← Chapters

အခန်း (၃၇၁-၃၇၂)

Vol. 19 Ch. 371-372

အခန်း (၃၇၁-၃၇၂)

Vol. 19 Ch. 371-372

အပိုင်း (၃၇၁) ဟန်ရှန်းမန်၏ ရည်မှန်းချက်

"အစ်ကိုလင်း... တကယ်ပဲ ကျွန်တော်တို့ လိုက်ခဲ့ဖို့ မလိုဘူးလား"

ထိုက်ယန်တောင်ဆိပ်ကမ်းတွင် ကျောက်ခိုင်က မျက်မှောင်ကြုတ်ကာ မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ထိုက်ယန်တောင်က ဖွံ့ဖြိုးတိုးတက်နေတဲ့ အချိန်ဆိုတော့ မင်းတို့ မရှိလို့ မဖြစ်ဘူး"

"ဒီတစ်ခေါက် မြူခိုးမြို့တော်ကို သွားတာ ငါတစ်ယောက်တည်း သွားရင် ရပြီ"

"ဒါပေမဲ့... အဲဒီ မြူခိုးမြို့တော် ဆိုတာက ဘယ်လို အခြေအနေမှန်း ကျွန်မတို့ ဘာမှ နားမလည်ကြဘူးလေ... ချိုးရင်ယွဲ့ ဆိုတဲ့ မိန်းမ ပြောစကား သက်သက်ကိုတော့ ရှင်လုံးဝ အယုံမလွယ်သင့်ဘူးနော်"

ဘေးနားရှိ တင်းယန်ကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

သို့သော် သူမ စကားစတင်လိုက်သည်နှင့် လင်းယွမ်က ဖြတ်ပြောလိုက်သည်။ "စိတ်ချပါ... ငါစဉ်းစားဆင်ခြင်တတ်ပါတယ်... ဒီ မြူခိုးမြို့တော်က ထူးထူးဆန်းဆန်း ပေါ်ထွက်လာတာ... အရင်ကလည်း တစ်ခါမှ မကြားဖူးခဲ့ဘူးလေ"

"ဒီတစ်ခေါက် သွားတာက အဲဒီ မြူခိုးမြို့တော်ရဲ့ အခြေအနေမှန်ကို အဓိက စုံစမ်းဖို့ပဲ"

"နောက်ပြီး အဲ့ဒါကမျိုးရိုးဗီဇမျိုးစေ့ ကိစ္စနဲ့ ပတ်သက်နေတော့ သေသေချာချာ စုံစမ်းဖို့ လိုတယ်... ဒါက မင်းတို့အားလုံး နောင်တချိန်မှာ ဆင့်ကဲပြောင်းလဲပြီး အစွမ်းနိုးထလာမယ့် လမ်းကြောင်းနဲ့ သက်ဆိုင်နေတယ်"

"ကဲ... အချိန်လည်း မစောတော့ဘူး... ငါ ဒီတစ်ခေါက် ထွက်သွားတာကို တခြားလူတွေကို အကြောင်းမကြားထားဘူး... မင်းတို့ လူအနည်းငယ်လောက်ပဲ သိထားရင် ရပြီ... ငါ အများဆုံး တစ်ပတ်အတွင်း ပြန်လာခဲ့မယ်"

"မင်းတို့က ထိုက်ယန်တောင်ကို သေချာ စောင့်ရှောက်ထားပေးဖို့ပဲ လိုတယ်"

ကျောက်ခိုင်က ချက်ချင်းပင် "အစ်ကိုလင်း... စိတ်ချပါ... ကျွန်တော်တို့ ထိုက်ယန်တောင်ကို သေချာပေါက် ကာကွယ်စောင့်ရှောက်ထားပါ့မယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ထိုက်ယန်တောင်မှ အချိန်အကြာကြီး ခွာထား၍ မဖြစ်နိုင်ပေ။

အဓိကကတော့ သားသတ်ရုံဘက်တွင် နေ့စဉ် သားကောင်များ အမြောက်အမြား စုပုံနေတတ်ပြီး သူ ပြန်လာကာ မစီမံပေးပါက အမှတ်များ အလဟဿ ဆုံးရှုံးသွားမည် ဖြစ်သည်။

လူအချို့အား နှုတ်ဆက်ပြီးနောက် လင်းယွမ်က လှေငယ်တစ်စင်းပေါ်သို့ တက်ထိုင်လိုက်ရာ ဟန်ရှန်းမန်ကလည်း အနောက်မှ လိုက်ပါလာခဲ့သည်။

ဤတစ်ကြိမ်တွင် လင်းယွမ်က မည်သူ့ကိုမျှ ခေါ်မသွားဘဲ ဟန်ရှန်းမန်ကိုသာ ခေါ်ဆောင်သွားခဲ့သည်။

ဒါက လင်းယွမ်က တောင်းဆိုခဲ့ခြင်း မဟုတ်ဘဲ ဟန်ရှန်းမန်ကိုယ်တိုင် လာရောက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ဟန်ရှန်းမန်က ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်ပြီး ရေစီးကြောင်းကို ထိန်းချုပ်နိုင်ကာ လှေမောင်းနှင်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားခဲ့သည်။

လင်းယွမ်က ရေဓာတ် အစွမ်းများကို အတော်များများ တတ်မြောက်ထားသော်လည်း ရေစီးကြောင်းအား ထိန်းချုပ်သည့် အစွမ်းမျိုး မရှိပေ။

သူကိုယ်တိုင် လှော်ခတ်သွားလျှင် မရသည်တော့ မဟုတ်သော်လည်း အလွန် နှေးကွေးလွန်းလှသည်။

ခိုလှုံရေးစခန်းတွင် ရေဓာတ် အစွမ်းပိုင်ရှင်များ အများအပြား ရှိကြပြီး ခွန်ဆန်းနှင့် ဝမ်ရှောင်ယာ တို့ကလည်း ရေစီးကြောင်းကို ထိန်းချုပ်နိုင်ကြသည်။

သို့သော် အလုံးစုံ စွမ်းဆောင်ရည် အရ ကြည့်လျှင် ဟန်ရှန်းမန်က အတော်ဆုံး ပင်ဖြစ်သည်။

ဤတစ်ကြိမ် မြူခိုးမြို့တော်သို့ စူးစမ်းလေ့လာရန် သွားရာတွင် တကယ်၍များ ခွဲပြီး လှုပ်ရှားရန် လိုအပ်လာပါက ဟန်ရှန်းမန်က ပို၍ သင့်တော်ပေသည်။

ထို့ကြောင့်ပင် လင်းယွမ်ကလည်း သဘောတူလိုက်ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးတွင် ပစ္စည်းများစားစား မပါရှိဘဲ ဟန်ရှန်းမန်က လှေငယ်ပေါ်ရှိ ဘက်ထရီအိုးကို ဖွင့်လိုက်သည်။

ချက်ချင်းပင် အရိုးဖြင့် ပြုလုပ်ထားသော ပန်ကာရွက်များက အလျင်အမြန် လည်ပတ်လာပြီး လှေငယ်လေးက ဆိပ်ကမ်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ဤလှေငယ်လေးက သုတေသနဌာနမှ ဖုချီပေါ် ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပြီး လျှပ်စစ်မော်တာ ပါဝင်ရုံသာမက အရိုးပန်ကာပေါ်တွင် ပေါက်ကွဲလေဓာတ် သင်္ကေတများကိုပါ ထွင်းထုထားရာ မျက်စိတစ်မှိတ်အတွင်း မြင်းကောင်ရေအားကို မြှင့်တင်ပေးနိုင်သည်။

ဟန်ရှန်းမန်က ရေစီးကြောင်းကိုသာ ခြယ်လှယ်ပြီး လှေ၏ ဦးတည်ရာကို ထိန်းချုပ်ပေးရန်သာ လိုအပ်သည်။

လှေလေး ဆက်တိုက် ရှေ့ဆက်သွားသည်နှင့်အမျှ ထိုက်ယန်တောင်က တဖြည်းဖြည်း သေးငယ်သွားတော့သည်။

လင်းယွမ်က အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဘေးနားရှိ ခြေတံရှည် အလှမယ် ဟန်ရှန်းမန်ကို ကြည့်၍ မေးလိုက်သည်။

"ဒီတစ်ခေါက် မြူခိုးမြို့တော်ကို စူးစမ်းဖို့ သွားတာက အန္တရာယ် မနည်းဘူး... မင်းက ဘာလို့ လိုက်လာချင်ရတာလဲ"

ဟန်ရှန်းမန်က လှေဦးပိုင်းတွင် ထိုင်နေပြီး ထိုစကားကို ကြားသောအခါ လှည့်ကြည့်လာကာ လေတိုက်၍ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်လိုက်ပြီး "ကျွန်မလည်း မျိုးရိုးဗီဇမျိုးစေ့ရဲ့ လျှို့ဝှက်ချက်ကို သိချင်လို့ပါ"

