အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အပိုင်း ( 670 )
အဆင့်ထိုးဖောက်မှု၊ ရုပ်ခန္ဓာ၏ အကန့်အသတ်များကို ချိုးဖျက်ခြင်း ၂
“ ဘာလို့လဲဆိုတော့ သူတို့က အဲ့အချိန်ကတည်းက အန္တိမနယ်မြေထဲကို ရွှေ့ပြောင်းသွားကြလို့ပဲ “
“ ကြယ်ပြာဂြိုဟ်ပေါ်မှာ ကျန်နေခဲ့တဲ့လူတွေက အဲ့ဒီခေတ်တုန်းက ခေတ်ပြိုင်ရန်ဘက် အင်အားစုတွေရဲ့ မျိုးဆက်တွေတောင် ဖြစ်နေနိုင်တယ် “
ကြယ်ပြာဂြိုဟ်၏ ရှေးခေတ်အချိန်ကာလတွင် ဂိုဏ်းများနှင့် မိသားစုများ အလွန်တရာ ပေါများခဲ့သည်။
လူသားတို့ ရှိနေသော နေရာတွင် ပြိုင်ဆိုင်မှုများ ရှိနေမည်ဖြစ်ပြီး၊ ၎င်းနှင့်အတူ အညှိုးအတေးများနှင့် လက်စားချေမှုများလည်း သေချာပေါက် ရှိနေမည် ဖြစ်သည်။
ထိုခေတ်က ရွှေ့ပြောင်းသွားကြသူများသည် ပြည်နှင်ဒဏ်သင့်သွားခဲ့ခြင်းလည်း ဖြစ်နေနိုင်သေးသည်။
အကယ်၍ ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက၊ အန္တိမနယ်မြေသည် ကြယ်ပြာဂြိုဟ်ကို မဟာမိတ်အဖြစ် မည်သို့မျှ သတ်မှတ်ထားလိမ့်မည် မဟုတ်ပေ။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်၊ မင်းက ဘာလို့ …….. “
တိကျွမ်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ အဲ့တာက ယာယီနည်းလမ်းတစ်ခုပဲ “
“ မော့မူရဲ့ စွမ်းအားက ငါ့နီးနီး အားကောင်းတယ်။ တကယ်လို့ သားရဲတစ်သောင်းဂိုဏ်းမှာ သူ့ထပ် ပိုသန်မာတဲ့ လူတစ်ယောက်ယောက် ရှိနေဦးမယ်ဆိုရင်၊ သူတို့က ငါတို့နဲ့ စကားကြောရှည်နေမှာ မဟုတ်ဘဲ၊ ကြယ်ပြာဂြိုဟ်ကို တိုက်ရိုက်သိမ်းပိုက်သွားမှာ “
“ သူတို့ အဲ့လိုမလုပ်ရတဲ့ အကြောင်းအရင်းက အန္တိမနယ်မြေထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်ရန်သူတွေ ရှိနေလို့ပဲ “
“ တကယ်လို့ ငါတို့က သူတို့နဲ့ အခုစစ်ဖြစ်လိုက်မယ်ဆိုရင်၊ နောက်တစ်လအကြာ အမှောင်နယ်မြေ ဆင်းသက်လာတဲ့ အချိန်ကျရင်၊ ငါတို့က ဘယ်လိုခုခံကြမှာလဲ “
“ သားရဲတစ်သောင်းဂိုဏ်းရဲ့ အင်အားစုကို သုံးပြီးတော့ အမှောင်နယ်မြေကို ပြန်တိုက်လိုက်တာက အကောင်းဆုံးနည်းလမ်းပဲ “
“ တကယ်လို့ သူတို့က ကြယ်ပြာဂြိုဟ်ကို ယာယီထိန်းချုပ်ချင်တယ်ဆိုရင်တောင်မှ၊ ဆိုးသွမ်းတဲ့အရာတွေကို မလုပ်သရွေ့တော့၊ ငါတို့က မျက်စိမှိတ်ထားပေးလို့ရတယ် “
တိကျွမ်းမှ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ အခုလက်ရှိ ငါတို့အတွက် အရေးကြီးဆုံးအရာက ငါတို့ရဲ့ လူငယ်ပါရမီရှင်တွေအတွက် အချိန်ရသလောက် ရှာပေးနိုင်ဖို့ပဲ “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ ချက်ချင်းနားလည်သွားခဲ့သည်။
တိကျွမ်း ညွှန်းဆိုနေသည့် လူများမှာ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် ရှုကျိုးကဲ့သို့သော လူများ ဖြစ်သည်။
အထူးသဖြင့် အထွတ်အထိပ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သော ကြယ်တာရာ T-Rex နတ်ဘုရား ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရား နားလည်ထားသည့် နိယာမများကို တွေးတောစဥ်းစားကြည့်မည်ဆိုပါက၊ အထွတ်အထိပ်အဆင့်သို့ သူရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် အန္တိမ အထွတ်အထိပ်သို့ ရောက်သွားနိုင်ခြေများသည်။
ထိုအချိန်၌ သူတို့သည် အမှောင်နယ်မြေနှင့် အန္တိမနယ်မြေတို့ကို ယှဥ်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ပို၍ အရေးကြီးသော အရာမှာ အမှောင်နယ်မြေသော်လည်းကောင်း၊ အန္တိမနယ်မြေသော်လည်းကောင်း၊ ထိုရန်သူများသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုးတက်မှုနှုန်းထားက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို အသေအချာ မသိကြခြင်း ဖြစ်သည်။
သူသည် ရက်ပိုင်းအတွင်းမှာပင် အစောပိုင်း နဝမအဆင့်မှ နဝမအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
ထိုကဲ့သို့သော အရာမျိုးသည် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက တစ်ကြိမ်တစ်ခါမှ အိမ်မက်ပင် မမက်ဖူးခဲ့သော ကိစ္စတစ်ခုဖြစ်သည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ့အရှေ့မှာပင် ၎င်းက ပုံမှန်လုပ်ရိုးလုပ်စဥ်တစ်ခုကဲ့သို့ အောင်မြင်စွာ လုပ်ပြသွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ၊ တိကျွမ်းကို မေးမြန်းလာခဲ့သည် “ အန္တိမနယ်မြေထဲကို မင်းလူခေါ်သွားချင်ရတဲ့ အကြောင်းအရင်းက ရှုကျိုးနဲ့ အဲ့ဒီသားရဲ ပါရမီရှင်ကြောင့်မလား “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူက ကြယ်တာရာ T-Rex နတ်ဘုရား၏ မျိုးနွယ်စု(သို့) အမည်ကိုပင် မသိသေးဘူးဆိုသည်ကို ယခုမှသာ သဘောပေါက်သွားခဲ့သည်။
မျိုးနွယ်စုတစ်သောင်းအနက် ထိုကဲ့သို့သော မျိုးနွယ်စုမျိုး မတည်ရှိခဲ့ဖူးချေ။
၎င်းမှာ အမှန်ပင် ထူးခြားလွန်းနေခဲ့သည်။
တိကျွမ်းသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ အဓိကကတော့ အဲ့ဒီ သားရဲကောင်လေးကြောင့်ပဲ “
