အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း (၁၉၉) - အကုန်လုံးကို ဖျက်ဆီးပစ်ခြင်း
ဖုန်းရွှေ ပညာရှင်က လီယန်ချူကို လုံးဝ အရေးမစိုက်ပေ။
ဤ ကြေးနီ ရုပ်အလောင်းမှာ မော်ရှန်းဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ထိပ်တန်း ကိုယ်ခံပညာရှင် တစ်ဦး၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ပုံဖော်ထားခြင်း ဖြစ်ပြီး၊ ဖျက်ဆီး၍ မရသလောက် ခိုင်ခံ့ကာ အားအင်မှာလည်း အဆုံးမရှိပေ။
ထို့အပြင် သာမန် ဇွန်ဘီ များကဲ့သို့ ထုံအခြင်း မရှိဘဲ၊ တိုက်ခိုက်ရေး စွမ်းရည်ကို အပြည့်အဝ ထိန်းသိမ်းထားသည်။
အလွန် မိစ္ဆာဆန်လှသည်။
တစ်ခါ နီးကပ်မိပြီဆိုပါက ကျင့်ကြံသူများအတွက် ငရဲပင် ဖြစ်သည်။
သာမန် နတ်ဆိုးနှိမ်နင်းရေး အဆောင်များနှင့် သရဲတစ္ဆေ ချုပ်နှောင်သည့် အဆောင်များမှာ ဤထိပ်တန်း ကိုယ်ခံပညာရှင်၏ ရုပ်အလောင်းဖြင့် ဖန်တီးထားသော ကြေးနီ ရုပ်အလောင်းအတွက် အသုံးမဝင်ပေ။
"မင်းတို့ တရားရုံးတော်က အခုဆိုရင် ဒီလို တာအိုလေးတစ်ယောက်ရဲ့ အကူအညီကိုပဲ မှီခိုနေရတာ၊ တကယ်ကို သနားစရာကောင်းလိုက်တာ "
"ဒီ ကြေးနီ ရုပ်အလောင်းရဲ့ နောက်ကြောင်းကို မင်းသိလား၊ အခုလို လူငယ် တာအိုဆရာလေးတစ်ယောက်က..."
ဖုန်းရွှေ ပညာရှင် စကားပင် မဆုံးသေးပေ။
မူလက တည်ငြိမ်အေးဆေးပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ကျွမ်းကျင်သူ ပုံစံမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
မျက်နှာ အကြီးအကျယ် ပျက်သွားသည်
လီယန်ချူက လက်တစ်ချက် ထိုးပြလိုက်ရာ ထိုအားအင် မကုန်ခမ်းနိုင်သော ကြေးနီ ရုပ်အလောင်းမှာ နေရာတွင်ပင် ရပ်တန့်သွားသည်။
နတ်ဘုရားတစ်ပါးက တည်ငြိမ်စေသည့် မန္တန်ကို သုံးလိုက်သကဲ့သို့ပင်။
ဝေါင်းးးး
ကြည်လင်သော နဂါးဟိန်းသံ တစ်ချက် ထွက်ပေါ်လာသည်။
ဓားအလင်းမှာ ဖြတ်သန်းသွားသည်။
ဖျက်ဆီး၍ မရနိုင်သော ခန္ဓာကိုယ်၊ ချန်ယန်၏ ပြင်းထန်သော လှံချက်ကိုပင် ခံနိုင်ရည်ရှိသည့် ထူးဆန်းသော ကြေးနီ ရုပ်အလောင်းမှာ လီယန်ချူ၏ ဓားတစ်ချက်ဖြင့်ပင် နှစ်ပိုင်း ပြတ်သွားသည်
ဖြတ်ထားသည့် နေရာမှာ ပြေပြစ်ပြီး ချောမွေ့နေသည်။
လီယန်ချူ၏ ယခု ဝိညာဉ်စွမ်းအား မှာ ဒုတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ခုနက တိုက်ခိုက် လိုက်ချိန်တွင် ချုပ်နှောင်သည့် အတတ်ကို သုံးပြီး ထို ချန်ဦးလေးကို ချုပ်တည်းထားလိုက်ခြင်း ဖြစ်သည်။
လီယန်ချူသည် ကျန်ကျောင်းဓား ကို ကိုင်ထားရင်း ထို ဖုန်းရွေ ပညာရှင်ကို စိုက်ကြည့်ကာ
"အဘိုးကြီး၊ ဘာပြောလိုက်တာလဲ၊ ကျုပ်သေချာ မကြားလိုက်ဘူး "
ဟု ခနဲ့ကာ ပြောလိုက်သည်။
"..." ဖုန်းရွှေ ပညာရှင်
ဒီလိုနဲ့ပဲ ဓားတစ်ချက်တည်းနဲ့ ခုတ်လိုက်တာလား
ဖုန်းရွှေ ပညာရှင်မှာ ချက်ချင်းပင် ရင်တုန်သွားသည်။
တစ်စုံတစ်ခုသော ကြောက်စရာကောင်းသည့် အရာက သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည်
