သွားပြီး၊ သူဟာ တစ်ချက်တည်းနဲ့ ခုန်ဝင်ကာ ပျောက်ကွယ်သွားပါတော့တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အင်္ကျီအပြာရောင်နဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ နတ်မီးလျှံချိုင့်ဝှမ်းထဲမှာ ပေါ်လာပါတယ်။
သူဟာ ဗလာကျင်းနေတဲ့ အစီရင်ရဲ့ အလယ်ဗဟိုကို ကြည့်ရင်း မျက်နှာက အတော်လေး ပျက်နေပါတယ်။
ယွင်တိန့်ဆရာကြီးတို့ အုပ်စုလည်း ချက်ချင်း ပြန်ရောက်လာကြပါတယ်။
သူတို့တွေ ဟန်ဆွေနတ်မီးလျှံ ပျောက်ဆုံးသွားတာကို တွေ့လိုက်ရသလို၊ သျှောင်နတ်နဂါးမလေး တို့ကို ထည့်ထားတဲ့ ဗူးသီးပါ ပျောက်သွားတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ဖြူလျော်သွားပါတော့တယ်။
"ငါ့မျက်စိရှေ့တင် ငါ့ရဲ့ ဟန်ဆွေနတ်မီးလျှံကို ခိုးသွားနိုင်တယ်ဆိုတော့... မင်းတို့ ပြောကြည့်စမ်း၊ ဒီနေရာမှာ ဘယ်သူက ဒါကို လုပ်နိုင်မှာလဲ"
အင်္ကျီအပြာရောင်နဲ့ လူက အေးစက်တဲ့ အကြည့်တွေနဲ့ ဖြည်းဖြည်းချင်း စကားပြောလိုက်ပါတယ်။
လူတိုင်းဟာ စကားတစ်လုံးမှ မဟရဲကြပါဘူး၊ မျှော်စင်သခင်က သူတို့ကို မေးနေတာ မဟုတ်ဘူးဆိုတာ သူတို့ သိနေကြလို့ပါပဲ...
အခန်း (၁၀၈၂) လွတ်မြောက်ခြင်း
အင်္ကျီအပြာရောင်နဲ့ လူလတ်ပိုင်းရဲ့ မျက်နှာဟာ အုံ့မှိုင်းနေပြီး၊ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်အာရုံ တွေဟာ သူ့ကို ဗဟိုပြုလို့ ရေလှိုင်းတွေလိုပဲ အရပ်မျက်နှာအနှံ့ကို ရိုက်ခတ်သွားပါတယ်။
စိတ်အာရုံတွေဟာ သောင်းတာအိုမျှော်စင် နယ်မြေကို ကျော်လွန်သွားတဲ့အခါ၊ ဂိုဏ်းအသီးသီးနဲ့ နာမည်ကြီးမျိုးနွယ်စုတွေက ကျင့်ကြံသူတွေဟာ ဒေါသရိပ်အနည်းငယ် ပါဝင်နေတဲ့ ဒီစိတ်အာရုံကို ခံစားမိသွားကြပြီး အံ့ဩမှင်သက်သွားကြပါတယ်။
ယွင်တိန့်တို့ အုပ်စုကတော့ တိတ်ဆိတ်နေကြပါတယ်၊ သူတို့လည်း ဒီစိတ်အာရုံထဲက ဒေါသအရိပ်အယောင်ကို ခံစားမိလို့ပါ။
ဒါက တွေ့ရခဲပါတယ်။
အနည်းဆုံးတော့ သူတို့ဟာ ဒီရှေ့ကလူ ဒေါသထွက်တာကို တစ်ခါမှ မမြင်ဖူးကြပါဘူး။
ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံရပါစေ သူဟာ အမြဲတမ်း တည်ငြိမ်နေတတ်ပြီး ဘယ်အရာကမှ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မလှုပ်ခတ်နိုင်သလိုပါပဲ။
ဒါပေမဲ့ ဒီနေ့ကိစ္စကတော့... သက်ရောက်မှုက အရမ်းကြီးလွန်းပါတယ်။
