← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅) ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ သူလျှို၊ လီမိုဟွမ်၏ တာဝန်

~ယခုအခါ…

မြင့်မြတ်သော လေဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေလေသည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ စောင့်ရှောက်သူသည် သူ ကိုယ်တိုင် ပျိုးထောင်ထားသော ညာလက်ရုံး ဖြစ်ပြီး နတ်ဆိုးချုပ်နှောင်မျှော်စင် တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးကို နှစ်ပေါင်းများစွာ တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

သို့သော် ယခုအခါတွင် ဤအရည်အချင်းရှိသော လက်ထောက်ကောင်း တစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မြူခိုးဂိုဏ်း၏ ဝိညာဉ်သားရဲ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

ယဇ်ပလ္လင်၏ အတိတ်ပြန်ကြည့်နိုင်စွမ်း အားနည်းမှုကြောင့် မဟာအကြီးအကဲသည် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို မမြင်တွေ့လိုက်ရဘဲ အစ်ကိုကြီး ခေါင်းပြား ဝင်ရောက်တိုက်ခိုက်သည်ကိုသာ မြင်လိုက်ရခြင်း ဖြစ်သည်။

“တောက်...”

“မြူခိုးဂိုဏ်းရဲ့ ဝိညာဉ်သားရဲက ဘာလို့ စောင့်ရှောက်သူကို လာတိုက်ခိုက်ရတာလဲ...”

“ယဲ့ဖုန်း တစ်ခုခု သတိထားမိသွားပြီလား...”

မဟာအကြီးအကဲသည် မတ်တတ်ရပ်လိုက်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။

“ကြည့်ရတာ မြူခိုးဂိုဏ်းထဲကို သူလျှိုတစ်ယောက် လွှတ်ပြီး ဒီကိစ္စရဲ့ အကြောင်းရင်းကို စုံစမ်းခိုင်းမှ ဖြစ်မယ်... မဟုတ်ရင် ငါတို့ရဲ့ အစီအစဉ်တွေကို ထိခိုက်လာလိမ့်မယ်...”

ထိုသို့ တွေးတောပြီးနောက် သူသည် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းပြီး ထွက်ခွာသွားလေတော့၏။

နောက်တစ်နေ့ နံနက်ခင်း... ရာသီဥတု သာယာကြည်လင်နေလေသည်။

နံနက်စာ စားပြီးနောက် ယဲ့ဖုန်းသည် ကျင့်ကြံရေးမျှော်စင်ထဲမှ ထွက်လာသော ကုန်းချင်းချိုးကို တစ်ချက် ကြည့်လိုက်ရာ သူမသည် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲပြီးစကဲ့သို့ ချွေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသွားလေသည်။

“ဂိုဏ်းချုပ်... ကျင့်ကြံရေးမျှော်စင်က တကယ့်ကို အံ့မခန်းပါပဲရှင်...”

ကုန်းချင်းချိုးသည် ယဲ့ဖုန်းကို တွေ့သည်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ယဲ့ဖုန်းသည် သူမကို အကဲခတ်ကြည့်လိုက်ရာ သူမ၏ ကျင့်ကြံဆင့်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အချိန်မရွေး အဆင့်တက်တော့မည့် အနေအထားတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

“ခင်ဗျားရဲ့ ကျင့်ကြံဆင့်က...”

“အခု ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်နေပါပြီ... မြန်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း မမြန်ပါဘူး... ကျွန်မက အသက်လုပြီး ထွက်ပြေးရတုန်းက ကိုယ့်ကျင့်ကြံဆင့်ကို လျှော့ချခဲ့ရတာလေ... အခုက မူလအဆင့်ကို ပြန်လည် ရယူနေတာမို့လို့ တခြား ကျင့်ကြံသူတွေထက် သဘာဝကျကျ ပိုမြန်နေတာပါ...”

ယဲ့ဖုန်း၏ မျက်လုံးထဲတွင် သံသယများ ရှိနေသည်ကို မြင်သောအခါ ကုန်းချင်းချိုးက ရှင်းပြလေသည်။

“ဒါဆို ခင်ဗျားရဲ့ မူလ ကျင့်ကြံဆင့်က ဘယ်လောက်လဲ...”

“ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် ပါ...”

“မဆိုးဘူးပဲ...”

“ဂိုဏ်းချုပ်... ကျွန်မ ဒုတိယမျိုးဆက် တပည့်တွေကို အရင် သွားသင်ပေးလိုက်ဦးမယ်... ပြီးရင် ရေပေါ်ဖြူမြို့တော်ကို သွားပြီး တရားဝင် ကိစ္စတွေ ဖြေရှင်းရဦးမယ်... နေ့လယ်ကျရင် ပြန်လာပြီး မျှော်စင်ထဲမှာ ဆက်ကျင့်ကြံပါ့မယ်...”

“ကောင်းပြီ... ခင်ဗျား ပင်ပန်းနေပါပြီ... ရော့... သကြားလုံး စားလိုက်ပါဦး...”

ယဲ့ဖုန်းသည် သကြားလုံးအိတ်ကြီး တစ်အိတ်ကို ထုတ်ပေးလိုက်လေသည်။

ဒါက နေ့စဉ် ဆုတောင်းခြင်းမှ ရလာသော အရာပါတည်း..။

“အို... ဂိုဏ်းချုပ်... ကျွန်မက ‘ဆေးဘက်ဝင် သစ်တော်သီး သကြားလုံး’ ကြိုက်တာ ဘယ်လို သိလဲဟင်...”

အဝါရောင် သစ်တော်သီး အရသာ သကြားလုံးတုံးများ ပါဝင်သော အိတ်ကြီးကို လက်ခံရရှိလိုက်သောအခါ ကုန်းချင်းချိုး၏ မျက်လုံးများတွင် မိန်းကလေးဆန်သော ပျော်ရွှင်မှုများ တောက်ပလာလေသည်။

သကြားလုံးကို လက်ခံရယူလိုက်စဉ် သူမ၏ ရင်ထဲတွင် ချိုမြိန်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။

“ဗျာ...”

ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိသည်။

ရိုးရိုးသားသား ပြောရရင် သူက ကြုံရာကျပန်း ဆုတောင်းလိုက်တာလေ... ကုန်းချင်းချိုး အကြိုက်ဆုံး သကြားလုံး ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ...

တိုက်ဆိုင်လိုက်တာ...

“ဂိုဏ်းချုပ်... ကျွန်မ တပည့်တွေကို သွားသင်ပေးလိုက်ပါဦးမယ်...”

ကုန်းချင်းချိုးသည် သကြားလုံးအိတ်ကို ပိုက်လျက် နှုတ်ခမ်းနီလေးများ အနည်းငယ် ပွင့်ဟကာ ခေါင်းငုံ့ပြီး ဖေးလိုင်တောင်ထိပ်ရှိ အကြီးအကဲများ ခန်းမဆောင်ဆီသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

“သူ ပုံမှန် မဟုတ်ဘူးဟ...”

ယဲ့ဖုန်းသည် နုပျိုလန်းဆန်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကုန်းချင်းချိုးကို ကြည့်ပြီး မျက်လုံးများ စူးရှသွားကာ နောက်သို့ မှီလျက် တွေးတောလိုက်မိသည်။

“စနစ်... ကုန်းချင်းချိုး ငါ့ကိုများ စိတ်ဝင်စားနေတာလား...” သူ ကိုယ့်ဘာသာ တွေးမိလိုက်၏။

သူက အရူးမှ မဟုတ်တာ... ကုန်းချင်းချိုး ထွက်သွားတုန်းက အမူအရာ ပုံမှန်မဟုတ်ဘူး ဆိုတာ သူ သိပါသည်...။

(တီ..တီ.. မေးခွန်းဟာ နယ်ပယ် ကျော်လွန်နေပါတယ်...)

