← Chapters

အခန်း (၁၀၉၇-၁၀၉၈)

Vol. 110 Ch. 1097-1098

အခန်း (၁၀၉၇-၁၀၉၈)

Vol. 110 Ch. 1097-1098

​အခန်း (၁၀၉၇) နဂါးအိုကြီး

​ချန်ချန်လုံက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး အကြည့်တွေက ဖန့်ချန်ဆီမှာ ကျရောက်နေပါတယ် တုန်းဖန်းဟောက်ကျဲကတော့ လူမှုရေးကိစ္စတွေမှာ ကျွမ်းကျင်သူပီပီ ဖန့်ချန်ရဲ့ နောက်ခံကို ချန်ချန်လုံအား ချက်ချင်း မိတ်ဆက်ပေးလိုက်ပါတယ်၊ ဒါပေမဲ့ ဓားဂိုဏ်း က လာတယ်လို့ပဲ ပြောပြီး ဘယ်အရပ်ကလဲဆိုတာတော့ ထည့်မပြောပါဘူး။

​ဓားဂိုဏ်း

​ရှေ့ကလူက ဓားကျင့်ကြံသူတစ်ယောက်လား

​လူတိုင်း ပိုပြီး ဇဝေဇဝါ ဖြစ်သွားကြတယ်၊ ဘယ်လိုဓားကျင့်ကြံသူမျိုးက အဆင့် ၁ လွတ်လပ်သောမသေမျိုး ဆယ်ပါးကို အနားမှာ ခေါ်ထားနိုင်တာလဲ

​"ဖန့်သခင်လေး... ဒီတစ်ခါက ဒီလမ်းကနေ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လာတာလား၊ ဒါမှမဟုတ်..."

ချန်ချန်လုံက ဖန့်ချန်ရဲ့ ဓားကျင့်ကြံသူဆိုတဲ့ အဆင့်အတန်းကို သိပ်ဂရုမစိုက်ပါဘူး၊ ဒါမှမဟုတ် သူက ဒီလူငယ်ဟာ ဓားကျင့်ကြံသူ သက်သက်ပဲလို့ လုံးဝမယုံကြည်တာလည်း ဖြစ်နိုင်ပါတယ်၊ ဒါဟာ နောက်ခံအစစ်အမှန်ကို ဖုံးကွယ်ထားတဲ့ စကားလို့ပဲ သူ ထင်နေတာပါ။

​"တိုက်ဆိုင်တာတော့ မဟုတ်ပါဘူး ဝိညာဉ်နတ်ဘုရားဂိုဏ်းက အဲဒီဓားကျင့်ကြံသူတွေဆီကို နာမည်စာရင်းတစ်ခု ပေးထားတယ် အဲဒီထဲမှာ နာမည် ဆယ်ဂဏန်းလောက် ပါပြီး ချန်စီနီယာကလည်း အဲဒီထဲက တစ်ယောက်ပါပဲ "

ဖန့်ချန်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်ပါတယ်။

​"ဪ... ဒီလိုကိုး၊ ငါကတော့ ငါတို့နှစ်ယောက်ကို သက်သက်လာရှာတာလို့ ထင်နေတာ "

တုန်းဖန်းဟောက်ကျဲက သဘောပေါက်သွားသလို မျက်နှာပေးနဲ့ ပြောပါတယ်။

​ဖန့်ချန်က ရယ်မောရင်း

"ဒီကိုလာတာနဲ့လည်း ကြုံ မင်းတို့ကို မြင်တာနဲ့လည်း ဆုံတော့ အားလုံးက ရေစက်ပါပဲ "

​"ဝိညာဉ်နတ်ဘုရားဂိုဏ်း..."

ချန်ချန်လုံက ရင်ထဲက ဒေါသကို ဖိနှိပ်လိုက်ပြီး ကျန်နေတဲ့ မသေမျိုးတစ်ယောက်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

"ဟွမ် မိတ်ဆွေ... ဒီနေ့တော့ ဒီမှာတင် ရပ်ကြရအောင် ငါ့မှာ အရေးကြီးကိစ္စတချို့ ရှိနေလို့ မင်းကို ဆက်ပြီး ဧည့်မခံနိုင်တော့တာ ခွင့်လွှတ်ပါ "

​"ရပါတယ် ဒါဆို ငါ အရင် သွားလိုက်ဦးမယ်"

အဲဒီ မသေမျိုးက ချက်ချင်း ခေါင်းညိတ်ပြပြီး ဖန့်ချန်ကို တစ်ချက် ပြုံးပြကာ သူ့တပည့်တွေကို ခေါ်ပြီး အလျင်အမြန် ထွက်ခွာသွားပါတယ်။

​သူ ထွက်သွားတာနဲ့ နဂါးမျိုးနွယ်နဲ့ မပတ်သက်တဲ့ ကျန်တဲ့ ကျင့်ကြံသူတွေကိုလည်း တစ်ယောက်ချင်းစီ ပြန်လွှတ်လိုက်ပါတယ်။

​"ဖန့်သခင်လေး... ဝိညာဉ်နတ်ဘုရားဂိုဏ်းက တကယ်ပဲ ငါ့နာမည်ကို စာရင်းထဲ ထည့်ထားတာလား"

ချန်ချန်လုံက ထပ်မံ မေးမြန်းပါတယ်။

​ဖန့်ချန်က ခေါင်းညိတ်ပြပါတယ်။

​ချန်ချန်လုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးထဲမှာ ဒေါသတွေ ထွက်လာပါတယ်