ဟန်ဆွေနတ်မီးလျှံဟာ တစ်စုံတစ်ယောက်ရဲ့ တစ်ဦးတည်းပိုင် ပစ္စည်းမဟုတ်ပါဘူး။
ဒီရှေ့ကလူတောင်မှ ဟန်ဆွေနတ်မီးလျှံရဲ့ တကယ့်ပိုင်ရှင် မဟုတ်ပါဘူး။
သူ့ရဲ့ တကယ့်ပိုင်ရှင်က ဝိညာဉ်နတ်ဘုရားဂိုဏ်း ပါ။
ဒီပစ္စည်းကို ဝိညာဉ်နတ်ဘုရားဂိုဏ်းက သောင်းတာအိုမျှော်စင် လက်ထဲကို ခွဲဝေပေးထားတာဖြစ်ပြီး၊ ထူးခြားတဲ့ သွေးဝိညာဉ်နတ်ဆေး အချို့ကို ဖော်စပ်ဖို့အတွက်ပါ။
ဟန်ဆွေနတ်မီးလျှံ မရှိဘဲနဲ့တော့ သူတို့ရဲ့ နည်းလမ်းတွေနဲ့ လွတ်လပ်သောမသေမျိုးတွေကို ဆေးလုံးအဖြစ် ဖော်စပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး
ဘယ်လောက်ကြာသွားလဲ မသိပါဘူး၊ အင်္ကျီအပြာရောင်နဲ့ လူက စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ယွင်တိန့်ဆရာကြီးကို အုံ့မှိုင်းတဲ့ အကြည့်နဲ့ ကြည့်ကာ
"စကားပါးလိုက်၊ အဖက်ဖက်ကနေ ဒီကိစ္စကို အာရုံစိုက်ခိုင်းထား သဲလွန်စလေး တစ်ခုတောင် မကျန်စေနဲ့"
"တကယ်လို့ လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်ရဲ့ လွတ်လပ်သောမသေမျိုးတွေ ပေါ်လာတာကို တစ်ယောက်ယောက်က တွေ့ခဲ့ရင် ငါ့ဆီကို ချက်ချင်း လာသတင်းပို့ခိုင်းလိုက်"
"မျှော်စင်သခင်... ဒါဆို လာတဲ့လူရဲ့ ရည်ရွယ်ချက်က သျှောင်နတ်နဂါးမလေး တို့အတွက်လို့ ဆိုလိုတာလား"
ယွင်တိန့်ဆရာကြီး အနည်းငယ် ထိတ်လန့်သွားပါတယ်။
အခုလို အချိန်မျိုးမှာ လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်အတွက် ထွက်ရပ်ပေးရဲတဲ့လူ ရှိနေသေးတာလား
"ဖြစ်နိုင်တာကတော့ နှစ်မျိုးလုံးပဲ"
အင်္ကျီအပြာရောင်နဲ့ လူက အေးစက်စွာ ဆိုပါတယ်။
"ဒါပေမဲ့... သောင်းတာအိုမျှော်စင်မှာ တားမြစ်ချက်တွေ အထပ်ထပ်ရှိသလို အစီရင်ကြီးကလည်း လွှမ်းခြုံထားတာပဲ၊ လာတဲ့လူက ဒီထဲကို ဘယ်လို ခိုးဝင်တာလဲ "
ယွင်တိန့်ဆရာကြီး မျက်နှာထားက ထူးဆန်းနေပါတယ်။
"အတွင်းတပည့်တွေနဲ့ မင်းတို့လို ကျင့်ကြံသူတွေပဲ အဝင်အထွက် လုပ်လို့ရတာ စစ်ဆေးကြည့်စမ်း၊ ဒီရက်ပိုင်းအတွင်း အတွင်းဂိုဏ်းကို ဘယ်သူတွေ ရောက်လာလဲဆိုတာ တစ်ယောက်ချင်းစီကို စစ်ဆေး၊ ဒီနေ့ပြီးရင် ဘယ်သူက ရုတ်တရက် ပျောက်သွားလဲဆိုတာ ကြည့်"
အင်္ကျီအပြာရောင်နဲ့ လူက အဝေးကို လှမ်းထွက်သွားရင်း
"မင်းရဲ့ သတင်းကို ငါ စောင့်နေမယ်"
...
