← Chapters

အခန်း (၁၀၉၉-၁၁၀၀)

Vol. 110 Ch. 1099-1100

အခန်း (၁၀၉၉-၁၁၀၀)

Vol. 110 Ch. 1099-1100

​အခန်း (၁၀၉၉) လူငယ်လေး... ငါ့ကို ရှင်းပြချက်တစ်ခု ပေးဦး

​အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ရှင်းရှန်းက ယင်သက်တမ်းဒင်္ဂါး တစ်ချပ်ကို ထပ်မံ သယ်ဆောင်လာပြန်ပါတယ်၊ ရှေ့နောက်ပေါင်းလိုက်ရင် စုစုပေါင်း နှစ်သောင်းခန့် ရှိသွားပါပြီ။

​ဖန့်ချန်က အဲဒီ ယင်သက်တမ်းဒင်္ဂါးတွေကို ငရဲမင်းအမိန့်ပြား ထဲကို ထည့်သွင်းလိုက်ပြီး နဂါးအိုကြီးကို တည်ကြည်စွာ ကြည့်လိုက်တယ်

"စီနီယာ... နောက်ကနေ ဘာပဲဖြစ်လာဖြစ်လာ လုံးဝ ပြန်မခုခံပါနဲ့ "

​"အန္တရာယ်တော့ မရှိဘူးမလား ငါ့ရဲ့ နောက်ရေးကိစ္စတွေကိုတောင် သေချာ မမှာခဲ့ရသေးဘူး "

နဂါးအိုကြီးရဲ့ မျက်နှာထားက ထူးဆန်းနေပါတယ်။

​"လောလောဆယ်တော့ အန္တရာယ် မရှိပါဘူး "

ဖန့်ချန်က ပြုံးပြီး ခေါင်းခါပြတယ်

"အခုက ပထမအဆင့်ပဲ ရှိပါသေးတယ် ပထမအဆင့် အောင်မြင်သွားရင် ဒုတိယအဆင့် ရှိပါသေးတယ်၊ ဒီနှစ်ဆင့်လုံးသာ မှန်ကန်သွားရင် စီနီယာရဲ့ မိုးကြိုးဘေးဒုက္ခက ပြေပျောက်သွားပါလိမ့်မယ် "

​"ကောင်းပြီ "

နဂါးအိုကြီးက ချက်ချင်း ခေါင်းညိတ်ပြတယ်

"မင်း စိတ်ကြိုက်သာ လုပ်ပါ ငါ ပူးပေါင်းပေးမယ်"

​အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ပါးကို ဘွဲ့အပ်နှင်းဖို့ဆိုရင် ယင်သက်တမ်း အမြောက်အမြား အသုံးပြုရပါတယ်။

ယင်သက်တမ်း နှစ်သောင်းနဲ့ အရင်က ကျန်နေတာတွေ အပါအဝင် စုစုပေါင်း ယင်သက်တမ်း သုံးသောင်းလောက် အသုံးပြုပြီးမှ ဘွဲ့အပ်နှင်းခြင်း တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။

​ဘွဲ့အပ်နှင်းခြင်းက နဂါးအိုကြီးရဲ့ ကိုယ်ပေါ်ကို ကျရောက်သွားတဲ့အခါ သူ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအား တွေ စတင်ပြီး ဆူပွက်လာပါတယ် သူက အလိုအလျောက် ပြန်ခုခံဖို့ ပြင်လိုက်ပေမဲ့ ဖန့်ချန်ရဲ့ မှာကြားချက်ကို ရုတ်တရက် သတိရသွားတာကြောင့် ယင်စွမ်းအားတွေကို အတင်းအကျပ် ပြန်ဖိနှိပ်ထားလိုက်ပါတယ်။

​ရွှေရောင်အလင်းတန်းတွေက နဂါးအိုကြီးရဲ့ ကိုယ်ပေါ်မှာ လှည့်ပတ်စီးဆင်းနေပြီး ခဏအကြာမှာတော့ ဘွဲ့အပ်နှင်းခြင်း အောင်မြင်သွားကာ နေ့လှည့်ကင်းစစ်သည် အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရပါတယ်။

​"တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ "

နဂါးအိုကြီးက သံသယစိတ်နဲ့ သူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို ခံစားကြည့်နေသလို၊ မျက်လုံးအစွန်ကနေလည်း ဖန့်ချန်ကို အကဲခတ်နေပါတယ်။

​"စီနီယာ... စီနီယာ့ကို မိတ်ဆက်ပေးပါရစေ၊ ဒါက စီရင်စုမှူး ရှီလုံ ပါ ဒါကတော့ ထိုက်ယင်နဂါးမင်း ပါ၊ နောက်ပိုင်းရက်တွေမှာ သူတို့နှစ်ယောက်က စီနီယာနဲ့အတူ ဒီမှာ ခဏ နေပေးပါလိမ့်မယ် "

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ရှီလုံတို့ နှစ်ယောက် ခန်းမထဲကို ဝင်လာပြီး နဂါးအိုကြီးကို လက်အုပ်ချီ နှုတ်ဆက်လိုက်ကြပါတယ်။

