← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 19 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 19 Ch. 375-376

အပိုင်း (၃၇၅) ကွမ်ဖူ၏ အခြေအနေ

ရေပေါ်ကျွန်း...

လင်းယွမ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဤစကားလုံးကို ကြားလိုက်ရချိန်တွင် သူ၏ ပထမဆုံး တုံ့ပြန်မှုက အတိတ်က ကြုံတွေ့ခဲ့ဖူးသော လိပ်ကျွန်းကို ပြေးသတိရသွားခြင်း ဖြစ်သည်။

ထိုလိပ်ကျွန်းက ကျွန်းတစ်ကျွန်းဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဧရာမ သန္ဓေပြောင်း လိပ်ကြီး တစ်ကောင်သာ ဖြစ်သည်။

သို့မဟုတ်ပါက ကျွန်းတစ်ကျွန်းက လှိုင်းလုံးများနှင့်အတူ မည်သို့မည်ပုံ မျောပါသွားနိုင်မည်ကို လုံးဝ ရှင်းပြနိုင်မည် မဟုတ်ပေ။

ဒီကျွန်းကိုယ်တိုင်က ရွေ့လျားနိုင်စွမ်း ရှိနေမှသာလျှင် ဖြစ်နိုင်မည် ဖြစ်သည်။

"ဘာလို့ ရေပေါ်ကျွန်းကို ရှာတွေ့ရင် ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်ကျန်ရစ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မယ်လို့ ပြောရတာလဲ" လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။

အရပ်ရှည်ရှည်နှင့်လူက ကမန်းကတန်း ပြန်ဖြေသည်။ "အတိအကျကိုတော့ ကျွန်တော်လည်း မသိပါဘူး... ကျွန်တော် ထင်တာကတော့ ရေပေါ်ကျွန်းမှာ ဝိဉာဉ်စွမ်းအင်တွေ ပြည့်ဝနေပြီး ရေပြင်ပေါ်မှာ ပေါလောပေါ်နေတာကြောင့် ရေလွှမ်းမိုးခံရမှာကို စိုးရိမ်စရာ မလိုလို့ နေမှာပါ"

လင်းယွမ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဒီလူပြောသည်ကလည်း အတော်အတန် အဓိပ္ပာယ်ရှိပေသည်။

သို့သော်လည်း ဤမျှ ရိုးရှင်းနေမည်တော့ သေချာပေါက် မဟုတ်နိုင်ချေ။

"မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက ဘာလဲ"

လင်းယွမ်က ထိုမေးခွန်းများကို ဆက်မတွေးတော့ဘဲ သူအသိချင်ဆုံး ကိစ္စကိုသာ ပြောင်းလဲ အာရုံစိုက်လိုက်သည်။

သူကိုယ်တိုင်က စနစ်ထံမှသာ မျိုးရိုးဗီဇမျိုးစေ့အကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်သည်။ ဤကွမ်ဖူမှ လူများက မျိုးရိုးဗီဇမျိုးစေ့အကြောင်းကို မည်သို့ သိရှိနေကြသနည်း။

ဤသည်က သူ အဂရုစိုက်ဆုံး ကိစ္စပင် ဖြစ်သည်။

အရပ်ရှည်ရှည်နှင့်လူက ကမန်းကတန်း ဖြေသည်။ "မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက ဝိဉာဉ်စွမ်းအင်တွေ စုပ်ယူပြီး သန္ဓေပြောင်းလဲနှုန်း ၁၀၀% ပြည့်သွားတဲ့အခါ မဖြစ်မနေ ရယူရမယ့် မျိုးရိုးဗီဇမျိုးစေ့ပါပဲ"

"ကျွန်တော်တို့ ဝိဉာဉ်စွမ်းအင်တွေ စုပ်ယူပြီးနောက်မှာ... ခန္ဓာကိုယ်ရဲ့ အခြေခံ အရည်အသွေး ၄ ရပ်က အဆက်မပြတ် တိုးတက်လာပါတယ်... သန္ဓေပြောင်းလဲနှုန်းက လုံးဝ ၁၀၀% ကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် အရည်အသွေး ၄ ရပ်ထဲက တစ်ခုက အမြင့်ဆုံး ကန့်သတ်ချက်ကို ရောက်ရှိသွားပါတယ်"

"ဒီအမြင့်ဆုံး ကန့်သတ်ချက် ပမာဏကို ထောက်လှမ်းရေး သင်္ကေတနဲ့ ကြည့်မယ်ဆိုရင် အမှတ် ၅၀ ဝန်းကျင်လောက် ရှိပါတယ်"

"အဲ့ဒီ ကန့်သတ်ချက်ကို ရောက်သွားတဲ့အခါ မျိုးရိုးဗီဇမျိုးစေ့ကို မရယူနိုင်ဘဲ... ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇမြေပုံကို အသစ်ပြန်မရေးဆွဲနိုင်ဘူး ဆိုရင်... ဒီကန့်သတ်ချက်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး"

(သူတို့ဂိုဏ်းက ဝိဉာဉ်စွမ်းအင်ဂိုဏ်းဖြစ်တဲ့အတွက် သန္ဓေပြောင်းစွမ်းအင်ကို ဝိဉာဉ်စွမ်းအင်လို့ခေါ်ကြတာပါ)

လင်းယွမ်က ထိုစကားများကို နားထောင်ရင်း မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

တစ်ဖက်လူ ပြောနေသည်များက သူကြုံတွေ့ခဲ့ရသော အခြေအနေများနှင့် တစ်ပုံစံတည်း နီးပါး တူညီနေပေသည်။

သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "မင်း ဒီသတင်းတွေကို ဘယ်ကနေ ရလာတာလဲ"

"ဗျာ... ဒါ... ဒါက ကွမ်ဖူက ဂိုဏ်းကြီးသုံးဂိုဏ်းမှာဆို လူတိုင်း သိကြပါတယ်" အရပ်ရှည်ရှည်နှင့်လူက ကမန်းကတန်း ပြန်ဖြေလိုက်သည်။

လင်းယွမ်၏ မျက်နှာအမူအရာက လေးနက်သွားသည်။ သူတို့ဘက်နှင့် ကွမ်ဖူဘက်တွင် သတင်းအချက်အလက် ကွာဟမှုက ဤမျှတောင် ကြီးမားနေသလား။

ကွမ်ဖူဘက်က တကယ်တမ်း မည်သည့်အဆင့်အထိ တိုးတက်နေပြီနည်း... အစွမ်းများနှင့် ပတ်သက်သော သုတေသနများက သူတို့ဘက်ထက် ဤမျှတောင် မြန်ဆန်နေခဲ့ပြီလား။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ စိတ်ထဲမှ အံ့အားသင့်မှုနှင့် သံသယများကို ဖိနှိပ်လိုက်သည်။

"ဒီသတင်းတွေက အစောဆုံး ဘယ်ကနေ ထွက်လာတာလဲ"

"ဒါ... ဒါကိုတော့ ကျွန်တော် မသိပါဘူး... ဂိုဏ်းထဲကလူတွေ ပြောတာကိုပဲ ကြားခဲ့ရတာပါ" အရပ်ရှည်ရှည်နှင့်လူက ဖြေသည်။

လင်းယွမ်က ထပ်မေးလိုက်သည်။ "ဒါဆို ဒီမျိုးရိုးဗီဇမျိုးစေ့ကို ဘယ်လို ရယူရမှာလဲ... မျိုးရိုးဗီဇမျိုးစေ့ကို ဘယ်ကနေ ရနိုင်သလဲ"

အရပ်ရှည်ရှည်နှင့်လူက အလျင်စလို ဖြေသည်။ "တခြားသူတွေကိုတော့ ကျွန်တော် မသိပါဘူး... ကျွန်တော်တို့ ဝိဉာဉ်စွမ်းအင်ဂိုဏ်းထဲက ညီအစ်ကိုတွေ မျိုးရိုးဗီဇမျိုးစေ့ နိုးထချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပဲ ရှိပါတယ်... အဲ့ဒါက ဂိုဏ်းရဲ့ အထက်တန်းအဆင့် ရာထူးကိုရယူပြီး ဂိုဏ်းချုပ်ရဲ့ ကောင်းချီးပေးမှုကို ခံယူမှသာ... မျိုးရိုးဗီဇမျိုးစေ့ကို နိုးထစေနိုင်တာပါ"