လင်းယွမ်က ကြားသည်နှင့် မျက်ခုံးပင့်သွားကာ ဟန်ရှန်းမန်က မျိုးရိုးဗီဇမျိုးစေ့ အတွက်ကြောင့်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူက သံသယဖြင့် မေးလိုက်သည်။ "မင်းရဲ့ အခြေခံ အရည်အသွေး လေးခုထဲမှာ ကန့်သတ်ချက်ကို ရောက်နေတဲ့ တစ်ခုခု ရှိလို့လား"

သာမန် အစွမ်းပိုင်ရှင်များ အတွက်ဆိုလျှင် ၎င်းတို့၏ အရည်အသွေး အသီးသီးထဲမှ တစ်ခုက အလွန် လျင်မြန်စွာ တိုးတက်လာလေ့ ရှိသည်။

ဥပမာအားဖြင့် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်ဆိုလျှင် ၎င်းတို့၏ ခွန်အား အမှတ်များက လျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး အမှတ် (၅၀) ကန့်သတ်ချက်သို့ အရင်ဆုံး ရောက်ရှိမည်မှာလည်း ခွန်အား အရည်အသွေးပင် ဖြစ်ပေမည်။

အခြားသော အစွမ်းပိုင်ရှင် အမျိုးအစားများကလည်း ထိုနည်းတူပင် ဖြစ်သည်။

လင်းယွမ် ကဲ့သို့ အားနည်းချက်ဟူ၍ မရှိဘဲ အရည်အသွေးအားလုံး အမှတ် (၅၀) ပြည့်နေခြင်းမျိုးက လုံးဝနီးပါး မဖြစ်နိုင်ပေ။

သို့သော် အရည်အသွေး တစ်ခုခုက အမှတ် (၅၀) ပြည့်သွားလျှင်ပင် ၎င်းက အစွမ်းပိုင်ရှင်များကြား၌ အသန်မာဆုံးသော အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

ဟန်ရှန်းမန်က ရေဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်ရာ သူမ၏ အသန်မာဆုံး အရည်အသွေးမှာ စိတ်စွမ်းအင်ပင် ဖြစ်သင့်သည်။

သို့ရာတွင် လင်းယွမ်က သူမ၏ စိတ်စွမ်းအင် ပြင်းအားကို အာရုံခံကြည့်ရသလောက် သူမမှာ အလွန်ဆုံး အမှတ် (၄၀) ပင် မပြည့်သေးဘဲ အမှတ် (၅၀) ကန့်သတ်ချက်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။

ဟန်ရှန်းမန်က ကြားသောအခါ ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ဟင့်အင်း... ကျွန်မရဲ့ အခြေခံ အရည်အသွေး လေးခုထဲမှာ ကန့်သတ်ချက်ကို ရောက်နေတဲ့ တစ်ခုမှ မရှိသေးဘူး"

"ဒါပေမဲ့ ကျွန်မက စွန့်စားရတာကို နှစ်သက်တယ်... မြူခိုးမြို့တော်မှာ မျိုးရိုးဗီဇမျိုးစေ့ကို နိုးထစေနိုင်တဲ့ နည်းလမ်း ရှိနေပြီဆိုတော့ စိတ်စွမ်းအင်ကို အမြန်ဆုံး တိုးတက်စေနိုင်မယ့် နည်းလမ်းလည်း ရှိကောင်း ရှိနိုင်တယ် မဟုတ်လား"

"ထိုက်ယန်တောင်မှာပဲ တံခါးပိတ်ပြီး အမြဲတမ်း ကျင့်ကြံနေရတာက တိုးတက်ဖို့ အရမ်းခက်ခဲနေသလိုပဲ"

"အခု ကျွန်မရဲ့ စိတ်စွမ်းအင်တွေက နောက်ပိုင်း တိုးတက်လာလေလေ ပိုပြီး ခက်ခဲလာလေလေ ဆိုတာကို ခံစားနေရတယ်"

"ကျွန်မက စီမံခန့်ခွဲမှု အလုပ်တွေကိုလည်း မလုပ်တတ်ဘူး... ကင်းလှည့်အဖွဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် တာဝန်ယူထားပေမယ့် နေ့တိုင်း အသွားအပြန် လုပ်ရင်း လုံခြုံရေးကို ထိန်းသိမ်းရတာကလွဲပြီး တခြား ကိစ္စတွေမှ မရှိတာ"

"ဒီတော့ ရှင့်နောက်ကနေ လိုက်ပြီး အပြင်ထွက် စွန့်စားရတာက ပိုကောင်းဦးမယ်"

"အနာဂတ် ဆိုတာက နောက်ဆုံးကျတော့ အစွမ်းပိုင်ရှင်တွေ ပိုင်ဆိုင်မယ့် အရာပဲ... ကြီးမားတဲ့ အစွမ်းခွန်အားတွေက ကိုယ့်ဆီမှာ ရှိနေမှသာ အဓိကကျမှာပါ" ဟန်ရှန်းမန်က ထိုသို့ ပြောလိုက်သည်။

ထိုစကားကြောင့် လင်းယွမ်က သူမအား ချက်ချင်းပင် အမြင်ပြောင်းသွားစေခဲ့သည်။

ဤအမျိုးသမီးက တခြားသူများထက် ပိုပြီး အသိဉာဏ် ကြည်လင်နေသည်။

သူမက ဝူမုန့် နှင့် ဆင်တူပြီး မိမိကိုယ်ပိုင် စွမ်းဆောင်ရည်ကို ပို၍ အလေးထားသူ ဖြစ်သည်။

လင်းယွမ်က မေးလိုက်သည်။ "မင်းက အရင်တုန်းက မုန့်ယိုယို တို့ကို ခေါ်ပြီး တောင်တွေကျော် တောတွေဖြတ်ပြီး ထိုက်ယန်တောင်အထိ ရောက်လာခဲ့တာပဲ... အဖွဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်နေရက်နဲ့ ဘယ်လိုလုပ် စီမံခန့်ခွဲနိုင်စွမ်း မရှိရမှာလဲ"

ဟန်ရှန်းမန်က ပြုံးလိုက်ကာ ခေါင်းခါပြပြီး "စီမံခန့်ခွဲမှုလို့တော့ ပြောလို့ မရပါဘူး... အဲ့ဒီအချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ကျွန်မက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေပြီး ရေစီးကြောင်းကို ထိန်းချုပ်နိုင်လို့ ခရီးသွားတဲ့နေရာမှာ အခွင့်အရေးရသွားတာပါ... ဒါကြောင့် အားလုံးက ကျွန်မစကားကို နားထောင်ခဲ့ကြတာလေ"

"ရှင်ပြောတဲ့ စီမံခန့်ခွဲမှု ဆိုတာကို ပြောရရင် ကျွန်မက တကယ်တော့ ဘာကိစ္စကိုမှ ဝင်မစီမံခဲ့ပါဘူး"

"အရင်တုန်းက တိုက်ထဲမှာ စီမံရမယ့် ကိစ္စတွေကလည်း ထိုက်ယန်တောင်လောက် မရှုပ်ထွေးပါဘူး... စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းထားနိုင်ရင် ရပါပြီ"

"တကယ်လို့ စီမံခန့်ခွဲမှု အကြောင်း ပြောရရင် ဦးလေးကော... ရှမင်... ကောက်လီ တို့က ကျွန်မထက် ပိုပြီး တော်ကြတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆို မင်းရဲ့ အတွေးက ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ကြိုးစား မြှင့်တင်ချင်တာပေါ့... ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီး အဲဒီ ဆင့်ကဲပြောင်းလဲခြင်းရဲ့ အဆုံးသတ်ကို သွားကြည့်ချင်တာလား"

ဟန်ရှန်းမန်က ခေါင်းဖွဖွ ညိတ်လိုက်ပြီး ပြုံးကာ "ကျွန်မရဲ့ဆန္ဒက ရယ်စရာ ကောင်းနေလား"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး... ဒါအရမ်း ရှားပါးတဲ့ စိတ်ကူးပါ"

"တကယ်တော့ ဒီကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကြီးထဲမှာ အားလုံးက အသက်ရှင်သန်နိုင်ဖို့တောင် အခက်အခဲတွေ အများကြီး ရှိနေကြတာ... ဒီလို ရည်မှန်းချက်မျိုး ရှိတဲ့လူက ခပ်ရှားရှားပဲ"

"ရှင်ရော... ရှင့်မှာ ဘယ်လို ရည်မှန်းချက်မျိုး ရှိလဲ" ဟန်ရှန်းမန်က လင်းယွမ်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