စနစ်က သတိပေးလိုက်၏။

ယဲ့ဖုန်းက မျက်လုံးလှန်ပြလိုက်ပြီး လက်ဝှေ့ယမ်းကာ လျစ်လျူရှုလိုက်တော့သည်။

ထို့နောက် မြူခိုးတောင်ထိပ်မှ ဆင်းလာသော လမ်းအတိုင်း လျှောက်လာခဲ့သည်။

ထိုအခိုက်အတန့်၌၊ အဝေးမှ လူတစ်ယောက် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ ထိုလူက တောင်ခြေတွင် ဆင်းသက်ကာ ခေါင်းလောင်းတီးနေလေသည်။

“မြေခွေးတာ့ဟုန်... ဧည့်သည် သွားကြိုလိုက်ဟေး...”

ယဲ့ဖုန်း လှမ်းအော်လိုက်၏။

“စိတ်ချပါ...”

မြေခွေးတာ့ဟုန်သည် ချက်ချင်း တောင်အောက်သို့ ပြေးဆင်းသွားပြီး ခေါင်းလောင်းတီးသူကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီးသို့ ခေါ်ဆောင်လာခဲ့လေသည်။

ဧည့်သည်မှာ ရုပ်ရည်ချောမောသော လူငယ်လေး တစ်ယောက် ဖြစ်သည်။ အသက်မှာ (၂၀) ဝန်းကျင် ရှိသည်။

ယဲ့ဖုန်းထက် အနည်းငယ် ငယ်သော်လည်း ကျင့်ကြံဆင့်မှာ ချီကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အတော်လေး ထူးချွန်သည်ဟု ဆိုရပေမည်။

“မင်းက ဘယ်သူလဲ...”

ယဲ့ဖုန်းသည် လက်ကို နောက်ပစ်ကာ အာဏာရှိသော အကြည့်ဖြင့် မေးလိုက်လေသည်။

“ဂျူနီယာ့ နာမည်က လီမိုဟွမ် ပါ... လွတ်လပ်တဲ့ ကျင့်ကြံသူ တစ်ယောက်ပါ... မြူခိုးဂိုဏ်းက ဒီဒေသရဲ့ ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်သော နယ်မြေ ဖြစ်တယ်လို့ ကြားဖူးတာနဲ့ ဂိုဏ်းဝင်ဖို့ လာလျှောက်ထားတာပါ ခင်ဗျာ...”

လီမိုဟွမ် ဟု အမည်ရသော လူငယ်လေးက ဦးညွှတ်ပြီး ပြောလိုက်လေသည်။

“မင်းက မိုဟွမ် ဟုတ်လား...”

“လီမိုဟွမ် ပါ ခင်ဗျ...”

‘ချီးပဲ’

လူငယ်လေးသည် သူ့နာမည်ပြောင်ကို ရွတ်လိုက်သဖြင့် ယဲ့ဖုန်းကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

တာဝန်သာ မဟုတ်လျှင် သူ ဒီနေရာကို လာချင်မှာ မဟုတ်ပေ။

“ဪ... လီမိုဟွမ်... လက်ကမ်းလိုက်... ဒီဂိုဏ်းချုပ်က မင်းရဲ့ အရိုးတွေကို စမ်းသပ်ပြီး မြူခိုးဂိုဏ်းရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးပေးမယ်...”

ယဲ့ဖုန်းသည် လက်ကို ဆန့်တန်းလိုက်ပြီး ပြောလိုက်၏။

“ဟုတ်ကဲ့ပါ...”

လီမိုဟွမ်သည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်မူ အလွန် ရိုသေလေးစားဟန် ပြသလိုက်လေသည်။

ယဲ့ဖုန်းသည် လီမိုဟွမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

“စနစ်... လီမိုဟွမ်က ဂိုဏ်းဝင်ဖို့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီရဲ့လား...” သူ မေးလိုက်၏။

(တီ..တီ.. သူဟာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင် တပည့် တစ်ဦး ဖြစ်တဲ့အတွက်ကြောင့် အရည်အချင်း မပြည့်မီပါ...)

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

‘သူလျှိုပဲကိုး...

အဆင့်တက်တာ ဒီလောက် မြန်နေတာ မဆန်းပါဘူး... နောက်ကွယ်မှာ ဂိုဏ်းရှိနေမှတော့ ဒီလို အသက်အရွယ်နဲ့ ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတာ အံ့သြစရာ မဟုတ်တော့ဘူးပေါ့…’

သို့သော် သူလျှိုမှန်း သိလိုက်ရသဖြင့် ယဲ့ဖုန်းသည် တစ်ဖက်လူ ဘာအကြံအစည် ရှိလဲ ဆိုတာ သိရအောင် လောလောဆယ် လက်ခံချင်ယောင် ဆောင်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။

“ကောင်းတယ်... မင်းက ငါတို့ မြူခိုးဂိုဏ်းနဲ့ ရေစက် ပါတာပဲ... ဂုဏ်ယူပါတယ်... မင်း အခုကစပြီး မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့် ဖြစ်သွားပြီ...”

ယဲ့ဖုန်းသည် လက်ကို ပြန်ရုတ်လိုက်ပြီး အဆောင်အယောင် အနေဖြင့် အမည်စာရင်း စာအုပ်ကို ထုတ်ကာ လီမိုဟွမ်၏ နာမည်ကို ရေးမှတ်ပြီး ပေါ့ပေါ့ပါးပါး တံဆိပ်တုံး ထုပေးလိုက်လေသည်။

‘သရုပ်ဆောင်နေမှတော့ အစအဆုံး ပီပြင်အောင် လုပ်ရမယ်လေ…’

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”

လီမိုဟွမ် စိတ်ထဲတွင် ကြိတ်၍ ဝမ်းသာသွား၏။

‘အဟေး၊ မြူခိုးဂိုဏ်းထဲ ရောက်သွားပြီ ဆိုတာနဲ့ သူလျှိုအလုပ် စလုပ်လို့ ရပြီ... ဂိုဏ်းချုပ် ပေးထားတဲ့ တာဝန်ကို အမြန်ဆုံး ပြီးအောင် လုပ်ရမယ်…’

“ရှောင်လီ... ငါတို့ မြူခိုးဂိုဏ်းကို ဝင်ပြီးရင် ပထမဆုံး ဘာလုပ်ရမလဲ သိလား...”

ဟု ယဲ့ဖုန်းက အဓိပ္ပာယ်ပါပါ မေးလိုက်၏။

“ဂိုဏ်းအကြောင်း အရင် နားလည်အောင် လုပ်ရမှာ မဟုတ်ဘူးလား ခင်ဗျာ... ဥပမာ... ဂိုဏ်းထဲ လိုက်ကြည့်တာမျိုး၊ နေထိုင်ရမယ့် နေရာတွေ၊ ကျင့်ကြံရမယ့် နေရာတွေ၊ သိုင်းကျမ်းဆောင်၊ နတ်ဆိုးသားရဲဆောင်၊ ဝိညာဉ်ဆေးဥယျာဉ်နဲ့ တခြား နေရာတွေကို မှတ်သားထားတာမျိုးပေါ့...”