မြေပေါ်ရှိ ကြေးနီ ရုပ်အလောင်း၏ အလောင်းကို ကြည့်ရင်း ဖုန်းရွေ ပညာရှင်မှာ မယုံနိုင်စရာ ဖြစ်နေသည်။
ချန်ယန်က အနည်းငယ် ပြုံးကာ
"မင်းရဲ့ အလောင်းက ငါ့ရဲ့ လူလောက် မတော်ဘူးပဲ"
ဟု ပြောသည်။
ဒါဟာ အထိနာစေသော စကားပင်
ဟူး
လှံရှည်ကို ဘေးတိုက် ယမ်းလိုက်ရာ ရှေ့သို့ မရပ်မနား တိုးဝင်နိုင်သည့် ပြင်းထန်သော အရှိန်အဝါဖြင့် လေနှင့် ရေ ပညာရှင်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
ဖုန်းရွှေပညာရှင်မှာ နောက်သို့ ဆုတ်ခွာသွားပြီး ခြေအောက်ရှိ အစီအရင်ကို ချက်ချင်း လှုပ်ရှားလိုက်သည်။
ဗုန်း
အမြစ်များမှာ မြေကြီးထဲမှ ပေါက်ထွက်လာပြီး ချန်ယန်ဆီသို့ တိုက်ခိုက်လာသည်။
ဒါဟာ အသက်သွေးကြောကို စုပ်ယူသည့် နတ်ဘုရား ကွမ်းပင်၏ အမြစ်များ ဖြစ်သည်။
ယခုအခါ အစီအရင်၏ ဆွဲငင်မှုကြောင့် ချန်ယန်ကို သတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
မြေပြင်မှာ အန္တရာယ် ပေါ်လာသည်
ချန်ယန်က လှံကို ယမ်းလိုက်ပြီး ထူထဲရုပ်ဆိုးသော အမြစ်များကို တုန်ခါသွားအောင် ရိုက်ထုတ်လိုက်သည်။
သို့သော် သူ့လှံပေါ်ရှိ စွမ်းအားမှာ ထိုအမြစ်များကို ပြတ်သားသော ထိခိုက်မှု မဖြစ်စေခဲ့ပေ
ရှီး
နောက်ကျောမှ ပြင်းထန်သော လေတိုးသံ ထွက်ပေါ်လာပြီး ချန်ရှန်းဂိုဏ်း တပည့် လျိုဒါအန်း ဖြစ်သည်။
ခုနကတည်းက တိတ်ဆိတ်နေသော ထို လူငယ် ကျင့်ကြံသူဖြစ်သည်။
စိတ်ဝေဝါးနေပုံရသည်။
မထင်မှတ်ဘဲ ယခုတွင် ချန်ယန်ကို နောက်ကျောမှ ဓားဖြင့် ထိုးသွင်းလိုက်သည်
သူ၏ အမူအရာမှာ ရက်စက်လှပြီး မိစ္ဆာအငွေ့အသက်များ ဝန်းရံနေသည်။
ထင်ရှားသည်မှာ အငွေ့အသက်များက သူ့စိတ်ဝိညာဉ်ကို သိမ်းပိုက်သွားပြီ ဖြစ်သည်။
ချန်ယန်မှာ လျင်မြန်သော ကိုယ်ခံပညာ၊ ပြင်းထန်သော လှံချက်များဖြင့် လျိုဒါအန်းနှင့် အမြစ်များ၏ တိုက်ခိုက်မှုအောက်တွင်ပင် အရှုံးမပေးဘဲ တိုက်ခိုက်နေဆဲ ဖြစ်သည်။
"မဖြစ်နိုင်တာ၊ ကျားဖြူ လက်နက် အစီအရင် ပျက်သွားပြီလေ၊ မင်းက ဘာလို့ ဆက်ပြီး စုပ်ယူနိုင်နေတာလဲ "
ချန်ယန်မှာ အံ့ဩသွားသည်။
ဒီအချိန်ထိ ဒီ အစီအရင်ထဲမှာပဲ ရှိနေသေးတာလား
ဖုန်းရွှေ ပညာရှင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး သူ့ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများသာ ကြားနေရသည်။
"အသိဉာဏ် မရှိတဲ့ ကောင်၊ ယင်အိမ် အစီအရင်နဲ့ ယန်အိမ် အစီအရင်ကို ဘယ်လိုများ နှိုင်းယှဉ်လို့ ရမလဲ "
"ဒီနေ့ ဒီနန်းတော်မှာပဲ မင်းတို့ရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ် "
ဒီ ဖုန်းရွှေ ပညာရှင်မှာ အရင်က လီယန်ချူ မြေအောက်သခင်္ျိုင်းဂူ မှာ တွေ့ခဲ့ရသူထက် ပို၍ ကျွမ်းကျင်သည်။
တစ်နန်းတော်လုံးကို အစီအရင်ထဲ ထည့်ထားပြီး သူတို့ကို ပိတ်လှောင်ထားခြင်း ဖြစ်သည်။
ဒီနန်းတော် နယ်မြေထဲ ခြေချလိုက်သည်နှင့် အစီအရင်ထဲ ရောက်သွားပြီဖြစ်သည်။
ချန်ယန် မျက်မှောင်ကြုတ်လိုက်သည်။
ဖုန်းရွှေ ပညာရပ်သည် စွမ်းအားနယ်ပယ်ကို အဓိကထားပြီး တောင်၊ မြစ်၊ ရေကြောင်း အားလုံး ပါဝင်သည်။