လင်းယွမ်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မေးလိုက်သည်။

"ဝိဉာဉ်စွမ်းအင်ဂိုဏ်းမှာ... အစွမ်းပိုင်ရှင်တွေကို မျိုးရိုးဗီဇမျိုးစေ့ နိုးထစေနိုင်တဲ့ နည်းလမ်း ရှိတယ်ပေါ့"

"ဟုတ်ပါတယ်... ဂိုဏ်းချုပ်မှာ နည်းလမ်း ရှိပါတယ်... ဘယ်လိုနည်းလမ်းလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး"

"ဒါဆို လူတိုင်း နိုးထလာတဲ့ မျိုးရိုးဗီဇမျိုးစေ့နဲ့ မျိုးရိုးဗီဇမြေပုံတွေက အတူတူပဲလား"

အရပ်ရှည်ရှည်နှင့်လူက ခေါင်းညိတ်ပြသည်။ "ဟုတ်ပါတယ်... ကျွန်တော်တို့ ဝိဉာဉ်စွမ်းအင်ဂိုဏ်းထဲမှာတော့ အတူတူပါပဲ"

လင်းယွမ်၏ မျက်လုံးများက တစ်ချက် လက်ကနဲ ဖြစ်သွားသည်။ "ဒါဘာအဓိပ္ပာယ်လဲ... ကွမ်ဖူက တခြားဂိုဏ်းတွေ နိုးထလာတဲ့ မျိုးရိုးဗီဇမျိုးစေ့တွေက မတူကြဘူးလား"

"မတူပါဘူး... ရေနတ်ဘုရားဂိုဏ်းရဲ့ မျိုးရိုးဗီဇမျိုးစေ့က နတ်ရေစင်ဖီးနစ်ငှက် ဖြစ်ပြီး မြေမိခင်ဂိုဏ်းရဲ့ မျိုးရိုးဗီဇမျိုးစေ့ကတော့ အမွေးရှည်ဆင်ကြီး ပါ"

"ရေနတ်ဘုရားဂိုဏ်း... မြေမိခင်ဂိုဏ်း"

လင်းယွမ်က ထိုဂိုဏ်းနှစ်ခု၏ အမည်များကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ထိုဂိုဏ်းနှစ်ခုက ဝိဉာဉ်စွမ်းအင်ဂိုဏ်းနှင့် နာမည်ဂုဏ်သတင်း တူညီကြပြီး ကွမ်ဖူတွင် ဂိုဏ်းကြီးသုံးဂိုဏ်းဟု ခေါ်ဝေါ်ကြသည်ဖြစ်ရာ သူတို့၏ အင်အားကိုလည်း လျှော့တွက်၍ ရမည် မဟုတ်ချေ။

အထူးသဖြင့် ဤဂိုဏ်းနှစ်ခုတွင်လည်း မျိုးရိုးဗီဇမျိုးစေ့ နိုးထစေသည့် နည်းလမ်း ရှိနေခြင်းပင် ဖြစ်သည်။

ဤသည်က ထိုအင်အားစုနှစ်ခုထဲတွင် မျိုးရိုးဗီဇမျိုးစေ့ နိုးထထားသည့် ထိပ်တန်း အစွမ်းပိုင်ရှင်များ သေချာပေါက် ရှိနေမည်ကို ဖော်ပြနေပေသည်။

သေချာသည်ကတော့ အမည်ခံ ဂိုဏ်းများ ဆိုသည်မှာ ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ဦးဦးက အသွင်ယူ ဖန်တီးထားခြင်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးအပေါ် အသက်ရှင်ကျန်ရစ်သူများ၏ မျှော်လင့်ချက် ကင်းမဲ့နေမှုများကို အသုံးချကာ ကယ်တင်ရှင် ယုံကြည်မှု တစ်ခုကို ပုံဖော် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးက အသက်ရှင်ကျန်ရစ်သူ ခိုလှုံရေးစခန်း တစ်ခုကို ခက်ခက်ခဲခဲ တည်ဆောက်ရခြင်းထက် သဘာဝကျကျ အများကြီး ပိုကောင်းမွန်ပေသည်။

အကြောင်းမှာ ဘာသာရေး ဆန်ဆန် အဖွဲ့အစည်းများက ယုံကြည်သူများ၏ စိတ်ကူးတွေးခေါ်မှုများကို အတိုက်ရိုက်ဆုံး ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်က ထိုအရပ်ရှည်ရှည်နှင့်လူကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်းတို့ ဝိဉာဉ်စွမ်းအင်ဂိုဏ်းရဲ့ မျိုးရိုးဗီဇမျိုးစေ့က ဘာလဲ"

"အဲ့ဒါ... အဲ့ဒါက ရွှေအစင်း သွေးကျိုင်းကောင် ပါ"

လင်းယွမ်၏ မျက်ခုံးများက ချက်ချင်း ပင့်တက်သွားသည်။ "ရွှေအစင်း သွေးကျိုင်းကောင် ဟုတ်လား... စောစောက ပုလင်းထဲက အကောင်ကို ပြောတာလား"

အရပ်ရှည်ရှည်နှင့်လူက ချက်ချင်းပင် စကားဆက်မပြောရဲတော့ချေ။

ထိုသွေးပုလင်းထဲရှိ အရာနှင့် ပတ်သက်လာလျှင် သူက မည်သည့်အရာကိုမျှ မပြောရဲတော့သည့်ပုံပင်။

ထိုအခြေအနေကို မြင်သောအခါ လင်းယွမ်က ဝိဉာဉ်စွမ်းအင်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စများကို ဆက်မမေးတော့ဘဲ ကျန်ဂိုဏ်းနှစ်ခုအကြောင်းကိုသာ အဓိကထား မေးမြန်းလိုက်တော့သည်။

အရပ်ရှည်ရှည်နှင့်လူလည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဝိဉာဉ်စွမ်းအင်ဂိုဏ်း၏ ကိစ္စများကို မပြောနိုင်သော်လည်း ကျန်ဂိုဏ်းနှစ်ခု၏ ကိစ္စများကိုမူ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပေသည်။

လင်းယွမ်၏ မေးမြန်းမှုများနှင့်အတူ ကွမ်ဖူဘက်၏ ယေဘုယျ အခြေအနေများကို တစ်ဖက်လူ၏ နှုတ်မှတစ်ဆင့် တဖြည်းဖြည်း သိရှိလာရသည်။

ကွမ်ဖူ၏ မြေမျက်နှာသွင်ပြင်က အတော်လေး မြင့်မားပြီး တောင်ကုန်းတောင်တန်းများ ပေါများလှသည်။

ရေကြီးရေလျှံမှုများ ရောက်ရှိလာချိန်တွင် လင်းယွမ်တို့ဘက်၌ အထပ်နှစ်ဆယ်ကျော်အထိ ရေနစ်မြုပ်နေပြီ ဖြစ်သော်လည်း ကွမ်ဖူဘက်ရှိ တောင်ကုန်းများကမူ ကျွန်းများအဖြစ်သို့သာ ပြောင်းလဲသွားခဲ့သည်။

ထိုဘက်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေပြီး ကျွန်းများပေါ်တွင် စုရုံးနေထိုင်ကြကာ မူလကတည်းက တိုးတက်မှု အခြေခံကောင်းများ ရှိထားကြသည်။

ထို့ကြောင့် ယခုမှ စတင်ပေါ်ပေါက်လာသော အစွမ်းများကို ရင်ဆိုင်ရာတွင်လည်း ထိုဘက်မှ အစွမ်းများနှင့် ပတ်သက်သည့် အသားကျမှုနှင့် သုတေသနများက ထိုက်ယန်တောင်ဘက်ထက် သေချာပေါက် ပိုမို နက်ရှိုင်းနေပေလိမ့်မည်။

အကြောင်းမှာ လူရှိသောနေရာတွင် တိုက်ခိုက်မှုများ ရှိစမြဲဖြစ်ပြီး အစွမ်းများက တိုက်ခိုက်ရေး၏ အဓိက နည်းလမ်း ဖြစ်လာသောအခါ ဤသို့သော အခြေအနေမျိုးတွင် သဘာဝကျကျ လျင်မြန်စွာ တိုးတက်လာခြင်းပင် ဖြစ်သည်။