...
ကျယ်ပြောလှတဲ့ ဝါးချွမ်းမြစ် မှာတော့ ဖန့်ချန်ဟာ လက်တစ်ဖက်က ဗူးသီးကို ကိုင်၊ နောက်လက်တစ်ဖက်က ဟန်ဆွေနတ်မီးလျှံကို ကိုင်ပြီး ဝမ်ချွမ်းမြစ် ကမ်းပါးကို ရောက်လာပါတယ်။
အနီးအနားမှာ သူကလွဲရင် တစ္ဆေအရိပ် တစ်ခုတောင် မရှိပါဘူး။
ဒီမရဏလမ်းဟာ လူမသွားတာ ကြာလှပြီ ထင်ပါတယ်။
ဝမ်ချွမ်းမြစ် ရှေ့မှာလည်း ခြောက်ကပ်နေတဲ့ မြင်ကွင်းပါပဲ။
ဖန့်ချန် စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်တာနဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေ ပြောင်းလဲသွားပြီး၊ ခဏချင်းမှာတင် တံတားကြီး တစ်စင်းပေါ် ရောက်သွားပါတယ်။
တံတားရဲ့ အဆုံးမှာတော့ ဧရာမ မြို့ကြီးတစ်မြို့ ရှိနေပါတယ်။
ဒါပေမဲ့ အတော်လေး ခြောက်ကပ်နေပြီး မြို့တံခါးပေါ်က ဆိုင်းဘုတ်တောင် ပျက်စီးနေပါပြီ။
ကံကောင်းတာက သေချာကြည့်လိုက်ရင် ဒီမြို့ရဲ့ အမည်ကို ခွဲခြားနိုင်ပါသေးတယ် မြူလေမြို့ ပါ။
"ဒါက ပျောက်ဆုံးနေတဲ့ မြို့တစ်မြို့ပဲ"
ဖန့်ချန် တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
မြူလေမြို့ထဲမှာ လွင့်မျောနေတဲ့ ဝိညာဉ် တွေ အများကြီး ရှိနေတာကို သူ မြင်ရပါတယ်။
ဒါပေမဲ့ ဒီဝိညာဉ်တွေက အသက်ဝင်မှု လုံးဝမရှိဘဲ၊ တချို့ဆိုရင် တခြားလူတွေရဲ့ ယင်သက်တမ်း ကို လုယူနေကြတာကြောင့် တဖြည်းဖြည်း သတိလက်လွတ်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ယင်ဝိညာဉ် တွေအဖြစ် ပြောင်းလဲနေကြပါတယ်။
ဒီမှာလယင်စစ်သည်ဌာန မရှိသလို မြို့တော်ဝန်ရုံးလည်း မရှိပါဘူး။
ကြည့်ရတာ ဒါက ငရဲပြည်ငယ် နဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ မြို့ဟောင်း တစ်မြို့ပါပဲ။
ဒီမြို့နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ လူ့လောက နေရာကတော့ သောင်းတာအိုမျှော်စင် နယ်မြေပဲ ဖြစ်ပါတယ်။
ဒီမြို့ တည်ရှိတာကို သိသွားပြီဆိုတော့ ဖန့်ချန်အဖို့ သောင်းတာအိုမျှော်စင်ကို အသွားအပြန် လုပ်ရတာ ဒီလောက်အထိ မခက်ခဲတော့ပါဘူး။
ဟိန်း
အရပ်နှစ်လံလောက် မြင့်ပြီး ပင့်ကူလို ပုံစံရှိတဲ့ ယင်ဝိညာဉ် တစ်ကောင်က ဖန့်ချန် ရှိနေတာကို သတိထားမိသွားပြီး သူ့ဆီကို ချက်ချင်း ပြေးဝင်လာပါတယ်။
