အခန်း (၁၀၈၇-၁၀၈၈)
Vol. 109 Ch. 1087-1088
အခန်း (၁၀၈၇) မသေမျိုးလောကငယ်
သခင်မ ဆူယာတို့တစ်သိုက် သူတို့နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ ထွက်ခွာသွားတာကို မြင်တော့၊ စုန့်ကျိလီဟာ အဖိုးကြီးကို လှည့်ကြည့်ပြီး ခပ်ဖွဖွ ပြုံးကာ ဆိုလိုက်ပါတယ်
"စီနီယာအစ်ကိုက တကယ်ပဲ ကျုပ်ကို အထင်ကြီးသွားစေတာပဲ မသေမျိုးလောကငယ် ဆိုတာ လူ့လောက ကိုးနယ်မြေထဲမှာ လုပ်ဆောင်ချက်တွေ အလျှို့ဝှက်ဆုံး အင်အားစုပဲ ရှေးဟောင်းကာလက အထက်ဘုံက အစစ်မှန်နတ်ဘုရား တစ်ပါး လူ့လောကမှာ ဖွင့်လှစ်ခဲ့တဲ့ တာအိုနယ်မြေလို့ ကောလာဟလ ရှိခဲ့တာ"
"လူ့လောကရဲ့ ထိပ်သီးအင်အားစုတွေတောင်မှ သူတို့နဲ့ အဆက်အသွယ် ရဖို့ဆိုတာ မသေချာဘူး"
"ဂျူနီယာညီလေး... ဒါက စီနီယာအစ်ကို့ရဲ့ ကံကောင်းမှုလို့ပဲ ပြောရမှာပေါ့ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် အဲဒီ မသေမျိုးအစစ်နဲ့ အနည်းငယ် ရင်းနှီးခဲ့တာပါ"
အဖိုးကြီးက ခပ်ဖွဖွ ပြုံးလိုက်ပေမဲ့ နှိမ့်ချထားတဲ့ စကားလုံးတွေနောက်မှာတော့ ဂုဏ်ယူဝင့်ကြွားနေတဲ့ လေသံက ဖုံးကွယ်လို့ မရပါဘူး။
"အထက်ဘုံ နတ်ဘုရားတစ်ပါးက လူ့လောကမှာ ဖွင့်ထားတဲ့ တာအိုနယ်မြေ... ဒီအဖိုးကြီးက အဲဒီ မသေမျိုးအစစ်နဲ့ တိုက်ရိုက် ထိတွေ့ဖူးတာပဲ..."
ဖန့်ချန် တစ်ခုခုကို စဉ်းစားနေပါတယ်။
"စီနီယာအစ်ကိုက အဲဒီ မသေမျိုးအစစ်နဲ့ ထိတွေ့ဖူးတာလား"
စုန့်ကျိလီ အကြည့်တွေ လှုပ်ခတ်သွားတယ်
"ကျုပ်က စီနီယာအစ်ကို့ကို လျှော့တွက်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တကယ်ကို နားမလည်နိုင်လို့ပါ စီနီယာအစ်ကို ရှင်းပြပေးပါဦး"
အဖိုးကြီးက ထပ်ပြီး ဖုံးကွယ်မထားတော့ဘဲ ခေါင်းငြိမ့်ပြတယ်
"မင်းရဲ့ စိတ်နေစိတ်ထားအရ အကုန်လုံးကို အစအဆုံး မသိရရင် တကယ်တမ်း အင်တိုက်အားတိုက် လုပ်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် အကြောင်းစုံကို ငါပြောပြနိုင်ပါတယ် ဒါပေမဲ့ ဒီတစ်ခါတော့ စီနီယာအစ်ကို့ကို စိတ်မပျက်စေနဲ့လို့ မျှော်လင့်ပါတယ်"
"ဒီ မသေမျိုးအစစ်နဲ့ ပတ်သက်ခွင့်ရတာက ဂိုဏ်းအတွင်းမှာ ငါတို့ရဲ့ အဆင့်အတန်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ် ဒီကိစ္စ အောင်မြင်သွားရင် ငါတို့နှစ်ယောက်လုံး စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိတယ် အဲဒီအချိန်ကျရင် ဒီလို ကျေးလက်ဆန်တဲ့ နေရာမျိုးမှာ ဘာလို့ အခြေချနေဦးမှာလဲ "
"စီနီယာအစ်ကို ပွင့်ပွင့်လင်းလင်း ပြောပါ"
စုန့်ကျိလီက အေးဆေးစွာ ဆိုပါတယ်။
အဖိုးကြီးက ပြောတယ်
"ပြောရရင် ကံပဲပေါ့ ငါ လူ့လောကမှာ လှည့်လည်သွားလာနေတုန်း ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် အစကတော့ သာမန် ခြင်ကောင်၊ ပုရွက်ဆိတ်ကောင်လို့ ထင်ခဲ့ပေမဲ့ သူ့ဆီကနေ ထူးဆန်းတဲ့ အချက်တစ်ခုကို မြင်လိုက်ရတယ်"
"တကယ်လို့ ငါက ကံကြမ္မာအဆိုးအကောင်းကို ခွဲခြားမသိဘဲ အဲဒီကောင်လေးကို လက်ဦးအောင် မလုပ်ခဲ့ရင်၊ ဒီနေ့ မင်းနဲ့ ဒီမှာ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောနိုင်မှာ မဟုတ်ဘူး"
"စီနီယာအစ်ကို ပြောတဲ့ ကောင်လေးက... အဲဒီ မသေမျိုးအစစ်ရဲ့ မျိုးဆက်လား "
စုန့်ကျိလီ အကြည့်တွေ လှုပ်ခတ်သွားပါတယ်။
"မဟုတ်ဘူး"
အဖိုးကြီးက ရယ်ပြီး
"သူကိုယ်တိုင်က အဲဒီ မသေမျိုးအစစ်ပဲ ဒါပေမဲ့ လူပြန်ဝင်စားပြီး ပြန်လည်ကျင့်ကြံနေတာ ငါ သူ့ကို တွေ့တဲ့အချိန်တုန်းက ကျင့်ကြံခြင်းအဆင့်က မမြင့်သေးဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာလောက်က ထင်တယ်၊ အဲဒီတုန်းက သူက တာအိုပေါင်းစပ်ခြင်း အဆင့်ပဲ ရှိသေးတယ်၊ ဘေးဒုက္ခကိုတောင် မရင်ဆိုင်ရသေးဘူး"
"လူပြန်ဝင်စားပြီး ပြန်လည်ကျင့်ကြံတာ..."
