← Chapters

အခန်း (၁၀၉၅-၁၀၉၆)

Vol. 110 Ch. 1095-1096

အခန်း (၁၀၉၅-၁၀၉၆)

Vol. 110 Ch. 1095-1096

​အခန်း (၁၀၉၅) ရှူမိတ်ဆွေကို ဖိတ်ခေါ်ခြင်း

​လူတိုင်းက ထူးဆန်းတဲ့ မျက်နှာပေးတွေနဲ့ ဖန့်ချန်ကို အထက်အောက် စပ်စုကြည့်နေကြပါတယ်၊ ဒါပေမဲ့ သူတို့ကို အံ့အားသင့်စေတာကတော့ ဒီနေရာမှာရှိတဲ့ လွတ်လပ်သောမသေမျိုးတွေတောင်မှ ဖန့်ချန်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အရှိန်အဝါဟာ ဘယ်အဆင့်မှာ ရှိနေလဲဆိုတာကို ခန့်မှန်းလို့မရတာပါပဲ။

​ဒါဟာ ဒီလူငယ်ရဲ့ ကိုယ်ပေါ်မှာ သူတို့တောင်မှ အခြေအနေမှန်ကို စမ်းစစ်လို့မရအောင် ဖုံးကွယ်ပေးနိုင်တဲ့ ရတနာတစ်မျိုးမျိုး ရှိနေတာ သေချာနေကြောင်း ပြသနေပါတယ်။

​စောစောက ချန်ချင်းထိုက် ပြောခဲ့တာတွေကို ပြန်စဉ်းစားကြည့်ရင်း လူအတော်များများဟာ ဖန့်ချန်ရဲ့ နောက်ခံအကြောင်းကို တဖြည်းဖြည်း ရိပ်မိလာကြပါတယ်။

​"ကြားဖူးတာကတော့... ပြီးခဲ့တဲ့ကာလအတွင်းမှာ ဓားသင်္ချိုင်းလှေကား မှာ ယွင်လူ စီနီယာက လူငယ်တစ်ယောက်ကို ဝိညာဉ်ရှာဖွေခြင်း လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီလူငယ်ရဲ့ ကိုယ်ပေါ်မှာ ဝိညာဥ်ရတနာ ရှိနေတာကြောင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဆိုတာပဲ "

​လွတ်လပ်သောမသေမျိုးတစ်ယောက်က ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး

"မဖြစ်နိုင်တာ... ဒီညီလေးက အဲဒီလူများလား"

​ဝိညာဥ်ရတနာ ဟုတ်လား

​လူတိုင်းရဲ့ မျက်နှာထားတွေ ရုတ်တရက် ပြောင်းလဲသွားပါတယ်၊ ချန်ချန်လုံ ရဲ့ မျိုးဆက်တွေတောင်မှ ဒီစကားလုံးနှစ်လုံးကြောင့် တုန်လှုပ်သွားကြပါတယ်။

​ဝိညာဥ်ရတနာကို ထားပါဦး၊ ကောင်းကင်အဆင့် လက်နက်ကိရိယာတွေဆိုတာတောင်မှ ဝါရင့်လွတ်လပ်သောမသေမျိုးတွေမှသာ သုံးနိုင်တာပါ။

​ဝိညာဥ်ရတနာဆိုတာကတော့... လုံယွမ်နယ်မြေတစ်ခုလုံးမှာတောင် ဘယ်နှစ်ခု ရှိလို့လဲ သူတို့ရဲ့ ဘိုးဘေးကြီးလိုမျိုး နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ပုဂ္ဂိုလ်မျိုးမှသာ သူတို့မျိုးနွယ်ရဲ့ ကံကြမ္မာကို စောင့်ရှောက်ဖို့ ရတနာတစ်ပါးကို ပိုင်ဆိုင်ထားတာပါ။

​"စီနီယာ... ဒီလူရဲ့ လျှောက်ပြောနေတာတွေကို မယုံပါနဲ့"

ဖန့်ချန်က ပြုံးပြီး

"ကျွန်တော်လို အလယ်သုံးဆင့် ကျင့်ကြံသူက ဘယ်ကလာတဲ့ ရတနာ ရှိမှာလဲ ရှိတယ်ပဲ ထားဦးတော့၊ ဘယ်လိုလုပ်ပြီး အဲဒီစွမ်းအားကို နှိုးဆွနိုင်မှာလဲ သူက တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်း ရှာနေတာပါပဲ"

​"ဦးလေးချန်... ဒီချန်ချင်းထိုက်နဲ့ သူ့နောက်က လီချန်စန်း တို့အားလုံးက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်နေတာ၊ အခု သူတို့က ကျွန်တော်တို့ ခေါင်းပေါ်ကို အကြံအစည်တွေ လာထုတ်နေကြတာတကယ်ကို သတ်ပစ်သင့်တဲ့ အကောင်တွေပဲ "

တုန်းဖန်းဟောက်ကျဲက ရုတ်တရက် ထရပ်ပြီး ချန်ချင်းထိုက်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်ပါတယ်။

​ဝိညာဉ်နတ်ဘုရားဂိုဏ်း

​လူတိုင်းက ဒါကို အနည်းနဲ့အများ ခန့်မှန်းထားကြပေမဲ့ ဘာသက်သေမှ မရှိသလို၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ နည်းလမ်းတွေကိုလည်း ကြောက်တာကြောင့် ဘယ်သူမှ ဗြောင်မပြောရဲကြပါဘူး။