လီမိုဟွမ်က မှင်သေသေလေးနှင့် ထိုသို့ ဖြေလိုက်၏။

သူ အားလုံး စီစဉ်ပြီးသား ဖြစ်သည်။

ယဲ့ဖုန်းသာ သူ့ကို မြူခိုးဂိုဏ်း တောင် (၄) လုံး ပတ်လည် လိုက်ပြမည် ဆိုလျှင် အရေးကြီးသော နေရာများ အားလုံးကို အလွယ်တကူ မှတ်တမ်းတင်နိုင်ပြီး တစ်ခုပြီးတစ်ခု ထိုးဖောက်

ဝင်ရောက်နိုင်မည်ပင်။

သို့သော် ယဲ့ဖုန်း၏ နောက်ထပ် စကားသည် လီမိုဟွမ်၏ မျက်နှာထားကို ထူးဆန်းသွားစေခဲ့သည်။

“မဟုတ်ဘူး... မင်း မှားနေပြီ... ငါတို့ ပထမဆုံး လုပ်ရမှာက ဂိုဏ်းရဲ့ ယဉ်ကျေးမှုကို နားလည်အောင် လုပ်တာ မဟုတ်ဘူး... လူသစ် စမ်းသပ်မှု တာဝန်ကို အရင် ထမ်းဆောင်ရမှာ...”

ယဲ့ဖုန်းက လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။

“ဗျာ...”

လီမိုဟွမ် ကြောင်သွား၏။

တာဝန် ရှိသေးတယ် ဟုတ်လား...

ထားလိုက်ပါတော့... ပြီးအောင် လုပ်လိုက်ရင် ပြီးတာပဲလေ...

သာမန် လူသစ် စမ်းသပ်မှုလောက်က ငါ့လို လီမိုဟွမ်ကို အခက်တွေ့အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး...

“ဂိုဏ်းချုပ်... တာဝန်က ဘာလဲ ခင်ဗျာ...”

လီမိုဟွမ်သည် စိတ်အားထက်သန်စွာ မေးလိုက်၏။

“တာဝန်က ဒီစာအုပ်ငယ်ထဲမှာ ရှိတယ်...”

ယဲ့ဖုန်းသည် စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ပြီး လီမိုဟွမ်ကို ပေးလိုက်၏။

“ဘာမှ မရေးထားပါလား...”

လီမိုဟွမ် လှန်ကြည့်လိုက်ပြီး မျက်နှာထား ထပ်မံ ထူးဆန်းသွားရပြန်သည်။

“ဪ... ရေးဖို့ မေ့သွားလို့... ခဏစောင့်...”

ယဲ့ဖုန်းသည် စာအုပ်ငယ်ကို ပြန်ယူလိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲသို့ ဝင်ကာ စာရေးလိုက်၊ ပုံဆွဲလိုက် လုပ်နေလေတော့၏။

လီမိုဟွမ်သည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲတွင် ရပ်နေရင်း အခွင့်ကောင်း ယူကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။

မိုးထိအောင် မြင့်မားပြီး ဖြောင့်တန်းနေသော နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။

‘မြူခိုးဂိုဏ်း၏ ဂိုဏ်းစောင့် နတ်ဘုရားသစ်ပင်ကြီးက တကယ့်ကို စွမ်းအားကြီးတာပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်နဲ့အထက် ကျင့်ကြံဆင့် မရှိရင် ဒီနေရာကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲလိမ့်မယ်…’

လီမိုဟွမ်၏ အကြည့်များ ရွေ့လျားသွားပြီး အဝေးရှိ ကျင့်ကြံရေးမျှော်စင်နှင့် နတ်ဆိုးသားရဲစင်မြင့်ကို တွေ့လိုက်ရ၏။

သို့သော်လည်း ဘာအတွက် အသုံးပြုမှန်း သူ.. မသိပေ။

ရုတ်တရက် လီမိုဟွမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။

“အစ်ကိုကြီး ခေါင်းပြားပါလား...”

နတ်ဆိုးသားရဲစင်မြင့်ပေါ်တွင် အိပ်ပျော်နေသော အစ်ကိုကြီး ခေါင်းပြားကို လီမိုဟွမ် တွေ့လိုက်ရသည်။

သူတို့ ဂိုဏ်းချုပ် ပေးလိုက်သော ပုံထဲကအတိုင်း တစ်ထပ်တည်း ဖြစ်နေသည်ကို သတိထားမိလိုက်၏။

‘ငါသာ အောင်မြင်စွာ စိမ့်ဝင်နိုင်ပြီး တပည့်တွေရဲ့ အထက်တန်းလွှာထဲ ရောက်သွားရင် ဂိုဏ်းချုပ် လိုချင်တဲ့ သတင်းအချက်အလက်တွေကို သေချာပေါက် ရှာဖွေနိုင်မှာပဲ…’

လီမိုဟွမ် သုံးသပ်လိုက်သည်။

*

နာရီဝက်ခန့် ကြာသောအခါ ယဲ့ဖုန်း ပြန်ထွက်လာပါ၏။

“ရှောင်လီ... မင်းရဲ့ တာဝန်က စာအုပ်ငယ်ထဲမှာ ပါတယ်... မြန်မြန်သွားပြီး လုပ်ဆောင်တော့... မှတ်ထားနော်... ပင်ပန်းဆင်းရဲ ခံနိုင်ရမယ်ကွ...”

ယဲ့ဖုန်းသည် လီမိုဟွမ်၏ ပခုံးကို ပုတ်လိုက်၏။

“စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော် တာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်...”

လီမိုဟွမ်သည် လေးနက်သော မျက်နှာထားဖြင့် စာအုပ်ငယ်ကို ယူလိုက်လေသည်။

သို့သော် စိတ်ထဲတွင်မူ ယဲ့ဖုန်း၏ ယုံကြည်မှုကို မည်သို့ ရယူရမည်၊ အဆင့်မြင့် နေရာသို့ တဖြည်းဖြည်း မည်သို့ တက်လှမ်းရမည်၊ မြူခိုးဂိုဏ်း တစ်ခုလုံး၏ အခြေအနေကို ရှင်းလင်းစွာ မည်သို့ နားလည်အောင် လုပ်ရမည်၊ အစ်ကိုကြီး ခေါင်းပြားက စောင့်ရှောက်သူကို သတ်ဖြတ်လိုက်ရသည့် အကြောင်းရင်းကို မည်သို့ စုံစမ်းရမည် စသည်တို့ကို အကြံကြီး ထုတ်နေလေ တော့သည်။

မြူခိုးတောင်ထိပ်၏ ကမ်းပါးစွန်းတွင်...

လီမိုဟွမ်သည် စာအုပ်ငယ်ကို အထင်သေးစွာ ကြည့်လိုက်လေသည်။

“သာမန် တာဝန်လေးပါကွာ... ငါ့ကို အခက်တွေ့အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး...”

“ဟေ... ပထမဆုံး တာဝန်က တောင်အောက်က လင်းရွာကို ဆင်းပြီး အဘိုးဝမ်နဲ့ အဘွားဝူကို သွားရှာရမယ်တဲ့...”

“အဲဒီကျမှ တာဝန် အသေးစိတ်ကို ပြောပြမှာတဲ့...”