စုန့်ကျိလီရဲ့ မျက်နှာထားက ထူးဆန်းသွားတယ်
"ကျုပ် ယင်လောကကို သွားဖူးတယ် အခု ယင်လောကမှာ သံသရာဌာန ဆိုတာ မရှိဘူးဆိုတာ သိတယ် ဒါကြောင့် မသေမျိုးတွေ သေဆုံးသွားရင်တောင် လူပြန်ဝင်စားဖို့ ခက်ခဲပါတယ် ဒီလို နည်းလမ်းမျိုးက ထူးခြားသူ တွေနဲ့ အနည်းငယ် ဆင်တူနေတယ် စီနီယာအစ်ကို ပြောတဲ့ ဒီ မသေမျိုးအစစ်က ထူးခြားသူလား ဒါမှမဟုတ်..."
"ငါ မသေမျိုးလောကငယ် ကို ရောက်ဖူးတယ်၊ သူ့ရဲ့ အဆင့်အတန်းက ပြဿနာမရှိဘူး ငါ သူ့ရဲ့ အခုလက်ရှိ နည်းလမ်းတွေကို မြင်ဖူးတယ် မင်းနဲ့ ငါ့ကို သတ်ဖို့ဆိုရင် လက်သန်းလေး တစ်ချောင်း လှုပ်လိုက်ရုံနဲ့တင် လုံလောက်တယ်"
အဖိုးကြီးက အေးဆေးစွာ ဆိုပါတယ်။
"သူ့ရဲ့ အခုလက်ရှိ ကျင့်ကြံခြင်းအဆင့်က..."
စုန့်ကျိလီက အဖိုးကြီးကို ကြည့်လိုက်ပါတယ်။
"အထက်ဘုံရဲ့ အခေါ်အဝေါ်အရဆိုရင်တော့ မြေကမ္ဘာမသေမျိုး အဆင့်ပဲ"
အဖိုးကြီးက ဆိုပါတယ်။
"လူသားမသေမျိုး၊ မြေကမ္ဘာမသေမျိုး... မြေကမ္ဘာမသေမျိုးဆိုတာ ဒုတိယအဆင့် လွတ်လပ်သောမသေမျိုးနဲ့ပဲ ညီမျှတာလေ၊ ဒါပေမဲ့ စီနီယာအစ်ကိုက သူ ကျုပ်တို့နှစ်ယောက်လုံးကို သတ်ဖို့ လက်ချောင်းတစ်ချောင်းပဲ လိုတယ်လို့ ပြောတာလား "
စုန့်ကျိလီ မျက်မှောင်ကြုတ်သွားပါတယ်။
အဖိုးကြီးက ခပ်ဖွဖွ ပြုံးတယ်
"မင်း မယုံဘူးလား သူက မြေကမ္ဘာမသေမျိုး အဆင့်ပဲ ရှိသေးပေမဲ့ အခု သူ့ရဲ့ ကျင့်ကြံခြင်းက အထွတ်ထိပ် အဆင့်ကို ပြန်မရောက်သေးဘူး ဒါတင်မကဘဲ သူ့ရဲ့ မသေမျိုးစွမ်းအားက သန့်စင်တယ် ကိုယ်ပေါ်မှာလည်း ဝိညာဉ်ရတနာ တွေ ရှိတယ် တကယ်လို့ တိုက်ခိုက်ကြမယ်ဆိုရင် ကျုပ်တို့နှစ်ယောက် ပေါင်းရင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူး"
"အဲဒီလောက်ဆိုရင်တောင် ထူးခြားသူ တစ်ယောက်ကို ဖမ်းဆီးဖို့ဆိုတာ မသေချာသေးဘူး စီနီယာအစ်ကိုလည်း ထူးခြားသူတွေရဲ့ ဆန်းကြယ်မှုကို မြင်ဖူးတာပဲ"
စုန့်ကျိလီက စဉ်းစားဟန်နဲ့
"တကယ်လို့ ကျုပ်တို့က အကြာကြီး ပင်ပင်ပန်းပန်း လုပ်ပေးပြီးမှ သူက ထူးခြားသူကို မဖမ်းနိုင်ခဲ့ရင် သူကတိပေးထားတဲ့ အကျိုးအမြတ်တွေက..."
