← Chapters

အခန်း (၂၃၇၅-၂၃၇၆)

Vol. 178 Ch. 2375-2376

အခန်း (၂၃၇၅-၂၃၇၆)

Vol. 178 Ch. 2375-2376

အခန်း(၂၃၇၅)

“ဒါ ဒါမဖြစ်နိုင်ဘူး.. ကျောက်စိမ်းဓားအဘိုးအိုက ဘယ်လိုလုပ်ပြီး အဲဒီကောင်လေးရဲ့ လက်ချောင်းတောက်ချက် နှစ်ချက်တည်းနဲ့တင် ရှုံးနိမ့်သွားခဲ့ရတာလဲ”

“.........”

ဤအခိုက်အတန့်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းသည် မှင်တက်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ဓားလမ်းစဥ်သည် သံသယဖြစ်ဖွယ်ရာမရှိ အစွမ်းအထက်ဆုံး လမ်းစဥ်များထဲမှ တစ်ခု ဖြစ်သည်။

ဓားလမ်းစဥ်ကို ကျင့်ကြံသော ဓားကျင့်ကြံသူများသည် အဆင့်တူအတွင်းဆိုလျှင် ပြိုင်ဘက်ကင်းသလောက် ဖြစ်၏။

ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်း၏ ဘိုးဘေးတစ်ဦးအနေဖြင့် ကျောက်စိမ်းဓားအဘိုးအိုသည် ကပ်ဘေးအလယ်အလတ်အဆင့်သို့ ရောက်ရှိနေရုံသာမက ဓားလမ်းစဥ်တွင်လည်း အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။

ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ကျောက်စိမ်းဓားအဘိုးအိုကို ဤမျှအထိ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံသူများ၏ စွမ်းအားသည် သိုင်းပညာ ကျင့်ကြံသူများ၏ စွမ်းအားထက် သာလွန်ကောင်းမွန်သော အချက် ဖြစ်သည်။

ကပ်ဘေးအဆင့်နှင့် နှိုင်းယှဥ်နိုင်သော နတ်ဘုရင်အဆင့်သည်ပင် ကျင့်ကြံခြင်းအဆင့်ခြင်း တူညီနေခဲ့လျှင် အနည်းငယ် နိမ့်ကျလေ့ ရှိ၏။

ကျောက်စိမ်းဓားအဘိုးအို၏ စွမ်းရည်ဖြင့်သာဆိုလျှင် သိုင်းပညာ ကျင့်ကြံခြင်းလောကမှ နတ်ဘုရင်သတ္တမအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးပင် လက်ချောင်းတောက်ချက် နှစ်ချက်တည်းဖြင့် အနိုင်ယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်ပါသလော။

“ဒီကောင်လေးက အရမ်းကို အစွမ်းထက်လွန်းတယ်.. ငါတို့အတူတူ တိုက်ခိုက်ကြစို့”

ထျန်းယွမ်ဘိုးဘေးတို့ သုံးဦးက ဆက်တိုက်ဆိုသလို လှုပ်ရှားခဲ့ကြသော်လည်း ကျန်းချန်ကို မည်သို့မျှ အသာစီး မရရှိခဲ့သည်ကို မြင်လျှင် မုချင်းစန်းသည် လေးနက်စွာ ပြောလိုက်သည်။

ထျန်းယွမ်ဘိုးဘေးနှင့် ကျန်းချန်တို့ တိုက်ခိုက်နေစဥ်က မုချင်းစန်းသည် ကျန်းချန်နှင့် ယှဥ်ပြိုင်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။

သို့သော် ထျန်းကန်းအင်မော်တယ်ဂိုဏ်းမှ ကျင်းထျန်းဟုန်နှင့် ခရမ်းရောင်ဓားဂိုဏ်းမှ ကျောက်စိမ်းဓား အဘိုးအိုတို့ ရှုံးနိမ့်သွားပြီးနောက်တွင်မူ မုချင်းစန်းသည် သူ့ရှေ့မှ ကောင်လေးက သူထင်မှတ်ထားသည်ထက်ပင် ပို၍ အစွမ်းထက်ကြောင်း နားလည်သွားခဲ့သည်။