“ဒါပေမဲ့ သာမန် လူသားတွေက ငါ့ကို ဘယ်လို ခက်ခဲတဲ့ တာဝန်မျိုး ပေးနိုင်မှာမို့လို့လဲ... ရိုးရှင်းမှာ သေချာပါတယ်... ဟားဟား...”

လီမိုဟွမ်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိဘဲ အေးအေးဆေးဆေး တောင်အောက်သို့ ဆင်းသွားလေသည်။

ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့တွင်...

တောင်အောက်သို့ ဆင်းသွားသော လီမိုဟွမ်ကို ကြည့်ပြီး ယဲ့ဖုန်း တဟီးဟီး ရယ်မောလိုက်လေသည်။

“ဂိုဏ်းချုပ်... ဒီကောင်က ပုန်ကန်ချင်တဲ့ စိတ်ဓာတ် ရှိတယ်ဗျ... ကိုင်တွယ်ရ လွယ်မယ့်ကောင် မဟုတ်ဘူး... ဘာလို့ တပည့်အဖြစ် လက်ခံလိုက်တာလဲ... သူ့ကို ကြည့်ရတာ တစ်မျိုးကြီးပဲ...”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးဆီမှ နက်ရှိုင်းသော အသံ ထွက်ပေါ်လာလေသည်။

“သူက ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းက သူလျှိုမို့လို့ တပည့်အဖြစ် လက်ခံချင်ယောင် ဆောင်လိုက်တာပါ... ရှူး... ဘယ်သူ့ကိုမှ မပြောနဲ့နော်... ပူးပေါင်းဆောင်ရွက်ချင်ယောင် ဆောင်နေလိုက်ပါဗျ...”

ဟု ယဲ့ဖုန်းက အသာ ပြုံးပြီး ပြန်ပြောလိုက်၏။

“ဪ... သဘောပေါက်ပါပြီ...”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးက မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။

*

တောင်အောက်တွင်...၊

လီမိုဟွမ်သည် လင်းရွာသို့ ရောက်ရှိသွားလေသည်။

လူသူနည်းပါးသော ရွာကလေးကို ကြည့်ပြီး သူသည် စာအုပ်ငယ်ကို ထုတ်ကာ ရွာအဝင်ဝတွင် ထိုင်နေသော လူကြီးများကို မေးလိုက်၏။

“အဘိုးဝမ်နဲ့ အဘွားဝူက ဘယ်သူတွေလဲ ခင်ဗျာ... ကျွန်တော် သူတို့ကို လာရှာတာပါ...”

“ငါက မင်းရဲ့ အဘိုးဝမ်ပဲ...”

အပြာရောင် အင်္ကျီဝတ်ထားသော ထိပ်ပြောင်ပြောင် အဘိုးအို တစ်ဦးသည် မတ်တတ်ရပ်လိုက်ပြီး ဆေးတံကို ဖွာရင်း ပြောလိုက်လေသည်။

“ငါက မင်းရဲ့ အဘွားဝူပါ...”

အနည်းငယ် ဝဖြိုးပြီး သဘောကောင်းသော မျက်နှာထားရှိသည့် အဘွားအို တစ်ဦး မတ်တတ်ရပ်လိုက်၏။

“အဘိုး၊ အဘွားတို့ ခင်ဗျာ... ကျွန်တော်က လီမိုဟွမ် ပါ... မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်ပါ... ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ဂိုဏ်းတာဝန် ထမ်းဆောင်ဖို့ ရောက်လာတာပါ...”

“ဪ... မြူခိုးဂိုဏ်းက ကျင့်ကြံသူလေးပဲ... ဝမ်းသာစရာပါလား...”

လူကြီးများသည် အလွန် ပျော်ရွှင်သွားကြလေသည်။

"ဝှီး..."လီမိုဟွမ်သည် သူ၏ လက်ထဲရှိ စာအုပ်ငယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး ဒုတိယစာမျက်နှာကို နောက်ဆုံးတွင် လှန်၍ ရသွားလေသည်။

စိတ်လှုပ်ရှားမှုများနှင့်အတူ သူသည် စာမျက်နှာကို အလျင်အမြန် လှန်လိုက်လေသည်။

ထို့နောက် သူ ကြောင်သွား၏။

‘ဟိုက်..ဒါက ဘာသောက်တာဝန်ကြီးလဲဟ…’

အခန်း (၃၂၆) မူမမှန်သော နောက်ပြောင်မှု တာဝန်၊ ကျွန်တော် ရူးတော့မယ်

~လီမိုဟွမ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေလေသည်။

အဘယ်ကြောင့်ဆိုသော် တာဝန်၏ လိုအပ်ချက်များကို စာအုပ်ငယ်၏ ဒုတိယစာမျက်နှာတွင် အသေးစိတ် ဖော်ပြထားသောကြောင့် ဖြစ်သည်။

“တာဝန် (၁) - အဘိုးဝမ်ကို သစ်ပင် (၁၀၀၀) ခုတ်လှဲရာတွင် ကူညီပေးပြီး ယခုလအတွက် သစ်ထုတ်လုပ်ရေး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ။”

“တာဝန် (၂) - အဘွားဝူကို ဟင်းသီးဟင်းရွက်ခင်းများ ရေလောင်းရာတွင် ချေးရည်များ သယ်ယူပို့ဆောင်ပေးပါ။ (မှတ်ချက် - အဘွားဝူ၏ ဟင်းသီးဟင်းရွက်ခင်းသည် ဧက ၃၀ ကျယ်ဝန်းပြီး ရေပေါ်ဖြူမြို့တော်၏ အဓိက ဟင်းသီးဟင်းရွက် ထုတ်လုပ်ရေး ဧရိယာ ၃ ခုအနက် တစ်ခု ဖြစ်သည်။ ဤတာဝန်ကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ မဟုတ်ပါက နောက်ပိုင်းတွင် စားစရာ ဟင်းသီးဟင်းရွက် ရှိမည် မဟုတ်ပါ။)”

ပထမ တာဝန်ကို လီမိုဟွမ် သည်းခံနိုင်ပါသေးသည်။

‘သစ်ခုတ်တာ လွယ်ပါတယ်ကွာ...

ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ သစ်ပင် ဒါဇင်ချီ၊ ရာချီ ပြိုလဲသွားမှာပဲ... ဘာခက်ခဲတာ မှတ်လို့...

ဒါပေမဲ့ ချေးရည်သယ်ရမယ် ဆိုတာက ဘာသောက်တာဝန်ကြီးလဲ...

ခင်ဗျား နောက်နေတာလား...

ယဲ့ဖုန်းက ငါ သူလျှိုမှန်း သိနေလို့ တမင်သက်သက် အနိုင်ကျင့်နေတာများလား…’

'မဖြစ်နိုင်ပါဘူး...

ယဲ့ဖုန်းက ငါ့ကို တစ်ခါမှ မမြင်ဖူးဘူး... ပြီးတော့ ငါ အပြင်ထွက်တာ ဒါ ပထမဆုံးအကြိမ်ပဲ... ပြင်ပလောကမှာ ငါ့ရဲ့ အထောက်အထားကို သိတဲ့သူ ဘယ်သူမှ မရှိဘူး... ဒါကြောင့် ပေါက်ကြားသွားစရာ အကြောင်း မရှိဘူး...

