← Chapters

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အခန်း (၆၆၇-၆၆၉)

Vol. 45 Ch. 667-669

အပိုင်း ( 667 )

ရုပ်ခန္ဓာဖြင့် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခြင်း

အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးသည့်နောက်တွင် သူတို့သည် ယခုလက်ရှိ အချိန်တွင် ထိုကိစ္စကို ဘေးချိတ်ထားရန် ဆုံးဖြတ်လိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် ဤကမ္ဘာကို ဖွင့်လှစ်ခဲ့ပြီးသည့်နောက်တွင် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများကို မမှန်းဆနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ ၎င်းကသာ သူတို့၏ အစီအရင် ဖျက်စီးခြင်း ကိစ္စကို နှောင့်ယှက်လာမည်ဆိုပါက၊ ပြဿနာတက်သွားရမည် ဖြစ်သည်။

ကြယ်ပြာဂြိုဟ်အတွက် တစ်လအကြာတွင် အမှောင်နယ်မြေ ဆင်းသက်လာမည့် ကိစ္စကသာလျှင် အရေးအကြီးဆုံး ဖြစ်သည်။

ထိုအချိန်တွင် သူတို့၏ အခြေအနေက ဆိုးရွားနေမည်ဆိုပါက၊ ၎င်းကို ဖွင့်လှစ်လိုက်ခြင်းက နောက်ကျနေမည် မဟုတ်ပေ။

…

သူတို့သုံးဦးသည် ကွမ်ဟန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တိကျွမ်းမှ စကားစပြောလာခဲ့သည် “ ငါ့ရဲ့ အသိစိတ်ကို ခွဲပြီးတော့ အဲ့နေရာကို စောင့်ကြည့်လိုက်မယ်။ တကယ်လို့ တစ်ခုခုဖြစ်လာပြီဆိုရင်၊ မင်းကို အကြောင်းကြားမယ် “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ယခင်က သူတို့သည် မှော်ပညာများကို အသုံးပြုကာ၊ ထိုကမ္ဘာကို ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ကြပြီး၊ ၎င်းက အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနေမည်လားဆိုသည်ကို မသိရသေးပေ။

ယခုတွင် သူတို့သည် ရှုပ်ထွေးသော ကိစ္စရပ်များ မပေါ်ပေါက်လာပါစေနှင့်ဟု ဆုတောင်းရုံသာ တတ်နိုင်ကြသည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ထူးဆန်းသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ စကားပြောလာခဲ့သည် “ ဒါပင်မဲ့ မင်း …… မင်းက အစောပိုင်း အဆင့်၉ကနေ အဆင့်၉ကို အထွတ်အထိပ်ကို ရက်ပိုင်းအတွင်းမှာပဲ ဘယ်လိုလုပ် ရောက်သွားရတာလဲ “

“ ငါ တိကျွမ်းဆီကနေ ကြားထားတာကတော့ မင်းက မျက်လုံးသုံးလုံးဘုရင်ကိုပါ သတ်ခဲ့တယ်ဆို။ အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “

သူ၏လေသံမှာ အကြီးအကဲတစ်ဦးကဲ့သို့ မဟုတ်ဘဲ၊ သက်တူရွယ်တူတစ်ဦးကို ပြောနေသည့်အလား ဖြစ်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးကာ စကားပြန်ပြောလိုက်သည် “ အဲ့တာ ဇာတ်လမ်း အရှည်ကြီးပါဗျာ။ ဒီတစ်ခါ ကျွန်တော်က ကမ္ဘာ့ကြယ်ကနေ အဆင့်၉ ရတနာ တော်တော်များများ ယူလာခဲ့တယ်၊ အဲ့တာတွေက အဆင့်၉(ဒါမှမဟုတ်) အဆင့်၉ အထွတ်အထိပ်ကို ချိုးဖျက်ဖို့အတွက် ကူညီပေးနိုင်တယ် “

ပြောနေရင်းဖြင့် သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ

ချွမ် ချွမ်

ချက်ချင်းဆိုသလိုပင် ရတနာပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ နဝမအဆင့် ရတနာများသည် သူ့အတွက် မည်သို့မျှ အသုံးမဝင်တော့ပေ၊ ထို့ကြောင့် သူသည် ကြယ်ပြာဂြိုဟ်၏ အင်အားကို ပိုမိုအားကောင်းလာစေရန်အတွက် ၎င်းတို့ကို မျှဝေပေးလိုက်မည် ဖြစ်သည်။

ထိုရတနာများကို မြင်လိုက်ရသောအခါတွင် တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၊ နှစ်ဦးစလုံးမှာ တအံ့တဩ ဖြစ်သွားကြသည်။

အဆင့်၉ ရတနာ အခုတစ်ရာကျော်လား “

“ ဒါက …… “

တစ်ခဏခန့် အံ့အားသင့်နေခဲ့ပြီးသည့်နောက်တွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ကြယ်ပြာဂြိုဟ်တစ်ခုလုံးရဲ့ ကိုယ်စား၊ ငါမင်းကို ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ မင်းဘာပြောနေတာလဲ၊ စီနီယာ။ ငါကရော ကြယ်ပြာဂြိုဟ်သား မဟုတ်လို့လား “

ထို့နောက်တွင် တိကျွမ်းသည် ထိုရတနာများနှင့်အတူ နယ်မြေ ၅၅၏ အထက်ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

သူသည် သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ၊ အဆိုပါ ရတနာ အခုတစ်ရာကျော်ကို စင်မြင့်တစ်ခုထက်တွင် ပုံထားကာ စကားပြောလိုက်သည်။

“ ဒီအဆင့်၉ ရတနာတွေက အဆင့်၉ အထွတ်အထိပ်ကို ရောက်ဖို့ ကူညီပေးနိုင်တယ်။ အဆင့်၉ နှောင်းပိုင်းမှာ ရှိနေတဲ့လူတွေက ဒါတွေကို လာယူကြ၊ တစ်ယောက်ကို နှစ်ခုပဲ ယူရမယ် “

သူ့အတွက် အစောပိုင်း နဝမအဆင့် ပညာရှင် အယောက်တစ်ရာကျော် ရှိနေခြင်းထပ်၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင် ဒါဇင်ကျော် ရှိနေခြင်းက ပိုကောင်းနေခဲ့သည်။