ကွမ်ဖူဘက်တွင် ထိပ်တန်း အစွမ်းပိုင်ရှင်များက ကြယ်ရောင်စုံများပမာ အများအပြား ရှိနေလောက်ပေမည်။

ကွမ်ဖူဘက်တွင် အင်အားစုများစွာ ရှိသော်လည်း အဓိက အင်အားစုများမှာ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတို့သာ ဖြစ်သည်။

၎င်းတို့အထဲတွင် အင်အားအကြီးဆုံးမှာ သဘာဝကျကျပင် ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်း ဖြစ်ပေသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း စတင် တည်ထောင်ချိန်ကတည်းက ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး ထိုဂိုဏ်းကြီးသုံးဂိုဏ်းကို မိစ္ဆာဂိုဏ်း အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့သည်။

အလွန် ပြင်းထန် ရက်စက်သော တိုက်ပွဲများ တစ်ကြိမ်တခါ ဖြစ်ပွားခဲ့ဖူးသည်။

နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ စစ်တပ်အတွင်း၌လည်း အတွင်းရေး ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားလာပုံရပြီး အင်အားများ အကြီးအကျယ် ကျဆင်းသွားခဲ့ရာ ဂိုဏ်းကြီးသုံးဂိုဏ်းအတွက် အသက်ရှူချောင်သွားစေမည့် အခွင့်အရေး ရရှိသွားခဲ့သည်။

ဂိုဏ်းကြီးသုံးဂိုဏ်းက စစ်တပ်၏ အတွင်းရေး ပဋိပက္ခ ဖြစ်ပွားနေသည့် အချိန်ကို အခွင့်ကောင်းယူကာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နောက်ပိုင်းတွင် မျိုးရိုးဗီဇမျိုးစေ့ နိုးထလာသော အစွမ်းထက် အစွမ်းပိုင်ရှင်များပင် ပေါ်ထွက်လာခဲ့သည်။

ထိုအချိန်မှ စတင်ကာ စစ်တပ်က ဂိုဏ်းကြီးသုံးဂိုဏ်းကို လုံးဝ ဖိနှိပ်နိုင်စွမ်း မရှိတော့ချေ။

အကြောင်းမှာ စစ်တပ်၏ လက်နက်အင်အားက ပြင်းထန်လှသော်လည်း မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ ထိပ်တန်း အစွမ်းပိုင်ရှင်များက အသွင်သဏ္ဌာန်မဲ့စွာ ဝင်ထွက်သွားလာနိုင်ပြီး သရဲတစ္ဆေများပမာ လျှို့ဝှက်ဆန်းကြယ်စွာ လှုပ်ရှားနိုင်သောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင် နှစ်ဖက်စလုံးက ထိပ်တန်း ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်မှုများနှင့် လျှို့ဝှက် လုပ်ကြံမှုများကို ဆက်တိုက် ပြုလုပ်လာခဲ့ကြသည်။

နောက်ဆုံးတွင် အချိန်အတိုင်းအတာ တစ်ခုအထိ အခြေအနေ တင်းမာနေပြီးနောက် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များက နားလည်မှုဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပုံရကာ စစ်တပ်ဘက်က အနည်းငယ် အလျှော့ပေးလိုက်ပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ တိုးတက်မှု နယ်ပယ်ကို ကန့်သတ်ပေးလိုက်သည်။

၎င်းတို့အထဲတွင် ဝိဉာဉ်စွမ်းအင်ဂိုဏ်းက မီသွေ့တောင်ကို သိမ်းပိုက်ထားပြီး မီသွေ့တောင်ကို အဓိက နယ်မြေအဖြစ် သတ်မှတ်ကာ တပည့်များကို စုဆောင်း၍ ဝိဉာဉ်စွမ်းအင်ဂိုဏ်းကို တိုးချဲ့ခဲ့သည်။

ရေနတ်ဘုရားဂိုဏ်းကမူ တိန့်ကုန်းတောင်ကို သိမ်းပိုက်ထားပြီး မြေမိခင်ဂိုဏ်းက ချန်ဖူတောင်ကို သိမ်းပိုက်ထားသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းက ကိုယ်စီ တိုးတက်အောင် လုပ်ဆောင်နေကြသော်လည်း အချင်းချင်း သတိထားနေကြပြီး ရံဖန်ရံခါ တိုက်ပွဲတချို့လည်း ဖြစ်ပွားတတ်သည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်တွင် သေးငယ်သော ခိုလှုံရေးစခန်းများစွာ ရှိသေးပြီး ၎င်းတို့သည်လည်း သယံဇာတများကို လုယက်ရန်အတွက် မကြာခဏဆိုသလို ရုန်းရင်းဆန်ခတ် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ဤသို့သော နောက်ခံ အခြေအနေများအောက်တွင် ကွမ်ဖူဘက်ရှိ လူသားများ၏ အစွမ်းများ အသုံးပြုမှုနှင့် ဖော်ထုတ်မှုက အလွန် လျင်မြန်သော တိုးတက်မှု ခေတ်ကာလတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ထောက်လှမ်းရေး သင်္ကေတများ၊ ရွှေချပ်ဝတ်တိုက်သင်္ဘောများနှင့် သင်္ကေတအစီအရင် စသည့် အရာများအားလုံးက ဤသို့သော ပြင်းထန်သည့် တိုက်ပွဲများကြားထဲမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က ဤအကြောင်းများကို နားထောင်ပြီးနောက် လူသားတို့၏ ခေတ်သစ် နည်းပညာများ အံ့မခန်း တိုးတက်လာခဲ့သော နှစ်များကို အလိုအလျောက် သတိရသွားမိသည်။ အတိအကျ ဆိုရလျှင် ထိုကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် အချိန်ကာလပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကွမ်ဖူ၏ စစ်တပ်က လင်ကျောင်းမြို့တွင် ရှိနေလျက်နှင့် အဘယ်ကြောင့် ထိရောက်သော ကယ်ဆယ်ရေး လုပ်ငန်းများကို အမြဲတမ်း စီစဉ်နိုင်ခြင်း မရှိရသနည်း ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကြီးက တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး အခြားတစ်ပိုင်းကမူ သူတို့ကိုယ်တိုင်ပင် အသက်ဘေးမှ မလွတ်မြောက်နိုင်သောကြောင့် ဖြစ်ပုံရသည်။

စစ်တပ်အတွင်း ပုန်ကန်မှုများ၊ အပြင်ဘက်မှ အစွမ်းပိုင်ရှင် အင်အားစုများ အင်အားကြီးမားလာမှု စသည်တို့ကိုလည်း သူတို့အနေဖြင့် သတိထားရန် လိုအပ်ပေသည်။

ဤသို့သော အခြေအနေမျိုးတွင် သူတို့က အခြားဒေသများမှ ပြည်သူများကို အပြင်ထွက်၍ ကယ်ဆယ်ရန် မည်သို့စွမ်းရည် ရှိနိုင်တော့မည်နည်း။

သနားစရာကောင်းသည်က အစပိုင်းတွင် ပြည်သူတွေက ရေလွှမ်းမိုးမှုကြီးထဲ၌ ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲ စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။

အရပ်ရှည်ရှည်နှင့်လူကို သတိလစ်သွားအောင် ရိုက်ချလိုက်ပြီးနောက် လင်းယွမ်က နောက်ဆုံးကျန်နေသည့် ပိန်ပိန်ပါးပါး လူတစ်ယောက်ကို သတိပြန်လည်လာစေပြီး စောစောက မေးခဲ့သည့် မေးခွန်းများကို ပြန်လည် မေးမြန်းလိုက်သည်။

အရပ်ရှည်ရှည်နှင့်လူ ပြောခဲ့သည်များ အားလုံးနီးပါးက လိမ်ညာထားခြင်း မရှိကြောင်း အတည်ပြုပြီးနောက် လင်းယွမ်က မေးမြန်းမှုကို မရပ်တန့်ခဲ့ချေ။