"ဒီသေသင့်တဲ့ မေဘေးတွေ သာမန်နေ့တွေ မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာကို ထားပါဦး၊ အခုတော့ ငါ့ခေါင်းပေါ်အထိ လာပြီး အကြံထုတ်ရဲတယ်ပေါ့၊ သူတို့က ငါ့အဖေကို အတင်းအကျပ် ကျင့်စဉ်ကနေ ထွက်လာအောင် လုပ်ချင်နေတာလား "

​"ချန်စီနီယာ... ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီလိုလုပ်တာဟာ ရေနောက်မှာ ငါးဖမ်းချင်လို့ပါပဲ ဒါပေမဲ့ အခုခေတ် ကျင့်ကြံသူတွေက ဒါကို ထိုးထွင်းမသိကြဘဲ သူတို့လုပ်ရပ်တွေက ကိုယ့်အပေါ် သက်ရောက်မှု မရှိဘူးလို့ ထင်နေကြတာကြောင့် ဂရုမစိုက်ချင်ကြတာပါ "

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ချန်ချန်လုံရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး စက္ကန့်အနည်းငယ်လောက် စဉ်းစားကာ ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ပါတယ်

"ဂရုမစိုက်ချင်တာ မဟုတ်ဘူး သူတို့ ရောင်းတဲ့ ဆေးလုံးတွေက တကယ်ပဲ မသေမျိုးကျောက်တုံး အစား သုံးလို့ရနေတာ မင်း မသိလို့ပါ ဒီလောကမှာရှိတဲ့ မသေမျိုးကျောက်တုံးတွေက တစ်လုံးသုံးရင် တစ်လုံး လျော့သွားတာမျိုးလေ"

"ဒါကြောင့်ပဲ အင်အားစုအသီးသီးက ဝိညာဉ်နတ်ဘုရားဂိုဏ်းဆီကနေ အကျိုးအမြတ်လေးတွေ မြည်းဖူးကြတယ် သူတို့နဲ့ ပူးပေါင်းမလုပ်ရင်တောင် သူတို့ကိစ္စတွေကို ဝင်မပါကြဘူး"

"ဒါ့အပြင်... ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ နောက်ခံက အရမ်းကြီးတယ်၊ သူတို့က ဒီဒေသခံ ကျင့်ကြံသူတွေ မဟုတ်ဘဲ အပြင်ကနေ လာတဲ့ လူတွေပဲ"

​ဒီနေရာမှာ ချန်ချန်လုံက ဖန့်ချန်ကို အကဲခတ်သလို ကြည့်ပြီး စမ်းမေးလိုက်ပါတယ်

"ဖန့်သခင်လေးက ဝိညာဉ်သုတ်သင်ရေးဌာန က ကျင့်ကြံသူလား "

​လူတိုင်း အနည်းငယ် အံ့အားသင့်သွားပြီး ဖန့်ချန်ကို ပြိုင်တူ ကြည့်လိုက်ကြပါတယ်၊ ရှေ့ကလူက တကယ်ပဲ ဝိညာဉ်သုတ်သင်ရေးဌာနကလား

ဒါပေမဲ့ ဒီဌာနရဲ့ တည်ရှိမှုက လူအများစုရဲ့ မျက်လုံးထဲမှာတော့ ဟာသတစ်ခုလိုပါပဲ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ယှဉ်ပြိုင်တိုင်း အရေးနိမ့်ခဲ့တာ အကြိမ်ကြိမ်ပါပဲ၊ သူတို့တောင် ဒါကို ကြားဖူးကြပါတယ်။

​"မှန်ပါတယ်"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။

​"ဖန့်သခင်လေး... ဒီနေ့ကိစ္စက... ဒီမှာတင် ရပ်လိုက်တာ ပိုကောင်းမယ်လို့ ငါထင်တယ် "

ချန်ချန်လုံက အားကိုးရာမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

​ဖန့်ချန်က သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်တယ်

"ချန်စီနီယာအနေနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ရန်မလိုချင်တဲ့ အကြောင်းပြချက်ကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ စီနီယာက ကျွန်တော့်ကို လမ်းပြပေးပါဦး၊ ကျွန်တော် နဂါးအိုကြီး နဲ့ တစ်ခေါက်လောက် တွေ့ချင်လို့ပါ "

​"ဒါကတော့..."

ချန်ချန်လုံက အစပိုင်းမှာ ငြင်းချင်ပေမဲ့ ဒီနေ့ သူ တစ်ဖက်လူကို ကျေးဇူးတင်စရာ ရှိနေတာကို တွေးမိတော့ သွားကြိတ်ပြီး ပြောလိုက်ပါတယ်

"ကောင်းပြီ၊ ငါ မင်းကို တစ်ခေါက် ခေါ်သွားပေးမယ်၊ ဒါပေမဲ့ မျှော်လင့်ချက် အများကြီးတော့ မထားပါနဲ့ "

​နာရီဝက်လောက် ကြာတော့...

ရှီလုံတို့ အုပ်စု တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြပါတယ်။

​"သခင်လေး... အားလုံး သေကုန်ပါပြီ၊ ဒါပေမဲ့ သူတို့ကိုယ်ပေါ်က ပစ္စည်းတွေကိုတော့ ချန်ထားလို့ မရခဲ့ဘူး "

ရှီလုံက လက်အုပ်ချီပြီး သတင်းပို့ပါတယ်။

​လူတိုင်း ရင်ထဲ အေးစိမ့်သွားကြတယ်၊ လွတ်လပ်သောမသေမျိုး ငါးယောက်လုံး သေသွားပြီလား

​"ရပါတယ်၊ ကိစ္စမရှိဘူး "

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။

​ချန်ချန်လုံကတော့ သဘောပေါက်သွားပါပြီ၊ ရှေ့ကလူနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားမှာ ပြန်လှည့်စရာ လမ်းမရှိတော့ပါဘူး။