သူသည် သက်ပြင်းချကာ၊ ခေါင်းခါရမ်းပြလာခဲ့သည် “ အစကတော့ သူနဲ့ ရှုကျိုး နှစ်ယောက်စလုံးကို အန္တိမနယ်မြေဆီ ခေါ်သွားချင်ခဲ့တာ၊ ဒါပင်မဲ့ အခုကြည့်ရသလောက်အရဆိုရင်တော့ တစ်ယောက်ကိုပဲ ခေါ်သွားရတော့မယ်ထင်တယ် “
တိကျွမ်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အပြစ်ရှိစိတ် အနည်းငယ်ကို ခံစားနေခဲ့ရသည်။
သူသည် ရှုကျိုး၏ ဆရာဖြစ်သော်လည်း၊ ယခုလက်ရှိအချိန်တွင် သူ့ကို လက်ဆောင်ပေးနိုင်မည့် တန်ဖိုးကြီး ပစ္စည်းတစ်ခုခု ရှိမနေခဲ့ပေ။
သို့သော် အန္တိမနယ်မြေတွင် ရတနာများ ရှာဖွေနိုင်မည့် အခွင့်အလမ်းကို ရှုကျိုးထံသို့ လွှဲပြောင်းပေးခြင်းမှာ မသင့်တော်လှပေ။
“ ဒီခရီးစဥ်မှာတော့ အထွတ်အထိပ်အဆင့်အတွက် တကယ့်အခွင့်အလမ်းတစ်ခုခု ရလိမ့်မယ်လို့ ငါမျှော်လင့်တယ် “
တိကျွမ်းသည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ကမ္ဘာ့အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကို မသိပေ။
အမှန်တိုင်းပြောရမည်ဆိုပါက၊ သူ၏ ယခုလက်ရှိ စိတ်စွမ်းအားနှင့်သာဆိုပါက၊ သူသည် အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို သိရှိမည် ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် အဆင့်ထိုးဖောက်မှု၏ အရေးအကြီးဆုံးသော အခိုက်အတန့်သို့ ရောက်ရှိနေခဲ့သည်။
ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်ကို သုံးစွဲခဲ့ပြီးသည့်နောက်တွင်၊ ပိတ်ဆို့မှုနှင့် ကြုံတွေ့နေခဲ့ရသည့် သူ၏ရုပ်ခန္ဓာမှာ တဖန်ပြန်၍ တိုးတက်လာခဲ့သည်။
ထိုအဆင့်သည် အလွန်ပင် စိန်ခေါ်မှုများကာ၊ မျှော်မှန်းထားသည်ထပ်ပင် ပိုမိုခက်ခဲနေခဲ့သည်။
နယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိနေသည့် အချိန်တွင် လူတစ်ဦး၏ ရုပ်ခန္ဓာက ဆက်လက်၍ မတိုးတက်နိုင်တော့ဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။
နိယာမများကို ပြီးပြည့်စုံအောင် ပြုလုပ်ကာ ပိုမြင့်သော နယ်ပယ်သို့ သွားမှသာလျှင်၊ ရုပ်ခန္ဓာက ဆက်လက်၍ တိုးတက်လာမည် ဖြစ်သည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြီးပြည့်စုံသော နိယာမများကို နားမလည်ထားပေ။
သူသည် ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်ကိုသာ မှီခို၍ သူ့ကိုယ်သူ အတင်းအကြပ် အသွင်ပြောင်းရန် ကြိုးပမ်းနေခဲ့သည်။
“ ဘုမ်းးး “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်သည် ပြင်းထန်သော တုန်ခါမှုများကို ထုတ်လွှတ်လာခဲ့သည်။
တုန်ခါမှုတစ်ခုချင်းစီတိုင်းသည် မိုင်ထောင်နှင့်ချီသော မြေပြင်နှင့် ပဲ့တင်ထပ်နေကာ၊ ၎င်းအား တဝီဝီ အော်မြည်သံများကို ထုတ်လွှတ်စေခဲ့သည်။
သူ၏ရုပ်ခန္ဓာသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်နေကာ၊ ၎င်းတို့၏ စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
“ ငါ့အတွက် ချိုးဖျက်လိုက်စမ်း “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် ဟိန်းဟောက်လိုက်ပြီး၊ သူ၏အဆင့်ထိုးဖောက်မှုက အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဆိုသည်ကို နားလည်သွားခဲ့သည်။
ထိုခြေလှမ်းကို လှမ်းလိုက်ရုံဖြင့်၊ သူသည် အချုပ်အနှောင်များကို ချိုးဖျက်ကာ၊ သူ၏ရုပ်ခန္ဓာအား ထိုအဆင့်သို့ ရောက်ရှိအောင် တွန်းပို့ပေးနိုင်မည် ဖြစ်သည်။
“ ချိုးဖျက် “
ဝုန်းးး
ကျယ်လောင်သော အသံတစ်သံနှင့်အတူ
ခရက် ခရက်
သူ၏ခန္ဓာကိုယ်သည် ဗုံးကဲ့သို့ ပေါက်ကွဲထွက်သွားကာ၊ တစ်ချိန်က ဖျက်စီး၍ မရခဲ့သော အသွေးအသားတို့မှာ အလွယ်တကူ ဆုတ်ပြဲသွားပြီး၊ များပြားလွန်းလှသည့် မြှားများကဲ့သို့ လွင့်ထွက်သွားခဲ့သည်။
၎င်းနှင့်အတူ အံ့ဖွယ်ကောင်းသော အသက်စွမ်းအားတစ်ခုပါ အဖော်ပြုလိုက်ပါ်လာခဲ့သည်။
ထို့နောက်တွင် ၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပြိုကွဲနေသည့် ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြန်လည်စုစည်းပေးလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်ဖြစ်တည်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏အရှိန်အဝါမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
“ နောက်ဆုံးတော့ ….. အဲ့ဒီ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ “
သူသည် သူ၏ရုပ်ခန္ဓာက နဝမအဆင့်၏ အကန့်အသတ်များအား ချိုးဖျက်နိုင်ခဲ့ပြီဆိုသည်ကို ခံစားမိနေခဲ့သည်။
သူသည် သူ၏ရုပ်ခန္ဓာက ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့၏ စွမ်းအင်ကို အတားအဆီးမရှိတော့သည့်အလား လောဘတကြီး စုပ်ယူနေသည်ကို ခံစားမိနေခဲ့သည်။
၎င်းက နဝမအဆင့် အထွတ်အထိပ်၏ အကန့်အသတ်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း၊ စွမ်းအင်များကို ဆက်လက်စုပ်ယူနေစဲပင်။
“ ဗိုက်ဆာတယ် ”
“ တော်တော်ကြီးကို ဗိုက်ဆာနေတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ဆာလောင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