ကိစ္စတွေက ပြန်လှည့်လို့မရတဲ့ အခြေအနေကို ရောက်သွားမှာ စိုးရိမ်လို့ပါ၊ ဒါပေမဲ့ ဒီနေ့မှာတော့ တုန်းဖန်းဟောက်ကျဲလို လူငယ်တစ်ယောက်က ဗြောင်ကျကျ ထုတ်ပြောလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။

​ချန်ချန်လုံတို့ရဲ့ မျက်နှာထားတွေ သိပ်မကောင်းသလို၊ ချန်ချင်းထိုက်တို့ရဲ့ မျက်နှာထားတွေကလည်း တဖြည်းဖြည်း အုံ့မှိုင်းလာပါတယ်။

​"မင်းတို့ လူငယ်တွေ... စကားနည်းနည်း လျှော့ကြစမ်း"

ချန်ချန်လုံက တုန်းဖန်းဟောက်ကျဲနဲ့ ဖန့်ချန်ကို လက်ညှိုးထိုးပြပြီး

"အကုန် ထိုင်ကြ"

​အဲဒီနောက် သူက ချန်ချင်းထိုက်ကို ကြည့်လိုက်ပါတယ်၊ သူ့ကိုယ်ပေါ်က အရှိန်အဝါတွေက တဖြည်းဖြည်း ပျံ့လွင့်လာပြီး လည်ပင်းနားမှာ နဂါးအကြေးခွံတွေ မှိန်ပျပျ ပေါ်လာသလို၊ အသက်ရှူလိုက်တိုင်းလည်း အငွေ့ဖြူတွေ မှုတ်ထုတ်နေပါတယ်။

​လူတိုင်းဟာ ချန်ချန်လုံရဲ့ ကိုယ်ပေါ်ကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ ဖိအားကို ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာ မွန်းကြပ်သလို ဖြစ်လာပါတယ်။

​"ချန်ချန်လုံ မိတ်ဆွေ... မင်း ဘာလုပ်မလို့လဲ"

ချန်ချင်းထိုက်က မျက်ခုံးပင့်လိုက်ပါတယ်၊ သူက ကြောက်ရွံ့သွားပုံမရဘဲ တည်ငြိမ်နေဆဲပါ။

​ချန်ချန်လုံက တည်ငြိမ်စွာနဲ့

"မမြင်ဘူးလား ငါက ဧည့်သည်ကို နှင်ထုတ်တော့မလို့လေ၊ မင်း ဒီနေ့သာ ထွက်မသွားဘူးဆိုရင်တော့ နောက်ထပ် ထွက်သွားစရာ မလိုတော့ဘူးလို့ ငါထင်တယ်၊ မင်းလို အဆင့် ၁ လွတ်လပ်သောမသေမျိုးမျိုးကို ငါက သုံးယောက်လောက် တစ်ပြိုင်တည်း တိုက်နိုင်တယ် "

​ချန်ချန်လုံရဲ့ မျိုးဆက်တွေက ဒါကိုကြားတော့ ပါးစပ်ပိတ်ပြီး ရယ်မောလိုက်ကြတယ်၊ ချန်ချင်းထိုက်တို့ကို ကြည့်တဲ့ အကြည့်တွေထဲမှာ လှောင်ပြောင်ရိပ်တွေ ပါနေပါတယ်။

​သာမန်မျိုးနွယ်စုတစ်ခုက နဂါးမျိုးနွယ်ရဲ့ ရှေ့မှာ လာပြီး ရဲတင်းနေတာလား

တကယ်ပဲ နဂါးအိုကြီး လောကနဲ့ ကင်းကွာနေတာ ကြာသွားလို့ ဒီလို လူပြက်တွေက နဂါးအိုကြီးရဲ့ အာဏာကို လာပြီး စိန်ခေါ်ရဲကြတာပဲ။

​"အခုခေတ်ကြီးမှာ... ချန်ချန်လုံ မိတ်ဆွေ တိုက်နိုင်ခိုက်နိုင်ရုံနဲ့တင် လောကမှာ ကြောက်စရာမရှိဘဲ လျှောက်သွားလို့ မရတော့ဘူး "

ချန်ချင်းထိုက်က သက်ပြင်းတစ်ချက် ချလိုက်ပြီး

"မင်း ဘယ်လောက်ပဲ တိုက်နိုင်ပါစေ၊ အဆင့်တူ ဓားကျင့်ကြံသူတစ်ယောက်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"

​လူတိုင်း မှင်သက်သွားကြတယ်၊ ချန်ချင်းထိုက်ရဲ့ နောက်ခံက ဒီမှာတင် ရှိနေတာလား

ဒီနေ့မှာ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတစ်ယောက် ရောက်နေတာလား

​"အို ဓားကျင့်ကြံသူ ရောက်နေတာလား သူ့ကို ထွက်လာခိုင်းပြီး စမ်းကြည့်ခိုင်းလိုက်လေ "

ချန်ချန်လုံက ပြုံးစိစိနဲ့

"ဒီနေ့သာ မင်းတို့ တိုက်ခိုက်ခဲ့မယ်ဆိုရင်၊ ဒီကိစ္စကို နဂါးမျိုးနွယ်က အနားပေးမှာ မဟုတ်ဘူး လုံယွမ်နဲ့ ချောင်ဖုန်းက အဝေးကြီးမှာမလို့ ငါတို့က ဘာမှမတတ်နိုင်ဘူးလို့ မထင်လိုက်နဲ့ မင်း ဘာတွေ တွေးနေလဲ မသိဘူး၊ ငါ့ရဲ့ နယ်မြေထဲကို အဝေးကြီးကနေ လာပြီး ဘဝင်မြင့်နေတာလား"

