← Chapters

အညတရသရဲတွေကို ငါမသတ်ဘူး

Vol. 26 Ch. 252

အညတရသရဲတွေကို ငါမသတ်ဘူး

Vol. 26 Ch. 252

အဟမ်း...

အစ်ကိုကြီးချန် ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူပိုင်ဆိုင်ထားသော ပင်မစည်းမျဉ်း ၉၉၂ ခုအကြောင်းကို ထုတ်ပြောပြသင့်သလား။

ထိုစည်းမျဉ်းများမှာ အဆင့်အလွန်မမြင့်သေးသော်လည်း အရေအတွက်မှာမူ အပြတ်အသတ်သာလွန်လှသည်။ စည်းမျဉ်းကြိုးကွင်းများက အခြားသူများကို ချည်နှောင်ထားနိုင်သော်လည်း စည်းမျဉ်း ၉၉၂ ခုဖြင့် ဖွဲ့စည်းထားသော သူ၏ တာအိုနှလုံးသားကို ပိတ်လှောင်ရန်မဖြစ်နိုင်ပေ။

နောက်ဆုံးတော့ရောက်လာပြီပဲ...

သူသည် လက်ထဲရှိ အဆင့် ၄ အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ဤရက်ပိုင်းအတွင်း အတော်လေးအောင့်အီးထားခဲ့ရသမျှ ယခုတော့ ထိုက်တန်သောပြိုင်ဘက်တစ်ဦး ရောက်လာပြီဖြစ်ရာ လူအများရှေ့တွင်ဟန်ထုတ်ရန် အခွင့်ကောင်းပင်။ ထိုရန်သူမှာ အင်အားကြီးလွန်းနေသည်ကိုတော့ သူဂရုမစိုက်ချေ။ စိတ်ကြည်လင်နေသဖြင့် ရှေ့မှအင်မော်တယ်ဧကရာဇ်ကိုကြည့်ရသည်မှာ အဆင်ပြေနေသလိုလို...

“ဒီဂိုဏ်းချုပ်က မင်းရဲ့နာမည်ကို ကိုယ်တိုင်မေးတာ မင်းအတွက်ဂုဏ်ယူစရာပဲ”

“မင်းနာမည်ကို ပြောစမ်း၊ ဒီဂိုဏ်းချုပ်ရဲ့ဓားက အညတရသရဲတွေကို မသတ်ဘူး”

ရဲရင့်သောကြေညာချက်ဟု ထင်ရသော်လည်း လူတိုင်းမှာတော့ သူ့ကိုဝိုင်းဆဲချင်စိတ် ပေါက်နေကြသည်။

အစ်ကိုကြီးရာ... တစ်ခါလောက်တော့ တည်တည်တံ့တံ့နေပါဦးလား။ အဲဒါ အင်မော်တယ်ဧကရာဇ်ကြီးလေ၊ ခင်ဗျားပါးစပ်ထဲမှာတော့ ရန်သူ့နောက်လိုက်လေးတစ်ယောက်လို ဖြစ်နေပြီ။ အညတရသရဲတွေကိုမသတ်ဘူးတဲ့လား...

ခုနကတင် လူပေါင်းသောင်းချီကို နာမည်တောင်မမေးဘဲ ဓားတစ်ချက်တည်းနဲ့သတ်ခဲ့တာ ဘယ်သူမို့လို့တုန်း...

ကျိုယန်အင်မော်တယ်ဧကရာဇ်မှာမူ သူ့ကိုပြန်လည်မတုံ့ပြန်ချေ၊ သိက္ခာကျသည်ဟု ယူဆသောကြောင့်ပင်။

“မင်းကတော့ တကယ်ကိုထူးခြားတဲ့သူပဲ”

အစ်ကိုကြီးချန်က နဖူးပေါ်မှဆံပင်စလေးကို ခါထုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“မင်းမှာအမြင်ရှိသားပဲ”

“…”

သူသည် ရွှေအင်မော်တယ်အဆင့်သာရှိသော်လည်း ကျိုယန်အင်မော်တယ်ဧကရာဇ်က သူ့ကိုလျှော့မတွက်ချေ။

“ဟင်းလင်းပြင်အင်မော်တယ်လောကရဲ့ တံဆိပ်ခတ်နှိပ်မှုကို မင်းဖျက်ဆီးခဲ့တာလား”

ထိုနေရာရှိတံဆိပ်ခတ်နှိပ်မှုမှာ သာမန်လူများဖွင့်နိုင်သောအရာမဟုတ်။ အင်အားရှိရုံသာမက ထိုနေရာသို့အရောက်သွားနိုင်ရန်လည်း လိုအပ်သည်။ အင်မော်တယ်အဆင့်သို့ မတက်လှမ်းခင်ကတည်းက ၎င်းကိုလုပ်ဆောင်နိုင်ခဲ့သည်မှာ သူမည်မျှအစွမ်းထက်သည်ကို ပြသနေခြင်းပင်။ သူ၏စွမ်းအားကို ကျင့်စဉ်အဆင့်တစ်ခုတည်းနှင့် တိုင်းတာ၍မရနိုင်ချေ။