သွေးပုလင်းထဲရှိ ရွှေအစင်း သွေးကျိုင်းကောင် ၏ လျှို့ဝှက်ချက်ကို ပြောပြရန် ထိုပိန်ပိန်ပါးပါးလူကို သူက အတင်းအကျပ် ဖိအားပေးလိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ ဝိဉာဉ်စွမ်းအင်များကို ရုပ်သေးကြိုးမျှင် အဖြစ် ပြောင်းလဲလိုက်ပြီး ရွှေအစင်း သွေးကျိုင်းကောင်ကို ခိုင်မြဲစွာ ထိန်းချုပ်ကာ ၎င်းက မည်သို့ တိုက်ခိုက်သည်ကို လေ့လာလိုက်သည်။

ထိုပိန်ပိန်ပါးပါးလူက လင်းယွမ်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် အဆိပ်ပြင်းသော ကျိန်စာကို ချိုးဖောက်မိသွားပြီး ရွှေအစင်း သွေးကျိုင်းကောင် နှင့် သက်ဆိုင်သော လျှို့ဝှက်ချက်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးမီးတောက် တစ်ခုက ရုတ်တရက် လောင်ကျွမ်းလာခဲ့သည်။

လင်းယွမ်က ထိုလူကို လုံးဝ ဂရုမစိုက်တော့ဘဲ ရွှေအစင်း သွေးကျိုင်းကောင် အား ဝိဉာဉ်စွမ်းအင်များဖြင့် အသေအချာ ဖုံးလွှမ်းထားကာ ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ လှုပ်ရှားမှု အားလုံးကို ထောက်လှမ်းလိုက်သည်။

သွေးမီးတောက် လောင်ကျွမ်းသွားသည့် အခိုက်အတန့်တွင် လင်းယွမ်က အမည်မသိ လှိုင်းဂယက်တစ်ခု တိုးညင်းစွာ ဖြတ်ပြေးသွားသည်ကိုသာ ခံစားလိုက်ရသည်။

ထို့နောက် ထိုသွေးမီးတောက်က လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။

"တော်တော်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းပဲ"

လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့အားသင့် ထိတ်လန့်သွားသည့် အမူအရာများ ပေါ်လာသည်။

"စိတ်စွမ်းအင်လည်း မဟုတ်ဘူး... ငါ ရင်းနှီးကျွမ်းဝင်တဲ့ ဘယ်လို အစွမ်းအမျိုးအစားမှလည်း မဟုတ်ဘူး... ထူးဆန်းတယ်... ဒါက တကယ် ဘယ်လို အစွမ်းမျိုးလဲ"

ထိုသို့သော ထူးဆန်းသည့် တိုက်ခိုက်မှုကို သတိထားမိလိုက်သော်လည်း ဤတိုက်ခိုက်မှုက အလွန် လျှို့ဝှက်လွန်းလှသည်။

လင်းယွမ်က အပြည့်အဝ အာရုံစိုက်ထားသော်လည်း စိတ်ထဲမှ သတိပေးချက် အနည်းငယ်ကိုသာ သတိပြုမိပြီး အခြား မည်သည့် လက္ခဏာကိုမျှ သတိမထားမိခဲ့ပေ။

တစ်ခဏအတွင်း သူက ဝိဉာဉ်စွမ်းအင်ဂိုဏ်း၏ မျိုးရိုးဗီဇမျိုးစေ့ ဖြစ်သော ရွှေအစင်း သွေးကျိုင်းကောင် အပေါ် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့သွားခဲ့သည်။

"ငါ အမှတ် တစ်သန်း ပြန်စုမိတဲ့ အချိန်ကျမှပဲ... စနစ်ကို သုံးပြီး ဒီ ရွှေအစင်း သွေးကျိုင်းကောင်က... ဘယ်လို မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစားလဲ ဆိုတာကို ရှာကြည့်ရမယ်"

"ပြီးတော့ မတူညီတဲ့ အစွမ်းပိုင်ရှင်တွေအတွက် သင့်တော်မယ့် မျိုးရိုးဗီဇမျိုးစေ့ကလည်း... သေချာပေါက် ကွာခြားလိမ့်မယ်"

"ငါ့လို ဆင့်ကဲပြောင်းလဲခြင်း အစွမ်းအတွက်... စနစ်က အသင့်တော်ဆုံး ယှဉ်တွဲပေးထားတဲ့ မျိုးရိုးဗီဇမျိုးစေ့က အသွင်ပြောင်းမျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့ပဲ"

"မျိုးရိုးဗီဇမျိုးစေ့ နိုးထတာက လူတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး ဆိုတာ ထင်ရှားတယ်... လူတိုင်းကို မျိုးရိုးဗီဇမျိုးစေ့ တစ်မျိုးတည်းကိုပဲ ရွေးချယ်ပြီး နိုးထခိုင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါဆို ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ မျိုးရိုးဗီဇမျိုးစေ့တွေက... ဂိုဏ်းဝင်တဲ့ လူတွေအတွက် သေချာပေါက် သင့်တော်ချင်မှ သင့်တော်မှာပဲ"

လင်းယွမ်က ထိုနေရာအထိ တွေးမိသွားချိန်တွင် ရုတ်တရက် သူ၏ ရင်ထဲ၌ အပြင်းအထန် တုန်လှုပ်သွားခဲ့သည်။

သူ့ခေါင်းထဲတွင် ရုတ်တရက် အကြံတစ်ခု ရလာပြီး ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည်။

"ဂိုဏ်းကြီးသုံးဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတွေကို အကြီးအကျယ် ဖမ်းဆီးနေတာက... တပည့်တွေ များလာအောင် သက်သက် လုပ်နေတာ မဟုတ်ဘဲ သူတို့ဂိုဏ်းတွေရဲ့ မျိုးရိုးဗီဇမျိုးစေ့ကို နိုးထဖို့ သင့်တော်တဲ့ လူတွေကို ရှာဖွေနေတာများလား"

လင်းယွမ်က တွေးလေလေ ပို၍ ဖြစ်နိုင်ခြေ ရှိလေလေဟု ခံစားလာရသည်။

ထိပ်တန်း သိုင်းကျမ်းများကို ရှာဖွေရ ခက်ခဲသည်မှာ မှန်သော်လည်း ထိုသိုင်းကျမ်းများကို လေ့ကျင့်ရန် သင့်တော်မည့် လူကို ရှာဖွေရန်ကလည်း ထပ်တူ ခက်ခဲလှပေသည်။

ဤသည်က နှစ်ဖက်စလုံး အပြန်အလှန် ရွေးချယ်ရမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ မျိုးရိုးဗီဇမျိုးစေ့များက အတည်တကျ ဖြစ်ပြီး ပြောင်းလဲ၍ မရပေ... တစ်မျိုးတည်းသာ ရှိသည်။

ထို့ကြောင့် သင့်တော်မည့် လူကို နေရာအနှံ့ လိုက်လံ ရှာဖွေပြီးမှသာ နားလည် သဘောပေါက်စေရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

အကယ်၍ မျိုးရိုးဗီဇမျိုးစေ့ကို အောင်မြင်စွာ နိုးထနိုင်မည် ဆိုပါက သဘာဝကျကျပင် ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ပြီး မျိုးရိုးဗီဇမြေပုံကို အသစ်ပြန်လည် ရေးဆွဲနိုင်မည် ဖြစ်သည်။

သို့သော် လင်းယွမ် သံသယ ဖြစ်မိသည်က ထိုဂိုဏ်းများထဲရှိ မျိုးရိုးဗီဇမျိုးစေ့များက များပြားစွာ ရှိနေမည်လား ဆိုသည်ပင်။

သူကိုယ်တိုင်ပင် အမှတ် တစ်သန်းဖြင့်မှ မျိုးရိုးဗီဇမျိုးစေ့ တစ်ခုကို လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤလူများက မည်သို့များ ရရှိခဲ့ကြသနည်း။

ထိုကဲ့သို့သော သံသယများနှင့်အတူ လင်းယွမ်က ရုပ်သေးကြိုးမျှင် ကို အသုံးပြုကာ အရပ်ရှည်ရှည်နှင့်လူကို ထိန်းချုပ်ပြီး ထိုသစ်သားလှေကြီးဆီသို့ ကူးခတ်သွားလိုက်သည်။

အားလုံးက သစ်သားလှေပေါ် ရောက်သွားပြီး ထိုလူစုနှင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ပြီးနောက် တဖြည်းဖြည်း ရှင်းလင်းသွားနိုင်လောက်ပေသည်။

ဆက်ရန်...