ယန်အိမ် အစီအရင်မှာ ယင်အိမ် အစီအရင်ထက် ပို၍ ရှုပ်ထွေးသည်၊ အကြောင်းမှာ လူရှင်များ နေထိုင်သည့်အတွက် ပြောင်းလဲမှုများစွာ ရှိနေသောကြောင့် ဖြစ်သည်၊ တစ်ချက် ပြောင်းလဲလိုက်ရုံနှင့် စည်းစိမ်ချမ်းသာ ပေးမည့် အစီအရင်မှာ ရက်စက်သော အစီအရင် ဖြစ်သွားနိုင်သည်။
မိစ္ဆာအငွေ့သက်များကို စုစည်းခြင်း။
ဒါဟာ သာမန် ဖုန်းရွှေအစီအရင်သာ ဖြစ်ပြီး ယခု သူတို့ ရောက်နေသည့် ကျားဖြူ အစီအရင်မှာ ပို၍ ကြောက်စရာကောင်းပြီး ရှုပ်ထွေးလှသည်။
အချက်အချာကို မှားရှာမိပါက ကျားဖြူ အစီအရင်ကို ပိုအားပေးရာ ရောက်သွားလိမ့်မည်
ဖုန်းရွှေပညာရှင် ကို ရှာတွေ့ဖို့ဆိုတာ ပိုတောင် ပြောစရာ မလိုတော့ပေ
ချန်ယန်၏ အတွေးများ မြန်ဆန်နေပြီး သူသည် ဖုန်းရွှေ ပညာကို ကျွမ်းကျင်သော်လည်း၊ မိစ္ဆာအပင် ဖြစ်နေသည့် ကွမ်းသီးပင်နှင့် မိစ္ဆာစိတ်ပေါက်ကွဲနေသော လျိုဒါအန်းတို့၏ တိုက်ခိုက်မှုအောက်တွင် အားနည်းချက်ကို ရှာမရ ဖြစ်နေသည်။
အခြေအနေမှာ အလွန် အန္တရာယ်ကြီးမားသည်
ချန်ယန်၏ နဖူးပေါ်တွင် ချွေးများ စီးကျလာသည်။
အပင်၏ အမြစ်များမှာ ပိုများလာပြီး သံမဏိကဲ့သို့ မာကျောကာ တုန်ခါမှုလည်း ကောင်းသည်။
အလွန် ရုန်းကန်ရခက်လှသည်
လီယန်ချူ ခဏတာ တိတ်ဆိတ်နေသည်။
ခုနက သူ ဖုန်းရွှေပညာရှင်ကို ကြည့်နေသော်လည်း သူက ရုတ်တရက် ပျောက်ကွယ်သွားသည်။
သင်္ချိုင်းထဲက ဖုန်းရွှေ ပညာရှင်နှင့် အတူတူပင်။
ရုတ်တရက်
သူ့မျက်လုံးများ အေးစက်သွားသည်။
ခုနက သူ နှစ်ပိုင်း ခုတ်လိုက်သည့် ချန်ဦးလေးမှာ ရုတ်တရက် ပြန်ထလာသည်။
ခန္ဓာကိုယ်ကို ပြန်ဆက်ထားလိုက်သည်။
ချိတ်ဆက်မှုမှာ မညီမညာ ဖြစ်နေသော်လည်း ထူးဆန်းလှသည်။
"ဒီ ကျားဖြူ အစီအရင်က ဒီလောက်တောင် မိစ္ဆာဆန်တာလား "
ဖုန်းရွှေပညာရှင်မှာ အမှောင်ထဲတွင် ပုန်းကွယ်နေပြီး ကြေးနီ ရုပ်အလောင်းကို ပြန်ဆက်ကာ ထိန်းချုပ်ပြီး ချန်ယန်ဆီသို့ ပစ်သွင်းလိုက်သည်။
အလွန် ပြင်းထန်သည်
သူက ချန်ယန်ကို သတ်ပစ်ချင်သည်။
လီယန်ချူကို မူ ထိုလူငယ် တာအိုဆရာလေးမှာ သူ့ကို အလွန် လေးနက်သော အရှိန်အဝါဖြင့် ကြည့်နေသဖြင့် လောလောဆယ်တွင် အနှောင့်အယှက် မပေးလိုပေ
ချန်ယန် အံ့ဩသွားသည်။
ချက်ချင်းပင် ဖိအားများ တိုးလာသည်
ကံကောင်းစွာဖြင့်။
လီယန်ချူ အချိန်မီ ဝင်ရောက် တိုက်ခိုက်လိုက်ပြီး၊ကျန်ကျောင်း ဓားထဲသို့ စွမ်းအားများ ထည့်သွင်းကာ ပြင်းထန်စွာ ခုတ်လိုက်သည်။
ဓားစွမ်းအား တစ်ချက်ဖြင့် ကြေးနီ ရုပ်အလောင်းကို အပိုင်းပိုင်း ဖြစ်သွားစေသည်။
တစ်ပြိုင်နက်တည်းမှာပင် ဓားစွမ်းအားဖြင့် ပြာဖြစ်သွားစေသည်။
"ဒီလို အမှိုက်တွေကို ထုတ်မပြနဲ့တော့ "
"ဖုန်းရွှေပညာရှင်က ဒီလောက်ပဲလား"
လီယန်ချူ အေးစက်စွာ ပြောသည်။
ခုနက ချန်ဦးလေးကို သတ်စဉ်က ကုသိုလ်မှတ်မရသည်ကို သူ အံ့ဩမိသည်။
သို့သော်။
ဓားတစ်ချက် ထပ်ခုတ်လိုက်ရုံပါပဲ။
ထို ဖုန်းရွှေ ပညာရှင် တိတ်ဆိတ်သွားသည်။
ငလူးပဲ....