သူလည်း အများကြီး မပတ်သက်ချင်တာကြောင့် ဖန့်ချန်ကို နဂါးပုန်းမြို့ကနေ ချက်ချင်း ခေါ်ထုတ်ပြီး နဂါးအိုကြီး ကျင့်စဉ်အားထုတ်ရာ နေရာကို ပျံသန်းသွားပါတော့တယ်။

​လမ်းခရီးမှာ ချန်ချန်လုံက ရှီလုံတို့နဲ့ စကားစမြည် ပြောဖို့ ကြိုးစားပေမဲ့ ဒီမသေမျိုးတွေက သူ့ကို အဖက်မလုပ်တာကို တွေ့လိုက်ရပါတယ်။

ဖန့်ချန်က အချက်ပြမှသာ သူတို့က စကား နှစ်ခွန်း၊ သုံးခွန်းလောက် ပြန်ပြောကြတာမလို့ ဖန့်ချန်ရဲ့ နောက်ခံအစစ်အမှန်ကို သူ ပိုပြီး စပ်စုချင်လာပါတယ်။

​နဂါးအိုကြီး ကျင့်စဉ်အားထုတ်ရာ နေရာဟာ တားမြစ်ချက်တွေ အထပ်ထပ်နဲ့ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့၊ တကယ်တမ်းကျတော့ သာမန် တောင်ကြားလေးတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရပါတယ်၊ ဒီနေရာမှာ ဝိညာဉ်စွမ်းအားတောင် သိပ်မရှိပါဘူး။

ဒီလိုနေရာမျိုးကို သာမန်ကျင့်ကြံသူတွေဆိုရင် သက်သက်မဲ့ ရှောင်သွားကြမှာပါ၊ သာမန်လူတွေက ညစ်ပတ်တဲ့နေရာတွေကို မသွားချင်ကြသလိုမျိုးပေါ့။

​တောင်ကြားထဲမှာ မြစ်ငယ်လေး တစ်စင်း ရှိပြီး၊ မြစ်ကမ်းဘေးမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုတစ်ယောက်ဟာ ဝါးလုံးတစ်ချောင်းကို ကိုင်ပြီး ငါးမျှားနေသလို ထိုင်နေပါတယ်။

ချန်ချန်လုံက ဖန့်ချန်ကို ခေါ်ပြီး သူ့နောက်ကို ရောက်လာတာတောင် အဘိုးအိုက ဂရုမစိုက်ဘဲ မြစ်ပြင်ကိုပဲ အာရုံစိုက် ကြည့်နေပါတယ်။

​လက်ဖက်ရည် တစ်ခွက်စာလောက် ကြာတော့ အဘိုးအိုက ငါးမျှားတံကို ရုတ်တရက် ဆွဲတင်လိုက်ပါတယ်၊ ဝဖြိုးတဲ့ ငါးတစ်ကောင် ပါလာတာကို မြင်လိုက်ရပါတယ်။

အဘိုးအိုက ဟားတိုက်ရယ်မောပြီး ငါးမျှားချိတ်ကို ဖြုတ်ကာ ငါးကို မြစ်ထဲ ပြန်လွှတ်လိုက်ပါတယ်၊ ပြီးတော့ ဆက်ပြီး ငါးမျှားနေပြန်ပါတယ်။

​ခဏကြာတော့ အဲဒီငါးပဲ ထပ်ပြီး အချိတ်ခံရပြန်ပါတယ်၊ ပြီးတော့ မြစ်ထဲကို ထပ်ပြီး ပြန်ပစ်ချခံရပါတယ်။

ဒီလိုနဲ့ ဆယ်ကြိမ်မက ထပ်ခါတလဲလဲ လုပ်ပြီးတဲ့နောက်မှာတော့ အဘိုးအိုက စိတ်ကျေနပ်သွားပုံနဲ့ ငါးမျှားတံကို သိမ်းလိုက်ပြီး ဖန့်ချန်နဲ့ ချန်ချန်လုံကို တစ်ချက် ဝေ့ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်တယ်

"ဒီမှာ အကြာကြီး မရပ်နေနဲ့၊ ငါ့ဆီ လာပြီး ထိုင်ကြဦး "

​သူက သူတို့ကို သစ်သားအိမ်လေးတစ်လုံး ရှေ့ကို ခေါ်သွားပြီး နွယ်ပင်နဲ့ ရက်ထားတဲ့ ကုလားထိုင် သုံးလုံး ထုတ်ပေးပါတယ်၊ သူက တစ်လုံးမှာ ထိုင်လိုက်ပြီး ဖန့်ချန်နဲ့ ချန်ချန်လုံကိုလည်း တစ်ယောက်တစ်လုံး ထိုင်ဖို့ အချက်ပြပါတယ်။

​ချန်ချန်လုံက မဲ့ပြုံး ပြုံးပြီး

"အဖေ... ကျွန်တော် မထိုင်တော့ပါဘူး၊ ဒီနေ့ ဒီကို လာတာက ဒီညီလေးက..."