ထျန်းကန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျင်းထျန်းဟုန်နှင့် ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ ကျောက်စိမ်းဓား အဘိုးအို တို့သည် ကပ်ဘေး အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့‌ ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူများနှင့် အဆင့်တူနီးပါး ရှိသည်။

တိုက်ခိုက်ရေးစွမ်းရည်အရ ဆိုလျှင် ထိုနှစ်ဦးသည် နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် လုံးဝ အသာစီး ယူနိုင်စွမ်းရှိ၏။

သို့သော်လည်း ထိုနှစ်ဦးသည်ပင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ရှုံးနိမ့်သွားခဲ့ရသည်။

ယင်းသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က အနည်းဆုံး နတ်ဘုရင် အဋ္ဌမအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ထိုစဥ်က စကြဝဠာတိုက်ပွဲတွင် နတ်ဘုရားနယ်မြေကို လုံးဝ မသိမ်းပိုက်နိုင်ခဲ့သော်လည်း အင်မော်တယ် ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေ၏ သက်စောင့်စွမ်းအား များစွာနှင့် ခွန်အားများစွာကို ဆုံးရှုံးစေခဲ့သည်။

ထို့ကြောင့် နတ်ဘုရားနယ်မြေသည် အလွန်တရာ အားနည်းနေလိမ့်မည်ဟု မုချင်းစန်းတို့ လူစုသည် ထင်မြင်ခဲ့ကြသည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကက အင်မော်တယ်တိုက်၏ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်း လောကကို တဖြည်းဖြည်း ဝါးမျိုပြီးလျှင် သူတို့၏ ခွန်အားသည် နောက်ထပ် အဆင့်တစ်ခုသို့ သေချာပေါက် တက်လှမ်းသွားလိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူတို့သည် နတ်ဘုရားနယ်မြေကို တိုက်ခိုက်နိုင်ပြီး သူတို့၏ ဘိုးဘေးများ မပြီးမြောက်ခဲ့သည့်ကိစ္စများကို အောင်မြင် ပြီးမြောက်အောင် လုပ်‌ဆောင်နိုင်ပေလိမ့်မည်။

သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ် သူတို့ရှေ့တွင် ပေါ်လာပြီးနောက်တွင် မုချင်းစန်းသည် သူတို့အနေဖြင့် နတ်ဘုရားနယ်မြေကို လျှော့တွက်မိခဲ့ကြောင်း သတိပြုမိသွားခဲ့သည်။

နတ်ဘုရားနယ်မြေသည် ဤမျှအထိ ဆန်းကြယ်သော ပါရမီရှင်ကို မွေးထုတ်ပေးနိုင်နေပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေ၏ ခွန်အားသည် သေချာပေါက် အဆိုးရွားကြီး မဟုတ်ပေ။

အနည်းဆုံးတော့ သူတို့ အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောကနှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိသည့် အဆင့် မဟုတ်ချေ။

လက်ရှိအချိန်တွင် သူတို့သည် သူတို့ရှေ့မှ ကောင်လေးကို မည်မျှပင် ပေးဆပ်ရပါစေ သတ်ဖြတ်ရမည် ဖြစ်ပြီး ထို့နောက်တွင် နတ်ဘုရားနယ်မြေနှင့် အင်မော်တယ်တိုက် ကြားရှိ လမ်းကြောင်းကို ပိတ်ဆို့ရန် နည်းလမ်းအား ရှာဖွေရလိမ့်မည်ဖြစ်၏။

ထိုသို့မဟုတ်ဘဲ နတ်ဘုရားနယ်မြေသည် အင်မော်တယ်တိုက်၏ အခြေအနေကို သိရှိသွားလျှင် အင်အား အလုံးအရင်းဖြင့် လာရောက်ပြီး သူတို့ အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းလောကကို အမြစ်ကနေ ဆွဲနှုတ်ပစ်ပေလိမ့်မည် မဟုတ်ပါလား။

“တိုက်ကြစို့”

မုချင်းစန်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ထိုက်ယီ အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ထျန်းကျန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျင်းထျန်းဟုန်ကလည်း ပုဆိန်တိုက်ကွက်ဖြင့် ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ကျောက်စိမ်းဓား အဘိုးအိုသည်လည်း ယခင်ကထက် ပိုမိုအစွမ်းထက်သည့် ဓားကွက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