လင်းယွမ်က ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်ရာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မည်းမှောင်နေသော တိမ်တိုက်များအတွင်း၌ အချိန်မရွေး မိုးကြိုးများ ပေါက်ကွဲကာ မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

သူက လေးနက်သော လေသံဖြင့် "ငါလည်း ဒီဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုမျိုး ဖြစ်မလဲ ဆိုတာကို သွားကြည့်ချင်တယ်... ဒီ တိမ်မည်းတွေရဲ့ အထက်မှာရော ဘာတွေ ရှိနေမလဲ... ဒီကမ္ဘာကြီးက ဘာကြောင့် ရုတ်တရက်ကြီး အခုလို ဖြစ်သွားရတာလဲ ဆိုတာကိုပေါ့"

ဟန်ရှန်းမန်၏ မျက်လုံးများကလည်း အရောင်လဲ့သွားကာ လင်းယွမ်၏ ကျောပြင်ကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။ "ရှင် တကယ်ပဲ အဲဒီအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်"

လင်းယွမ်က ကြားသောအခါ သူမအား လှည့်ကြည့်လိုက်ပြီး ပြုံးကာ "ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်လေ... မင်းလည်း လုပ်နိုင်မှာပါ"

ဟန်ရှန်းမန်က ပြုံးလိုက်သော်လည်း သူမ၏ မျက်နှာအမူအရာက အနည်းငယ် ခံစားချက် ပြင်းထန်နေကာ "ကျွန်မ မတွေးရဲပါဘူး... ကျွန်မဆီမှာ အဲဒီလို ယုံကြည်ချက် ရှိနေပေမယ့် ဒီလမ်းက ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာကို ကျွန်မ ကောင်းကောင်း သိပါတယ်"

"လူအချင်းချင်းကြားက တိုက်ပွဲတွေကို မပြောနဲ့ဦး... ဒီ မျက်စိတစ်ဆုံး ကျယ်ဝန်းလှတဲ့ သမုဒ္ဒရာလို ရေပြင်ကြီးထဲမှာတင် ကြောက်ဖို့ကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဘယ်လောက်တောင် ရှိနေမလဲ"

"ရေဘေးကြီး မတိုင်ခင်ကတည်းက ကမ္ဘာမြေရဲ့ ကုန်းမြေဧရိယာက သမုဒ္ဒရာဧရိယာထက် အများကြီး သေးငယ်ခဲ့တာ... အဲဒီ သမုဒ္ဒရာကြီးထဲမှာ ကြောက်ဖို့ ကောင်းတဲ့ သားရဲကြီးတွေ အများကြီးရှိနေမှာ သေချာတယ်"

"လူသားတွေရဲ့ နည်းပညာတွေက အတိုင်းအတာတစ်ခုထိ တိုးတက်လာခဲ့ပေမယ့်... သမုဒ္ဒရာကြီးကိုတော့ တကယ်တမ်း လွှမ်းမိုးနိုင်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဘူး"

"အခု သန္ဓေပြောင်းစွမ်းအင်တွေ ပေါ်လာတော့ သမုဒ္ဒရာထဲက ရေတွက်လို့ မရနိုင်တဲ့ သက်ရှိတွေ အားလုံးက ဆင့်ကဲပြောင်းလဲနေကြပြီ... လူသားတွေရဲ့ နည်းပညာတွေကတော့ နောက်ကို ဆက်တိုက် ဆုတ်ယုတ်သွားခဲ့ပြီလေ"

"အခုချိန် ရေအောက်ထဲမှာ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာ ကျွန်မ တွေးကြည့်လို့တောင် မရဘူး"

လင်းယွမ်က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင်လည်း ထိုကိစ္စမျိုးကို အကြိမ်ရေ မရေမတွက်နိုင်အောင် စိုးရိမ်ပူပန်ခဲ့ဖူးသည်။

သို့သော် သူက ကြောက်ရွံ့နေခြင်း မရှိပေ။ သူ့တွင် စနစ် ရှိနေပြီး သူ့ကို အချိန်တစ်ခု ပေးလိုက်ရုံဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်၌ အစွမ်းထက်ဆုံးသော တည်ရှိမှု တစ်ခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာနိုင်မည် ဖြစ်သည်။

တကယ်တမ်း သဘာဝကျကျတွေးလျှင် သူက မြူခိုးမြို့တော်သို့ သွားရောက် စွန့်စားသင့်သည် မဟုတ်ချေ။

ချိုးရင်ယွဲ့ ပြောခဲ့သော အခွင့်အရေး အားလုံးကို သူ့တွင် အမှတ်များ လုံလောက်စွာ ရှိနေသရွေ့ စနစ်ထဲမှနေ၍ လဲလှယ်ယူ၍ ရနိုင်ပေသည်။

သို့သော် သူ ယခုလိုထွက်လာရခြင်းမှာ မျိုးရိုးဗီဇမျိုးစေ့ အတွက် မဟုတ်ဘဲ အပြင်လောကကို နားလည်နိုင်ရန် အတွက် ဖြစ်သည်။

ဒီ မြူခိုးမြို့တော်က နောက်ဆုံးတွင် ဘယ်လို တည်ရှိမှုမျိုး ဖြစ်နေသလဲ ဆိုတာကို သူ သိချင်နေသည်။

ဘာကြောင့် ဒီနေရာမှာ မျိုးရိုးဗီဇမျိုးစေ့ကို ပေါင်းစည်းနိုင်တဲ့ နည်းလမ်း ရှိနေရတာလဲ။

သူ စိုးရိမ်မိသည်က သူ့ဘာသာ ပုန်းအောင်းကာ အချိန်ယူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေရင်း နောက်ဆုံးအချိန် ရောက်လာသောအခါ အပြင်လောကတွင် မျိုးရိုးဗီဇမျိုးစေ့ နိုးထလာသော အစွမ်းပိုင်ရှင်များက နေရာအနှံ့ ရှိနေပြီး သူကတော့ ထိုက်ယန်တောင်ကဲ့သို့ မြေကွက်ငယ်လေးကိုသာ စောင့်ကြပ်နေရမည်ကိုပင်။

ထိုအချိန်ကျမှ သတင်းအချက်အလက် ပိတ်ဆို့နေမှုကြောင့် သူ ခက်ခက်ခဲခဲ တည်ဆောက်ထားရသော ခိုလှုံရေးစခန်းလေးက အဆိုပါ အစွမ်းပိုင်ရှင် တစ်စု၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံလိုက်ရပါက လုံးဝ မကောင်းနိုင်တော့ပေ။

ထို့ကြောင့် သူက အပြင်ဘက်တွင် ရှိနေနိုင်သော အန္တရာယ်များကို ကြိုတင် လေ့လာသိရှိထားရန် လိုအပ်ပေသည်။

သူတို့နှစ်ဦးက ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြပြီး လှေငယ်လေးက အလွန် လျင်မြန်စွာ ရှေ့ဆက်သွားကာ လီရွှေဥယျာဉ် ဘက်ဆီသို့ အမြန်ဆုံး ဦးတည်သွားနေသည်။

လမ်းတစ်လျှောက်တွင် လှေငယ်လေးက ရေထဲရှိ သန္ဓေပြောင်း သတ္တဝါအချို့၏ တိုက်ခိုက်မှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။

ကံဆိုးစွာဖြင့် မျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီးဖြစ်သော လင်းယွမ်၏ ရှေ့မှောက်တွင်မူ စိတ်ဝိညာဉ် ရိုက်ခတ်အစွမ်း တစ်ချက်ဖြင့်ပင် ထိုသန္ဓေပြောင်း သတ္တဝါများကို တိုက်ရိုက် သုတ်သင်ပစ်လိုက်နိုင်သည်။

အချို့သော ရပ်ကွက်များကို ဖြတ်သန်းသွားသောအခါ တိုက်များထဲတွင် ပိတ်မိနေကြသည့် အသက်ရှင်ကျန်ရစ်သူများကလည်း သူတို့ထံသို့ အသည်းအသန် လက်ဝှေ့ယမ်းကာ အကူအညီ တောင်းခံကြသည်။

လင်းယွမ် နှင့် ဟန်ရှန်းမန် တို့က အရေးမစိုက်ခဲ့ကြဘဲ သူတို့၏ ဤလှေငယ်လေးမှာ လတ်တလောတွင် လူကယ်တင်နိုင်စွမ်း မရှိချေ။

သို့ရာတွင် ရပ်ကွက်အချို့ကို ဖြတ်သန်းသွားသောအခါ ရပ်ကွက်အများအပြား၌ ခိုလှုံရေးစခန်းများ ဖွဲ့စည်းထားကြသည်ကို တွေ့ရှိခဲ့ရသည်။