၎င်းမှာ သူက အမြင့်ပိုင်း အဆင့်များသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် မည်သို့မျှ မခံစားခဲ့ရသော အရာဖြစ်သည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ညဘုရင်၏ ကျန်ရှိနေသော အလောင်းတစ်ဝက်ကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းမှ ချက်ချင်းထုတ်ယူလိုက်သည်။
“ ဂျွတ် ဂျွတ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပါးစပ်ကို ကျယ်ကျယ်ဟကာ အသွေးအသားများကို ကိုက်ဖြတ်စားသောက်နေတော့သည်။
“ ဂလု ဂလု “
အသားပိုင်းများ တစ်ခုပြီးတစ်ခု မျိုချခံနေခဲ့ရသည်။
မီတာ တစ်သောင်းရှည်လျားသည့် ညဘုရင်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ သေးကျုံ့သွားခဲ့သည်။
ဆယ်မိနစ်
နာရီဝက်
တစ်နာရီ
ညဘုရင်၏ အလောင်းတစ်ခုလုံးမှာ လုံးဝစားသောက်ခံလိုက်ရပြီ ဖြစ်သည်။
“ မလုံလောက်ဘူး၊ ဆာနေတုန်းပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့သော ဆာလောင်မှုမျိုးကို ပထမဦးအကြိမ်အဖြစ် ခံစားနေခဲ့ရခြင်း ဖြစ်သည်၊ သူ၏လက် ဝေ့ရမ်းလိုက်ရာ၊ ကမ္ဘာ့ကြယ်၏ အထွတ်အထိပ်တစ်ပိုင်းအဆင့် သားရဲအလောင်းများစွာ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့မှာလည်း ချက်ချင်းစားသောက်ခံနေရတော့သည်။
ရွှေရောင်မီးလျှံသည် သူ၏စိတ်အတွင်းမှ ခုန်ထွက်လာကာ၊ ထိုမြင်ကွင်းကို ကြည့်ရှုရင်းဖြင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည် ” နင်တကယ် လုပ်နိုင်ခဲ့တာပဲ ……. ရုပ်ခန္ဓာက အထွတ်အထိပ် အဆင့်ကို ရောက်သွားပြီ “
နိယာမများက အထွတ်အထိပ်အဆင့်သို့ မရောက်သေးသေးသော်လည်း၊ သူ၏ရုပ်ခန္ဓာကမူ နဝမအဆင့် အထွတ်အထိပ်၏ အကန့်အသတ်များကို ချိုးဖျက်ကာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် အလွန်တရာ ရှားပါးသော ကိစ္စတစ်ခု ဖြစ်သည်။
တစ်ခြားလူများကမူ ဖရိုဖရဲ သန္ဓေသားလောင်းကဲ့သို့သော ရှားပါး ရတနာများကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင်မှ၊ သူတို့၏ ရုပ်ခန္ဓာများကို အထွတ်အထိပ်အဆင့်သို့ တွန်းပို့နိုင်ကြမည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရား အောင်မြင်သွားရခြင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်က အလွန်တရာ ခိုင်ခံ့ပြီး၊ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေခဲ့သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အစောပိုင်း အချိန်က ဖြစ်ပေါ်လာခဲ့သည့် ပေါက်ကွဲမှုနှင့်တင် ကျရှုံးသွားခဲ့မည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ တအံ့တဩ ဖြစ်နေသည့် ရွှေရောင်မီးလျှံကို လျစ်လျူရှုထားပြီး၊ သရဲဘီလူးစီးနေသည့်အလား ဆက်လက်၍ အငမ်းအရ စားသောက်နေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရွှေရောင်မီးလျှံမှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည် “ ဒီလိုမျိုး ဆက်စားနေမယ်ဆိုရင် နင့်ကိုယ်နင် ဖျက်စီးမိလိမ့်မယ်နော် ”
ကြယ်တာရာ T-Rex နတ်ဘုရားသည် တည်ဆိတ်ငြိမ်သက်နေခဲ့ပြီး၊ ဆက်လက်၍ စားသောက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရွှေရောင်မီးလျှံမှာလည်း တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည်။
“ သူ့ရဲ့ ခန္ဓာကိုယ်က ……. ဆက်ပြီးတော့ တိုးတက်နေတုန်းပဲလားဟ။ အဲ့တာက ……. “
ရွှေရောင်မီးလျှံသည် ကြယ်တာရာ T-Rex နတ်ဘုရားက ဆက်စားလေလေ၊ သူ၏ရုပ်ခန္ဓာနယ်ပယ်က ပိုမိုတိုးတက်လေလေဟု သံသယဖြစ်သွားခဲ့သည်။
အထွတ်အထိပ်အဆင့်ကို ရောက်လာခဲ့ပြီးတဲ့ အချိန်မှာတောင်မှ စားသောက်ရင်းနဲ့ တိုးတက်နေတုန်းပဲလား
…
ထိုကဲ့သို့ပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အလောင်းများကို ဆက်တိုက်စားသောက်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်နာရီ ကုန်ဆုံးသွားခဲ့သည်။
“ အေ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ကျေနပ်စွာဖြင့် ထိုင်ချလိုက်ကာ၊ လေချဥ်တက်နေတော့သည်။
သူဗိုက်ဝသွားခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသောအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤတစ်ကြိမ်စားသောက်မှုက သူ၏စွမ်းအားကိုပါ သိသိသာသာ တိုးတက်သွားစေခဲ့သည်ကို နားလည်သွားခဲ့သည်။
နေပါဦး
အစာစားတာက တိုးတက်နိုင်တာလား
ငါက အတားအဆီးတွေကို ချိုးဖျက်လိုက်ပြီလားဟ
ယခင်က နဝမအဆင့် အထွတ်အထိပ်နယ်ပယ်မှာ ရှိခဲ့စဥ်အချိန်ကပင် စားသောက်ရင်းဖြင့် တိုးတက်နိုင်သည့် သူ၏စွမ်းရည်မှာ အကျိုးသက်ရောက်မှု ဆုံးရှုံးသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် စနစ်ကို အလောတကြီး ဖွင့်ကြည့်နေတော့သည်။
ကိုယ်ပွား : ကြယ်တာရာ T-Rex နတ်ဘုရား
အဆင့် : ဒသမအဆင့် ( ၄၀% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း ၁၀၀
…………………………………………………………………………………………………………………………………….