ထိုအခိုက်အတန့်တွင် မဟာသူရိန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျင်းချီရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည့် ပူပြင်းသော အရှိန်အဝါရှိသည့် နေမင်းကြီးသည် သူ၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့သည်။

သူက ထိုနေမင်းကြီးကို ကျန်းချန်ထံ အရှိန်အဟုန်ဖြင့် သက်ရောက်စေခဲ့၏။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ထျန်းယွမ်သည်လည်း လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ၏ လက်ဝါးရိုက်ချက်သည် လေထဲတွင် ဧရာမလက်ဝါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူ ငါးဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။

ထိုအထဲမှ လေးဦးသည် ကပ်ဘေး အလယ်အလတ်အဆင့် ဖြစ်ပြီး တစ်ဦးကမူ ကပ်ဘေး‌ နှောင်းပိုင်းအဆင့် ဖြစ်သည်။

ထိုကဲ့သို့ စွမ်းအားမျိုးသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်၏။

ကောင်းကင်နှင့် မြေကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပုံရပြီး အမိုးအခုံးသည်ပင် ပွင့်ထွက်သွားကာ မ‌ရေမတွက်နိုင်သော နေရာလွတ် မုန်တိုင်းများပင် ဝင်ရောက်လာခဲ့သည်။

ဤသို့ဖြင့် ထုံရှန်းတောင်ကြား၏ အထက် ကောင်းကင်ယံတွင် ပေပေါင်းထောင်ချီ မြင့်မားသော စွမ်းအင်လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေခဲ့၏။

ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုစွမ်းအင်များ၏ သက်ရောက်မှုကနေ လွတ်မြောက်ရန် အတွက် မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်ခဲ့ကြရသည်။

သူတို့အားလုံးက ကျန်းချန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသော မုချင်းစန်းတို့ ငါးဦးကိုကြည့်ကာ အသက်ရှူရန်ပင်မေ့လျော့နေခဲ့ကြ၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူ ဆိုသည်မှာ အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် အနှိုင်းမဲ့အစွမ်းထက်သော ပုဂ္ဂိုလ် ဖြစ်သည်။

ဂိုဏ်းကြီးငါးဂိုဏ်းမှ လွဲလျှင် ကျင့်ကြံသူများသည် သူတို့၏ ဘဝတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူများကို အချိန်အနည်းငယ်မျှ မြင်တွေ့ရန်ပင် မလွယ်ကူပေ။

သို့ဖြစ်ရာ ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးပါး တစ်ပြိုင်နက်တည်း တိုက်ခိုက်သည်ကို တွေ့မြင်ရရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

“အရမ်းကို အစွမ်းထက်လွန်းတာပဲ.. ကပ်ဘေးအဆင့်က အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့ အဆင့်လို့ မပြောရဘူး.. တကယ်ကို ကြောက်စရာပဲ”

ကျင့်ကြံသူများသည် သူတို့ရှေ့မှ တုန်လှုပ်ဖွယ် မြင်ကွင်းကို ကြည့်ကာ အံ့ဩနေခဲ့ကြသည်။

ဤကပ်ဘေး ကျင့်ကြံသူငါးပါး ပူးပေါင်းလိုက်လျှင် ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ခုခံနိုင်ရန် မသေချာပေ။

ဤအခိုက်အတန့်တွင် ယန်ရွှမ် ဦးဆောင်သော ရွှမ်ယန်ဂိုဏ်းမှ တပည့်များ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူတို့ ရွှမ်ယန်ဂိုဏ်းကနေ ဝင်ခွင့်နေရာတစ်နေရာကို တစ်ကိုယ်တော် စွမ်းရည်ဖြင့် ရယူခဲ့သော ကောင်လေးသည် အဆုံးသတ်တွင် ဤထုံရှန်းတောင်ကြား၌ မြှုပ်နှံခံရတော့မည်ဖြစ်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်းမှ နတ်မိမယ်ကျိယွင်သည် တစ်ကိုယ်တည်း ကြားလောက်ရုံ လေသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။

