← Chapters

အခန်း (၁၀၈၉-၁၀၉၀)

Vol. 109 Ch. 1089-1090

အခန်း (၁၀၈၉-၁၀၉၀)

Vol. 109 Ch. 1089-1090

​အခန်း (၁၀၈၉) နတ်ဘုရားနှင့် ဝိညာဉ်တို့၏ လမ်းစဉ်

​"ဒီရက်ပိုင်း ဇောင်ယင်းဌာနမှာ မှတ်ပုံတင်ထားတဲ့ အောက်ဆင်းသူတွေထဲမှာ ထျန်းယောင် ဖေးရှင်းနဲ့ စိန့်ခွေက လာတဲ့သူ ဘယ်လောက်ရှိလဲ"

ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ဒါက ဇောင်ယင်းဌာနရဲ့ တင်းကျပ်တဲ့ စည်းကမ်းတစ်ခုပါ၊ ဘယ်ကလာတဲ့ ကျင့်ကြံသူဖြစ်ဖြစ် မိမိရဲ့ ဇာစ်မြစ်ကို မဖြစ်မနေ မှတ်ပုံတင်ရပါတယ်။

တကယ်လို့ တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်ရင်တောင် ကျင့်ကြံရာ တာအိုနယ်မြေကို မှတ်ပုံတင်ရမှာပါ။

​ရှန့်ထူချန်း အကြည့်တွေ လှုပ်ခတ်သွားပြီး အံ့ဩတကြီး ဆိုပါတယ်

"အရှင်... ဒီရက်ပိုင်း အဲဒီသုံးနေရာကလာတဲ့ အောက်ဆင်းသူတွေ သိသိသာသာ တိုးလာတာ အမှန်ပါပဲ"

​"မင်း အဲဒီစာရင်းကို ပြုစုပြီး တုယွန်းရွှီနဲ့ ကျင်ရွှေ တို့ဆီကို တစ်စောင်စီ ပေးလိုက်"

ဖန့်ချန်က အမိန့်ပေးပါတယ်။

​"ဟုတ်ကဲ့ပါ"

ရှန့်ထူချန်းက ပြန်ထူးပါတယ်။

​"ငါ ဖူထူလောက ကို တစ်ခေါက် သွားမလို့၊ မင်း လိုက်ခဲ့မလား "

ဖန့်ချန်က ကြည့်ပြီး မေးလိုက်ပါတယ်။

​"ဖူထူလောက လား"

ရှန့်ထူချန်း မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ခဏလောက် သေသေချာချာ စဉ်းစားပြီးမှ တိုးတိုးလေး ဆိုပါတယ်

"အရှင်... အရှင်က အဖိုးတန်တဲ့ ခန္ဓာကိုယ် ပိုင်ရှင်ပါ ဖူထူလောကကို သွားလို့... တကယ်လို့ အန္တရာယ်တစ်ခုခု ကြုံခဲ့ရင် ယင်လောကဘက်မှာ ပရမ်းပတာ ဖြစ်ကုန်ပါလိမ့်မယ်"

​အခု ယင်လောကငယ်ထဲမှာ ဖန့်ချန်ရဲ့ တကယ့်အဆင့်အတန်း ကို သူတစ်ယောက်တည်းပဲ သိတာပါ။

တကယ်လို့ တစ်ဦးတည်းသော ငရဲမင်းသာ ဖူထူလောကမှာ သေဆုံးသွားခဲ့ရင်၊ အခုမှ တည်ငြိမ်ခါစ ရှိသေးတဲ့ ယင်လောက အခြေအနေဟာ မလွဲမသွေ ပြန်ပြီး ရှုပ်ထွေးသွားမှာပါ။

အဲဒီအချိန်ကျရင် ဇောင်ယင်းဌာနနဲ့ အသစ်ဖွင့်ထားတဲ့ ဝိညာဉ်သုတ်သင်ရေးဌာန တို့လည်း ဆက်ရှိနိုင်မှာ မဟုတ်တော့ပါဘူး။

​"မင်း ယင်လောကမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အခုထိ အဆင့်မတက်နိုင်သေးတာက ဒီလောကရဲ့ ဥပဒေတွေက ကန့်သတ်ထားလို့ပဲ"

ဖန့်ချန်က ပြောတယ်

"မင်း ပိုပြီး မြင့်မားတဲ့ အဆင့်ကို မတက်ချင်ဘူးလား"

​"အရှင်... တကယ်လို့ ကျုပ်သာ အဆင့်တက်သွားရင် ဖူထူလောကမှာပဲ ထာဝရ နေသွားရတော့မှာပါ ဒါက အရှင်ရဲ့ အလိုဆန္ဒဆိုရင်တော့ ကျုပ် သွားဖို့ အသင့်ပါပဲ"

ရှန့်ထူချန်းက စိတ်မကောင်းဖြစ်တဲ့ ပုံစံနဲ့ ငြင်းဆန်ခြင်း မပြုတော့ပါဘူး။

​"မင်းက ငါက မင်းကို အမြင်မကြည်လို့ ဖူထူလောကကို နယ်နှင်ဒဏ်ပေးဖို့ အကြောင်းပြချက် ရှာနေတယ်လို့ ထင်နေတာလား "

ဖန့်ချန် ရယ်ချင်သွားပါတယ်။

​ရှေ့က လူက စိတ်ကူးအရမ်း ယဉ်လွန်းနေတာပဲ။

ဒါပေမဲ့ သူ့ရဲ့ အမူအရာကို ကြည့်ရင် ကျင်ရွှေ တို့တစ်သိုက်ဟာ အရင်တုန်းက ဖူထူလောကကို သွားမယ့် တံတားကို ကိုယ်တိုင် ဖွင့်နိုင်ခဲ့ကြပေမဲ့ သွားဖို့ မရွေးချယ်ခဲ့ကြဘူးဆိုတာ သိသာပါတယ်။