​ရှီလုံရဲ့ အရှိန်အဝါက အရမ်း အားနည်းပါတယ်၊ အနည်းဆုံးတော့ နဂါးအိုကြီးရဲ့ မျက်လုံးထဲမှာ ထည့်တွက်စရာ မလိုပါဘူး၊ ဒါပေမဲ့ ထိုက်ယင်နဂါးမင်းရဲ့ အရှိန်အဝါကတော့ သူ့ကို အနည်းငယ် တုန်လှုပ်စေပါတယ်။

ဒါဟာ အင်အားကွာခြားချက်ကြောင့် မဟုတ်ဘဲ တစ်ဖက်လူရဲ့ ကိုယ်ပေါ်က သွေးမျိုးဆက် အနံ့အသက်က သူ့ကို အတော်လေး နေမထိထိုင်မသာ ဖြစ်စေတာပါ။

​"ထိုက်ယင်နဂါးမင်း မင်းက မသေခင်တုန်းက နဂါးစစ်စစ် တစ်ကောင် ဖြစ်ခဲ့တာလား "

နဂါးအိုကြီးက မတ်တတ်ရပ်လိုက်ပြီး အကြည့်တွေက သိပ်မကြည်လင်ပါဘူး။

​ထိုက်ယင်နဂါးမင်း အနည်းငယ် မှင်သက်သွားပါတယ်၊ နဂါးမျိုးနွယ် တစ်ကောင်က သူ့ကို မြင်တာတောင် ဒူးထောက် ဦးတိုက်တာမျိုး မလုပ်ဘဲ ဘာလို့ ဒီလို မျက်နှာပေးမျိုး ပြနေတာလဲ

ဒါကြောင့် သူလည်း အနည်းငယ် စိတ်မရှည် ဖြစ်သွားပါတယ်။

​အဆင့် ၃ လွတ်လပ်သောမသေမျိုးက ဘာဖြစ်လဲ၊ သူ မသေခင်တုန်းကဆိုရင် အင်အားက ဒီထက်မက ပိုတောင် ကြီးမားသေးတယ်

​"ဘာလဲ ငါက မသေခင်မှာ နဂါးစစ်စစ် ဖြစ်ခဲ့တာက အရမ်း ထူးဆန်းနေလို့လား "

ထိုက်ယင်နဂါးမင်းက အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​"ဒီယင်လောကက တကယ်ကို ထူးဆန်းတာတွေ ပြည့်နေတာပဲ၊ နဂါးစစ်စစ် ဝိညာဉ်တောင် ရှိနေတာကိုး၊ မင်းရဲ့ အင်အားကို ကြည့်ရတာ ငါ့ထက် နိမ့်ပုံရတယ်နော် "

နဂါးအိုကြီးက ပြုံးပြီး ပြောပါတယ်။

​ထိုက်ယင်နဂါးမင်းရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး တည်ငြိမ်စွာနဲ့

"မင်းက လူ့ဘဝအတိုင်း ယင်လောကကို လာတာမလို့ အင်အားတွေ ကျန်နေသေးတာ ငါကတော့ သက်တမ်းကုန်လို့ သေခဲ့တာ အားနည်းတဲ့ ဝိညာဉ်ဘဝကနေ အခုအထိ တစ်ဆင့်ချင်း တက်လာရတာမလို့ မင်းထက် နိမ့်နေတာက သဘာဝပဲ မင်း သက်တမ်းကုန်တဲ့အခါကျရင် သိလာပါလိမ့်မယ်"

​နဂါးအိုကြီးက အဲဒီကြားက ကွာခြားချက်ကို နားမလည်ပေမဲ့ ထိုက်ယင်နဂါးမင်း ရှေ့မှာတော့ လူအဖြစ် အထင်မခံချင်တာကြောင့် ဖန့်ချန်ဘက်ကို လှည့်ပြီး သံသယနဲ့ မေးလိုက်တယ်

"ဟေ့ လူငယ်လေး... မင်း ငါ့ကို ဒီမှာ ခဏ နေခိုင်းထားပြီးတော့ မင်းက ဘာသွားလုပ်မလို့လဲ"

​"စီနီယာ့ကိုယ်ပေါ်က မိုးကြိုးဘေးဒုက္ခကို ဖြေရှင်းဖို့ သွားမှာပေါ့ "

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။

​နဂါးအိုကြီးက မျက်လုံးကို မှေးလိုက်ပြီး

"ငါလည်း အတူတူ လိုက်လို့ မရဘူးလား"

​"တကယ်လို့ မိုးကြိုးဘေးဒုက္ခ ကျလာရင် စီနီယာက ခုခံနိုင်မယ်လို့ ယုံကြည်ချက် ရှိလို့လား"

ဖန့်ချန်က ပြန်မေးပါတယ်။

​"ဒါက..."

နဂါးအိုကြီးရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားတယ်

"မင်းပြောချင်တာက... ငါ ယင်လောကမှာ ရှိနေရင် ဒီမိုးကြိုးဘေးဒုက္ခက ကျမလာနိုင်ဘူးပေါ့ "

​"ယင်လောကက ကောင်းကင်လမ်းစဉ် ရဲ့ အောက်မှာ မရှိဘူး ဒီနေရာမှာဆိုရင် ဒီနေရာရဲ့ စည်းမျဉ်းကိုပဲ လိုက်နာရတယ်၊ ဒါတောင် မင်း မသိဘူးလား "

ထိုက်ယင်နဂါးမင်းက နှာခေါင်းရှုံ့လိုက်ပါတယ်။

​နဂါးအိုကြီးက ဒေါသတကြီးနဲ့

"ငါ မသိဘူးလို့ ဘယ်သူပြောလဲ ငါက သေချာအောင် မေးကြည့်တာပဲ "

ပြောပြီးတာနဲ့ သူက ဖန့်ချန်ကို ပြောလိုက်တယ်

"မင်း သွားတော့၊ ငါ ဒီမှာ ခဏ နေလိုက်မယ် "

​ဖန့်ချန်က ရှီလုံတို့ နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခန်းမထဲက ထွက်လာကာ ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။

​သာမန် တောင်ကြားလေးထဲမှာ ဖန့်ချန် ပြန်ပေါ်လာတဲ့အခါ၊ သူ့ရဲ့ ရုပ်ခန္ဓာက နဂါးအိုကြီးရဲ့ မလှမ်းမကမ်းမှာ ထိုင်နေဆဲပါ။

​ဝိညာဉ်က ယင်လောကကို သွားတဲ့အခါ ငရဲမင်းချပ်ဝတ်ရဲ့ ထောက်ပံ့မှုကြောင့် ဖန့်ချန်ဟာ အဆင့် ၁ လွတ်လပ်သောမသေမျိုး တစ်ပါးနဲ့ ညီမျှပါတယ်။

ပြောင်းပြန်အနေနဲ့လည်း ဝိညာဉ်က ယင်လောကမှာ အဆင့်အတန်း တစ်ခုရပြီး လူ့လောကကို ပြန်လာရင်လည်း အဆင့် ၁ မသေမျိုးရဲ့ အစွမ်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

​အရင်ကတော့ သူကိုယ်တိုင် လက်စွမ်းပြရမယ့် အခြေအနေမျိုးနဲ့ မကြုံခဲ့ရပါဘူး။

ဒီနေ့တော့ မတူတော့ပါဘူး။

​နဂါးအိုကြီးက အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်တာကြောင့် သူ့ကိုယ်ပေါ်မှာ အရေခွံဆုပ်ခွာအတတ် ကို သုံးဖို့ဆိုရင် ဖန့်ချန်ရဲ့ မူလကျင့်စဉ်နဲ့ကတော့ လုံးဝ အရာထင်မှာ မဟုတ်ပါဘူး၊ အရေခွံခွာဖို့ ထားဦး၊ နဂါးအကြေးခွံ တစ်ခုတောင် လှုပ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဝိညာဉ်က ယင်လောကကို သွားပြီး ငရဲမင်းပုံစံနဲ့ လုပ်ပြမှသာ ဒီနဂါးအရေခွံကို ခွာနိုင်ဖို့ အခွင့်အရေး ရှိမှာပါ။

​ဖန့်ချန်က နဂါးအိုကြီးရဲ့ ရှေ့မှာ ရပ်လိုက်ပြီး စိမ်းပြာရောင် အလင်းတန်းတစ်ခုကို ထုတ်လိုက်ပါတယ်။

​အရေခွံဆုပ်ခွာအတတ်

​စိမ်းပြာရောင်အလင်းက နဂါးအိုကြီးရဲ့ အရေခွံကို ခွာဖို့ ကြိုးစားတဲ့အခါ၊ သူ့ရဲ့ ရုပ်ခန္ဓာက သိရှိသွားပုံရပြီး ချက်ချင်းပဲ တောင်ကြားတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်သွားတဲ့ အလွန်ကြီးမားတဲ့ နဂါးကြီးအဖြစ် ပြောင်းလဲသွားပါတယ်။

သူ့ရဲ့ နဂါးဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ သံမဏိရောင် သန်းနေပြီး၊ နဂါးအကြေးခွံ တစ်ခုချင်းစီဟာ နှစ်ပေါင်းများစွာ သွေးထားတဲ့ ရတနာတစ်ခုလိုပါပဲ။

မာကျောမှုကတော့ သာမန် ကောင်းကင်အဆင့် ရတနာတွေထက် မနိမ့်ပါဘူး။

​ဖန့်ချန်က သူ့ကိုယ်ထဲက ယင်စွမ်းအားတွေ အရှိန်အဟုန်နဲ့ ထွက်လာတာကို ခံစားလိုက်ရပြီး၊ စိမ်းပြာရောင်အလင်းက ပိုပြီး တောက်ပလာကာ နောက်ဆုံး တစ်နာရီအကြာမှာတော့ နဂါးအိုကြီးရဲ့ ဦးခေါင်းပေါ်က အကြေးခွံတစ်ခုကို စတင် ခွာနိုင်ခဲ့ပါတယ်။

အစရသွားပြီဆိုတော့ နောက်ပိုင်းကတော့ လမ်းကြောင်းပွင့်သွားပါပြီ၊ တိုးတက်မှုက နှေးကွေးပေမဲ့ အဆင်ပြေပြေ ရှိလှပါတယ်။

​တကယ်လို့ နဂါးအိုကြီးရဲ့ ဝိညာဉ်သာ ယင်လောကကို မရောက်နေဘူးဆိုရင်၊ သူ့ကိုယ်ပေါ်မှာ အရေခွံခွာအတတ် သုံးဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါပဲ။

အနည်းဆုံးတော့ ကျင့်စဉ်က သူ့ထက် မနိမ့်မှ၊ ဒါမှမဟုတ် သူ့ထက် သာမှသာ အောင်မြင်နိုင်မှာပါ။

​အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပါတယ်။

​ခုနစ်ရက် အကြာမှာတော့...