"မင်းက အသက်ရှည်တဲ့ ကျင့်ကြံသူ အစစ်အမှန်တစ်ယောက်ပဲ အဲဒီ ဓားကျင့်ကြံသူတွေဆိုတာ ခေတ္တခဏ ပွင့်တဲ့ ပန်းလိုပဲဆိုတာ မင်းသိသင့်တယ်"

"သူတို့ရဲ့ အစဉ်အဆက် မပြတ်တောက်ဖို့အတွက် သယံဇာတ ဘယ်လောက်တောင် လိုမှာလဲ နောက်ထပ် နှစ်အနည်းငယ် ကြာရင် အဲဒီ အဆင့် ၃ ဓားကျင့်ကြံသူဆိုတာတွေလည်း သေဆုံးသွားကြမှာပဲ အဲဒီအချိန်ကျရင်... မင်း ကလဲ့စားချေခံရမှာကို မကြောက်ဘူးလား "

​ချန်ချင်းထိုက်ရဲ့ မျက်နှာ အနည်းငယ် ပျက်သွားပါတယ်၊ သူ ဒါကို မစဉ်းစားမိတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလှေပေါ်ကို ရောက်နေမှတော့ ဇွတ်တိုးရုံပဲ ရှိပါတော့တယ်။

ဒါကို တွေးမိတော့ ချန်ချင်းထိုက်ရဲ့ မျက်နှာထားက ရုတ်တရက် နူးညံ့သွားပြီး

"ဒီနေ့ ငါ ရိုင်းပျသွားခဲ့ပါတယ်၊ ငါလည်း အများကြီး မတောင်းဆိုပါဘူး၊ ဒီလူငယ်ကို ခေါ်သွားခွင့်ပြုပါ ယွင်လူ စီနီယာကို အဖြေပေးနိုင်ရင် ရပါပြီ "

သူက ဖန့်ချန်ကို လက်ညှိုးထိုးပြပါတယ်။

​"မင်း အိပ်မက်မက်နေတာပဲ "

တုန်းဖန်းဟောက်ကျဲက လှောင်ရယ်လိုက်ပါတယ်။

​ချန်ချင်းထိုက်က တုန်းဖန်းဟောက်ကျဲလို ပုရွက်ဆိတ်ကို ဂရုမစိုက်ပါဘူး၊ သူ့မျက်လုံးထဲမှာတော့ ဒီဇနီးမောင်နှံ သေခြင်း၊ ရှင်ခြင်းဆိုတာ သူနဲ့ ဘာမှမဆိုင်ပါဘူး။

သူက ချန်ချန်လုံကိုပဲ စိုက်ကြည့်ပြီး ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။

​"ဒီနေ့က ငါ့ရဲ့ မွေးနေ့ပွဲပဲ၊ မင်းက လူငယ်တစ်ယောက်ကို အကျပ်မကိုင်ပါနဲ့၊ ကျောက်ယွင်လူက လူလိုချင်တယ်ဆိုရင် သူ့ကို ကိုယ်တိုင်လာခိုင်းလိုက်၊ အဆင့် ၃ လွတ်လပ်သောမသေမျိုးဆိုရင်တော့ ငါ ဒီမျက်နှာကို သေချာပေါက် ပေးပါ့မယ်၊ မင်းကတော့... ဘာကောင်မလို့လဲ "

ချန်ချန်လုံက ရယ်မောလိုက်ပါတယ်။

​ချန်ကျော့ကျူ ဟာ ဖခင်ဖြစ်သူ အဲဒီလို အဆဲခံရတာကို မြင်တော့ မျက်နှာက နီလိုက်ပြာလိုက် ဖြစ်သွားပါတယ်၊ ဒါပေမဲ့ သူက ဒေါသကို ချက်ချင်း ပြန်ဖိနှိပ်လိုက်ပြီး အဆက်မပြတ် လှောင်ပြုံပြုံးနေပါတယ်။

ဒီနေ့ ဒီထဲက လူတွေထဲမှာ အသက်ရှင်ကျန်ရစ်မယ့်သူ သိပ်မရှိပါဘူး။

​"ချန်ချန်လုံ... မင်းက လုံမိသားစု မျိုးဆက်တွေကို ကာကွယ်ပေးတာကတော့ ကျိုးကြောင်းဆီလျော်ပါသေးတယ်၊ ဒါပေမဲ့ ဒီလူငယ်ကို ဘာလို့ ကာကွယ်ပေးမှာလဲ ဘာအကြောင်းပြချက် ရှိလို့လဲ"

ချန်ချင်းထိုက်ရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပါတယ်၊ တကယ်လို့ သူက တိုက်ခိုက်လိုက်တဲ့အခါ ဟိုကောင်ရဲ့ ကိုယ်ပေါ်က ဝိညာဥ်ရတနာက တစ်ခုခု ထူးခြားတာတွေ ဖြစ်လာမှာကို မစိုးရိမ်ရင်၊ သူ စိတ်ရှည်လက်ရှည်နဲ့ ဒီလောက် စကားပြောနေမှာ မဟုတ်ပါဘူး။

​"အကြောင်းပြချက် မရှိဘူး၊ ငါ အဘိုးကြီးက အလုပ်လုပ်ရင် ငါ့စိတ်အတိုင်းပဲ၊ မင်းကို ကြည့်ရတာ အမြင်ကတ်လို့ ကာကွယ်ပေးတာ မရဘူးလား"