အပိုင်း ( 671 )
ကျူးကျော်လာသူတိုင်းကို ငါသတ်မယ်
“ အဆင့် ၁၀ “
စနစ်၏ မျက်နှာပြင်တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
သူထင်ထားခဲ့သည့်အတိုင်းပင် သူ၏ ရုပ်ခန္ဓာသည် နဝမအဆင့် အထွတ်အထိပ်၏ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည်။
ယခုအချိန်မှအစပြု၍ သူသည် နဝမအဆင့် တည်ရှိမှု မဟုတ်တော့ဘဲ၊ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သွားပြီ ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် ကမ္ဘာပျက်သွားစေနိုင်သည့် စွမ်းအားကို ခံစားမိသွားကာ၊ ရင်ခုန်သံမြန်ဆန်သွားခဲ့သည်။
သူသည် ဖြည်းဖြည်းချင်း ထရပ်ကာ ကောင်းကင်ထက်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
“ ဘုမ်းးး “
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူပြန်ပေါ်လာသည့် အချိန်တွင် သူသည် မိုင်ပေါင်း သောင်းချီအကွာရှိ တောင်တန်းဒေသ တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့သည်။
အကယ်၍ တစ်ခြားလူတစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ လုံးဝအံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ T-Rex နတ်ဘုရားမှာ သူ၏ ဟင်းလင်းပြင်စွမ်းရည်(သို့) ဟင်းလင်းပြင် နိယာမတို့ကို မသုံးဘဲ၊ ရုပ်ခန္ဓာတစ်ခုတည်းကိုသာ အားကိုး၍ ထိုကဲ့သို့ ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။
သူသည် ကီလိုမီတာ သိန်းဂဏန်းအကွာသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
“ ဒါက …. အထွတ်အထိပ်အဆင့်လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ၊ သူ၏လက်မောင်းကို ဖြန့်ကာ အထွတ်အထိပ် နယ်ပယ်နှင့်သာ သက်ဆိုင်သည့် စွမ်းအားကို ခံစားကြည့်ကာ၊ အမှန်ပင် ကြိုက်နှစ်သက်နေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် သူသည် အရှေ့ဘက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဝရုန်းးး
သူ့လက်သီး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် မီတာသောင်းနှင့်ချီ၍ မြင့်မားသော တောင်များသည် ချက်ချင်းပြိုကျကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
မြေပြင်ပင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားသည် မြေအောက်သို့ မီတာ သန်းနှင့်ချီ၍ ထိုးဖောက်သွားခဲ့သည်။
ကမ္ဘာမြေ၏ နဂါးသွေးကြောများပင် လှုပ်ခါသွားခဲ့ပြီး၊ အူတိုင်မှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ မိုင်တစ်သောင်းပတ်လည်ရှိ မြေပြင်ကို ပြင်းပြင်းထန်ထန် အက်ကြောင်းထသွားစေခဲ့သည်။
မိုင်ထောင်နှင့်ချီ၍ ရှည်လျားပြီး၊ သောင်းနှင့်ချီ၍ နက်ရှိုင်းသော ဧရာမ ချောက်ကမ်းပါးများ ပေါ်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းများသည် သာမန်လူများ အံ့ဩသွားရမည့် သဘာလွန်ဖြစ်စဥ်များကဲ့သို့ အလွန်တရာ ထူးခြားနေခဲ့သည်။
၎င်းမှာ လက်သီးထိုးချက်တစ်ခု၏ စွမ်းအားသာလျှင် ဖြစ်သည်။
၎င်းမှာ ပကတိ အထွတ်အထိပ်အဆင့်ဖြစ်သည်။
“ ဝှစ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏ လက်သီးများကို စုပ်လိုက်ရာ၊ နိယာမတို့၏ စွမ်းအင်များသည် ရေစီးတစ်ခုကဲ့သို့ ပေါက်ထွက်လာခဲ့ကာ၊ သူဖျက်စီးလိုက်သည့် မြေပြင်ကို မူလပုံစံအတိုင်း ပြန်ဖြစ်သွားစေခဲ့သည်။
“ အထွတ်အထိပ်အဆင့် ……. တကယ်ကို အစွမ်းထက်တာပဲ “
“ နိယာမတွေရဲ့ စွမ်းအားက အဆင့်မတက်သေးဘူးဆိုရင်တောင်မှ၊ ရုပ်ခန္ဓာရဲ့ ခွန်အားနဲ့တင် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီ။ တကယ်လို့ နိယာမတွေပါ အဆင့်တက်သွားမယ်ဆိုရင်၊ ဘယ်လိုမျိုး ဖြစ်နေလောက်မလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှရှူသွင်းကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
“ တကယ်လို့ ကမ္ဘာ့ကြယ်ရဲ့ ဘုရင်သုံးပါးနဲ့ ထပ်ပြီးတော့ ရင်ဆိုင်ရမယ်ဆိုရင်၊ ငါက ဒဏ်ရာအပြင်းအထန် ရတော့မှာ မဟုတ်ဘူး “
သူယုံကြည်ချက် ရှိနေပြီ ဖြစ်သည်။
ယခုတွင်ကား သူသည် ထိုအဆင့်မှ တည်ရှိမှုများနှင့် ယှဥ်တိုက်နိုင်စွမ်းရှိနေခဲ့ပြီ ဖြစ်သည်။
“ ဒါပင်မဲ့ ငါ့ရုပ်ခန္ဓာရဲ့ စွမ်းအားက အဆင့်နိမ့် အထွတ်အထိပ်နယ်ပယ်မှာပဲ ရှိနေဦးမှာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဖရိုဖရဲ သန္ဓေသားလောင်း သစ်ရွက်နှင့် သူ၏ ကြီးထွားမှု စွမ်းရည်တို့ကြောင့်သာ ဤကဲ့သို့သော အောင်မြင်မှုမျိုး ရရှိခဲ့သည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
အထွတ်အထိပ် ရုပ်ခန္ဓာများအကြားတွင်လည်း ကွာခြားချက်များ ရှိနေစဲပင် ဖြစ်သည်။
