အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အပိုင်း ( 673 )
ရူးသွပ်ဖွယ် အကြံအစည်တစ်ခု
အသံတစ်သံသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
ထိုအချိန်၌ လက်သည်းရှစ်ခု ရွှေနဂါးများပင် ဖြစ်စေ၊ သားရဲတစ်သောင်းဂိုဏ်းမှ ပညာရှင်များပင် ဖြစ်စေ၊ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသည့် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားက ဤမျှပြတ်သားနေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
လက်သည်းရှစ်ခု ရွှေနဂါးများကမူ အံ့ဩခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို တစ်ပြိုင်နက် ခံစားလိုက်ကြရသည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ အခြေအနေကိုပါ စိုးရိမ်ပူပန်သွားကြသည်။
သားရဲတစ်သောင်းဂိုဏ်းမှ ပညာရှင်များကမူ ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စက် စိုက်ကြည့်လာကြသည်။
ငါတို့ အကြီးအကဲကိုများ မလေးမစား လုပ်ရဲတယ်ပေါ့လေ
တစ်ချိန်တည်းမှာပင်
ရွှေရောင်ဆံသားနှင့် လူအိုကြီးဖြစ်သည့် ရွှေဖယောင်းမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။ သူ၏ကျင့်ကြံရေးအဆင့်ကြောင့် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက သာမန်နဝမအဆင့် အထွတ်အထိပ် ပညာရှင် မဟုတ်ဘူးဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
“ အဆင့်နိမ့် အထွတ်အထိပ်ကောင်လေးကများ၊ ဒီလောက်တောင် မောက်မာနေရဲတယ်ပေါ့ “
ရွှေဖယောင်းမှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီနေ့မှာ မင်းကို သေချာပေါက် အရေခွံဆုတ်ပြီးတော့ အရိုးနွှင်ပြမယ်၊ ပြီးရင် မင်းကို ငါ့ဂိုဏ်းကို ခေါ်သွားပြီးတော့၊ သားရဲထိန်းချုပ် မျှော်စင်မှာ နှစ်တစ်သောင်းကြာ ထားပြီး၊ မသေမရှင်ဖြစ်အောင် လုပ်ပစ်မယ် “
ထို့နောက်တွင် သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လာခဲ့သည်။
ထိုရွှေရောင်ဆံသား လူအိုကြီး၏ စွမ်းအားသည် ထိုနေ့က မျက်လုံးသုံးလုံးဘုရင်၏ စွမ်းအားထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။
သူလှုပ်ရှားလာခဲ့သည့် အချိန်တွင် ကမ္ဘာတစ်ခုလုံးမှာ သူနှင့် ပဲ့တင်ထပ်နေသည့်အလား ဖြစ်နေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းမှ လူများသည် ဤကမ္ဘာ၏ ဖိနှိပ်မှုကို မခံကြရပေ၊ အစတွင် သူတို့သည် ဤကမ္ဘာမှ လူများဖြစ်ပြီး၊ ကမ္ဘာငယ်ဆီသို့ ပြောင်းရွှေ့သွားကြသော်လည်း၊ သူတို့သည် ဤကမ္ဘာ၏ လူများပင် ဖြစ်နေကြသေးသည်။
ချက်ချင်းဆိုသလိုပင် မိုင်တစ်သန်းအတွင်းရှိ ဟင်းလင်းပြင်မှာ ချုပ်နှောင်ခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။
မည်သည့်အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကမှ ဤနေရာမှ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ မည်သို့မျှ ကြောက်ရွံ့မနေခဲ့ပေ။
အဆင့်မြင့် အထွတ်အထိပ်နှင့် ရင်ဆိုင်ရာ၌ လူအနိုင်ရနိုင်သည့် အခွင့်အလမ်းမှာ ယခင်ကထပ် ပိုမိုမြင့်မားနေပြီ ဖြစ်သည်။
သို့သော် သူ၏စွမ်းအားကို အကုန်အစင် ထုတ်သုံးရမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက အင်အားအပြည့် ထုတ်သုံးကာ တိုက်ခိုက်ရန် ပြင်လိုက်စဥ်တွင်
“ ခရက် “
ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုသည် ရွှေရောင်ဆံသား လူအိုကြီး၏ ပိတ်ဆို့မှုကို ရုတ်တရက် ဆုတ်ဖြဲလာခဲ့သည်။
ထို့နောက်တွင် အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။
ဘုမ်းဟူသော အသံနှင့်အတူ ပိတ်ဆို့ခံထားရသည့် ဟင်းလင်းပြင်မှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။
တိကျွမ်းသည် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းမှ ထွက်လာခဲ့သည်။
“ သိက္ခာရှိတဲ့ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကြီးက ဂျူနီယာတစ်ယောက်ကို ဒီလိုမျိုး အနိုင်ကျင့်တယ်ပေါ့၊ ဒါက မင်းတို့ သားရဲတစ်သောင်းဂိုဏ်းရဲ့ ပုံစံလား “
တိကျွမ်းသည် ရွှေရောင်ဆံသား လူအိုကြီးကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
တိကျွမ်းကို မြင်လိုက်ရသောအခါတွင် ရွှေဖယောင်း၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် ထိုလူ့ထံတွင် အနိမ့်ဆုံးအနေဖြင့် နိယာမဆယ်ခုထပ်မနည်း ရှိနေသည်ကို အာရုံခံမိသွားခဲ့သည်။
၎င်းတို့ထဲတွင် ပြီးပြည့်စုံသော အန္တိ နိယာမတစ်ခုပင် ပါဝင်နေခဲ့သည်။
“ ဒါက မော့မူပြောခဲ့တဲ့လူပဲ ဖြစ်ရမယ် “
ရွှေဖယောင်းမှာ တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒီလိုပြဿနာများတဲ့ လူက ဒီမူလနယ်မြေမှာ ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းဘက်သို့ ရွေ့လျားသွားခဲ့သည်။