​"နဂါးပုန်းမြို့မှာ ဖြစ်ခဲ့တာတွေကို ငါ မြင်ပါတယ်"

နဂါးအိုကြီးက တည်ငြိမ်စွာနဲ့

"ဒီကလေးသာ ဝင်မပါရင် မင်း ဒီမှာ ရပ်နေနိုင်ဦးမလား သာမန်အချိန်မှာ မင်းကို အသိဉာဏ်လေး ဘာလေး သုံးဦးလို့ ပြောတာကို မင်းက နားမထောင်ဘူး၊ အသက် ၆၀၀၀ ပြည့်တာက ဘာထူးခြားလို့ မွေးနေ့ပွဲ လုပ်နေတာလဲ ငါ့အသက်လောက် ရောက်မှ လုပ်လည်း မနောက်ကျပါဘူး "

​"အဖေ ဆုံးမတာ မှန်ပါတယ် "

ချန်ချန်လုံက ပြန်မပြောရဲပါဘူး။

​"ဟေ့ လူငယ်လေး... မင်း ဒီနေ့ လာတာက ဘာကိစ္စလဲ မင်း ချန်ချန်လုံရဲ့ အသက်ကို ကယ်ခဲ့လို့ ငါက ကျင့်စဉ်ကနေ ထွက်ပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းကို တိုက်ပေးမယ်လို့ ထင်နေရင်တော့ မင်း အကြီးအကျယ် မှားသွားလိမ့်မယ်"

နဂါးအိုကြီးက အေးအေးဆေးဆေး ပြောလိုက်တယ်

"ငါ့မှာ သားသမီးတွေ အများကြီး ရှိတယ်၊ တစ်ယောက်၊ နှစ်ယောက် သေတာက ဘာမှ မဖြစ်ဘူး"

​"..."

ချန်ချန်လုံဟာ သူ့ကိုယ်သူ အရှက်ရသလို ခံစားလိုက်ရပြီး တိုးတိုးလေး ပြောလိုက်တယ်

"အဖေ... ဒါဆို ကျွန်တော် အရင် သွားလိုက်ပါဦးမယ်"

​"သွားတော့"

နဂါးအိုကြီးက လက်ဝှေ့ယမ်း ပြလိုက်ပါတယ်။

​ချန်ချန်လုံက ဘာမှ မပြောတော့ဘဲ လှည့်ထွက်သွားပါတယ်၊ သိသိသာသာကို စိတ်ကောက်သွားပုံ ရပါတယ်။

​ဖန့်ချန်က ဒါကို မြင်တော့ သျှောင်နတ်နဂါးမလေး ပေးထားတဲ့ တံဆိပ်ပြားကို ထုတ်ပြီး နဂါးအိုကြီးဆီ ကမ်းပေးလိုက်ပါတယ်

"စီနီယာ... သျှောင်ဘွားဘွားက ပြောတယ် ဒီတံဆိပ်ပြား ရှိရင် စီနီယာ တစ်ကြိမ် တိုက်ခိုက်ပေးဖို့ လဲလှယ်လို့ ရတယ်တဲ့ "

​"သူ မသေဘူးလား"

နဂါးအိုကြီးက တံဆိပ်ပြားကို လှမ်းယူလိုက်ပြီး မျက်လုံးတွေက လှုပ်ခတ်သွားပါတယ်။

​"မသေပါဘူး"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပါတယ်။

​"အဲဒါဆိုရင်တော့ မဆိုးပါဘူး"

နဂါးအိုကြီးက ပြုံးလိုက်ပြီး တံဆိပ်ပြားကို အကဲခတ်ကြည့်ကာ ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ပါတယ်

"မင်းသာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက လာခဲ့ရင်တော့ ငါ ကတိအတိုင်း မင်းအတွက် တစ်ကြိမ် တိုက်ခိုက်ပေးနိုင်ဦးမှာပါ"

"အခုတော့ နောက်ကျသွားပြီ၊ ငါသာ ဒီတောင်ကြားထဲကနေ ထွက်လိုက်တာနဲ့ ကောင်းကင်ကနေ မိုးကြိုးဘေးဒုက္ခ ကျလာလိမ့်မယ် အဲဒီ မိုးကြိုးဘေးဒုက္ခက သာမန် မဟုတ်ဘူး ငါ မခံနိုင်ဘူး၊ ဒါကြောင့် ပုန်းနေရုံပဲ တတ်နိုင်တယ် "

​"ကျွန်တော် မလာခင်က ကောလာဟလအချို့ ကြားခဲ့ရပါတယ်၊ ကြည့်ရတာ အလကားတော့ မဟုတ်ဘူးပဲ၊ စီနီယာက တကယ်ပဲ မိုးကြိုးဘေးဒုက္ခကြောင့် ပိတ်မိနေတာကိုး "

ဖန့်ချန်က သက်ပြင်းချလိုက်ပါတယ်၊ ဒါကြောင့်လည်း ဒီနေရာမှာ လာပုန်းနေတာကိုး၊ ဒီနေရာက ဝိညာဉ်စွမ်းအား နည်းပါးတာကလည်း တစ်ခုခုကို သုံးပြီး မိုးကြိုးဘေးဒုက္ခ ကျမလာအောင် ကာကွယ်ထားတာ ဖြစ်နိုင်ပါတယ်။

​"မဟုတ်ဘူးလား"

နဂါးအိုကြီးက ပြုံးပြီး

"မင်းကို တစ်ယောက်ယောက်က လိုက်သတ်နေရင်တော့ ဒီနေရာမှာ ခဏ လာပုန်းလို့ ရပါတယ် သူတို့လည်း ဒီနေရာကို မဝင်ရဲကြဘူး ဒါပေမဲ့ ငါ့ကို တိုက်ခိုက်ပေးဖို့ ခိုင်းမယ်ဆိုရင်တော့ ခက်လိမ့်မယ်"

​"စီနီယာ... တကယ်လို့ မိုးကြိုးဘေးဒုက္ခကို ဖြေရှင်းလို့ ရမယ်ဆိုရင်ကော... ဘယ်လိုလဲ "