ချန်ချန်လုံက လက်ကို ဝှေ့ယမ်းပြလိုက်တယ်

"မသွားသေးဘူးလား၊ မင်း ဒီနေ့ တကယ်ပဲ ထွက်သွားလို့ မရတော့မှာနော်၊ မင်းခေါ်လာတဲ့ ဓားကျင့်ကြံသူကလည်း ငါနဲ့ လာပြီး ယှဉ်ပြိုင်ဖို့ တကယ်ပဲ ရဲပါ့မလားလို့ ငါ သံသယရှိမိတယ်"

​"ဟုတ်လား"

ချန်ချင်းထိုက်က လှောင်ရယ်လိုက်ပြီး ချန်ချန်လုံနဲ့ စားပွဲတူ ထိုင်နေတဲ့ လွတ်လပ်သောမသေမျိုး အချို့ကို ကြည့်လိုက်ပါတယ်

"မိတ်ဆွေတို့... ငါ့ကို စကားလေး ဘာလေး ကူပြောဖို့ အစီအစဉ် မရှိကြဘူးလား မိတ်ဆွေတို့ရဲ့ စိတ်ရင်းကို မမြင်ရဘူးဆိုရင် နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လို ဆက်ဆွေးနွေးမှာလဲ"

​အဲဒီ မသေမျိုးအချို့ရဲ့ မျက်နှာထားတွေက အနည်းငယ် ဆိုးရွားသွားပါတယ်၊ ဒါပေမဲ့ ချန်ချင်းထိုက်ရဲ့ စိုက်ကြည့်နေမှုအောက်မှာတော့ မတတ်သာဘဲ ထရပ်လိုက်ကြပါတယ်။

​"မင်းတို့က ဘာဖြစ်လို့လဲ"

ချန်ချန်လုံရဲ့ အကြည့်တွေက လှုပ်ခတ်သွားပါတယ်။

​"ချန်ချန်လုံ မိတ်ဆွေ... ငါတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ သူတို့နဲ့ ရန်မဖြစ်တာက ပိုကောင်းမယ် မဟုတ်လား "

အဲဒီထဲက မသေမျိုးတစ်ယောက်က မဲ့ပြုံး ပြုံးပြီး ပြောလိုက်ပါတယ်။

​ကျန်တဲ့ မသေမျိုး သုံးယောက်ကလည်း ခပ်ဖွဖွ ခေါင်းညိတ်ပြီး သူတို့ရဲ့ သဘောထားကို ဖော်ပြလိုက်ပါတယ်။

​မသေမျိုး ငါးယောက်ထဲမှာ တစ်ယောက်ကတော့ မှင်သက်နေပြီး ရှေ့က အခြေအနေကြောင့် မလုံမလဲ ဖြစ်နေပါတယ်။

​"မင်းတို့... အဲဒီ ဓားကျင့်ကြံသူတွေနဲ့ ပေါင်းနေတာလား ငါက မင်းတို့ကို မိတ်ဆွေဟောင်းတွေလို့ မှတ်ထားတာ "

ချန်ချန်လုံရဲ့ မျက်နှာ အုံ့မှိုင်းသွားပါတယ်။

​အရပ်ရပ်က ကျင့်ကြံသူတွေဟာ အချင်းချင်း ကြည့်လိုက်ကြပြီး ရင်ထဲမှာ အသက်ရှူမှားသွားကြပါတယ်။

ချန်ချင်းထိုက်က ပြင်ဆင်ပြီးမှ လာခဲ့တာပဲ

တကယ်လို့ အဆင့် ၁ ဓားကျင့်ကြံသူ တစ်ယောက်အပြင်၊ အခု သစ္စာဖောက်သွားတဲ့ အဆင့် ၁ မသေမျိုး လေးယောက်ပါ ပေါင်းလိုက်မယ်ဆိုရင်...

တကယ်သာ တိုက်ခိုက်ကြမယ်ဆိုရင် နဂါးပုန်းမြို့ဟာ ခဏချင်းအတွင်းမှာပဲ ပျက်စီးသွားနိုင်ပါတယ်

​"ချန်ချန်လုံ မိတ်ဆွေ... ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ၊ မင်း ဖန်တီးခြင်းဂြိုဟ်ရဲ့ အာဏာကို တစ်ကျော့ပြန် အပြောင်းအလဲလုပ်တာကို မမြင်ချင်ဘူးလား"

​"ဟုတ်တယ်၊ ငါတို့လို မျိုးနွယ်စုကြီးတွေဟာ နှစ်ပေါင်းများစွာကြာအောင် ထိပ်တန်းကို ရောက်ဖို့ အခွင့်အရေး မရခဲ့ဘူး၊ အခု ကြုံတုန်းမှာတော့ ဖမ်းဆုပ်ထားရမှာပေါ့ "

မသေမျိုးအချို့က သက်ပြင်းချရင်း ပြောကြပါတယ်။

​ချန်ချန်လုံရဲ့ မျက်လုံးတွေက လက်ခနဲ လက်ခနဲ ဖြစ်နေပါတယ်။

​ချန်ချင်းထိုက်ကတော့ ဖန့်ချန်ရဲ့ လှုပ်ရှားမှုကို အမြဲ စောင့်ကြည့်နေပါတယ်၊ ဖန့်ချန်က အဲဒီ ဝိညာဥ်ရတနာကို ထုတ်သုံးမယ့် အရိပ်အယောင် မရှိတာကို မြင်တော့ သူက ရုတ်တရက် ရယ်မောလိုက်ပြီး ခန်းမအပြင်ဘက်ကို ထွက်ကာ အပြင်ဘက်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်