ရှန့်ထူချန်းလိုပဲ၊ စနစ်တကျ အုပ်ချုပ်မှုမရှိတဲ့ အဲဒီနေရာမှာ သွားနေတာထက်စာရင် ကြက်ဦးခေါင်းဖြစ်ရတာက နဂါးအမြီး ဖြစ်ရတာထက် မြတ်တယ်ဆိုပြီး ဒီမှာပဲ နေခဲ့ကြပုံရပါတယ်။

လမ်းပြမယ့်သူ မရှိရင် ပထမအဆင့် ယင်မိစ္ဆာကြီး တွေဟာ ယင်လောကငယ်ထဲကို ဇွတ်ဝင်ဖို့ ခက်ခဲတာ အမှန်ပါပဲ။

​"ကျုပ် မရဲဝံ့ပါဘူး "

ရှန့်ထူချန်းက ချက်ချင်း ဒူးထောက်လိုက်တယ်

"ငရဲမင်း မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပြီးသားပါ ကျုပ် သဘောနဲ့ကိုယ် ခန့်မှန်းမိတာကို ခွင့်လွှတ်ပါ"

​"ထတော့၊ မင်း ပထမအဆင့်ကို ရောက်သွားရင်တောင် ဒီနေရာမှာပဲ ပြန်ပြီး တာဝန်ထမ်းဆောင်လို့ ရပါတယ် အခု လူ့လောကမှာ ပြဿနာအချို့ ရှိနေပြီ၊ မင်းတို့ရဲ့ အခုလက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့က ရင်ဆိုင်ဖို့ မလုံလောက်တော့ဘူး"

ဖန့်ချန်က သက်ပြင်းခပ်ဖွဖွ ချလိုက်ပါတယ်။

​ရှန့်ထူချန်းက အစက ဝမ်းသာသွားပေမဲ့ နောက်တော့ အံ့ဩသွားပါတယ်။

ဖန့်ချန်ရဲ့ အဆင့်အတန်းနဲ့တောင် ပြဿနာလို့ ယူဆတယ်ဆိုရင် ဒါဟာ တကယ့်ကို ကိစ္စကြီး တစ်ခု ဖြစ်နေပါပြီ။

​ဖန့်ချန်က ဒီကိစ္စကို စဉ်းစားနေတာ ကြာပါပြီ။

အရင်တုန်းက ရှန့်ထူချန်းတို့ကို ရာထူးတိုး မပေးချင်ခဲ့တာက၊ ရာထူးတိုးပေးပြီးရင် လက်ရှိ ယင်လောကငယ်ရဲ့ အခြေအနေကို ထိခိုက်မှာ စိုးရိမ်လို့ပါ။

ဒါပေမဲ့ အခု စုန့်ကျိလီက ကျုံးကျိုး၊ တိတျန်း၊ ပေတု တို့ကို တစ်ပြိုင်နက် လှုပ်ရှားတော့မယ်။

တကယ်လို့ သူ့ရည်ရွယ်ချက် အောင်မြင်သွားပြီး ယွမ်ဟယ် ဆရာသခင် ထွက်လာခဲ့ရင်၊ ဆရာသခင်က အဲဒီ မသေမျိုးလောကငယ်က အစစ်မှန်မသေမျိုးကို ရင်ဆိုင်နိုင်ပါ့မလား သူ မသိဘူး။

သူ့ရဲ့ အစွမ်းနဲ့ ဒီကိစ္စကို လုံးဝ တားဆီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ၊ ဒါပေမဲ့ ကိစ္စတွေကို ကြန့်ကြာအောင် လုပ်ဖို့ကတော့ မခက်ပါဘူး။

ဒါပေမဲ့ အဲဒီအတွက် လူအင်အား အများကြီး လိုသလို၊ လာရင်လည်း အရိပ်မမြင်၊ သွားရင်လည်း ခြေရာမကျန်ဖို့ လိုအပ်ပါတယ်။

လီဝူဝမ့်တို့ရဲ့ အာရုံစိုက်မှုကို မခံရဘဲ သုတ်သင်မခံရဖို့ အရေးကြီးပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သာမန် ပထမအဆင့် လွတ်လပ်သောမသေမျိုးတွေတောင် လုပ်ဖို့ ခက်ခဲပြီး၊ ရှန့်ထူချန်းတို့လို ယင်အရာရှိတွေကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

​"ဖူထူလောကက ယင်မိစ္ဆာတွေ ယင်လောကငယ်ကို ကျူးကျော်တုန်းက ယိုဖန့် ရဲ့ မိန်းမကို သတ်ခဲ့တယ်လို့ ငါကြားဖူးတယ် အဲဒါကြောင့်ပဲ သူက ဖူထူလောကကို အရိုးထဲက နာကျည်းနေတာ မဟုတ်လား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။

​တကယ်လို့ ဒီကိစ္စကြောင့်သာ ယိုဖန့်က ဖူထူလောကကို နာကျည်းတာဆိုရင်၊ သူ့မှာလည်း ပတ်သက်မှု ရှိနေပါတယ်။

ဘာလို့လဲဆိုတော့ ရှင်းရှန်း က အဲဒီတုန်းက ယင်လောကငယ်ကို ကျူးကျော်ခဲ့တဲ့ ယင်မိစ္ဆာတွေထဲက တစ်ယောက် ဖြစ်ခဲ့လို့ပါ။