ဖန့်ချန်က မေးလိုက်ပါတယ်။

​အခန်း (၁၀၉၈) တန်ဖိုးမဖြတ်နိုင်တာ ဖြစ်ရမယ် မဟုတ်လား

​"မိုးကြိုးဘေးဒုက္ခကို ဖြေရှင်းလို့ရတယ် ဟုတ်လား"

​နဂါးအိုကြီးက မထိန်းနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြကာ

"ဒီမိုးကြိုးဘေးဒုက္ခဆိုတာ ကောင်းကင်ဘုံက ပေးသနားတာကွ၊ ဘာနဲ့ သွားဖြေရှင်းမလဲ ဘာကိုသုံးပြီး ဖြေရှင်းမှာလဲ"

​"ငါသာ နောက်ထပ် နှစ်ပေါင်းထောင်ချီလောက် ငယ်ဦးမယ်ဆိုရင်တော့ ဒါကို တောင့်ခံနိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သေးတယ်"

​ပြောပြီးတာနဲ့ နဂါးအိုကြီးက လက်ဝှေ့ယမ်းပြလိုက်တယ်

"ဒီနေ့တော့ မင်းဆန္ဒအတိုင်း ဖြစ်မလာနိုင်တော့ဘူး၊ သွားတော့"

​"အရာရာတိုင်းမှာ အပြောင်းအလဲရှိတတ်ပါတယ်၊ စီနီယာက မစမ်းသပ်ချင်ဘူးဆိုရင်တော့ ကျွန်တော် အရင် နှုတ်ဆက်လိုက်ပါဦးမယ်"

​ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်ပြီး ထရပ်ကာ ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။

​"နေဦး"

​နဂါးအိုကြီးက သံသယတွေနဲ့ ဖန့်ချန်ကို စိုက်ကြည့်လိုက်တယ်

"မင်း ခုနက ပြောလိုက်တဲ့ စကားက ဘာကို ဆိုလိုတာလဲ ငါ ဘယ်လောက်ကြာအောင် အသက်ရှင်နေခဲ့ပြီလဲဆိုတာ မင်း သိသင့်တယ် ငါ့ကို လှည့်စားဖို့ ကြံနေတာဆိုရင်တော့ မင်းက နုသေးတယ်နော်"

​"စီနီယာ... တကယ်လို့ မိုးကြိုးဘေးဒုက္ခကို ဖြေရှင်းလို့ ရမယ်ဆိုရင်ကော... ဘယ်လိုလဲ "

ဖန့်ချန်က တိုးတိုးလေး ထပ်မေးလိုက်ပါတယ်။

​နဂါးအိုကြီးက ဘာမှမပြောဘဲ ဖန့်ချန်ကို စိုက်ကြည့်နေပါတယ်၊ ခဏကြာမှ သူက ဖြည်းဖြည်းချင်း ပြောလိုက်တယ်

"တကယ်လို့ ငါ့ကိုယ်ပေါ်က မိုးကြိုးဘေးဒုက္ခကို ဖြေရှင်းလို့ ရမယ်ဆိုရင် ငါက အဆင့် ၄ ထဲကို ခြေတစ်ဖက် လှမ်းဝင်နိုင်ပြီ၊ အဲဒီကျရင် ဘယ်လိုလဲ ဟုတ်လား မင်း ဒီနယ်မြေထဲမှာ ဘယ်သူ့ကိုပဲ ရိုက်ချင်ရိုက်ချင် ငါ့ကို တစ်ချက်ပြောလိုက် သူ့ဦးနှောက်တွေ ထွက်လာအောင် ငါ ရိုက်ပေးမယ်"

​"တကယ်လား..."

ဖန့်ချန် အနည်းငယ် မှင်သက်သွားပါတယ်။

​သူကတော့ နဂါးအိုကြီးသာ မိုးကြိုးဘေးဒုက္ခကို မကြောက်ရရင် အင်အားအပြည့် သုံးနိုင်မှာဖြစ်ပြီး လီဝူဝမ့် နဲ့တောင် အပေးအယူ အနည်းငယ် လုပ်နိုင်လိမ့်မယ်လို့ပဲ ထင်ထားတာပါ။

မထင်မှတ်ဘဲ တစ်ဖက်လူက ဒီလောက်အထိ ကြုံးဝါးလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး၊ အဆင့် ၄ ထဲကို ခြေတစ်ဖက် လှမ်းဝင်နိုင်တယ်တဲ့လား

​ဒီလူရဲ့ အခြေခံအင်အားက ဒီလောက်အထိ ရောက်နေပြီလား၊ မိုးကြိုးဘေးဒုက္ခ တစ်ခုတည်းကပဲ အဆင့် ၄ တက်ဖို့ တားဆီးထားတာလား

​"မင်း မယုံဘူးလား"

နဂါးအိုကြီးက ဖန့်ချန်ရဲ့ သံသယကို ရိပ်မိသွားပြီး နှာခေါင်းရှုံ့လိုက်တယ်

"စကားအများကြီး မပြောနဲ့တော့၊ ငါ မင်းကို ကတိပေးတယ်၊ တကယ်လို့ မင်းမှာ ငါ့ကို ဒီမိုးကြိုးဘေးဒုက္ခကနေ ကျော်လွှားနိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိရင် နောင်ကျရင် ဒီဖန်တီးခြင်းဂြိုဟ်မှာ ငါက မင်းရဲ့ ကျောထောက်နောက်ခံပဲ မင်း လူရှေ့မှာ ငါ့ကို အဖေ လို့တောင် ခေါ်လို့ရတယ် "