သူ၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် နဝမအဆင့် ပညာရှင် အားလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အထူးသဖြင့် နှောင်းပိုင်း နဝမအဆင့်မှ ပညာရှင်များဖြစ်ပြီး၊ သူတို့သည် အရေအတွက်အားဖြင့် အနည်းဆုံး လူလေးဆယ်(သို့) ငါးဆယ်အထိ ရှိနေခဲ့သည်။

လူတစ်ဦးလျှင် ရတနာနှစ်ခု ရရှိမည်ဆိုပါက၊ ၎င်းတို့မှာ သူတို့အတွက် လုံလောက်နေမည် ဖြစ်သည်။

ထိုအချိန်၌ သူတို့အားလုံးမှာ ငိုချလုမတတ် ဖြစ်သွားကြသည်။

“ အဆင့်၉ ရတနာတွေကို အလကား ပေးနေတာလား “

“ အဲ့တာက စီနီယာ တိကျွမ်းရဲ့ ကိုယ်ပိုင် စုဆောင်းမှုတွေပဲ ဖြစ်ရမယ် “

“ ကျေးဇူးတင်ပါတယ်၊ စီနီယာ တိကျွမ်း “

လူတော်တော်များများသည် သူတို့၏ ကျေးဇူးတင်စိတ်များကို ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

တိကျွမ်းကမူ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုအပ်ဘူး၊ တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင်၊ ငါ့ဘေးနားက တစ်ယောက်ကို ကျေးဇူးတင်လိုက် “

ထို့နောက်တွင် သူသည် သူ့ဘေးနားတွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ အဲ့ဒီရတနာတွေ အကုန်လုံးကို ကမ္ဘာ့ကြယ်ကနေ သူယူလာခဲ့တာ “

“ ဘာကြီး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရာနှင့်ချီသော ပညာရှင်များမှာ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားကြရပြန်သည်။

အဲ့တာတွေ အားလုံးကို ကြယ်တာရာ T-Rex နတ်ဘုရားက ကမ္ဘာ့ကြယ်ကနေ ယူလာခဲ့တာလား

သူတို့အားလုံးသည် တလေးတစားဖြစ်နေသော အမူအရာများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာကြသည်။

သူတို့သည် ဤနဝမအဆင့် ရတနာများက ကြယ်ပြာဂြိုဟ်အတွက် အဖိုးမဖြတ်နိုင်ဘူးဆိုသည်ကို သိနေကြသည်။

ပုံမှန်အခြေအနေများအောက်တွင်သာဆိုပါက၊ ဤရတနာများကို ရရှိရန်အတွက် အပြင်းအထန် ပြိုင်ဆိုင်ကာ၊ မြင့်မားသော တန်ဖိုးများဖြင့် ဝယ်ယူကြရမည် ဖြစ်သည်။

ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့ကို ဈေးပေါနေသည့် အရာများကဲ့သို့ ပေးဝေနေခဲ့သည်။

၎င်းသည် လူတော်တော်များများကို အထင်ကြီးလေးစားသွားစေခဲ့သည်။

ကျန်းချင်ရွှမ်းကပင် အပြည့်အဝ ယုံကြည်သွားခဲ့ပြီး၊ ဆွဲဆောင်မှုအားကောင်းသော သူ၏မျက်လုံးလေးများထဲတွင် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည် “ သူက ကမ္ဘာ့ကြယ်ကို တစ်ယောက်တည်း သွားခဲ့ပြီးတော့၊ အဲ့က အထွတ်အထိပ် ပညာရှင် တော်တော်များများကို တကယ်ကြီး သတ်ခဲ့တာပဲ “

အားလုံး၏ အာရုံစိုက်မှုကို ခံစားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤနေရာတွင် ကြာကြာဆက်မနေချင်တော့ဘဲ၊ တိကျွမ်းကို စကားပြောလိုက်သည် “ စီနီယာ၊ ဒီတစ်ခေါက်မှာ ကျွန်တော်က ဒဏ်ရာ တော်တော်ရခဲ့တယ်၊ အဲ့တာကြောင့် သွားကုလိုက်ဦးမယ် “

“ ကောင်းပြီလေ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း စကားဝင်ပြောလာခဲ့သည် “ မင်းက ငါ့နယ်မြေကို သွားလို့ရတယ်။ ငါ့မိသားစုရဲ့ ထိုက်ချူးရတနာ ရေကန်က ကုသရေးအတွက် တော်တော်ကြီး အကျိုးရှိတယ် “

“ ကျေးဇူးတင်ပါတယ်၊ စီနီယာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ လှည့်ထွက်သွားတော့သည်။

…

တစ်ခဏ အကြာတွင်

ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်ထဲတွင် ပေါ်လာခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက ထိုကဲ့သို့ ပြောလာခဲ့ပြီဖြစ်သောကြောင့်၊ သူသည် သေချာပေါက် အားနာနေမည် မဟုတ်ပေ။

လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုအတွင်းရှိ လူတော်တော်များများမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ အောင်မြင်မှုများကို ကြားသိထားခဲ့သောကြောင့်၊ မည်သူကမှ သူ့ကို မတားဆီးကြဘဲ၊ သူတို့၏ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ်ပင် ဂုဏ်ပြုချင်နေခဲ့ကြသည်။

ထိုအချိန်၌ အဌမအဆင့် အထွတ်အထိပ် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်သည် သူ့ကို လာနှုတ်ဆက်ကာ၊ ထိုက်ချူးကြာပန်း ရေကန်ဆီသို့ ခေါ်သွားခဲ့သည်။

“ စီနီယာ၊ မင်းက ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေကို တိုက်ရိုက်သောက်လို့ရပါတယ် “

လက်သည်းရှစ်ခု ရွှေနဂါးမှ မိတ်ဆက်ပေးလာခဲ့သည်။

သူက အသက်တစ်ထောင်ကျော်နေပြီ ဖြစ်သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် မျက်နှာချင်းဆိုင်နေရသည့် အချိန်တွင် သူ၏ စိတ်နှလုံးသား တုန်ရင်နေသည်ကို ခံစားနေခဲ့ရသည်။

သတ်ဖြတ်မှုများစွာ ပြုလုပ်ခဲ့မှသာလျှင် ထိုကဲ့သို့သော အရှိန်အဝါမျိုး ရရှိနိုင်သည်ဆိုသည်ကို သူကောင်းစွာ သိရှိနေခဲ့သည်။

