← Chapters

အဖိုးတန်လှတဲ့ သိက္ခာတရား

Vol. 26 Ch. 254

အဖိုးတန်လှတဲ့ သိက္ခာတရား

Vol. 26 Ch. 254

ကွေ့ချန်း၊ ရွှီယွမ်၊ ပိချန်းနှင့် အခြားသူများမှာမူ ယခုအခါ ဂိုဏ်းချုပ်ကျန်းကို နတ်ဘုရားတစ်ပါးဟု အပြည့်အဝယုံကြည်သွားကြလေပြီ။ သူယခုပြသနေသည့်အစွမ်းမှာ ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါးမှလွဲ၍ မည်သူမျှမတတ်နိုင်သောအရာ ဖြစ်သောကြောင့်ပင်။

အင်မော်တယ်ဧကရာဇ်တစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုကိုခံရပါလျက်နှင့် ခြစ်ရာလေးပင်မထင်ဘဲရှိနေခြင်းမှာ လူတိုင်း၏လောကအပေါ် နားလည်မှုကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်သည်။ အစ်ကိုကြီးချန်ကို အမြဲကိုးကွယ်လာကြသည့် ဖေးရှန်ဂိုဏ်းမှ တပည့်များပင်လျှင် မည်မျှအထိကြီးမားသောစွမ်းအားမျိုးဖြစ်နိုင်မည်ကို ခန့်မှန်း၍မရတော့ချေ။

လူတိုင်း၏စိတ်ထဲတွင် တစ်ပြိုင်နက်တည်း အတွေးတစ်ခုပေါ်လာသည်။

အရင်ကတော့ ဂိုဏ်းချုပ်က ဟန်ထုတ်ရတာဝါသနာပါပြီး ကြွားရတာကြိုက်တယ်လို့ ထင်ခဲ့တာ။ အခုကြည့်တော့ ငါတို့က အဖိုးကြီးကျန်းကို အထင်လွဲခဲ့တာပဲ။ သူက တကယ်တော့ အရမ်းကိုနှိမ့်ချလွန်းတာပဲ... အင်မော်တယ်ဧကရာဇ်တောင် သူ့ကိုမထိခိုက်နိုင်ဘူးဆိုတော့ သူ့ကိုယ်သူ အင်မော်တယ်လေးပါလို့ ပြောနေတာက သိပ်ပြီးအောက်ကျလွန်းမနေဘူးလား...

တစ်ခဏအတွင်း လူတိုင်းမှာ ၎င်းတို့၏စိတ်ထဲတွင် ဂိုဏ်းချုပ်ကိုအပြစ်တင်ခဲ့မိသည်များအတွက် ရှက်ရွံ့ပြီး နောင်တရလာကြသည်။ ဂိုဏ်းချုပ်၏အနက်အရှိုင်းမှာ ၎င်းတို့ကဲ့သို့ သာမန်လူများ ခန့်မှန်းနိုင်သောအရာမဟုတ်။

“မင်းငါ့ကိုကလိထိုးရတာ မမောသေးဘူးလား”

အစ်ကိုကြီးချန်က ရှေ့တွင်အသက်မရှူနိုင်အောင်ဖြစ်နေသော အင်မော်တယ်ဧကရာဇ်ကိုပြုံးကြည့်ကာ လောင်းကစားခြင်း မူလအစကို အသက်သွင်းလိုက်ပြန်သည်။

“မင်းက... မင်းကဘယ်သူလဲ”

ကျိုယန်အင်မော်တယ်ဧကရာဇ်မှာ ရူးသွပ်လုနီးပါးဖြစ်နေလေပြီ။ အင်မော်တယ်ဧကရာဇ်တစ်ဦးအနေဖြင့် ဤမျှအထိအကူအညီမဲ့သောခံစားချက်မျိုး တစ်ခါမျှမခံစားခဲ့ဖူးချေ။ သူ၏တိုက်ခိုက်မှုအားလုံးမှာ အချည်းနှီးဖြစ်နေသဖြင့် နှစ်သန်းပေါင်းတစ်ထောင်ကျော်ကျင့်ကြံမှုများမှာ အိမ်မက်တစ်ခုလိုခံစားနေရသည်။