ပြီးပြည့်စုံတဲ့ နဂါးအရေခွံကြီး တစ်ခုက ဖန့်ချန်ရှေ့မှာ ပေါ်လာပါတယ်၊ သူ သေသေချာချာ မကြည့်ရသေးခင်မှာပဲ သူ့ကိုယ်ပေါ်က နဂါးကိုးကောင်က ရုတ်တရက် ပါးစပ်ဟပြီး လေတစ်ချက် ရှူလိုက်ပါတယ်။

​ကံကြမ္မာ အကျိုးဆက် တွေ ပြည့်နေတဲ့ အဲဒီနဂါးအရေခွံကြီးဟာ နဂါးကိုးကောင်ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်။

​စိမ်းပြာရောင် ငရဲမင်းချပ်ဝတ်က အလင်းတွေ စတင် တောက်ပလာပြီး အရှိန်အဝါကလည်း တရိပ်ရိပ် မြင့်တက်လာပါတယ်။

​"စိတ်ဝင်စားဖို့ ကောင်းသားပဲ "

ဖန့်ချန်ရဲ့ မျက်နှာထား လှုပ်ခတ်သွားပြီး သူ့ကိုယ်ထဲက အရှိန်အဝါ ပြောင်းလဲမှုတွေကို ငြိမ်သက်စွာ ခံစားနေပါတယ်။

​နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက်...

နဂါးအရေခွံထဲမှာ ရှိတဲ့ ကံကြမ္မာ အင်အားစုတွေကို အကုန်လုံး ဝါးမြိုလိုက်ပုံ ရပါတယ်၊ အဲဒီအင်အားတွေက ဖန့်ချန်ရဲ့ ကိုယ်ထဲကို စီးဝင်တာ မဟုတ်ဘဲ ငရဲမင်းချပ်ဝတ်ထဲကို စီးဝင်သွားတာပါ။

ဒါကြောင့် ငရဲမင်းချပ်ဝတ်ရဲ့ အစွမ်းက အများကြီး မြင့်တက်သွားပြီး၊ မတော်တဆမှု မရှိရင်တော့ ဖန့်ချန်ကို အဆင့် ၂ နယ်ပယ်ထဲအထိ ရောက်သွားစေနိုင်တဲ့ အင်အားမျိုး ဖြစ်နေပါပြီ

​"ငရဲမင်းချပ်ဝတ်နဲ့ တခြားသူတွေ ဝတ်ထားတဲ့ ချပ်ဝတ်တွေက ကံကြမ္မာ အင်အားစုတွေနဲ့ သွေးထားတာ ဖြစ်နိုင်တယ်..."

ဖန့်ချန်က တိတ်တိတ်လေး တွေးနေမိပါတယ်။

​အခု အင်အားက အဆင့် ၁ ထက် ကျော်လွန်သွားပြီဆိုတော့ သူ ယင်လောကကို သွားဖို့ စမ်းကြည့်လိုက်ပါတယ်၊ တကယ်ပဲ ငရဲမင်းချပ်ဝတ်ကို ဝတ်ထားတဲ့ သူဟာ ယင်လောကငယ် ထဲကို ဝင်လို့ မရတော့ဘဲ အင်အားတစ်ခုက သူ့ကို အပြင်ကို တွန်းထုတ်နေတာကို ခံစားလိုက်ရပါတယ်။

မရဏလမ်း က ရှေ့မှာ ရှိနေပေမဲ့ ခြေတစ်လှမ်းတောင် တိုးလို့ မရပါဘူး။

​ငရဲမင်းချပ်ဝတ်ကို ချွတ်လိုက်မှသာ အဲဒီ တွန်းထုတ်တဲ့ ခံစားချက်က ပျောက်ကွယ်သွားပါတယ်။

ဒါဟာ နောင်ကျရင် ယင်လောကငယ်ထဲမှာ သူ့ရဲ့ အင်အားက အကန့်အသတ် ရှိသွားမယ်ဆိုပေမဲ့၊ ဖူထူလောက ထဲမှာတော့ အင်အားက အဆမတန် မြင့်တက်သွားတာ ဖြစ်ပါတယ်။

ဒါကိုတော့ သူ လက်ခံနိုင်ပါတယ်၊ ယင်လောကငယ်ရဲ့ အန္တရာယ်က ဖူထူလောကလောက် မရှိပါဘူး။

​အခုဆိုရင် သူနဲ့ ရှီလုံတို့ဟာ ကျန်းကွမ်မြို့ နယ်နိမိတ်ထဲမှာပဲ ပိတ်မိနေကြတာပါ၊ တကယ်လို့ အပြင်ကို ထွက်မယ်ဆိုရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

​"အခုဆိုရင် ဖူထူလောကထဲမှာ အဆင့် ၃ ယင်မိစ္ဆာကြီး နဲ့ တွေ့ရင်တောင်၊ အနိုင်မတိုက်နိုင်ရင်တောင်... ပြေးဖို့ကတော့ မခက်တော့ဘူး "