“သူ့ကို ရှင်းလင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

တန်ယန်မြို့တွင် ပေါ်လာခဲ့သည် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ လုပ်ဆောင်ချက် အားလုံးကို နတ်မိမယ်ကျိယွင်သည် ကောင်းစွာ မှတ်မိနေခဲ့၏။

ထိုလူငယ်ကို နှိမ်နင်းနိုင်တော့မည်ဟု သူမ ထင်လိုက်သည့် အချိန်တိုင်းတွင် ထိုလူငယ်သည် ကောင်းစွာ တုံ့ပြန်နိုင်ခဲ့ပြီး ယင်းသည် သူမ၏ မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်သကဲ့သို့ပင် ခံစားရစေခဲ့၏။

တန်မိသားစု၏ အရှင်သခင် တန်ချင်းဖုန်းနှင့် သူတို့ မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး အပါအဝင် ကပ်ဘေးအဆင့်ဘကျင့်ကြံသူ ခြောက်ဦးသည် ကျန်းချန်၏ လက်ထဲတွင် ဇာတ်သိမ်းသွားခဲ့ကြသည်။

ယခုအခါတွင် မုချင်းစန်း အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးသည် ထိုလူငယ်ကို ကိုင်တွယ်ရန် ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း နတ်မိမယ်ကျိယွင်သည် မုချင်းစန်းတို့ ငါးဦးပင်လျှင် ထိုလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်ဟု ခံစားနေခဲ့ရသည်။

လေထုထဲရှိ ကျန်းချန်သည် မုချင်းစန်းတို့ ငါးဦး၏ တိုက်ခိုက်မှုကို မြင်သော်လည်း အမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

သူ့ရှေ့မှ ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး ပူးပေါင်း တိုက်ခိုက်မှုသည် နတ်ဘုရင် ဆဋ္ဌမအဆင့် လေးဦးနှင့် နတ်ဘုရင် သတ္တမအဆင့် တစ်ဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် တူညီပြီး စွမ်းအားသည် အမှန်တကယ်ပင် အလွန်တရာကြောက်မက်ဖွယ်ကောင်း၏။

သာမန် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင်ပင် ထိုစွမ်းအားကို ရင်ဆိုင်ရန် မလွယ်ကူလောက်ပေ။

သို့ရာတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်ဆဋ္ဌမအဆင့်ကို မကျော်ဖြတ်ရသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ နတ်ဘုရင် အဋ္ဌမအဆင့်ကို ကျော်လွန်နေခဲ့သည်မှာ ကြာပြီဖြစ်၍ မုချင်းစန်းတို့ ငါးဦးကို အနည်းငယ်မျှပင် ကြောက်ရွံ့မနေခဲ့ပေ။

ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး သူ၏ ကျောဘက်၌ ဧရာမ ရွှေရောင်ဓား တစ်လက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၃၇၅)ပြီး၏။

အခန်း(၂၃၇၆)

“ဓား လာခဲ့စမ်း”

ကျန်းချန်က သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားသည် ရွှေရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ် ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

“ဝုန်း..”

ထိုအခိုက်အတန့်တွင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓား ပေါ်ရှိ ရွှေရောင် အလင်းတန်းသည် အလွန်တရာ တောက်ပလာခဲ့သည်။

ယင်းနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖြင့် ခုတ်ပိုင်းချလိုက်၏။

ဤဓားချက်သည် အလွန်အမင်း ထိတ်လန့်ဖွယ်ရာ ကောင်းပြီး နေနှင့်လကိုပင် ပိုင်းဖြတ်ပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။

“ဝုန်း..”

ကောင်းကင်ယံရှိ အာကာပြင်များပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပြီး လောကကြီးတစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။

မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ သက်စောင့်စွမ်းအားများသည် ဤအခိုက်အတန့်တွင် ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်အထိပင်။

ကောင်းကင်ယံတွင် ဧရာမ ဥက္ကာခဲနှစ်လုံး တိုက်မိသကဲ့သို့ ဖြစ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားများသည် ထုံရှန်းတောင်ကြား အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို ငရဲဘုံတစ်ခုနှယ် ပြောင်းလဲပစ်လိုက်သည်။

ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို အစွမ်းကုန် အသုံးပြုမည်ဆိုလျှင် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။

သို့ဖြစ်ရာ မုချင်းစန်းတို့ ငါးဦး၏ ပူးပေါင်း တိုက်ခိုက်မှုသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားချက်ကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

“ဝုန်း..”