ဒီယင်ဝိညာဉ်မှာ ခေါင်းပေါင်း ဆယ်ဂဏန်းလောက် ရှိနေပြီး အားလုံးက မျက်နှာပုံစံ မတူကြပါဘူး။
ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အကုန်ပါသလို တချို့က သားရဲခေါင်းတွေပါ။
"လူအများကြီးရဲ့ ယင်သက်တမ်းကို ဝါးမြိုထားလို့ ဒီလိုပုံစံ ဖြစ်နေတာပဲ"
ဖန့်ချန် မျက်နှာက တည်ငြိမ်နေပါတယ်။
ဒီယင်ဝိညာဉ်ရဲ့ အစွမ်းက မနည်းပါဘူး၊ လူ့လောကမှာဆိုရင် ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။
သူ့ရဲ့ အငွေ့အသက်က အရမ်းကြမ်းတမ်းတာကြောင့် ဝါရင့် နေကင်းလှည့်ဗိုလ် နှစ်ယောက်၊ သုံးယောက်လောက် ပေါင်းတိုက်မှ ယှဉ်နိုင်မှာပါ။
"သွားတော့"
ဖန့်ချန်က ဝမ်ချွမ်းမြစ်ကို လက်ညှိုးညွှန်လိုက်ပါတယ်။
ယင်ဝိညာဉ်ရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်း ရပ်တန့်သွားပြီး၊ အဲဒီနောက် မထိန်းချုပ်နိုင်ဘဲ ဝမ်ချွမ်းမြစ်ထဲကို ခုန်ချသွားပါတော့တယ်။
"ဗွမ်း"
ဆိုတဲ့ အသံနဲ့အတူ ရေပြင်အောက် ပျောက်ကွယ်သွားပါတယ်။
အမှောင်ထဲကနေ ချောင်းကြည့်နေတဲ့ ယင်ဝိညာဉ်တချို့က ဒါကို မြင်တဲ့အခါ ထိတ်လန့်တုန်လှုပ်သွားကြပြီး လှည့်ပြေးကြပါတော့တယ်။
"ဒီနေရာက ဖူထူနယ်မြေ နဲ့ ပိုတူနေတယ်၊ စနစ်တကျ မရှိဘူး"
ဖန့်ချန် မြူလေမြို့ထဲကို လမ်းလျှောက်ဝင်လာပါတယ်။
သူဖြတ်သွားတဲ့ နေရာတိုင်းမှာ ယင်ဝိညာဉ်တွေအားလုံးက အဝေးကို ရှောင်ပြေးကြပြီး အနားမကပ်ရဲကြပါဘူး။
ခဏလောက် ကြာတဲ့အခါမှာတော့ ဖန့်ချန်ရဲ့ ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။
တစ်ပုံစံတည်း တူနေတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။
"ဒီဗူးသီးကို လောလောဆယ် သိမ်းပေးထားဦး၊ ငါ ခဏ ပြန်သွားဦးမယ်"
"သွားလေ"
သောင်းတာအိုမျှော်စင်။
ကျင့်ကြံသူ တစ်အုပ်စုဟာ စုန်းစုစု ရဲ့ ကျင့်ကြံရာနေရာကို ရုတ်တရက် ဝင်ရောက်လာပါတယ်။
ခဏချင်းမှာပဲ စုန်းစုစုဟာ ဖန့်ချန်တို့ သုံးယောက်ကို ခေါ်ပြီး ဒီကျင့်ကြံသူတွေရဲ့ စစ်ဆေးမှုကို ခံယူနေရပါတယ်။
"ဒီသုံးယောက်က ဘယ်သူတွေလဲ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်နိမ့်တာကို ဘာလို့ အတွင်းဂိုဏ်းထဲကို ဝင်ခွင့်ရနေတာလဲ "