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

​သူ ကျန်းကွမ်မြို့ကို တစ်ခေါက် ပြန်သွားပြီး နဂါးအိုကြီးကို ပြန်ခေါ်လာခဲ့ပါတယ်၊ လမ်းခရီးတစ်လျှောက်မှာ နဂါးအိုကြီးက ထိုက်ယင်နဂါးမင်းအပေါ် စိတ်တိုင်းမကျဖြစ်ကြောင်း တတွတ်တွတ် ပြောလာပါတယ်။

​သူ လူ့လောကကို ပြန်ရောက်လာပြီး သူ့ရဲ့ ရုပ်ခန္ဓာကြီး သွေးပျက်စရာကောင်းအောင် ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ ချက်ချင်း ဒေါသတွေ ထွက်လာပြီး ဖန့်ချန်ကို သေသေချာချာ စိုက်ကြည့်ကာ

"လူငယ်လေး... ငါ့ကို ရှင်းပြချက်တစ်ခု ပေးဦး "

​အခန်း (၁၁၀၀) အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး

​နဂါးအိုကြီးဟာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပါတယ်၊ အမွေးနှုတ်ခံထားရတဲ့ ကြက်တစ်ကောင်လို ဖြစ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ဒေါသနဲ့ အရှက်ရမှုဟာ သာမန်လူတွေ နားလည်နိုင်ဖို့ ခက်ခဲပါတယ်။

​"စီနီယာ... စီနီယာ့ရဲ့ ဝိညာဉ်ကို ရုပ်ခန္ဓာထဲ ပြန်ထည့်ပြီး ကြည့်လိုက်ပါဦး "

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​"မင်း ဘာတွေ လျှောက်လုပ်ထားလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့ "

နဂါးအိုကြီးက နှာခေါင်းရှုံ့လိုက်ပြီး ဝိညာဉ်ကို ရုပ်ခန္ဓာထဲ ပြန်သွင်းလိုက်ပါတယ်၊ ချက်ချင်းဆိုသလိုပဲ သွေးလေတွေ စတင် လည်ပတ်လာပြီး အရေခွံအသစ်တွေဟာ မျက်စိရှေ့တင် ထွက်ပေါ်လာကာ သံမဏိရောင် အရှိန်အဝါတွေနဲ့အတူ အကြေးခွံအသစ်တွေ တစ်ခုပြီးတစ်ခု ဖြစ်တည်လာပါတယ်။

​ဒါပေမဲ့ သူ နှစ်ပေါင်းများစွာ သွေးထားတဲ့ အကြေးခွံတွေနဲ့ ယှဉ်ရင်တော့ အခု အကြေးခွံအသစ်တွေက အဆင့် နှစ်ဆင့်မက နိမ့်ကျနေတာ ထင်ရှားပါတယ်။

​နဂါးအိုကြီးရဲ့ စိတ်ထဲမှာ နာကျည်းနေပေမဲ့ နဂါးအရေခွံ အကုန်ပြန်ပြည့်ပြီး အကြေးခွံတွေလည်း တစ်ခုမကျန် ပြန်ထွက်လာတဲ့အခါမှာတော့ လူအသွင် ပြောင်းလဲလိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ

"ဘယ်လိုလဲ မင်းရဲ့ ရှင်းပြချက်က ဘာလဲ "

​"စီနီယာ... မိုးကြိုးဘေးဒုက္ခ ကျရောက်တော့မယ့် ခံစားချက် ရှိသေးရဲ့လား "

ဖန့်ချန်က မေးလိုက်ပါတယ်။

​နဂါးအိုကြီးက မျက်မှောင်ကြုတ်ပြီး မျက်လုံးမှိတ်ကာ ခဏလောက် အာရုံခံကြည့်လိုက်ပါတယ်၊ ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်ပြီး ဖန့်ချန်ကို အံ့သြတကြီး ကြည့်လိုက်ကာ

"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ "

​မိုးကြိုးဘေးဒုက္ခ ကျရောက်တော့မယ့် ခံစားချက်က တကယ်ပဲ ပျောက်ကွယ်သွားပါပြီ။

​နှစ်ပေါင်းများစွာ သူဟာ အရိပ်မည်းကြီးတစ်ခုရဲ့ အောက်မှာ အမြဲ ရှိနေခဲ့ရတာပါ၊ အချိန်မရွေး သူ နည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ မိုးကြိုးဘေးဒုက္ခ ကျလာတော့မလို ခံစားခဲ့ရတာပါ။

ဒါပေမဲ့ အခုတော့... အဲဒီခံစားချက်ဟာ လွင့်စင်သွားတဲ့ တိမ်တိုက်တွေလို ပျောက်ကွယ်သွားပြီး ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး ချလိုက်ရသလို ပေါ့ပါးသွားပါတယ်။

​ဒါတင်မကသေးဘဲ နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်ဟာလည်း အနည်းငယ် တိုးတက်လာပုံ ရပါတယ်။

ဒါဟာ မိုးကြိုးဘေးဒုက္ခရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ပြီဖြစ်ကြောင်း ပြသနေတာဖြစ်ပြီး သူ အဆင့် ၄ ကို တက်လှမ်းဖို့ ကြိုးစားနိုင်ပြီ ဖြစ်ပါတယ်။

​ဒါဟာ စိတ်ကူးယဉ်မှု မဟုတ်မှန်း သေချာသွားတဲ့အခါ နဂါးအိုကြီးဟာ ဝမ်းသာအားရ ပြုံးရွှင်သွားပြီး ခုနက ရုပ်ခန္ဓာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အရေးမစိုက်တော့ပါဘူး။