​"ရှူ မိတ်ဆွေကို ဖိတ်ခေါ်ပါတယ်"

​ဓားကျင့်ကြံသူကို ခေါ်နေတာလား

​လူတိုင်းရဲ့ မျက်နှာထားတွေ ရုတ်တရက် ပြောင်းလဲသွားပါတယ်။

​အခန်း (၁၀၉၆) ဒါဟာ အစပဲ ရှိသေးတယ်

​ချန်ချင်းထိုက်ရဲ့ အသံက ဟိန်းထွက်သွားပြီးခေါင်းလောင်းကြီးကို တီးလိုက်သလိုမျိုး ဒီဝန်းကျင်တင်မကဘဲ အနီးနား မိုင်တစ်ရာပတ်လည်အထိ ဟိန်းခပ်သွားပါတယ်။

​ချန်ချန်လုံက တည်ကြည်စွာ ကြည့်နေပြီး၊ သူ့ရဲ့ မျိုးဆက်တွေကလည်း ချန်ချန်လုံရဲ့ နောက်မှာ ထရပ်လိုက်ကြကာ မျက်လုံးတွေထဲမှာ ဒေါသရိပ်တွေ ပါနေပါတယ်။

​အဲဒီ လွတ်လပ်သောမသေမျိုး လေးယောက်ကတော့ အချင်းချင်း ကြည့်လိုက်ကြပြီး၊ တစ်ယောက်က တည်ကြည်တဲ့ လေသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်

"ချန်ချန်လုံ မိတ်ဆွေ... အခု စကားပြန်ပြင်မယ်ဆိုရင်... အချိန်မီသေးတယ်နော် "

​ချန်ချန်လုံက သူ့ကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်

"မင်းတို့ကတော့ တကယ်ကို မျက်နှာပြောင်တိုက်လွန်းကြတာပဲ "

​တစ်ဖက်လူရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့ကာ

"ချန်ချန်လုံ... မင်းက မင်းရဲ့ မျိုးရိုးမြင့်တာကို အားကိုးပြီး ငါတို့လိုလူတွေကို အထင်သေးခဲ့တာပဲ၊ ဒါပေမဲ့ မင်း တစ်ခါမှ မစဉ်းစားဖူးဘူးလား၊ လောကမှာ အရာအားလုံးက မပြောင်းလဲဘဲ မနေဘူးဆိုတာ"

​"ဟုတ်တယ် အထွတ်အထိပ် ရောက်ရင် ဆုတ်ယုတ်မှု ရှိစမြဲပဲ၊ နဂါးအိုကြီးက နှစ်ပေါင်းများစွာကြာအောင် လူကိုယ်တိုင် ပေါ်မလာတာက ဘာကို ဆိုလိုတာလဲဆိုတာ ငါတို့ မသိဘူးလို့ မင်း ထင်နေလား "

​"လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းကဆိုရင်တော့ သူတို့ ဘယ်လောက်ပဲ အကျိုးအမြတ် ပေးပါစေ ငါတို့ သဘောတူမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခေတ်က ပြောင်းသွားပြီ၊ နှစ်ပေါင်း နှစ်ထောင်ဆိုတာ အရာအတော်များများကို ပြောင်းလဲဖို့ လုံလောက်တယ် "

​"လုံမိသားစုနဲ့ စုန်းမိသားစု ဆိုတာ ချောင်ဖုန်းရဲ့ အထက်တန်းလွှာတွေပဲ၊ တကယ်တမ်း အခြေခံအင်အားကို ပြောမယ်ဆိုရင် မင်းတို့ နဂါးမျိုးနွယ်ထက် နိမ့်ချင်မှ နိမ့်မှာ"

"ဒါပေမဲ့ အခု ဘာဖြစ်သွားပြီလဲ ခေတ္တခဏအတွင်းမှာပဲ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မျိုးတုံးမတတ် ဖြစ်သွားပြီ လူဆိုတာ ရှေ့ကို ကြည့်ရတယ်၊ အတိတ်က ဂုဏ်အသရေတွေကိုပဲ ဖက်တွယ်မနေသင့်ဘူး"

​လူအချို့က ဆက်တိုက်ဆိုသလို လှောင်ပြောင် သရော်နေကြပါတယ်။

နဂါးမျိုးနွယ် ကျင့်ကြံသူတွေရဲ့ မျက်နှာကတော့ ပိုပိုပြီး ဆိုးရွားလာပါတယ်။

​စက္ကန့်အနည်းငယ် ကြာတော့ လူတိုင်းက ရုတ်တရက် သတိဝင်လာပြီး ခန်းမအပြင်ဘက်ကို သံသယတွေနဲ့ လှမ်းကြည့်လိုက်ကြပါတယ်။

​ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ

ချန်ချင်းထိုက်က ရှူမိတ်ဆွေဆိုတဲ့ တစ်ယောက်ကို ဖိတ်ခေါ်နေတာ မဟုတ်ဘူးလား

​"ချန်ချင်းထိုက်... မင်း ဘာတွေ ကောက်ကျစ်ဖို့ ကြံနေတာလဲ "

ချန်ချန်လုံရဲ့ အကြည့်တွေက လှုပ်ခတ်သွားပါတယ်။

​ချန်ချင်းထိုက်ရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ထပ်မံ လက်အုပ်ချီလိုက်တယ်

"ရှူမိတ်ဆွေကို ဖိတ်ခေါ်ပါတယ် "