မုချင်းစန်းတို့ ငါးဦး၏ တိုက်ခိုက်မှု စွမ်းအားများသည် ကျန်းချန်၏ ဓားစွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

မုချင်းစန်းတို့ ငါးဦး၏ ပုံရိပ်များက တုန်ခါသွားခဲ့ပြီး ပါးစပ်ကနေလည်း ညည်းညူသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြသည်။

ကပ်ဘေးနှောင်းပိုင်း အဆင့်ကို ရောက်ရှိနေသည့် ထျန်းယွမ်ဘိုးဘေးမှ လွဲ၍ ကျန်လေးဦးသည် ပါးစပ်ကနေ သွေးတစ်လုတ်စီကို အန်ထုတ်လိုက်ကြရ၏။

ဤအခိုက်အတန့်တွင် ထုံရှန်းတောင်ကြား၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြည့်နေခဲ့ကြပြီး တချို့ဆိုလျှင် ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

မုချင်းစန်းတို့ ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦး ပူးပေါင်းတိုက်ခိုက်မှုကို အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ဓားချက်တစ်ချက်၏ စွမ်းအားသည် ဤမျှအထိပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပါသလော။

“တကယ်ကို အစွမ်းထက်လွန်းတာပဲ.. ကပ်ဘေးအဆင့် အစွမ်းထက် ကျင့်ကြံသူငါးဦးတောင် သူ့ကို မတားနိုင်ခဲ့ဘူး”

သူမ‌ရှေ့မှ မြင်ကွင်းကို မှင်တက်စွာကြည့်ရင်း နတ်မိမယ် ကျိယွင်သည် ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူမ၏ ပင်ကိုသိစိတ်အရ မုချင်းစန်းတို့ ကပ်ဘေးအဆင့်ကျင့်ကြံသူ ငါးဦးသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အနိုင်ယူရန် မသေချာမှန်း ခံစားမိနေခဲ့သည်။

သို့‌သော်လည်း မုချင်းစန်းတို့ ငါးဦးသည် ထိုလူငယ်၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် ရှုံးနိမ့်သွားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ မုချင်းစန်းတို့ ငါးဦးသည် တန်ယန်မြို့သို့ ဆင်းသက်လာခဲ့သည့် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးထက် အဆပေါင်းများစွာ သာလွန်သောအချက် ဖြစ်သည်။

ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူလေးဦး ဟူသော အင်အားကို အင်မော်တယ်တိုက် တစ်ခုလုံးတွင်ပင် ရင်ဆိုင်နိုင်သူ သုံးဦးထက် ပိုရှိမည် မဟုတ်ပေ။

အင်မော်တယ်တိုက်၏ နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဟု လူသိများသော သိုင်းပညာ ကျင့်ကြံခြင်း လောကမှ ဝူကျန့်ထျန်း တစ်ဦးတည်းသာလျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုး ရှိပေလိမ့်မည်။

“ငါ့ရဲ့ ဓားချက်ကိုတောင် ခုခံနိုင်တယ်ဆိုတော့ မင်းတို့ ငါးယောက်က ဘယ်ဆိုးလို့လဲ.. နောက်ထပ် ဓားချက်တစ်ချက်ကို ဆက်ပြီး ခံယူကြည့်လိုက်ပါဦး”

ကျန်းချန်က သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားဖြင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ တတိယမြောက်ဓားကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

ကောင်းကင်ယံတွင် အလင်းတံခါး ဖြစ်ပေါ်လာခဲ့ပြီး ထိုအလင်းတံခါးကနေ အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားတစ်ပါး ထွက်ပေါ်လာခဲ့သည်။

ထိုဓားနတ်ဘုရားက ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ မုချင်းစန်း တို့ကို တိုက်ခိုက်လိုက်၏။