ကျန်းချန်ကလည်း တွန့်ဆုတ်မနေဘဲ ဝန်ခံလိုက်သည်။

“ဒါပေါ့၊ မင်းက ဒီလိုကိစ္စသေးသေးလေးကိုတောင် ကြားဖူးနေတာလား”

သူ့အတွက်မူ ၎င်းမှာ ကြွားလုံးထုတ်ရန် အကောင်းဆုံးကိစ္စတစ်ခုပင်။ နှိမ့်ချပြောဆိုနေသော်လည်း ကမ္ဘာတစ်ခုလုံးသိအောင် အော်ပြောချင်နေ၏။

“ဟားဟား... ငါကလူမသိအောင်နေချင်တာပါ၊ ဒါပေမဲ့ မင်းက လူအများကြီးရှေ့မှာ ထုတ်ပြောလိုက်တော့ ငါနည်းနည်းရှက်သွားတာပေါ့”

မျှော်လင့်ထားသည့်အတိုင်းပင် ဖိနှိပ်ခံထားရသောလူတိုင်း၏ ကျန်းချန်အပေါ် လေးစားအားကျမှု မြင့်တက်သွား၏။ ထိုစဉ်က သူတို့ထွက်ပေါက်ရှာမရဘဲပိတ်မိနေစဉ်တွင် ဂိုဏ်းချုပ်ကျန်းက လမ်းဖွင့်ပေးခဲ့လေသည်။

“ပုံရိပ်ယောင်အင်မော်တယ်ပုလင်းကိုလည်း မင်းပဲချိုးဖျက်ခဲ့တာလား”

“ငါ့လို ချောမောတဲ့လူကလွဲရင် တခြားဘယ်သူကလုပ်နိုင်မှာလဲ”

“မင်းက တကယ်ကိုအရည်အချင်းရှိတာပဲ”

ယခုအခါ ကျိုယန်အင်မော်တယ်ဧကရာဇ်၏ သတ်ကိုသတ်ရမည့်စာရင်းတွင် ကျန်းချန်မှာ ထိပ်ဆုံးရောက်သွားလေပြီ။ သူသာမရှိပါက ၎င်းတို့၏ယခင်အစီအစဉ်များ အောင်မြင်နေသည်မှာ ကြာလေပြီ။ သူသည် အင်မော်တယ်လောက၏ပိတ်ဆို့မှုများကို အကြိမ်ကြိမ်ချိုးဖျက်နိုင်သည့် တစ်ဦးတည်းသောသော့ချက်ဖြစ်ရာ မည်သည့်နည်းနှင့်မဆို သေကိုသေရမည်။

“မြှောက်ပင့်ပေးနေတာပဲ၊ မြှောက်ပင့်ပေးနေတာပဲ”

“ကဲ... ညီလေး၊ ငါတို့ တိုက်ပွဲစလို့ရပြီလား”

ကျိုယန်အင်မော်တယ်ဧကရာဇ်၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သည်။ သူ၏ပုံရိပ်မှာ ဝေဝါးသွားပြီး ပတ်ဝန်းကျင်ရှိ ခရမ်းရောင်မီးလျှံများကျုံ့ဝင်သွားကာ စည်းမျဉ်းကြိုးကွင်းများမှာ လိမ်ယှက်သွား၏။ တစ်ခဏအတွင်းသူသည် အနက်ရောင်မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အချိန်နှင့် အာကာသကိုကျော်လွန်ကာ ကျန်းချန်၏နဖူးတည့်တည့်တွင် ရုတ်တရက်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်တွင် မီးစည်းမျဉ်းကိုကျင့်ကြံသော ကျင့်ကြံသူတိုင်းမှာ ၎င်းတို့၏နှလုံးသားထဲတွင် ဟာလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကမ္ဘာပေါ်မှ ထိုစည်းမျဉ်း ကွယ်ပျောက်သွားသကဲ့သို့ပင်။ အင်မော်တယ်လောကသုံးခုစလုံးရှိ မီးတောက်များမှာလည်း တစ်ပြိုင်နက်ငြိမ်းသွားတော့သည်။ သူကိုယ်တိုင်မှာ မီးစည်းမျဉ်း၏သရုပ်သကန်ဖြစ်လေ၏။

ထို့ကြောင့် အစ်ကိုကြီးချန်မှာ မျှော်လင့်ထားသည့်အတိုင်း ချေမှုန်းခံလိုက်ရသည်။ မည်သည့်အရိပ်အယောင်မျှမကျန်ဘဲ ပျောက်ကွယ်သွား၏။ မီးခိုးတစ်မျှင်ပင် မထွက်ပေါ်ခဲ့ချေ။