"ဂျူနီယာညီလေး စိတ်မပူပါနဲ့ ဒီ မသေမျိုးအစစ်တွေရဲ့ နည်းလမ်းတွေက မင်းနဲ့ ငါ စိတ်ကူးကြည့်လို့ မရနိုင်ဘူး တာအိုဂိုဏ်း ရဲ့ နည်းလမ်းတွေက တော်တော် ဆန်းကြယ်တယ် မဟုတ်လား ဒါပေမဲ့ သူတို့မျက်လုံးထဲမှာတော့ သာမန်ပါပဲ"
"မိုးကြိုးအတတ် ကိုပဲ ကြည့်ဦး ငါကြားထားတဲ့ သတင်းအရ မသေမျိုးလောကငယ်မှာ အနည်းဆုံး မိုးကြိုးအတတ် သုံးမျိုး ရှိတယ် အဲဒါတွေက မင်းကျင့်ကြံနေတဲ့ အပြာရောင်မိုးကြိုးအတတ် ထက် မနိမ့်ဘူး"
အဖိုးကြီးက စုန့်ကျိလီကို ကြည့်လိုက်ရာ သူ့မျက်လုံးအိမ် အနက်ပိုင်းမှာတော့ သတိမထားမိနိုင်တဲ့ မနာလိုမှုတွေ ဖြတ်ပြေးသွားပါတယ်။
"ဒါဆိုရင်တော့ ကျုပ်ရဲ့ စိတ်ထဲမှာ သံသယ မရှိတော့ပါဘူး"
စုန့်ကျိလီက ခေါင်းငြိတ်လိုက်ပါတယ်။
အဖိုးကြီးက ပြုံးပြီး မတ်တပ်ရပ်လိုက်တယ်
"အချိန်လည်း မစောတော့ဘူး၊ ငါ အရင်ပြန်ပြီး ဂျူနီယာညီလေးဆီက သတင်းကောင်းကို စောင့်နေမယ်"
အဖိုးကြီး ထွက်သွားပြီးနောက်မှာတော့ ယွင်တိန့်ဆရာတော်က ချက်ချင်း ဂုဏ်ပြုစကား ဆိုပါတယ်
"မျှော်စင်သခင်ကို ဂုဏ်ပြုပါတယ်၊ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိသွားပြီ "
"အရမ်းကြီး ဝမ်းမသာနဲ့ဦး ငါ့ရဲ့ ဒီစီနီယာအစ်ကိုမှာ ကံကြမ္မာအဆိုးအကောင်း ခွဲခြားတဲ့ အတတ်ရှိတယ် သူက ဒီမှာတောင် ကြာကြာမနေချင်ဘူးဆိုတာက ဒီကိစ္စက မင်းထင်သလောက် မရိုးရှင်းဘူးဆိုတဲ့ သဘောပဲ"
စုန့်ကျိလီက အေးအေးဆေးဆေး ပြောလိုက်တယ်
"ထူးခြားသူကို ထူးခြားသူလို့ ခေါ်တာက ဘုံသုံးဘုံရဲ့ အပြင်ဘက်ကို ရောက်နေပြီး၊ ငါးပါးသော ဓာတ်ကြီးတွေ ထဲမှာ မပါဝင်လို့ပဲ မသေမျိုးလောကငယ် က မသေမျိုးအစစ်တောင် သူတို့ကို ရှာဖို့ ခက်ခဲနေပြီး ငါ့ကို လှုပ်ရှားခိုင်းတယ်ဆိုကတည်းက ထူးခြားသူရဲ့ ဆန်းကြယ်မှုကို သိသာစေတယ်"
"မျှော်စင်သခင်... ဒါဆို ဒီကိစ္စကို..."
ယွင်တိန့်ဆရာတော်က အကဲခတ်ရင်း မေးလိုက်တယ်
"နည်းနည်း ဆွဲထားရမလား"
"ဟောက်ယန် က အခုမှ ပထမအဆင့် လွတ်လပ်သောမသေမျိုး ဖြစ်လာတာ မဟုတ်လား သူ့ကို မြေဝက်ဝံကြယ်ကို တစ်ခေါက် သွားခိုင်းလိုက် ဝမ်ချုံစန်း နဲ့ ဒီကိစ္စကို တိုင်ပင်ခိုင်းလိုက်"
"မြေဝက်ဝံကြယ်မှာရှိတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေအားလုံးကို လှုပ်ရှားခိုင်းလိုက် နည်းနည်း ရဲရဲတင်းတင်း လုပ်ခိုင်းလိုက် အချို့သော တားမြစ်ချက်တွေကိုလည်း... ဂရုစိုက်နေစရာ မလိုတော့ဘူး"
စုန့်ကျိလီက ဆိုပါတယ်
"မြေဝက်ဝံကြယ်က အဲဒီ ထူးခြားသူ နှစ်ယောက်က ဒီကိစ္စကို အာရုံစိုက်မလားဆိုတာ ကြည့်ရအောင် တကယ်လို့ သူတို့ဘက်က လှုပ်ရှားမှု ရှိလာရင် နောက်ပိုင်းကိစ္စတွေက အလိုအလျောက် အဆင်ပြေသွားလိမ့်မယ်"
"မျှော်စင်သခင်... ဟောက်ယန်က ပထမအဆင့်ကို တက်လှမ်းနိုင်တာ မကြာသေးပါဘူး တကယ်လို့ အပြင်ကို လွှတ်လိုက်ရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာ စိုးရိမ်ရပါတယ် သူ့အစား ကျုပ်ကိုယ်တိုင် သွားလိုက်ရင် ဘယ်လိုလဲ "
ယွင်တိန့်ဆရာတော်က တိုးတိုးလေး ဆိုပါတယ်။