“သေစမ်း”

“သေစမ်း”

ခလောက်... ခလောက်

အန်စာတုံးလည်ပတ်သံ ပဲ့တင်ထပ်လာပြန်သည်။ ကျိုယန်အင်မော်တယ်ဧကရာဇ်နှင့် မီးဖီးနစ်တို့မှာ ထပ်မံ၍အေးခဲသွားကြပြီး ဂိုဏ်းချုပ်ကျန်းက သူ၏လောင်းကြေးကိုထပ်လိုက်၏။

“ငါကျန်းချန်ရဲ့ တစ်သက်တာသိက္ခာတရား၊ စကားပြောစွမ်းရည်၊ ဗဟုသုတ၊ အတွေးအခေါ်နဲ့ ငါ့ရဲ့အသိစိတ်တစ်ခုလုံးကို လောင်းကြေးပုံအောလိုက်တယ်။ မင်းဒီနေ့ကစပြီး ပြောသမျှစကားတိုင်းမှာ အဖိုးဆိုတဲ့စကားလုံးပါဝင်စေရမယ်လို့ ငါလောင်းတယ်”

စကားအဆုံးတွင် မူလအစ၏ကြေညာသံမှာ အင်မော်တယ်လောကတစ်ခုလုံး ပဲ့တင်ထပ်သွား၏။

“ကျန်းချန်... အနိုင်ရရှိသည်”

“ဘယ်ကအဖိုးအကြောင်းပြောနေတာလဲ... အဖိုး”

ကျိုယန်အင်မော်တယ်ဧကရာဇ်မှာ သူပြောလိုက်သောစကားကို သူကိုယ်တိုင်ပင်နားမလည်ဘဲ ကြောင်သွားသည်။ သူသည် ထိုနောက်ဆုံးစကားတွင် အဖိုးဟူသောစကားလုံးကိုထည့်ပြောရန် လုံးဝမရည်ရွယ်ခဲ့ချေ။

“မင်းဘာတွေလုပ်လိုက်တာလဲ... အဖိုး”

အစ်ကိုကြီးချန်မှာ ၎င်းကိုကြားလိုက်ရသည်နှင့် အောင်မြင်သွားပြီဖြစ်ကြောင်းသိလိုက်သည်။ ဧကရာဇ်ကြီးမှာ အစတုန်းကတော့ ခန့်ညားထည်ဝါစွာဖြင့် ကျွန်ပြုမည်၊ သတ်ဖြတ်မည်ဟု ဟန်ဟန်ပန်ပန်ပြောခဲ့သော်လည်း ယခုတော့ သူ့စကားမှာ နားထောင်လို့အတော်ကောင်းသွားလေပြီ။

“ငါက မင်းရဲ့ဆွေမျိုးတော်စပ်မှုကို အသိအမှတ်ပြုပေးရုံပါ မြေးလေးရာ”

ကျန်းချန်က ပြုံးစိစိဖြင့် မြေးလေးကို စနောက်လိုက်သည်။

သူ့တွင် လောင်းကစားခြင်း မူလအစကို သုံးရန်အခွင့်အရေး ၃ ကြိမ်ရှိသဖြင့် တစ်ကြိမ်လောက်တော့ လျှောက်ဆော့ကြည့်ခြင်းဖြစ်၏။ ဤလောင်းကြေးအတွက် သူ၏သိက္ခာတရားကိုအဆုံးခံပြီး လောင်းကြေးထပ်ခဲ့သော်လည်း စနစ်၏အကဲဖြတ်ချက်အရ သူ၏သိက္ခာတရားမှာ တန်ဖိုးမရှိသည့်အပြင် အနှုတ်လက္ခဏာပင်ပြနေသဖြင့် အခြားအရာများကိုပါ ထပ်ထည့်လိုက်ရ၏။

ကျိုယန်အင်မော်တယ်ဧကရာဇ်မှာ သွေးရူးသွေးတန်းဖြစ်နေလေပြီ။

“ငါမင်းကိုသတ်မယ် အဖိုး”