အပိုင်း (၃၇၆) တိုက်ရိုက်ဖြေရှင်းခြင်း

အရပ်ရှည်ရှည်နှင့် အမျိုးသား၏ အမည်က မန်ချင် ဖြစ်ပြီး အသက် ၃၁ နှစ်ရှိကာ ကွမ်ဖူ မီသွေ့တောင်မှ ဒေသခံတစ်ဦး ဖြစ်သည်။

မီသွေ့တောင်ရှိ ဒေသခံ အများစုက ဝိညာဉ်စွမ်းအင်ဂိုဏ်းသို့ ဝင်ရောက်ထားကြကြောင်း လင်းယွမ်က ၎င်းထံမှ သိရှိရသည်။

လူတိုင်းက ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သွန်သင်ချက်များကို အခိုင်အမာ ယုံကြည်ထားကြသည်... ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအင်များ ကျဆင်းလာပြီး အသင့်တော်ဆုံးသူသာ ရှင်သန်ရမည်... အစွမ်းပိုင်ရှင်များက ကောင်းကင်ဘုံမှ ရွေးချယ်ထားသော ကယ်တင်ရှင်များ ဖြစ်သည်ဟူ၍ပင်။

မီသွေ့တောင်တွင် အစွမ်း နိုးထလာသူတိုင်းက အခြားသူများထက် တစ်ဆင့် မြင့်မားသွားသည်။

ထိုနေရာက အင်အားကိုသာ အဓိကထားပြီး အားနည်းသူက အားကြီးသူ၏ အစာသာ ဖြစ်ရသည့် အမှန်တကယ် လက်တွေ့ဆန်သော နေရာတစ်ခု ဖြစ်သည်။

သင်က အားကြီးလျှင် သင်မှန်သည်... လက်သီးပိုကြီးသူက စကားပြောခွင့် ရှိသည်။

"မင်း ကိုယ်ထဲမှာ ကပ်ပါးမျိုးစေ့ ထည့်ထားပြီးပြီ... စကားနားမထောင်ရင် ငါမင်းကိုအခွင့်အရေး မပေးဘူးလို့ မပြောနဲ့"

ရှေ့မှ သစ်သားသင်္ဘောကို ကြည့်ရင်း လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

မန်ချင်က ကမန်းကတမ်း ခေါင်းညိတ်ကာ ပြောလာသည်။ "နားလည်ပါပြီ... ကျွန်တော် နားလည်ပါပြီ"

လင်းယွမ်က စကားဆက်မပြောတော့ဘဲ "သွားရအောင်" ဟု ဆိုလိုက်သည်။

သူတို့နှစ်ဦးက သစ်သားသင်္ဘောဆီသို့ အလျင်အမြန် ကူးခတ်သွားကြပြီး အနီးသို့ ရောက်ရှိသွားချိန်တွင် သင်္ဘောပေါ်ရှိ အစွမ်းပိုင်ရှင်များက သူတို့ကို ချက်ချင်း သတိထားမိသွားကြသည်။

"ဟင်... အစ်ကိုချင်"

"မန်ချင်ပဲ... သူ့အနောက်က လူက ဘယ်သူလဲ"

"မန်ချင်... ကျိုးဟွေးနဲ့ ဝမ်ကျန့်ရော" သင်္ဘောဦးပိုင်းမှ လူတစ်ယောက်က လှမ်းမေးလိုက်သည်။

မန်ချင်က ကပျာကယာ လှမ်းအော်လိုက်သည်။ "သူတို့နှစ်ယောက်ကို မတွေ့ပါဘူး... သူတို့က ကျွန်တော့်ကို လာရှာကြတာလား"

သင်္ဘောဦးပိုင်းမှ လူက မျက်မှောင်ကြုတ်သွားပြီး "မင်းအနောက်က လူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

မန်ချင်က "ခုနက ရေအောက်မှာ ကျွန်တော် ဖမ်းမိခဲ့တဲ့ကောင်ပါ... အစွမ်းအစတော့ မဆိုးဘူး... သူက သွေးပုလင်းကို တိုင်တည်ပြီး ကျွန်တော်တို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းထဲ ဝင်ဖို့ ကတိပေးပြီးသွားပြီ" ဟု လှမ်းအော်လိုက်သည်။

သင်္ဘောပေါ်ရှိ လူက ထိုစကားကို ကြားသောအခါ ချက်ချင်း သက်ပြင်းချသွားပြီး လက်ယမ်းကာ "သူတို့ကို ဆွဲတင်လိုက်" ဟု ဆိုလိုက်သည်။

သင်္ဘောပေါ်မှ ကြိုးသင်္ဘောကား တစ်ခု ချက်ချင်း ကျလာပြီး လင်းယွမ်နှင့် မန်ချင်က ကြိုးတစ်သင်္ဘောျာက် အလျင်အမြန် တွယ်တက်ကာ သစ်သားသင်္ဘောပေါ်သို့ တက်သွားကြသည်။

လင်းယွမ်က ကိုယ်ကို ပင့်ကာ သစ်သားသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ခုန်တက်လိုက်ပြီး ခြေချလိုက်ချိန်တွင် သစ်သားသင်္ဘောက သတ္တုပြားပေါ်သို့ နင်းမိသွားသည့်အလား "ဒေါင်" ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ယင်းက လင်းယွမ်၏ စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားစေသည်။

"တော်တော့်ကို မာကျောတဲ့ သစ်သားပဲ"

ဤသည်က သစ်သား၏ မူလသဘာဝကြောင့်လား သို့မဟုတ် သစ်သားပြားပေါ်တွင် ထွင်းထုထားသော သင်္ကေတများကြောင့်လား ဆိုသည်ကို သူ မသိပေ။

သစ်သားသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း လင်းယွမ်က သင်္ဘော၏ ယေဘုယျ အခြေအနေကို အလျင်အမြန် အကဲခတ်လိုက်သည်။

သစ်သားသင်္ဘော၏ အရွယ်အစားက ဖီးနစ်သင်္ဘောလောက် မကြီးမားဘဲ ခန့်မှန်းခြေ ဖီးနစ်သင်္ဘော၏ တစ်ဝက်ခန့်သာ ရှိသည်။

သို့သော် သင်္ဘောကိုယ်ထည်က အလွန်မြင့်မားပြီး သင်္ဘောခန်းအတွင်းပိုင်း ဧရိယာက မသေးငယ်ကြောင်း မြင်တွေ့နိုင်သည်။

သင်္ဘောပေါ်တွင် ကင်းစင်များ၊ သစ်သားအဆောက်အအုံများ စသည့် အဆောက်အအုံများ ရှိသည်။

ပတ်ပတ်လည်တွင် ကင်းလှည့်နေသော အဖွဲ့များ အဆက်မပြတ် ရှိနေပြီး တစ်ယောက်ချင်းစီ၏ စွမ်းအင်အငွေ့အသက်များက ပြင်းထန်ကာ အားနည်းသူများ မဟုတ်ကြောင်း သိသာသည်။

လူများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးကာ သင်္ဘောခန်းထဲတွင် ချုပ်နှောင်ထားကြောင်း လင်းယွမ်က မြင်လိုက်ရသည်။

ဖမ်းဆီးခံထားရသူ အားလုံးက အရိုးဖြင့် ပြုလုပ်ထားသော သံကြိုးများ ခတ်ခံထားရသည်။

လင်းယွမ်က ထိုသံကြိုးများကို အထူး ဂရုတစိုက် ကြည့်ရှုလိုက်ရာ သံကြိုးများပေါ်တွင် ရှုပ်ထွေးသော ပုံစံများစွာကို ထွင်းထုထားပြီး စွမ်းအင်ကျောက်တုံးများကိုလည်း မြှုပ်နှံထားကြောင်း တွေ့ရသည်။

ကြည့်လိုက်သည်နှင့် ၎င်းတို့က သင်္ကေတနည်းပညာ၏ ထုတ်ကုန်များ ဖြစ်ကြောင်း သိနိုင်ပြီး ချွီလင်လင် ပြောခဲ့ဖူးသည့် တစ်ဖက်လူတွင် အစွမ်းပိုင်ရှင်များ၏ အစွမ်းများကို ကန့်သတ်နိုင်သော နည်းပညာ ရှိသည်ဆိုသော စကားကို တွေးမိလိုက်ကာ ဤသံကြိုးများပေါ်ရှိ သင်္ကေတများကလည်း အလားတူ စွမ်းရည်မျိုး ရှိနေမည်ကို စိုးရိမ်မိသွားသည်။