စုန့်ကျိလီက ပြုံးပြီး လက်ယမ်းလိုက်တယ်
"သူ မြေဝက်ဝံကြယ်မှာ အန္တရာယ်တွေ့မှာကို မင်း စိုးရိမ်နေတာ ငါသိပါတယ် ဘာပဲဖြစ်ဖြစ် အဲဒီမှာလည်း ရွှင် လို့ အမည်ရတဲ့ ကောင်လေးရဲ့ နည်းလမ်းတွေက မရိုးရှင်းဘူးလေ"
"ဒါပေမဲ့ မင်းသာ သွားမယ်ဆိုရင် ကိစ္စတွေကို ကျုပ်တို့ သေသေသေချာချာ မြင်ရမှာ မဟုတ်ဘူး"
ယွင်တိန့်ဆရာတော်ရဲ့ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး စိတ်ထဲမှာ သဘောပေါက်သွားပါတယ်။
ရှေ့က လူကြီးမင်းဟာ သူ့ရဲ့ တပည့်ရင်းကို ငါးစာအဖြစ် သုံးပြီး၊ မြေဝက်ဝံကြယ်ပေါ်က အခြေအနေကို အကဲခတ်ချင်နေတာပါ။
ယွင်တိန့်ဆရာတော် ထွက်သွားပြီးနောက်မှာတော့ စုန့်ကျိလီဟာ ဧည့်ခန်းမကနေ ထွက်မသွားသေးဘဲ အဲဒီမှာတင် ငြိမ်ငြိမ်လေး ထိုင်နေပါတယ်၊ တစ်ယောက်ယောက်ကို စောင့်နေသလိုပါပဲ။
ဖန့်ချန်က ဒါကို မြင်တော့ အလျင်စလို ထွက်မသွားသေးပါဘူး။
ဒီကိစ္စမှာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရိုက် ဝင်မစွက်ဖက်နိုင်တာကြောင့် ယွမ်ဟယ် ဆရာသခင် ဒါမှမဟုတ် အဖိုးကို အရင်ဆုံး ဆက်သွယ်နိုင်ဖို့ပဲ နည်းလမ်းရှာရပါမယ်။
နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ လူရိပ်တစ်ခု ဧည့်ခန်းမထဲကို ခန့်ခန့်ညားညား လမ်းလျှောက်ဝင်လာပါတယ်။
"ငါ့ကို ရှာတာ ဘာကိစ္စလဲ"
လီဝူဝမ့် က စုန့်ကျိလီကို အေးစက်စွာ ကြည့်လိုက်ပါတယ်။
"မင်းအတွက် ကလဲ့စားချေနိုင်မယ့် အခွင့်အရေးတစ်ခု ရှိတယ်၊ မင်း လက်ကိုင်ထားချင်လား "
စုန့်ကျိလီက ပြုံးပြီး မေးလိုက်ပါတယ်။
"ကလဲ့စားချေရမယ် လုံ မိသားစုက ပျက်စီးသွားပြီပဲ၊ ငါ့မှာ ဘာ လက်စားချေစရာ ကျန်သေးလို့လဲ မင်း နတ်နဂါးမ တို့တစ်သိုက်ကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးရင် ငါ့ကို အချို့ ပေးဖို့ပဲ မှတ်ထားပါ"
လီဝူဝမ့်က ဆိုပါတယ်။
ဖန့်ချန်က လီဝူဝမ့်ကို တစ်ချက်ကြည့်လိုက်ပါတယ်။
ဒီလူဟာ ဝမ်ချုံစန်း ရဲ့ ဗူးသီး ကို သူ ယူသွားပြီဆိုတဲ့ သတင်းကို မရသေးပုံရပါဘူး။
စုန့်ကျိလီကလည်း အဲဒီကိစ္စကို ပြောမယ့်ပုံ မပေါ်ဘဲ လီဝူဝမ့်ရဲ့ လက်မောင်းတစ်ဖက်ကို ကြည့်လိုက်တယ်
"အဲဒီတုန်းက မင်းရဲ့ ဒီလက်မောင်း ဘယ်လိုဖြစ်ပြီး ပြတ်သွားတာလဲဆိုတာ ငါမသိဘူးလို့ မင်းထင်နေတာလား "
"မင်း ဘာဆိုလိုတာလဲ ငါပြောပြီးပြီလေ အဲဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဝင်ပါဖို့ မလိုဘူး"
လီဝူဝမ့်ရဲ့ မျက်နှာ အုံ့မှိုင်းသွားပါတယ်။
"အခုတော့ ငါနဲ့ ဆိုင်သွားပြီ တစ်ယောက်ယောက်က အဲဒီ ထူးခြားသူကို နှိမ်နင်းချင်နေတာ၊ ဒါကြောင့် ငါနဲ့ မင်း လက်တွဲဖို့ လိုအပ်တယ်"
စုန့်ကျိလီက ခပ်ဖွဖွ ပြုံးလိုက်တယ်
"မင်းကတော့ ကိုယ့်ကိုယ်ကိုယ် သူ့ရဲ့ တပည့်လို့ ယူဆနေတုန်းတော့ မဟုတ်ပါဘူးနော် "
"တပည့် "
ဖန့်ချန် မှင်သက်သွားပါတယ်။
စုန့်ကျိလီ ပြောလိုက်တဲ့ ဒီစကားက ဘာကို ဆိုလိုတာလဲ။
အခန်း (၁၀၈၈) ပထမအဆင့်အတွက် ယှဉ်ပြိုင်ခွင့်
လီဝူဝမ့်က စုန့်ကျိလီကို အေးစက်စက် ကြည့်လိုက်တယ်