​စက္ကန့်အနည်းငယ် ကြာသွားပေမဲ့ ဘာလှုပ်ရှားမှုမှ ရှိမလာပါဘူး။

သူ့ရဲ့ မျက်နှာက ပျက်သွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်လာသလို၊ တစ်ဖက်က ဘာလို့ ပေါ်မလာတာလဲဆိုတာကိုလည်း ဇဝေဇဝါ ဖြစ်နေပါတယ်။

​အဲဒီအချိန်မှာတင် အပြင်ဘက်ကနေ ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး၊ နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်ဖိအားတွေ လှိုင်းလုံးလို တိုးဝင်လာပါတယ်။

​"လွတ်လပ်သောမသေမျိုးတွေ တိုက်ခိုက်နေကြပြီ"

​လူတိုင်း ခန်းမအပြင်ဘက်ကို အပြေးအလွှား ထွက်လာကြပါတယ်။

ဝေးကွာတဲ့ ကောင်းကင်ယံမှာ လူရိပ် ခုနစ်ယောက်၊ ရှစ်ယောက်လောက် အပြင်းအထန် တိုက်ခိုက်နေတာကို မြင်ရပါတယ်၊ ဒါပေမဲ့ ဒီတိုက်ပွဲက မမျှတပါဘူး... လူ ခုနစ်ယောက်က တစ်ယောက်ကို ဝိုင်းတိုက်နေတာပါ

​ချန်ချင်းထိုက် သေချာ စိုက်ကြည့်လိုက်တော့ မျက်နှာက ချက်ချင်း ဖြူဆော့သွားပါတယ်၊ အဝိုင်းခံထားရတာက တခြားသူမဟုတ်ဘဲ အဆင့် ၁ ဓားကျင့်ကြံသူ ရှူမိတ်ဆွေ ဖြစ်နေလို့ပါ။

အဆင့် ၁ ဓားကျင့်ကြံသူက ဘယ်လောက်ပဲ အားကောင်းပါစေ၊ အဆင့်တူ လွတ်လပ်သောမသေမျိုး ခုနစ်ယောက်ရဲ့ ရှေ့မှာတော့ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိပါဘူး။

​စက္ကန့်အနည်းငယ်အတွင်းမှာပဲ အဲဒီ အဆင့် ၁ ဓားကျင့်ကြံသူဟာ အပိုင်းပိုင်းပြတ်ပြီး ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရတာကို လူတိုင်း မြင်လိုက်ရပါတယ်။

အဲဒီနောက်မှာတော့ နောက်ခံမသိရတဲ့ မသေမျိုး ခုနစ်ယောက်ဟာ ပေါ်လာခဲ့တဲ့ နေရာမှာတင် ပျောက်ကွယ်သွားကြတယ်၊ ဘယ်တုန်းကမှ ရှိမနေခဲ့သလိုပါပဲ။

​အဝေးမှာ ရပ်နေတဲ့ ဓားကျင့်ကြံသူ ထောင်ပေါင်းများစွာဟာ ဘာလုပ်ရမှန်းမသိဘဲ မှင်သက်နေကြပါတယ်။

​"ဟမ်... ခုနက သေသွားတဲ့ မသေမျိုးက ဓားကျင့်ကြံသူ လမ်းစဉ်ကို လျှောက်ထားတဲ့ပုံပဲ၊ မင်း ဖိတ်ခေါ်နေတဲ့ ရှူမိတ်ဆွေ မဟုတ်ပါဘူးနော်"

ချန်ချန်လုံက ရေရွတ်လိုက်ပါတယ်။

​လူတိုင်းရဲ့ မျက်နှာထားတွေ ရုတ်တရက် ပြောင်းလဲသွားပါတယ်၊ ဒါဟာ ချန်ချန်လုံရဲ့ လက်ချက်လို့ ထင်သွားကြတာပါ။

​ချန်ချင်းထိုက်က မျက်နှာမှာ အတင်းအကျပ် အပြုံးတစ်ခု လုပ်ယူလိုက်ပြီး လက်အုပ်ချီကာ

"ဒီနေ့ကတော့ နားလည်မှုလွဲတာပါ၊ ကျွန်တော် အရင် နှုတ်ဆက်လိုက်ပါဦးမယ် "

​"ဒါဆို ငါတို့လည်း အရင် နှုတ်ဆက်လိုက်ပါဦးမယ်"

အဲဒီ မသေမျိုး လေးယောက်ကလည်း အချင်းချင်း ကြည့်လိုက်ကြပြီး ချက်ချင်း ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

​လူတိုင်းက ကိစ္စတွေက ဒီမှာတင် ပြီးသွားပြီလို့ ထင်နေကြသလို၊ ချန်ချန်လုံကိုယ်တိုင်လည်း အဲဒီ မသေမျိုး ခုနစ်ယောက်က ဘယ်သူတွေလဲဆိုတာ မသိပေမဲ့၊ ချန်ချင်းထိုက်က သူ့ကို သံသယဝင်နေမှန်း သိတာကြောင့် တည်ငြိမ်ချင်ယောင် ဆောင်နေပါတယ်။

​"ချန်စီနီယာ... ခင်ဗျားသားကို သတင်းပို့ဖို့ ပြန်လွှတ်လိုက်ပါ၊ ခင်ဗျားတို့လို လူကြီးတွေကတော့... မပြန်ကြနဲ့ဦးနော် "

​လူတိုင်း မှင်သက်သွားကြပြီး နောက်ဘက်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြပါတယ်၊ အကြည့်တွေက ဖန့်ချန်ဆီမှာ ကျရောက်နေပြီး သံသယတွေနဲ့ ပြည့်နေပါတယ်။

