← Chapters

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အခန်း (၆၆၄-၆၆၆)

Vol. 45 Ch. 664-666

အပိုင်း ( 664 )

ဘုရင်အဆင့် ပြိုင်ဘက်ကို သတ်ဖြတ်ခြင်း၊ ကြီးမားသော ရိတ်သိမ်းမှု ၂

ချက်ချင်းဆိုသလိုပင် ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ မြေအောက်လောကဘုရင်၊ မင်ကျိ၊ မင်းတို့နှစ်ယောက်လုံး ဒီနေရာမှာ ရပ်သင့်နေပြီ “

ထိုအသံသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်နေသည့်အလား ဖြစ်နေခဲ့ပြီး၊ မြေပြင်တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။

“ တိကျွမ်း “

မြေအောက်လောကဘုရင်သည် ထိုပုံရိပ်ကို ကြည့်ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည် “ မင်းက ဒီကို ဘယ်လိုလုပ်လာရဲနေရတာလဲ၊ မင်းက ကမ္ဘာနှစ်ခုကို စစ်ပွဲကို စချင်နေတာလား “

ကောင်းကင်ထက်ရှိ တိကျွမ်းသည် ညှိုးနွမ်းခြောက်သွေ့နေသည့် ကမ္ဘာ့ကြယ် မြေပြင်ကို ငေးကြည့်ကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ စစ်ပွဲဆို‌တော့ရော၊ ဘာဖြစ်လဲ “

ပေါ့ပေါ့တန်တန် ပြောလိုက်သည့် စကားတစ်ခွန်းသည် မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ အမူအရာများကို အလွန်တရာ မည်းမှောင်သွားစေခဲ့သည်။

တိကျွမ်း၏ စကားသည် သူတို့ကို သတိပေးနေခဲ့သည်။

ကမ္ဘာ့ကြယ်မှာ ယခင်က ကမ္ဘာ့ကြယ် မဟုတ်တော့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးသည့်နောက်တွင် များပြားလွန်းလှသော အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်များ သေဆုံးသွားခဲ့သည်။

ပို၍ အရေးကြီးသော အရာမှာ မျက်လုံးသုံးလုံးဘုရင် ကျဆုံးသွားခြင်း ဖြစ်သည်။

ကြယ်ပြာဂြိုဟ်က ကမ္ဘာ့ကြယ်ကို အချိန်အတော်ကြာ ခုခံနေနိုင်ခဲ့သည့် အကြောင်းအရင်းမှာ တိကျွမ်းက ဘုရင်သုံးပါးကို တစ်ကိုယ်တော် ထိန်းချုပ်ထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ယခုတွင်ကား ဘုရင်တစ်ပါး ကျဆုံးသွားခဲ့ပြီဖြစ်ပြီး၊ ဘုရင်နှစ်ပါးသာလျှင် ကျန်နေတော့သောကြောင့် သူတို့သည် တိကျွမ်းကို ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

အကြီးစား စစ်ပွဲကို စတင်လိုက်မည်ဆိုပါက၊ ကမ္ဘာ့ကြယ်သည် ကိုယ့်ကိုကိုယ် အန္တရာယ်တောထဲ ပို့လွှတ်လိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ အမူအရာများ ပြာနှမ်းသွားခဲ့သည်။

ကောင်းကင်ထက်ရှိ တိကျွမ်းသည် သမ်းဝေကာ ပျင်းရိစွာ ပြောဆိုလာခဲ့သည် “ မြေအောက်လောကဘုရင်၊ မင်းက ဘယ်အချိန်ကစပြီးတော့ ဒီလောက်တောင် အားနည်းသွားရတာလဲ၊ အဆင့်၉ ဂျူနီယာလေးကို ဘုရင်သုံးပါး ဝိုင်းတိုက်တာတောင် ဒီလောက်တောင် သနားစရာကောင်းနေသေးတယ် “

“ မင်းးး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် မြေအောက်လောကဘုရင်သည် ဒေါသတို့ဖြင့် ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။

၎င်းမှာ အနာကို ဆားသိပ်လိုက်ခြင်းပင် ဖြစ်သည်။

“ အဲ့လူရဲ့ စွမ်းအားက အထွတ်အထိပ် နယ်ပယ်ကို ရောက်နေပြီ “ သူသည် အေးစက်စွာ ပြောဆိုလိုက်သည်၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည့် သူသည် ၎င်းကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

တိကျွမ်းသည် အသာအယာ ပြုံးကာ စကားပြန်ပြောလာခဲ့သည် “ တကယ်လို့ မနိုင်ဘူးဆိုရင်လည်း၊ မနိုင်ဘူးပေါ့ကွာ၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာလို့ မင်းရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ပြန်မစဥ်းစားကြည့်ရတာလဲ “

“ မင်းးး “

တိကျွမ်း၏ စကားလုံးများသည် အမှန်ပင် ထက်မြိနေခဲ့ပြီး၊ မြေအောက်လောကဘုရင်ကဲ့သို့သော အစွမ်းထက် တည်ရှိမှုတစ်ခုကိုပင် တည်ငြိမ်မှု ပျက်ပြားသွားစေလုနီးပါး ဖြစ်စေခဲ့သည်။

သို့ရာတွင် မြေအောက်လောကဘုရင်မှာလည်း ပြိုင်ဘက်၏ ထိုစကားလုံးများက သူ၏စိတ်ကို လှုပ်ခတ်သွားစေရန် ရည်ရွယ်နေကြောင်းကို သိနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် သူ့ကိုယ်သူ တည်ငြိမ်သွားစေလိုက်ကာ၊ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အဲ့ကလေးရဲ့ စွမ်းရည်တွေက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ဒါပင်မဲ့ သူက အထွတ်အထိပ်အဆင့်ကို အချိန်တိုအတွင်း ရောက်လာမှာ မဟုတ်ဘူး “

“ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ အဆင့်ထိုးဖောက်နိုင်မဲ့ အခွင့်အလမ်းကို ရှာဖို့အတွက် သူ့အသက်ကို စွန့်စားလာမှာ မဟုတ်ဘူး “

“ အမှောင်နယ်မြေရဲ့ ပညာရှင်တွေက တစ်လအတွင်းမှာ ရောက်လာတော့မယ်၊ သူ့ရဲ့ စွမ်းရည်က ဘယ်လောက်ပဲ တောက်ပနေပါစေ၊ သေမင်းလက်ထဲကနေ မပြေးနိုင်သေးဘူး “

သူ၏လေသံမှာ မသက်ဆိုင်သည့် အရာတစ်ခုခုကို ပြောပြနေသကဲ့သို့ အလွန်တရာ တည်ငြိမ်နေခဲ့သည်။

သို့သော် ထိုစကားများသည် ကြယ်ပြာဂြိုဟ်ပေါ်ရှိ လူများနှင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကံကြမ္မာတို့နှင့် သက်ဆိုင်နေခဲ့ပြီး၊ ၎င်းတို့အတွက် လမ်းကြောင်းကို ရွေးချယ်လိုက်သည့်အလား ဖြစ်နေခဲ့သည်။