"ငါက သူ့ကို အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာ ဆရာတပည့်လို့ ပြောလို့မရဘူး မင်း ငါ့ကို ဒီလိုစကားလုံးတွေနဲ့ လာဆွမနေနဲ့ ပြောစမ်းပါဦး ဘာလို့ မင်းက ရုတ်တရက် ထူးခြားသူတွေအပေါ် စိတ်ဝင်စားသွားရတာလဲ"
"မင်းတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက သွေးဝိညာဉ်ဆေးလုံးကလွဲရင် ကျန်တာကို စိတ်မဝင်စားကြဘူး မဟုတ်လား "
"ကံကြမ္မာအဆိုးအကောင်း ခွဲခြားတတ်တဲ့ ငါ့ရဲ့ စီနီယာအစ်ကိုကို မင်းမှတ်မိတယ်မလား"
စုန့်ကျိလီက ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။
လီဝူဝမ့်ရဲ့ အကြည့်တွေ လှုပ်ခတ်သွားတယ်
"ယွမ်ဟွာ အဖိုးကြီးလား သူက ဗေဒင်အတတ်နဲ့ ဘာတွေ တွက်ချက်လိုက်ပြန်လို့ မင်းက ထူးခြားသူတွေအပေါ် ဒီလောက် အာရုံစိုက်နေရတာလဲ"
"ဗေဒင်အတတ်... ကြည့်ရတာ သူတို့ရဲ့ တာအိုဂိုဏ်း အမွေအနှစ်က တော်တော်လေး ပြည့်စုံပုံရတယ်"
ဖန့်ချန် အကြည့်တွေ လှုပ်ခတ်သွားပါတယ်။
တာအိုသုံးထောင်နန်းတော်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အခန်းအချို့ ရှိပြီး၊ အဲဒီမှာ တစ်ချိန်က ဗေဒင်တွက်တဲ့ တာအိုအတတ်တွေ ရှိခဲ့ဖူးပေမဲ့ အကုန်လုံး ပျောက်ဆုံးကုန်ပါပြီ။
"သူက မသေမျိုးလောကငယ်က အစစ်မှန်မသေမျိုးနဲ့ အဆက်အသွယ် ရသွားတာ တကယ်တော့ ငါက ထူးခြားသူတွေကို နှိမ်နင်းချင်တာ မဟုတ်ဘူး သူတို့နဲ့ ငါနဲ့ကလည်း ဘာရန်ငြိုးမှ မရှိဘူး ငါက ဘာလို့ သူတို့ရဲ့ အကွက်ချတာကို ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်ပြီး သူတို့ကို သွားတိုက်ရမှာလဲ"
"ဒါပေမဲ့ အဲဒီ အစစ်မှန်မသေမျိုးက ထူးခြားသူတစ်ယောက်ကို ယဇ်ပူဇော်ချင်နေတာ ဒါကြောင့် ထူးခြားသူ ထွက်လာအောင် ကျုပ်တို့ကို ကူညီခိုင်းတာပဲ"
စုန့်ကျိလီက ခပ်ဖွဖွ ပြုံးပြီး
"ဒီကိစ္စသာ အောင်မြင်ရင် မင်းတို့ရဲ့ ကောင်းကင်ဓားဌာန ဟာ အနည်းဆုံး ပထမအဆင့်ဆေးလုံး ဆယ်လုံးနဲ့၊ အဆင့်လွန်ဆေးလုံး နှစ်လုံး ရလိမ့်မယ်"
"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အဆင့်လွန်ဆေးလုံးကို မင်းစားဖူးပါတယ် အစွမ်းက ဘယ်လောက် ထက်မြက်လဲဆိုတာ မင်းသိတယ် အဲဒီတုန်းက မင်း တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း အဆင့်လွန်ဆေးလုံး နှစ်လုံးပဲ သုံးခဲ့ရတာလေ"
သူက ခေတ္တရပ်ပြီး
"အခု ကောင်းကင်ဓားဌာနမှာ တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတွေ မနည်းဘူးမလား ပထမအဆင့်ဆေးလုံးက သူတို့ကို လွတ်လပ်သောမသေမျိုးအဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ဖို့ အခွင့်အရေး ပိုများစေလိမ့်မယ်"
"ပထမအဆင့်ဆေးလုံး ဆယ်လုံးဆိုရင်... အနည်းဆုံး မင်းတို့အတွက် ပထမအဆင့် ဓားကျင့်ကြံသူ နှစ်ယောက်လောက် ထပ်တိုးလာအောင် ကူညီပေးနိုင်လိမ့်မယ် ဒီကမ်းလှမ်းချက်ကို မင်း ဘယ်လိုသဘောရလဲ "
ဖန့်ချန်ရဲ့ မျက်နှာထား လေးနက်သွားပါတယ်။
တစ်ခါက ကိုင်ဝူနဲ့ ချင်ဟော့ချန်းတို့ စကားပြောတုန်းက ပထမအဆင့်ဆေးလုံးအကြောင်း ထည့်ပြောဖူးပါတယ်။