တစ်စုံတစ်ဦး ရောက်ရှိလာပြီဖြစ်သောကြောင့် သူသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲရန် အစပျိုးမည် မဟုတ်ပေ။
သူအနိုင်ရမည်ဆိုလျှင်တောင်မှ၊ ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဖြစ်ပြီး၊ ၎င်းတို့ကို ပြန်လည်ကုသရခြင်းမှာ ကရိကထများလွန်းသည့် ပြဿနာတစ်ခု ဖြစ်သည်။
ရွှေဖယောင်းသည် တိကျွမ်းကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီလူက ငါ့တပည့်ကို သတ်ခဲ့တယ်၊ ဒီအကြွေးကို သူပြန်ပေးဆပ်ရမယ် “
တိကျွမ်းကမူ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဂျူနီယာတွေ ကြားက တိုက်ပွဲမှာ ညံ့ရင်တော့ ခံလိုက်ရမှာပဲ၊ အဲ့တာကို မင်းလက်ခံရမယ် “
ရွှေဖယောင်းသည် အေးစက်စွဦ ချေပလာခဲ့သည် “ ငါ့တပည့်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး၊ ဒါပင်မဲ့ အဲ့ကောင်က ငါ့တပည့်ကို ရက်ရက်စက်စက် သတ်လိုက်တာ။ တကယ်လို့ မင်းဆိုရင်ရော ဘယ်လိုလုပ်မှာလဲ “
တိကျွမ်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ မင်းတပည့်က ငါတို့ပိုင်နက်ကို သိမ်းပြီးတော့ အားလုံးကို မောင်းထုတ်ဖို့ ကြိုးစားခဲ့တာ “
“ ခုခံခဲ့တဲ့လူတွေက ဒဏ်ရာ အပြင်းအထန် ရသွားပြီးတော့၊ ဒုက္ခိတဖြစ်သွားကြပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နှိပ်စက်ခံထားရသည့် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်ကို ညွှန်ပြကာ ထပ်ပြောလိုက်သည် “ အဲ့လိုလုပ်ရပ်က အနုကြမ်းစီးတာနဲ့ ဘာကွာလို့လဲ “
ရွှေဖယောင်းကမူ ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ပင်မကြည့်ဘဲ၊ တိကျွမ်းကိုသာ ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ငါ့ဂိုဏ်းက ကြယ်ပြာဂြိုဟ်ရဲ့ နယ်မြေအားလုံးကို ငါတို့ထိန်းချုပ်မှုအောက်ကို ရောက်လာဖို့အတွက် အမိန့်ပေးခဲ့ပြီးသား။ ငါတို့ကို ခုခံတဲ့လူတွေ သေသွားမယ်ဆိုရင်တောင်မှ၊ အဲ့တာက တရားမျှတတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သားရဲတစ်သောင်းဂိုဏ်းဟု ခေါ်ဆိုသည့် အရာက ဓားပြအုပ်တစ်အုပ်နှင့် မခြားဘူးဆိုသည်ကို အပြည့်အဝ နားလည်သွားခဲ့သည်။
ဓားပြကို တရားချနေခြင်းမှာ နွားများကို ပလာတာ ကျွေးနေခြင်းသာ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ စကားထပ်ပြောလိုက်သည် “ ဒီနေ့ငါ ဒီနေရာမှာရှိရင်၊ ကျူးကျော်လာသူတိုင်းကို ငါသတ်မယ် “
“ ဘုမ်းးး “
ရွှေဖယောင်းထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက သူ့ကို ထပ်ခါတလဲလဲ စော်ကားနေသောကြောင့် သူမည်သို့မျှ သည်းမခံနိုင်တော့ပေ။
သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက်၊ အန္တိမ နယ်မြေမှာပင် သူ၏အဆင့်အတန်းက အလွန်တရာ မြင့်မားနေခဲ့သည်။
အကယ်၍ ဤနေရာကသာ အန္တိမနယ်မြေဖြစ်နေမည်ဆိုပါက၊ သူသည် တစ်ဖက်လူကို ပါးရိုက်သတ်လိုက်ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုမှာ ကြယ်တာရာ T-Rex နတ်ဘုရားပေါ်သို့ ကျရောက်လာခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တိကျွမ်းသည် အဆိုပါ ဖိအားကို ပျောက်ကွယ်သွားစေလိုက်သည်။
တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖျတ်ခနဲကြည့်လာခဲ့ပြီး၊ ထို့နောက်၌ အောက်ဘက်တွင် ရှိနေသည့် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုကို ကြည့်လိုက်သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက မည်သည့်အတွက်ကြောင့် ဤနေရာအတွက် ခုခံနေရလဲဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်၊ သားရဲတစ်သောင်းဂိုဏ်း၏ လုပ်ရပ်များက စက်ဆုပ်ဖွယ်ကောင်းနေခြင်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ပို၍ အရေးကြီးသော အရာမှာ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ဉာဏ်အလင်းပွင့် ကြာပန်းစင်မြင့်ကြောင့်ပင် ဖြစ်သည်။
အဆိုပါ ဉာဏ်အလင်းပွင့် ကြာပန်းစင်မြင့်က ရှေးခေတ်၏ အကြွင်းအကျန်တစ်ခုဖြစ်ပြီး၊ ထိုခေတ်က ဘိုးဘေးနဂါးမျိုးနွယ်စုနှင့် နက်ရှိုင်းသော ဆက်နွယ်မှုများ ရှိသည်ဟု ကောလဟာလထွက်နေကြောင်းကို သူသိနေခဲ့သည်။
ထို့ကြောင့် ဤဉာဏ်အလင်းပွင့် စင်မြင့်သည် ကြယ်ပြာဂြိုဟ်အတွက် ပြိုင်ဘက်ကင်း ရတနာတစ်ပါး ဖြစ်နေခဲ့သည်။
၎င်းကို စဥ်းစားမိသွားသောအခါတွင်၊ တိကျွမ်းသည် ရွှေရောင်ဆံသား လူအိုကြီးကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ မင်းတစ်ခြားနေရာကို သွားလို့ရတယ်၊ ဒါပင်မဲ့ ဒီနေရာကို ငါကာကွယ်ထားတယ် “
……………………………………………………………………………………………………………………………………….