သို့မဟုတ်ပါက ရိုးရှင်းသော သံကြိုးတစ်ခုတည်းဖြင့် ဖမ်းဆီးခံထားရသော အစွမ်းပိုင်ရှင်များကို မည်သို့လုပ် ချုပ်နှောင်ထားနိုင်မည်နည်း။

"မန်ချင်... ဂိုဏ်းထဲ အသစ်ဝင်လာတဲ့သူက ဘယ်သူလဲ... ဘာအစွမ်းရှိလဲ" သင်္ဘောဦးပိုင်းမှ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး သင်္ဘောျာက်လာကာ မေးလိုက်သည်။ သူကလည်း အသက် ၃၀ ကျော် အရွယ်ခန့် ရှိပြီး ကြွက်သားများ ဖုထစ်နေကာ သွေးသားစွမ်းအင် အလွန် အားကောင်းသည်။

မန်ချင်က အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုရှန်... သူက လင်းယွမ်လို့ ခေါ်ပါတယ်... ခွန်အားနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု နှစ်မျိုးစလုံး ပိုင်ဆိုင်ထားတဲ့ အစွမ်းပိုင်ရှင်ပါ"

"အစ်ကိုလည်း သိတဲ့အတိုင်းပဲ... အရည်အသွေး နှစ်မျိုး ပိုင်ဆိုင်ထားတဲ့ အစွမ်းပိုင်ရှင်တွေက အရမ်း အသုံးဝင်တယ်လေ... ဒါကြောင့် ကျွန်တော့် သဘောနဲ့သူ့ကို ဂိုဏ်းထဲ ခေါ်လိုက်တာပါ"

လင်းယွမ်က ထိုအသေးစိတ် ကိစ္စများကို မန်ချင်နှင့် ကြိုတင် တိုင်ပင်ထားပြီး ဖြစ်သောကြောင့် မန်ချင်၏ အဖြေက အတော်လေး ချောမွေ့နေသည်။

ချူရှန်က လင်းယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ထူထဲမည်းနက်နေသော မျက်ခုံးများက အနည်းငယ် မြင့်တက်သွားကာ အံ့အားသင့်စွာဖြင့် "အရည်အသွေး နှစ်မျိုးပိုင်တဲ့ အစွမ်းပိုင်ရှင် ဟုတ်လား" ဟု မေးလိုက်သည်။

ပြောရင်းနှင့် သူက လင်းယွမ်ထံသို့ ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်ပြီး "ကောင်လေး... မင်းဆီမှာ ဘာအစွမ်းအစတွေ ရှိလဲဆိုတာ ငါ့ကို ပြစမ်း" ဟု အော်လိုက်သည်။

"ဝှီး"

ထိုလက်သီးချက်က အလွန် မြန်ဆန်ပြီး ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော လေထုပေါက်ကွဲသံကိုပါ တစ်ပါတည်း သယ်ဆောင်လာသည်။

လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားပြီး အလိုအလျောက် ရှောင်တိမ်းရန် ကြံရွယ်လိုက်သော်လည်း ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သွန်သင်ချက်များကို ချက်ချင်း သတိရသွားသည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းအတွင်း၌ အားကြီးသူက အဓိကဖြစ်ပြီး လက်သီးကြီးသူက အမှန်တရား ဖြစ်သည်။

သူက ချက်ချင်းပင် နေရာတွင် ရပ်တန့်လိုက်ကာ အေးစက်သော အကြည့်ဖြင့် ချူရှန်၏ လက်သီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဖုန်း"

လက်သီးနှင့် လက်ဝါး ရိုက်ခတ်သွားချိန်တွင် စွမ်းအင်လှိုင်းများ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုက ဟိန်းထွက်သွားကာ လေလှိုင်းများက အလွှာလိုက် လိပ်တက်လာသည်။

ဘေးတွင်ရှိနေသော မန်ချင်၏ မျက်နှာက ပြောင်းလဲသွားပြီး ထိုစွမ်းအင်ပေါက်ကွဲမှုကြောင့် နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရကာ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

"အစ်ကိုရှန်... အစ်ကိုရှန်... သက်ညှာပေးပါဦး"

သူ၏ စိတ်ထဲတွင် စိုးရိမ်နေခြင်းက လင်းယွမ်အတွက် စိုးရိမ်နေခြင်း မဟုတ်ဘဲ လင်းယွမ် သေဆုံးသွားပါက သူ၏ ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းခံထားရသော ကပ်ပါးမျိုးစေ့က ထိန်းချုပ်မှု လွတ်ကင်းသွားမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။

သို့သော် ချက်ချင်းဆိုသလို မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

လင်းယွမ်က မူလနေရာတွင်ပင် မားမားမတ်မတ် ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုလက်ဝါးက သံတံခါးပိတ်ထားသကဲ့သို့ ချူရှန်၏ တုတ်ခိုင်သော လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ချူရှန်၏ အကြည့်များက စူးရှသွားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးသားစွမ်းအင်များက အလွှာလိုက် လှုပ်ရှားလာကာ အင်အားကို အဆက်မပြတ် တိုးမြှင့်၍ ဖိအားပေးလာသည်။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး မျက်နှာထားက ပေါ့ပါးနေကာ တစ်ဖက်လူ၏ လက်သီးမှတစ်ဆင့် ပို့လွှတ်လာသော အင်အားနှင့်အမျှ သူကလည်း အင်အားကို အဆက်မပြတ် တိုးမြှင့်လိုက်သည်။

သူ၏ ခွန်အား အရည်အသွေး ၅၀ မှတ်ဖြင့် ဆိုလျှင် တစ်ဖက်လူက မျိုးရိုးဗီဇမျိုးစေ့ကို နိုးထလာကာ ခွန်အား ၅၀ မှတ်ထက် မကျော်လွန်ပါက သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်စေနိုင်မည် မဟုတ်ပေ။

တကယ်ပင် ချူရှန်ဟု ခေါ်သော ထိုအမျိုးသား၏ ခွန်အားက မှတ် ၄၀ ကျော် အဆင့်သို့ ရောက်ရှိလာချိန်တွင် ဆက်လက်၍ မတိုးမြှင့်နိုင်တော့ပေ။

တစ်ဖက်လူ၏ ဖြည်းဖြည်းချင်း နီရဲလာသော မျက်နှာကို ကြည့်ရင်း လင်းယွမ်က ရုတ်တရက် စကားဆိုလိုက်သည်။ "စမ်းသပ်လို့ ပြီးပြီလား"

ချူရှန်၏ မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွားသည်။ "မင်း... စကားပြောနိုင်သေးတယ်ပေါ့"

လင်းယွမ်၏ ပခုံးက ရုတ်တရက် နိမ့်ဆင်းသွားပြီး အင်အားများက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

"ဝုန်း"

ချက်ချင်းပင် လက်ဝါးထဲမှ အင်အားများ ပန်းထွက်လာပြီး စွမ်းအင်များ ပေါက်ကွဲထွက်သွားသည်။

မျက်နှာချင်းဆိုင်မှ ချူရှန်က ဆက်လက်၍ မခုခံနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းများစွာ ဆက်တိုက် ဆုတ်ခွာသွားရသည်။

သူ၏ မျက်နှာတစ်ခုလုံးက နီရဲသွားပြီး ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

"အရမ်း ကြီးမားတဲ့ အင်အားပဲ... တကယ်ကို ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်ပဲ"

"ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်တွေကြားမှာတောင် သူက ထိပ်တန်းအဆင့်ပဲ"

"မန်ချင်က ဘယ်ကနေ ဒီလိုထိပ်တန်းအဆင့် အစွမ်းပိုင်ရှင်ကို သွားရှာလာတာလဲ"

"ချူရှန်ကိုတောင် မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်တယ်ပေါ့"

"တကယ်တော်တဲ့ ကောင်လေးပဲ"

...