“ ကြည့်ရတာတော့ ကောလဟာလတွေက မှန်နေတဲ့ပုံပဲ၊ ဒီစီနီယာက …….. ကမ္ဘာ့ကြယ်ကို တစ်ယောက်တည်းသွားခဲ့ပြီးတော့ ပညာရှင်တော်တော်များများကို သတ်ခဲ့တယ် “

လက်သည်းရှစ်ခု ရွှေနဂါးသည် လေးစားမှုနှင့် ကြောက်ရွံ့မှု နှစ်မျိုးစလုံးကို ခံစားနေခဲ့ရသည်။

ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေ၏ အသုံးဝင်မှုကို ကြားခဲ့ရပြီးသည့်နောက်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဝေ့ရမ်းကာ စကားပြောလိုက်သည် “ ငါနားလည်ပြီ၊ မင်းသွားလို့ရပြီ “

“ ဟုတ်ကဲ့ “

လက်သည်းရှစ်ခု ရွှေနဂါးသည် လေးလေးစားစား ပြန်ဖြေကာ၊ ထွက်သွားရန် ပြင်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားထပ်ပြောလာခဲ့သည် “ နေဦး “

“ ဒါက မီးကပ်ဘေး ကြာပန်းနီပဲ၊ မင်းကို အဆင့်၉ ရောက်သွားအောင် ကူညီပေးနိုင်တယ်။ ဒါကို ယူပြီးတော့ တံခါးပိတ် ကျင့်ကြံလိုက် “

သူသည် ရတနာတစ်ခုကို ထုတ်ပေးလိုက်သည်။

နဝမအဆင့် ရတနာ အများစုကို ဝေငှပေးခဲ့ပြီးပြီဖြစ်သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အရေးပေါ် အခြေအနေများအတွက် တစ်ချို့တစ်လေကို သိမ်းဆည်းထားခဲ့သည်။

ယခုတွင် တစ်ခြားလူများကို ဆုချရန်အတွက် အသုံးပြုနေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် အဆိုပါ လက်သည်းရှစ်ခု ရွှေနဂါးမှာ မျက်လုံးများ ပြူးကျယ်သွားကာ၊ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 668 )

ရုပ်ခန္ဓာဖြင့် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခြင်း ၂

“ ကျေး …. ကျေးဇူးတင်ပါတယ်၊ စီနီယာ “

သူသည် မည်ကဲ့သို့ ကျေးဇူးတင်ရမလဲဆိုသည်ကို မသိဘဲ တုန်တုန်ရင်ရင်ဖြင့် စကားပြန်ပြောလာခဲ့သည်။

“ အဆင့်မြန်မြန်တက်၊ အခုကတော့ ထွက်သွားလို့ရပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ဝေ့ရမ်းပြလာခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါးသည် ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြလာခဲ့ကာ၊ တလေးတစား နောက်ဆုတ်သွားခဲ့သည်။

ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့အရှေ့တွင် ရှိနေသည့် ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေကို ကြည့်ကာ၊ ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။

ဝှစ်

ချက်ချင်းဆိုသလိုပင် ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေသည် စမ်းချောင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ သူ့ပါးစပ်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

ထို့နောက်၌ သန့်စင်သော စွမ်းအင်တစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသည်နှင့်အမျှ၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် ရှိနေသည့် ဒဏ်ရာများက လျင်မြန်စွာ သက်သာပျောက်ကင်းသွားပြီ ဆိုသည်ကို ခံစားမိနေခဲ့သည်။

“ ထိုက်ချူးရှေးဟောင်း ရတနာကတော့ ထင်ထားတဲ့အတိုင်းပဲဟေ့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် တအံ့တဩ ဖြစ်သွားခဲ့သည် “ တကယ်လို့ ငါ့ရဲ့ အင်မော်တယ် စွမ်းရည်ကိုပဲ အားကိုးနေမယ်ဆိုရင်၊ အပြည့်အဝ သက်သာဖို့အတွက် ရက်အတော်ကြာ အချိန်ယူရမှာ။ ဒါပင်မဲ့ ဒီထိုက်ချူး စိတ်ဝိညာဥ် စမ်းရေနဲ့ဆိုရင်တော့၊ နေ့တစ်ဝက်လောက်ပဲ အချိန်ယူရတော့မှာ “

ဘုရင်သုံးပါးနဲ့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ရရှိခဲ့သည့် အကြီးမားဆုံး ဒဏ်ရာမှာ သူ၏ ရုပ်ခန္ဓာမဟုတ်ဘဲ၊ သူ၏မူလစွမ်းအား ကုန်ဆုံးသွားခြင်းသာဖြစ်နေခဲ့သည်။

အထူးသဖြင့် ကမ္ဘာတစ်ခုကို ဖန်တီးရန်အတွက် နိယာမ ခုနစ်ခုကို အတင်းအကြပ် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းသည် သူ၏ မူလနိယာမ စွမ်းအား အကုန်လုံးကို ကုန်ခမ်းလုနီးပါးဖြစ်သွားစေခဲ့သည်။

သူ၏ အင်မော်တယ် စွမ်းရည်က ရုပ်ခန္ဓာကို ပြန်လည်ပြင်ဆင်ပေးနိုင်သော်လည်း၊ ထိုကဲ့သို့သော အရာမျိုးကို ပြန်လည်မဖြည့်တင်းပေးနိုင်ချေ။

သို့သော် ယခုတွင်ကား ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေကြောင့် သူ၏ မူလစွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်တော့မည် ဖြစ်သည်၊ ၎င်းမှာ မထင်မှတ်ထားသော လက်ဆောင်တစ်ခု ဖြစ်သည်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေကန်ဘေးဘက်တွင် တင်ပျဥ်ခွေ ထိုင်နေလျက်ရှိသည်။

ဤအချိန်၌ သူသည် စိတ်ဝိညာဥ် စမ်းရေ အများစုကို စုပ်ယူခဲ့ပြီးပြီ ဖြစ်ပြီး၊ စမ်းရေကန်ငယ်တစ်ခုသာလျှင် ကျန်နေတော့သည်။

အကယ်၍ တစ်ခြားလူတစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ နှစ်သောင်းနှင့်ချီသော စုဆောင်းမှုက တစ်ဝက်ကျော်ကျော် ကုန်ဆုံးသွားခဲ့ပြီဆိုသည်ကို သိကာ၊ အံ့ဩတကြီး ဖြစ်သွားကြမည် ဖြစ်သည်။