အပိုင်း ( 674 )
ရူးသွပ်ဖွယ် အကြံအစည်တစ်ခု ၂
“ မင်း ……. “
ရွှေဖယောင်း၏ အမူအရာ အေးစက်သွားခဲ့သည်။
တိကျွမ်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ တကယ်လို့ မကျေနပ်ဘူးဆိုရင်၊ မော့မူကို ငါနဲ့ စကားလာပြောခိုင်းလိုက်၊ ဒါမှမဟုတ် လာတိုက်ခိုင်းလိုက် “
တိကျွမ်းအတွက် ဤလူအိုကြီး၏ စွမ်းအားမှာ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးနှင့်အတူတူသာ ဖြစ်နေခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်း၏ ကျောထောက်နောက်ခံ မရှိဘူးဆိုပါက၊ အဆိုပါ လူအိုကြီးသည် တိကျွမ်းနှင့် စကားပြောဆိုရန်(သို့) ညှိနှိုင်းဆွေးနွေးရန် အဆင့်မမှီပေ။
ရွှေဖယောင်းမှာလည်း ထိုကိစ္စကို ကောင်းစွာ နားလည်နေခဲ့သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်ပြီး၊ နှာခေါင်းရှုံ့ကာ မာမာထန်ထန် ပြောဆိုလာခဲ့သည် “ ငါမင်းကို စောင့်နေမယ်။ မင်းက တစ်သက်လုံး ဒီနေရာမှာ ပုန်းနေတာပဲ ပိုကောင်းလိမ့်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့၊ ဟမ့် …….. “
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏လက်ကို ဝေ့ရမ်းကာ ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သားရဲတစ်သောင်းဂိုဏ်းမှ ပညာရှင်များသည် သူတို့၏ အကြီးအကဲ ထွက်သွားသည်ကို မြင်လိုက်ရသောအခါတွင်၊ ဤနေရာတွင် ကြာကြာဆက်မနေရဲတော့ဘဲ၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားကြသည်။
…
လက်သည်းရှစ်ခု ရွှေနဂါးအားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။
ထို့နောက်တွင် ကျောရိုးများ ဖျက်စီးခံလိုက်ရသည့် နဂါးအကြီးအကဲ တစ်ချို့သည် မြေပြင်ပေါ်မှ ကုတ်ဖက် ထလာခဲ့ကာ ကြယ်တာရာ T-Rex နတ်ဘုရားကို ကျေးဇူးတင်စကားပြောလာကြသည် “ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ “
အလယ်အလတ် အဌမအဆင့် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်သည် ကြယ်တာရာ T-Rex နတ်ဘုရားအနားသို့ တလေးတစား ချဥ်းကပ်ကာ၊ စကားပြောလာခဲ့သည် “ စီနီယာ၊ အခုအချိန်ကစပြီးတော့ မင်းက ငါတို့မျိုးနွယ်စုရဲ့ ကျေးဇူးရှင် ဖြစ်သွားပြီ။ ငါတို့က ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ၏လက်ကို ဝေ့ရမ်းကာ စကားပြောလိုက်သည် “ ငါက မင်းတို့ရဲ့ ကြာပန်းစင်မြင့်ကို သုံးခဲ့တယ်၊ ဆိုတော့ ဒီဟာတွေက ငါ့တာဝန်တွေပါပဲ “
အဆိုပါ လက်သည်းရှစ်ခု ရွှေနဂါးများနှင့် စကားပြောခဲ့ပြီးသည့်နောက်၌ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့သည် ကြာပန်းစင်မြင့်ဆီသို့ လျှောက်လှမ်းလာကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် လေးလေးနက်နက် ဖြစ်နေသော အမူအရာဖြင့် တိကျွမ်းကို ကြည့်ကာ စကားပြောလိုက်သည် “ စီနီယာ၊ ဘာတွေ ဖြစ်ခဲ့တာလဲ။ သားရဲတစ်သောင်းဂိုဏ်းဆိုတာက ဘာကြီးလဲ “
ဤကာလအတွင်း၌ ကျင့်ကြံရင်းဖြင့် အလုပ်များနေခဲ့သောကြောင့် သူသည် အပြင်ကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို မသိပေ။
တိကျွမ်းသည် ယခင်က အဖြစ်အပျက်များကို ရှင်းပြပေးလာခဲ့သည်။
ကြယ်ပြာဂြိုဟ်အား သားရဲတစ်သောင်းဂိုဏ်းကို ယာယီထိန်းချုပ်ခွင့် ပြုလိုက်သည်ဆိုသည့် စကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“ အဲ့တာက ကြယ်ပြာဂြိုဟ်သက်ရှိတွေရဲ့ သေခြင်းရှင်ခြင်းကို တစ်ခြားလူလက်ထဲကို ထိုးထည့်ပေးလိုက်တာ မဟုတ်ဘူးလား “
တိကျွမ်းသည် သက်ပြင်းချကာ၊ ခေါင်းခါပြလာခဲ့သည် “ ကြယ်ပြာဂြိုဟ်ရဲ့ အင်အားက သားရဲတစ်သောင်းဂိုဏ်းကို လုံးဝမယှဥ်နိုင်ဘူး၊ ငါကြားထားတာတော့ အန္တိမနယ်မြေမှာ ရှိနေတဲ့ ဂိုဏ်းက တစ်ခုထပ်ပိုတယ်တဲ့ “
“ တကယ်လို့ သူတို့အားလုံးက တိုက်ခိုက်မယ်ဆိုရင်၊ ငါလည်း ခုခံနိုင်မှာ မဟုတ်ဘူး “