ဘယ်ကနေ လာတဲ့ အန္တရာယ်ကောင်လဲ
သူက ချန်ယန်ဆိုတဲ့ နန်းတွင်းသားကို သတ်ချင်တာ၊ ဘာလို့ ဒီလို အခြေအနေမျိုးနဲ့ ကြုံရတာလဲ။
"စကားမပြောဘူးလား "
"ဒါဆို မင်း စကားပြောလာတဲ့အထိ ငါ တိုက်မယ်"
လီယန်ချူ၏ မျက်လုံးများမှာ အေးစက်ပြီး အသံမှာ ပေါက်ကွဲသံနှင့် တူသည်။
ဗုန်း
သူ့ဓားတစ်ချက်မှာ ချန်ယန်ကို ရစ်ပတ်ထားသည့် အမြစ်များကို ခုတ်ပိုင်းလိုက်သည်။
ခုနက ချန်ယန်ကို ခေါင်းကိုက်အောင် လုပ်ခဲ့သည့် အမြစ်များမှာ ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်း ပြတ်သွားသည်။
အလွန် လွယ်ကူလှသည်
"..." ချန်ယန်
ဒီ လီယန်ချူ တာအိုဆရာက ဒီလောက်တောင် အားကြီးတာလား
ပြီးနောက် သူမြင်လိုက်ရသည်မှာ လီယန်ချူက ဓားဖျားဖြင့် လျိုဒါအန်း၏ ဓားကို တုန်ခါသွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။
အလွန် ပညာသားပါလှသည်
တောက် တောက် တောက်
လျိုဒါအန်း နောက်သို့ အကြိမ်ကြိမ် ဆုတ်သွားရပြီး ထို ကြီးမားသော အားဖြင့် နောက်ပြန် တွန်းပို့ခြင်း ခံလိုက်ရသည်။
လီယန်ချူ၏ ကိုယ်ခံပညာမှာ အလွန် မြန်ဆန်ပြီး လေထဲတွင် အရိပ်တစ်ခုသာ ကျန်ခဲ့သည်။
ဖောက်
လျိုဒါအန်း၏ ဓားကို ကိုင်ထားသော လက်မောင်းမှာ ပြတ်ထွက်သွားပြီး ဓားမှာလည်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
ဒိုင်း ဟူသော အသံ မြည်သည်။
လီယန်ချူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်၊ ဒီ ချန်ရှန်းဂိုဏ်းသားမှာလည်း မကောင်းသောသူ ဖြစ်သည်။
ခုနက သူ့ဂျူနီယာညီမကို မိစ္ဆာအပင်အတွက် အစာအဖြစ် သုံးခဲ့သည်။
လျိုဒါအန်း နာကျင်သော်လည်း သူ့စိတ်ထဲတွင် မိစ္ဆာအငွေ့အသက်များက အကုန် ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
သူက အစကတည်းက ရက်စက်သူ ဖြစ်ပြီး ယခုတွင်မူ သတိမရှိတော့ပေ။
သတ်ဖြတ်ဖို့ပဲ သိသော မိစ္ဆာတစ်ကောင် ဖြစ်သွားသည်။
လက်မောင်းပြတ်သွားသော်လည်း သူ၏ ဒေါသကို ပိုတိုးသွားစေသည်။
ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရှေ့သို့ ခုန်အုပ်လိုက်သည်။
ဗုန်း
လီယန်ချူ လက်ဝါး တစ်ချက် ထိုးလိုက်သည်
ထျန်းကန်း လက်ဝါး
လျိုဒါအန်း၏ ကိုယ်ခန္ဓာမှာ ချက်ချင်းပင် သွေးအိုင် ဖြစ်သွားပြီး သေဆုံးသွားသည်။
အခန်း (၂၀၀) - အနိုင်ကျင့်ခြင်း
လီယန်ချူ၏ အကြည့်တို့သည် ထို အပင် ပေါ်သို့ ကျရောက်သွားရာ ရုပ်ဆိုးပြီး ရက်စက်သော အမြစ်များမှာ မြေကြီးထဲမှ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လာသည်။
ရှီး ရှီး ရှီး
သူ့ရှေ့တွင် သန့်စင်သော ယန်စွမ်းအား ကာကွယ်ရေး အရှိန်အဝါ တစ်ခု ပေါ်လာပြီး ထို ယင်ဓာတ်ပါသော အမြစ်များအတွက်မူ ၎င်းမှာ ရန်သူတော်ပင် ဖြစ်သည်။
"မူလက နတ်ဘုရား အပင်ဖြစ်ပေမယ့် မိစ္ဆာလမ်းကို ရောက်သွားပြီး နတ်ဘုရားနယ်မြေကို အရှက်ရစေတယ်၊ သတ်ပစ်သင့်တယ် "