ဒါပေမဲ့ ရှင်းရှန်းရဲ့ ရည်ရွယ်ချက်က ငရဲမင်းရဲ့ အမွေအနှစ်ကို လူ့လောကဆီ သယ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။

​"ဒီကိစ္စက... တကယ်တော့ အပြင်မှာ ပြန့်နေတာက သုံးပုံတစ်ပုံပဲ အမှန်ပါ၊ ခုနစ်ပုံက အလိမ်အညာတွေပါ"

ရှန့်ထူချန်းက မျက်နှာထား ထူးဆန်းစွာနဲ့

"အမှန်တရားက... ယိုဖန့်က အဲဒီတုန်းက အလှအပနောက်မှာ မိန်းမောပြီး ဒီက စည်းကမ်းတွေကို ဂရုမစိုက်ဘဲ ဖူထူလောကဆီ သွားမယ့် တံတားကို ဇွတ်ဖွင့်ခဲ့တာ ပြီးတော့ သူ့မိန်းမနဲ့အတူ ဖူထူလောကကို လည်ပတ်ဖို့ သွားခဲ့ကြတယ်"

​"အဲဒီမှာ သူ့မိန်းမက ပထမအဆင့် ယင်မိစ္ဆာကြီးအဖြစ် အဆင့်တက်သွားပြီး ယင်လောကငယ်ကို သိမ်းပိုက်ဖို့ ကြံစည်ခဲ့တယ် အဲဒီတော့မှ ယိုဖန့်က သတိဝင်လာပြီး ထွက်ပြေးဖို့ အခွင့်အရေး ရှာခဲ့တာ ယင်လောကငယ်ကို ပြန်ရောက်တော့ သူ ဒီကိစ္စကို အမြဲတမ်း စိတ်ထဲမှာ တေးထားခဲ့တယ် နောက်မကြာခင်မှာပဲ ယင်မိစ္ဆာတွေ ယင်လောကငယ်ကို ဇွတ်ဝင်ရောက်လာတဲ့ ကိစ္စ ဖြစ်ပွားခဲ့တာပါ"

​"အဲဒီ ယင်မိစ္ဆာအုပ်စုကို နှိမ်နင်းဖို့အတွက် အဲဒီတုန်းက ယင်စစ်သည်ဌာနက လူတွေ အများကြီး သေကြေပျက်စီးခဲ့ရတယ် ယိုဖန့်က နောင်တရပြီး ဖူထူလောကကို ပိုပြီး နာကျည်းသွားခဲ့တာပါ ဖူထူလောက ရှိနေခြင်းက ယင်လောကငယ်ကို ထိခိုက်စေတယ်လို့ သူ ယူဆထားတယ်"

"ယင်လောကက ယင်အရာရှိတွေထဲမှာ ဘယ်သူက ဒီလောကအပေါ် အစောင့်ရှောက်ဆုံးလဲလို့ မေးရင်၊ သူက ထိပ်ဆုံး သုံးယောက်ထဲမှာ ပါလိမ့်မယ်"

​"ဒါဆို ဒီတစ်ခါ သူ့ကိုပါ ခေါ်သွားတာပေါ့"

ဖန့်ချန်က ပြုံးပြီး ဆိုပါတယ်။

​နာရီဝက်ခန့် ကြာပြီးနောက်၊ ယင်အရာရှိ အားလုံး ဝမ်ချွမ်းမြစ်ကမ်းနားမှာ စုမိနေကြပါပြီ။

အနီးအနားကိုလည်း ယင်စစ်သည်တွေက ပိတ်ဆို့ထားလို့ ပြင်ပလူတွေ မကပ်နိုင်ပါဘူး။

ပတ်ဝန်းကျင်မှာ မြူတွေ မှိုင်းနေတာကြောင့် ဆန်ကျင်းမြို့ဘက်ကနေ လှမ်းကြည့်ရင်တောင် ဘာဖြစ်နေလဲဆိုတာ မြင်ရမှာ မဟုတ်ပါဘူး။

​ယိုဖန့်က မျက်နှာထား ထူးဆန်းစွာနဲ့ ရှန့်ထူချန်း၊ ကျင်ရွှေ၊ ချိုးကျင့် တို့ကို တစ်ယောက်ချင်း ကြည့်လိုက်ပါတယ်။

ဆန်ကျင်းမြို့က ယင်အရာရှိ ဆယ်ယောက်ကျော် ရောက်နေကြပြီး၊ အားလုံးက ဌာနအသီးသီးရဲ့ အကြီးအကဲတွေချည်းပါပဲ။

အချို့သော လက်ထောက်တွေပဲ မပါလာကြတာပါ။

​နောက်ဆုံးမှာတော့ သူက ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။

သူ့မျက်လုံးထဲမှာ ဇဝေဇဝါ ဖြစ်မှုတွေ ပါဝင်နေပါတယ်။

သူက ဖန့်ချန်နဲ့ ရန်ဘက် ဖြစ်ခဲ့တာ ကြာပါပြီ၊ မျက်နှာပျက်အောင် မလုပ်ကြသေးတာပဲ ရှိတာပါ။

ဒီနေ့ ဘာလို့ သူ့ကိုပါ ဒီနေရာကို ခေါ်တာလဲ

​"ဖန့်အရှင် ဒီနေ့ ကျုပ်တို့ ဘယ်ကို သွားကြမှာလဲ"