အဆင့် ၄ ကို တက်လှမ်းနိုင်ဖို့ဆိုရင် ရုပ်ခန္ဓာ အနည်းငယ် အားနည်းသွားတာက ဘာမှ မဟုတ်ပါဘူး၊ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ပေးလိုက်ရင် သူ့ကိုယ်ပေါ်က အကြေးခွံတွေကို အထွတ်အထိပ် ရောက်အောင် ပြန်သွေးနိုင်မှာပါ။

​"မင်းရဲ့ နည်းလမ်းက တကယ်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာပဲ ယင်လောကသွားတာက ဒီလောက်အထိ အကျိုးရှိမယ်လို့ မထင်ထားခဲ့ဘူး တကယ်လို့ နောက်ပိုင်း ငါ့ရဲ့ မျိုးဆက်တွေ မိုးကြိုးဘေးဒုက္ခကို မကျော်ဖြတ်နိုင်ရင်... ဒီနည်းလမ်းကို သုံးပြီး ဘေးကင်းအောင် လုပ်ပေးလို့ ရမလား "

နဂါးအိုကြီးက စိတ်လှုပ်ရှားစွာ မေးပါတယ်။

​"ရတာပေါ့ ဒါပေမဲ့ ဒီအတွက် လိုအပ်တဲ့ ယင်သက်တမ်းကတော့ အတော်လေး များလိမ့်မယ် စီနီယာ အားတဲ့အခါကျရင် ယင်လောကက ကျန်းကွမ်မြို့ကို ကိုယ်တိုင်သွားပြီး ရှီလုံတို့နဲ့ ယင်သက်တမ်း ဘယ်လိုရှာမလဲဆိုတာ တိုင်ပင်ကြည့်လို့ ရပါတယ်"

ဖန့်ချန်က ပြောလိုက်ပါတယ်။

​"ဟုတ်သားပဲ၊ ဒါကို ပြောမှ ငါ သတိရတယ် ဒီတစ်ခါ မင်းရဲ့ ယင်သက်တမ်းတွေ အများကြီး ကုန်သွားခဲ့တာ၊ ငါ့မှာ အားနာစရာ ဖြစ်နေပြီ ဒါပေမဲ့... ငါ့လက်ထဲက မသေမျိုးကျောက်တုံး တွေကိုတော့ အဲဒီ မလိမ္မာတဲ့ သားသမီး မြေးမြစ်တွေကို ပေးလိုက်တာ ကြာပြီ သူတို့ဆီက ပြန်တောင်းဖို့ကလည်း မသင့်တော်ဘူး "

​"ဒီလိုလုပ်ရအောင် ဒီမှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိတယ် ဒါကို အထင်မသေးနဲ့ဦး၊ ဒါက မသေမျိုးကျောက်တုံးလိုမျိုး လွတ်လပ်သောမသေမျိုးတွေရဲ့ သက်တမ်းကို မတိုးပေးနိုင်ပေမဲ့ တချို့နေရာတွေမှာတော့ မသေမျိုးကျောက်တုံးတောင် မယှဉ်နိုင်တဲ့ အစွမ်းရှိတယ် "

နဂါးအိုကြီးက ပစ္စည်းတစ်ခုကို ရုတ်တရက် ထုတ်ပြီး ဖန့်ချန်ကို ကမ်းပေးလိုက်ပါတယ်

​ဖန့်ချန်က ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်တဲ့အခါ၊ မြင်ကွင်းထဲမှာ လှပတဲ့ လိုင်းကြောင်းတွေနဲ့ ပြည့်နေပြီး ကြယ်တာရာတွေလို ဖြစ်နေတဲ့ အရာတစ်ခုကို မြင်လိုက်ရပါတယ်။

ကြည့်ရတာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနဲ့ အတော်လေး ဆင်တူပြီး ဝိညာဉ်စွမ်းအားကလည်း အဆင့်မြင့်ဝိညာဥ်ကျောက်တုံးထက် အနည်းငယ်ပဲ ပိုများပါတယ်။

​"ဒါက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးလား"

ဖန့်ချန်က လှမ်းယူလိုက်ပါတယ်

"ကျွန်တော် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ "

​သူ သေသေချာချာ ခဏလောက် ကြည့်လိုက်ပြီး မျက်နှာထားက ထူးဆန်းသွားပါတယ်၊ တစ်ဖက်လူက အဆင်မြင့်ဝိညာဥ် ကျောက်တုံးနဲ့ သူ့ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်

​"စီနီယာ... ဒီအထွတ်ထိပ်ဝိညာဉ်ကျောက်တုံးက ကြည့်ရတာ အဆင့်မြင့်ကျောက်တုံးနဲ့ သိပ်မကွာသလိုပဲ "

​"မင်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို မမြင်ဖူးလို့ သူ့ရဲ့ အံ့သြစရာ အစွမ်းကို မသိတာ သဘာဝပါပဲ၊ တကယ်လို့ သာမန် ကျင့်ကြံသူဆိုရင်တော့ ဒီအထွတ်ထိပ်ကျောက်တုံးက သူ့အတွက် အဆင့်မြင့်ကျောက်တုံးနဲ့ ဘာမှမခြားနားပါဘူး"