​"အဲဒါတော့ မလိုပါဘူး၊ စီနီယာသာ ဒီဘေးဒုက္ခကနေ လွတ်မြောက်သွားရင် ဒါဟာ ဒီလောကအတွက် ကံကောင်းခြင်းပါပဲ ကျွန်တော်က စီနီယာကို လူကြီးတစ်ယောက်လိုပဲ ဆက်ဆံမှာပါ ခေါ်ဝေါ်မှုတွေအပေါ်မှာ အချိန်ကုန်မခံပါနဲ့ "

ဖန့်ချန်ရဲ့ မျက်နှာထားက ထူးဆန်းနေပါတယ်

"ဒါပေမဲ့ ဒီနည်းလမ်းက နည်းနည်းတော့ အလုပ်ရှုပ်တယ်၊ စီနီယာသာ ကျွန်တော့်ကို စိတ်ရင်းနဲ့ ပူးပေါင်းပေးမယ်ဆိုရင်တော့ ကျွန်တော် လုပ်ပြနိုင်ပါတယ် "

​"ငါ မင်းကို ပူးပေါင်းပေးမယ် ဒါပေမဲ့ မင်းသာ ငါ့ကို ကစားနေတာဆိုရင်တော့ ဘာဖြစ်မလဲဆိုတာ မင်း သိမှာပါ "

နဂါးအိုကြီးက မဲ့ပြုံး ပြုံးပြရင်း ဝေးကွာတဲ့ မြစ်ကို လက်ညှိုးထိုးပြတယ်

"အရင်က အဲဒီထဲမှာ ငါး အကောင် ၁၀၀ ကျော် ရှိတယ်၊ အားလုံးက ငါ့ကို လာစော်ကားတဲ့ကောင်တွေ ငါးအဖြစ် အသွင်ပြောင်းခံရပြီး ဒီထဲမှာ တစ်သက်လုံး ပိတ်မိနေကြတာ"

"အခုတော့ တစ်ကောင်ပဲ ကျန်တော့တယ် အဲဒါတောင် ငါးမလေး ပဲ မင်းသာ ငါ့ကို လှည့်စားရင် ဒီမြစ်ထဲမှာ ငါးတစ်ကောင် ထပ်တိုးလာလိမ့်မယ်"

​"ကျွန်တော်က စီနီယာကို လှည့်စားဖို့ ဒီအထိ သက်သက်လာရအောင် ဒီလောက်ထိ ပျင်းနေတဲ့လူ မဟုတ်ပါဘူး "

ဖန့်ချန်က ပြန်ပြောလိုက်ပါတယ်။

​နဂါးအိုကြီးက ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်နေပြန်ပါတယ်၊ တစ်ဖက်လူက သူ့ကို လှည့်စားဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး၊ ဒါကြောင့်ပဲ ရှေ့က ကောင်လေးအပေါ်မှာ သူ စတင်ပြီး မျှော်လင့်ချက်လေး ထားမိသွားပါတယ်။

၁၅ မိနစ် ခန့် ကြာပြီးနောက်...

​နဂါးအိုကြီးရဲ့ အရပ်လေးမျက်နှာမှာ ဝိညာဉ်ခေါ်မီးအိမ် လေးလုံး ပေါ်လာပါတယ် သူက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်တာကြောင့် ယင်နယ်မြေသို့ သွားခြင်း အတွက် မီးအိမ် အရေအတွက် လုံလောက်ဖို့ လိုပါတယ် မဟုတ်ရင် ယင်လောက နဲ့ ဆက်သွယ်ဖို့ ခက်ခဲပါလိမ့်မယ်။

​"ယင်လောကသွားတဲ့ အတတ် လား ယင်လောကကို သွားတာက မိုးကြိုးဘေးဒုက္ခကို ရှောင်နိုင်လို့လား ယင်စိန့်ဂိုဏ်း က ကောင်တွေ ယင်လောကကို ခဏခဏ သွားနေကြတာ ဒါကြောင့်လား "

နဂါးအိုကြီးရဲ့ မျက်နှာထားက ထူးဆန်းနေပြီး ဖန့်ချန်ကို စိုက်ကြည့်လိုက်တယ်

"ဟေ့ လူငယ်လေး... ဒီယင်လောကသွားတဲ့နည်းကို မင်း ဘယ်က ရတာလဲ ယင်စိန့်ဂိုဏ်းဆီကလား ငါ ဒါကို ငါ့ရဲ့ သွေးမျိုးဆက်တွေကို လက်ဆင့်ကမ်းလို့ ရမလား "

​"ရတာပေါ့၊ ဒီယင်လောကသွားတဲ့နည်းက လူတိုင်း သိသင့်တဲ့အရာပါ ယင်စိန့်ဂိုဏ်းလိုမျိုး တိတ်တိတ်ပုန်း ဝှက်ထားရမယ့် အရာမဟုတ်ဘူး"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်ပါတယ်။

​"မင်းက တော်တော် လက်ကြီးတာပဲ"

နဂါးအိုကြီးက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်၊ သူ့မျက်နှာက အနည်းငယ် နူးညံ့သွားပါတယ်။

​တစ်ဖက်လူရဲ့ နည်းလမ်းက အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူ ဒီနေ့တော့ လုံးဝ အရှုံးမရှိပါဘူး။

သူ ဘာမှ ပေးဆပ်စရာ မလိုဘဲ ယင်လောကသွားတဲ့ နည်းလမ်းတစ်ခုကို အလကား ရလိုက်တာက ကောင်းကင်က မုန့်ကျလာသလိုပါပဲ။

​ဖန့်ချန်က လမ်းပြပေးတာကြောင့် နဂါးအိုကြီးရဲ့ ယင်လောကခရီးစဉ်က အဆင်ပြေပြေ ရှိလှပါတယ်၊ သူတို့နှစ်ယောက်စလုံး ဖူထူလောက ကို အတူတူ ရောက်ရှိလာကြပါတယ်။