“ အခြေအနေကို ဆိုးရွားသွားစေတာထပ် အခုလောလောဆယ်မှာ အလျှော့ပေးလိုက်တာက ပိုကောင်းတယ်။ ပြီးတော့ အမှောင်နယ်မြေ ဆင်းသက်လာဖို့ကလည်း ရက်နှစ်ဆယ်ကျော်ကျော်ပဲ လိုတော့တယ်။ အဲ့ဒီပြဿနာကို သားရဲတစ်သောင်းဂိုဏ်းဆီ ပစ်ပေးလိုက်တာက အကောင်းဆုံးပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ အရေးကြီးတဲ့ အချိန်မှာ သူတို့က နောက်ဆုတ်သွားကြပြီးတော့၊ ကျွန်တော်တို့ လူတွေကို အမြောက်စာ လုပ်လိုက်မှာကိုပဲ ကျွန်တော် ကြောက်တာ “
တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့တာကြောင့် ငါတို့က အကန့်အသတ်ရှိနေတဲ့ ဒီကာလအတွင်းမှာ တတ်နိုင်သမျှ အမြန်ဆုံး ပိုသန်မာလာမှ ဖြစ်မယ် “
သူသည် စကားဆက်ပြောလာခဲ့သည် “ သားရဲတစ်သောင်းဂိုဏ်းဆီက အန္တိမနယ်မြေထဲကို ဝင်ဖို့အတွက် နေရာတစ်ခု တောင်းထားတယ်။ အဲ့အချိန်ကျရင် မင်းနဲ့ငါက အန္တိမနယ်မြေကို အတူတူသွားပြီးတော့၊ မင်းကို အထွတ်အထိပ်အဆင့်ဆီ ရောက်သွားအောင် ကူညီပေးနိုင်မဲ့ အခွင့်အလမ်း ရှိ၊ မရှိဆိုတာကို သွားကြည့်ကြတာပေါ့ “
“ အန္တိမနယ်မြေကို သွားမှာလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သူသည် တိကျွမ်းက သားရဲတစ်သောင်းဂိုဏ်း၏ တောင်းဆိုမှုကို သဘောတူလိုက်သည်မှာ ထိုကိစ္စကြောင့် ဖြစ်ဖို့များသည်ဟု လျင်မြန်စွာ မှန်းဆမိသွားခဲ့သည်။
၎င်းမှာ အထွတ်အထိပ်အဆင့်သို့ အရောက်သွားနိုင်မည့် သူ၏တစ်ခုတည်းသော အခွင့်အရေးပင် ဖြစ်နေနိုင်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ အန္တိမနယ်မြေက …… ထူးဆန်းတဲ့ ကမ္ဘာတစ်ခုပဲ။ တကယ်လို့ ကျွန်တော်တို့ချည်းပဲ သွားမယ်ဆိုရင်၊ ဘာတွေ ဖြစ်လာမလဲဆိုတာကို မှန်းဆလို့ရမှာ မဟုတ်ဘူး “
တိကျွမ်းမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ဒီလိုဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာတော့ သတ္တိရှိရှိ ရှေ့ဆက်သွားမှပဲ၊ မျှော်လင့်ချက်ကို တွေ့ရမှာ “
ထိုစကားမှာ လှုံ့ဆော်မှုတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းက ကြယ်ပြာဂြိုဟ်၏ အခြေအနေမှာ နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဟု ညွှန်းဆိုနေသည် ဖြစ်ကြောင်းကို နားလည်နေခဲ့သည်။
ယခု၌ သူတို့ထံတွင် မည်သည့်ထွက်ပေါက်မှ ရှိမနေတော့ဘဲ၊ လမ်းကြောင်းတစ်ခုသာလျှင် ကျန်နေတော့သည်။ အန္တရာယ်များလွန်းသဖြင့် သေဆုံးသွားရမည်ဆိုလျှင်တောင်မှ၊ သူတို့သည် ထိုလမ်းကြောင်းပေါ်သို့ ရအောင်တက်ရမည် ဖြစ်သည်။
ထိုလမ်းကြောင်းကို လျှောက်လှမ်းမှသာလျှင် မျှော်လင့်ချက်အတွက် အခွင့်အလမ်းကို မြင်တွေ့လာရမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ စီနီယာ၊ ကျွန်တော့်ကို ရက်နည်းနည်းလောက် အရင်ကျင့်ကြံခွင့်ပြုပါ။ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာ တိုးတက်လာတာနဲ့ စီနီယာနဲ့ အတူသွားပါမယ် “
“ ရုပ်ခန္ဓာ တိုးတက်တာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းမှာ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လာခဲ့ကာ၊ တအံ့တဩဖြစ်သွားတော့သည် “ မင်းရဲ့ ရုပ်ခန္ဓာက အဆင့်နိမ့် အထွတ်အထိပ်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေတာလား။ မင်းဘယ်လိုလုပ်လိုက်တာလဲ “
၎င်းမှာ အလွန်တရာ အံ့ဖွယ်ကောင်းလှသည်။ အထွတ်အထိပ်နယ်ပယ်၏ တိုးတက်မှု အများစုက နိယာမ တိုးတက်မှုများဖြစ်သည်ကို အမှတ်ရကြရမည် ဖြစ်သည်။
ရုပ်ခန္ဓာကမူ ပုံသွင်းပြင်ဆင်ရန်အတွက် နိယာမတို့၏ သန့်စင်သော စွမ်းအားကို လိုအပ်သည်၊ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိလာမည် ဖြစ်သည်။
တစ်နည်းဆိုရသော် အထွတ်အထိပ်နယ်ပယ်ရှိ ပညာရှင် အများစု၏ ရုပ်ခန္ဓာများမှာ သူတို့၏ ကျင့်ကြံရေး အဆင့်နှင့် ကိုက်ညီမနေခဲ့ပေ။