ချင်ဟော့ချန်းရဲ့ စကားအတိုင်းဆိုရင် ကျုံးကျိုး မှာရှိတဲ့သူတွေအားလုံးကို သတ်ပစ်ရင်တောင် ပထမအဆင့်ဆေးလုံး တစ်လုံး ရဖို့ မသေချာဘူး တဲ့။
ဒါကို ကြည့်ရင် ပထမအဆင့်ဆေးလုံး တစ်လုံး ဖော်စပ်ဖို့အတွက် သွေးဖြင့် ယဇ်ပူဇော်မှု ဘယ်လောက်တောင် လိုအပ်သလဲဆိုတာ သိနိုင်ပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းက အကုန်အစင် သတ်ပစ်တာမျိုးတော့ မဟုတ်ဘူး၊ နှစ်ပေါင်းများစွာ ကြာအောင် သတ္တဝါပေါင်းများစွာရဲ့ သွေးကို ယဇ်ပူဇော်ပြီး စုဆောင်းလာခဲ့တာ ဖြစ်ဖို့ များပါတယ်။
သူ သွေးဝိညာဉ်ဆေးလုံးကို ထိတွေ့ဖူးပါတယ်၊ ဒါဟာ တကယ်တော့ ဆေးလုံး မဟုတ်ဘဲ ကံကြမ္မာအကျိုးဆက် တွေ စုစည်းနေတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကို အခြေခံပြီး ကြည့်ရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ ဒုတိယအဆင့်ဆေးလုံး အလုံးပေါင်းများစွာကို ပြန်ပေါင်းပြီး ပိုပြီး သန့်စင်တဲ့ ပထမအဆင့်ဆေးလုံးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
စုန့်ကျိလီက ဒီလောက် မြင့်မားတဲ့ အကျိုးအမြတ်ကို ပေးနိုင်တယ်ဆိုတာ သောင်းတာအိုမျှော်စင်က နှစ်ပေါင်း ရာချီ စုဆောင်းထားတဲ့ သွေးဝိညာဉ်ဆေးလုံးအားလုံးကို ထုတ်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
သူပြောတဲ့ အဆင့်လွန်ဆေးလုံးဆိုတာကိုတော့ သေချာမသိပေမဲ့၊ အဲဒီဆေးလုံးတစ်လုံးရဲ့ နောက်ကွယ်မှာ ပေးဆပ်ရမယ့် တန်ဖိုးက ဘယ်လောက်တောင် ကြီးမားမလဲဆိုတာ စိတ်ကူးကြည့်လို့ ရပါတယ်။
"ပထမအဆင့်ဆေးလုံး ဆယ်လုံး အဆင့်လွန်ဆေးလုံး နှစ်လုံး စိတ်ဝင်စားစရာပဲ မသေမျိုးလောကငယ်က အစစ်မသေမျိုးက မင်းတို့ကို ဘာအကျိုးအမြတ်တွေ ပေးလို့လဲ ငါသိရသလောက်တော့ မင်းအုပ်ချုပ်တဲ့ နယ်မြေမှာ နှစ်ပေါင်း တစ်ရာနေလို့တောင် ပထမအဆင့်ဆေးလုံး တစ်လုံး ထွက်ဖို့ မလွယ်ဘူးလေ"
လီဝူဝမ့်ရဲ့ အကြည့်တွေ လှုပ်ခတ်သွားပြီး စိတ်ဝင်စားသွားပုံရပါတယ်။
"ဒီအကျိုးအမြတ်ကိုတော့ ငါနဲ့ စီနီယာအစ်ကိုက အတူတူ ခွဲဝေယူမှာပါ သူက ဒီနှစ်တွေမှာ ဆေးလုံး တော်တော်များများကို ခိုးချန်ထားခဲ့တာ၊ ပေးနိုင်ပါတယ် "
စုန့်ကျိလီက ပြုံးပြီး
"ငါကလည်း မင်းနဲ့ ယွမ်ဟယ် ကြားမှာ ပတ်သက်မှုလေး ရှိနေတာကို သိလို့ မင်းနဲ့ ပူးပေါင်းဖို့ ရှာတာပါ မဟုတ်ရင် ငါက ဘာလို့ ဟိုလူ့ကို မရှာဘဲ မင်းကို ရှာရမှာလဲ "
သေချာသွားပါပြီ၊ ဖန့်ချန်က လီဝူဝမ့်ကို ကြည့်လိုက်မိတယ်၊ ဒီလူဟာ ယွမ်ဟယ် ဆရာသခင်နဲ့ ပတ်သက်မှု ရှိနေလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ပါဘူး။
"ငါ့ကို ဘာလုပ်စေချင်တာလဲ"
လီဝူဝမ့်က အေးဆေးစွာ မေးလိုက်ပါတယ်။
"ငါက မင်းကို လူတွေခေါ်ပြီး မြေဝက်ဝံကြယ်ကို သွားစေချင်တယ် မြေဝက်ဝံကြယ်က ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး စစ်ပွဲကြီးတစ်ခုကို ဖော်ဆောင်ရမယ်"