ချီထျန်းရန် က ဖော်လံဖား အပြုံးနဲ့ မေးလိုက်ပါတယ်။

သူ့ရဲ့ ဝဖြိုးတဲ့ ပါးပြင်တွေက အရေးအကြောင်းတွေ ထင်နေပြီး တကယ့်ကို ဈေးသည်တစ်ယောက်လို ပုံစံမျိုးပါ။

​"ဖူထူလောက"

ဖန့်ချန်က ပြုံးပြီး ဖြေပါတယ်။

​"ဖူထူလောက "

လူတိုင်း မှင်သက်သွားကြပါတယ်။

ချီထျန်းရန်က မသိစိတ်အရ နောက်ကို တစ်လှမ်း ဆုတ်လိုက်မိပြီးမှ၊ ဒီလိုလုပ်တာ မကောင်းဘူးလို့ ထင်လို့ ချက်ချင်း ရှေ့ကို ပြန်တိုးကာ အတင်းပြုံးပြီး ပြောပါတယ်

"အရှင်... အရှင် နောက်နေတာ မဟုတ်လား ဖူထူလောကလို အန္တရာယ်များတဲ့ နေရာကို... သွားလို့ ကျုပ်တို့အတွက် ဘာမှ အကျိုးမရှိဘူးလေ"

​ယိုဖန့်ရဲ့ မျက်နှာက ပိုပြီး အုံ့မှိုင်းသွားပါတယ်။

လက်သီးကို တင်းတင်းဆုပ်ထားပြီး တစ်ခုခု ပြောချင်နေပေမဲ့၊ ချီထျန်းရန်က အရင်မေးလိုက်တာကြောင့် သူက ဒေါသကို ထိန်းပြီး ဖန့်ချန်ရဲ့ ရှင်းပြချက်ကို စောင့်နေပါတယ်။

ဘာလို့ သူတို့လို ယင်အရာရှိတွေကို ဖူထူလောကဆီ ခေါ်သွားရတာလဲ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာလဲ

​"မင်းတို့တွေ ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ယင်သက်တမ်းတွေလည်း အများကြီး စုဆောင်းမိနေကြပြီ၊ အခြေခံတွေကလည်း တော်တော်လေး ခိုင်မာနေကြပြီ ဖူထူလောကကို သွားရင် မင်းတို့အားလုံး ပထမအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"

ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​လူတိုင်း မှင်သက်သွားကြပါတယ်။

ဒီလို အကြောင်းပြချက်မျိုး ဖြစ်နေလိမ့်မယ်လို့ သူတို့ မထင်ထားကြဘူး။ ဒါပေမဲ့...

​ကျင်ရွှေက တိုးတိုးလေး ဆိုပါတယ်

"ဒါဆိုရင် ကျမ တို့က ယင်မိစ္ဆာတွေ ဖြစ်ကုန်မှာပေါ့ ကျမ တို့ရဲ့ အဆင့်အတန်းနဲ့... ဖူထူလောကမှာ သွားပြီး ယင်မိစ္ဆာ လုပ်ရတာက နယ်နှင်ဒဏ်ပေးတာနဲ့ ဘာကွာလို့လဲ ဖန့်အရှင် ဒီကာလအတွင်းမှာ အရှင် ယင်လောကမှာ ဘာလုပ်လုပ် ကျမ တို့ အစွမ်းကုန် ပူးပေါင်းပေးခဲ့ပါတယ် ဒီလို ရလဒ်မျိုးကိုတော့ ကျမတို့ မရသင့်ဘူးထင်တယ်"

"တကယ်လို့ အရှင်က ဌာနအသီးသီးရဲ့ အာဏာကို ပြန်သိမ်းချင်တာဆိုရင် တစ်ခွန်းပဲ ပြောပါ ကျမ ညကင်းလှည့်အရာရှိ ရာထူးကနေ နုတ်ထွက်ပေးဖို့ အသင့်ပါပဲ"

​ယင်လောကငယ်မှာပဲ သာမန် ဝိညာဉ်တစ်ယောက်အနေနဲ့ နေရတာက၊ ဖူထူလောကမှာ သွားပြီး ယင်မိစ္ဆာ လုပ်ရတာထက်စာရင် ပိုပြီး အေးဆေး သက်သာပါလိမ့်မယ်။

​"ပထမအဆင့်ကို တက်ရင် ယင်မိစ္ဆာပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ မင်းတို့ မေ့နေပြီလား... ယင်လောကမှာ နတ်ဘုရားနှင့် ဝိညာဉ်တို့ရဲ့ လမ်းစဉ် ဆိုတာ ရှိတယ်"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်ပါတယ်။

ဝိညာဥ်နတ်ဘုရားလမ်းစဥ်လား

​လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြပါတယ်။

နတ်ဘုရားနှင့် ဝိညာဉ်တို့ရဲ့ လမ်းစဉ်အကြောင်း သူတို့ ကြားတော့ ကြားဖူးကြပါတယ်...

ဒါပေမဲ့... ဒီလမ်းစဉ်ရဲ့ အမွေအနှစ်က ပြတ်တောက်သွားတာ ကြာလှပါပြီ။

နှစ်ပေါင်းများစွာအတွင်းမှာ ဒီလမ်းစဉ်ကို ပြန်ဝင်တဲ့သူ ရှိတယ်လို့ သူတို့ တစ်ခါမှ မကြားဖူးပါဘူး။

​ဒါက လူ့လောကက ကျင့်ကြံသူတွေ အစစ်မှန်မသေမျိုးအဖြစ် မတက်လှမ်းနိုင်တာ ကြာပြီဆိုတဲ့ အချက်နဲ့ အတူတူပါပဲ...