အဆင့်နိမ့် အထွတ်အထိပ်၊ အလယ်အလတ် အထွတ်အထိပ်၊ အဆင့်မြင့် အထွတ်အထိပ်၊ အန္တိမ အထွတ်အထိပ် … စသည်ဖြင့် အဆိုပါ အဆင့်လေးဆင့်အကြားတွင် သိသာထင်ရှားသော ကွာဟချက်များ ရှိနေခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာ၏ အခြေခံအုတ်မြစ်မှာ အလွန်တရာ ခိုင်မာအားကောင်းနေခဲ့ပြီး၊ အဆင့်တက်ခါစရှိသေးသော်လည်း၊ သူသည် အလယ်အလတ် အထွတ်အထိပ် ပညာရှင်တစ်ချို့၏ ရုပ်ခန္ဓာများနှင့်ပင် ယှဥ်နေနိုင်ပြီ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စနစ်၏မျက်နှာပြင်ပေါ်တွင် ရှိနေသည့် အဆင့်ကို သတိပြုမိသွားခဲ့သည်။
အဆင့် : ဒသမအဆင့် ( ၄၀% )
“ အဆင့်တစ်ခုပဲ ရှိတာလား၊ ဒါဆိုရင် ၁၀၀% ပြည့်သွားတာနဲ့ အဆင့် ၁၁ကို ရောက်သွားမှာများလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ သူက အဆင့်နိမ့် အထွတ်အထိပ်အား မကျော်ဖြတ်ရသေးဘူးဆိုသည်ကို နားလည်သွားခဲ့သည်။
တစ်နည်းအားဖြင့် စနစ်၏ အဆင့်ခွဲခြားမှုများအရ၊ ဧကာဒသမ(အဆင့် ၁၁)သည် အလယ်အလတ် အထွတ်အထိပ်အဆင့် ဖြစ်သည်။
ဒွါဒသမ(အဆင့် ၁၂)မှာ အဆင့်မြင့် အထွတ်အထိပ်ဖြစ်ပြီး၊ တေရသမ(အဆင့်၁၃)မှာ အန္တိမအထွတ်အထိပ်အဆင့် ဖြစ်သည်။
“ တစ်နပ်တည်းနဲ့ ၄၀%အထိ တိုးတက်သွားတယ်ပေါ့ “
“ ဒါဆိုရင် ငါက သိပ်မကြာခင် အချိန်မှာပဲ အလယ်အလတ် အထွတ်အထိပ်ကို ရောက်သွားတော့မှာလား “
“ တကယ်လို့ ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ ငါ့ရဲ့ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ပိုလွယ်သွားပြီ “
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။
သူ၏ရုပ်ခန္ဓာကသာ အထွတ်အထိပ်နယ်ပယ်သို့ အရောက်သွားနိုင်သရွေ့၊ အဆင့်နိမ့် အထွတ်အထိပ်မှ အန္တိမ အထွတ်အထိပ်သို့ အရောက်သွားရန်မှာ အချိန်တစ်ခုသာ လိုအပ်မည် ဖြစ်သည်။
တစ်ခြားအထွတ်အထိပ် ပညာရှင်များကမူ သူတို့၏ ရုပ်ခန္ဓာများကို အဆင့်မြှင့်တင်ရခြင်းက နိယာမများကို နားလည်အောင် ပြုလုပ်ရခြင်းထပ် ပိုမိုခက်ခဲနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် အနည်းငယ် တိုးတက်ရန်အတွက်ပင် နှစ်ထောင်ဂဏန်း(သို့) သောင်းဂဏန်းနှင့်ချီ၍ အချိန်ယူရလေ့ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ အလွန်တရာ ကွဲပြားနေခဲ့ပြီး၊ အဆင့်တက်ရန်အလို့ငှာ အရူးအမူး စားသောက်ရန်သာ လိုအပ်နေခဲ့သည်။
“ ငါ့ရဲ့ နိယာမ နားလည်မှုက အဆင့်၉ အထွတ်အထိပ်မှာပဲ ရှိနေသေးတာက တကယ်နှမြောဖို့ကောင်းတယ် “
“ ဒါပင်မဲ့ တကယ်လို့ ငါ့ရဲ့ နိယာမ နားလည်မှုက အဆင့်၉ အထွတ်အထိပ်မှာပဲ ရှိနေပြီးတော့၊ ရုပ်ခန္ဓာကသာ အန္တိမ အထွတ်အထိပ်အဆင့်သို့ တကယ်ရောက်သွားမယ်ဆိုရင်၊ ငါက အဲ့လိုလုပ်နိုင်တဲ့ သမိုင်းကြောင်းရဲ့ ပထမဦးဆုံးလူ ဖြစ်လာနိုင်တယ် “
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ ခိုင်မာသွားခဲ့သည်။
နေ့စဥ်စားသောက်ရုံဖြင့် သူ၏ရုပ်ခန္ဓာမှာ အန္တိမ အထွတ်အထိပ်သို့ ရောက်သွားနိုင်ပေသည်။
ထိုကာလအတွင်း၌ သူသည် ကြာပန်းစင်မြင့်ကို အသုံးပြုကာ၊ ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ပေသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အချိန်ကို တွက်ချက်ကြည့်လိုက်ကာ၊ ကြာရှည်စွာ အချိန်မယူရဘူးဆိုသည်ကို နားလည်သွားခဲ့သည်။
ပြီးပြည့်စုံ အစီအစဥ်တစ်ခုပဲဟ
“ ဟမ် “
ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ ငါ့ရဲ့ မူလကိုယ်ကလည်း အဆင့်၉နယ်ပယ်ကို ရောက်သွားတဲ့ပုံပဲ “
သူ၏ ပုံရိပ် လှုပ်ရှားသွားကာ၊ လူသားအသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဘုမ်းးးး “
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။
“ မူလကိုယ်နဲ့ ကိုယ်ပွားက ပေါင်းစည်းသွားခဲ့တဲ့ အချိန်ကစပြီးတော့၊ မူလကိုယ်က လေ့ကျင့်နေစရာမလိုတော့ဘဲ၊ အံ့ဖွယ်ကောင်းတဲ့ အမြန်နှုန်းနဲ့ နေ့တိုင်း တိုးတက်နေတယ် “
ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။
လွန်ခဲ့သော လဝက်ခန့်က သူသည် အဌမအဆင့်သို့ အဆင့်တက်လာခဲ့ပြီး၊ ယခု လဝက်အကြာတွင် နဝမအဆင့်သို့ ထပ်မံ၍ အဆင့်တက်သွားခဲ့ပြန်သည်။
၎င်းက ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားလောက် အားမကောင်းသော်လည်း၊ နဝမအဆင့် ဆိုသည်မှာ ကြယ်ပြာဂြိုဟ်၏ ထိပ်သီးအဆင့် တည်ရှိမှုဖြစ်သည်။
“ အဆင့်၉ကို ရောက်လာတဲ့နောက်မှာ၊ မူလကိုယ်က နိယာမတွေနဲ့ သက်ဆိုင်တဲ့ ကိုယ်ပွားရဲ့ အတွေးအမြင်တွေ/နားလည်မှုတွေကို အမွေရသွားတဲ့ပုံပဲ “
ရှုကျိုးသည် မျက်လုံးများ မှိတ်ကာ၊ ပြည့်ဝအဆင့် နိယာမ ခုနစ်ခုကို အာရုံခံနေတော့သည်။
၎င်းတို့နှင့်အတူ ဖန်တီးခြင်း နိယာမနှင့် ဖျက်စီခြင်း နိယာမကိုပါ သူခံစားမိနေခဲ့သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 672 )
ကျူးကျော်လာသူတိုင်းကို ငါသတ်မယ် ၂
“ မူလကိုယ်ရဲ့ စွမ်းအားက ကိုယ်ပွားကို လိုက်မှီသွားရင် ဘာတွေဖြစ်လာမလဲဆိုတာကို ငါသိချင်နေမိပြီ “