ဤအခိုက်အတန့်တွင် မုချင်းစန်းတို့ ငါးဦးသည် သေခြင်းတရား၏ အရိပ်အငွေ့က သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

“အင်မော်တယ်ဓားသိုင်း.. ဒါက ဒဏ္ဍာရီထဲက အင်မော်တယ်ဓားသိုင်းပဲ”

ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ ကျောက်စိမ်းဓား အဘိုးအိုသည် ကျန်းချန်၏ တုန်လှုပ်ဖွယ်ရာကောင်းသော ဓားချက်ကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။

ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်း၏ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ကျောက်စိမ်းဓား အဘိုးအိုသည် ဓားလမ်းစဥ်ကို နှစ်ပေါင်းသောင်းချီ ကျင့်ကြံခဲ့သူ ဖြစ်ပြီး ဓားလမ်းစဥ်တွင် အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူလည်း ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် ကျန်းချန် ထုတ်ဖော်လိုက်သော ဓားချက်အား မြင်တွေ့လိုက်ရပြီးနောက်တွင် ကျောက်စိမ်းဓား အဘိုးအိုသည် တစ်ချိန်က ဂုဏ်ယူခဲ့ရသော ဓားပညာမှာ ဤဓားကွက်ရှေ့တွင် ပြောပလောက်စရာ မရှိကြောင်း သဘောပေါက်သွားခဲ့သည်။

ဆိုရလျှင် ဤဓားကွက်သည် သူတတ်မြောက်ထားသည့် ဓားကွက်ထက် လုံးဝ သာလွန်နေခဲ့၏။

ဤကဲ့သို့ ဓားကျင့်စဥ်မျိုးသည် ဒဏ္ဍာရီထဲမှ ဓားအင်မော်တယ်များ ကျင့်ကြံသည့် ဓားကျင့်စဥ်သာလျှင် ဖြစ်နိုင်ပေလိမ့်မည် မဟုတ်ပါလော။

သို့သော်လည်း ဤအခိုက်အတန့်က သေရေးရှင်ရေး အခိုက်အတန့် ဖြစ်နေသဖြင့် ကျောက်စိမ်းဓား အဘိုးအိုတို့ ငါးဦးသည် ထိုအကြောင်းများကို စဥ်းစားနေရန် အချိန်မရှိပေ။

အနည်းငယ် ပေါ့ဆမိသည်နှင့် သူတို့ ငါးဦးစလုံးသည် ယနေ့တွင် ဤဓားချက်အောက်၌ အမှန်တကယ်ပင် နိဂုံးချုပ်ရပေလိမ့်မည်။

“ကောင်လေး.. မောက်မာလှချည်လား”

ထိုအခိုက်အတန့်တွင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် ထုံရှန်းတောင်ကြား၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

မကြာမီမှာပင် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ခုသည် ထုံရှန်းတောင်ကြား၏ အထက် ကောင်းကင်ယံတွင် ပျံ့နှံ့လာခဲ့သည်။

ထိုအရှိန်အဝါသည် ကျန်းချန် မြင်တွေ့ဖူးသမျှ ကပ်ဘေးအဆင့် မည်သည့် ကျင့်ကြံသူထက် မဆို ပိုမို အစွမ်းထက်ပြီး မြူခိုးအင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးနှောင်းပိုင်းအဆင့် ထျန်းယွမ်ဘိုးဘေးထက်ပင် များစွာ သာလွန်နေခဲ့သည်။

ကျန်းချန် တွေ့ဖူးသမျှ အစွမ်းထက် ပုဂ္ဂိုလ်များထဲတွင် လနတ်နန်းတော်၏ နန်းတော်သခင်မက လွဲ၍ ဤအရှိန်အဝါနှင့် နှိုင်းယှဥ်နိုင်သူမှာ မရှိသလောက်ပင်။

“ဝုန်း..”

ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဝါ ထွက်ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင်စွမ်းအား တစ်ခုသည် လေထုထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းချန် ထုတ်ဖော်ထားသော အပြာရောင်ဧကရာဇ် ဓားချက်၏ ဓားအလင်းပင်လျှင် ထိုကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင် စွမ်းအားအောက်တွင် လုံးဝရပ်တန့်သွားခဲ့သည်။

“ကပ်ဘေးအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ပါလား”

ကျန်းချန်က စိတ်နှလုံး တုန်လှုပ်သွားခဲ့ပြီး ရုတ်တရက် ခေါင်းမော့ကာ ကြည့်လိုက်သည်။

ထိုအခါ အစိမ်းဖျော့ဖျော့ အလင်းတန်းများ လွှမ်းခြုံနေသော အဘိုးအိုတစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပေါ်ထွက်လာခဲ့၏။

ကျန်းချန်၏ အကြည့်အောက်မှာပင် ထိုအဘိုးအိုသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထဲတွင် ရပ်တန့်နေသော ဓားအလင်းကို ဖမ်းဆုပ်၍ ချေမှုန်းပစ်လိုက်သည်။

မုချင်းစန်းတို့ ငါးဦးသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာသော အပြာရောင်ပုံရိပ်ကို မြင်လျှင် ချက်ချင်းဆိုသလို ဂါဝရပြုလိုက်ကြသည်။

သူတို့၏ မျက်ဝန်းများတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ကြ၏။

ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးဖြစ်ပြီး ယနေ့ခေတ် အင်မော်တယ်တိုက်၏ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ထိုက်ချင်းဘိုးဘေး၏ ဝါစဥ်သည် အလွန်တရာပင် မြင့်မားလှ၏။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ ထျန်းယွမ်ဘိုးဘေး ပင်လျှင် ထိုက်ချင်းဘိုးဘေး၏ ရှေ့တွင် မျိုးဆက်သစ် တစ်ဦးမျှသာ ဖြစ်သည်။

ထိုက်ချင်းဘိုးဘေးသည် အင်မော်တယ်တိုက်၏ အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ရုံသာမက စွမ်းရည်မှာလည်း အလွန်တရာပင် နက်ရှိုင်း၏။

ဆိုရလျှင် ထိုက်ချင်းဘိုးဘေးသည် အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဆိုလည်း မမှားပေ။

အင်မော်တယ်တိုက် တစ်ခုလုံးတွင် မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ဖြစ်သည့် နတ်ဘုရင် ဝူကျန့်ထျန်းမှ လွဲ၍ ထိုက်ချင်းဘိုးဘေးနှင့် ယှဥ်ပြိုင်နိုင်သူမရှိဟု အားလုံးက ယူဆထားကြသည်။

ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မည်မျှပင် အစွမ်းထက်နေပါစေ၊ ထိုက်ချင်းဘိုးဘေး၏ ရှေ့တွင် မည်သည့် ပြဿနာမှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုက်ချင်းဘိုးဘေးက ခေါင်းညိတ်လိုက်ပြီး သူ၏ အိုမင်းသောမျက်ဝန်းများဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“နတ်ဘုရားနယ်မြေက စကြဝဠာအဆင့်စစ်ပွဲမှာ အင်အားချည့်နဲ့သွားတာတောင် မင်းလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကြည့်ရတာ ဒီနှစ်တွေအတွင်းမှာ နတ်ဘုရားနယ်မြေက အများကြီး နာလန်ထူလာပုံပဲ”

ကျန်းချန်ကလည်း ထိုက်ချင်းဘိုးဘေးကို စူးစိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေမှာ မင်းတို့လို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက အကြွင်းအကျန်တွေ ရှိနေသေးပြီး ငါတို့ နတ်ဘုရားနယ်မြေရဲ့ မြေပေါ်မှာ ဒီလိုမျိုး အင်မော်တယ်ကျင့်ကြံခြင်းလောကကို တည်ထောင်ထားလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး”

“ကောင်လေး.. ဒီနေရာက နတ်ဘုရားနယ်မြေနဲ့ အဆက်အသွယ်ပြတ်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. သာမန်လူတွေက နတ်ဘုရားနယ်မြေကနေ ဒီကို ဘယ်လိုမှ လာနိုင်မှာ မဟုတ်ဘူး”

ထိုက်ချင်းဘိုးဘေးက ကျန်းချန်ကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

“ငါ့ကိုပြောစမ်း မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

အခန်း(၂၃၇၆)ပြီး၏။

All Chapters