သူသည် အင်မော်တယ်ဓားကိုဝှေ့ယမ်းကာ ရှေ့မှရန်သူကို အဆက်မပြတ်ခုတ်သော်လည်း ယခင်လောင်းကြေးမှာ အမြဲတမ်းအတည်ဖြစ်သဖြင့် ကျန်းချန်ကိုမည်သို့မျှမထိခိုက်နိုင်ပေ။

“မြေးလေး... မင်းက တကယ်ကိုရိုင်းစိုင်းပြီး အဖိုးကိုမလေးစားတဲ့ကောင်ပဲ”

ယခုအချိန်တွင် ကျိုယန်အင်မော်တယ်ဧကရာဇ်၌ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး၏အရှိန်အဝါ လုံးဝမကျန်တော့ပေ။

“အား... အဖိုး”

သူသည် ဆံပင်ဖရိုဖရဲဖြင့် စိတ်လွတ်နေသူတစ်ဦးကဲ့သို့အော်ဟစ်ကာ အဓိပ္ပာယ်မရှိသော တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်နေတော့သည်။ သူပြောသမျှစကားတိုင်းမှာလည်း အဖိုးဆိုသည့်စကားလုံးက အလိုအလျောက်ပါနေသဖြင့် သူကိုယ်တိုင်ပင်မထိန်းချုပ်နိုင်တော့ပေ။

“သေစမ်း အဖိုး”

“ဒါက အဖိုး မဖြစ်နိုင်ဘူး...”

“ဒါတွေအားလုံးက အဖိုး အတုအယောင်တွေပဲ...”

ရှိနေသောလူတိုင်းမှာလည်း ၎င်းတို့၏နားကိုပင်မယုံနိုင်အောငဖြစ်နေကြ၏။ ဧကရာဇ်ကြီးတစ်ပါးမှာ အသတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းမျိုးကို သူတို့ နားလည်နိုင်သော်လည်း ယခုကဲ့သို့အခြေအနေမျိုးကိုမူ သူတို့ လုံးဝတွေးမထားမိခဲ့ချေ။ ဧကရာဇ်၏သိက္ခာမှာ မြောင်းထဲကျသွားလေပြီ။

ဂိုဏ်းချုပ်ကျန်းက အစအနောက်သန်လေ၏။ သူ၏လုပ်ရပ်ကြောင့် လူတိုင်းစိတ်ထဲတွင် အင်မော်တယ်ဧကရာဇ်များအပေါ် ကြောက်ရွံ့ရိုသေမှုမှာ လုံးဝပျောက်ကွယ်သွားတော့သည်။

ကျိုယန်အင်မော်တယ်ဧကရာဇ်သည် နောက်ဆုံးတွင် ပါးစပ်ပိတ်သွား၏။ သူပြောသမျှက တစ်ဖက်လူအတွက်အမြတ်ထွက်နေသဖြင့် သူဆက်မပြောရဲတော့ပေ။ သူ့စိတ်ထဲတွင် ကျန်းချန်၏အရိုးကို ပြာချချင်စိတ်တစ်ခုသာရှိတော့သည်။

အစ်ကိုကြီးချန်မှာလည်း တစ်ဖက်လူစကားမပြောတော့သဖြင့် ပျင်းရိလာပြီး လောင်းကစားခြင်း မူလအစ၏ နောက်ဆုံးတစ်ကြိမ်ကိုသုံးကာ ဤကိစ္စကိုအဆုံးသတ်ရန်ပြင်လိုက်သည်။

အစပိုင်းတွင် သူသည် ဤဧကရာဇ်ကိုကျွန်ပြုချင်ခဲ့၏။ သူ၏ကိုယ်ပိုင်စွမ်းအားမှာ ဧကရာဇ်တစ်ပါးနှင့်ယှဉ်လျှင် ဘာမှမဟုတ်သည်ကို သူသိသည်။ အကယ်၍ ဧကရာဇ်တစ်ပါးကို လက်အောက်ခံအဖြစ်ရရှိပါက အလယ်အင်မော်တယ်လောကတွင် မည်သူ့ကိုမျှ ကြောက်စရာမလိုတော့ပေ။ သို့သော် သူ၏လောင်းကြေးများမှာ အင်မော်တယ်ဧကရာဇ်တစ်ဦးကိုကျွန်ပြုရန် မလုံလောက်သည့်အတွက် လက်လျှော့လိုက်ရသည်။