သူတို့ သေသေချာချာ မစဉ်းစားရသေးခင်မှာပဲ နောက်တစ်စက္ကန့်မှာ ဖန့်ချန်ရဲ့ ဘေးဘယ်ညာမှာ လူရိပ်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပါတယ်။

​ရှီလုံ ၊ ထိုက်ယင်နဂါးမင်း ၊ ပန်ဆန်း ၊ မယ်တော်စီ၊ ကျင်ရွှေ ၊ ယိုဖန့် ၊ ရှန်းထူချန်း ၊ ချိုးကျင် ၊ ချီထျန်းရန် ၊ ခုံကျင့် ။

​တစ်ယောက်ချင်းစီရဲ့ အရှိန်အဝါက လွတ်လပ်သောမသေမျိုး အဆင့်မှာ ရှိနေပါတယ်။

စုစုပေါင်း မသေမျိုး ဆယ်ပါး

​ဘယ်လောက်ပဲ ကြီးမားတဲ့ မျိုးနွယ်စုကြီး ဖြစ်ပါစေ၊ မသေမျိုး ဒီလောက်အများကြီးကို တစ်ပြိုင်တည်း ခိုင်းစေဖို့ဆိုတာ လွယ်လွယ်နဲ့ မလုပ်နိုင်ပါဘူး

ပြီးတော့ သူတို့ ပေါ်လာတဲ့ နည်းလမ်းက အရမ်း ထူးဆန်းလွန်းပါတယ်၊ မပေါ်လာခင်အထိ ချန်ချန်လုံတို့တောင်မှ လုံးဝ သတိမထားမိခဲ့ပါဘူး

​မသေမျိုး ဆယ်ပါးနဲ့ ငါးပါး... ဘယ်သူနိုင်မလဲဆိုတာ တိုက်စရာတောင် မလိုတော့ပါဘူး။

​တုန်းဖန်းဟောက်ကျဲကတော့ ဆက်တိုက်ဆိုသလို အသက်ကို ပြင်းပြင်းရှူနေရပြီး၊ ဖန့်ချန်ကို အံ့သြဝမ်းသာစွာ ကြည့်နေပါတယ်၊ ဒီလူက သူ့ကို အမြဲ အံ့အားသင့်စရာတွေ ပေးတတ်ပေမဲ့ ဒီတစ်ခါ ပေးတဲ့ အံ့အားသင့်စရာကတော့ အရင်ကနဲ့မတူအောင် အကြီးကြီးပါပဲ

​"သူတို့က..."

ချန်ချန်လုံ၊ ချန်ချင်းထိုက်နဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဘက် ကူးသွားတဲ့ မသေမျိုး လေးယောက်စလုံးရဲ့ မျက်လုံးထဲမှာ အံ့သြတုန်လှုပ်မှုတွေ ဖြတ်ပြေးသွားပါတယ်။

​ဒီလောက်ကြီးမားတဲ့ ဖန်တီးခြင်းဂြိုဟ်မှာ နယ်မြေလေးခုက မသေမျိုးတွေကို အကုန်ပေါင်းလိုက်ရင်တောင် ထောင်ဂဏန်းအနည်းငယ်ပဲ ရှိတာပါ။

တစ်ခါတလေ တရားဟောပွဲကြီးတွေ ကျင်းပရင် အဲဒီထဲက ထက်ဝက်လောက် လာတတ်ကြလို့ လူတိုင်းက အချင်းချင်း အနည်းဆုံး တစ်ခါတော့ မြင်ဖူးကြပါတယ်။

​ဒါပေမဲ့ အခု ရှေ့မှာရှိနေတဲ့ မသေမျိုး ဆယ်ပါးကိုတော့ ချန်ချင်းထိုက် သာမကဘဲ အသက် ၆၀၀၀ ရှိပြီဖြစ်တဲ့ ချန်ချန်လုံတောင်မှ တစ်ခါမှ မမြင်ဖူးပါဘူး၊ အရမ်းကို မျက်နှာစိမ်းနေကြပါတယ်

သူတို့ကို အံ့သြဆုံးကတော့ ဒီမသေမျိုး အုပ်စုဟာ... ရှေ့က လူငယ်ရဲ့ အမိန့်ကို နာခံနေပုံရတာပါပဲ

​"အဲဒီ ဓားကျင့်ကြံသူက... သူတို့လက်ထဲမှာ သေသွားတာကိုး..."

လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြပြီး မျက်နှာထားတွေ ပိုပြီး ထူးဆန်းလာပါတယ်။

လက်ရှိ အခြေအနေမှာ ဓားကျင့်ကြံသူကို ဝိုင်းသတ်ရဲတယ်ဆိုတာ၊ ဟို အဆင့် ၃ ဓားကျင့်ကြံသူ နှစ်ယောက်ကို လုံးဝ မကြောက်တာလား

​"ဒါ... ဒါ မဖြစ်နိုင်တာ..."