အစောပိုင်း အချိန်များအတွင်းက ရွှေရောင်ဆံသား လူအိုကြီးကို ဥပမာယူပါလေ၊ သူ၏ကျင့်ကြံရေး အဆင့်က အဆင့်မြင့် အထွတ်အထိပ်တွင် ရှိနေခဲ့သော်လည်း၊ သူ၏ရုပ်ခန္ဓာကမူ အလယ်အလတ် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေခဲ့သည်။
အထွတ်အထိပ် ပညာရှင်များအတွက်မူ ရုပ်ခန္ဓာကို တိုးတက်အောင် ပြုလုပ်ရခြင်းက နိယာမများကို တိုးတက်အောင် ပြုလုပ်ရခြင်းထပ် ပိုမိုခက်ခဲနေခဲ့သည်။
နဝမအဆင့် ရုပ်ခန္ဓာကပင် အကန့်အသတ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရှေ့ဆက်သွားမည်ဆိုပါက၊ လျှောက်လှမ်းရသည့် ခြေလှမ်းတိုင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်ရသည့်အလား ခက်ခဲနေမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူ၏ရုပ်ခန္ဓာဖြင့် အထွတ်အထိပ်အဆင့်သို့ အရင်ဦးဆုံး အဆင့်ထိုးဖောက်နိုင်ခဲ့လေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူ့နိယာမများ၏ စွမ်းအားကမူ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားထပ်ပြောလာခဲ့သည် “ ကျွန်တော်က ရုပ်ခန္ဓာကို အဆင့်မြှင့်ဖို့အတွက် အထွတ်အထိပ်တစ်ပိုင်းအဆင့် ရတနာတစ်ခုကို ကမ္ဘာ့ကြယ်ကနေ ရခဲ့တယ်လေ “
“ အဲ့တာက …. မင်းရဲ့ ကံတရားက ကောင်းကင်ဘုံကို တကယ်ကြီး ဆန့်ကျင်နေတာပဲ “
တိကျွမ်းသည် လေးစားအားကျမှုတို့ဖြင့် ခေါင်းခါနေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားက ရက်အနည်းငယ် တောင်းဆိုရခြင်းမှာ သူ့ရုပ်ခန္ဓာ၏ နယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်ခြင်းအတွက် ဖြစ်ရမည်ဟု နားလည်သွားခဲ့သည်။
၎င်းကို စဥ်းစားမိသွားသောအခါတွင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ခေါင်းငြိမ့်ပြလိုက်သည် “ ဒါဆိုရင်လည်း နောက်ရက်နည်းနည်းလောက် ကောင်းကောင်း ကျင့်ကြံနေလိုက်။ မင်းအဆင်သင့်ဖြစ်ရင် ငါ့ကို အသိပေး၊ မြန်လေကောင်းလေပဲ “
သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်ပြာဂြိုဟ်အတွက် ကျန်ရှိနေသည့် အချိန်မှာ ကုန်ဆုံးသွားတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းပြန်ငြိမ့်ပြလိုက်သည် “ ကျွန်တော် နားလည်ပါတယ် “
…
တိကျွမ်းထွက်သွားသည့်နောက်တွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်ထက်သို့ ချက်ချင်းပြေးတက်သွားခဲ့သည်။
“ လာမဲ့ရက်တွေအတွင်းမှာ ဖန်တီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမတွေကို ပြည့်ဝအဆင့်ကို ရောက်သွားအောင် လုပ်ရမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် အစီအစဥ်တစ်ခုကို ရေးဆွဲနေခဲ့သည်။
သူ့ရုပ်ခန္ဓာ၏ နယ်ပယ်မှာ နေ့စဥ်နာရီအနည်းငယ် စားသောက်ရုံဖြင့် အဆင့်တက်နေနိုင်ပြီ ဖြစ်သည်။
ကျန်ရှိနေသည့် အချိန်များကို ဉာဏ်အလင်းပွင့်ခြင်းဖြင့် အချိန်ဖြုန်းရမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အဆင့် : ဒသမအဆင့် ( ၄၀% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်းတစ်ရာ/တစ်ဘီလီယံ
“ အခုလက်ရှိ ငါ့ရဲ့ အဆင့်က အဆင့်၁၀ ၄၀%ဆိုတော့၊ နောက်နှစ်ရက်အတွင်းမှာပဲ အလယ်အလတ် အထွတ်အထိပ်အဆင့်ကို ရောက်သွားသင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ဤတစ်ကြိမ် သူ၏ပစ်မှတ်မှာ အလယ်အလတ် အထွတ်အထိပ်သာလျှင် မဟုတ်ပေ။
သူသည် သူ၏ ရုပ်ခန္ဓာကို အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိသွားစေရန် ရည်မှန်းထားခဲ့သည်။
သို့သော် ….. ၎င်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသည့် ကိစ္စတစ်ခု ဖြစ်သည်။
နိယာမများက နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေစဥ်အချိန်၌၊ ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်း …….