ထိုခိုလှုံရေးစခန်းများသည် များသောအားဖြင့် အဆောက်အအုံ တစ်ခုခုကို အဓိကထား၍ ဖွဲ့စည်းထားပြီးနောက် သစ်သားပြားများ၊ ဖော့ပြားများ၊ သစ်ပင်များ စသည့် ရေပေါ်ပေါ်နေသော ပစ္စည်းများကို အများအပြား စုဆောင်းကာ ပလက်ဖောင်းအဖြစ် ပြုလုပ်ပြီး ခြေချနိုင်သော "ကုန်းမြေ" အဖြစ် ဖန်တီးထားကြသည်။

ထိုကဲ့သို့ "ကုန်းမြေ" အရွယ်အစားများက အကြီးအသေး အမျိုးမျိုး ရှိပြီး အချို့က ပေပေါင်း ရာထောင်ချီ ရှည်လျားကာ အပေါ်တွင် တဲများ (သို့မဟုတ်) ပလပ်စတစ် အိမ်လေးများကို အများအပြား ဆောက်လုပ်ထားကြသည်။

အချို့သော ကြီးမားသည့် ခိုလှုံရေးစခန်းများဆိုလျှင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် ပလပ်စတစ်မြို့တော် အဖြစ် တိုက်ရိုက် ဆောက်လုပ်ထားကာ ရပ်ကွက်တစ်ခုလုံးကိုပင် တစ်ဆက်တည်း ဖြစ်အောင် ချိတ်ဆက်ထားကြသည်။

ရေများ တက်လာပါက ဖော့နှင့် ပလပ်စတစ်များဖြင့် ပြုလုပ်ထားသော ပလက်ဖောင်းများကလည်း လိုက်၍ မြင့်တက်လာပြီး လူတိုင်းက ပုံမှန်အားဖြင့် တိုက်ထဲတွင် နေထိုင်ကြသော်လည်း လှုပ်ရှားသွားလာသည့်အခါ ပလပ်စတစ် ကုန်းမြေပေါ်တွင် သွားလာနိုင်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ဤရေလွှမ်းမိုးမှုထဲတွင် ပိတ်မိနေကြသော အသက်ရှင်ကျန်ရစ်သူများမှာ အသက်ရှင်သန်ရန် ကြိုးစားခြင်းကို လက်လွှတ်မထားခဲ့ကြပေ။

သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် လူသားများက အသက်ရှင်သန်လိုသည့် ဗီဇအသိစိတ်ကို ပေါက်ကွဲထွက်ပေါ်လာစေကာ သူတို့က ဤရေလှိုင်းလုံးကြီးများကြား၌ မိမိတို့၏ ကိုယ်ပိုင်ကမ္ဘာလေး တစ်ခုကို နည်းနည်းချင်းစီ ကြိုးစားပမ်းစား တည်ဆောက်နေခဲ့ကြသည်။

တစ်ရက်နှင့် တစ်ည ကြာပြီးနောက် လင်းယွမ် နှင့် ဟန်ရှန်းမန် တို့က ကျယ်ပြောလှသော ရေလွှမ်းမိုးမှုကြီးကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် လီရွှေဥယျာဉ် သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ကိုလင်းယွမ်... ရောက်ပြီ"

ဟန်ရှန်းမန်က မတ်တတ်ရပ်ကာ ထိုဘက်ရှိ ရင်းနှီးနေသော ရပ်ကွက်တိုက်များကို လှမ်းကြည့်လိုက်ပြီး လှည့်၍ လင်းယွမ်အား သတိပေးလိုက်သည်။

လင်းယွမ်က ကြားသောအခါ မျက်လုံးများကို ဖွင့်လိုက်သည်။

တကယ်တမ်းတွင် ထိုက်ယန်တောင် နှင့် လီရွှေဥယျာဉ် ကြား အကွာအဝေးက မဝေးလှဘဲ မျဉ်းဖြောင့် အကွာအဝေး ဆိုလျှင် ဆယ်မိုင်ခန့်သာ ရှိမည်ဖြစ်သည်။

သို့ရာတွင် ဤမျက်စိတစ်ဆုံး ကျယ်ဝန်းလှသော ရေလွှမ်းမိုးမှုကြီးထဲ၌ ဦးတည်ရာကို ခွဲခြားသိမြင်နိုင်သည့် မြေပြင်အမှတ်အသား မည်သည်မျှ မရှိသည့် ဒဏ်ကိုတော့ မခံနိုင်ချေ။

သူတို့က ဤလီရွှေဥယျာဉ်သို့ တစ်ရက်နှင့် တစ်ညအတွင်း စမ်းတဝါးဝါးဖြင့် ရောက်ရှိလာနိုင်ခြင်းကပင် တကယ်ကို မြန်ဆန်နေပြီ ဖြစ်သည်။

လှေငယ်လေးပေါ်တွင် ဖီးနစ် သင်္ဘောပေါ်၌ ရှိသော ရေဒါမျိုး မရှိသဖြင့် အဆောက်အအုံများကို ထောက်လှမ်းနိုင်ခြင်း မရှိပေ။

လမ်းတစ်လျှောက်လုံး မှန်းဆပြီး လာခဲ့ရကာ လမ်းတွင် ရပ်ကွက်အချို့ကို ဖြတ်သန်းသွားချိန်တွင် လူများကိုပါ မေးမြန်းခဲ့ရပြီးမှသာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးနေသော လီရွှေဥယျာဉ် ရပ်ကွက်ကို ကြည့်ရင်း လင်းယွမ်ကလည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လတ်တလော ခရီးစဉ်တွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုက ရေထဲရှိ သန္ဓေပြောင်း သတ္တဝါများ မဟုတ်တော့ဘဲ ဦးတည်ရာ လမ်းကြောင်း ပြဿနာပင် ဖြစ်သည်။

"ကပ်သွားလိုက်တော့" လင်းယွမ်က ညွှန်ကြားလိုက်သည်။

ဟန်ရှန်းမန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး လှေငယ်လေးကို ထိန်းချုပ်ကာ ရပ်ကွက်ထဲသို့ မောင်းနှင်သွားခဲ့သည်။

သို့သော် ရပ်ကွက်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် လင်းယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး "ခဏ ရပ်လိုက်ဦး" ဟု ချက်ချင်း အော်ပြောလိုက်သည်။

ဟန်ရှန်းမန်က ကြားသောအခါ လှေငယ်လေးကို အမြန် ရပ်တန့်လိုက်ပြီး လင်းယွမ်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

လင်းယွမ်က ရပ်ကွက်ထဲရှိ တိုက်တစ်လုံး၏ ဘေးဘက်ကို လက်ညှိုးထိုးပြကာ "အဲဒါ သင်္ဘောတစ်စင်း မဟုတ်ဘူးလား"

ဟန်ရှန်းမန်က ကြားသောအခါ ချက်ချင်း အံ့သြသွားပြီး လင်းယွမ် လက်ညှိုးထိုးပြသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

တကယ်တမ်းပင် လူနေတိုက်၏ ဘေးဘက် အနောက်ပိုင်းတွင် မသေးငယ်လှသော သင်္ဘောကြီး တစ်စင်း ရှိနေသည်။

ဤသင်္ဘောက ခေတ်မီစက်မှုလုပ်ငန်းသုံး သင်္ဘောမျိုး မဟုတ်ဘဲ သစ်သားစစ်စစ်ဖြင့် တည်ဆောက်ထားသော သင်္ဘောကြီး တစ်စင်း ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

ဆက်ရန်...