သို့သော် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုမှာ မည်သို့မျှ စောဒကမတက်ခဲ့ချေ၊ ထို့အစား သူတို့သည် ဤနေရာကို တားမြစ်နယ်မြေ တစ်ခုသဖွယ် စောင့်ကြပ်နေကြကာ၊ မျိုးနွယ်စုဝင်များ ချဥ်းကပ်လာခြင်းကိုပင် တားမြစ်နေခဲ့ကြသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား ပေးခဲ့သော ရတနာများက လက်သည်းရှစ်ခု ရွှေနဂါးတစ်ချို့အား နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သောကြောင့်ပင် ဖြစ်သည်။

( ကွမ်ဟန်မှာ ပေးခဲ့တာဟာတွေပါ )

ထိုအချက်တစ်ချက်တည်းကပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့၏ ဘိုးဘေးကဲ့သို့သော ပုံရိပ်တစ်ခုဖြစ်လာရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေအများစုကို စုပ်ယူခဲ့သည့် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း သိသာထင်ရှားသော အကျိုးအမြတ်များကို ရရှိနေခဲ့သည်။

“ ငါ့ရဲ့ ရုပ်ခန္ဓာက လုံးဝ သက်သာသွားပြီ၊ ငါ့မူလနိယာမရဲ့ စွမ်းအားကိုလည်း အပြည့်အဝ ပြန်လည်ဖြည့်တင်းပြီးသွားပြီ “

“ ပိုပြီးအရေးကြီးတာက ငါ့ရဲ့ ရုပ်ခန္ဓာက နည်းနည်းလေး လျော့တိလျော့ရဲ ဖြစ်သွားတဲ့ပုံပဲ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး၊ သူ၏ရုပ်ခန္ဓာမှာလည်း ထပ်မံ၍ မတိုးတက်နိုင်တော့ပေ။

ယခုတွင်ကား သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အတားအဆီးများက အနည်းငယ် ပြေလျော့သွားပုံရသည်။

သူသည် အထွတ်အထိပ်တစ်ပိုင်းအဆင့် ရတနာ၊ ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်ကို ချက်ချင်းထုတ်ယူလိုက်သည်။

“ ငါ့ရဲ့ ရုပ်ခန္ဓာက အထွတ်အထိပ်အဆင့်ကို ရောက်၊ မရောက်ဆိုတာက ဒီဟာအပေါ်မှာ မူတည်တယ် “

အတွေးတစ်ခုဖြင့် စေခိုင်းလိုက်ရာ၊ ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်မှာ သန့်စင်သော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြေပြင်တစ်ခုလုံး အနည်းငယ် လှုပ်ခါလာခဲ့သည်။

မီးတောင်ပေါက်ကွဲသည့်အလား ဖြစ်နေသည့် အားတစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းတွင် သောင်းကျန်းနေခဲ့သည်။

အတားအဆီး/ပိတ်ဆို့မှုနှင့် ကြုံတွေ့နေခဲ့ရသည့် သူ၏ရုပ်ခန္ဓာသည် ဖြည်းဖြည်းချင်း တိုးတက်လာနေခဲ့သည်။ အကယ်၍ ဤခြေလှမ်းကသာ အောင်မြင်သွားမည်ဆိုပါက၊ အခြေအနေများ လုံးဝကွဲပြားသွားမည် ဖြစ်သည်။

…

ကြယ်တာရာ T-Rex နတ်ဘုရားက အဆင့်ထိုးဖောက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေစဥ်အချိန်တွင်

ကြယ်ပြာဂြိုဟ် အပြင်ဘက်၊ သူနှင့် တိကျွမ်းတို့ သွားရောက်စစ်ဆေးခဲ့သည့် ဟင်းလင်းပြင်ရှိရာ ဧရိယာတွင်

“ ဗွီ “

ငြိမ်သက်နေသည့် ဟင်းလင်းပြင် လှိုင်းလုံးများအကြားတွင် စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ဘုမ်းးး ဝုန်းးး “

တစ်ခဏ အကြာတွင် ပြင်းထန်သော ထုရိုက်သံများ ပေါက်ထွက်လာခဲ့ပြီး၊ ကမ္ဘာအတားအဆီးကို တစ်ခြားတစ်ဖက်၌ ထုထောင်းရိုက်နှက်နေသည့်အလား ဖြစ်နေခဲ့သည်။

ထိုလှုပ်ရှားမှုသည် တိကျွမ်း၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။

သို့သော် တိကျွမ်း ရောက်မလာခင် အချိန်မှာပင်

“ ဘမ်းးးး “

အဆုံးမဲ့ ဟင်းလင်းပြင် လှိုင်းလုံးများအကြားတွင်၊ ဟင်းလင်းပြင်သည် ခန်းစီးလိုက်ကာတစ်ခုကဲ့သို့ ကွဲထွက်သွားကာ၊ ကြီးမားသော အပေါက်တစ်ခုကို လှစ်ဟပြသလာခဲ့သည်။

၎င်းမှာ ဟင်းလင်းပြင် အက်ကွဲကြောင်း မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ဟင်းလင်းပြင် အက်ကွဲကြောင်းမှာ ထူထဲမှု မရှိသော်လည်း၊ အဆိုပါ အပေါက်မှာ သိသိသာသာ ထူထဲနေသောကြောင့် ဖြစ်သည်။

အဆိုပါ အပေါက်သည် ကမ္ဘာအတားအဆီး/အကာအရံကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအပေါက် ပွင့်ဟလာသည့် အချိန်၌ အဆုံးမဲ့ အလင်းတန်းတစ်ခုသည် အကာအရံမှ ပေါက်ထွက်လာခဲ့သည်။

တိကျွမ်း ချက်ချင်း ရောက်ရှိလာခဲ့ပြီး၊ သူ့နောက်တွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးပါ လိုက်ပါလာခဲ့သည်။

သူတို့နှစ်ဦးသည် ကြယ်ပြာဂြိုဟ်၏ အစွမ်းအထက်ဆုံး အင်အားစုနှစ်ခုဖြစ်သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက တိကျွမ်းလောက် အစွမ်းမထက်သော်လည်း၊ သူသည် အဆင့်မြင့် နိယာမများကို သုံးခုကျော်အထိ နားလည်ထားခဲ့သည်။

ကမ္ဘာအတားအဆီး ပြိုကွဲသွားသည်ကို မြင်လိုက်ရသောအခါတွင် သူတို့နှစ်ဦးစလုံး၏ အမူအရာများ တင်းကြပ်သွားခဲ့သည်။