လီယန်ချူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဘုန်း
သူတစ်ကိုယ်လုံးမှာ အရာရာကို ဖျက်ဆီးပစ်မည့် အရှိန်အဝါဖြင့် ထို အပင်ဆီသို့ ဝင်တိုက်လိုက်သည်
ထျန်းကန်း လက်ဝါး
သံတောင်ကို တွန်းလှန်ခြင်း
မြေပြင်ပေါ်ရှိ အုတ်ချပ်များမှာ တစ်လက်မချင်း ကွဲကြေသွားပြီး နဂါးနှင့် ဆင်ကြီးများ ဆင်းသက်လာသကဲ့သို့ပင်။
ခရက်
မိစ္ဆာအပင်မှာ လီယန်ချူ၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် ကျိုးကျသွားသည်
ထို အပင်မှာ ပြင်းထန်စွာ မြေပေါ်သို့ ပြုတ်ကျသွား၏
ချန်ယန်မှာ မျက်လုံးများ ပြူးကျယ်သွားသည်။
ဤ အပင်မှာ လူတို့၏ အသက်သွေးကြောကို စုပ်ယူပြီး ဝိညာဉ်ကို ဆွဲငင်တတ်သည်
ဘာကြောင့် ဒီ လီယန်ချူ အတွက်တော့ အသုံးမဝင်ရတာလဲ။
သူဘယ်သိမလဲ၊ လီယန်ချူ၏ အစီရင်ဝတ်စုံထဲရှိ နှင့် အလွန် ခိုင်ခံ့သော ဝိညာဉ်စွမ်းအား တို့ကြောင့် ဤ အပင်က သူ့ဝိညာဉ်ကို လုံးဝ မစုပ်ယူနိုင်ခြင်း ဖြစ်သည်။
အပင်မှာ ချက်ချင်းပင် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး အလွန် လှပသော မိစ္ဆာ အမျိုးသမီး တစ်ဦး ဖြစ်လာသည်။
ဆံပင်ရှည်များက ခါးထိရောက်ပြီး ဆွဲဆောင်မှု မရှိနိုင်လောက်အောင် ဖြစ်သည်။
ချန်ယန်မှာ တရားရုံးတော်မှ ဖြစ်၍ မြေခွေးနတ်သမီးများနှင့် မိစ္ဆာများကို အများအပြား သတ်ဖြတ်ဖူးသော်လည်း၊ ဤမျှလောက် ဆွဲဆောင်မှု ရှိသော အမျိုးသမီးကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အသက်ရှူသံများပင် မြန်ဆန်လာသည်။
မျက်လုံးများမှာ တောက်လောင်နေသည်
လီယန်ချူကမူ မလှုပ်ရှားဘဲ မျက်လုံးများမှာ အေးစက်နေသည်။
"မိစ္ဆာမ၊ ငါ့ကို မြှူဆွယ်ဖို့ ကြိုးစားရဲတယ် "
"ရဲတင်လှချည်လား "
လှပသော အမျိုးသမီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
လီယန်ချူတွင် (၄) ကြိမ်တိုင်တိုင် အဆင့်မြင့်ထားသော မိုးကြိုးငါးပါး အဆောင် ရှိပြီး အချိန်တိုင်း မိုးကြိုးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သဘာဝကျကျပင် မိုးကြိုးအတတ်၏ အရှိန်အဝါများ ကူးစက်နေသည်။
ထို့အပြင် တာအိုကျင့်စဉ်မှ စကားလုံး မန္တန်များကြောင့်
တစ်ခဏချင်းပင် အပင်၏ မိစ္ဆာနည်းလမ်းများကို ဖျက်ဆီးပစ်လိုက်သည်။
ချန်ယန်၏ မျက်လုံးထဲရှိ မီးတောက်များမှာလည်း ပျောက်ကွယ်သွားသည်။
ကြောက်လန့်မှုများ ဖြစ်ပေါ်လာသည်
ထို နန်းတော်ထဲရှိ မိစ္ဆာအပင်ဖြင့် ပြုလုပ်ထားသော ကျားဖြူ အစီအရင်မှာ တကယ်ကို အစွမ်းထက်လွန်းသည်
အနည်းငယ် သတိလွတ်သွားရုံဖြင့် ထောင်ချောက်ထဲ ရောက်သွားနိုင်သည်။
လီယန်ချူက ဘယ်ဘက်လက်ဖြင့် ရှစ်ခွင် မှန် ကို ထုတ်ယူကာ ပြင်းထန်စွာ ထိုးပြလိုက်သည်။
မျက်စိကျိန်းလောက်သည့် အဖြူရောင် အလင်းတန်း တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ဗုန်း