အပိုင်း(၃၇၂) ရုတ်တရက် ပေါ်လာသော ဝိညာဉ်စွမ်းအင်ဂိုဏ်း

"ချိုးရင်ယွဲ့ဆီမှာ ဘယ်လိုလုပ် သင်္ဘောရှိနေရတာလဲ"

ဟန်ရှန်းမန်က အနည်းငယ် အံ့ဩသံသယဖြစ်သွားပြီး တီးတိုး မေးလိုက်သည်။

လင်းယွမ်က ထိုလှေကို စူးစိုက်ကြည့်နေပြီး ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။

"ချိုးရင်ယွဲ့ရဲ့ သင်္ဘောတော့ မဖြစ်နိုင်ဘူး"

"ဘာလို့လဲ" ဟန်ရှန်းမန်က နားမလည်စွာဖြင့် မေးလိုက်သည်။

"ဒီသင်္ဘောကို ကြည့်လိုက်... တစ်စင်းလုံးက သစ်သားတွေနဲ့ ဆောက်ထားတာ... ကြည့်လိုက်တာနဲ့ ခေတ်မီ စက်မှုလက်မှုနည်းပညာနဲ့ တည်ဆောက်ထားတဲ့ သင်္ဘောမဟုတ်ဘူး ဆိုတာ သိသာတယ်"

"လီရွှေဥယျာဉ်မှာ သင်္ဘောဆောက်ဖို့ လုံလောက်တဲ့ သစ်သားတွေမှ မရှိတာ"

ဟန်ရှန်းမန်က နေမရဘဲ ပြောလိုက်သည်။ "ဒီအတောအတွင်း ချိုးရင်ယွဲ့ သွားလုလာတာများ ဖြစ်မလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ဖြစ်နိုင်ခြေ နည်းတယ်... ဒီလို သင်္ဘောမျိုး တည်ဆောက်နိုင်တယ် ဆိုကတည်းက ဒီသင်္ဘောရဲ့ နောက်ကွယ်က အဖွဲ့အစည်းက သေးငယ်မှာ မဟုတ်ဘူး... လီရွှေဥယျာဉ်ဘက်မှာ တိုက်ခိုက်နိုင်တဲ့ အစွမ်းပိုင်ရှင် သိပ်မများဘူး"

"ဒါဆို ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ"

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"လှေကို အရင် သိမ်းထားလိုက်မယ်... ငါတို့ အဆောက်အအုံထဲ ဝင်ပြီး ချိုးရင်ယွဲ့ကို အရင် သွားရှာကြတာပေါ့"

ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ကိုယ်ကို တစ်ချက် ခုန်လိုက်ကာ ရေထဲသို့ ခုန်ဆင်းသွားသည်။

ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများက သူမကို အလိုအလျောက် ရစ်ပတ်သွားပြီး စက်ဝိုင်းပုံ ရေဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လင်းယွမ်က လှေလေးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်ပြီး စိတ်စွမ်းအင်ကို အကာအကွယ် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲကာ သူ့တစ်ကိုယ်လုံးကို ကာကွယ်လိုက်သည်။

သူတို့နှစ်ဦးက ရေအောက်သို့ ငုပ်လျှိုးသွားပြီး ချိုးရင်ယွဲ့ရှိနေသော အဆောက်အအုံဆီသို့ အလျင်အမြန် တိုးဝင်သွားကြသည်။

မကြာမီမှာပင် ရေအောက်မှတစ်ဆင့် အဆောက်အအုံထဲသို့ ဝင်ရောက်သွားကြပြီး နှစ်ဦးသားက ရေအောက်လှေကားထစ်များအတိုင်း အသံတိတ် တက်လာကြသည်။

ရေပြင်ပေါ်သို့ ရောက်သည်နှင့် နှာခေါင်းဝသို့ ညှီစော်နံနေသော သွေးနံ့များ လွင့်ပျံလာသည်။

လင်းယွမ်က လှမ်းကြည့်လိုက်ရာ အနီးအနားရှိ ရေပြင်ပေါ်တွင် ရုပ်အလောင်းများစွာ ပေါလောပေါ်နေပြီး အများစုမှာ ယောက်ျား ရုပ်အလောင်းများ ဖြစ်နေသည်။

လင်းယွမ်နှင့် ဟန်ရှန်းမန်တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် နှစ်ဦးသား နားလည်မှုရှိစွာဖြင့် စင်္ကြံလမ်းအတိုင်း လျှောက်သွားကြသည်။

စင်္ကြံလမ်းကို ဖြတ်သန်းပြီးနောက် ဆက်သွယ်ထားသော စင်္ကြံလမ်းဆီသို့ ရောက်ရှိသွားသည်။

လင်းယွမ်က စင်္ကြံလမ်းပေါ်သို့ ခေါင်းပြူကာ တစ်ချက် လှမ်းကြည့်လိုက်ရာ ပထမထပ် စင်္ကြံလမ်းပေါ်တွင်လည်း ရုပ်အလောင်းများစွာ လဲကျနေသည်ကို မြင်လိုက်ရသည်။

ထိုအချိန်မှာပင် အပေါ်ထပ်မှ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဒေါသတကြီး ဟစ်အော်သံများ ထွက်ပေါ်လာသည်။

လင်းယွမ်နှင့် ဟန်ရှန်းမန်တို့က ထိုအခြေအနေကို မြင်လိုက်သည်နှင့် အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားကြသည်။

အပေါ်ထပ်သို့ ရောက်ရှိသွားသောအခါ လူရိပ်အနည်းငယ် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။

"အမချိုး... ခင်ဗျား အမြန်ပြေးတော့... သူတို့ကို ကျွန်တော် တားထားလိုက်မယ်"

ဒေါသတကြီး ဟစ်အော်သံတစ်သံကို ကြားလိုက်ရပြီး လင်းဝူက သံတံခါးရွက်တစ်ခုကို မ,ကာ မျက်နှာချင်းဆိုင်ရှိ အစွမ်းပိုင်ရှင်များဆီသို့ အပြင်းအထန် ဝင်တိုက်လိုက်သည်။

ထိုအထဲမှ အစွမ်းပိုင်ရှင်တစ်ဦးက လှောင်ပြောင်ရယ်မောလိုက်သည်။ "ခွန်အားပဲ သုံးတတ်တဲ့ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ကများ ငါတို့ရှေ့မှာ လာပြီး ရောင့်တက်နေသေးတယ်ပေါ့လေ"

"ဖယ်လိုက်စမ်း"

ထိုအစွမ်းပိုင်ရှင်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ပါးစပ်မှ အသံလှိုင်းများ အုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။

လေထုက ချက်ချင်း လိမ်ကောက်သွားပြီး လှိုင်းလုံးများ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်လာသည်။

လင်းဝူက ထိုတံခါးရွက်နှင့်အတူ အုန်းခနဲ မြည်သံနှင့်အတူ အနောက်သို့ လွင့်စင်သွားသည်။

စင်္ကြံလမ်းကို တိုက်ရိုက် ရိုက်ချိုးမိသွားပြီး လင်းဝူက ရေထဲသို့ တည့်မတ်စွာ ပြုတ်ကျသွားလေသည်။

ချိုးရင်ယွဲ့၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး မိုးကြိုးလက်သီးတစ်ချက်ကို အပြင်းအထန် ပစ်သွင်းလိုက်ရာ အုန်းခနဲ မြည်သံနှင့်အတူ မိုးကြိုးများ ပေါက်ကွဲထွက်လာပြီး မျက်နှာချင်းဆိုင်ရှိ ရန်သူကို လွင့်စင်သွားစေသည်။

ထို့နောက် သူမ၏ ကိုယ်ဟန်က တစ်ချက် လင်းလက်သွားပြီး လျှပ်စီးသဖွယ် မြန်ဆန်စွာဖြင့် အဆောက်အအုံအပြင်ဘက်သို့ အလျင်အမြန် ခုန်ထွက်သွားသည်။

သို့သော် သူမက အဆောက်အအုံထဲမှ ခုန်ထွက်လိုက်သည်နှင့် ရုတ်တရက် အစွမ်းပိုင်ရှင်တစ်ဦးက အလွန် သေးငယ်သော ပိုက်ကွန်တစ်ခုကို အားကုန် လွှင့်ပစ်လိုက်သည်။

"ဝှစ်"

သေးငယ်သော ပိုက်ကွန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ချိုးရင်ယွဲ့၏ ကိုယ်ဟန်ကို လွှမ်းခြုံသွားပြီး သူမကို တိုက်ရိုက် ဖမ်းချုပ်လိုက်သည်။

နောက်တစ်ခဏတွင် အခြား အစွမ်းပိုင်ရှင် နှစ်ဦးက သေနတ်နှင့်တူသော ပစ္စည်းများကို ဆွဲထုတ်လိုက်ပြီး ဒိုင်း... ဒိုင်း... ဟူသော အသံနှစ်သံ ထွက်ပေါ်လာသည်။

သေနတ်ထဲမှ ပစ်ထွက်လာသည်က ကျည်ဆန်များ မဟုတ်ဘဲ မြှားနှစ်စင်း ဖြစ်နေသည်။

ထိုမြှားနှစ်စင်းက ချိုးရင်ယွဲ့၏ ပခုံးနှင့် ခြေသလုံးကို ချက်ချင်း ထိမှန်သွားသည်။

ချက်ချင်းပင် ချိုးရင်ယွဲ့၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး သူမတစ်ကိုယ်လုံးက လေလျော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွားကာ ခန္ဓာကိုယ်အတွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

အစွမ်းပိုင်ရှင်တစ်ဦးက ရွှီးခနဲ အသံနှင့်အတူ ပိုက်ကွန်ကို ဆွဲမ,လိုက်ပြီး လေဟာပြင်ကို ခြေဖြင့်နင်းကာ မျက်နှာချင်းဆိုင်ရှိ သစ်သားလှေကြီးဆီသို့ အလွန် လျင်မြန်စွာ ပျံသန်းသွားလေသည်။