တိကျွမ်းကမူ ထိုကိစ္စများကို ဂရုမစိုက်သကဲ့သို့ အေးဆေးတည်ငြိမ်နေစဲပင်။

“ ဒါဆိုရင်လည်း တစ်လအတွင်းမှာပဲ တွေ့ကြတာပေါ့ကွာ “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် သူ၏ပုံရိပ်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ ရောက်ရှိသွားကာ၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

မြေအောက်လောကဘုရင်နှင့် မင်ကျိတို့သည် ပျောက်ကွယ်သွားသည့် အဆိုပါ ပုံရိပ်ကို စောင့်ကြည့်နေရင်းဖြင့် အမူအရာများ အေးစက်နေခဲ့သည်။

မြေအောက်လောကဘုရင်မှ စကားကို ထိုကဲ့သို့ ပြောခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားပြုလုပ်ခဲ့သည့် ထိုးနှက်ချက်သည် ကမ္ဘာ့ကြယ်အတွက် အလွန်တရာ နက်ရှိုင်းနေခဲ့သည်။

“ ဘာကိုမှ ဂရုစိုက်နေစရာ မလိုပါဘူး၊ ကြယ်ပြာဂြိုဟ်က အများဆုံးအနေနဲ့ တစ်လလောက်ပဲ ခံတော့မှာပါ “

မြေအောက်လောကဘုရင်သည် ကိုယ့်ကိုကိုယ် နှစ်သိမ့်နေသည့်အလား ရေရွတ်ပြောဆိုနေခဲ့သည်။

…

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်း၌

ကြယ်တာရာ T-Rex နတ်ဘုရားကမူ တိကျွမ်းက သူနှင့်တွေ့ရန်အတွက် နယ်မြေဖြတ်ကျော်လာခဲ့သည်ဆိုသည်ကို မသိပေ။

ထိုအချိန်၌ သူသည် ကိုယ်ပိုင် ဟင်းလင်းပြင်ကို အသုံးပြုကာ ကြယ်ပြာဂြိုဟ်ပေါ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

“ ဒီတိုက်ပွဲက တကယ်ကြီးကို တန်ဖိုးရှိတာပဲ “

ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်း၌ ရွှေရောင်မီးလျှံသည် တလေးတစား ဖြစ်နေသည့် အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ရှုနေခဲ့သည်။

ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင် နေရာလွတ်အတွင်းတွင် ထိုင်နေလျက်ရှိသည်။

သို့သော် အရေးအကြီးဆုံး အရာမှာ သူ၏ မူလစွမ်းအား ကုန်ခမ်းသွားခြင်းပင် ဖြစ်သည်။

လူသားဧကရာဇ်ဓားကို နှစ်ကြိမ်တိတိ ဆက်တိုက် အသုံးပြုခဲ့ခြင်းသည် သူ၏ မူလနတ်စွမ်းအားကို လုံးဝကုန်ဆုံးသွားစေခဲ့သည်။

သူ၏အင်မော်တယ် စွမ်းရည်ကပင် ၎င်းကို လျင်မြန်စွာ မဖြည့်တင်းပေးနိုင်ခဲ့ပေ။

ယခုတွင် သာမန် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိသွားစေနိုင်သည်(သို့) သတ်ဖြတ်နိုင်ပေသည်။

“ နင့်ဆီမှာ ထွက်ပြေးဖို့အတွက် ဒီဟင်းလင်းပြင် ရတနာ ရှိနေတာ ကံကောင်းတယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင်၊ ဒီတစ်ခေါက်တော့ သေချာပေါက် အကြပ်ရိုက်သွားရမှာ “

ရွှေရောင်မီးလျှံသည် အစောပိုင်း အချိန်က မြင်ကွင်းများကို အမှတ်ရသွားကာ၊ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ငါ့အတွက် အကျိုးမယုတ်ခဲ့ဘူးလေ “

“ အဲ့တာကတော့ အမှန်ပဲ “

ရွှေရောင်မီးလျှံသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ပြောလာခဲ့သည် “ နင်ဒီတိုက်ပွဲအတွင်းမှာပဲ ဖျက်စီးခြင်း နိယာမကို နားလည်သွားခဲ့တယ်၊ ငါကတောင် အဲ့တာကို မယုံကြည်နိုင် ဖြစ်နေတယ် “

ဤတိုက်ပွဲ၏ အကြီးမားဆုံးသော ဆုလဒ်မှာ သူသည် အန္တိမနိယာမတစ်ခုဖြစ်သည့် ဖျက်စီးခြင်း နိယာမကို နားလည်သွားခြင်းပင် ဖြစ်သည်။

သူသည် ကမ္ဘာ့ကြယ်၏ စီရင်စုမြို့တော် အများအပြားကို ရှင်းလင်းနိုင်ခဲ့ပြီး၊ ထိုကာလအတွင်းတွင် ဖျက်စီးခြင်း နိယာမနှင့် သက်ဆိုင်သည့် အတွေးအမြင်များကို အများအပြား စုစည်းနိုင်ခဲ့သည်။

ဘုရင်သုံးပါးနှင့် တိုက်ခိုက်ခဲ့သည့် အချိန်တွင် သူသည် ပြည့်ဝအဆင့် နိယာမခုနစ်ခုကို အသုံးပြုကာ ကိုယ်ပိုင် ကမ္ဘာငယ်တစ်ခုကို ဖန်တီးခဲ့ပြီး၊ သူကိုယ်တိုင်ပင် ၎င်းကို ဖျက်စီးခဲ့သည်။

ထိုလုပ်ရပ်ကပင် သူသည် အခက်ခဲဆုံး တံခါးပေါက်ကို ကျော်ဖြတ်နိုင်စေခဲ့ကာ၊ ဖျက်စီးခြင်း နိယာမကို နားလည်သွားစေခဲ့သည်။

“ ဖျက်စီးခြင်း နိယာမရဲ့ အနှစ်သာရက ဖျက်စီးခြင်း သပ်သပ်ပဲ မဟုတ်ဘူး၊ အရာအားလုံးရဲ့ မူလစွမ်းအားကို စွမ်းအင်ကိုပါ စုပ်ယူနိုင်တယ်၊ ပြီးတော့ အဲ့တာကို ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးချနိုင်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အကျဥ်းချုံးပြောပြလာခဲ့သည်။

“ အဲ့ဒီအချိန်တုန်းက တစ်ချက်တွေးလိုက်ရုံနဲ့၊ ကမ္ဘာ့ကြယ်ရဲ့ မိုင်သောင်းနဲ့ချီတဲ့ မြေပြင်ရဲ့ စွမ်းအင်ကို စုပ်ယူနိုင်ခဲ့ပြီးတော့ အဲ့နိယာမကို တကယ် အသုံးချနိုင်ခဲ့တယ် “