ချန်ကျော့ကျူကတော့ တိုးတိုးလေး ရေရွတ်နေပါတယ်။

​"မိတ်ဆွေတို့က ဘယ်သူတွေလဲ ဘာလို့ လူငယ်တစ်ယောက်ရဲ့ အမိန့်ကို နာခံနေကြတာလဲ သူက ခင်ဗျားတို့ကို ဘာအကျိုးအမြတ် ပေးလို့လဲ၊ ကျွန်တော့်ဆီမှာလည်း... ခင်ဗျားတို့ကို စိတ်ကျေနပ်စေမယ့်အရာတွေ ရှိပါတယ် "

ချန်ချင်းထိုက်က မျက်နှာမှာ အတင်းအကျပ် အပြုံးတစ်ခု လုပ်ယူပြီး ပြောပါတယ်။

​"မင်း သခင်လေး ကို စကားပြောရင် ယဉ်ယဉ်ကျေးကျေး ပြောစမ်း ယဉ်ကျေးမှု မရှိရင် မင်းပါးစပ်ကို ရိုက်ခွဲပစ်မယ်နော် ခွေးသား "

ယိုဖန့်က ပြောလိုက်ပါတယ်။

​ချန်ချင်းထိုက်ရဲ့ မျက်နှာက ပျက်သွားပြီး ဒေါသကို ပြန်ဖိနှိပ်လိုက်ရပါတယ်၊ ဒါပေမဲ့ ယိုဖန့် က ဖန့်ချန်ကို ခေါ်လိုက်တဲ့ အသုံးအနှုန်းကြောင့် တစ်ခုခုကို ရိပ်မိသွားပါတယ်။

​သခင်လေး တဲ့လား

​လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး ထိတ်လန့်သွားကြပါတယ်၊ ဒါက ဘယ်အိမ်က သခင်လေးမလို့လဲ၊ အပြင်ထွက်တာတောင် မသေမျိုး ဆယ်ပါးကို အစောင့်အကြပ်အဖြစ် ခေါ်လာတာလဲ

အဆင့် ၁ မသေမျိုးပဲ ဖြစ်ဖြစ်... ဒါက လူငယ်တစ်ယောက် စေခိုင်းနိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ပါဘူး။

​ချန်ချန်လုံက သူ ငယ်ငယ်တုန်းကကို ပြန်တွေးမိသွားတယ်၊ အဲဒီတုန်းက သူ့အဖေက လုံယွမ်နယ်မြေရဲ့ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်ဖြစ်နေပြီ။

ဒါတောင်မှ သူ အပြင်ထွက်ရင် အများဆုံး တက်လှမ်းခြင်းအဆင့် တစ်ယောက် နှစ်ယောက်လောက်ပဲ ပါတာ၊ မသေမျိုးတွေ အဖော်လိုက်ပေးတဲ့ အခွင့်အရေးမျိုး တစ်ခါမှ မရခဲ့ဖူးဘူး။

​ဒါပေမဲ့ ရှေ့ကလူကတော့... မသေမျိုး ဆယ်ပါးတောင် ရှိနေတာ၊ အဲဒီ မသေမျိုးတွေက ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ ရိုသေကိုင်းရှိုင်းတဲ့ အရိပ်အယောင်တွေကို သူ မြင်နေရပါတယ်။

ဒီမသေမျိုးတွေက... ဖြစ်နိုင်တာက အိမ်စေ တွေများလား

​ဒါကို တွေးမိတော့ ချန်ချန်လုံ တစ်ကိုယ်လုံး အေးစိမ့်သွားပါတယ်၊ ဘယ်လို အင်အားစုမျိုးက ဒီလောက်အထိ လက်ကြီးနိုင်မှာလဲ

​"သွားစို့ "

ချန်ချင်းထိုက်က ဘာမှ ထပ်မစဉ်းစားတော့ဘဲ၊ ချန်ကျော့ကျူတို့ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်ကို ခွဲပြီး ချက်ချင်း ထွက်ပြေးပါတယ်။

ကျန်တဲ့ မသေမျိုး လေးယောက်လည်း အဲဒီအခွင့်အရေးကို သုံးပြီး အရပ်ရပ်ကို ထွက်ပြေးကြပါတယ်။

​"တစ်ယောက်ပဲ ချန်ထား "

ရှီလုံက နှာခေါင်းရှုံ့လိုက်ပြီး ချန်ချင်းထိုက်နောက်ကို ချက်ချင်း လိုက်သွားပါတယ်။

​မယ်တော်စီတို့ကတော့ နှစ်ယောက်တစ်တွဲစီ ခွဲပြီး ကျန်တဲ့ မသေမျိုး လေးယောက်နောက်ကို လိုက်သွားကြပါတယ်။

​ရှန်းထူချန်းကတော့ ဘာမှ မလုပ်ဘဲ ဖန့်ချန်ရဲ့ နောက်မှာ ငြိမ်ငြိမ်လေး ရပ်နေပါတယ်။

​ချန်ကျော့ကျူကတော့ မှင်သက်နေပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်မဲ့တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်၊ သူ့ကို အချစ်ဆုံးဆိုတဲ့ အဖေက ဒီနေ့ သူ့ကို ပစ်ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး

​"ငါ မင်းကို မသတ်ဘူး "

ဖန့်ချန်က ချန်ကျော့ကျူကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။

​ချန်ကျော့ကျူ ခဏလောက် ကြောင်သွားပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်တယ်

"ဘာ... ဘာလို့လဲ"

​"မင်း ငါ့အတွက် လီချန်စန်းဆီကို သတင်းတစ်ခု ပြန်ပို့ပေးပါ၊ ဒါဟာ အစပဲ ရှိသေးတယ်လို့ "

ဖန့်ချန်က ရယ်မောလိုက်ပါတယ်။

​"ကောင်းပြီ "

ချန်ကျော့ကျူက ဘာမှ ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း ခေါင်းညိတ်ပြပြီး ချန်မိသားစု ကျင့်ကြံသူတွေကို ခေါ်ကာ ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးသွားပါတော့တယ်။

All Chapters