လင်းယွမ်နှင့် ဟန်ရှန်းမန်တို့က ဤဖြစ်ရပ်တစ်ခုလုံးကို မြင်တွေ့လိုက်ရပြီး ထူးဆန်းသော သေနတ်နှင့် ဤလူအုပ်စုကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။

နှစ်ဦးစလုံးက ရမ်းသန်းပြီး ဝင်ရောက် မစွက်ဖက်ကြပေ။ လင်းယွမ်၏ ခန္ဓာကိုယ်မှ မြေဝါရောင် အလင်းတန်းများ လင်းလက်လာပြီး နံရံထဲသို့ အလျင်အမြန် ဝင်ရောက်ကာ ကိုယ်ယောင်ဖျောက်လိုက်သည်။

ဟန်ရှန်းမန်ကလည်း မြေလျှိုးသင်္ကေတ ကျောက်တုံးတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူလုပ်သည့်အတိုင်း လိုက်လုပ်လိုက်သည်။

သူတို့နှစ်ဦးစလုံးက မဆင်မခြင် လုပ်တတ်သူများ မဟုတ်သဖြင့် ဒေါသအလျောက် ရှေ့ထွက်ပြီး သွားရောက် ကူညီမည် မဟုတ်ပေ။

ထို့နောက် ထိုအစွမ်းပိုင်ရှင်အုပ်စုက အဆောက်အအုံထဲတွင် ပစ္စည်းများကို အလျင်အမြန် ရှာဖွေကာ အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကို ဖမ်းဆီးပြီး သစ်သားလှေပေါ်သို့ အကုန် ပို့ဆောင်နေသည်ကို မြင်လိုက်ရသည်။

တစ်နာရီခန့် အလုပ်ရှုပ်ပြီးနောက်မှ ထိုလူအုပ်စုက အဆောက်အအုံထဲမှ ထွက်ခွာသွားကြပြီး ထိုသစ်သားလှေကလည်း ဦးတည်ရာကို ပြောင်းလဲကာ အခြား အဆောက်အအုံ အနည်းငယ်ဆီသို့ သွားရောက် တိုက်ခိုက်လေသည်။

ထိုအခါမှသာ လင်းယွမ်က နံရံထဲမှ ပြန်လည် ထွက်ပေါ်လာပြီး ဟန်ရှန်းမန်ကလည်း ချက်ချင်း ထွက်ပေါ်လာသည်။

"ကိုလင်းယွမ်... ဒီလူတွေက ဘယ်သူတွေလဲ" သူမက အနည်းငယ် အံ့ဩထိတ်လန့်စွာဖြင့် မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "သေချာ မသိသေးဘူး... သွားရအောင်... ဒီမှာ လွတ်နေတဲ့သူ ရှိမရှိ အရင် သွားကြည့်ပြီး လူတစ်ယောက်ယောက်ကို ရှာမေးကြည့်တာပေါ့"

သူတို့နှစ်ဦးက အဆောက်အအုံထဲတွင် အလျင်အမြန် ရှာဖွေလိုက်ကြသည်။

သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် အိုမင်းမစွမ်းသူများနှင့် မသန်စွမ်းသူ အနည်းငယ်ကိုသာ ရှာတွေ့ခဲ့သည်။

လင်းယွမ်က ထိုသူများကို မေးမြန်းကြည့်ရာ ထိုသူများအားလုံးက အိပ်ရာထဲတွင် အချိန်ကြာမြင့်စွာ လဲနေသူများ ဖြစ်ကြပြီး အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို လုံးဝ မသိကြပေ။

"ကိုလင်းယွမ်... ဒီဘက်မှာ တစ်ခု တွေ့တယ်"

ဟန်ရှန်းမန်က ရုတ်တရက် အသံနှိမ့်ကာ လှမ်းခေါ်လိုက်သည်။

လင်းယွမ်က သူမရှိရာဘက်သို့ အလျင်အမြန် ပြေးသွားလိုက်ရာ သူမက မျက်နှာကြက်ပေါ်တွင် မိန်းကလေးတစ်ဦးကို ရှာတွေ့ထားသည်ကို မြင်လိုက်ရသည်။

ယခုအချိန်တွင် မိန်းကလေး၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ဟန်ရှန်းမန်နှင့် လင်းယွမ်ကို ကြည့်နေသည်။

"ကျွန်မကို မသတ်ပါနဲ့... ကျွန်မကို မသတ်ပါနဲ့..."

လင်းယွမ်က ပြောလိုက်သည်။ "ငါတို့က ဟိုလူတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး... ညီမလေး... အရင် ဆင်းလာခဲ့ပါ"

ထိုမိန်းကလေးငယ်လေးက ကြောက်လန့်တကြား မျက်ရည်များ စီးကျနေပြီး လင်းယွမ်၏ စကားကို ကြားသောအခါ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူမက လင်းယွမ်ကို သေချာစွာ ထပ်မံ ကြည့်ရှုလိုက်ပြီး ရုတ်တရက် အံ့အားသင့်စွာ အော်လိုက်သည်။ "အို... ရှင်ပဲ"

လင်းယွမ်က နေမရဘဲ မျက်ခုံးပင့်လိုက်သည်။ "ညီမက ငါ့ကို သိလို့လား"

သူ အနည်းငယ် အံ့အားသင့်သွားသည်။ အစက သူ လီရွှေဥယျာဉ်ထဲကိုပင် မဝင်ခဲ့ရဘဲ ဒီနေရာမှာ သူ့ကို သိတဲ့သူ ရှိနေသေးတာလား။

ထိုမိန်းကလေးက အလျင်စလို ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို သိတယ်... ရှင်က ပြီးခဲ့တဲ့ အခေါက်တုန်းက အဘိုးလီကို လာခေါ်သွားတဲ့သူမလား"

ဟန်ရှန်းမန်နှင့် လင်းယွမ်တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ဟုတ်တယ်... ညီမလေး... ညီမက ဘယ်သူလဲ"

ဒီတစ်ကြိမ်တွင်တော့ မိန်းကလေးက ရဲတင်းသွားပြီး မျက်နှာကြက်ပေါ်မှ အလျင်အမြန် ဆင်းလာကာ ငိုယို တောင်းပန်လိုက်သည်။

"ဆရာ... ကျွန်မကို ကယ်ပါဦး... ကျွန်မကို ကယ်ပေးပါနော်... ဟိုလူတွေ ဖမ်းခေါ်သွားတာကို ကျွန်မ မခံချင်ဘူး... အီးဟီး..."

"ညီမလေး... မငိုနဲ့ဦး... ညီမ နာမည် ဘယ်လိုခေါ်လဲ"

"ကျွန်မ... ကျွန်မ နာမည်က ချွီလင်လင်ပါ" မိန်းကလေးက ငိုရင်း ပြောလိုက်သည်။

လင်းယွမ်က ကြောင်အမ်းသွားပြီး အံ့ဩသွားသည်။ "ညီမက ချွီလင်လင်လား"

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ အံ့ဩစွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။ "ရှင် သူ့ကို သိလို့လား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဒီတစ်ခေါက် မထွက်လာခင်တုန်းက ပါမောက္ခလီက ငါ့ကို အကူအညီတောင်းခဲ့သေးတယ်... လီရွှေဥယျာဉ်ဘက်ကနေ မိသားစုတစ်စုကို ကယ်ပေးနိုင်မလား ဆိုပြီးတော့ မေးတာ"

ဟန်ရှန်းမန်က ချက်ချင်း နားလည်သွားပြီး ပြောလိုက်သည်။ "သူနဲ့ သူ့မိသားစုကို ပြောတာလား"

"အင်း... ပါမောက္ခလီက သူတို့မိသားစုအပေါ် ကျေးဇူး ရှိထားလို့ နေမှာ... ပြီးခဲ့တဲ့ အခေါက် ထွက်သွားတုန်းက သူက လှေပေါ် ပထမဆုံးအကြိမ် တက်လာပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်ခဲ့တာဆိုတော့ တောင်းဖို့ မရဲခဲ့ဘူး"

"နောက်ပိုင်း ကျွန်တော် ထပ်ပြန်လာဦးမယ် ဆိုတာကို သိသွားတော့မှ ဒီအကူအညီကို သီးသန့် တောင်းဆိုခဲ့တာ"

"ညီမလေး... ငါ့ မျိုးရိုးနာမည်က လင်း ပါ... ညီမလေး ငါ့ကို ကိုလင်းယွမ် လို့ပဲ ခေါ်ပါ"