အနက်ရောင်မီးလျှံမှာ ကျိုယန်အင်မော်တယ်ဧကရာဇ်အဖြစ် ပြန်လည်၍ပုံပေါ်လာသည်။ ဤတိုက်ခိုက်မှုမှာရိုးရှင်းပုံရသော်လည်း သူ၏နှစ်သန်းပေါင်းတစ်ရာအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုပင်။ ၎င်းမှာ စည်းမျဉ်းများ၏အနှစ်သာရကို တိုက်ခိုက်ခြင်းဖြစ်သဖြင့် အဆင့်နိမ့်အင်မော်တယ်များ လက်နက်သုံး၍တိုက်ခိုက်ခြင်းနှင့် လုံးဝမတူချေ။

“ဂိုဏ်းချုပ်ကျန်း...”

အောက်လောကသားအားလုံးမှာ စကားမပြောနိုင်ကြသော်လည်း နှလုံးသားများတုန်လှုပ်သွားကြသည်။ ဂိုဏ်းချုပ်ကျန်း အသတ်ခံလိုက်ရပြီလား။ အင်မော်တယ်ဧကရာဇ်ကို ရင်ဆိုင်ရသဖြင့် အသတ်ခံရခြင်းမှာ သဘာဝကျသော်လည်း သူတို့၏စိတ်ထဲတွင်မူ မဖြစ်နိုင်ဘူးဟုသာ ထင်နေကြသည်။ ကျန်းချန်ကဲ့သို့လူတစ်ယောက်မှာ ဒီလောက်လွယ်လွယ်နှင့်မသေနိုင်ချေ။

ဖေးရှန်ဂိုဏ်းမှတပည့်များဖြစ်သော ကျိလင်းဟန်၊ လင်းနင်နှင့် လုယွမ်တို့မှာ ပူဆွေးသောကရောက်ကာ မျက်လုံးများပင် ပြာဝေသွားကြသည်။ မိုချန်နှင့် မျက်စိသုံးလုံးကျားသာလျှင် တည်ငြိမ်နေ၏။ မိုချန်က ဂိုဏ်းချုပ်၏ကံတရားကို အလွန်အမင်းယုံကြည်ထားပြီး ကျားကြီးကမူ ဤဟန်ထုတ်ဘုရင်မှာ ဒီအတိုင်းသေသွားလိမ့်မည်ဟု လုံးဝမယုံကြည်ပေ။

ဤအချိန်တွင် အစ်ကိုကြီးချန်သည် ရင်းနှီးနေသော စနစ်၏အသံကို စောင့်နေသည်။

ဒင်...

ထို့နောက် ဘာသံမျှထပ်မထွက်ဘဲ ဖုန်းလိုင်းမမိသကဲ့သို့ တတီတီအသံများသာ ထွက်ပေါ်နေသည်။

ဟေ့... ဟေ့... နောက်မနေနဲ့လေ။ ငါ့ရဲ့ဟန်ထုတ်စက်ကို အားပြန်သွင်းပေးရမယ့်အချိန်မှာမှ လာနောက်နေတယ်...

စနစ်ကို အသစ်မပြင်ဆင်ခဲ့ခြင်း၏ နောက်ဆက်တွဲပြဿနာကို သူယခုမှသိလိုက်ရသည်။ တစ်ခုခုမှားယွင်းသွားပါက သူအမှန်တကယ်သေသွားနိုင်သည်မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် စနစ်မှာ အသည်းအသန်ကြိုးစားပြီးနောက် ပြန်လည်အသက်ဝင်လာသည်။

“ဒင်... လက်ခံသူသည် ကျပန်း မူလစည်းမျဉ်းသုံးကြိမ် အသုံးပြုခွင့်ရရှိသည်”

အဲဒါကဘာကြီးလဲ။ အစ်ကိုကြီးချန်နားမလည်ချေ။

ထို့နောက် သူ၏ရှေ့တွင် ကြီးမားသောစက်ဝိုင်းကြီးတစ်ခုပေါ်လာ၏။ ထိုစက်ဝိုင်းပေါ်တွင် အကွက်ငယ်ပေါင်း ၃,၀၀၀ ရှိပြီး တစ်ကွက်ချင်းစီတွင် သင်္ကေတလေးများပါရှိသည်။ ဓားများ၊ ဓားရှည်များ၊ မီးလျှံများ၊ ရေစက်များ၊ စက္ကူချပ်များ၊ သစ်ရွက်များ... အစရှိသဖြင့်စုံလင်၏။ ဆံပင်တစ်ပင်၊ အဝါရောင်အစက်လေး၊ တိမ်တိုက်... ဒါတွေကလည်း စည်းမျဉ်းတွေလား။

သူအချိန်ဆွဲမနေတော့ဘဲ စတင်ရန်ခလုတ်ကိုနှိပ်လိုက်ရာ စက်ဝိုင်းမှာ အလွန်လျင်မြန်စွာလည်ပတ်သွားတော့သည်...

All Chapters