​အခန်း (၁၀၉၀) ငရဲမင်းထံမှ ရာထူးတိုးခြင်းကို တောင်းခံခြင်း

​"ရယ်စရာပဲ..."

​လူတိုင်း တိတ်ဆိတ်နေချိန်မှာ ယိုဖန့်က ရုတ်တရက် အေးစက်စက် လှောင်ရယ်လိုက်ပြီး ဖန့်ချန်ကို လုံးဝ မကြောက်မရွံ့ ကြည့်လိုက်တယ်

"ဝိညာဥ်နတ်ဘုရားလမ်းစဥ် မင်းသိလား အခုက ဘယ်ခေတ်လဲဆိုတာ၊ အခုလိုခေတ်မှာ ရှေးဟောင်းအကြောင်းတွေ ပြောနေတာက အလကား အိပ်မက်ပေးနေတာနဲ့ ဘာကွာလို့လဲ "

​သူက အနားမှာရှိတဲ့ လူတွေကို တစ်ချက်ကြည့်လိုက်တယ်

"မင်းတို့လည်း အောက်ဆင်းသူတွေနဲ့ စကားပြောဖူး၊ ဆွေးနွေးဖူးကြတာပဲ၊ လူ့လောကရဲ့ အခြေအနေကိုလည်း အနည်းနဲ့အများ သိကြမှာပေါ့ "

​လူတိုင်း တိတ်ဆိတ်နေကြပါတယ်။

​ယိုဖန့်က သူ့ဘာသာ ဆက်ပြောတယ်

"လူ့လောကက ကျင့်ကြံသူတွေဟာ မသေမျိုးဖြစ်မယ့် အခွင့်အရေးအတွက် နည်းလမ်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ် နောက်ဆုံး ရလဒ်က ဘာလဲ လောကမှာ အစစ်မှန်မသေမျိုး မရှိတော့ဘူး အဲဒီ မသေမျိုးလောကဆိုတာကြီးတောင် ရှိနေသေးလား မသိရဘူး "

​"ယင်လောကရဲ့ ဝိညာဥ်နတ်ဘုရားလမ်းစဥ် ဆိုတာကလည်း အဲဒီအချိန်ကတည်းက အမွေအနှစ် ပြတ်တောက်သွားခဲ့တာ နောက်လူ တစ်ယောက်မှ ဒီလမ်းစဉ်ကို ခြေမချနိုင်တော့ဘူး"

"အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ သေချာမသိပေမဲ့ အနည်းနဲ့အများတော့ ခန့်မှန်းလို့ရတယ်၊ သေချာပေါက် ကောင်းကင်တာအို အချင်းချင်း တိုက်ခိုက်ကြရင်းနဲ့ ကြားညပ်တဲ့ ငါးတွေ လို ဘေးသင့်ကုန်ကြတာပဲ ကျုပ်တို့က အဲဒီ ဘေးသင့်တဲ့ ငါးတွေပဲ"

​သူက လူတိုင်း ဆက်ပြီး နှုတ်ဆိတ်နေတာကို မြင်တော့ ခပ်ဖွဖွ ရယ်လိုက်ပြီး

"ဖန့်အရှင်က ကျုပ်တို့ကို ဝိညာဥ်နတ်ဘုရားလမ်းစဥ် လျှောက်ခိုင်းတယ် ပြောရတာတော့ လွယ်တာပေါ့၊ ဒါပေမဲ့ ဖန့်အရှင်က အခု ကောင်းကင်တာအိုနဲ့ ယှဉ်နိုင်နေပြီမလို့လား "

​"ယိုဖန့် လျှောက်မပြောနဲ့ မင်းပြောတာတွေက မင်းရဲ့ ခန့်မှန်းချက်တွေပဲ ရှိသေးတယ် ဒီနေရာမှာ လာပြောနေတာက လူရယ်စရာ ဖြစ်ရုံပဲ ရှိမယ်"

ရှန့်ထူချန်းက အော်ဟစ်လိုက်ပါတယ်။

​"ရှန့်ထူချန်း အရင်က ယင်လောကထဲမှာ မင်းတစ်ယောက်ပဲ အခြေအနေကို နားလည်တဲ့သူလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ အခု မင်းက ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ ဒီလူကလေ"

​ယိုဖန့်က ဖန့်ချန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီးနဲ့

"ငရဲမင်းရဲ့ မျက်နှာသာပေးမှုကို ရထားရုံလေးနဲ့ အခု ယင်လောကမှာ ထင်တိုင်းကြဲနေတယ် ဒါကို ပြောင်းလဲမယ် ဟိုဟာကို ပြောင်းလဲမယ်နဲ့ အခုလည်း ကျုပ်တို့ကို ဖူထူလောကကို သွားပြီး ဝိညာဥ်နတ်ဘုရားလမ်းစဥ် ကျင့်ခိုင်းနေပြန်ပြီ ကျုပ်တို့အားလုံးကို ခွေးအတွေလို့ မှတ်နေတာလား "

​ယိုဖန့်ရဲ့ ခန္ဓာကိုယ်ထဲက ယင်စွမ်းအား တွေဟာ အထက်အောက် လှုပ်ခတ်နေပြီး သူ တကယ့်ကို ဒေါသထွက်နေတာ သိသာပါတယ်။

​ရှန့်ထူချန်းက သက်ပြင်းခပ်ဖွဖွ ချလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ

"အရှင်... ကျုပ် သူ့ကို မောင်းထုတ်လိုက်ပါ့မယ်"

​"မလိုဘူး"

ဖန့်ချန်က လက်ကာပြလိုက်ပြီး ယိုဖန့်ကို တည်ငြိမ်စွာ ကြည့်နေပါတယ်။

​လူတိုင်းရဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားကြတယ်၊ ဒီအရှင်က ယိုဖန့်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေပြီလို့ ထင်မှတ်ပြီး ကိုယ့်ဆီ ဘေးမကူးအောင် ဘယ်သူမှ စကားမဟရဲကြပါဘူး။

​"ဘေးသင့်တဲ့ ငါး... တဲ့လား..."