ထို့ကြောင့် နောက်ဆုံးရွေးချယ်မှုအဖြစ် အင်မော်တယ်ဧကရာဇ်ကိုသတ်ရန်သာ ဆုံးဖြတ်လိုက်၏။ သူ့ကို ဤမျှမုန်းတီးနေသူကို အသက်ရှင်လျက်မထားနိုင်ပေ။ သူသည် ကျိုယန်အင်မော်တယ်ဧကရာဇ်နှင့် မီးဖီးနစ်ကို လက်ညှိုးညွှန်လိုက်သည်။

“ငါကျန်းချန်က ငါ့ရဲ့ဘဝတစ်ခုလုံးကို လောင်းကြေးအဖြစ် ပုံအောလိုက်တယ်။ မင်းတို့နှစ်ယောက်လုံး အခုကစပြီး ၃ စက္ကန့်အတွင်းမှာ ဒီနေရာမှာတင်သေစေရမယ်လို့ ငါလောင်းတယ်”

လည်ပတ်နေသောအန်စာတုံးကြီး ရပ်တန့်သွား၏။ ဟိန်းထွက်လာသောအသံကြီးက ကြေညာလိုက်သည်။

“ကျန်းချန်... အနိုင်ရရှိသည်”

ဤအသံကို သုံးကြိမ်ဆက်တိုက်ကြားလိုက်ရသောအခါ အထက်အင်မော်တယ်လောကရှိ အင်အားကြီးပုဂ္ဂိုလ်များမှာ ထိုင်မရထမရဖြစ်ကုန်ကြပြီး လူတိုင်းက သိချင်နေကြသည်...

ကျန်းချန်ဆိုတာဘယ်သူလဲ...

ကျိုယန်အင်မော်တယ်ဧကရာဇ်မှာ ဒေါသတကြီးဖြင့် စကားပြောရန်ကြိုးစားလိုက်သည်။

“မင်းဘာတွေ အဖိုး ပြောနေတာလဲ...”

သူစကားမဆုံးခင်မှာပင်...

ဘုန်း... ဘုန်း...

သွေးမြူတိမ်နှစ်ခု ပေါက်ကွဲထွက်သွားပြီး ကျိုယန်အင်မော်တယ်ဧကရာဇ်နှင့် မီးဖီးနစ်တို့မှာ တစ်ပြိုင်နက်တည်းပျောက်ကွယ်သွား၏။ မူလအစ စည်းမျဉ်း၏ ဖိနှိပ်မှုအောက်တွင် မည်သည့်စွမ်းအားမှ အကာအကွယ်မပေးနိုင်ခဲ့ချေ။ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါပြာဖြစ်သွားကာ သူ၏အင်မော်တယ်တိုင်းပြည်ကြီးမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြိုလဲပျက်စီးသွားတော့သည်။

အစ်ကိုကြီးချန်က ဝတ်စုံလက်စကို တစ်ချက်ခါယမ်းလိုက်ရာ ကောင်းကင်ယံမှ ခရမ်းရောင်မီးလျှံများနှင့် စည်းမျဉ်းကြိုးကွင်းများ ပျောက်ကွယ်သွားပြီး လူတိုင်း လွတ်လပ်သွား၏။

ကျန်းချန်သည် ကျိုယန်အင်မော်တယ်ဧကရာဇ်ချန်ထားခဲ့သော အဆင့် ၉ အင်မော်တယ်ဓားနှင့် မီးကြာပန်းအင်မော်တယ်ရတနာတို့ကို ချက်ချင်းကောက်ယူလိုက်သည်။ သို့သော် သူမျှော်လင့်ထားသည့် သိုလှောင်လက်စွပ်ကို မတွေ့ရပေ။ အင်မော်တယ်ဧကရာဇ်အဆင့်ရှိသူများမှာ သိုလှောင်လက်စွပ်မလိုတော့သည်ကို သူသတိပြုလိုက်မိသောအခါ အနည်းငယ်စိတ်ပျက်သွား၏... ချမ်းသာပြီလို့ ထင်ထားခဲ့တာကိုး။

All Chapters