​ဖြူဖွေးနေတဲ့ ကောင်းကင်ယံနဲ့ အဆုံးမရှိတဲ့ ဝမ်ချွမ်းမြစ် ကို ကြည့်ပြီး နဂါးအိုကြီးက ကလေးတစ်ယောက်လို စူးစမ်းကြည့်နေပါတယ်၊ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အရှိန်အဝါကိုလည်း စမ်းသပ်ကြည့်နေပါတယ်။

​"ဟင်... ကျင့်စဥ်တချို့က သုံးလို့မရတော့ဘူး ဒါပေမဲ့ တချို့ကတော့ သုံးလို့ရနေသေးတယ်၊ ကြည့်ရတာ ဒီယင်လောကက ကောလာဟလတွေလောက် ကြောက်ဖို့မကောင်းဘူးပဲ "

နဂါးအိုကြီးက အနည်းငယ် အံ့သြဝမ်းသာသွားပါတယ်။

​အဲဒီ တောင်ကြားလေးထဲမှာ နှစ်ပေါင်းများစွာ ပုန်းနေခဲ့ရတာကြောင့် သူ အပြင်ထွက်ပြီး မကြည့်ရတာ ကြာပါပြီ၊ တခြားဟာကို ထားဦး၊ ဒီနေ့ ဒီလို အတွေ့အကြုံသစ် ရလိုက်တာက သူ့အတွက်တော့ တကယ့်ကို ထူးဆန်းနေပါတယ်။

​"နေပါဦး... မင်းကိုယ်ပေါ်က အရှိန်အဝါက..."

နဂါးအိုကြီးက ဖန့်ချန်ကို ရုတ်တရက် သေသေချာချာ စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲမှာ အံ့သြမှုတွေ ထွက်ပေါ်လာပါတယ်

"လွတ်လပ်သောမသေမျိုးလား မင်းကလည်း လွတ်လပ်သောမသေမျိုး တစ်ပါးပဲလား "

​"စီနီယာနဲ့တော့ ယှဉ်လို့ မရပါဘူး "

ဖန့်ချန်က ရယ်မောလိုက်ပါတယ်။

​ဒါပေမဲ့ ငရဲမင်းချပ်ဝတ် က သူ့ကို ယင်လောကထဲမှာ ဘယ်လောက်အထိ အစွမ်းထက်စေသလဲဆိုတာ သူကိုယ်တိုင်ပဲ သိပါတယ်။

တခြားဟာကို ထားဦး၊ ရှစ်မျက်နှာအရပ် ဓားကျင့်စဉ် ရဲ့ နောက်ပိုင်း ကွက်တွေကိုသာ သုံးကြည့်ရင် သာမန် အဆင့် ၁ ကတော့ ခုခံနိုင်မှာ မဟုတ်ပါဘူး၊ အဆင့် ၂ တောင်မှ အတော်လေး ရုန်းကန်ရနိုင်ပါတယ်။

​"မင်းပြောတဲ့ စကားတွေကို ငါ နည်းနည်းတော့ ယုံသွားပြီ၊ ကဲ ပြောစမ်း... အခု ယင်လောကကို အောင်အောင်မြင်မြင် ရောက်လာပြီဆိုတော့ နောက်ထပ် ဘာဆက်လုပ်ရမလဲ "

နဂါးအိုကြီးက မစောင့်နိုင်တော့ဘဲ မေးလိုက်ပါတယ်။

​"နောက်ထပ် နေရာတစ်ခု သွားရဦးမယ်"

ဖန့်ချန်က ပြုံးလိုက်တယ်

"စီနီယာ... ကျွန်တော့်နောက် လိုက်ခဲ့ပါ "

​ကျန်းကွမ်မြို့

​ယင်လောကထဲမှာ လူ့လောကလို မြို့ကြီးပြကြီး ရှိနေတာကို မြင်တော့ နဂါးအိုကြီးက လောကကြီးကို မမြင်ဖူးတဲ့ ကလေးတစ်ယောက်လိုပဲ စူးစမ်းကြည့်နေပါတယ်။

ခဏအကြာမှာတော့ နဂါးအိုကြီးကို အိမ်တော်ရဲ့ ဧည့်ခန်းကို ခေါ်ဆောင်လာခဲ့ပါတယ်။

​"သခင်လေး... ဒီ ယင်သက်တမ်းဒင်္ဂါး တွေက ဒီနှစ်တွေအတွင်း ကျွန်တော်တို့ ခက်ခက်ခဲခဲ စုဆောင်းထားတာတွေပါ "

ရှင်းရှန်း က ယင်သက်တမ်းဒင်္ဂါး ကိုင်ပြီး ဖန့်ချန်ရှေ့ကို ရောက်လာပါတယ်၊ သူ့မျက်နှာမှာတော့ နှမြောတသဖြစ်နေတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။

​နဂါးအိုကြီးရဲ့ အကြည့်တွေက ယင်သက်တမ်းဒင်္ဂါးပေါ် ကျရောက်သွားပြီး စူးစမ်းမေးမြန်းလိုက်တယ်

"ယင်သက်တမ်းဒင်္ဂါး ဒါက ယင်သက်တမ်းကို တိုးစေတာလား"

​"မှန်ပါတယ်"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြပြီး ရှေ့က ယင်သက်တမ်းဒင်္ဂါးတွေကို ကြည့်ကာ စဉ်းစားခန်း ဝင်နေပါတယ်။