ဖန့်ချန် စိတ်ထဲမှာ တိတ်တဆိတ် စဉ်းစားနေမိပါတယ်။

​ယိုဖန့်ရဲ့ စကားတွေထဲမှာ ဒီစကားလုံး နှစ်လုံးကပဲ သူ့ကို ရုတ်တရက် တစ်ခုခုကို ရိပ်မိစေခဲ့တာပါ။

​မှန်လေး ပြောဖူးတာ ရှိပါတယ်။

နတ်ဘုရားသားရဲ သုံးပါးဟာ ကောင်းကင်တာအိုနဲ့ တိုက်ခိုက်ခဲ့ဖူးတယ် တဲ့။

ရှုံးနိမ့်သွားခဲ့ပုံ ရပါတယ်။

​ဒါဆို မသေမျိုးလောက တံတားကြီး ပိတ်သွားတာ၊ ယင်လောကရဲ့ ငရဲမင်း သေဆုံးသွားတာ၊ အခုခေတ်မှာ အစစ်မှန်မသေမျိုးတွေ တွေ့ရခဲပြီး ဝိညာဉ်နတ်ဘုရားတွေ မပေါ်ထွက်တော့တာဟာ ဘေးသင့်ကုန်တဲ့ ငါးတွေ ဖြစ်သွားကြလို့လား

​"ဘာလို့ ငါ့ကို ဒီလို ကြည့်နေတာလဲ ငါ့ရဲ့ သံသရာဌာန အရာရှိ ရာထူးကို သိမ်းချင်လို့လား ရပါတယ် ဒီရာထူးကို မင်းကိုပဲ ပြန်ပေးလိုက်မယ်"

ယိုဖန့်က အေးစက်စက် ပြောတယ်

"ငါက ဒီအရာရှိအလုပ်ကို မလုပ်ရရင်နေပါစေ ဒီနေ့တော့ မင်းကို အလျှော့ပေးမှာ မဟုတ်ဘူး ကျုပ်တို့ကို ဖူထူလောကဆီ နယ်နှင်ဒဏ်ပေးချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ ဘာလို့ ဝေ့လည်ကြောင်ပတ် လုပ်နေရတာလဲ အခု ဒီယင်လောကမှာ မင်းစကားကို မနားထောင်ရဲတဲ့သူ ဘယ်သူရှိလို့လဲ "

​ကျင်ရွှေတို့တစ်သိုက် မျက်နှာပျက်သွားကြပေမဲ့ မကြာခင်မှာပဲ သူတို့ သတိဝင်လာကြပါတယ်။

တကယ်လို့ ယိုဖန့် ပြောသလိုသာဆိုရင်...

​တုယွန်းရွှီက ဘာလို့ ဒီမှာ ရှိနေတာလဲ

ချိုးကျင့်က ဘာလို့ ဒီမှာ ရှိနေတာလဲ

သူတို့တွေကကော ဘာလို့ ဒီမှာ ရှိနေတာလဲ

​တကယ်လို့ နယ်နှင်ဒဏ်ပေးခံရမယ်ဆိုရင်လည်း ယိုဖန့် တစ်ယောက်တည်းပဲ ဖြစ်မှာပါ။

သူတို့တွေကတော့ အလျှော့ပေးလိုက်တာ ကြာပါပြီ၊ ဒီအရှင့်ကိုလည်း ဒုက္ခမပေးခဲ့သလို၊ ဟန်ဆောင်ပန်ဆောင်လည်း မလုပ်ခဲ့ကြပါဘူး။

​"ယိုဖန့်... မင်းက ဘေးသင့်တဲ့ ငါးမဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ပုံစံကို ကြည့်ရတာ နောက်ထပ် အရာတစ်ခုနဲ့တော့ တူနေတယ်"

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

​ယိုဖန့်က အေးစက်စက် လှောင်ပြုံးပြုံးပြီး

"ဘာနဲ့ တူလို့လဲ"

​ဖန့်ချန် ဘာမှ ထပ်မပြောတော့ဘဲ ဝမ်ချွမ်းမြစ်ဆီကို လက်ညှိုးနဲ့ အသာလေး ညွှန်လိုက်ရာ တံတားတစ်စင်း ဟာလာဟင်းလင်း ပေါ်ပေါက်လာပါတယ်။

​ဒါက ဖူထူလောကဆီ သွားမယ့် တံတားပါ။

​လူတိုင်း အချင်းချင်း ကြည့်နေကြပြီး၊ နောက်ဆုံး ရှန့်ထူချန်းက အရင်ဆုံး တံတားပေါ် တက်သွားပါတယ်၊ တုယွန်းရွှီက နောက်က လိုက်သွားတယ်၊ ကျန်တဲ့သူတွေလည်း အံကြိတ်ပြီး လိုက်သွားကြပါတယ်။