ဖျက်စီးခြင်း သပ်သပ်သာဆိုပါက၊ ယုတ္တိရှိနေမည် မဟုတ်ပေ၊ အသက်နှင့် မရဏနိယာမမှာလည်း ထိုကဲ့သို့ ပြုလုပ်နိုင်ပေသည်။

သို့သော် ဖျက်စီးခြင်း နိယာမက အသက်နှင့် မရဏ နိယာမထပ် သာလွန်နေရသည့် အကြောင်းအရင်းမှာ ၎င်းထံတွင် စုပ်ယူခြင်း စွမ်းရည်ပါဝင်နေသောကြောင့် ဖြစ်သည်။

ဖျက်စီးနေရင်းဖြင့် စွမ်းအင်များကို စုပ်ယူကာ ကိုယ့်ကိုကိုယ် အားပြန်ဖြည့်နိုင်လေသည်။

ထို့ကြောင့်ပင် လူသားဧကရာဇ်ဓားကို ဒုတိယတစ်ကြိမ် ထပ်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူမည်မျှပင် ထူးခြားနေခဲ့ပါစေ၊ လူသားဧကရာဇ်ဓားကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုနိုင်ခဲ့မည် မဟုတ်ပေ။

“ လူသားဧကရာဇ်ဓားက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ အန္တိမအဆင့် ပညာရှင်ကိုတောင် ခြိမ်းခြောက်နိုင်လောက်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရွှေရောင်ဓားကို ကြည့်ကာ ပြုံးနေတော့သည်။

သူသည် သူအသုံးပြုခဲ့သည့် စွမ်းအားက တကယ့်စွမ်းအား၏ အပုံတစ်သောင်းပုံတစ်ပုံပင် မရှိဘူးဆိုသည်ကို အာရုံခံမိနေခဲ့သည်။

သို့သော် ၎င်းကပင် ဘုရင်တစ်ပါးကို ကျဆုံးသွားစေခဲ့သည်။

ဤလူသားဧကရာဇ်ဓားက ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည့် အချိန်တွင် မည်မျှခမ်းနားနေမလဲဆိုသည်ကို မှန်းဆကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်ဓားကို တစ်ခဏ အကြာတွင် ပြန်သိမ်းကာ၊ ရွှေရောင်မီးလျှံကို စကားပြောလိုက်သည် “ ဒီတစ်ခေါက်မှာ ငါက ဖျက်စီးခြင်း နိယာမကိုပဲ နားလည်ခဲ့တာ မဟုတ်ဘူး “

“ ဟမ် “

ရွှေရောင်မီးလျှံသည် အနည်းငယ် မှင်သက်သွားပြီး၊ ထို့နောက်တွင် တအံ့တဩ ဖြစ်သွားခဲ့သည် “ နင်က နောက်ထပ် အန္တိမ နိယာမတွေကိုပါ နားလည်ခဲ့တာလား “

“ အမှန်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ဒီတစ်ခေါက် ဖန်ဆင်းခြင်းဖြစ်စဥ်က ငါ့ကို ဖန်တီးခြင်း နိယာမကိုပါ နားလည်သွားစေခဲ့တယ် “

“ ဘာကြီး။ ဖန်တီးခြင်း နိယာမလား “

ဤတစ်ကြိမ်၌ ရွှေရောင်မီးလျှံမှာ လုံးဝ အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဖန်တီးခြင်း နိယာမသည် ဖျက်စီးခြင်း နိယာမနှင့် အဆင့်တူသည့် အန္တိမ အဆင့် နိယာမတစ်ခု ဖြစ်သည်။

၎င်း၏အဆင့်မှာလည်း ဟင်းလင်းပြင်-အချိန် နိယာမ၊ အသက်နှင့် မရဏ နိယာမနှင့် ကြောင်းကျိုးဆက်စပ်မှု နိယာမတို့ထပ် သာလွန်နေခဲ့သည်။

ရွှေရောင်မီးလျှံ သိထားရသလောက်အရဆိုပါက ဤစကြာဝဠာ၏ အဆင့်အမြင့်ဆုံး နိယာမများမှာ ထိုနိယာမနှစ်ခုသာလျှင် ဖြစ်သည်။

သူက အဲ့တာတွေ အကုန်လုံးကို နားလည်နေခဲ့တာလား

ကြယ်တာရာ T-Rex နတ်ဘုရားမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ ပြည့်ဝအဆင့် နိယာမခုနှစ်ခုကို သုံးပြီးတော့ ဘုရင်သုံးပါးကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်တုန်းက ဖန်တီးခြင်း နိယာမရဲ့ လျှို့ဝှက်ချက်တွေကို မတော်တဆ နားလည်သွားခဲ့တယ် “

“ အဲ့တာက နည်းနည်းလေးပဲ ဆိုပင်မဲ့၊ စဦးအဆင့် နားလည်မှုအထိ ရောက်သွားစေဖို့တော့ လုံလောက်တယ် “

စကားပြောနေရင်းဖြင့် သူ၏ လက်ထဲတွင် နို့နှစ်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ဖန်တီးခြင်း မူလနိယာမ ဖြစ်သည်။

၎င်းက နို့နှစ်ရောင် အလင်းစက်တစ်စက်မျှသာ ဖြစ်နေခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ အတွေးများ လှုပ်ရှားသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အရာရာတိုင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်ပေသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ နားလည်မှုကသာ ဆက်လက်၍ တိုးတက်လာမည်ဆိုပါက၊ သူသည် တွေးလိုက်ရုံဖြင့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

ဖန်တီးခြင်း နိယာမဖြင့် ဖန်တီးလိုက်သည့် ကမ္ဘာမှာ ယခင်က နိယာမခုနစ်နှင့် ဖန်တီးထားသည့် ကမ္ဘာကဲ့သို့ ဖြစ်နေမည် မဟုတ်ဘဲ၊ ပို၍ စစ်မှန်ကာ ချို့ယွင်းချက်ကင်းမဲ့နေမည် ဖြစ်သည်။

၎င်းမှာ သူသည် အတွင်းကမ္ဘာ၏ အရှင်သခင်အနေဖြင့် ရန်သူများကို အကြွင်းမဲ့ ဖိနှိပ်နိုင်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ရွှေရောင်မီးလျှံသည် ထိုမြင်ကွင်းအားလုံးကို စောင့်ကြည့်နေရင်းဖြင့် အံ့ဩတကြီး ဖြစ်နေခဲ့သည်။

“ နင်က အဆင့်၉နယ်ပယ်မှာပဲ ရှိနေသေးတာကို၊ အန္တိမအဆင့် နိယာသုံးခုကို နားလည်နေပြီပေါ့ “

“ အတိတ်တုန်းက ဆရာကတောင် နင့်လောက် ကြောက်ဖို့ မကောင်းဘူး “

…………………………………………………………………………………………………………………………………..