"ငါ အခြေခံတွေ ခင်းပေးထားပြီးသားပါ ကျုံးကျိုးက ဒုတိယအဆင့် အင်ပါယာ ထျန်းယောင် ၊ တိတျန်းက ဒုတိယအဆင့် အင်ပါယာ ဖေးရှင်း ၊ ပေတုက ဒုတိယအဆင့် အင်ပါယာ စိန့်ခွေ တို့ အားလုံးမှာ ပထမအဆင့်အတွက် ယှဉ်ပြိုင်ခွင့် ရှိနေကြတယ်"
စုန့်ကျိလီက ခပ်ဖွဖွ ပြုံးပြီး
"တကယ်တော့ သူတို့ကို ဒီလောက် စောစောစီးစီး အသုံးချဖို့ မရည်ရွယ်ထားဘူး ဒါပေမဲ့ အခု ဒီကိစ္စနဲ့ ကြုံတုန်း မြေဝက်ဝံကြယ်ရဲ့ အခြေအနေကို တစ်ခါတည်း ပြောင်းလဲပစ်လိုက်တာပေါ့"
"ဒါက လူတွေ အများကြီး သေလိမ့်မယ်"
လီဝူဝမ့် ခဏလောက် တိတ်ဆိတ်သွားပါတယ်။
"လူတွေက အရမ်းများနေတာလေ မသေမျိုးကျောက်တုံးတွေကိုပဲ ကြည့်ဦး ဒီနေ့ခေတ် မသေမျိုးကျောက်တုံး အရေအတွက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကနဲ့ ယှဉ်ရင် သုံးပုံတစ်ပုံပဲ ရှိတော့တယ် "
စုန့်ကျိလီက သက်ပြင်းတစ်ချက် ချလိုက်တယ်
"ဒီလို ခြင်ကောင်၊ ပုရွက်ဆိတ်ကောင်တွေက မသေနိုင်တဲ့ အသက်ရှည်မှုကို မက်မောနေကြလို့ အခြေအနေက ဒီလို ဖြစ်ကုန်တာပဲ အခုလို လုပ်လိုက်တာက ကုသိုလ်တစ်ခု လုပ်ပေးတာပဲလို့ ပြောလို့ရပါတယ်"
"တကယ်လို့ ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက လူသားတွေကို မကယ်တင်ခဲ့ရင် မင်းနဲ့ မင်းရဲ့ တပည့်တွေ အခုအချိန်မှာ ဘယ်လို အခြေအနေမျိုး ရောက်နေမယ် ထင်လဲ"
"ပြီးတော့ ဒီ ချောင်ဖုန်း နယ်မြေမှာရှိတဲ့ လွတ်လပ်သောမသေမျိုးတွေ... ဘယ်သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းကြောင့် ဒီလို ကျင့်ကြံခြင်းအဆင့်ကို ရောက်လာတာ မဟုတ်လို့လဲ "
......
......
ယင်လောက၊ ဆန်ကျင်း မြို့။
ယင်ချောင်စီ မှာ တုယွန်းရွှီ က ရုံးခန်းအသစ်မှာ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးနေပါတယ်။
အဲဒီထဲက အကြောင်းအရာတွေက ဌာနအသီးသီးနဲ့ ပတ်သက်နေသလို၊ နေ့ကင်းလှည့် အဖွဲ့က လူ့လောကမှာ တွေ့ကြုံကြားသိခဲ့ရတာတွေလည်း ပါဝင်ပါတယ်။
"ယွန်းရွှီ... မင်း မသေမျိုးလောကငယ် အကြောင်း ကြားဖူးလား "
ဖန့်ချန် ရုတ်တရက် ပေါ်လာပါတယ်။
တုယွန်းရွှီ အနည်းငယ် လန့်သွားပြီး စာရွက်စာတမ်းတွေကို ချကာ ထရပ်ပြီး ဂါရဝပြုလိုက်တယ်၊ ပြီးမှ ဇဝေဇဝါနဲ့ ပြန်မေးပါတယ်
"မသေမျိုးလောကငယ် လား ကျုပ် မကြားဖူးပါဘူး ဘုရား"
ဖန့်ချန် ခဏလောက် တိတ်ဆိတ်သွားပြီး ခေါင်းငြိမ့်လိုက်တယ်
"ဒီရက်ပိုင်း လူအင်အား ပိုသုံးပြီး ဝမ်ချွမ်းမြစ်ပေါ်မှာ သွားကြည့်လိုက်ဦး ပျောက်ဆုံးနေတဲ့ မြို့ဟောင်းတွေကို လိုက်ရှာစမ်း"
"ဒီကိစ္စကို ကျုပ်လူတွေကို ခိုင်းထားပြီးသားပါ ဒါပေမဲ့ ဝမ်ချွမ်းမြစ်က အရမ်းကျယ်တာဆိုတော့... ပျောက်ဆုံးနေတဲ့ မြို့ဟောင်းတွေကို ရှာဖို့ နှစ်အတော်ကြာနိုင်ပါတယ်"
တုယွန်းရွှီက တိုးတိုးလေး ဆိုပါတယ်။
သူက ခေတ္တရပ်ပြီး ဖန့်ချန် စကားပြန်မပြောတာကို မြင်တော့ ဆက်မေးလိုက်တယ်
"အရှင်... ဒီပျောက်ဆုံးနေတဲ့ မြို့ဟောင်းတွေက... ရှာတွေ့ရင်တောင် ယင်လောကအတွက် ဘာအကျိုးမှ မရှိဘူးလေ အဲဒီအစား တပ်တွေလွှတ်ပြီး တိုက်ခိုက်သိမ်းပိုက်ရဦးမှာဆိုတော့..."