ဟန်ရှန်းမန်ကလည်း သွားရောက်ကာ ခေါင်းငုံ့တောင်းပန်နေသော ချွီလင်လင်ကို တွဲထူလိုက်ပြီး ပြောလိုက်သည်။ "ညီမ နာမည်က ချွီလင်လင် မှတ်လား... အမနာမည်က ဟန်ရှန်းမန် ပါ... ညီမ အမကို အမရှန်းမန် လို့ပဲ ခေါ်ပါ"

"ကဲ... လာပါ... မငိုနဲ့တော့... အမတို့က အခုမှ ရောက်လာတာဆိုတော့ ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို အမတို့ကို ပြောပြနိုင်မလား"

ချွီလင်လင်က ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ငိုရင်းဖြင့် ဒီဘက်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြောပြလေသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဲဒီ လှေကြီးက အနီးအနားက ရေပြင်မှာ ရုတ်တရက် ပေါ်လာတာ... သူတို့ကိုယ်သူတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း လို့ ခေါ်ကြတယ်... ဘယ်ကနေ ရောက်လာမှန်းလည်း မသိဘူး"

"ဒီလူတွေက နေရာအနှံ့ လိုက်ပြီး လူတွေကို လှေပေါ် ဖမ်းခေါ်သွားကြတာ... ဒီနှစ်ရက်အတွင်းမှာ လူအများကြီး ဖမ်းခေါ်သွားခံရတယ်... ဒီနေ့တော့ ကျွန်မတို့ဆီကို ဖမ်းဖို့ ရောက်လာကြတာပဲ"

"သူတို့လှေပေါ်မှာ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိတယ်... ပြီးတော့ အားလုံးက အရမ်း တော်ကြတယ်"

"အမချိုးက အစွမ်းပိုင်ရှင်တွေကို ခေါ်ပြီး တစ်မနက်ခင်းလုံး ပြန်ခုခံခဲ့တယ်... ဒါပေမဲ့ သူတို့ဆီမှာ သေနတ်လိုမျိုး လက်နက်တွေ အများကြီး ရှိနေတယ်... ခန္ဓာကိုယ်ကို ထိမှန်သွားတာနဲ့ အမချိုးတို့က ချက်ချင်းကို ပြန်လည် ခုခံနိုင်စွမ်းတွေ ပျောက်ဆုံးသွားကြတာ"

ချွီလင်လင်က တစ်ခဏမျှ ရှင်းပြလိုက်ပြီးနောက် လင်းယွမ်နှင့် ဟန်ရှန်းမန်တို့ နှစ်ဦးစလုံးက မနေနိုင်ပဲ မျက်မှောင်ကြုတ်သွားကြသည်။

"ဝိညာဉ်စွမ်းအင်ဂိုဏ်း ဟုတ်လား"

"ဘယ်ကနေ ထွက်ပေါ်လာတဲ့ အဖွဲ့အစည်း တစ်ခုပါလိမ့်"

လင်းယွမ်က နားမလည်နိုင် ဖြစ်နေပြီး ဟန်ရှန်းမန်ကလည်း သဘာဝကျစွာပင် ထိုကဲ့သို့သော အဖွဲ့အစည်းအကြောင်းကို မကြားဖူးခဲ့သဖြင့် ခေါင်းခါယမ်းလိုက်သည်။

ချွီလင်လင်ကတော့ ပိုပြီး မသိနိုင်ပေ။ ဤအဖွဲ့အစည်းက လေထဲမှ ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ရှန်းမန်... မင်းက ချွီလင်လင်ကို ခေါ်ပြီး အရင် ပုန်းနေလိုက်ဦး... ငါ သွားပြီး အဲဒီလူအုပ်စုရဲ့ နောက်ခံအကြောင်းကို စုံစမ်းကြည့်လိုက်မယ်"

ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မနေနိုင်ဘဲ သတိပေးစကား တစ်ခွန်း ပြောလိုက်သည်။

"ရှင် သတိထားဦးနော်... အဲဒီလူအုပ်စုက သာမန် မဟုတ်ဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ထိုလူအုပ်စု ထုတ်ယူလာသော လက်နက်များကို ကြည့်ရုံဖြင့် ဤအဖွဲ့က သာမန် ပေါ့ပျက်ပျက် အဖွဲ့အစည်း မဟုတ်ကြောင်းကို သိနိုင်ပေသည်။

သူတို့နောက်ကွယ်တွင် သေးငယ်လှသော အဖွဲ့အစည်းတစ်ခု ရှိနေမည် မဟုတ်သည်မှာ သေချာလှသည်။

လင်းယွမ်က ဟန်ရှန်းမန်ကို စကားတစ်ခွန်းနှစ်ခွန်း သတိပေးလိုက်ပြီးနောက် ကိုယ်ကို တစ်ချက် ခုန်လိုက်ကာ ရေထဲသို့ ခုန်ဆင်းသွားလေသည်။

ရေအောက်တွင် အလွန် လျင်မြန်စွာ ရေကူးသွားပြီး မျိုးရိုးဗီဇ အသွင်ပြောင်းခြင်း ၏ အထောက်အပံ့အောက်တွင် လင်းယွမ်၏ ကိုယ်ဟန်က အလျင်အမြန် ပြောင်းလဲသွားသည်။

ယခင်က သန္ဓေပြောင်းစွမ်းအင်များ ပြောင်းလဲသွားသကဲ့သို့ သူ၏ လက်နှင့် ခြေထောက်များတွင် ရေယက်များ ထွက်ပေါ်လာကာ နားရွက်နောက်တွင် ပါးဟက်များ ထွက်ပေါ်လာပြီး မျက်လုံးကို ကာကွယ်ရန် မျက်လုံးပေါ်တွင် ပွင့်လင်းမြင်သာသော အလွှာပါးတစ်ခု ကြီးထွားလာသည်။

သူ၏ ကိုယ်ဟန် ပြောင်းလဲသွားမှုနှင့်အတူ ရေအောက်တွင် ရေကူးသည့် အလျင်ကလည်း ပို၍ မြန်ဆန်လာသည်။

သန္ဓေပြောင်းစွမ်းအင်များ၏ ပတ်ဝန်းကျင်နှင့် အလိုက်သင့် ပြောင်းလဲမှုများထက် ကွာခြားသည်မှာ မျိုးရိုးဗီဇ အသွင်ပြောင်းခြင်း ပင်ကိုယ်အစွမ်းက လင်းယွမ်ကို ပတ်ဝန်းကျင်နှင့် ကိုက်ညီစေရန် မိမိ၏ ခန္ဓာကိုယ်ပုံစံကို မိမိဖာသာ တက်ကြွစွာ ပြောင်းလဲနိုင်စေခြင်းပင် ဖြစ်သည်။

"အသွင်ပြောင်းမျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇ မျိုးစေ့တကယ် ပီသတယ်... ဒီလို အသွင်ပြောင်းတဲ့ ပညာရပ်က ကမ္ဘာပျက်ကပ် ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့အတွက် တကယ့် အကောင်းဆုံး ရွေးချယ်မှုပဲ"

လင်းယွမ်၏ စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်သွားပြီး စိတ်စွမ်းအင်များကို ထုတ်လွှတ်ကာ ရေအောက်မှနေ၍ ထိုသစ်သားလှေကို အလွန် လျင်မြန်စွာ လိုက်လံ ဖမ်းဆီးလိုက်သည်။

မကြာမီမှာပင် သူက ရှေ့ရှိ သစ်သားလှေကို မှီသွားလေသည်။

ဤသစ်သားလှေက လီရွှေဥယျာဉ်၏ အခြား အဆောက်အအုံ တစ်ခုရှေ့တွင် ရပ်တန့်နေပြီး အဆောက်အအုံအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကို အကြီးအကျယ် ဖမ်းဆီးနေသည်။

လင်းယွမ်က သစ်သားလှေဆီသို့ သတိထားကာ ချဉ်းကပ်သွားပြီး လှေပေါ်သို့ ချက်ချင်း မတက်သေးဘဲ သစ်သားလှေတစ်လျှောက် တစ်ပတ်လှည့်၍ အရင် ကြည့်ရှုလိုက်သည်။

ဤသစ်သားလှေသည် အမှန်တကယ်ပင် တုတ်ခိုင်သော သစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ရေပေါ်ပေါ်နိုင်စွမ်း အလွန် ကောင်းမွန်သည်။

ထိုမျှမက လှေတစ်စင်းလုံးတွင် သင်္ကေတစာသား အမြောက်အများကို ထွင်းထုထားသေးသည်။

ထိုသင်္ကေတစာသား ပုံစံများကို လင်းယွမ်က အလွန် ရင်းနှီးကျွမ်းဝင်နေသည်။ သေချာပေါက် သင်္ကေတအရိုး များကဲ့သို့သော သင်္ကေတများပင် ဖြစ်သည်။