သူတို့သည် သူတို့ လက်လျော့ထားလိုက်သည့် ကမ္ဘာကို တစ်ခြားတစ်ဖက်မှ လူများက အတင်းအကြပ် ဖွင့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဒါက မူလနယ်မြေလား “

အိုမင်းနေသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် အလွန်တရာ အားကောင်းသော စိတ်စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပျံ့လွင့်လာခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်နှင့် ကွမ်ဟန်တို့၏ တစ်လက်မချင်းစီတိုင်းကို မဆင်မခြင် စူးစမ်းလေ့လာနေခဲ့်သည်။

“ ဟမ့် “

အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

တိကျွမ်း၏ စိတ်စွမ်းအားသည် ၎င်းနှင့် ရင်ဆိုင်တိုက်ခိုက်ကာ၊ စစ်ဆေးမှုမလုပ်နိုင်အောင် တားဆီးလိုက်သည်။

အလည်ရောက်လာသူက မိတ်ဆွေလား၊ ရန်သူလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုကဲ့သို့ မဆင်မခြင် စစ်ဆေးခြင်းသည် ကြယ်ပြာဂြိုဟ်ပေါ်တွင် ရှိနေသည့် သတ္တဝါတိုင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့် တိကျွမ်းသည် ၎င်းကို တားဆီးရမည် ဖြစ်သည်။

ထိုအချိန်၌ ကမ္ဘာ အကာအရံပေါ်တွင် ရှိနေသည့် အလင်းတန်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ကမ္ဘာအကာအရံတွင် ပုံရိပ်များစွာ မတ်တပ်ရပ်နေလျက်ရှိပြီး၊ သူတို့၏ အဝတ်အစားများမှာ ရှေးဟောင်းခေတ်ကာလမှ ပုံစံကဲ့သို့ အလွန်တရာ ရှေးကျနေခဲ့သည်။

ဦးဆောင်သူမှာ ဆံပင်များ ဖြူဖွေးနေသည့် အကြီးအကဲတစ်ဦး ဖြစ်သည်။

တိကျွမ်း၏ စိတ်စွမ်းအားကို ခံစားလိုက်ရသောအခါတွင် ထိုလူသည် သူ၏စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ၊ စကားပြောလာခဲ့သည် “ အခုလက်ရှိ မူလနယ်မြေက ဒီလောက်ကြီးအထိ နိမ့်ကျသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ ပကတိ အထွတ်အထိပ် ပညာရှင် နည်းနည်းလေးပဲ ရှိတယ် “

တိကျွမ်းသည် မျက်မှောင်ကြုတ်သွားခဲ့ကာ၊ ရှေ့တက်၍ စကားပြောလိုက်သည် “ ဒီကမိတ်ဆွေ မင်းတို့က ကြယ်ပြာဂြိုဟ်ရဲ့ ရှေးဟောင်းခေတ်ကလား “

“ အို့။ မင်းတို့က ဒါကို ကြယ်ပြာဂြိုဟ်လို့ ခေါ်ကြတာလား “

ထိုလူကြီးသည် အပြာရောင် ဂြိုဟ်ကြီးကို ကြည့်ကာ၊ နွေးနွေးထွေးထွေး ပြောပြလာခဲ့သည် “ မင်းတို့ရဲ့ အသုံးအနှုန်းအရဆိုရင်၊ ငါတို့က တကယ်ကို ရှေးခေတ်က လာတာပဲ “

တိကျွမ်းမှ မေးမြန်းလိုက်သည် “ ရှေးခေတ်က ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေက ဒီနေ့အထိ ရှိနေတုန်းပဲလား “

ဆံဖြူ အကြီးအကဲမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ သေချာပေါက် ရှိတာပေါ့။ ငါက သားရဲတစ်သောင်း ဂိုဏ်းက အကြီးအကဲ မော့မူပါ “

“ မိတ်ဆွေမော့ “

တိကျွမ်းသည် အသာအယာ လက်သီးဆုပ်လိုက်ပြီး၊ တအံ့တဩ ဖြစ်သွားခဲ့သည်။

သူသည် တစ်ဖက်လူ၏ အရှိန်အဝါက သူနှင့် ယှဥ်နေနိုင်ပြီး၊ အနိမ့်ဆုံးအနေဖြင့် ထိပ်တန်းအဆင့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင် ဖြစ်နေနိုင်သည်ဆိုသည်ကို အာရုံခံမိနေခဲ့သည်။

အဲ့လိုလူကတောင် အကြီးအကဲလေးတစ်ယောက်ပဲလား

ဂိုဏ်းခေါင်းဆောင်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်နေလိုက်မလဲ

“ ငါ့နောက်မှာ ရှိနေတဲ့ ကမ္ဘာကြီးကတော့ ရှေးခေတ်က မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီးတွေက ပူးပေါင်းဖွင့်လှစ်ခဲ့ကြတာ၊ အဲ့တာကို အန္တိမနယ်မြေလို့ ခေါ်တယ် “

မော့မူသည် သူ၏မုတ်ဆိတ်ကို ပွက်သပ်ကာ သက်ပြင်းချနေတော့သည် “ နှစ်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီးတဲ့နောက်မှာ၊ မူလနယ်မြေကို ထပ်တွေ့ရဦးမယ်လို့ ငါမထင်ထားခဲ့မိဘူး “

တိကျွမ်းမှ မေးမြန်းလိုက်သည် “ ဘာလို့ ရွှေ့ပြောင်းသွားပြီးတော့၊ ဘာလို့ ပြန်လာကြတာလဲ “

မော့မူသည် သူ့ကို တစ်ချက်ကြည့်ကာ ပြန်ပြောလာခဲ့သည် “ မိတ်ဆွေ၊ မင်းက အမေးအမြန်းထူလွန်းတယ် “

ထိုအခိုက်အတန့်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ မိတ်ဆွေမော့၊ မင်းတို့ကအားလုံးက ………….. “

သူ့စကားမဆုံးခင် အချိန်မှာပင်

ဘုမ်းး

ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုမှာ မော့မူထံမှ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်၊ သူ၏ကျင့်ကြံရေးနှင့်ပင် သူသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“ အန္တိမ နိယာမ …….. “

သူ၏စိတ်ထဲတွင် စကားလုံးလေးလုံး ပေါ်ထွက်လာခဲ့သည်။

အဘိုးကြီးဘေးနားတွင် ရှိနေသည့် အသက် ၁၅(သို့)၁၆အရွယ်မျှရှိသည့် ငွေရောင် ဆံသားပိုင်ရှင် ကောင်မလေးမှာလည်း နှာခေါင်းရှုံ့လာခဲ့သည်။