ပတ်ပတ်လည်မှ စောင့်ကြည့်နေသူများက သူတို့၏ လက်ထဲမှ အလုပ်များကို ရပ်တန့်လိုက်ကြပြီး အံ့အားသင့်သော အမူအရာများကို ပြသလာကြသည်။

ဤချူရှန်က သင်္ဘောပေါ်တွင် ရာထူး မနိမ့်ကျကြောင်း သိသာထင်ရှားနေသဖြင့် လူအများကို အံ့အားသင့်သွားစေခြင်း ဖြစ်သည်။

ချူရှန်ကလည်း မယုံကြည်နိုင်အောင် ဖြစ်သွားကာ သူ၏ မျက်နှာထားက အဆက်မပြတ် ပြောင်းလဲသွားပြီးနောက် လင်းယွမ်ကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်၍ ပြောလိုက်သည်။

"မဆိုးဘူး... ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်တွေထဲမှာ မင်းက မျိုးရိုးဗီဇမျိုးစေ့အဆင့်အောက် ပထမတန်း အစွမ်းပိုင်ရှင်ပဲ... လင်းယွမ် ဟုတ်လား... ငါ မှတ်ထားလိုက်မယ်"

"မန်ချင်... သူ့ကို ကပ္ပတိန်ဆီ ခေါ်သွားလိုက်... မင်းရဲ့ သွေးပုလင်းကို ပေးဖို့ မမေ့နဲ့... ကပ္ပတိန်က သွေးစစ်ဖို့ လိုတယ်"

ချူရှန်က မှာကြားလိုက်ပြီးနောက် လင်းယွမ်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သွေးပုလင်းနဲ့ သွေးစစ်မယ် ဟုတ်လား။

ထိုသွေးပုလင်းထဲတွင် သွေးတွေချည်း ပြည့်နေတာကို စစ်ဆေးလို့ ရသေးတာလား။

သူက အလိုအလျောက် မန်ချင်ကို ကြည့်လိုက်ရာ မန်ချင်၏ မျက်နှာကလည်း အနည်းငယ် ပြောင်းလဲသွားသော်လည်း ဘာမှ မပြောရဲပေ။

သူက ခေါင်းညိတ်ရုံသာ ညိတ်ပြကာ "သိပါပြီ အစ်ကိုရှန်" ဟု ပြောလိုက်သည်။

ချူရှန်က လက်ယမ်းပြလိုက်သည်။ "မြန်မြန် သွားတော့"

မန်ချင်က လင်းယွမ်ကို ခေါ်ကာ ကပ္ပတိန် အခန်းဘက်သို့ သင်္ဘောျာက်သွားလိုက်သည်။

လင်းယွမ်က အသံတိတ် လိုက်ပါသွားရင်း တိုးတိုးလေး မေးလိုက်သည်။ "သွေးစစ်တာက ဘာကိုပြောတာလဲ"

မန်ချင်ကလည်း တိုးတိုးလေး ပြန်ဖြေသည်။ "ကျွန်တော် မသိဘူး... အရင်က ဂိုဏ်းဝင်တွေ လက်ခံတုန်းက သွေးစစ်ရမယ်လို့ မကြားဖူးဘူး... ခင်ဗျား ပြလိုက်တဲ့ အစွမ်းက အရမ်း အားကောင်းနေလို့ ချူရှန်က သတိထားသွားတာ ဖြစ်နိုင်တယ်"

လင်းယွမ်က မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး မေးလိုက်သည်။ "လှည့်စားပြီး ကျော်ဖြတ်လို့ ရမယ့် နည်းလမ်း ရှိလား"

မန်ချင်က ကပျာကယာ ခေါင်းညိတ်ကာ ပက်ကျိနှင့် တူသော သတ္တဝါတစ်ကောင်ကို ထုတ်ယူလိုက်ပြီး တိုးတိုးလေး ပြောသည်။ "ရှိပါတယ်... ဒါက မြေမိခင်ဂိုဏ်း ဘက်ကနေ ကျွန်တော် ရထားတဲ့ သွေးစုပ်ကောင် တစ်ကောင်ပဲ... သူ့အထဲမှာ ကျွန်တော့် သွေးပုလင်းနဲ့ ဂိုဏ်းထဲ ခေါ်သွင်းထားတဲ့ ဂိုဏ်းဝင်တစ်ယောက်ရဲ့ သွေးတွေကို သိမ်းဆည်းထားတယ်"

"ကပ္ပတိန် သွေးယူတဲ့အခါ ခင်ဗျား ဒါကို တစ်ချက် ညှစ်လိုက်ရင် ခင်ဗျားရဲ့ သွေးအစား သင့်တော်တဲ့ သွေးပမာဏကို ထုတ်ယူလို့ ရပါတယ်"

လင်းယွမ်က ထိုပက်ကျိကို လှမ်းယူကာ သေချာ ကြည့်ရှုလိုက်သည်။ ဤအရာက အရွယ်အစား အလွန် သေးငယ်ပြီး လက်ချောင်းထိပ်တွင် ဖုံးအုပ်ထားနိုင်ကာ ပါးလွှာသော အလွှာတစ်ခုနှင့် တူသောကြောင့် တကယ်ကို ဖုံးကွယ်ထားရန် လွယ်ကူသည်။

လင်းယွမ်က ပက်ကျိကို သိမ်းဆည်းလိုက်ပြီး အလွတ်သဘော မေးလိုက်သည်။ "မင်းတို့ ကပ္ပတိန်က မျိုးရိုးဗီဇမျိုးစေ့ကို နိုးထပြီးပြီလား"

မန်ချင်က ခါးသီးစွာ ပြုံးလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့က နိုးထဖို့ ဘယ်လိုလုပ်အဲ့လောက်လွယ်မှာလဲ... ကျွန်တော်တို့ရဲ့ ရွှေချပ်ဝတ် စစ်သင်္ဘောက အသေးစား စစ်သင်္ဘော တစ်စင်းပဲရှိတာ... ဒီတစ်ခေါက် အပြင်ထွက်လာတဲ့ တာဝန်က ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ နေရာတွေရဲ့ အကြောင်းရင်းကို စုံစမ်းဖို့သက်သက်ပဲ"

"ပုံမှန်ဆိုရင်... ဒီလို စုံစမ်းရေး တာဝန်မျိုးကို မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေ ထွက်ပြီး ဆောင်ရွက်လေ့ မရှိပါဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "မင်းတို့ ကပ္ပတိန်က ဘယ်လို အမျိုးအစား အစွမ်းပိုင်ရှင်လဲ"

"စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်ပါ"

"မင်းတို့ ကပ္ပတိန် အကြောင်း အသေးစိတ် ပြောပြစမ်း"

"ကျွန်တော်တို့ရဲ့ ဒီသင်္ဘောက ဂိုဏ်းမှာရှိတဲ့ ရွှေချပ်ဝတ် စစ်သင်္ဘော အုပ်စုထဲက အခြေခံ စစ်သင်္ဘောဖြစ်ပြီး နံပါတ်က ၀၂၁ ပါ... ကပ္ပတိန်က ဟော့ယွမ်တု ဖြစ်ပြီး သူ့ရဲ့ နာမည်ပြောင်က နတ်ဘုရားကွန်ရက် လို့ ခေါ်ပါတယ်"

"သူ့ရဲ့ စိတ်စွမ်းအင်က ကြီးမားတဲ့ ကွန်ရက်ကြီး တစ်ခုအဖြစ် ဖန်တီးနိုင်ပြီး... ပစ်မှတ်ရဲ့ စိတ်ပင်လယ်ကို အလွယ်တကူ ချုပ်နှောင်ထားနိုင်ပါတယ်... တစ်ချိန်တည်းမှာပဲ ဒီစိတ်စွမ်းအင် ကွန်ရက်ကြီးက တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေလည်း ရှိပါတယ်"

"ဒါ့အပြင် ကပ္ပတိန်က... စိတ်အဝေးထိန်း တိုက်ခိုက်မှုကိုလည်း ပိုင်ဆိုင်ထားပြီး... ပစ္စည်းတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်ပါတယ်"

လင်းယွမ်က ထိုစကားများကို ကြားသောအခါ မျက်မှောင် အနည်းငယ် မြင့်တက်သွားရသည်။

စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည့်အပြင် နိုးထလာသော အစွမ်းများကလည်း စိတ်ပင်လယ်ကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