စကြာဝဠာတစ်ခုလုံး၏ သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် မည်သို့မျှ ရှာမတွေ့နိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ၊ သူ၏ အဆုံးမဲ့ ကြီးထွားမှု စွမ်းရည်မှာ ထိုဖြစ်စဥ်ကို အောင်မြင်သွားစေနိုင်မည့် အခွင့်အလမ်းကို ပေးအပ်နေခဲ့သည်။
သူကိုယ်တိုင်မှာလည်း မရေရာမသေချာ ဖြစ်နေခဲ့သည်။
အထွတ်အထိပ်အဆင့် ဆိုသည်မှာ အန္တိမနယ်ပယ်အောက်တွင်ရှိသည့် ဆန်းကြယ်သော နယ်ပယ်တစ်ခုဖြစ်ပြီး၊ နောက်လာမည့် ကာလအတွင်းတွင် သူက အတားအဆီး/ပိတ်ဆို့မှု အသစ်များ ကြုံတွေ့ရမည်လားဆိုသည်ကိုလည်း မသိရသေးပေ။
နောက်ထပ် အချက်တစ်ချက်မှာ အချိန်ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ တိုးတက်မှု နှုန်းထားက မြန်ဆန်သော်လည်း၊ ရှေ့သို့ ဆက်သွားလေလေ၊ တိုးတက်မှုက ပိုမိုနှေးကွေးလေလေ ဖြစ်လာမည် ဖြစ်သည်။
“ ငါ့ဆီမှာ အဆင့်မြင့် အထွတ်အထိပ် အလောင်းတစ်ခု ရှိနေတာကတော့ တကယ်ကံကောင်းတယ်ဟေး “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော ရွှေရောင်မျက်လုံးသုံးလုံးပိုင်ရှင် ဖားပြုပ်တစ်ကောင်၏ ဧရာမ အလောင်းကြီး ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ကမ္ဘာ့ကြယ်တွင် သူသတ်ဖြတ်ခဲ့သည့် မျက်လုံးသုံးလုံးဘုရင်ပင် ဖြစ်သည်။
“ ကမ္ဘာ့ကြယ် ဘုရင်သုံးပါးထဲက တစ်ပါးရဲ့ မူလကိုယ်က တကယ်ကို ဖားပြုပ်ကြီးတစ်ကောင် ဖြစ်နေခဲ့တာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ပုံမှန်အခြေအနေများအတိုင်းသာဆိုပါက သူသည် ဤကဲ့သို့သော သတ္တဝါမျိုးကို စားသောက်မည် မဟုတ်ပေ။
သို့သော် ယခုတွင်ကား ဇီဇာကြောင်နေရန် အချိန်မရှိတော့ပေ။
အဆင့်မြင့် အထွတ်အထိပ် သားရဲအလောင်းတစ်ခုသည် သူ့ကို ကြီးကြီးမားမား တိုးတက်သွားစေမည် ဖြစ်သည်။
ထို့အပြင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးသုံးလုံးဘုရင်နှင့် အမှောင်နယ်မြေ တော်ဝင်မိသားစုတစ်ခုကြားတွင် ပက်သက်ဆက်နွယ်မှု အနည်းငယ် ရှိနေခဲ့ပြီး၊ ၎င်းထံတွင် အမှောင်နယ်မြေ တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပင် ရှိနေနိုင်သည်ကိုသိနေခဲ့သည်။
၎င်းသည် အာဟာရဓာတ်ကို ပိုမိုကြယ်ဝသွားစေမည် ဖြစ်သည်။
“ တိုးတက်ဖို့အတွက် ကြိုးစားလိုက်ကြတာပေါ့ကွာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးသုံးလုံးဘုရင်၏ အလောင်းကို ပြန်သိမ်းလိုက်ကာ၊ ကြာပန်းစင်မြင့်ထက်တွင် တင်ပျဥ်ခွေထိုင်ကာ၊ ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ကို နားလည်ရန် ကြိုးပမ်းနေတော့သည်။
“ ဗွီ “
တာအို အရှင်သခင် စွမ်းရည်သည် ကြာပန်းစင်မြင့်၏ ဉာဏ်အလင်းပွင့်စေခြင်းထောက်ပံ့မှုနှင့် ပေါင်းစည်းသွားခဲ့သည်။
သူ၏မျက်လုံးများ မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့၏ စွမ်းအားကို ချက်ချင်း အာရုံခံမိသွားခဲ့သည်။
“ ဆိုတော့ ဖန်တီးခြင်းနဲ့ ဖျက်စီးခြင်းက ပေါင်းစည်းသွားနိုင်တဲ့ အလားအလာတွေ ရှိနေတာလား “
မိနစ်ပိုင်းအတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်ရှုပ်ထွေးနက်နဲသည့် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး၊ သူ၏ အန္တိမ နိယာမ နားလည်မှုမှာလည်း စတင်၍ မြင့်မားလာခဲ့သည်။
………………………………………………………………………………………………………………………………..