ရှုကျိုးသည် သူ၏နယ်ပယ်က ကိုယ်ပွားနှင့် ပိုမိုနီးကပ်လာလေလေ၊ လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေလေဆိုသည်ကို ဝေဝေဝါးဝါး ခံစားမိနေခဲ့သည်။
သို့သော် ယခုလက်ရှိ အချိန်၌ ၎င်းတို့က မည်သည့်အရာများ ဖြစ်လဲဆိုသည်ကို သူမဖမ်းဆုပ်နိုင်သေးပေ။
“ ဒြပ်စင်ပေါင်းစည်းမှု၊ ကြည့်ရတာတော့ မူလကိုယ်နဲ့ ကိုယ်ပွားက အပြည့်အဝ ပေါင်းစည်းသွားမှ၊ အဲ့တာရဲ့ တကယ့် အကျိုးသက်ရောက်မှုကို မြင်ရမဲ့ပုံပဲ “
ရှုကျိုးသည် တိတ်တဆိတ် မျှော်လင့်မိနေတော့သည် “ အဲ့အချိန်ကျရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို ငါသိချင်နေပြီ “
သူအတွေးများနေသည့် အချိန်တွင်
အရိပ်တစ်ခုသည် မိုင်သောင်းချီအကွာရှိ ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ အဲ့တာက ….. လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ ပိုင်နက်ဘက်မှာမလား။ ဘာတွေဖြစ်နေတာလဲဟ “
ရှုကျိုးသည် အနည်းငယ် တွေးတောစဥ်းစားနေခဲ့ပြီး၊ ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားပုံစံအဖြစ် ပြန်ပြောင်းကာ၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထိုနေရာသို့ ဦးတည်သွားတော့သည်။
…
အစောပိုင်း အချိန်က
အမြဲလိုလို အေးချမ်းတည်ငြိမ်ကာ၊ ငြိမ်သက်နေလေ့ရှိသည့် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စုမှာ ဆူညံပူညံ ဖြစ်နေလျက်ရှိသည်။
လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ အဖွဲ့ဝင် တော်တော်များများသည် စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
ထိုအက်ကွဲကြောင်းအတွင်းမှ အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့ပြီး၊ လေထုထဲတွင် မတ်တပ်ရပ်နေကြသည်။
“ ဒီနေ့ကစပြီးတော့၊ ဒီနေရာကို ငါ့ရဲ့ သားရဲတစ်သောင်းဂိုဏ်းက သိမ်းပိုက်လိုက်ပြီ “
“ မဆိုင်တဲ့လူတွေ ချက်ချင်းထွက်သွားကြ “
ကောင်းကင်ထက်မှ အသံကြီးတစ်သံပေါ်ထွက်လာခဲ့သည်။
၎င်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုပါ အဖော်လိုက်ပါလာခဲ့ပြီး၊ ၎င်းသည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းမှာ လက်သည်းရှစ်ခု ရွှေနဂါးအကုန်လုံးကို ဤနေရာမှ အတင်းအကြပ် မောင်းထုတ်လိုက်သည့် သရုပ်ဖော်မှု ဖြစ်သည်။
သို့သော် ထိုစကားများကို ကြားလိုက်ရသောအခါ၌
လက်သည်းရှစ်ခု ရွှေနဂါး အကုန်လုံးမှာ ဒေါကြီးမောကြီး ဖြစ်သွားကြသည်။
“ မင်းက ဘာကောင်တုန်း “
“ ဒါက ငါတို့ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ ပိုင်နက်ပဲ၊ မင်းတို့က ဘယ်လိုတောင် အတင့်ရဲနေကြတာလဲ “
အဌမအဆင့် အထွတ်အထိပ် ပညာရှင် အနည်းငယ်မှ ဒေါသတကြီး အော်ပြောလာခဲ့သည်၊ ဒါက ငါတို့အိမ်လေ၊ အပြင်လူတွေက ဘယ်လိုလုပ် ဒီလောက်တောင် ရဲတင်းနေရတာလဲ
ဘုမ်းး
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ၎င်းသည် အဆိုပါ အဌမအဆင့် အထွတ်အထိပ် နဂါးများကို တိုက်ချလာခဲ့ပြီး၊ သူတို့၏ ကျောရိုးများကို တစ်ဦးပြီးတစ်ဦး ချေမွသွားကာ၊ အတင်းအကြပ် ဒူးထောက်ကျသွားစေခဲ့သည်။
“ အတင့်ရဲချက် “
စကားပြောလာသည့်လူမှာ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ငှက်မွှေးသရဖူကို ဆောင်းထားသည့် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။
သူသည် အောက်ဘက်တွင် ရှိနေသည့် လက်သည်းရှစ်ခု ရွှေနဂါးအုပ်စုကို ငုံ့ကြည့်လာကာ၊ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ကြယ်ပြာဂြိုဟ်က ငါ့သားရဲတစ်သောင်းဂိုဏ်းရဲ့ လက်အောက်ခံနယ်မြေ ဖြစ်နေပြီ၊ မင်းတို့အားလုံးကလည်း ငါ့ဂိုဏ်းရဲ့ လက်အောက်ခံ သတ္တဝါတွေပဲ၊ ဘာကိစ္စ အော်ဟစ်နေရဲတာလဲ “
လက်သည်းရှစ်ခု ရွှေနဂါး အကုန်လုံးမှာ အလွန်တရာ ဒေါသထွက်သွားကြသည်။
အဆိုပါ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်က သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ချိန်တွင် အဌမအဆင့် အထွတ်အထိပ် ပညာရှင်များ လုံးဝဒူးထောက်ကျသွားခဲ့သည်။
နဝမအဆင့် ပညာရှင်အားလုံးမှာ ကွမ်ဟန်သို့ ရောက်နေကြသည်။
ဤအချိန်၌ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုထံတွင် ထိုအင်အားစုနှင့် ယှဥ်နိုင်မည့်လူ မရှိပေ။
ကောင်းကင်ထက်ရှိ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်သည် အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ မင်းတို့မှာ အချိန်သုံးမိနစ်ရှိတယ်၊ မထွက်သွားတဲ့လူတွေ သေရမယ် “
ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စိတ်ခံစားချက်များ ပြင်းထန်လာခဲ့သည်။
အဆုံးတွင် ဒူးထောက်ကျနေသည့် နဂါးအိုကြီးတစ်ဦးမှ တုန်ရင်နေသော အသံဖြင့် ပြန်ပြောလိုက်သည် “ ဒါက နှစ်သိန်းနဲ့ချီပြီးတော့ အမွေဆက်ခံရရှိခဲ့တဲ့ ငါတို့ရဲ့မြေ၊ ငါတို့ရဲ့အိမ်ပဲ၊ မင်းက ငါတို့ကို ဘယ်လိုလုပ် မောင်းထုတ်နိုင်မှာလဲ “