​ချီထျန်းရန်၊ ချိုးကျင့်၊ ကျင်ရွှေ... အဲဒီနောက်မှာ ဝိညာဉ်ဖမ်းဆီးရေးဌာန အရာရှိ။

​ယိုဖန့်ကတော့ မူလနေရာမှာပဲ ရပ်နေဆဲပါ၊ ခေါင်းမော့ပြီး ဖန့်ချန်ကို စိုက်ကြည့်နေတယ်၊ တံတားပေါ်တက်ဖို့ စိတ်ကူး လုံးဝမရှိဘဲ သူ့မျက်လုံးထဲမှာ အထင်အမြင်သေးမှုနဲ့ လှောင်ပြောင်မှုတွေ ပြည့်နှက်နေပါတယ်။

​ဖန့်ချန်က ဒါကို မြင်တော့ လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းတဲ့ ယင်စွမ်းအားတွေ လှိုင်းလုံးကြီးလို လိပ်တက်လာပါတယ်။

​ယိုဖန့် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး၊ ဒီယင်စွမ်းအားကို ပြန်ခုခံဖို့ အော်ဟစ်ကာ ကြိုးစားလိုက်ပါတယ်။

​နောက်တစ်စက္ကန့်မှာတော့ သူ့ရဲ့ ယင်စွမ်းအားတွေဟာ အမှုန့်ချေခံလိုက်ရပြီး၊ သူ့တစ်ကိုယ်လုံးဟာ မမြင်ရတဲ့ လက်ကြီးတစ်ဖက်နဲ့ အဖမ်းခံလိုက်ရကာ ဖန့်ချန် ရှေ့ကို ရောက်လာပါတယ်။

​ဖန့်ချန်က သူ့ကို တစ်ချက် ကန်ထုတ်လိုက်ပါတယ်။

​တံတားပေါ်က လူတိုင်း ဒါကို သတိထားမိလိုက်ကြပြီး ခေါင်းမော့ကြည့်လိုက်ရာ၊ အရိပ်တစ်ခုက သူတို့ခေါင်းပေါ်ကနေ ပျံသန်းသွားပြီး တံတားအဆုံးဆီကို လွင့်စင်သွားတာ မြင်လိုက်ရပါတယ်။

​"ဟူးးး"

ချီထျန်းရန်က သက်ပြင်းချလိုက်ပါတယ်။

​ဝိညာဉ်ဖမ်းဆီးရေးဌာန အရာရှိက အေးစက်စက် ဆိုတယ်

"ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ"

​လူတိုင်း စကားဆက်မပြောတော့ပါဘူး။

​သူတို့ ဖူထူလောကကို ရောက်ပြီးနောက်မှာတော့ တံတားက ပျောက်ကွယ်သွားပါတယ်။

​ယိုဖန့် မျက်နှာက စိမ်းပုပ်နေပြီး သူ့ကိုယ်ပေါ်က ယင်စွမ်းအားတွေက တုန်ယင်နေပါတယ်။

​ယင်လောကငယ်ရဲ့ ဥပဒေ ကန့်သတ်ချက်တွေ မရှိတော့တဲ့အတွက် ယိုဖန့်ရဲ့ ယင်စွမ်းအားတင် မဟုတ်ဘဲ၊ ရှန့်ထူချန်းတို့ဆီမှာလည်း တူညီတဲ့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါတယ်။

​သူတို့ရဲ့ ကျင့်ကြံခြင်း သက်တမ်းဟာ မယ်တော်စီ ထက် မနိမ့်ကြပါဘူး။

ဝါရင့်မှုနဲ့ ပြောမယ်ဆိုရင် ရှီလုံ၊ ထိုက်ယင်နဂါးမင်း ၊ စီနီယာမိခင်နဲ့ ပန်ဆန်း တို့တောင် ဒီအရာရှိကြီးတွေကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

​"ငါ ယင်မိစ္ဆာကြီး အဖြစ် မပြောင်းလဲချင်ဘူး "

ယိုဖန့်က မျက်နှာ ပုံပျက်ပန်းပျက်နဲ့ ဖန့်ချန်ကို စိုက်ကြည့်ပြီး

"တကယ်လို့ ငါသာ ယင်မိစ္ဆာကြီး ဖြစ်သွားရင် ပထမဆုံး မင်းကို အရင်သတ်မယ် "

​ကျင်ရွှေတို့လည်း စိတ်မသက်မသာ ဖြစ်နေကြရပါတယ်။

သူတို့ရဲ့ စိတ်ထဲမှာ ဒီလို အဆင့်တက်မယ့် လုပ်ငန်းစဉ်ကို မသိစိတ်ကနေ ငြင်းဆန်နေကြတာပါ။

​ယင်မိစ္ဆာကြီး ဖြစ်သွားရင် အရာရှိရာထူး ဆုံးရှုံးသွားမှာဖြစ်သလို၊ တံတားတွေကိုလည်း ကိုယ်တိုင် မဖွင့်နိုင်တော့ပါဘူး။

နောက်ဆို ဖူထူလောကမှာပဲ အမြဲနေထိုင်ရပြီး၊ ဟို ယင်မိစ္ဆာတွေလိုပဲ ယင်သက်တမ်း နည်းနည်းအတွက် အချင်းချင်း သတ်ဖြတ်နေရမယ့် ဘဝမျိုး ရောက်သွားမှာပါ။

​"မင်းက သခင်လေးကို သတ်မလို့လား ငါတို့ကိုရော မေးပြီးပြီလား"

ရုတ်တရက် လူတိုင်းရဲ့ ပတ်ပတ်လည်မှာ အရိပ်တွေ ပေါ်လာပါတယ်။

​ရှီလုံ ထိုက်ယင်နဂါးမင်း၊ ပန်ဆန်း... ပြီးတော့ ချောင်ဖုန်းကနေ ပြန်ရောက်လာတာ မကြာသေးတဲ့ မယ်တော်စီ ။