ပြီးတော့ ငါက အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအရိုး( ဝိဉာဉ် အရိုး ) ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် တစ်ယောက်လေ... သူက ငါ့ကို တမင် အနိုင်ကျင့်စရာ အကြောင်း မရှိပါဘူး... ငါ့ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်လို့ ဖြစ်မှာပါ...

ကောင်းပြီလေ... ငါ ရှောင်လီ... ဖွီ... ငါ လီမိုဟွမ်က ဒီတာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပြပြီး ယဲ့ဖုန်း အထင်ကြီးသွားအောင် လုပ်မယ်... အဲဒီကျရင် အတွင်းစည်းထဲ ချောချောမွေ့မွေ့ ဝင်ရောက်ပြီး သိုင်းကျမ်းဆောင်ထဲက အဆင့်မြင့် သိုင်းနည်းစနစ်တချို့ကို ခိုးယူနိုင်မှာ သေချာတယ်...

ဟဲဟဲ... ငါ့အကြံအစည်က တကယ့်ကို ပြစ်မျိုးမှဲ့မထင်ပါလား... ငယ်ငယ်ကတည်းက လူတွေက ငါ့ကို ဉာဏ်ကောင်းတယ်လို့ ချီးကျူးကြတာ မမှားပါဘူး…’

လီမိုဟွမ်သည် စာအုပ်ငယ်လေးကို သိမ်းဆည်းလိုက်ပြီး အဘိုးဝမ်နှင့် အဘွားဝူတို့အား သူ၏ ဂိုဏ်းတာဝန်အကြောင်း ပြောပြလိုက်လေသည်။

“ဪ... ဂိုဏ်းချုပ်ယဲ့က အင်မော်တယ် ဆရာလေး လီကို စီစဉ်ပေးလိုက်တဲ့ တာဝန်ကိုး... ဒါဆိုရင်တော့ တို့တွေ လက်ခံရမှာပေါ့...”

“အင်မော်တယ် ဆရာလေး လီ... ဒီအဘိုးနဲ့အတူ သစ်ခုတ်လိုက်ခဲ့ပါ...”

အဘိုးဝမ်သည် လီမိုဟွမ်ကို သစ်ထုတ်လုပ်ရေး စခန်းသို့ ဦးစွာ ခေါ်ဆောင်သွားလေသည်။

*

မိုင်အနည်းငယ် အကွာ၌...

သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသော သစ်ထုတ်လုပ်ရေး စခန်း...

အဘိုးဝမ်သည် ထိုနေရာကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“အင်မော်တယ် ဆရာလေး လီ... တို့ရဲ့ တာဝန်က ဒီတောင်ပေါ်သစ်တောထဲက ရေပုံးလောက် ထူပြီး ဖြောင့်တန်းတဲ့ သစ်ပင် (၁၀၀၀) ကို ခုတ်လှဲဖို့ပဲ...”

“လွယ်လွယ်လေးပါ...”

လီမိုဟွမ် ပြုံးလိုက်ပြီး ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ပစ်မှတ်များကို ချက်ချင်း ရှာတွေ့လိုက်လေသည်။

“ချွင်…”

ဝိညာဉ်ဓားသည် ပျံသန်းသွားပြီး သစ်ပင်ကြီး (၅) ပင်ကို အမြစ်မှ ဖြတ်တောက်လိုက်ရာ အပင်များ ဝုန်းခနဲ လဲကျသွားလေသည်။

လီမိုဟွမ် ဆက်လက် ခုတ်လှဲလိုက်၏။

သူ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပေသည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း သစ်ပင် အများအပြား လဲကျသွားပြီး တစ်ခါတစ်ရံတွင် (၁၀) ပင်ကျော်အထိပင် ခုတ်လှဲနိုင်ခဲ့သည်။

“ဘုရားရေ... အင်မော်တယ် ဆရာလေး ဆိုတဲ့အတိုင်း တကယ်ကို အံ့မခန်းပါလား...”

အဘိုးဝမ်သည် ထိပ်ပြောင်ပြောင် ခေါင်းကို ပွတ်သပ်ရင်း မျက်လုံးများ အရောင်လက်နေကာ ဆေးတံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလေသည်။

“ကျုပ်လည်း ကျင့်ကြံချင်လိုက်တာဗျာ... အောင်မြင်မှု တစ်ခုခု ရရင် ပြန်လာပြီး သစ်ခုတ်ရတာ ဘယ်လောက် ကောင်းလိုက်မလဲနော်...”

တစ်နာရီ မပြည့်ခင်မှာပင်...

ဤတောင်ကုန်းပေါ်ရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော သစ်ပင် သုံးပုံနှစ်ပုံခန့် ခုတ်လှဲခံလိုက်ရပြီး သစ်ပင် (၁၀၀၀) တာဝန် ပြီးမြောက်သွားလေသည်။

“ကဲ... ကျွန်တော် ပြန်တော့မယ်...”

လီမိုဟွမ်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ပျံသန်းထွက်ခွာရန် ပြင်လိုက်၏။

“အင်မော်တယ် ဆရာလေး လီ... မလောပါနဲ့ဦး...”

“ဘာကိစ္စ ရှိသေးလို့လဲ...”

“သစ်ထုတ်လုပ်ရေး တာဝန်က အဆင့် (၃) ဆင့် ရှိတယ်... ခုတ်လှဲတာ၊ အကြမ်းထည် ပြုပြင်တာနဲ့ သယ်ယူပို့ဆောင်တာ... အခုမှ ပထမအဆင့်ပဲ ပြီးသေးတာလေ...”

အဘိုးဝမ်၏ ရှင်းပြချက်ကို ကြားသောအခါ လီမိုဟွမ်သည် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပေါက်မှ မီးခိုးထွက်မတတ် ဖြစ်သွားလေသည်။

“သစ်ခုတ်တာက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ...”

လီမိုဟွမ် တကယ်ကြီး ထွက်ပြေးချင်နေမိသည်။

‘ဒါပေမဲ့ ဒါက တာဝန် မဟုတ်ဘူးလား…’

ထို့ကြောင့် သူသည် သက်ပြင်းချလိုက်ပြီး အဘိုးဝမ်ကို မေးလိုက်ရသည်။

“အကြမ်းထည် ပြုပြင်တာကို ဘယ်လို လုပ်ရမှာလဲ...”

“ဒီသစ်တွေကို ရေပေါ်ဖြူမြို့တော် တောင်ဘက်ပိုင်းက သူဌေးတစ်ယောက်က သူ့အိမ်ကြီး ပြန်ဆောက်ဖို့ လိုချင်နေတာ... သစ်တုံး တစ်တုံးစီကို (၉) ပေ အရှည် ထားရမယ်...”

“ဪ...”

လီမိုဟွမ်သည် ဓားကို ပြန်ထုတ်လိုက်ပြီး ‘ဓားထိန်းချုပ်ခြင်း နည်းစနစ်’ ကို အသုံးပြုကာ ဝိညာဉ်ဓားကို ပျံသန်းစေလိုက်၏။ ဝိညာဉ်ဓားသည် သစ်ပင်များ ပတ်လည်တွင် ဝဲပျံသွားပြီး မလိုအပ်သော အကိုင်းအခက်များကို ခုတ်ဖြတ်ကာ (၁၂) ပေ ရှည်သော သစ်ပင်များကို (၉) ပေ သစ်တုံးများ အဖြစ် ပိုင်းဖြတ်လိုက်လေသည်။

“မြန်လိုက်တဲ့ အရှိန်အဟုန်... အင်မော်တယ် ဆရာလေး လီက တကယ် စွမ်းတာပဲ...”