ဤလှေသည် သင်္ကေတနည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။

ဤအရာက လင်းယွမ်အား ထိုဝိညာဉ်စွမ်းအင်ဂိုဏ်း ဆိုသည်၏ နောက်ကွယ်က ရိုးရှင်းမည် မဟုတ်ကြောင်းကို ပို၍ ခံစားမိစေသည်။

လင်းယွမ်၏ အကြည့်များက တစ်ချက် လင်းလက်သွားပြီး လက်ဖဝါးကို ဆန့်တန်းကာ ညင်သာစွာ တစ်ချက် ခေါက်လိုက်သည်။

"ဝုန်း"

ရေလှိုင်းများ စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေမြှားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ အပြင်းအထန် ပစ်လွှတ်လိုက်သည်။

"ဘုန်း"

ရေမြှားက လှေကိုယ်ထည်ပေါ်သို့ အပြင်းအထန် ဝင်တိုက်သွားပြီး ချက်ချင်းပင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သစ်သားလှေပေါ်မှ ရွှေရောင် အလင်းတန်းများ ချက်ချင်း ထိုးထွက်လာပြီး အကာအကွယ် အတားအဆီးတစ်ခုကဲ့သို့ အလွှာပါးတစ်ခု ဖြစ်ပေါ်လာကာ လှေကိုယ်ထည်ကို ကာကွယ်ပေးလိုက်သည်။

ရေမြှားက ပေါက်ကွဲထွက်သွားသော်လည်း ထိုလှေကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နေမရဘဲ အကြည့်များ အနည်းငယ် တည်ကြည်သွားသည်။

"သတ္တုဓာတ် အကာအကွယ် သင်္ကေတ လား"

လင်းယွမ်၏ အကြည့်များက အနည်းငယ် လင်းလက်သွားပြီး ထိုလှေ၏ အခြား တစ်ဖက်သို့ ချက်ချင်း ကူးခတ်သွားကာ ရေဓားတစ်လက်ကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

ရေဓားက လှေကိုယ်ထည်ပေါ်သို့ အပြင်းအထန် ခုတ်ပိုင်းချလိုက်ရာ ပေါက်ကွဲသံတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။

ထိုလှေကိုယ်ထည်မှ ရွှေရောင် အလင်းတစ်ချက် လင်းလက်သွားပြီး သင်္ကေတများ လင်းလက်လာချိန်တွင် ရွှေရောင် အကာအကွယ် အတားအဆီးက ထပ်မံ ထွက်ပေါ်လာကာ လင်းယွမ်၏ ရေဓားကို တားဆီးပေးလိုက်သည်။

ဤသစ်သားလှေ၏ လှေဝမ်းဗိုက် တစ်ခုလုံးတွင် ဤရွှေရောင် အကာအကွယ် သင်္ကေတများ ထွင်းထုထားကြောင်းကို လင်းယွမ် အဆုံးတွင် အတည်ပြုနိုင်သွားသည်။

သူက ထိုသင်္ကေတများကို တစ်ပတ်လှည့်၍ သေချာစွာ ကြည့်ရှုလိုက်ရာ ရုတ်တရက် သတိထားမိသွားသည်။

ဤသင်္ကေတသည် တစ်ခုတည်း မဟုတ်ဘဲ လှေဦးပိုင်း၊ လှေပဲ့ပိုင်း၊ လှေအလယ်ပိုင်းတို့တွင် ရှိသော သင်္ကေတများအားလုံးက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သုံးကြိမ် ထပ်တလဲလဲ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

"ဒါက... သင်္ကေတ တစ်မျိုးတည်းကို သုံးကြိမ် ထွင်းထုထားပြီး သင်္ကေတ အစီအရင်တစ်ခု အဖြစ် ဖွဲ့စည်းထားတာပဲ... သူသက်ရောက်တဲ့ဧရိယာကို တိုးလာစေပြီး တစ်ချိန်တည်းမှာ အကာအကွယ် အားကိုလည်း တိုးလာစေတယ်"

သင်္ကေတ နည်းပညာဘက်တွင် လင်းယွမ်ကို ဆရာတစ်ဆူ အဆင့်ဟု သတ်မှတ်၍ ရနိုင်နေပြီ ဖြစ်သည်။

သူ့ရှေ့ရှိ ဤသင်္ကေတအစုကို သူက သင်္ကေတတစ်မျိုးတည်းဟု ထင်ထားခဲ့သော်လည်း သေချာစွာ လေ့လာကြည့်လိုက်သောအခါ ဤသည်က သင်္ကေတတစ်မျိုးတည်းကို သုံးကြိမ် ကူးယူထားပြီးနောက် ပါးနပ်သော နည်းလမ်းဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အဆုံးတွင် ဤကဲ့သို့သော သင်္ကေတ ဝင်္ကပါ အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။

သူက မနေနိုင်ဘဲ ဦးနှောက်ထဲတွင် အတွေးတစ်ချက် လင်းလက်သွားပြီး တိတ်တဆိတ် အံ့ဩချီးကျူးမိသွားသည်။

"ဒီသင်္ကေတ အစီအရင်ကို ဒီဇိုင်းဆွဲထားတဲ့ လူက တကယ့် ပါရမီရှင်ပဲ... ဒီလို နည်းလမ်းကို သုံးပြီး သင်္ကေတ ကိုယ်တိုင်ရဲ့ ကာကွယ်နိုင်စွမ်းနဲ့ လွှမ်းခြုံနိုင်တဲ့ ဧရိယာကို ချဲ့ထွင်ဖို့ စဉ်းစားနိုင်ခဲ့တယ်"

သူ့ကိုယ်ပိုင် လိပ်ခွံစွမ်းအင်အကာအကွယ် ကို သူ ချက်ချင်း သတိရသွားသည်။

လိပ်ခွံစွမ်းအင်အကာအကွယ် သည် အဖြူရောင်အဆင့် ပညာရပ် ဖြစ်ပြီး သင်္ကေတက သိပ်မရှုပ်ထွေးလှသဖြင့် ပုံတူကူးချရန် မခက်ခဲလှပေ။

စိတ်စွမ်းအင် လုံလောက်ရုံဖြင့် တကယ်တမ်း ဖန်တီးရ လွယ်ကူလှသည်။

သို့သော် လိပ်ခွံစွမ်းအင်အကာအကွယ် ၏ ကာကွယ်မှုသည် တကယ်တမ်းတွင် အသုံးပြုသူ၏ စိတ်စွမ်းအင်နှင့် သက်ဆိုင်နေသည်။

လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ် ကို အသုံးပြုပါက သဘာဝကျစွာပင် သာမန်လူများ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးကို အသုံးပြုကာ ထုတ်ဖော်လိုက်သော လိပ်ခွံစွမ်းအင်အကာအကွယ် ၏ အကာအကွယ် စွမ်းအားထက် များစွာ သာလွန်ပေလိမ့်မည်။

အကယ်၍ စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ကျွမ်းကျင်သော အဆင့်တူ အစွမ်းပိုင်ရှင်ချင်း ဆိုပါက လင်းယွမ်၏ လိပ်ခွံစွမ်းအင်အကာအကွယ် က တကယ်တမ်းတွင် သိပ်ပြီး အစွမ်းထက်လှသည် မဟုတ်ပေ။

သို့သော် ယခု ဤသင်္ကေတ အစီအရင်၏ ဒီဇိုင်း အယူအဆက လင်းယွမ်အား ချက်ချင်းပင် အကြံဉာဏ်များ ရရှိသွားစေသည်။

"အရည်အသွေး ပိုမြင့်တဲ့ ပညာရပ်တွေကို မသင်ရသေးခင်မှာ ဒီလို သင်္ကေတ အစီအရင် နည်းလမ်းကို သုံးပြီး ငါ့လိပ်ခွံစွမ်းအင်အကာအကွယ် ရဲ့ အကာအကွယ် စွမ်းအားနဲ့ အတိုင်းအတာကို တိုးမြှင့်လို့ ရနိုင်လောက်တယ်"

"ဒါပေမဲ့ တူညီတဲ့ သင်္ကေတကို ဘယ်လို အစီအရင်အဖြစ် ပေါင်းစပ်ရမလဲ ဆိုတာကမှ အဓိက အခက်အခဲပဲ"

လင်းယွမ်၏ အတွေးများက လင်းလက်သွားပြီး ထိုအတွေးများကို ဖိနှိပ်ထားလိုက်ကာ ယခု လက်တလော အရေးကြီးဆုံးမှာ ဤလှေ၏ နောက်ခံအကြောင်းကို စုံစမ်းရန်ပင် ဖြစ်သည်။

ဆက်ရန်...

All Chapters