ဦးဆောင်လာတဲ့ ကျင့်ကြံသူက အေးစက်တဲ့ အကြည့်နဲ့ စုန်းစုစုရဲ့ မျက်နှာအမူအရာကို စိုက်ကြည့်နေပါတယ်။
တကယ်လို့ တစ်ဖက်လူက မူမမှန်တာ တစ်ခုခု ပြလိုက်တာနဲ့ သူကတော့ ချက်ချင်း ဖမ်းဆီးတော့မှာပါ။
စုန်းစုစုက တည်ငြိမ်စွာနဲ့
"ဒီသုံးယောက်က ကျွန်မရဲ့ မိတ်ဆွေဟောင်းတွေရဲ့ သားသမီးတွေပါ ကျွန်မက အတွင်းဂိုဏ်းရဲ့ တပည့်ရင်း တစ်ယောက်အနေနဲ့ သူတို့ကို စောင့်ရှောက်ပေးတာက စည်းကမ်းကို ဖောက်ဖျက်တာ မဟုတ်ဘူး ထင်ပါတယ်"
ဦးဆောင်လာတဲ့ ကျင့်ကြံသူက အတန်ကြာ တိတ်ဆိတ်သွားပြီး ဖန့်ချန်တို့ သုံးယောက်ကို အကဲခတ်ကြည့်ပါတယ်။
အဲဒီနောက်မှ ခေါင်းငြိတ်ပြီး လှည့်ထွက်သွားပါတယ်။
ဒီနေရာမှာ သံသယဖြစ်စရာ ဘာမှမရှိသလို၊ စုန်းစုစုလို လူမျိုးက အထက်ကလူတွေ ဒေါသထွက်ရမယ့် နည်းလမ်းမျိုး သုံးနိုင်လိမ့်မယ်လို့လည်း သူ မထင်ပါဘူး။
သူတို့ ထွက်သွားပြီးနောက် စုန်းပေဝမ့် နဲ့ နောက်ထပ် စုန်းမျိုးနွယ် အမျိုးသမီး တစ်ယောက်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း၊ ထိတ်လန့်တုန်လှုပ်စွာနဲ့ စုန်းစုစုကို ကြည့်လာကြတယ်
"ဘိုးဘေး သောင်းတာအိုမျှော်စင်ထဲမှာ တစ်ခုခု အကြီးအကျယ် ဖြစ်သွားလို့လား "
စုန်းစုစုက အေးဆေးစွာ
"ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူး၊ သေသေချာချာပဲ ကျင့်ကြံကြ"
သူမလည်း ဘာဖြစ်သွားလဲဆိုတာ အတိအကျ မသိပါဘူး။
ဒါပေမဲ့ ဒီကိစ္စက ဖန့်ချန်နဲ့ ပတ်သက်နေတယ်ဆိုတာကိုတော့ သူမ ခပ်ရေးရေး ခန့်မှန်းမိပါတယ်။
စုန်းပေဝမ့်တို့ နှစ်ယောက်ကို လွှတ်လိုက်ပြီးနောက် စုန်းစုစုက ဖန့်ချန်ကို စိတ်ချင်းဆက်ပြီး မေးဖို့ ပြင်လိုက်ပေမဲ့ ဖန့်ချန်ရဲ့ ထူးဆန်းတဲ့ အကြည့်ကို မြင်လိုက်ရတာကြောင့် ရင်ထဲမှာ တစ်ချက် တုန်သွားပါတယ်။
"မင်းလည်း ပြန်ပြီး သေသေချာချာ ကျင့်ကြံတော့"
စုန်းစုစုက လက်ဝေ့ယမ်းပြီး ဖန့်ချန်ကို ထွက်သွားဖို့ အချက်ပြပါတယ်။
"ဟုတ်ကဲ့"
ဖန့်ချန်က ဂါရဝပြုပြီး လှည့်ထွက်သွားပါတယ်။
ဒီလို ရှာဖွေမှုတွေဟာ တစ်လလုံးလုံး ကြာမြင့်ခဲ့ပါတယ်။
သောင်းတာအိုမျှော်စင်ကတော့ သဲလွန်စ တချို့ကို တကယ် ရှာတွေ့သွားပါတယ်။
အဲဒီနေ့ပြီးနောက်မှာ ကျင့်ကြံသူ အချို့ဟာ ရုတ်တရက် အစအနမရှိ ပျောက်ကွယ်သွားတာမျိုးပေါ့။