အဘိုးဝမ်က လေးစားအားကျစွာဖြင့် ပြောလိုက်လေသည်။

လီမိုဟွမ်ကမူ သူ့ကို ဓားဖြင့် ခုတ်ပစ်ချင်စိတ် ပေါက်နေမိသည်။

သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ ဤတာဝန်သည် ယဲ့ဖုန်း ပေးအပ်ထားခြင်း ဖြစ်သဖြင့် အဘိုးဝမ်ကို သတ်လိုက်လျှင် သေချာပေါက် အပြစ်ပေးခံရပေလိမ့်မည်။

ထိုအခါ နတ်ဆိုးဂိုဏ်း၏ တာဝန်လည်း ပျက်စီးသွားပေလိမ့်မည်။

‘ငါ သည်းခံရမယ်...ငါ သည်းခံရမယ်’

လီမိုဟွမ်သည် ထိုစကားလုံးများကို စိတ်ထဲတွင် ရွတ်ဆိုရင်း ဆက်လက် လုပ်ကိုင်လိုက်လေသည်။

နှစ်နာရီ ကြာပြီးနောက်...

“အင်မော်တယ် ဆရာလေး လီ... သစ်တွေကို အကြမ်းထည် ပြုပြင်ပြီးပြီ ဆိုရင် တောင်အောက်ကို သယ်သွားပြီး ပုံထားလိုက်ပါ... ခြောက်သွားပြီ ဆိုရင် ဒီအဘိုးက သယ်ယူပို့ဆောင်မယ့်သူ ရှာလိုက်ပါ့မယ်...” အဘိုးဝမ်က ပြောလိုက်၏။

“သောက်ကျိုးနည်း... တောင်အောက်ကို သယ်ရဦးမယ် ဟုတ်လား...”

လီမိုဟွမ် ဒေါသတကြီး

အံကို ကြိတ်လိုက်သည်။

‘ငါ သည်းခံရမယ်…’

သူသည် ဓားကို သိမ်းဆည်းလိုက်ပြီး ပထမအဆင့် သိုင်းနည်းစနစ် ‘လူ့ဘီလူး ခွန်အား’ ကို အသုံးပြုကာ တစ်ခါသယ်လျှင် သစ်တုံး ဒါဇင်ချီ ထမ်းလျက် တောင်အောက်သို့ အပြေးအလွှား သယ်ယူပို့ဆောင်လေတော့၏။

လီမိုဟွမ် သစ်ထုတ်လုပ်ရေး တာဝန် ပြီးဆုံးသွားသောအခါ နေဝင်ရီတရော အချိန် ရောက်ရှိနေပြီ ဖြစ်သည်။

“သောက်ကျိုးနည်း... တစ်နေ့လုံး ကုန်သွားပြီ...”

လီမိုဟွမ်သည် သစ်ထုတ်လုပ်ရေး စခန်းမှ ထွက်ခွာလာပြီး သစ်တောထူထပ်သော နေရာသို့ ဝင်ရောက်ကာ ‘စက္ကူကြိုးကြာ စာပို့လုလင်’တစ်ကောင်ကို ထုတ်ယူပြီး လွှတ်တင်လိုက်လေသည်။

အမွှေးတိုင်တစ်ဝက်စာ ကြာပြီးနောက်...

အနီးနားတွင် လှည့်လည်သွားလာနေသော မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် စက္ကူကြိုးကြာကို လက်ခံရရှိလိုက်လေသည်။

“ဂိုဏ်းချုပ်... ကျွန်တော် မြူခိုးဂိုဏ်းထဲကို စိမ့်ဝင်နိုင်ခဲ့ပါပြီ... လက်ရှိမှာ ယဲ့ဖုန်း ပေးထားတဲ့ ထူးဆန်းတဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်... ဒီတာဝန်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ရင် အသိအမှတ်ပြုခံရမှာ သေချာပါတယ်...”

ဒါက လီမိုဟွမ်ရဲ့ မူရင်းစကားတွေပဲ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်လေသည်။

“အိမ်း..လီမိုဟွမ် ဆိုတဲ့အတိုင်းပဲ... ဒီကလေးက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတယ်... သူ ကိုင်တွယ်နေမှတော့ ငါ စိတ်အေးရပြီ...”

မဟာအကြီးအကဲသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပျံသန်းရေး အလင်းတန်းကို ထိန်းချုပ်ကာ မြင့်မြတ်သော လေဓားဂိုဏ်းသို့ ပြန်သွားပြီး အခြား ကိစ္စရပ်များကို စီစဉ်ရန် ပြင်ဆင်လိုက်လေတော့၏။

နေဝင်ချိန် ရောက်ရှိလာပြီ ဖြစ်သည်။

လီမိုဟွမ်သည် အဘွားဝူကို ရှာတွေ့လိုက်လေသည်။

“အင်မော်တယ် ဆရာလေး လီ... မိုးချုပ်နေပါပြီ... ချေးရည်သယ်ပြီး ဟင်းသီးဟင်းရွက် ရေလောင်းမယ့် တာဝန်ကို မနက်ဖြန်မှ လုပ်လို့ မရဘူးလား...”

“အဲဒါ ကောင်းသားပဲ...”

လီမိုဟွမ်သည် ချက်ချင်း လှည့်ထွက်လိုက်ပြီး မြူခိုးတောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်၏။ သို့သော် ဧည့်တွေ့ ခေါင်းလောင်း ရှေ့တွင် မမြင်ရသော စွမ်းအားတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး တောင်ပေါ်သို့ တက်၍ မရတော့ပေ။

“လခွမ်း... ဂိုဏ်းကာကွယ်ရေး ဝင်္ကပါက ငါ့ကို ပိတ်ဆို့ထားပါလား...”

အခြား ရွေးချယ်စရာ မရှိသဖြင့် လီမိုဟွမ်သည် ဧည့်တွေ့ ခေါင်းလောင်းကို တီးလိုက်လေသည်။

မကြာမီ... ကြက်ပေါင်ကြီး တစ်ချောင်းကို ကိုက်လျက် မြေခွေးတာ့ဟုန်သည် တက်ကြွစွာဖြင့် တောင်အောက်သို့ ရောက်ရှိလာလေသည်။

“မင်းပဲလား... ဘာကိစ္စလဲ...”

“ကျွန်တော် ဒီည ဂိုဏ်းထဲ ပြန်အနားယူပြီး မနက်ဖြန်မှ တာဝန် ဆက်လုပ်ချင်လို့ပါ...”

ဟု လီမိုဟွမ်က ခွင့်တောင်းလိုက်၏။

သူ ဆုံးဖြတ်ထားသည်မှာ ယနေ့ညတွင် လမ်းပျောက်ချင်ယောင်ဆောင်ပြီး မြူခိုးဂိုဏ်းအတွင်းရှိ အံ့ဖွယ်ရတနာ နေရာအမျိုးမျိုးသို့ ဝင်ရောက်ကာ အရေးကြီးသော သတင်းအချက်အလက်များကို ရယူရန် ဖြစ်သည်။

“ဂိုဏ်းချုပ်က မှာလိုက်တယ်... တာဝန် နှစ်ခုစလုံး ပြီးမှ ဂိုဏ်းထဲ ပြန်လာလို့ ရမယ်တဲ့...”