အပိုင်း ( 665 )

ရှေးခေတ် ပေါ်ထွက်လာတော့မည့် လက္ခဏာရပ်များ

ဤတစ်ကြိမ် ကမ္ဘာ့ကြယ် ခရီးစဥ်သည် ကြယ်တာရာ T-Rex နတ်ဘုရားအတွက် အလွန်တရာ အဖိုးတန်နေခဲ့ပြီး၊ အကျိုးအမြတ်များမှာလည်း အမှန်ပင် ပေါများနေခဲ့သည်။

အသစ်စက်စက် နားလည်ထားခဲ့သည့် အန္တိမနိယာမ နှစ်ခုကို မဆိုထားနှင့်၊ သူသိမ်းပိုက်ရရှိခဲ့သည့် နဝမအဆင့် ရတနာများကပင် အခုတစ်ရာနီးပါး ရှိနေခဲ့သည်။

၎င်းတို့သည် ကြယ်ပြာဂြိုဟ်ပေါ်တွင် နဝမအဆင့် ပညာရှင်များကို အချိန်တိုအတွင်း ပေါ်ထွက်လာစေမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့ကို ထုတ်ယူကာ တစ်ခုချင်းစီ ရေတွက်နေတော့သည်။

ထို့နောက်တွင် သူ့ကိုယ်သူ ကုသရန်အတွက် ရတနာတစ်ခုကို ရွေးထုတ်လိုက်သည်။

ထိုအချိန်၌ ရွှေရောင်မီးလျှံသည် သူ့စိတ်အတွင်းမှ ပျံထွက်လာခဲ့ပြီး၊ ရတနာတစ်ခုကို ကြည့်ကာ အံ့ဩတကြီး အော်ဟစ်မိသွားခဲ့သည် “ အဲ့တာက ……… ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်လား “

( မူရင်းအတိုင်း ဘာသာပြန်ရရင်တော့ ပါးလွှာသော အလွှာပါးတစ်ခုပေါ့၊ ထင်သာမြင်သာ ရှိအောင်သစ်ရွက်လို့ပဲ သုံးလိုက်ပါတယ် )

“ ဘာကြီးလဲ ”

ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သူမကို ကြည့်လိုက်သည်။

ရွှေရောင်မီးလျှံသည် တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသည့် သစ်ရွက်ကဲ့သို့သော ရတနာတစ်ခုကို လက်ညှိုးထိုးကာ၊ ပြောပြလာခဲ့သည် “ အဲ့တာက ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်ပဲ၊ အဲ့တာက အထွတ်အထိပ်တစ်ပိုင်းအဆင့် ရတနာတစ်ခုပဲ။ ဒီတစ်ခေါက် နင့်ရဲ့ ရိတ်သိမ်းမှုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “

“ အထွတ်အထိပ်တစ်ပိုင်းအဆင့် ရတနာလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီး ဖြစ်သွားခဲ့ကာ၊ ထိုရတနာကို ထပ်ကြည့်နေတော့သည်။

ထို့နောက်တွင် ရွှေရောင်မီးလျှံမှ ရှင်းပြလာခဲ့ရာ၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို နားလည်သွားခဲ့သည်။

အဆိုပါ ဖရိုဖရဲ နတ်သန္ဓေသားလောင်းသည် ကမ္ဘာစတင် ဖွဲ့စည်းသည့် အချိန်တွင် ကြယ်အူတိုင်များထံမှ ကျွတ်ထွက်လာသည့် မူလပစ္စည်းတစ်ခု ဖြစ်သည်။

ပို၍ အရေးကြီးသော အရာမှာ ၎င်းသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်များ၏ ခန္ဓာကိုယ်များကို ပြုပြင်ပေးကာ၊ အထွတ်အထိပ်အဆင့်နှင့် နီးကပ်သွားအောင်(သို့) ရောက်ရှိသွားအောင် ကူညီပေးနိုင်ပေသည်။

တစ်ချိန်က ကြယ်ပြာဂြိုဟ်ပေါ်တွင်လည်း ထိုကဲ့သို့သော ရတနာများစွာ တည်ရှိခဲ့ဖူးသည်။

သို့သော် နှစ်ပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် ရှေးခေတ် ပညာရှင်တို့၏ သုံးစွဲမှုများကြောင့် ကုန်ခမ်းသွားခဲ့သည်။

မထင်မှတ်ထားစွာဖြင့် ကမ္ဘာ့ကြယ်ပေါ်တွင် ထိုကဲ့သို့သော ရတနာများ ရှိနေသေးသည်။

“ ဒီဖရိုဖရဲ သန္ဓေသားလောင်းက ရုပ်ခန္ဓာကို အထွတ်အထိပ်အဆင့်နဲ့ နီးစပ်သွားအောင် ကူညီပေးနိုင်တယ်။ ဒါပင်မဲ့ နိယာမ နားလည်မှုကိုတော့ အဆင့်တက်သွားအောင် မလုပ်ပေးနိုင်ဘူး၊ အဲ့တာကြောင့်ပဲ၊ အထွတ်အထိပ်တစ်ပိုင်းအဆင့် ရတနာအဖြစ် သတ်မှတ်ခဲ့ကြတာ “

ရွှေရောင်မီးလျှံမှ ညီးတွားပြောဆိုလာခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

နိယာမ နတ်စွမ်းအား မပါဘဲ ရုပ်ခန္ဓာကို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားစေနိုင်သည့် စွမ်းရည်သည် များပြားလွန်းလှသော လူများကို မနာလိုအားကျဖြစ်သွားစေလိမ့်မည် ဖြစ်သည်။

နဝမအဆင့် အထွတ်အထိပ် နယ်ပယ်၌ ရုပ်ခန္ဓာကို ထပ်မံ၍ တိုးတက်အောင် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

ရုပ်ခန္ဓာကို အထွတ်အထိပ်အဆင့်သို့ တိုးတက်သွားစေနိုင်သည့် ရတနာမှာ အလွန်တရာ ရှားပါးလွန်းလှသည်။

ဤကိစ္စသာ ပေါ်သွားမည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်တစ်ခုလုံးပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်ပေသည်။

ဤခရီးစဥ်တွင် သူ့ကို အံ့အားအသင့်ဆုံး ဖြစ်သွားစေခဲ့သည့် အရာမှာ ထိုပစ္စည်းပင် ဖြစ်သည်။

“ ငါ့ရဲ့ ဒဏ်ရာတွေ ပျောက်သွားတာနဲ့၊ ဒါကိုသုံးပြီးတော့ ငါ့ရဲ့ ရုပ်ခန္ဓာက အဆင့်တက်သွားမလားဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျှော်လင့်တကြီး ဖြစ်သွားခဲ့သည်။

သူသည် သူ၏ အကျိုးအမြတ်များကို စီစဥ်ခဲ့ပြီးသည့်နောက်၌ စိတ်စွမ်းအားဖြင့် အပြင်ဘက်သို့ ကြည့်ရှုစစ်ဆေးလိုက်သည်။

“ ကြယ်ပြာဂြိုဟ်ကို ရောက်တော့မှာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားခဲ့သည်။