“ ဟမ့် “

မော့မူသည် သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ၊ စိတ်ခံစားချက် ကင်းမဲ့နေသော လေသံမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက အငယ်လေး၊ မင်းက ငါ့ကို ဒီလိုခေါ်ဖို့အတွက် အဆင့်မမှီဘူး “

သူ၏စကားလုံးများမှာ တိုက်ရိုက်စိန်ခေါ်နေခြင်းပင် ဖြစ်သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

“ ငါတို့က အန္တိမ နယ်မြေက လာခဲ့တာ “ မော့မူကမူ အေးအေးလူလူ ရှင်းပြလာခဲ့သည် “ မင်းတို့ရဲ့ ကမ္ဘာကြီးကို ပစ်မှတ်ထားပြီးတော့၊ အကူအညီတောင်းဖို့အတွက် ရောက်လာခဲ့ကြတာပဲ “

( နယ်မြေသိမ်းချင်လို့ လျှောက်ပြောတာပါ )

သူ၏စကားလုံးများသည် လေးလံမှုနှင့်အတူ ပျံ့လွင့်လာခဲ့သည်။

တိကျွမ်းသည် အမြှော်အမြင် ကြီးသော်လည်း၊ ယခုတွင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ ကမ္ဘာအကာအရံကို ချိုးဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို မကြောက်မလန့်ရုံတင် မဟုတ်ဘဲ၊ သူတို့၏ ရည်ရွယ်ချက်ကိုပါ ထုတ်ဖော်ပြောဆိုလာသည့် လူကို မြင်တွေ့ရသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။ သူ၏ အတွေးများ လှုပ်ခတ်နေခဲ့ကာ မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကို အလျင်အမြန် စဥ်းစားနေတော့သည်။

သူဆုံးဖြတ်ချက် မချခင် အချိန်မှာပင် ငွေရောင်ဆံသားနှင့် ကောင်မလေးသည် ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။ သူမ၏လက်ကို မြှောက်လိုက်ရာ၊ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုသည် သူမ၏လက်ကို ဝိုင်းရံလာခဲ့ပြီး၊ သူမ၏ မျက်လုံးများမှာလည်း ရင့်ကျက်တည်ငြိမ်မှုတို့နှင့်အတူ တောက်ပလာခဲ့သည်။

“ ငါတို့က ရန်သူအဖြစ် လာခဲ့တာ မဟုတ်ဘူး၊ လိုအပ်တဲ့ မဟာမိတ်အဖြစ် လာခဲ့တာပါ “ သူမသည် သူမ၏ အသက်နှင့် မလိုက်ဖက်လောက်အောင် ဩဇာအာဏာအပြည့်ဖြင့် ပြောလာခဲ့သည်။

သူမ၏ စကားလုံးများသည် အတော်လေး တိုက်ရိုက်ဆန်လွန်းနေခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ ထိပ်တန်း ပညာရှင်များကပင် လျစ်လျူမရှုနိုင်လောက်အောင် ဖြစ်သွားရသည့် လေးနက်မှုများ ပါဝင်နေခဲ့သည်။

…………………………………………………………………………………………………………………………………………..

အပိုင်း ( 669 )

အဆင့်ထိုးဖောက်မှု၊ ရုပ်ခန္ဓာ၏ အကန့်အသတ်များကို ချိုးဖျက်ခြင်း

အန္တိမနယ်မြေမှ အလည်ရောက်လာသူများသည် သူတို့၏ အစွယ်များကို ထုတ်ပြလာခဲ့သည်။

ဒီလူတွေက ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာကြတာပဲ

တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးတို့၏ စိတ်နှလုံးသားများ လေးလံသွားခဲ့သည်။

သူတို့အလိုမရှိဆုံး ဖြစ်ရပ်ကို မြင်တွေ့နေရပြီ ဖြစ်သည်။

အစတွင် သူတို့သည် ရှေးဟောင်း ပညာရှင်များက ကြယ်ပြာဂြိုဟ်ကို သူတို့၏ ကိုယ်ပိုင်ကမ္ဘာအဖြစ် မယူဆလောက်ဘူးဟုသာ ထင်နေခဲ့ကြသည်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ ကွဲကွာနေခဲ့ပြီးသည့်နောက်တွင် အမွေဆက်ခံမှုနှင့် သွေးမျိုးဆက် အားလုံး ပြတ်တောက်နေပြီဖြစ်ပြီး၊ ရှေးခေတ်နှင့် ဆက်နွယ်မှုမှာလည်း လုံးဝပြတ်တောက်နေခဲ့ပြီဖြစ်သည်။

ဂိုဏ်းနှင့် မိသားစုကြီးများမှ လာသောလူများသည် အမွေအနှစ်နှင့် သွေးမျိုးဆက်ကို အလွန်တရာ တန်ဖိုးထားလေ့ရှိသည်။

သွေးမျိုးဆက် ဆက်နွယ်မှု ကင်းမဲ့နေသည့် ကြယ်ပြာဂြိုဟ်မှာ သူတို့၏ မျက်လုံးများထဲတွင် တစ်ခြားနယ်မြေတစ်ခုသဖွယ်သာ ဖြစ်နေလိမ့်မည် ဖြစ်သည်။

မျှော်လင့်ထားသည့် အတိုင်းပင် စကားဟလာသည်နှင့်တစ်ပြိုင်နက် သူတို့သည် ကြယ်ပြာဂြိုဟ်ကို သိမ်းပိုက်ရန် ရည်မှန်းထားကြသည်။

ဒီအပြုအမူက အမှောင်နယ်မြေက ကောင်တွေနဲ့ ဘာကွာလို့လဲ

ကံကောင်းထောက်မစွာဖြင့် တိကျွမ်းသည် အလျင်စမလို မလှုပ်ရှားခဲ့ဘဲ၊ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

သူသည် ဆံဖြူအကြီးအကဲကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည် “ ကိစ္စက ခင်ဗျားတို့ထင်သလို ဖြစ်လာမှာ မဟုတ်ဘူး “

“ အို့ “

မော့မူသည် သူ့ကို စိုက်ကြည့်လာခဲ့ပြီး၊ သူ၏အရှိန်အဝါမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မော့မူ၏ အမြင်တွင် မူလနယ်မြေမှ ဤလူများမှာ ရှေးဦးလူများနှင့် မည်သို့မျှ မခြားပေ။