ပြောပြီးသည်နှင့် မြေခွေးတာ့ဟုန်သည် တောင်ထိပ်ပေါ်သို့ ပြန်လည် ပြေးတက်သွားလေတော့၏။

လီမိုဟွမ် နေရာမှာတင် ကျောက်ရုပ် ဖြစ်သွားရရှာသည်။

ခဏကြာသောအခါ သူသည် လူသူကင်းမဲ့သော နေရာသို့ လျှောက်သွားလိုက်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာကာ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

“ယဲ့ဖုန်း... ငလူးကောင်...”

သူ အလွန် ဒေါသထွက်နေပြီး လင်းရွာဘက်သို့ ဦးတည်သွားလိုက်၏။

အဘွားဝူ ညစာ စားနေချိန် ဖြစ်သည်။ လီမိုဟွမ်က ချေးရည်သယ်ပြီး ဟင်းသီးဟင်းရွက် ရေလောင်းချင်ကြောင်း ပြောလာသောအခါ သူမ အံ့သြလွန်းသဖြင့် တူများပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“အင်မော်တယ် ဆရာလေး လီ... တကယ်ကြီး ဒီလောက် ပင်ပန်းခံဖို့ လိုလို့လား...”

“ဒါ ဂိုဏ်းချုပ်ရဲ့ အမိန့်ပါ...”

လီမိုဟွမ် တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။

“ဒါဆိုရင် အင်မော်တယ် ဆရာလေး လီ... မြို့အရှေ့တောင်ဘက်က ဟင်းသီးဟင်းရွက်ခင်းကို လိုက်ခဲ့ပါ...”

အဘွားဝူသည် တောင်ဝှေးကို ထောက်လျက် လူငယ်အချို့နှင့်အတူ လီမိုဟွမ်ကို လမ်းပြခေါ်ဆောင်သွားလေသည်။

လမ်းတစ်လျှောက်လုံး မှောင်မိုက်နေလေသည်။

လီမိုဟွမ်သည် ဒေါသထွက်လွန်းသဖြင့် ဓားဆွဲထုတ်ပြီး ဘေးနားက လူတွေကို ခုတ်သတ်ပစ်ချင်စိတ် ပေါက်နေမိသည်။

“အဘွား... အဘွားက တောင်ခြေမှာ နေတာဆိုတော့ ဂိုဏ်းချုပ်ကို မြင်ဖူးမှာပေါ့နော်...”

လီမိုဟွမ်က အသံတိမ်တိမ်ဖြင့် မေးလိုက်၏။

တပြိုင်နက်ပင်၊ သူ့လက်ထဲမှ ဝိညာဉ်ဓားသည် သုံးလက်မခန့် ကျွတ်ထွက်လာလေသည်။

“သိတာပေါ့ကွဲ့... အရင်တုန်းက ဂိုဏ်းချုပ်ယဲ့က တို့ရွာကို နတ်ဆိုးတွေရန်ကနေ ကူညီပေးခဲ့ဖူးတာလေ... ရွာထဲက လူတိုင်း သူ့ကို သိကြပါတယ်...” အဘွားဝူက ရယ်မောရင်း ပြောလိုက်လေသည်။

လီမိုဟွမ်၏ လက်ထဲမှ ဓားသည် ချက်ချင်း ပြန်ဝင်သွားတော့၏။

‘သောက်ကျိုးနည်း... ဒီလူတွေက ယဲ့ဖုန်းကို တကယ် သိနေကြတာပဲ... ကြည့်ရတာ လူသတ်လို့ ဖြစ်မယ့်ပုံ မပေါ်ဘူး... မဟုတ်ရင် ပြဿနာ ပိုတက်လိမ့်မယ်…’

လီမိုဟွမ်၏ စိတ်အခြေအနေသည် အလွန် ဆိုးရွားနေကြောင်း ဝန်ခံရပေမည်။

သူ ရုတ်တရက် နေ့စဉ်မှတ်တမ်း ရေးချင်စိတ် ပေါက်လာသည်။

ယနေ့ ကြုံတွေ့ခဲ့ရသော မကျေနပ်ချက်များနှင့် ဒေါသများ အားလုံးကို စာရွက်ပေါ်တွင် ဖွင့်ထုတ်ပစ်လိုက်ချင်သည်။

မိုင်အနည်းငယ် အကွာ၌...

အဘွားဝူသည် ဧက (၃၀) ခန့် ကျယ်ဝန်းသော ဟင်းသီးဟင်းရွက်ခင်းကြီးနှင့် မလှမ်းမကမ်းရှိ ချေးတွင်းကြီး တစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“အဲဒါ ချေးတွင်းပဲ... အထဲက အရာတွေ အားလုံး ရေပေါ်ဖြူမြို့တော်က လာတာ... ဟင်းသီးဟင်းရွက် ရေလောင်းဖို့ သီးသန့် သုံးတာလေ...”

“ကျေးဇူးတင်ပါတယ် အင်မော်တယ် ဆရာလေး လီ...”

အဘွားဝူသည် လူငယ်အချို့၏

တွဲကူမှုဖြင့် လင်းရွာသို့ ပြန်သွားလေသည်။

သစ်ပင်ရိပ် အောက်တွင်...

လီမိုဟွမ် မတ်တတ်ရပ်နေသည်။

လရောင်သည် သစ်ပင်ကြားမှ ဖြာကျလာပြီး သူ၏ မျက်နှာပေါ်တွင် ဖြူဖပ်ဖြူရော် အလင်းကွက်များ ဖြစ်ပေါ်စေကာ သူ၏ အကြည့်များကဲ့သို့ပင် အေးစက်နေလေ၏။

“ချေးရည်သယ်ရမယ်တဲ့... သယ်လိုက်ရမယ့် ချေး...”

လီမိုဟွမ်သည် သစ်ပင်တစ်ပင်ကို ကန်ကျောက်လိုက်ပြီး ချေးရည်သယ်ရန် ပြင်ဆင်လိုက်လေသည်။

အနံ့က ဆိုးဝါးလွန်းလှသည်။

ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အနံ့ကို ကာကွယ်ထားနိုင်သော်လည်း ချေးရည်သယ်နည်း မကျွမ်းကျင်သဖြင့် မကြာခဏ ဖိတ်စင်ကာ မြေကြီးပေါ် ကျပြီး ခြေထောက်များကို စိုရွှဲသွားစေသည်။

ခံစားချက်ကတော့... ရှယ်ပဲ...

မကြာမီ... သူ၏ တစ်ကိုယ်လုံး နံစော်နေလေတော့၏။

ဟင်းသီးဟင်းရွက်ခင်းမှာမူ (၁၀) ပုံ (၁) ပုံခန့်သာ ရေလောင်းရသေးသည်။

ကောင်းကင်ပေါ်မှ ဖြူဖွေးသော လမင်းကြီးကို မော့ကြည့်ပြီး လီမိုဟွမ်သည် စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။

“ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတဲ့ ပါရမီရှင် တစ်ယောက်ကို ချေးရည်သယ်ခိုင်းတယ် ဟုတ်လား...”