အပင်မှာ ချက်ချင်း အထိခံလိုက်ရပြီး ထို ဝေဝါးသော နတ်ဘုရား အရှိန်အဝါများ ပျောက်ကွယ်သွားသည်။
အစားထိုး၍ အေးစက်ပြီး ကောက်ကျစ်သော အငွေ့အသက်များ ပေါ်လာသည်။
လူခေါင်းအရွယ်အစားရှိသော အသီးပေါ်တွင် သွေးကြောများနှင့် ဆင်တူသော အမှတ်အသားများ ပေါ်လာပြီး ကြောက်စရာကောင်းလှသည်။
လီယန်ချူ ခေါင်းအနည်းငယ် ခါလိုက်သည်။
ဒဏ္ဍာရီထဲက အဖိုးတန် ပစ္စည်းဟု ထင်ခဲ့မိသည်။
ထောင်စုနှစ် ကျော်လွန်ပြီးနောက်တွင်မူ ကြောက်စရာကောင်းသော မိစ္ဆာအပင် ဖြစ်လာလိမ့်မည်ဟု မထင်ခဲ့မိပေ။
တကယ်ကို စိတ်မကောင်းစရာပင်။
အပင်မှာ အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားရှိ မိစ္ဆာ အငွေ့အသက်များမှာ ထိုနေရာသို့ ချက်ချင်း စီးဝင်လာသည်။
အကယ်၍ အရှိန်ဝါကြည့်သည့် နည်းလမ်းဖြင့် ကြည့်လိုက်မည်ဆိုပါက ထိုနေရာ၏ စွမ်းအင်မှာ သွေးနီရောင် ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။
မိစ္ဆာ အငွေ့အသက်များမှာ ကောင်းကင်ထိ တက်နေသည်
လီယန်ချူက ရှစ်ခွင် မှန်ကို ထပ်မံ မြှောက်လိုက်ပြီး နတ်ဘုရား အလင်းတန်း တစ်ခု ပစ်သွင်းလိုက်သည်။
အပင် ပတ်လည်တွင် မြူခိုးနှင့်တူသော အကာအကွယ် တစ်ခု ပေါ်လာပြီး ထို နတ်ဘုရား အလင်းတန်းကို တားဆီးထားနိုင်သည်။
"ကောင်းပြီ"
"အပင်ကနေ မိစ္ဆာ ဖြစ်လာတာဆိုတော့ အစွမ်းက ရှိသားပဲ "
လီယန်ချူက ပြတ်သားစွာ ပြောလိုက်သည်။
ချန်ယန်က လီယန်ချူသည်လည်း မိစ္ဆာဖြစ်နေသော ထို အပင်ကို လွယ်လွယ်ကူကူ မတိုက်ခိုက်နိုင်ဟု ထင်နေချိန်တွင်။
လီယန်ချူက ရှေးဟောင်း တံဆိပ်တုံး တစ်ခုကို ထုတ်လိုက်သည်။
ဟူး
တံဆိပ်တုံးမှာ လေထဲတွင် ကြီးမားလာပြီး အလွန် တောက်ပသော တံဆိပ်ကြီး ဖြစ်လာသည်။
နတ်ဘုရား မီးတောက် တစ်ခု ထွက်ပေါ်လာပြီး စွမ်းအားများ မြင့်တက်နေသော အပင်ကို လောင်ကျွမ်းစေသည်။
ဘုန်း
ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော အသံ တစ်ချက် ထွက်ပေါ်လာသည်။
နတ်ဘုရား မီးတောက်မှာ မိစ္ဆာဖြစ်နေသော အပင်ကို ချက်ချင်း ဝါးမြိုလိုက်ပြီး အပင်တစ်ပင်လုံးကို ပြာကျသွားစေသည်။
ကုသိုလ်မှတ် ၈၀၀၀
လီယန်ချူ၏ မျက်လုံးများ အနည်းငယ် တင်းမာသွားပြီး အမူအရာမှာ တည်ငြိမ်နေသည်။
ဤ ကျောက်ထျန်းတံဆိပ်တုံးမှာ ကျန်းထင်ရှန်း ၏ နတ်ဘုရားနယ်မြေမှ ကျန်ရှိသော ပါးရှကျောက်ရုပ်ထံမှ ရရှိခြင်းဖြစ်သည်။
နတ်ဘုရားနယ်မြေ အကြွင်းအကျန်ကို ရောက်ရှိပြီးနောက်၊ မိစ္ဆာပင်များကို ဖျက်ဆီးခြင်းမှာ အကြောင်းနှင့် အကျိုး ရှိပါသည်။
လီယန်ချူက ကျောက်တံဆိပ်တုံးကို ပြန်သိမ်းလိုက်သည်။
ကျယ်လောင်စွာ အော်လိုက်သည်
"အဘိုးကြီး၊ ထွက်ခဲ့ပြီး သေဖို့ ပြင်ထား "
သူ့အသံထဲတွင် တာအိုကျင့်စဉ်မှ စကားလုံး မန္တန်၏ စွမ်းအားများ ပါဝင်နေပြီး လေထဲမှပင် ဖုန်းရွှေ ပညာရှင်ကို ကြောက်လန့်သွားစေသည်။