​မယ်တော်စီ က ယိုဖန့်ကို တည်ငြိမ်စွာ စိုက်ကြည့်နေပါတယ်။

ယင်မိစ္ဆာကြီးတစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားဟာ တောင်ကြီးတစ်လုံးလို ယိုဖန့်ကို ဖိနှိပ်ထားလို့ သူ အသက်ရှူဖို့တောင် ခက်ခဲနေပါတယ်။

​"မင်းတို့တွေ"

ယိုဖန့်က မယ်တော်စီ နဲ့ ရှီလုံကို မှတ်မိပါတယ်။

အဲဒီတုန်းက ဖန့်ချန်က ဒီယင်မိစ္ဆာ နှစ်ပါးကို ခေါ်ပြီး တရားသူကြီးဌာန ကို ဝင်တိုက်ခဲ့တာလေ

အဲဒီအချိန်တုန်းက သူနဲ့ ကျင်ရွှေတို့ဟာ ဒီနှစ်ယောက်က ယင်မိစ္ဆာကြီးတွေ ဖြစ်မယ်လို့ သံသယ ရှိခဲ့ကြတာပါ။

​ယိုဖန့် တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရပါတယ်။

အဲဒီအင်အားစုကို မခုခံတော့ဘဲ၊ သူ့ကိုယ်ပေါ်က အရှိန်အဝါတွေဟာ တရှိန်ထိုး မြင့်တက်လာပါတော့တယ်။

​သူက ဖန့်ချန်ကို ကြည့်ပြီး အေးစက်စက် ဆိုတယ်

"မင်းက ငါ့ကို ယင်မိစ္ဆာလမ်းကို လျှောက်ခိုင်းတယ်ဆိုရင်လည်း မင်းအလိုအတိုင်း ဖြစ်စေရမယ်၊ မင်း နောင်တမရဖို့ပဲ ဆုတောင်းထားပါ"

"ယင်လောကရဲ့ အရာရှိတစ်ယောက်ဖြစ်ပြီးတော့ ဖူထူလောကက ယင်မိစ္ဆာတွေနဲ့ လာပြီး ပေါင်းဖော်နေတယ်၊ မင်းဟာ ငရဲမင်းရဲ့ ယုံကြည်မှုကို ဖောက်ဖျက်လိုက်တာပဲ "

​"ဖန့်အရှင်... ကျုပ်တို့ ယင်လောကရဲ့ ရှေးထုံးတမ်းတွေအရ... ယင်မိစ္ဆာတွေနဲ့ ဒီလောက်အထိ ရင်းရင်းနှီးနှီး ပေါင်းတာက တကယ်တော့ မကောင်းပါဘူး"

ချီထျန်းရန်က ခါးသက်သက် ပြုံးရင်း ပြောပါတယ်။

​"နင်တို့ရဲ့ သောက်လုံးတွေကို ပြူးကြည့်စမ်း ငါတို့က ယင်မိစ္ဆာကြီးတွေလား ဒါမှမဟုတ် ဝိညာဉ်နတ်ဘုရားတွေလား ဆိုတာကို"

မယ်တော်စီက ရုတ်တရက် ပြုံးလိုက်ရာ သူမရဲ့ သွေးနီရောင် မင်္ဂလာဝတ်စုံပေါ်မှာ ရွှေရောင် စာလုံးများ လင်းလက်လာပါတယ်။

​"ဒါက..."

ယိုဖန့်တို့တစ်သိုက် မှင်သက်သွားကြပြီး တစ်ခုခုကို တွေးမိသွားဟန်နဲ့ သူတို့မျက်နှာမှာ မယုံနိုင်စရာ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

​"ရှေးဟောင်းမှတ်တမ်းတွေအရ... ဝိညာဉ်နတ်ဘုရားတွေဟာ ရာထူးတိုးခြင်း ကို ခံယူပြီးရင် ယင်လောကရဲ့ စစ်မှန်သော နတ်ဘုရားတွေ ဖြစ်လာပြီး ဝိညာဉ်တွေနဲ့ ယင်မိစ္ဆာတွေကို အမိန့်ပေးနိုင်တယ် သူတို့ရဲ့ အဆင့်အတန်းက မသေမျိုးလောကက အစစ်မှန်မသေမျိုးတွေထက် မနိမ့်ဘူးလို့ ဆိုထားတယ်..."

​ဝိညာဉ်ဖမ်းဆီးရေးဌာန အရာရှိက တိုးတိုးလေး ရေရွတ်ရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။

သူ့ကိုယ်ပေါ်က အရှိန်အဝါတွေက ရူးသွပ်မတတ် မြင့်တက်လာပြီး ဒီနေရာမှာရှိတဲ့ ဘယ်သူ့ကိုမဆို ကျော်လွန်သွားပါတယ်။

ခဏချင်းမှာတင် သူ့ရဲ့ ကျင့်ကြံခြင်းဟာ အရင်ကထက် အဆပေါင်းများစွာ သာလွန်သွားပြီး ထိုက်ယင်နဂါးမင်းတို့ရဲ့ အဆင့်ကို တိုက်ရိုက် ချဉ်းကပ်သွားပါပြီ

​ဝိညာဉ်နတ်ဘုရား နယ်ပယ်ထဲကို ဝင်ရောက်သွားတာပါ။

​သူက ဖန့်ချန် ရှေ့မှာ ဒူးထောက် ဦးချလိုက်ပြီး

"ခုံကျင့် က ငရဲမင်းထံမှ ရာထူးတိုးခြင်းကို တောင်းခံပါတယ်"

All Chapters