​"ဒါပေမဲ့ ဒါကို အထွတ်ထိပ် လို့ ခေါ်ရတာက သူ့မှာ တခြား ထူးခြားတဲ့ အစွမ်းရှိလို့ပဲ၊ ကဲ ကြည့်လိုက် "

​နဂါးအိုကြီးက ဖန့်ချန်ရဲ့ လက်ထဲကနေ အထွတ်ထိပ် ကျောက်တုံးကို ပြန်ယူပြီး ဟင်းလင်းပြင်ထဲကို ခပ်ဖွဖွ ပစ်တင်လိုက်တဲ့အခါ၊ ချက်ချင်းဆိုသလိုပဲ မိုးကြိုးတွေ ပစ်လာပြီး လျှပ်စီးတွေ လက်လာပါတယ်။

ဒီကျောက်တုံးထဲမှာ အလွန်ကြမ်းတမ်းတဲ့ အင်အားတွေ ပေါက်ကွဲထွက်လာပုံရပြီး အဲဒီ စိမ်းပြာရောင် လျှပ်စီးတွေကို ဖန့်ချန် အကျွမ်းတဝင်ရှိဆုံးပါပဲ

​နတ်မိုးကြိုး

​ဒီကျောက်တုံးထဲမှာ နတ်မိုးကြိုးတွေ ပုန်းအောင်းနေတာလား

ဒါဟာ ကောင်းကင်လှည့်စားခြင်း အတတ် ဖြစ်ပြီး၊ လက်ရှိ ကောင်းကင်လမ်းစဉ်က ရွံရှာတဲ့ အရာမျိုးဖြစ်ပေမဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးထဲမှာ ရှိနေတာလား...

​"ဝိညာဉ်ကျောက်တုံးတွေက လူတွေ ရှာမတွေ့ခင်အထိ ရှေးဟောင်းခေတ်ကနေ အခုအထိ တည်ရှိနေမယ်ဆိုရင်၊ ကမ္ဘာမြေရဲ့ ဝိညာဉ်စွမ်းအား အမျိုးမျိုးကို စုပ်ယူပြီး နောက်ဆုံးမှာတော့ ကျင့်ကြံဖို့အတွက် အစစ်မှန်ဆုံး အင်အားတွေအဖြစ် ပြောင်းလဲသွားတတ်ကြတယ် "

​နဂါးအိုကြီးက သက်ပြင်းချလိုက်ပြီး

"အဲဒီထဲကမှ တချို့ကျောက်တုံးတွေက ပိုပြီး ရှေးကျတဲ့ ခေတ်တွေကို ဖြတ်သန်းခဲ့ရရင် အဲဒီခေတ်ရဲ့ အင်အားတွေကို စုပ်ယူထားနိုင်ခဲ့တယ် အဲဒီအင်အားတွေက သမိုင်းရဲ့ မြစ်ကြီးထဲမှာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်လို့ အခုခေတ်မှာတော့ ဘယ်နေရာမှာမှ ရှာလို့မရတော့ဘူး "

​သူက စကားကို ခဏရပ်ပြီး ဖန့်ချန်ကို ပြုံးကြည့်လိုက်တယ်

"ဒီလို ကျောက်တုံးမျိုးကိုပဲ အထွတ်ထိပ် လို့ ခေါ်တာ၊ သူ့မှာ ရှိတဲ့ ဝိညာဉ်စွမ်းအားက အဆင့်မြင့် ဒါမှမဟုတ် အလယ်အလတ်ကျောက်တုံးတွေလောက် မများရင်တောင်မှ သူ့မှာ သာမန်ကျောက်တုံးတွေမှာ မရှိတဲ့ မြင့်မြတ်မှု ရှိတယ် "

​"ဒီထူးခြားတဲ့ အင်အားကိုပဲ ကြည့်ဦး မင်း အရင်က မြင်ဖူးလို့လား ဒါက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ အင်အားပဲ နတ်ဘုရားအတတ် တွေကို လေ့လာဖို့အတွက် အသင့်တော်ဆုံးပဲ"

"ရှေးခေတ်က နတ်ဘုရားအတတ်တွေရဲ့ စွမ်းအားက အခုခေတ်ထက် အများကြီး ပိုကြီးမားတယ်လို့ ငါ ကြားဖူးတယ်၊ တကယ်လို့ ဒီထဲကနေ ထူးခြားချက် တချို့ကိုသာ နားလည်သွားရင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေထက် ပိုတန်ဖိုးရှိမှာ မဟုတ်ဘူးလား "

​"ဪ... ဒီလိုကိုး..."

ဖန့်ချန် သဘောပေါက်သွားပါတယ်၊ ဒါကြောင့်လည်း ချောင်ဖုန်းဒေသမှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးဟာ မသေမျိုးကျောက်တုံးထက်တောင် ရှားပါးနေတာကိုး။

​ရှေးဟောင်းခေတ်ကနေ အခုအထိ ပျက်စီးမသွားဘဲ အဲဒီခေတ်က ထူးခြားတဲ့ အင်အားတွေကို စုပ်ယူထားနိုင်တဲ့ ကျောက်တုံးမှသာ အထွတ်ထိပ် လို့ ခေါ်နိုင်တာပါ။

ဒါဟာ ကျင့်ကြံခြင်းလောကရဲ့ ရှေးဟောင်းပစ္စည်း၊ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုလိုပါပဲ။