သူ အချိန်အတော်ကြာ စကားရပ်ပြောနေခဲ့ရသည့် အကြောင်းအရင်းမှာ တိကျွမ်း၏ ကျင့်ကြံရေးက သူနှင့် စကားပြောဆိုရန် အနည်းငယ် အဆင့်မှီသောကြောင့် ဖြစ်သည်။

သို့သော် ယခုတွင်ကား တစ်ဖက်လူသည် သူ၏ကြင်နာမှုကို အသိအမှတ်မပြုသောကြောင့်၊ သူသည် မည်သူက မူလနယ်မြေ၏ သခင်လဲဆိုသည်ကို ပြသရန်အတွက် သင်ခန်းစာတစ်ခု ပေးတော့မည် ဖြစ်သည်။

မောမူလှုပ်ရှားတော့မည့် အချိန်တွင် တိကျွမ်းသည် တလေးတနက် ဖြစ်နေသည့် လေသံမျိုးဖြင့် စကားထပ်ပြောလိုက်သည် “ ကျုပ်တို့ ကြယ်ပြာဂြိုဟ်ရဲ့ ထိပ်တန်း ပညာရှင် အများစုက အမှောင်နယ်မြေရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်နေရတယ်၊ ကပ်ဘေးကြီးတစ်ခု ရှိနေတဲ့အတွက် ခင်ဗျားတို့ကို အချိန်ပေးနိုင်မှာ မဟုတ်ဘူး ”

“ အမှောင်နယ်မြေလား “

မော့မူ မျက်မှောင်ကြုတ်သွားခဲ့သည်။

တိကျွမ်းမှ ပြောပြလိုက်သည် “ နောက်တစ်လမှာပဲ အမှောင်နယ်မြေရဲ့ ပညာရှင်တွေက နယ်မြေဖိနှိပ်မှုကို လျစ်လျူရှုပြီးတော့ နယ်ကျော်လာကြတော့မှာ “

“ ကျုပ်တို့က ဒီအတွက် ပြင်ဆင်နေခဲ့တာ လပေါင်းများစွာ ကြာနေပြီ “

မော့မူ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူ့ဘေးနားတွင် ရှိနေသည့် ငွေရောင်ဆံသားပိုင်ရှင် ကောင်မလေးမှ အံ့ဩတကြီး စကားဝင်ပြောလာခဲ့သည် “ အမှောင်နယ်မြေလား။ ငါတို့ဘိုးဘေးတွေ အဆက်မပြတ် တိုက်ခိုက်နေခဲ့တဲ့ ကမ္ဘာလား။ ငါကြားတာတော့ သူတို့ဆီမှာ ပေါင်းစပ်ဒြပ်စင်နယ်ပယ်က ထိပ်တန်း ပညာရှင်တွေ ရှိတယ်တဲ့ “

ငွေရောင်ဆံသားပိုင်ရှင် လူငယ်တစ်ဦးမှာလည်း ချိုသာစွာ စကားဝင်ပြောလာခဲ့သည် “ မဖြစ်နိုင်ပါဘူး။ အဲ့အချိန်ကတည်းက လူသားဧကရာဇ်က သူ့စစ်တပ်ကို ဦးဆောင်ခဲ့ပြီးတော့ အမှောင်နယ်မြေကို ပြားပြားဝပ်အောင် လုပ်ခဲ့တယ်လေ။ အဲ့တာက ဒီနေ့အထိ ဘယ်လိုလုပ် ဆက်ရှိနေဦးမှာလဲ “

တိကျွမ်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ သေချာပေါက် ရှိနေသေးတာပေါ့၊ ဒီတစ်ကြိမ် နယ်ကျော်လာမှာက အမှောင်နယ်မြေ တော်ဝင်မိသားစုတင် မဟုတ်ဘူး၊ ဧကရာဇ် မိသားစုပါ ပါတယ် “

“ ငါသိထားသလောက်အရဆိုရင် အမှောင်နယ်မြေရဲ့ ဧကရာဇ် မိသားစုဆီမှာ ပေါင်းစပ်ဒြပ်စင် နယ်ပယ်က ပညာရှင်တစ်ဦး ရှိနေသေးတယ် “

“ မင်းတို့ သားရဲတစ်သောင်း ဂိုဏ်းမှာ အဲ့လိုပညာရှင်မျိုး ရှိနေဦးမလားလို့ ငါသိချင်မိတယ် “

သူသည် မော့မူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

မော့မူမှ ရိုးရိုးရှင်းရှင်း ပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ သားရဲတစ်သောင်းဂိုဏ်းက နှစ်သောင်းနဲ့ချီပြီးတော့ တည်တံ့ခဲ့တဲ့ တည်ရှိမှုတစ်ခုပဲ။ ငါ့ဂိုဏ်းရဲ့ အုတ်မြစ်က မင်းထင်ထားတာထပ် ပိုပြီးတော့ နက်ရှိုင်းတယ် “

တိကျွမ်းသည် အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဲ့လိုလား။ တကယ်လို့ မင်းတို့က အမှောင်နယ်မြေ ဧကရာဇ် မိသားစုနဲ့ ယှဥ်နိုင်မယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်ကို မင်းတို့လက်ထဲ ထည့်လိုက်ရမှာက ဘာများထိခိုက်သွားမှာမို့လို့လဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူသည် တိကျွမ်းထံသို့ အလောတကြီး အသံပို့လွှတ်လိုက်သည် “ ကြယ်ပြာဂြိုဟ်ကို သူတို့လက်ထဲ တကယ်ကြီး ထည့်လိုက်မလို့လား “

တိကျွမ်းမှ အသံပြန်ပို့လာခဲ့သည် “ စိတ်ရှည်စမ်းပါ၊ ညီအစ်ကိုရာ၊ နောက်မှ ရှင်းပြမယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ၏သံသယများကို ဖိနှိပ်ထားလိုက်ရုံသာ တတ်နိုင်တော့သည်။

တိကျွမ်းသည် စကားဆက်ပြောနေခဲ့သည် “ ဒါပင်မဲ့ တောင်းဆိုချက်တစ်ခုတော့ရှိတယ်၊ မင်းတို့က ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေကို ထိခိုက်အောင် လုပ်လို့မရဘူး၊ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေကို အန္တိမနယ်မြေဆီ သွားခွင့်ပေးရမယ် “