သောင်းတာအိုမျှော်စင်က ဒါဟာ သဲလွန်စလို့ ထင်ပြီး ပျောက်သွားတဲ့ ကျင့်ကြံသူတွေကို အသည်းအသန် လိုက်ရှာပါတော့တယ်။
ဖန့်ချန်ကတော့ အားတဲ့အချိန်မှာ မြူလေမြို့ကို တစ်ခေါက် ပြန်သွားပြီး၊ အဲဒီနောက် ဗူးသီးကို ယူပြီး ရမ်ယန်မြို့ ကို သွားပါတယ်။
ဟန်ဆွေနတ်မီးလျှံ ကိုတော့ သူ ယူမသွားဘဲ သူ့ရဲ့ ခွဲထွက်ဝိညာဉ် ဆီမှာပဲ ထားခဲ့ပါတယ်။
အဲဒီခွဲထွက်ဝိညာဉ်က မဟာကောင်းကင်ရဲ့ ဆေးပညာရပ်တွေကို လေ့လာနေတာဆိုတော့ သူကပဲ သန့်စင်ဖို့ အသင့်တော်ဆုံးပါပဲ။
ရမ်ယန်မြို့ရဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လူ့လောက နေရာကတော့ ကိုးဘုံထဲက တစ်ခုဖြစ်တဲ့ ဓာတ်ငါးပါးနယ်မြေ ပါ။
ဟင်းလင်းပြင်ထဲမှာ ဖန့်ချန်ဟာ ဗူးသီးကို ကိုယ့်နဲ့ အလှမ်းဝေးတဲ့ နေရာမှာ ချထားပြီးမှ ဝိညာဉ်စွမ်းအားကို သုံးပြီး ဗူးသီးအဖုံးကို ဖွင့်လိုက်ပါတယ်။
နောက်တစ်စက္ကန့်မှာပဲ ပုံရိပ်ပေါင်း ဆယ်ဂဏန်းလောက်ဟာ အထဲကနေ ပျံထွက်လာကြပြီး၊ လူတိုင်းရဲ့ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတွေ ရှိနေကြပါတယ်။
"ကျုပ်တို့တွေ ဒါက..."
လုံကျင်ချွန်း တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကြောင်အောက်နေကြပါတယ်။
"စီနီယာတို့ လွတ်မြောက်လာပြီဆိုတော့ ဒီဗူးသီးကို ဂျူနီယာ့ဆီ ပြန်ပေးလို့ ရမလား"
ဖန့်ချန်က လက်အုပ်ချီပြီး ပြောပါတယ်။
လူတိုင်း ထိတ်လန့်သွားပြီး ဖန့်ချန်ကို သံသယစိတ်နဲ့ ကြည့်လာကြပါတယ်။
"မင်းပဲ"
လုံကျင်ယောင် မျက်နှာထား ပြောင်းလဲသွားပါတယ်။
ဒီထဲမှာ လုံမျိုးနွယ်က လွတ်လပ်သောမသေမျိုးတွေအပြင် စုန်းမျိုးနွယ်က လွတ်လပ်သောမသေမျိုးတွေလည်း ပါပါတယ်။
စုန်းမျိုးနွယ်က လူတွေကတော့ ဖန့်ချန်က ဘယ်သူလဲဆိုတာ လုံးဝ မသိကြပါဘူး။
ဒါပေမဲ့ ဒီနေ့ သူတို့ လွတ်မြောက်လာတာဟာ ရှေ့ကလူနဲ့ ပတ်သက်နေတာတော့ သေချာပါတယ်။
"ကလေး... မင်းက ငါတို့ကို ကယ်လိုက်တာလား"
သျှောင်နတ်နဂါးမလေး က ရင်ထဲက အံ့ဩမှုကို ဖိနှိပ်ရင်း မေးလိုက်ပါတယ်။
လူတိုင်းရဲ့ မျက်နှာထားတွေက ထူးဆန်းနေပါတယ်။
လုံကျင်ယောင်တို့ဟာ ဦးနှောက်ကို ဘယ်လောက်ပဲ သုံးသုံး၊ ရှေ့ကလူက ဘယ်လိုနည်းလမ်းနဲ့ သူတို့ကို ကယ်ထုတ်ခဲ့လဲဆိုတာ လုံးဝ စဉ်းစားလို့ မရနိုင်တော့ပါဘူး