“ ဟမ် “

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားခဲ့ရသည် “ ဒီဟင်းလင်းပြင်က တစ်ခုခုဖြစ်နေတယ် “

“ ဘာဖြစ်လို့လဲ “

ရွှေရောင်မီးလျှံသည် သူ၏အမူအရာကို သတိပြုမိသွားကာ၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ ဟင်းလင်းပြင် နေရာလွတ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး၊ ဟင်းလင်းပြင် နေရာလွတ်ကို ဖွင့်ကာ၊ အပြင်ဘက်သို့ ကြည့်ရှု၊ စစ်ဆေးနေတော့သည်။

သူတို့သည် ဟင်းလင်းပြင် စွမ်းအင်လှိုင်းတို့ဖြင့် ပြည့်နှက်နေသည့် နေရာသို့ ရောက်ရှိနေခဲ့ပြီး၊ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ဖြစ်နေပုံရသည်။

သို့သော် ဖန်တီးခြင်း နိယာမကို နားလည်လာခဲ့သော ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤကမ္ဘာကြီးကို နက်နက်ရှိုင်းရှိုင်း နားလည်နေခဲ့ပြီး၊ ဤကမ္ဘာ၏ လည်ပတ်မှု နိယာမ၊ စည်းမျဥ်းများကို ပိုမိုသိရှိလာခဲ့သည်။

ထို့ကြောင့် သူ့အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်သည် ဤကမ္ဘာကြီးက လမ်းကြောင်းချော်နေသည်ဟု သူ့အား ခံစားသွားရစေခဲ့သည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက၊ အရှေ့ဘက်တွင် ရှိနေသည့် နယ်မြေမှာ အချိန်ရပ်တန့်နေသည့်အလား ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် နိယာမတို့၏ စွမ်းအားကို ထိုနေရာဆီသို့ ပို့လွှတ်ရန် ပြင်လိုက်သည်။

“ ဗွီ “

နိယာမတို့၏ စွမ်းအားသည် ရေစီးကဲ့သို့ မြင့်တက်လာခဲ့သည်။

ရွှေရောင်မီးလျှံမှ မေးမြန်းလာခဲ့သည် “ ထူးခြားတာ မရှိဘူးမလား “

ကြယ်တာရာ T-Rex နတ်ဘုရားကမူ တိတ်ဆိတ်မြဲတိတ်ဆိတ်နေစဲပင် ဖြစ်သည်၊ အတွေးဖြင့် စေခိုင်းလိုက်ရာ နို့နှစ်ရောင် အလင်းတန်း ပေါ်ထွက်လာခဲ့ပြီး၊ ထိုနေရာဆီသို့ ရွေ့လျားသွားခဲ့သည်။

သို့သော် နို့နှစ်ရောင် အလင်းတန်းက ထိုနေရာနှင့် ထိတွေ့သွားသည့် အချိန်တွင်၊ ၎င်းသည် အလင်းမှုန်လေးများအဖြစ် ပြန့်ကျဲသွားကာ၊ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ရွှေရောင်မီးလျှံသည် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့သည် “ ဖန်တီးခြင်း နိယာမက ရှုံးသွားတာလား “

၎င်းမှာ အလွန်တရာ ထူးဆန်းလှသည်။

ဖန်တီးခြင်း နိယာမက အသက်-မရဏ နိယာမနှင့် ဟင်းလင်းပြင်-အချိန် နိယာမတို့ထပ်ပင် ပိုမိုအဆင့်မြင့်သည့် အန္တိမ နိယာမတစ်ခုဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

မည်သူ/မည်သည့်အရာက ဖန်တီးခြင်း နိယာမ၏ စွမ်းအားကို အကျိုးအာနိသင် ကင်းမဲ့သွားစေနိုင်သနည်း

ကြယ်တာရာ T-Rex နတ်ဘုရား အတွေးနက်သွားခဲ့သည် “ ငါ့ရဲ့ ဖန်တီးခြင်း နိယာမက ကျရှုံးသွားခဲ့တာ မဟုတ်ဘူး၊ အရှေ့ဘက်က ဟင်းလင်းပြင်မှာက ပြင်ပနိယာမတွေကို ကိုယ်တိုင်ငြင်းပယ်တဲ့ စနစ်တစ်ခု ရှိနေသလိုပဲ “

ရွှေရောင်မီးလျှံသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အရှေ့ဘက်မှာ ဖုံးကွယ်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခု ရှိနေတယ်လို့ ပြောနေတာလား “

ကိုယ်တိုင်ငြင်းပယ်ခြင်း စနစ်/လုပ်ဆောင်မှု ပါဝင်သော ဟင်းလင်းပြင်သည် အစွမ်းထက် ပညာရှင်တို့ ဖန်တီးထားသည့် ကမ္ဘာငယ်များဖြစ်သည်။

ယခင်က ဘုရင်သုံးပါးနှင့် တိုက်ခိုက်ခဲ့သည့် အချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးခဲ့သည့် ကမ္ဘာငယ်မှာလည်း ထိုအတိုင်းသာ ဖြစ်နေခဲ့ပြီး၊ သူ၏နိယာမ အကုန်လုံးမှာ ကိုယ်တိုင်ငြင်းပယ်သည့် စနစ်တစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ကျူးကျော်သူတိုင်းသည် ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှုကို ခံကြရမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာက ငါတို့ပြောနေခဲ့တဲ့ တောက်ပတဲ့ အဲ့ဒီရှေးခေတ်များလား “

ရွှေရောင်မီးလျှံ၏ အမူအရာ တင်းကြပ်သွားခဲ့သည် “ ဒီလောက်ကြီးအထိတော့ မတိုက်ဆိုင်သင့်ဘူးလေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် နှစ်စက္ကန့်မျှ တွေးတော စဥ်းစားကာ စကားပြန်ပြောလာခဲ့သည် “ ဒီကိစ္စကို ငါဆုံးဖြတ်လို့ မရဘူး၊ တိကျွမ်းနဲ့ တစ်ခြားလူတွေကို သွားရှာရမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရွှေရောင်မီးလျှံမှာ အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည် “ တကယ်လို့ အဲ့ခေတ်က ရတနာသာ ကျန်နေခဲ့မယ်ဆိုရင်၊ နင်က အဲ့တာကို ကိုယ့်ဘာသာ ဖွင့်ကြည့်ပြီးတော့၊ အထွတ်အထိပ်အဆင့်ကို ရောက်အောင် ကြိုးစားကြည့်သင့်တယ် “

“ အထဲမှာ ရတနာရှိနေမယ်လို့ နင်ဘယ်လိုလုပ် သိတာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ တကယ်လို့ အဲ့ထဲမှာ ရှေးခေတ်က အစွမ်းထက် ပညာရှင်တွေ ရှိနေဦးမယ်ဆိုရင်ကော “

ရွှေရောင်မီးလျှံမှာ မျက်မှောင်ကြုတ်သွားခဲ့ရသည် “ နှစ်တော်တော် ကြာနေပြီလေ၊ တကယ်လို့ သူတို့က အသက်ရှင်နေဦးမယ်ဆိုရင်တောင်မှ၊ ……… “