“ သေရမယ်ဆိုရင်တောင်မှ လုံးဝနောက်မဆုတ်ဘူး “
ထိုနဂါးအကြီးကဲသည် တုန်တုန်ရင်ရင်ဖြင့် စကားပြောကာ၊ ဟိန်းဟောက်လိုက်သည်။
တစ်ခဏအကြာတွင် တစ်ခြားသော နဂါးအကြီးအကဲများကပါ စတင်၍ ဟိန်းဟောက်လာခဲ့သည်။
သူတို့သည် ဤနေရာတွင် နှစ်ထောင်နှင့်ချီ၍ နေထိုင်ခဲ့ကြပြီး၊ သူတို့၏ ဘဝနေဝင်ချိန်မှာလည်း နီးကပ်နေပြီဖြစ်သောကြောင့်၊ မောင်းထုတ်ခံရခြင်းကို မည်သို့မျှ လက်ခံလိမ့်မည် မဟုတ်ပေ။
ကောင်းကင်ထက်ရှိ လူငယ်ကမူ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ စက်ဆုပ်ဖို့ကောင်းတဲ့ သားရဲကောင်တွေ၊ ပေါင်မုန့်ကို ငြင်းပြီးတော့ ပြစ်ဒဏ်ကို လိုချင်နေကြတယ်ပေါ့ “
ထို့နောက်တွင် သူ့ထံမှ ဖိအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
“ ဘုမ်းးး “
“ ခရက် ခရက် “
ဒူးထောက်ကျနေသည့် အကြီးအကဲများသည် အရိုးများ တစ်ချောင်းပြီးတစ်ချောင်း အရိုးခံလိုက်ရကာ၊ အဆက်မပြတ် သွေးအန်နေကြရတော့သည်။
“ အကြီးအကဲ “
“ အကြီးအကဲ “
လက်သည်းရှစ်ခု ရွှေနဂါးငယ်များသည် ထိတ်လန့်တကြား အော်ဟစ်လာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခရမ်းရောင် ဝတ်စုံနှင့် လူငယ်၏ အကြည့်မှာ ပိုမိုခက်ထန်သွားခဲ့သည်၊ သူ၏ အကြီးအကဲများက ပေါ့ပေါ့တန်တန် တိုက်ခိုက်ရန် အမိန့်မပေးခဲ့သော်လည်း၊ လူတစ်ချို့ကို နှိပ်စက်ခြင်းအား ခွင့်ပြုပေးထားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရန် ပြင်လိုက်သည်။
“ ဘုမ်းးး “
ထိုအခိုက်အတန့်တွင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
ထိုခြေလှမ်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုတို့၏ အပိုင်းအစတစ်ခုပေါ်သို့ ကျရောက်သွားသည့်အလား ဖြစ်နေခဲ့ကာ၊ ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် ကမ္ဘာမြေတို့မှာ တုန်ခါသံတစ်ခုနှင့်အတူ တုံ့ပြန်လာခဲ့သည်။
ကမ္ဘာကို ဖုံးလွှမ်းနေသည့် ဖိနှိပ်မှုအားမှာ အစရှာမရတော့ဘဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် လက်သည်းရှစ်ခု ရွှေနဂါးများသည် ဖိအားပျောက်ကွယ်သွားသည်ကို ခံစားမိသွားကာ၊ အလောတကြီး ခေါင်းမော့လာကြသည်။
“ သူပဲ၊ သူပြန်လာပြီ “
နဂါးအိုကြီးတစ်ချို့သည် ချက်ချင်း မျက်ရည်ဝဲသွားကြပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို သူတို့၏ မျိုးနွယ်စုဝင်တစ်ဦးအဖြစ် လုံးဝသတ်မှတ်လိုက်ကြသည်။
ထိုစဥ် ကောင်းကင်ထက်ရှိ ခရမ်းရောင် ဝတ်စုံနှင့်လူငယ်သည် ရုတ်တရက် ထွက်ပေါ်လာသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ စိတ်ဝင်တစားဖြစ်သွားသည့် အမူအရာတစ်ခုကို ပြသလာခဲ့သည်။
“ အဆင့်၉ အထွတ်အထိပ်လား။ အဲ့တာက ငါ့ရှေ့မှာ ရပ်ရဲတဲ့ မင်းရဲ့ ယုံကြည်မှုလား “
“ ငါ့အတွက် ဒူးထောက်လိုက် “
ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုမှာ သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ထွက်လာခဲ့သည်။
အဆိုပါ ဖိအားသည် နဝမအဆင့် အထွတ်အထိပ်၏ အကန့်အသတ်များထပ် များစွာ ကျော်လွန်နေခဲ့သည်၊ သို့သော် အထွတ်အထိပ်နယ်ပယ်သို့ မရောက်ရှိသေးပေ။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သော ဖိအားသည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုတစ်ခုလုံးကို လှုပ်ခါသွားစေကာ၊ ကြောက်လန့်တကြား ဖြစ်သွားစေရန် လုံလောက်နေခဲ့သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အေးအေးလူလူဖြစ်နေစဲပင်။
“ ဟမ် “
ခရမ်းရောင် ဝတ်စုံနှင့်လူငယ်သည် မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်ကာ ရယ်မောနေတော့သည် “ စိတ်ဝင်စားစရာပဲ၊ မင်းက ငါ့ဖိအားကို တောင့်ခံထားနိုင်တယ်။ ငါ့ရဲ့ကိုယ်ပိုင် စီးတော်ယာဥ် ဖြစ်လာမယ်ဆိုရင် ဘယ်လိုလဲ။ ငါနဲ့ စာချုပ်ချုပ်ပြီးတော့၊ မင်းဘဝရဲ့ ဆရာသခင်လို လေးလေးစားစား ဆက်ဆံလိုက် “
သားရဲတစ်သောင်းဂိုဏ်းဟု ခေါ်ဆိုရသည့် အကြောင်းအရင်းမှာ ၎င်းက သားရဲမျိုးနွယ်စုများ ကြီးစိုးသော ဂိုဏ်းတစ်ခုဖြစ်နေသောကြောင့်သာလျှင် မဟုတ်ဘဲ၊ အစွမ်းထက် နတ်သားရဲများနှင့် စာချုပ်ချုပ်နိုင်စွမ်းရှိသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကိုပါ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ စာချုပ်အသက်ဝင်သွားသည်နှင့်တစ်ပြိုင်နက်၊ မည်မျှပင် အစွမ်းထက်နေပါစေ၊ လုံးဝအရှုံးပေးလိုက်ရမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားကို မြင်လိုက်ရသောအခါတွင်၊ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို သူ၏စီးတော်ယာဥ်အဖြစ် လိုချင်သွားခဲ့သည်။
“ မင်းရဲ့ စီးတော်ယာဥ်ဖြစ်ဖို့လား။ မင်းက အဆင့်မမှီဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးအေးလူလူ ပြန်ပြောလိုက်သည်။