ဘုန်း
လီယန်ချူ ဓားတစ်ချက် ခုတ်လိုက်ရာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ပေါ်လာပြီး အလျား (၁၀) တောင်ခန့် ရှိသည်။
အရှိန်အဝါမှာ အံ့ဩစရာပင်
သူသည် ဖုန်းရွှေ ပညာကို မကျွမ်းကျင်သလို၊ ဖျက်ဆီးရမည့် ပစ္စည်းများကိုလည်း ရှာမတွေ့နိုင်ပေ။
သို့သော် သူသည် တာအို အစီအရင်များကို သင်ယူခဲ့ဖူးသူ ဖြစ်၍ အလွန် အရေးကြီးသော အချက်တစ်ချက်ကို သိသည်။
မည်သည့် ဖုန်းရွှေ အစီအရင်မဆို ပတ်ဝန်းကျင်ကို အခြေခံပြီး တည်ဆောက်ရသည်။
တားဆီးပစ္စည်းများမှာလည်း အချက်တစ်ချက်သာ ဖြစ်သည်။
ချန်ယန်သည် လီယန်ချူက ဓားစွမ်းအားဖြင့် ဤခြံဝင်းတစ်ခုလုံးကို အပိုင်းပိုင်း ဖြစ်သွားအောင် ခုတ်လိုက်သည်ကို မြင်ပြီး အံ့ဩ၍ ပါးစပ်ပင် ဟသွားသည်။
သို့သော် သူသည် လီယန်ချူ၏ ရည်ရွယ်ချက်ကို မြန်မြန်ပင် နားလည်သွားသည်။
သို့သော် သူ့နှုတ်ခမ်းများမှာ အနည်းငယ် တုန်လှုပ်သွားသည်။
"ဖုန်းရွှေ အစီအရင်ကို ဒီလိုမျိုး ဖျက်လို့ ရတာလား"
ဖုန်းရွှေ ပညာရှင်မှာလည်း စိတ်ထဲတွင် ထိုအတိုင်းပင် ခံစားနေရသည်။
ဘုန်းဘုန်း
ဘုန်းဘုန်း
လီယန်ချူ၏ အသွေးအသားများမှာ နဂါးကဲ့သို့ စီးဆင်းနေပြီး ကြွက်သားများမှာ ပေါက်ကွဲထွက်မတတ် အားအင်များ ပြည့်နှက်နေသည်။
ရှင်းရှင်းပြောရလျှင် သူသည် လူပုံစံဖြင့် မြို့သိမ်းစက်ကြီး တစ်ခုပင် ဖြစ်သည်။
နန်းတော်ထဲတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး အမှောင်ထဲတွင် ရှိနေသည့် ကြောက်စရာကောင်းသော အရာများကိုပင် နိုးထလာစေသည်။
ဝေါင်း
အဝေးမှ ကြောက်စရာကောင်းသော ဟိန်းသံများ ထွက်ပေါ်လာပြီး ဝိညာဉ်အငွေ့အသက်များမှာ ထောင်စုနှစ်ချီပြီး ဖိနှိပ်ခံထားရသည့်အတိုင်း ပြင်းထန်လှသည်။
ချန်ယန်မှာ မျက်နှာပျက်သွားသည်။
လီယန်ချူမှာ မလှုပ်ရှားဘဲ ဓားစွမ်းအားများမှာ မုန်တိုင်းကဲ့သို့ နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဘုန်း
အနည်းငယ် စုတ်ပြတ်နေသော ပုံရိပ်တစ်ခု ပေါ်လာပြီး၊ ခုနက တည်ငြိမ်နေသော ဖုန်းရွှေ ပညာရှင် ဖြစ်သည်။
သူ့မျက်နှာတွင် သွေးများဖြင့် ပြည့်နှက်နေပြီး စိတ်ဓာတ်များ ကျဆင်းနေသည်။
"ကောင်စုတ် ကောင်စုတ် "
သူ့ဘဝတွင် လီယန်ချူကဲ့သို့သော လူမျိုးနှင့် ကြုံရလိမ့်မည်ဟု မထင်ထားမိပေ၊ ကျားဖြူ အစီအရင်၏ အသက်အန္တရာယ်နှင့် စိတ်အန္တရာယ်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်သည်။
ပြီးတော့ သူ၏ ကျားဖြူ အစီအရင်ကို တိုက်ရိုက် ရိုင်းစိုင်းစွာ ဖျက်ဆီးပစ်လိုက်သည်။
လီယန်ချူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာပြီး ဖုန်းရွှေ ပညာရှင်ကို ဓားဖြင့် ခုတ်သတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ မိစ္ဆာအငွေ့အသက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ယခင်ကဲ့သို့ ပြင်းထန်မှု မရှိတော့ပေ။