ရုတ်တရက်ဆိုသလိုပင် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့၊ အမူအရာ တင်းကြပ်သွားခဲ့သည်။

“ မဖြစ်နိုင်ပါဘူး၊ တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်တော့၊ တော်တော်ကြီးကို ကြောက်ဖို့ ကောင်းသွားလိမ့်မယ် “ ရွှေရောင်မီးလျှံမှ ရေရွတ်ပြောဆိုလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူမကို အာရုံစိုက်မနေတော့ဘဲ၊ ဤနေရာကို အမှတ်အသား ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဆွဲဖွင့်ကာ၊ ကွမ်ဟန်သို့ ဦးတည်သွားတော့သည်။

…

ကွမ်ဟန်

တောင်ပိုင်းစစ်မြေပြင်၊ စစ်နယ်မြေ ၅၅

“ ဗွီ “

ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 666 )

ရှေးခေတ် ပေါ်ထွက်လာတော့မည့် လက္ခဏာရပ်များ ၂

ချက်ချင်းဆိုသလိုပင် တိကျွမ်းသည် အားလုံး၏ အထက်တွင် ပေါ်ပေါက်လာခဲ့သည်။

သူသည် အပြုံးဖြင့် စကားစပြောလိုက်သည် “ အားလုံးပဲ၊ သတင်းကောင်းတစ်ချို့ ကြေညာစရာ ရှိတယ် “

“ ကမ္ဘာ့ကြယ်ရဲ့ ဘုရင်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ မျက်လုံးသုံးလုံးဘုရင် သေသွားပြီ “

“ ကမ္ဘာ့ကြယ်ရဲ့ ကပ်ဘေးကို ဖယ်ရှားနိုင်လုနီးပါး ဖြစ်နေပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အစီအရင်များကို သန့်စင်နေကြသည့် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များမှာ ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်သွားခဲ့သည်။

သူသည် တိကျွမ်းကို ကြည့်ကာ စကားလှမ်းပြောလာခဲ့သည် “ တိကျွမ်း၊ မင်းက ကမ္ဘာ့ကြယ်ကို သွားပြီးတော့ မျက်လုံးသုံးလုံးဘုရင်ကို သတ်လိုက်တာလား “

ထိုစကား ပေါ်ထွက်လာသည့် အချိန်တွင်၊ ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များနှင့် ဒါဇင်နှင့်ချီသော အထွတ်အထိပ် ပညာရှင်များမှာ သူတို့၏ လေးစားအားကျမှုများကို ထုတ်ဖော်ပြသလာကြသည်။

“ အကြီးအကဲ တိကျွမ်းဆိုတဲ့ အတိုင်းပဲ၊ ကမ္ဘာ့ကြယ်ရဲ့ ဘုရင်သုံးပါးကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့တယ် “

“ အကြီးအကဲ တိကျွမ်းက ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်ပါပဲ “

ကောင်းကင်ထက်ရှိ တိကျွမ်းကမူ စိတ်လှုပ်ရှားစွာဖြင့် အားပေးလာကြသည့် လူအုပ်ကြီးကို မြင်လိုက်ရသောအခါတွင်၊ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် သူသည် အလောတကြီး ရှင်းပြလိုက်သည် “ မျက်လုံးသုံးလုံးဘုရင်ကို ငါသတ်ခဲ့တာ မဟုတ်ဘူး၊ အမှောင်နယ်မြေရဲ့ ဧကရာဇ် မျိုးနွယ်ဝင်ကို သတ်ခဲ့တဲ့ သားရဲငယ်လေးကပဲ သတ်ခဲ့တာ “

ထိုစကားလုံးများ ပေါ်ထွက်လာမှုနှင့်အတူ နယ်မြေ ၅၅တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် မယုံကြည်နိုင် ဖြစ်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါတို့ နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် နည်းနည်းပါတဲ့ အဆင့်၉ သားရဲလေးက ကမ္ဘာ့ကြယ်ကို သွားပြီးတော့ မျက်လုံးသုံးလုံးဘုရင်ကို သတ်ခဲ့တယ်လို့ မင်းပြောနေတာလား “

တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ အမှန်ပဲ “

ဤတစ်ကြိမ်တွင် လူတိုင်း မှင်သက်သွားကြသည်။

အဆင့်၉က အထွတ်အထိပ် ပညာရှင်ကို သတ်လိုက်တာလား

အဲ့တာက ဘယ်လိုဟာသကြီးလဲဟ

ထိုအချိန်တွင် တိကျွမ်းမှ စကားဆက်ပြောလာခဲ့သည် “ အဲ့တာတင်ပဲ မဟုတ်ဘူး၊ သူက အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တွေကိုလည်း ဒါဇင်နဲ့ချီပြီးတော့ သတ်ခဲ့သေးတယ်၊ အခုဆိုရင် ကမ္ဘာ့ကြယ်ရဲ့ အဆင့်နိမ့် အထွတ်အထိပ် ပညာရှင် အရေအတွက်က တော်တော်ကြီးကို နည်းသွားပြီ၊ အရင်ကလောက် ကြောက်ဖို့ကောင်းမနေတော့ဘူး “

သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အဆင့်၉ ပညာရှင်တစ်ဦးက အထွတ်အထိပ် ပညာရှင် အများအပြားကို သတ်ဖြတ်ခြင်း

၎င်းတို့ထဲတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးပင် ပါဝင်နေသေးသည်

အဲ့တာက …..

ငါတို့ နားကြားမှားသွားတာတော့ မဟုတ်ဘူးမလား

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ပို၍ အံ့အားသင့်သွားခဲ့ပြီး၊ မေးခွန်းထုတ်လာခဲ့သည် “ မဖြစ်နိုင်ဘူး။ အဲ့ကလေးက ငါ့ကိုတောင် သတ်နေနိုင်ပြီလို့ ပြောနေတာလား “

သူကိုယ်တိုင်ကပင် ကမ္ဘာ့ကြယ်သို့ သွားကာ၊ မျက်လုံးသုံးလုံးဘုရင်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။

ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်များက ကမ္ဘာ့ကြယ်သို့ ရောက်သွားသည့် အခါတွင် နယ်မြေဖိနှိပ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အဆင့်၉မှာပဲ ရှိနေသေးတဲ့ကောင်လေးက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကို သတ်နိုင်ခဲ့တာလား

အကယ်၍ ထိုစကားများကို ပြောနေသည့် လူက တိကျွမ်းသာ မဟုတ်ဘူးဆိုပါက၊ သူသည် ထိုလူ့အား အစီအရင် သန့်စင်နေသည့် လူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သည့်အတွက် ပါးဖြတ်ရိုက်လိုက်မည် ဖြစ်သည်။