နှစ်ပေါင်းများစွာအတွင်းမှာ ဌာနအသီးသီးက ဝမ်ချွမ်းမြစ်ထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ တံတားတွေကို တစ်ခါတလေ တွေ့တတ်ကြပါတယ်။
အဲဒီတံတားတွေရဲ့ အဆုံးမှာတော့ ပျောက်ဆုံးနေတဲ့ မြို့ဟောင်းတွေ ရှိနေတတ်ပါတယ်။
ဥပဒေစိုးမိုးမှု မရှိတာ ကြာပြီဖြစ်လို့ အဲဒီမြို့ထဲက ဝိညာဉ်တွေဟာ အချင်းချင်း သတ်ဖြတ်နေကြပြီး၊ အချို့ဆိုရင် လူသားဆန်မှု လုံးဝ ပျောက်ကွယ်သွားပြီး ယင်မိစ္ဆာ တွေအဖြစ် ပြောင်းလဲကုန်ကြပါပြီ။
ဒီမြို့တွေကို ပြန်သိမ်းဖို့ဆိုတာ လူအင်အား၊ ပစ္စည်းအင်အား အများကြီး သုံးရမှာဖြစ်လို့ အခု ယင်လောကရဲ့ အခြေအနေအရ ဘာမှ အကျိုးမရှိပါဘူး။
ဖန့်ချန်ကလည်း ဒါကို နားလည်ပါတယ်၊ ဒါပေမဲ့ သူ ပိုပြီး အာရုံစိုက်တာက အဲဒီမြို့ဟောင်းတွေနဲ့ ဆက်စပ်နေတဲ့ လူ့လောကက နယ်မြေတွေပါ။
အခု ယင်လောကငယ်မှာ မြို့ပေါင်း သုံးသိန်းခြောက်သောင်းကျော် ရှိပေမဲ့၊ ကိုးပုံတစ်ပုံက ယိုဟွန့်မြို့၊ ပိုင်ယွဲ့မြို့လိုမျိုး နေရာလေးတွေပဲ ရှိပါသေးတယ်။
အဲဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ လူ့လောကက နယ်မြေတွေက တစ်ခုထက်တစ်ခု ပိုပြီး ဝေးလံခေါင်သီကြပါတယ်။
အချို့နေရာဆိုရင် ကျင့်ကြံသူတောင် မရှိသလောက်ပါပဲ၊ ရှိရင်တောင် အမြင့်ဆုံးက အခြေခံအဆင့် ဒါမှမဟုတ် ရွှေအမြုတေ အဆင့်လောက်ပဲ ရှိတာပါ။
သူက လူ့လောက ကိုးနယ်မြေရဲ့ အချက်အချာကျတဲ့ နေရာတွေနဲ့ ဆက်စပ်နေတဲ့ မြို့ဟောင်းအချို့ကို ရှာဖို့ လိုအပ်နေတာပါ။
ဒါက နောက်ဆုတ်ဖို့ လမ်းကြောင်းတစ်ခု ပါပဲ။
"ရှာတွေ့ရင် ယင်စစ်သည်ဌာနက တပ်လွှတ်စရာ မလိုဘူး၊ မြို့နာမည်ကိုပဲ မှတ်ထားလိုက်ရင် ရပြီ"
ဖန့်ချန်က ဆိုပါတယ်။
တုယွန်းရွှီ ဒါကို ကြားတော့ သဘောပေါက်သွားပါတယ်။
သူ ထင်ထားသလိုပါပဲ၊ အရှင်က ဒီမြို့တွေကို တကယ် သိမ်းချင်တာ မဟုတ်ဘဲ လူ့လောကနဲ့ ယင်လောကကြား ကူးလူးဖို့အတွက်ပဲ သုံးချင်တာပါ။
ဒါကို နားလည်သွားပြီးနောက် တုယွန်းရွှီက ချက်ချင်း လက်အုပ်ချီပြီး
"ဒီကိစ္စကို ကျုပ် အမြဲ စောင့်ကြည့်နေပါ့မယ်၊ ရှာတွေ့တာနဲ့ အရှင်ကို ချက်ချင်း အသိပေးပါ့မယ်"
"ကျုံးကျိုးက ဒုတိယအဆင့် အင်ပါယာ ထျန်းယောင်၊ တိတျန်းက ဒုတိယအဆင့် အင်ပါယာ ဖေးရှင်း၊ ပေတု က ဒုတိယအဆင့် အင်ပါယာ စိန့်ခွေ... ဒီနေရာတွေကို လူအင်အား ပိုလွှတ်ပြီး သေသေချာချာ စောင့်ကြည့်ခိုင်းလိုက်၊ ထူးခြားတဲ့ လှုပ်ရှားမှု ရှိတာနဲ့ ချက်ချင်း မှတ်တမ်းတင်ထား"
"ဟုတ်ကဲ့ပါ"
တုယွန်းရွှီက ဦးညွှတ် ဂါရဝပြုလိုက်တယ်၊ သူ ခေါင်းပြန်မော့လိုက်တဲ့အခါမှာတော့ ဖန့်ချန် ပျောက်ကွယ်သွားပါပြီ။
ဇောင်ယင်း ဌာန
ယာယီဌာနမှူး ရှန့်ထူချန်း ဟာ လူ့လောကကနေ ယင်လောကကို လာတဲ့ လူအချို့နဲ့ တွေ့ဆုံနေပါတယ်။
ရုတ်တရက် သူ အာရုံတစ်ခု ရလိုက်ပြီး အဲဒီလူတွေကို ပြန်လွှတ်လိုက်တယ်၊ ပြီးမှ လှည့်ပြီး ရိုသေစွာ ဆိုလိုက်တယ်
"အရှင်..."