အပိုင်း ( 675 )
အရူးအမူး တိုးတက်ခြင်း
ဤကာလအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျင့်ကြံရင်းဖြင့်သာ သူ၏အချိန်အားလုံးကို သုံးစွဲခဲ့သည်။
နေ့စဥ်နေ့တိုင်း ရုပ်ခန္ဓာကို တိုးတက်အောင် ပြုလုပ်ခြင်းအပြင်၊ သူသည် သူ၏ အချိန်အများစုကို ကြာပန်းစင်မြင့်ထက်တွင် ထိုင်ကာ၊ နိယာမများကို နားလည်ဆင်ခြင်ရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
ဤကာလအတွင်း၌ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုသည် ‘ ကြာပန်းစင်မြင့်နားသို့ မည်သူမှ မကပ်ရ ‘ဆိုသည့် တားမြစ်ချက်တစ်ခုကို ထုတ်ပြန်ကြေညာလာခဲ့သည်။
ထိုကဲ့သို့ပင် နေ့ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခွန်အားမှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။
ဒသမအဆင့် ( ၆၀% )
ဒသမအဆင့် ( ၇၀% )
ဒသမအဆင့် ( ၈၀% )
ဒသမအဆင့် ( ၁၀၀% )
ယနေ့၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တောင်တစ်လုံး၏ ထိပ်တွင် မတ်တပ်ရပ်နေခဲ့သည်။
ယခုတွင် သူသည် ဒသမအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ ရှေ့တစ်လှမ်း ဆက်တိုးလိုက်သည်နှင့်တစ်ပြိုင်နက် ဧကာဒသမအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ကြောင့် သူသည် လူသူကင်းမဲ့နေသည့် နေရာတစ်ခုကို တစ်သီးတစ်သန့် ရှာဖွေခဲ့ကာ၊ ထိုနေရာမှာပင် အဆင့်ထိုးဖောက်ရန် ဆုံးဖြတ်ထားခဲ့သည်။
“အဆင့်တက်၊ မတက်ဆိုတာကတော့ အခုအခိုက်အတန့်ပေါ်မှာ မူတည်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားကိုယ်တိုင်ကပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ယခင်က ဒသမအဆင့်သို့ ရောက်လာခဲ့သည့် အချိန်တွင်၊ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပြီး၊ ဖရိုဖရဲ သန္ဓေသားလောင်းသစ်ရွက်သာ မရှိခဲ့ဘူးဆိုပါက၊ သူသည် နဝမအဆင့် အထွတ်အထိပ်မှာပင် ပိတ်မိနေဦးမည် ဖြစ်သည်။
ဒသမအဆင့်နှင့် ဧကာဒသမအဆင့်များကြားရှိ အတားအဆီးက မည်ကဲ့သို့ဖြစ်နေမလဲဆိုသည်ကို မသိရသေးပေ။
တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်ကာ၊ ဆုံးဖြတ်ချက်ချလိုက်သည်။
“ စလိုက်ကြတာပေါ့ကွာ “
သူသည် မျက်လုံးသုံးလုံးဘုရင်၏ အလောင်းကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းမှ ထုတ်ယူလိုက်သည်။
မီတာ သောင်းနှင့်ချီသော အလောင်းကြီးသည် တောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အစာစားလိုစိတ်ဖြင့်ပင် ရက်ပေါင်းများစွာ စားသုံးခဲ့ပြီးသည့်နောက်တွင် ၎င်း၏ တစ်ဝက်ကိုသာလျှင် စားသုံးနိုင်သေးသည်။
“ ဂျွတ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ယနေ့အတွက် စားသောက်ပွဲကို စတင်၍ ကျင်းပနေတော့သည်။
သူ၏ကြီးထွားဖွံ့ဖြိုးမှု လိုအပ်ချက်များနှင့် ကိုက်ညီရန်အတွက် အစားတစ်နပ်လျှင် နာရီပေါင်းများစွာ ကြာရှည်သည်အထိ စားသောက်နေခဲ့ရသည်။
နာရီပေါင်းများစွာ အကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးသုံးလုံးဘုရင်၏ အလောင်းကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
ထို့နောက်တွင် သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
သို့သော် မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းခဲ့ပြီးသည့်နောက်မှာပင် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်လာခဲ့သည့်အတွက်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏ ခန္ဓာကိုယ်မှာ စတင်၍ ပြောင်းလဲလာခဲ့သည်။
“ ဘုမ်းးး “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ် အတွင်းတွင် စကြာဝဠာပြိုကွဲသွားသည့်အလား ဖြစ်နေသည့် တဝုန်းဝုန်း အော်မြည်သံများ ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်သွားခဲ့သည်။
အထွတ်အထိပ် နယ်ပယ်တွင် ရုပ်ခန္ဓာသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် လုံးဝ ပေါင်းစပ်နေပြီဖြစ်ပြီး၊ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။
အထွတ်အထိပ် ပညာရှင်၏ အသွင်ပြောင်းမှုသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပိုမိုနီးစပ်သွားစေရန် ကံကြမ္မာသတ်မှတ်ထားပြီးသား ဖြစ်သည်။
ပြောင်းလဲမှုက ပိုမိုပြင်းထန်လေလေ၊ အသွင်ပြောင်းမှုက ပိုမို ကြမ်းတမ်းလေလေ ဖြစ်သည်။
“ လာပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားကာ၊ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သူ၏ ရုပ်ခန္ဓာသည် စတင်၍ ကွဲထွက်သွားကာ၊ ထပ်မံ၍ ပြိုကွဲသွားခဲ့ပြန်သည်၊ ထို့နောက်တွင် ပြန်လည်တည်ဆောက်ခြင်းနှင့် အသွင်ပြောင်းခြင်းတို့က အဖော်ပြု လိုက်ပါလာခဲ့သည်။
အဆိုပါ အသွင်ပြောင်းမှုသည် ရုပ်ခန္ဓာအဆင့် ပြောင်းလဲသွားသည်ထပ် ပိုနေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ဆဲလ်တစ်ခုချင်းစီတိုင်းမှာ တာအိုနိယာမ၏ နှစ်ခြင်းကို ခံယူလိုက်ရကာ၊ တာအိုနှင့် ပေါင်းစည်းသွားခဲ့သည်။
အသွင်ပြောင်းမှု ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ဤတစ်ကြိမ် အသွင်ပြောင်းမှုသည် ကြယ်တာရာ T-Rex နတ်ဘုရား မျှော်မှန်းထားသည်ထပ် ပိုမိုကြာရှည်နေခဲ့သည်။
…
သုံးနာရီ အကြာတွင်
မီတာတစ်သောင်းကျော် မြင့်မားကာ၊ ရွှေရောင်တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည့် သားရဲကြီးတစ်ကောင်သည် ထိုနေရာတွင် မတ်တပ်ရပ်နေလျက်ရှိသည်။