တိကျွမ်းသည် တဟားဟား ရယ်မောကာ ပြန်ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ မင်းတို့အားလုံးက ရှေ့တန်းကိစ္စတွေကို တွေးပူနေစရာ မလိုတော့ဘူးပေါ့၊ နောက်တစ်လအထိ အစီအရင် သန့်စင်တာကိုပဲ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ကြတော့ “

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် အောက်ဘက်ရှိ လူများသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေသေးသည်။

လူအုပ်အတွင်း၌

နဝမအဆင့် ပညာရှင် ကျန်းချင်ရွှမ်းမှာလည်း သံသယတို့ဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်ပြောဆိုနေခဲ့သည် “ ငါတို့က အစီအရင် သန့်စင်တာကိုပဲ အာရုံစိုက်အောင်လုပ်ဖို့အတွက် အကြီးအကဲတိကျွမ်းက ဒီဇာတ်လမ်းကို ဖန်တီးခဲ့တာများလား “

သူမဘေးနားတွင် ရှိနေသည့် ဝက်ဝံခေါင်း သားရဲမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။

အဆင့်၉ ပညာရှင်တစ်ဦးက အထွတ်အထိပ်ကို သတ်ဖြတ်ခြင်း

၎င်းမှာ မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။

“ ဇွီ “

ထိုအချိန်၌ နောက်ထပ် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် မီတာ ငါးထောင်ကျော် ရှည်လျားသည့် သားရဲကြီးတစ်ကောင်မှာ အားလုံးမြင်ကွင်းများ အတွင်းသို့ ရောက်ရှိလာခဲ့သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားမှတစ်ပါး အခြားလူ မဟုတ်ပေ။

“ ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ် “

မျက်လုံးအားလုံးသည် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ကျရောက်လာခဲ့သည်။

“ လူတိုင်းက ငါ့ကို ဘာလို့ ကြည့်နေရတာလဲ။ ကမ္ဘာ့ကြယ်ပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပြန့်သွားပြီလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို ကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် တိကျွမ်းနှင့် အထွတ်အထိပ် ပညာရှင် အများအပြား ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။

သူသည် တိကျွမ်းကို ကြည့်ကာ ချက်ချင်း စကားပြောလိုက်သည် “ စီနီယာ၊ ကျွန်တော့်ဆီမှာ အရေးတကြီး တင်ပြစရာ ကိစ္စတစ်ခု ရှိတယ် “

တိကျွမ်းသည် အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အေးဆေးပေါ့၊ ငါသိပြီးပြီလေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်၊ ဒီလောက်တောင် မြန်တာလားဟ

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တိကျွမ်းသည် ရယ်ရယ်မောမောဖြင့် စကားထပ်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ပေါ်မှာ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေကို လူတိုင်းကို ပြောပြခဲ့ပြီး၊ မင်းက တကယ်ကြီးကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့တာပဲ၊ အထွတ်အထိပ် ပညာရှင်တွေကတောင် မင်းရဲ့ ပြိုင်ဘက် ဟုတ်မနေခဲ့ဘူး “

“ ငါ့ကို ပြောစမ်းပါဦး၊ အဲ့တာကို မင်းဘယ်လိုလုပ်လိုက်တာလဲ “

ထိုစကားကိုကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ ပြန်ပြောလိုက်သည် “ စီနီယာ၊ အခုက အဲ့ကိစ္စကို ပြောရမဲ့ အချိန်မဟုတ်ဘူး၊ ကျွန်တော့်ဆီမှာ ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

သူ၏ အမူအရာသည် လေးလေးနက်နက် ဖြစ်သွားကာ၊ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဆက်ပြောပါ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းတွင် မြင်တွေ့ခဲ့ရသည့် သူ၏အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုများကို ပြန်ပြောပြနေတော့သည်။

တိကျွမ်း၏ အမူအရာမှာလည်း အလွန်တရာ လေးနက်သွားခဲ့သည်။

ယခုလက်ရှိ ကြယ်ပြာဂြိုဟ်၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်နေသည့်အလျောက် သူသည် နှစ်သောင်းနှင့်ချီကာ ကြာရှည်တည်တံ့ခဲ့သည့် ထိုခေတ်ကာလအကြောင်းကို သေချာပေါက် ကြားဖူးနေမည် ဖြစ်သည်။

အကယ်၍ ထိုနေရာတွင် ရတနာများသာ အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက၊ ၎င်းသည် ကြယ်ပြာဂြိုဟ်၏ အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်လာမည် ဖြစ်သည်။

“ အဲ့တာက ဘယ်နေရာမှာလဲ၊ ငါသွားကြည့်လိုက်မယ် “ ဟုတိကျွမ်းမှ ပြောလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်စွမ်းအားဖြင့် ကိုဩဒိနိတ်များကို ပေးပို့လိုက်သည်။

တိကျွမ်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ထွက်ခွာရန် ပြင်လိုက်သည်၊ ထိုအချိန်၌ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ့ဆီသို့ ပျံသန်းလာကာ၊ စကားပြောလာခဲ့သည် “ ငါမင်းနဲ့လိုက်မယ် “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒါက အဲ့ဒီခေတ်နဲ့ဆိုင်တယ်ဆိုတော့၊ သတိထားမှဖြစ်မယ်။ တကယ်လို့ တစ်ယောက်ယောက်သာ အသက်ရှင်နေဦးမယ်ဆိုရင်၊ သူတို့ရဲ့ ကျင့်ကြံရေးက တော်တော်ကြီးကို မြင့်နေမှာ သေချာတယ် “

တိကျွမ်းမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် သူတို့သုံးဦးစလုံးသည် ကြယ်တာရာ T-Rex နတ်ဘုရားပြောခဲ့သည့် နေရာထံသို့ ဦးတည်သွားကြတော့သည်။

…

တစ်ခဏ အကြာတွင်

ပညာရှင်သုံးဦးသည် ကြယ်တာရာ T-Rex နတ်ဘုရား ရှာဖွေတွေ့ရှိခဲ့သည့် နေရာထံသို့ ရောက်ရှိလာခဲ့သည်။

အစပိုင်းတွင် သူတို့နှစ်ဦးစလုံးမှာ မူမမှန်သည့် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။

ကြယ်တာရာ T-Rex နတ်ဘုရားက ဖန်တီးခြင်း နိယာမကို အသက်သွင်းလိုက်သည့် အချိန်မှသာလျှင် ပညာရှင်ကြီးနှစ်ဦးမှာ အံ့ဩတကြီး ဖြစ်သွားကြသည်။

“ ဖန်တီးခြင်း နိယာမလား “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားက အထွတ်အထိပ် ပညာရှင်အား သတ်ဖြတ်နိုင်ခဲ့သည်ဆိုသည်ကို ပိုမိုယုံကြည်သွားပုံရသည်။

သို့သော် ယခုလက်ရှိ အချိန်မှာ ထိုကိစ္စများအကြောင်းကို ပြောနေရမည့် အချိန် မဟုတ်ပေ။

တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးတို့ နှစ်ဦးစလုံးမှာ အရှေ့ဘက်တွင် ရှိနေသည့် ဟင်းလင်းပြင်ကို ငေးကြည့်နေကြတော့သည်။