ချန်ယန်မှာ ရုတ်တရက် သဘောပေါက်သွားသည်။
"သူက ကျားဖြူ လက်နက် အစီအရင်ရဲ့ အချက်အချာကို သူ့ကိုယ်သူမှာ ထည့်ထားတာကိုး "
အရင်က အငြိုးအတေးများ ရှိခဲ့သော်လည်း ချန်ယန်မှာ ဤ ဖုန်းရွှေ ပညာရှင်၏ စွမ်းရည်ကို လေးစားမိသည်။
ဖုန်းရွှေ ပညာရပ်တွင် သူသည် တစ်ဖက်သားကို မယှဉ်နိုင်ပေ။
"လီယန်ချူ တာအိုဆရာ၊ ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် "
ချန်ယန်က လီယန်ချူကို လက်အုပ်ချီပြီး ပြောသည်။
"ချန်အစ်ကို ကျေးဇူးတင်စရာ မလိုပါဘူး ဒီ ဖုန်းရွှေ ပညာရှင်က နည်းလမ်းတွေ များလွန်းလို့ အမြစ်ပြတ်အောင် သတ်ပစ်ရတာပါ "
ဟု လီယန်ချူ ပြောသည်။
"သူက ချင်းဝူ ဆရာကြီးရဲ့ တပည့်ပါ၊ မျိုးဆက်အရဆိုရင် သူ့ကို အစ်ကိုလို့ ခေါ်ရမှာ သူ့ရဲ့ ဖုန်းရွှေ စွမ်းရည်က တကယ်ကို ထူးခြားတယ် ဒီနေ့တော့ တာအိုဆရာနဲ့ တွေ့သွားလို့ပါပဲ "
ချန်ယန်မှာ ဖုန်းရွှေ ပညာရှင်၏ စွမ်းရည်ကို လေးစားသည်ဆိုပါက။
အခု လီယန်ချူ၏ စွမ်းရည်ကိုမူ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
ထိပ်တန်း ကိုယ်ခံပညာ၊ နက်နဲသော တာအိုအတတ်၊ တန်ခိုးကြီးသော မှော်ပစ္စည်းများ၊ ပြီးတော့ သူ့ရဲ့ သတ်ဖြတ်လိုစိတ်က အလွန် ကြောက်စရာကောင်းသည်။
တကယ်ကို ကြောက်စရာပဲ
ချန်ယန်မှာ တရားရုံးတော် က ဖြစ်ပြီး ထူးချွန်တဲ့ လူငယ်တွေကို အများကြီး မြင်ဖူးသလို သူကိုယ်တိုင်လည်း ထူးချွန်တဲ့ လူငယ်တစ်ယောက် ဖြစ်သည်။
ဒါပေမဲ့ သူ့အမြင်မှာတော့ ဒီ တာအိုဆရာလောက် ကြောက်စရာကောင်းတဲ့သူ မရှိတော့ပါ။
လီယန်ချူ မျက်မှောင် အနည်းငယ် ကြုတ်ကာ စပ်စုလိုက်သည်
"ချန်အစ်ကိုက လုံဟူရှန်း က မဟုတ်ဘူးလား"
ချန်ယန်က ပြုံးလျက်
"ကျုပ်ဆရာတွေက များပါတယ် ကျုပ်ကို ဖုန်းရွှေ ပညာသင်ပေးတာ ဒုတိယဆရာပါ ကျုပ်နဲ့ အရင်းနှီးဆုံးပေါ့ "
"သူက ချင်းဝူ ဆရာကြီးရဲ့ တပည့်တူပါ ကျုပ်က သူ့ရဲ့ တပည့်ရင်းပါ "
လီယန်ချူ သဘောပေါက်သွားသည်။
ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံပညာရော တာအိုအတတ်ပါ လေ့ကျင့်တာ၊ သူများတွေကို တစ်ခုပဲ လုပ်ခိုင်းဖို့ အကြောင်းမရှိပါ။
ထင်တာကတော့ ချန်ယန် ပြောတဲ့ အငြိုးအတေးတွေက သူ့ဒုတိယဆရာနဲ့ ဆိုင်တာဖြစ်မယ်။
သို့သော်။
လီယန်ချူက သူများရဲ့ လျှို့ဝှက်ချက်တွေကို မစပ်စုပါ၊ ဒီ အငြိုးအတေးတွေက အလွန် ကြီးမားပုံရပြီး တစ်ချိန်က အဖြစ်အပျက်တွေက အလွန် ရက်စက်ခဲ့ပုံရသည်။
အနက်ရောင် ဝတ်စုံရှိသူထဲမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ပေါ်လာသည်။
ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံသွားပုံ ရသည်။
တိုက်ခိုက်သံများကြောင့် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
နားထဲတွင် ဘုရားရှိခိုးသံများပင် ကြားနေရသည်။