​"ဂိုဏ်းအသီးသီးက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးရဖို့ ဈေးကြီးပေးပြီး ဝယ်ချင်ကြပေမဲ့ ပိုက်ဆံရှိတိုင်း ဝယ်လို့မရဘူး ဒါပေမဲ့ ငါ သိသလောက်တော့ ကျိုရှန်းတောင် မြတ်သောနယ်မြေမှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး သုံးတုံး ရှိတယ်၊ အဲဒီထဲမှာ ရှေးဟောင်းအင်အား သုံးမျိုး အသီးသီး ပါဝင်နေကြတယ် "

​နဂါးအိုကြီးက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို ဖန့်ချန်ဆီ ပြန်ပစ်ပေးလိုက်တယ်

"ဒီကျောက်တုံးကို ငါ မသေမျိုးကျောက်တုံး ၅ တုံး ပေးပြီး လဲခဲ့တာ အဓိကကတော့ အဲဒီထဲက လျှပ်စီးစွမ်းအားကို လေ့လာပြီး မိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ရှာခဲ့တာ"

"အခုတော့ ဒါက ငါ့အတွက် အသုံးမလိုတော့ဘူး၊ မင်းကို ကျေးဇူးအနည်းငယ် ဆပ်တဲ့အနေနဲ့ ပေးလိုက်မယ်၊ ငါ ပြောထားတဲ့ ကတိကတော့ အတည်ပဲ၊ ငါ အဆင့် ၄ တက်ပြီးတာနဲ့ မင်းရဲ့ ပြဿနာတွေကို ငါ ကူညီဖြေရှင်းပေးမယ် "

​"စီနီယာ... အဆင့် ၄ တက်ဖို့ အချိန် ဘယ်လောက်ကြာမလဲ "

ဖန့်ချန်က မေးလိုက်ပါတယ်။

​"မြန်ရင် ၃ နှစ်၊ ၅ နှစ်၊ ကြာရင်တော့ နှစ် ၃၀၊ ၅၀ ပေါ့ မျက်စိတစ်မှိတ်စာပါပဲ "

နဂါးအိုကြီးက အေးအေးဆေးဆေး ပြောပါတယ်။

​"စီနီယာ့ကို အမှန်အတိုင်း ပြောရရင် တချို့ကိစ္စတွေက အဲဒီလောက်အထိ စောင့်ဖို့ အချိန် မရဘူး ဖြစ်နေလို့ပါ "

ဖန့်ချန်က ဆိုပါတယ်။

​"စောင့်လို့မရဘူးလား ကိစ္စမရှိဘူး၊ အဲဒီအချိန်ကျရင် ငါ့ကို လှမ်းခေါ်လိုက် အဆင့် ၄ မတက်သေးရင်တောင်မှ ငါ့ရဲ့ အရိုးအဆစ်တွေကို လေ့ကျင့်ခန်း လုပ်ချင်သေးတာ "

နဂါးအိုကြီးက ရယ်မောလိုက်တယ်

"ငါ ချန်ချန်လုံကို သတင်းပို့ထားပြီးပြီ သျှောင်နတ်နဂါးမလေး မွေးစားထားတဲ့ နဂါးမလေးကို ငါ့အနားမှာ ခေါ်ထားပြီး သေသေချာချာ သင်ကြားပေးမယ် သူတို့နဲ့ မင်းနဲ့က ရင်းနှီးကြတယ် မဟုတ်လား"

"နောင်ကျရင် ငါ့ဆီမှာ ရှိနေသရွေ့ အဲဒီ ဓားကျင့်ကြံသူတွေ လာရှာမှာကို စိတ်ပူစရာ မလိုတော့ဘူး၊ သူတို့က အဲဒီလောက်အထိ သတ္တိမရှိကြပါဘူး "

​"ဒါဆိုရင်တော့ စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "

ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​နှစ်ဖက်စလုံး စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖန့်ချန်က အရင် နှုတ်ဆက် ထွက်ခွာခဲ့ပါတယ်။

နဂါးအိုကြီးဘက်က ကိစ္စကတော့ အကုန်အဆင်ပြေသွားပါပြီ၊ သူကိုယ်တိုင်လည်း မသိလိုက်ဘဲ နေ့လှည့်ကင်းစစ်သည် ဖြစ်သွားပြီဆိုတော့ နောက်ကျရင် နောင်တရမယ်ဆိုရင်တောင် နောက်ကျသွားပါပြီ။

​"အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး..."

​ဖန့်ချန်ဟာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးရဲ့ အသုံးဝင်ပုံကို စိတ်ထဲမှာ စတင် စဉ်းစားနေမိပါတယ်။

ရှေးဟောင်း နတ်ဘုရားအတတ်တွေကို လေ့လာဖို့လား

​မဟာကောင်းကင်ဘုရင် ဆေးပညာ ရဲ့ မဟာကောင်းကင် အခန်းကဏ္ဍဟာ ရှေးဟမဟာကောင်းနတ်ဘုရား အတတ် အစစ်အမှန်ပါပဲ။

အဲဒီအတွက် ထူးခြားတဲ့ စွမ်းအား ၉၉ မျိုးကို စုဆောင်းဖို့ လိုအပ်ပါတယ်။

​အဲဒီ စွမ်းအားတွေကို အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပါလိမ့်မယ်။

All Chapters