​"ဟေ့ လူငယ်လေး... ဒီဟာက ငါ့ကို ဘေးဒုက္ခ ကျော်လွှားဖို့ ကူညီပေးမှာလား "

နဂါးအိုကြီးက စိတ်လှုပ်ရှားသွားပြီး တိုးတိုးလေး မေးလိုက်တယ်

"ဒီပစ္စည်းက ယင်လောကမှာ အရမ်း ဈေးကြီးလား ငါ လူ့လောကက ရတနာတွေနဲ့ မင်းကို ပြန်လဲပေးလို့ ရပါတယ် "

​"စီနီယာ... တကယ်လို့ လူ့လောကမှာ ဆေးလုံးတစ်လုံး ရှိမယ်၊ အဲဒီဆေးကို တစ်လုံးစားရင် သက်တမ်း တစ်နှစ်တိုးမယ်၊ ပြီးတော့ ဘယ်လောက်ပဲစားစား ကန့်သတ်ချက် မရှိဘူးဆိုရင်၊ အဲဒီလိုဆေးမျိုးက ဘယ်လောက်တန်မယ်လို့ စီနီယာ ထင်သလဲ"

ဖန့်ချန်က မေးလိုက်ပါတယ်။

​နဂါးအိုကြီးက စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး ယင်သက်တမ်းဒင်္ဂါးရဲ့ အရေးပါမှုကို ရိပ်မိသွားကာ ပြောလိုက်တယ်

"အဲဒါဆိုရင်တော့... တန်ဖိုးမဖြတ်နိုင်တာ ဖြစ်ရမယ် မဟုတ်လား "

​"ဒီမှာ ရှိတဲ့ ယင်သက်တမ်းဒင်္ဂါး တစ်သောင်းကျော်လောက်ကတော့ မလုံလောက်သေးဘူး ထင်တယ်၊ မင်း တခြားနည်းလမ်းတွေ ထပ်စဉ်းစားကြည့်ဦး "

ဖန့်ချန်က ရှင်းရှန်းကို ညွှန်ကြားလိုက်ပါတယ်။

​ရှင်းရှန်းက မဲ့ပြုံး ပြုံးပြရင်း

"သခင်လေး... ဒါဆို ကျွန်တော် နည်းလမ်း ထပ်ရှာကြည့်ပါ့မယ်၊ မရရင်တော့ စီးပွားရေးလုပ်ငန်းတချို့ကိုပဲ ထုတ်ရောင်းရတော့မှာပဲ..."

ရှင်းရှန်းက လှည့်ထွက်သွားပါတယ်။

​နဂါးအိုကြီးက ဘာမှမပြောဘဲ တိတ်ဆိတ်သွားပြီး တိုးတိုးလေး ပြောလိုက်တယ်

"တကယ်လို့ ငါသာ ဘေးဒုက္ခကို အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ရင်၊ ဒီကျေးဇူးကို ငါ သေချာပေါက် မှတ်ထားပါ့မယ် "

​တစ်ဖက်မှာတော့ ရှင်းရှန်းဟာ ရှီလုံတို့ဆီ ရောက်သွားပြီး တိုးတိုးလေး ပြောလိုက်တယ်

"ယင်သက်တမ်းဒင်္ဂါးတွေကို ပေးလိုက်ပြီ၊ အဲဒီ နဂါးအိုကြီးကတော့ သခင်လေးကို တကယ် ကျေးဇူးတင်သွားပုံပဲ၊ စကားပြောတာတောင် အသံ တိုးသွားတယ် "

​ရှီလုံတို့ အုပ်စုက အချင်းချင်း ကြည့်ပြီး ပြုံးလိုက်ကြပါတယ်၊ ထိုက်ယင်နဂါးမင်းက ခပ်ဖွဖွ ရယ်မောရင်း

"တကယ်တော့ ဒီလောက် အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး၊ ငါက နဂါးစစ်စစ် အဖြစ် ပေါ်လာပြီး သူ့ကို အညံ့ခံခိုင်းလိုက်ရင် သူက ငြင်းရဲမှာလား "

​"ထိုက်ယင်နဂါးမင်း... သူကလည်း လူအ မဟုတ်ဘူးလေ၊ သူက အဆင့် ၃၊ မင်းက အဆင့် ၁၊ သူက ဘာလို့ မင်းကို အညံ့ခံမှာလဲ "

မယ်တော်စီက နှာခေါင်းရှုံ့လိုက်တယ်

"သခင်လေးရဲ့ နည်းလမ်းကမှ ပိုပါးနပ်တာ ဘာမှမသိခင်မှာတင် အရင်ဆုံး ဘွဲ့အပ်နှင်း လိုက်ဖို့ပဲ "

​"ခဏလောက် စောင့်ပြီးမှ ယင်သက်တမ်းဒင်္ဂါး နောက်ထပ် တစ်သုတ် ထပ်ပို့ပေးလိုက် "

ရှီလုံက သက်ပြင်းချလိုက်တယ်

"ယင်သက်တမ်းဒင်္ဂါးကတော့ အများကြီး လိုဦးမှာပဲ၊ မင်းတို့လည်း နည်းလမ်း ထပ်ရှာကြဦး၊ ပိုက်ဆံရမယ့် တခြားနည်းလမ်းတွေ ရှိမလားလို့ "

​ခုနက ပေးလိုက်တဲ့ ယင်သက်တမ်းဒင်္ဂါးတွေက သူတို့အုပ်စုက ကိုယ့်ဘာကိုယ် စုပေါင်း ထည့်ဝင်ထားကြတာဖြစ်ပြီး သူတို့ရဲ့ ယင်သက်တမ်းတွေကို လျှော့ချထားကြတာ ဖြစ်ပါတယ်။

All Chapters