မော့မူမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ မင်းက ငါ့ဂိုဏ်းနဲ့ ညှိုနှိုင်းဆွေးနွေးရလောက်တဲ့အထိ အဆင့်မမှီဘူး “

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။

အဆိုပါ အရှိန်အဝါသည် သာမန် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ထပ် များစွာသာလွန်၊ အားကောင်းနေခဲ့သည်၊ အကယ်၍ ကမ္ဘာ့ကြယ်၏ ဘုရင်သုံးပါးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက သူတို့သည် ထိုအရှိန်အဝါကြောင့် ချက်ချင်းဖျက်စီးခံလိုက်ရနိုင်သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာ ပြောင်းလဲသွားကာ မကျေမနပ်ဖြစ်သွားခဲ့သည်။

“ ဘုမ်းးးး “

ထိုဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် တိကျွမ်းသည် သူ၏ ကိုယ်ပိုင်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

အစွမ်းထက် တည်ရှိမှုနှစ်ခုသည် ကောင်းကင်ထက်တွင် ထိပ်တိုက်ရင်ဆိုင်ကာ၊ သူမသာကိုယ်မသာ ဖြစ်နေခဲ့သည်။

တိကျွမ်းမှာလည်း အေးစက်စွာ ပြန်ပြောလိုက်သည် “ မင်းကလည်း ဒီနေ့ခေတ် ကြယ်ပြာဂြိုဟ်ကို လက်ညှိုးထိုးဖို့ အဆင့်မမှီဘူး “

“ ကြယ်ပြာဂြိုဟ်က မူလနယ်မြေ မဟုတ်ဘူး “

ထို့နောက်တွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပေါက်ထွက်လာခဲ့သည်။

၎င်းမှာ ပြည့်ဝအဆင့် အန္တိမ နိယာမဖြစ်သည်။

ပြီးပြည့်စုံသော အဆင့်သို့ မရောက်သေးသောကြောင့် တိကျွမ်းကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက ဆင့်ခေါ်လိုက်ခြင်း ဖြစ်သောကြောင့် ၎င်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

မော့မူ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူ၏ခန္ဓာကိုယ်ထံမှလည်း ပြည့်ဝအဆင့် အန္တိမနိယာမတစ်ခု ပေါက်ထွက်လာခဲ့သည်။

အဆိုပါ အရှိန်အဝါနှစ်ခုသည် ကျူးကျော်ဝင်ရောက်လာသည့် လှိုင်းလုံးများသဖွယ် ဖြစ်နေခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကသာ အဆိုပါ သက်ရောက်မှုအားကို မခုခံခဲ့ဘူးဆိုပါက၊ စက္ကန့်ပိုင်းအတွင်းမှာပင် ကြယ်ပြာဂြိုဟ် တစ်ဝက်မှာ အဆိုပါ ဖိအားကြောင့် ဖျက်စီးခံလိုက်ရမည် ဖြစ်သည်။

တစ်ခဏအကြာတွင် မော့မူမှ သူ၏လက်ကို ရုတ်တရက် ဝေ့ရမ်းလာခဲ့ရာ၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

“ မင်းတို့က တစ်ယောက်ပဲ အန္တိမနယ်မြေထဲကို ဝင်လို့ရတယ် “ ဟုမော့မူမှ တိုးညှင်းစွာ ပြောဆိုလာခဲ့သည်။

ထိုစကားသည် တိကျွမ်း၏ စွမ်းအားကို အသိအမှတ် ပြုသောကြောင့် လိုက်လျောမှုတစ်ချို့ ပြသခြင်းဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ထိုကဲ့သို့သော တောင်းဆိုချက်ကို မည်သို့မျှ သဘောတူလက်ခံခဲ့မည် မဟုတ်ပေ။

ငွေရောင် ဆံသားပိုင်ရှင် မိန်းကလေးနှင့် လူငယ်တို့သည် သိလိုစိတ်များဖြင့် စူးစမ်းလာကြသည်၊ သူတို့ဆရာ၏ ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်သွားစေနိုင်သည့် လူကို မမြင်တွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

မထင်မှတ်ထားစွာဖြင့် တိကျွမ်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သုံးယောက် “

“ အများဆုံးမှ တစ်ယောက်ပဲရမယ်လို့ ငါပြောခဲ့တယ်လေ “

မူမော့မှ အေးစက်စွာ တုံ့ပြန်လာခဲ့သည် “ အန္တိမနယ်မြေမှာ သားရဲတစ်သောင်းဂိုဏ်းတစ်ခုပဲ ရှိနေတယ်လို့ ထင်နေတာလား။ တကယ်လို့ မင်းတို့က အန္တိမနယ်မြေထဲ ဝင်လာတာကို တစ်ခြားဂိုဏ်းတွေ မိသားစုတွေကသာ တွေ့သွားမယ်ဆိုရင်၊ မင်းတို့အားလုံး မျိုးဖြုတ်ခံလိုက်ရလိမ့်မယ် “

တိကျွမ်းသည် ပေါ့ပေါ့ပါးပါး ရယ်မောကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ ကြယ်ပြာဂြိုဟ်ကို ဝင်ဖို့ စိတ်လောနေရတယ်ဆိုတာက ဒီနေရာမှာ မင်းတို့ အလေးထားရတဲ့ အရာတစ်ခုခု ရှိနေလို့မလား “

မော့မူသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ အများဆုံး နှစ်ယောက်ပဲ “

တိကျွမ်းသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

…

တစ်ခဏအကြာတွင် မော့မူနှင့် ဂျူနီယာတစ်သိုက်မှာ လှည့်ပြန်သွားကြသည်။

သူတို့ထွက်သွားသည့်နောက်တွင်

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် တိကျွမ်းကို ကြည့်ကာ၊ ပြာနှမ်းနေသော မျက်နှာထားဖြင့် စကားစပြောလာခဲ့သည် “ အဲ့ကောင်တွေ၊ သူတို့က အရမ်းအနိုင်ကျင့်လွန်းတယ် “

တိကျွမ်းသည် ခေါင်းတခါခါဖြင့် ပြန်ပြောလာခဲ့သည် “ ရှေးခေတ်က ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေရဲ့ လူတွေက ငါတို့ကို သူတို့လူအဖြစ် သတ်မှတ်ထားမှာ မဟုတ်ဘူးဆိုတာကို ငါအမြဲသိနေခဲ့တယ် “

All Chapters