ခရမ်းရောင် ဝတ်စုံနှင့် လူငယ်၏ အမူအရာမှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
“ တော်လောက်ပြီ၊ ဒီမူလနယ်မြေက လူစကားကို နားမလည်ဘူးဆိုတော့၊ အရှုံးပေးလာအောင် ရိုက်နှက်ပေးမယ် “
ထို့နောက် စက္ကန့်ပိုင်းမျှအတွင်းတွင် သူသည် အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ဝုန်းးး
ကောင်းကင်ထက်တွင် မိုးခြိမ်းသံသဖွယ် ဖြစ်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုမှာ ၎င်း၏ နောက်မှ အဖော်ပြုလိုက်ပါကာ ပျံ့လွင့်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့် လူငယ်၏ လက်သီးထိုးချက်သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
အဆိုပါ လက်သီးချက်နှင့်အတူ မီတာထောင်နှင့်ချီသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများပါ ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်တစ်ခုလုံးကို ကွဲအက်နေသည့် မှန်တစ်ချပ်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ၏ဦးခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး၊ သူ၏နှုတ်ခမ်းများထောင့်တွင် လှောင်ပြောင်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ မင်းကငါ့ကို ကလိထိုးနေတာလား “
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး၊ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ရုတ်တရက် လက်ဆန့်တန်းကာ ခရမ်းရောင် ဝတ်စုံနှင့် လူငယ်၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။
သူ၏ အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာစွမ်းအားကြောင့်၊ ပြိုင်ဘက်သည် ဤမျှနီးကပ်သော အကွာအဝေးတွင် မည်သို့မျှ မရှောင်ရှားနိုင်ခဲ့ပေ။
“ ခရက် “
ဤနေရာတွင် ရှိနေကြသည့် လူတိုင်းသည် ဖရဲသီးတစ်လုံးပွင့်ထွက်သွားသည့်အလား ဖြစ်နေသည့် အသံတစ်သံကို ကြားလိုက်ကြရသည်။
ဖောက်
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ခရမ်းရောင် ဝတ်စုံနှင့် လူငယ်၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ချေမွခံလိုက်ရသည်။
ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်တို့ကပါ ဤဖျက်စီးခြင်း ဆုပ်ကိုင်မှုကြောင့် အစိတ်စိတ် အမြွှာမြွှာဖြစ်သွားခဲ့သည်။
ခရမ်းရောင် ဝတ်စုံနှင့် လူငယ် သေဆုံးသွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်နေသည့်အလား ဖြစ်သွားခဲ့သည်။
အဖြစ်အပျက်များက အလွန်မြန်ဆန်လွန်းသဖြင့် မည်သူကမှ အချိန်မှီ မတုံ့ပြန်နိုင်ခဲ့ကြပေ။
ယခင်က လွှမ်းမိုးကြီးစိုးနေခဲ့သည့် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ဟင်းရွက်ကန်စွန်းများကဲ့သို့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ အတင့်ရဲချက် “
ကောင်းကင်ထက်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းသည် မိုးကြိုးပေါက်ကွဲခြင်းကဲ့သို့ မိုင်သန်းနှင့်ချီသော အကွာအဝေးအထိ ပျံ့လွင့်သွားခဲ့သည်။
ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ အဆုံးမဲ့ နတ်အလင်းတန်းတို့ဖြင့် ဆင်းသက်လာခဲ့သည်။
၎င်းမှာ အလွန်အိုမင်းရင့်ရော်နေပြီဖြစ်သည့် ရွှေရောင်ဆံသားနှင့် လူအိုကြီးတစ်ယောက်ဖြစ်နေခဲ့သည်၊ သို့သော် ယခုလက်ရှိ အချိန်၌ သူ၏စိတ်ထဲတွင် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ အရှိန်အဝါသည် သမုဒ္ဒရာတစ်စင်းသဖွယ် ဖြစ်နေခဲ့ကာ၊ ဤနေရာတွင် ရှိနေသည့်လူတိုင်းကို မွန်းကြပ်သွားစေခဲ့သည်။
၎င်းမှာ အထွတ်အထိပ်အဆင့် ပညာရှင်ပင် ဖြစ်သည်။
“ အဆင့်မြင့် အထွတ်အထိပ်လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ဖက်လူ၏ ခွန်အားကို အာရုံခံမိသွားကာ၊ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သို့သော် သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ရှိမနေခဲ့ပေ။
ယခင်ကကတည်း အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် သူသည် မည်သည့်အရာကိုမှ ကြောက်မနေခဲ့ပေ။
ထိုအချိန်၌ ရွှေရောင်ဆံသားနှင့် လူအိုကြီးသည် ခရမ်းရောင် ဝတ်စုံနှင့် လူငယ်၏ အလောင်းကို ဝမ်းနည်းကြေကွဲနေသော အမူအရာမျိုးဖြင့် ကြည့်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ နီရဲသွားပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို စိုက်ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ မင်းက ငါ့တပည့်ကို သတ်ရဲတယ်ပေါ့၊ ဒီနေ့မှာ ငါ၊ ရွှေဖယောင်းက မင်းကို သွေးနဲ့ ပြန်ပေးဆပ်ရအောင် လုပ်မယ် “
ကြယ်တာရာ T-Rex နတ်ဘုရားကမူ အေးအေးလူလူ ပြန်ပြောလိုက်သည် “ အဲ့လိုလား။ ဒါဆိုရင်လည်း ကြိုးစားလိုက်လေ။ ဒီနေ့ ဒီနေရာမှာ ငါ့ကို စိန်ခေါ်ရဲတဲ့ကောင်တိုင်းကို ငါသတ်မယ် “