၎င်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားဖြစ်သည်။
ယခုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ် အလျားမှာ မီတာ တစ်သောင်းခွဲကျော်နေခဲ့ပြီဖြစ်ပြီး၊ အမြင့်ကမူ မီတာ တစ်သောင်းကျော်နေခဲ့ပြီ ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်နေခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ရုပ်ခန္ဓာ၏ စွမ်းအားကို စစ်ဆေးမကြည့်ဘဲ၊ စနစ်၏ မျက်နှာပြင်ကိုသာ အလောတကြီး ဖွင့်ကြည့်နေခဲ့သည်။
အဆင့် : ဧကာဒသမအဆင့် ( ၂၀% )
“ နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရင်ခုန်သံများ မြန်ဆန်သွားကာ၊ သူ၏ပျော်ရွှင်မှုများကို မဖိနှိပ်နိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ဧကာဒသမအဆင့်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင်၊ ကမ္ဘာတစ်ခုလုံးက ကွဲပြားသွားသကဲ့သို့ ဖြစ်နေခဲ့သည်။
သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် အံ့ဖွယ်ကောင်းသော စွမ်းအားများ ပြေးလွှားနေလျက်ရှိပြီး၊ ၎င်းတို့က မကုန်နိုင်မခမ်းနိုင် ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။
“ ဝှစ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် သိပ်သည်းသည့် ငွေဖြူရောင် ဓားသွားများ ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ ဓားသွားများသည် ပြည့်ဝအဆင့် ဟင်းလင်းပြင် နိယာမဖြင့် ဖန်တီးထားသော အရာဖြစ်ပြီး၊ အလွန်တရာ ထက်မြိကာ၊ ဟင်းလင်းပြင် အတားအဆီး/အကာအရံ/ပိတ်ဆို့မှုများကို အလွယ်တကူ ခုတ်ပိုင်းနိုင်ပေသည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ ငွေဖြူရောင် ဓားသွားများကို လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများက ချက်ချင်း ရစ်ပတ်လာခဲ့သည်။
ဖျက်စီးခြင်း နိယာမ
ဖျက်စီးခြင်း နိယာမ၏ တိုးတက်မှုနှင့်အတူ၊ အဆိုပါ ဟင်းလင်းပြင် ဓားသွားတို့၏ စွမ်းအားမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ ၎င်းသည် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်၏ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကိုပင် အလွယ်တကူ ချိုးဖျက်နိုင်စွမ်းရှိသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှ အတွေးဖြင့် စေခိုင်းလိုက်ရာ၊
ဟင်းလင်းပြင် ဓားသွားများသည် သူ့လက်မောင်းထံသို့ တစ်ခုပြီးတစ်ခု ပြေးဝင်လာကြသည်။
“ ခွမ်း ခလမ်း ခွမ်း “
သတ္ထုထိတွေ့မှု အသံများ ပေါ်ထွက်လာခဲ့သည်။
တိုက်မိခဲ့ပြီးသည့်နောက်တွင် အဆိုပါ ဓားသွားတို့မှာ တစ်ခုပြီးတစ်ခု ပြိုကွဲသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ အနီးကပ် ကြည့်ရှုလိုက်ရာ၊ သူ၏လက်မောင်းတွင် မည်သည့်ထိုးသွင်းရာမှ ရှိမနေခဲ့ဘဲ၊ မှိန်ဖျော့သော ခြစ်ရာများသာ ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဒါက အလယ်အလတ် အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာလား။ အရင်တုန်းကထပ် အများကြီး ပိုစွမ်းနေတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
သူသည် အလယ်အလတ် အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းက သူ၏ ပန်းဝင်မှတ်မဟုတ်ဘဲ စမှတ်သာ ဖြစ်ကြောင်းကို ကောင်းစွာနားလည်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်ဆီသို့ ထပ်သွားကာ၊ ထပ်မံ၍ ကျင့်ကြံနေပြန်သည်။
အလယ်အလတ် အထွတ်အထိပ်အဆင့်သည် သူရည်မှန်းထားသည့်အဆင့်နှင့် များစွာ ဝေးကွာနေသောကြောင့်၊ သူသည် မဆုတ်မနစ် ကြိုးစားအားထုတ်ရဦးမည် ဖြစ်သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်ဆုံးသွားခဲ့သည်။
ကြာပန်းစင်မြင့် အနီး၌
“ ဗွီ “
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်ထက်သို့ ရုတ်တရက် ထောင်တက်လာခဲ့သည်။
ထို့နောက်၌ ကြာပန်းစင်မြင့်ပေါ်တွင် ခွေခွေလေးထိုင်နေသည့် သားရဲကြီးသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့သည်။
“နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီပဲ “
“ ဖန်တီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမနှစ်ခုစလုံးကလည်း ပြည့်ဝအဆင့်ကို ရောက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ၊ တစ်ဖက်သည် လျှို့ဆန်းကြယ်သေစာ အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး၊ ကျန်တစ်ဖက်ကမူ အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
၎င်းတို့မှာ ပြည့်ဝအဆင့် ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့ပင် ဖြစ်သည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးလိုက်ရုံဖြင့် ပြီးပြည့်စုံသော ကမ္ဘာတစ်ခုကို ဖန်ဆင်းနိုင်ပြီး၊ အတွေးတစ်ချက်နှင့်တင် ၎င်းကို ဖျက်စီးပစ်နိုင်ပေသည်။
ထိုကဲ့သို့သော လုပ်နိုင်စွမ်းသည် ဖန်ဆင်းရှင်နှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။
ပို၍ အရေးကြီးသော အရာမှာ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဉာဏ်အလင်းရခြင်း ဖြစ်စဥ်ကို ကြုံတွေ့ခံစားနေရင်းဖြင့်၊ အဆိုပါ အန္တိမ နိယာမနှစ်ခုက ပေါင်းစည်းသွားနိုင်ခြေရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။