သူတို့မှာလည်း ယခင်က ကြယ်တာရာ T-Rex နတ်ဘုရားလိုပင် ထင်ကြေးပေး မှန်းဆလာခဲ့သည်။

“ တကယ်လို့ ဖန်တီးခြင်း နိယာမကတောင် အလုပ်မဖြစ်ဘူးဆိုရင်၊ အဲ့တာက ဒီအရှေ့ဘက်မှာ လူလုပ်ကမ္ဘာငယ်တစ်ခု ရှိနေတယ်လို့ ညွှန်းဆိုနေတာပဲ “

တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် အကြည့်များ ဖလှယ်လိုက်ကာ၊ အမူအရာများ လေးနက်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် စည်းတံဆိပ်များကို တစ်ပြိုင်နက် ရေးဆွဲကာ၊ နိယာမတို့၏ စွမ်းအားများကို ထုတ်လွှတ်လာခဲ့သည်။

“ ဗွီ “

ကြီးမားသော နိယာမ နတ်စွမ်းအားတို့သည် နတ်လေးများနှင့် မြှားများအဖြစ် အသွင်ပြောင်းသွားကာ၊ အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကို အားပါပြင်းထန်စွာ ပစ်ခွင်းလာခဲ့သည်။

၎င်းတို့မှာ သာမန် နတ်စွမ်းအား လေးများနှင့် မြှားများ မဟုတ်ပေ။

မြှားတစ်ခုချင်းစီတိုင်းသည် ပြီးပြည့်စုံသော နိယာမတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ မည်သည့် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကိုမဆို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းများကို ဘေးတစ်ဖက်မှ စောင့်ကြည့်နေရင်းဖြင့် စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

သူ၏ယခုလက်ရှိ နိယာမ နားလည်နိုင်စွမ်းနှင့်ပင်၊ အဆိုပါ နိယာမ စွမ်းအင်လှိုင်း အတက်အကျများစွာ အနက်မှ နှစ်ခုကိုသာလျှင် ထောက်လှမ်းနိုင်ခဲ့သည်။

အထူးသဖြင့် တိကျွမ်းဖြစ်ပြီး၊ နိယာမ အမျိုးအစား ဆယ်ခုထပ်မနည်း တည်ရှိနေခဲ့သည်။

“ စီနီယာ တိကျွမ်းက အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်ဆိုတာက အမှန်ပဲ။ သူက မူလ နိယာမ အခုနှစ်ဆယ်လောက် နားလည်ထားခဲ့ပြီးတော့၊ အဆင့်နိမ့် နိယာမတွေ အကုန်လုံးနီးပါးကို နားလည်ထားခဲ့တယ် “

“ ဟမ်။ အဲ့တာက ကြောင်းကျိုးဆက်စပ်မှု နိယာမ စွမ်းအင်လှိုင်းလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းကို ကြည့်ကာ၊ စိတ်လှုပ်ရှားသွားခဲ့သည် “ စီနီယာ တိကျွမ်းက ကြောင်းကျိုးဆက်စပ်မှု နိယာမကိုတောင် နားလည်ထားခဲ့တာပဲ၊ အဲ့တာက မပြီးပြည့်စုံသေးပင်မဲ့၊ တကယ်လို့ သူကသာ အဲ့တာကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင်၊ အဲ့ဒီနယ်ပယ်ကို ရောက်သွားလောက်တယ် “

ဤအခိုက်အတန့်တွင် သူသည် တိကျွမ်း၏ စွမ်းအားကို အမှန်တကယ် နားလည်သွားခဲ့သည်။

နယ်ပယ်ဖိနှိပ်မှု မရှိဘူးဆိုလျှင်တောင်မှ၊ တိကျွမ်းသည် ကမ္ဘာ့ကြယ်၏ ဘုရင်သုံးပါးကိုပင် တစ်ကိုယ်တော် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ဤအချိန်၌ တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေဘိုးဘေးနဂါးသည် အင်အားအပြည့်သုံးကာ၊ တိုက်ကွက်များ ထုတ်နေခဲ့သည်။

သို့သော် သူတို့၏ ပေါင်းစပ်စွမ်းအားဖြင့်ပင်၊ အရှေ့ဘက်ရှိ ဟင်းလင်းပြင်မှာ မည်သို့မျှ လှုပ်ခတ်မသွားဘဲ၊ တည်ငြိမ်မြဲတည်ငြိမ်နေစဲသာ ဖြစ်နေခဲ့သည်။

“ ကိစ္စက သိပ်ပြီးတော့ မရိုးရှင်းတဲ့ပုံပဲ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားခဲ့သည် “ ကမ္ဘာစွမ်းအားက တော်တော်ကြီးကို ခိုင်ခံ့တယ်၊ ကမ္ဘာငယ်တစ်ခုဆိုတာထပ် ပိုနေနိုင်တယ် “

တိကျွမ်းမှာလည်း ၎င်းကို စဥ်းစားမိနေပုံရကာ၊ အမူအရာ တင်းကြပ်နေလျက်ရှိသည် “ ကမ္ဘာကြီးတစ်ခုများ ဖြစ်နေမလား “

အဆိုပါ မှန်းဆချက်သည် သူတို့နှစ်ဦးစလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှေ့တက်ကာ မေးမြန်းလာခဲ့သည် “ စီနီယာ၊ ဘာဖြစ်လို့လဲဗျ “

တိကျွမ်းမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ မင်းရှာတွေ့ခဲ့တဲ့ဟာက ကမ္ဘာငယ်တစ်ခုဆိုတာထပ် ပိုနေတဲ့ပုံပဲ၊ အဲ့တာက အကြီးစား ကမ္ဘာတစ်ခု ဖြစ်နေနိုင်တယ် “

ထိုစကားကိုကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်စုံတစ်ခုကို ချက်ချင်းတွေးတောမိသွားခဲ့သည်။

တကယ်လို့ ရတနာတွေကို ဖွက်ထားမလို့ဆိုရင်၊ ကမ္ဘာငယ်တစ်ခုနဲ့တင် လုံလောက်နေပြီလေ။

ဘာကိစ္စ အကြီးစား ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ရတာလဲ

ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသော မှန်းဆချက်မှာ ထိုခေတ်မှ မိသားစုကြီးများနှင့် ဂိုဏ်းကြီးများက ဤနေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်ဆိုသည်ပင် ဖြစ်သည်။

အဆိုပါ မှန်းဆချက်မှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

၎င်းသည် ဤကမ္ဘာကို အတင်းအကြပ် ဖွင့်လိုက်မည်ဆိုပါက ထိုခေတ်မှ အင်အားကြီး ပညာရှင်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် ထိုလူများက ရန်သူလား၊ မိတ်ဆွေလားဆိုသည်ကို မည်သူကမှ တပ်အပ်ပြောနိုင်လိမ့်မည် မဟုတ်ပေ။

All Chapters