ဒါ့အပြင် စိတ်အဝေးထိန်း တိုက်ခိုက်မှုပါ ပါဝင်သေးသည်။

လင်းယွမ်၏ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ဆမိသွားပြီ ဖြစ်သည်။

ယေဘုယျအားဖြင့် စိတ်စွမ်းအင်က အတိုင်းအတာ တစ်ခုအထိ အားကောင်းလာပါက စိတ်အဝေးထိန်းအစွမ်းကို သဘာဝအလျောက် နားလည်သဘောပေါက်လာမည် ဖြစ်သည်။

ဥပမာအားဖြင့် သူကိုယ်တိုင်ပင် ထိုသို့ ဖြစ်ခဲ့သည်။ အစပိုင်းတွင် စိတ်စွမ်းအင် အရည်အသွေးကို အဆက်မပြတ် အမှတ်များ ပေါင်းထည့်ပြီးနောက် သူ့ထံမှ အရင်ဆုံး ပေါ်ထွက်လာသော အစွမ်းက စိတ်အဝေးထိန်းအစွမ်း ဖြစ်သည်။

လိပ်ခွံစွမ်းအင်အကာအကွယ် စသည့် အစွမ်းများက နောက်ပိုင်းမှသာ နားလည်သဘောပေါက်လာခြင်း ဖြစ်သည်။

လင်းယွမ်က အသံတိတ် နေလိုက်ပြီး မန်ချင်၏ နောက်မှ လိုက်ကာ ကပ္ပတိန် အခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။

မကြာမီ မန်ချင်က တံခါးကို ခေါက်လိုက်ရာ အခန်းတံခါး ပွင့်လာပြီး သန်မာထွားကြိုင်းသော လူငယ်တစ်ဦးက မန်ချင်ကို တစ်ချက်ကြည့်ကာ "ဘာကိစ္စလဲ" ဟု မေးလိုက်သည်။

မန်ချင်က ကပျာကယာ ပြုံးပြလိုက်ပြီး "အစ်ကိုဟွာ... ကပ္ပတိန် ရှိလား... ကျွန်တော့်ဘက်က ဂိုဏ်းဝင်အသစ် တစ်ယောက် လက်ခံထားလို့ ကပ္ပတိန်ကို သွေးစစ်ခိုင်းဖို့ လာတာပါ"

အစ်ကိုဟွာဟု ခေါ်သော လူငယ်က လင်းယွမ်ကို တစ်ချက် ကြည့်လိုက်သော်လည်း ချက်ချင်း လမ်းဖယ်မပေးဘဲ မျက်မှန်တစ်လက်ကို ထုတ်ယူကာ သူ၏ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

"တီ... တီ... တီ"

မျက်မှန်ကို တပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်မှန်ပေါ်ရှိ သင်္ကေတများက ချက်ချင်း လင်းလက်လာပြီးနောက် အနီရောင် သတိပေးချက်များ အလျင်အမြန် လင်းထိန်လာသည်။

ထိုလူငယ်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး အံ့အားသင့်ထိတ်လန့်သော အမူအရာများ ပေါ်ထွက်လာသည်။

"စစ်ဆေးမှု အတိုင်းအတာထက် ကျော်လွန်နေတယ်"

သူက ချက်ချင်းပင် တံခါးကို ပိတ်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် မျက်စိရှေ့၌ ဝေဝါးသွားပြီး လင်းယွမ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ခွပ်"

အစ်ကိုဟွာ၏ အရှေ့တွင် လက်သီးတစ်လုံးက သူ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

အစ်ကိုဟွာ၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်အကာအကွယ် တစ်လွှာ အလိုအလျောက် လင်းလက်လာသည်။

"ဗုန်း"

စွမ်းအင်အကာအကွယ်က တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး အစ်ကိုဟွာ၏ ခန္ဓာကိုယ်က ထိန်းချုပ်၍ မရဘဲ နောက်သို့ လွင့်စင်သွားသည်။

လင်းယွမ်က တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး ကြီးမားသော ခြေလှမ်းများဖြင့် အထဲသို့ ဝင်သွားလိုက်သည်။

အခန်းထဲတွင် မြေပြင်ပေါ်၌ လဲကျနေသော အစ်ကိုဟွာအပြင် အခြား လူသုံးယောက် ရှိနေသေးသည်။

ထိုလူသုံးယောက်က ယခုအချိန်တွင် ရုတ်တရက် ထရပ်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့် ဒေါသထွက်မှုများ ပြည့်နှက်နေသည်။

"ဘယ်သူလဲ"

"တာ့ဟွာ"

"ခွေးကောင်"

ထိုသုံးယောက်က ချက်ချင်းပင် လက်ပါရန် ပြင်လိုက်သော်လည်း လင်းယွမ်က လက်ချောင်းများကို ကွေးကာ ဆက်တိုက် တောက်ထုတ်လိုက်သည်။

"ဖုန်း... ဖုန်း... ဖုန်း"

စွမ်းအင်လှိုင်း သုံးခု ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် အင်အားက လေထုကို ဖိသိပ်လိုက်ကာ လေကျည်ဆန်များကဲ့သို့ ဖြစ်ပေါ်လာပြီး ထိုသုံးယောက်၏ အရှေ့တွင် တိုက်ရိုက် ပေါက်ကွဲသွားသည်။

ထိုသုံးယောက်က ပထမဆုံး အချိန်တွင် ခုခံလိုက်ကြပြီး တစ်ယောက်ချင်းစီက ကာကွယ်ရေး အကာအကွယ်များကို ဖွင့်လှစ်လိုက်ကြကာ သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံးတွင် အစွမ်းများကို လင်းလက်စေ၍ တိုက်ရိုက် ခုခံလိုက်ကြသည်။

သို့သော် ချွင်းချက်မရှိဘဲ အားလုံးက ထိုလက်ချောင်းစွမ်းအား၏ လေပြင်းကြောင့် ချက်ချင်း လွင့်စင်သွားကြသည်။

လင်းယွမ်က ဆက်လက်၍ လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် ပတ်ဝန်းကျင် လေထုထဲ၌ ကြီးမားကျယ်ပြန့်သော စိတ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုစိတ်စွမ်းအင်များက စိတ်စွမ်းအင် ကွန်ရက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဖုံးအုပ်ကျဆင်းလာသည်။

လင်းယွမ်က အကြည့်တစ်ချက် ဝေ့ရမ်းလိုက်ပြီး အခန်း၏ အနောက်မြောက်ဘက် ထောင့်ရှိ အခန်းတံခါးကို လှမ်းကြည့်လိုက်သည်။

ဤကပ္ပတိန် အခန်းက အခန်းနှစ်ခန်းအဖြစ် ခွဲခြားထားခြင်း ဖြစ်ပြီး အမှန်တကယ် ကပ္ပတိန် ဖြစ်သော ဟော့ယွမ်တုက အတွင်းဘက်ရှိ ထိုအခန်းငယ်လေးထဲတွင် နေထိုင်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် စိတ်စွမ်းအင် ကွန်ရက်ကြီးက ဖုံးအုပ်ကျဆင်းလာပြီး အလွန် လျင်မြန်သော အရှိန်ဖြင့် ကျုံ့ဝင်ကာ ဖုံးအုပ်လာသည်။

တံခါးအပြင်ဘက်ရှိ မန်ချင်က အစကတည်းက ကြောက်ရွံ့ကာ ကြက်သေ သေနေခဲ့ပြီး ယခုအချိန်တွင် ဤမြင်ကွင်းကို ကြောင်အစွာ စိုက်ကြည့်နေသည်။

လင်းယွမ်က အစီအစဉ်အတိုင်း မလုပ်ဆောင်ဘဲ တိုက်ရိုက် လက်ပါလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

"ဝုန်း"

စိတ်စွမ်းအင် ကွန်ရက်ကြီးက အရှိန်အဟုန်ဖြင့် ကျုံ့ဝင်သွားပြီး လင်းယွမ်ကို ၎င်းအတွင်း၌ ချက်ချင်း ဖုံးအုပ်လိုက်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည့် ဖြစ်နိုင်ခြေ အားလုံးကို လုံးဝ ပိတ်လှောင်လိုက်တော့သည်။

ဆက်ရန်...

All Chapters