အော်ဟစ်ပြီးနောက် သူသည် ချေးရည် ဆက်သယ်ရရှာလေသည်။

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် ဇိမ်ပြေနပြေ လဲလျောင်းနေပြီး ကောင်းကင်မေးမြန်းကြေးမုံမှတစ်ဆင့် လီမိုဟွမ်၏ လှုပ်ရှားမှုများကို ကြည့်ရှုကာ ‘ခွီး ခွီး ခွီး’ ဟု ရယ်မောနေလေသည်။

“ရှောင်လီ... ကောင်းကောင်းမွန်မွန် မနေချင်ဘဲ သူလျှို လာလုပ်ချင်တယ်ပေါ့လေ... မင်းကို ချေးကန်ထဲမှာ အိပ်ခိုင်းပစ်လိုက်မယ်…”

အခန်း (၃၂၇) ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတဲ့ ကျွန်တော်က ဒီလိုအလုပ်မျိုး လုပ်ရမယ်တဲ့လား

~လီမိုဟွမ်သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော ခံစားချက်ကို ဖိနှိပ်လိုက်ပြီး ချေးရည်များကို ဟင်းသီးဟင်းရွက်ခင်းထဲသို့ ဆက်လက် လောင်းထည့်လိုက်လေသည်။

ဤအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သော်လည်း သူသည် 'ဝက်သားမစားဖူးပေမယ့် ဝက်ပြေးတာတော့ မြင်ဖူးသည်' ဆိုသော စကားအတိုင်း ဘာလုပ်ရမည်ကို ယေဘုယျအားဖြင့် သိလေသည်။

ညဉ့်နက်လာတော့၏။

ဟင်းသီးဟင်းရွက်ခင်း ဧက (၃၀) လုံး ရေလောင်းပြီးသွားခဲ့ပြီ။

လီမိုဟွမ်သည် ချေးပုံးကို လွှင့်ပစ်လိုက်ပြီး မြက်ခင်းပေါ်တွင် ပက်လက်လှန် လဲလျောင်းလိုက်၏။ သူ့တစ်ကိုယ်လုံးတွင် ချေးများ ပေကျံနေပြီး အနံ့အသက် ဆိုးဝါးလှပေသည်။

“ယဲ့ဖုန်း... ငလူးကောင်...”

ဒါက လီမိုဟွမ် (၄၃၅) ကြိမ်မြောက် ကျိန်ဆဲလိုက်ခြင်းပင်။

ရုတ်တရက် သူ ကုန်းရုန်းထလိုက်ပြီး နှုတ်ခမ်းထောင့်များတွင် ကောက်ကျစ်သော အပြုံး တစ်ခု ပေါ်လာလေသည်။

“အခု တာဝန် နှစ်ခုလုံး ပြီးသွားပြီဆိုတော့... ဂိုဏ်းထဲ ပြန်လို့ ရပြီပေါ့...”

သူသည် သိုင်းနည်းစနစ်တစ်ခုကို အသုံးပြုလိုက်ပြီး တောင်ခြေသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးသွားလိုက်၏။

သို့သော် ဝင်္ကပါက သူ့ကို နောက်တစ်ကြိမ် ပိတ်ဆို့ထားပြန်သည်။

“ဟေး... ဘာလို့ တက်မရတာလဲ...”

လီမိုဟွမ်သည် မြေကြီးပေါ်တွင် အိပ်ပျော်နေသော မြေခွေးတာ့ဟုန်ကို လှမ်းအော်မေးလိုက်၏။

“ဟေ...”

မြေခွေးတာ့ဟုန်သည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နိုးလာပြီး လီမိုဟွမ်ကို မြင်လိုက်ရသောအခါ ပြောလိုက်၏။

“တာဝန် စာအုပ်ငယ်ထဲမှာ ရေးထားတယ် မဟုတ်လား... တာဝန် နှစ်ခု ပြီးမှ ဂိုဏ်းထဲ ပြန်လာလို့ ရမယ် ဆိုပြီး...”

“ငါ ပြီးသွားပြီလေ…”

လီမိုဟွမ် အော်ဟစ်မိသွား၏။

မြေခွေးတာ့ဟုန်သည် ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ပြီး အံ့သြသွားသည်။

“ဪ... နောက်တစ်ရက် ကူးသွားပြီပဲ... ဒါဆို မင်းမှာ တာဝန်သစ်တွေ ရှိနေမှာပေါ့...”

“မှန်တယ်... နေ့တိုင်း တာဝန်တွေ ရှိတယ်... တစ်နေ့တာ တာဝန် အားလုံး ပြီးမှ ဂိုဏ်းထဲ ပြန်လာလို့ ရမှာ...”

ပြောပြီးသည်နှင့် မြေခွေးတာ့ဟုန်သည် ပြန်လှဲချလိုက်ပြီး ဆက်လက် အိပ်စက်လေတော့၏။

မြေခွေးတာ့ဟုန်သည် ဝင်္ကပါ အတွင်း၌ ရှိနေသဖြင့် လီမိုဟွမ်သည် ဓားထုတ်ပြီး ခုတ်ချင်လျှင်တောင် ခုတ်၍ မရနိုင်ပေ။

“မြက်... အပင်တစ်မျိုး ...”

လီမိုဟွမ်သည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားရောက်ပြီး တာဝန် စာအုပ်ငယ်ကို ထုတ်လိုက်လေသည်။

သူ နောက်တစ်မျက်နှာသို့ လှန်လိုက်၏။

စာလုံးများစွာသည် စာမျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာလေသည်။

“ပထမနေ့ တာဝန်များ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်... ယခု ဒုတိယနေ့ တာဝန်များ စတင်ပါမည်...”

“တာဝန် (၁) - ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး ကျိုးကျားချိုင်ကို ရှာဖွေပြီး ညအမှောင်ကို အကာအကွယ်ယူကာ ရေပေါ်ဖြူမြို့တော်၏ ရေမြောင်းများကို ရှင်းလင်းပေးပါ။”

“တာဝန် (၂) - ရေပေါ်ဖြူမြို့တော် မြောက်ဘက်ရှိ နေရောင်ခြည် ဝက်ခြံသို့ သွားရောက်ပြီး ပိုင်ရှင်ကို ကူညီကာ ဝက် အကောင် (၁၀၀) သတ်ပေးပါ။”

“တာဝန် (၃) - မြို့အနောက်ဘက်ရှိ ကြက်ခြံသို့ သွားရောက်ပြီး ကြက်ဥ အလုံး (၃၀၀၀) ကောက်ယူပါ။ (ဂိုဏ်းချုပ်၏ မေတ္တာရပ်ခံချက် - ကြက်ဥများကို ဂရုတစိုက် ကိုင်တွယ်ပါ... မဟုတ်ပါက ကွဲသွားနိုင်ပါသည်။)”

“တာဝန် (၄) - အနောက်တောင်ဘက် နွားခြံရှိ နို့စားနွားမများ အားလုံးကို ရေချိုးပေးပြီး နို့ပုံးကြီး (၃) ပုံး ပြည့်အောင် ညှစ်ပေးပါ။”

“ဂိုဏ်းချုပ်၏ မေတ္တာရပ်ခံချက် - တာဝန်များကို အစီအစဉ်အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်ရပါမည် (✪ω✪)!”

အထက်ပါ တာဝန် (၄) ခုနှင့် မေတ္တာရပ်ခံချက် အနောက်မှ လက်ဆွဲ ရုပ်ပြောင်ကို မြင်လိုက်ရသောအခါ လီမိုဟွမ်သည် ဒေါသထွက်လွန်းသဖြင့် စာအုပ်ငယ်ကို ဆွဲဖြဲပစ်မတတ် ဖြစ်သွားပြီး မျက်နှာ ရှုံ့မဲ့သွားလေတော့၏။

“ယဲ့ဖုန်း... ခင်ဗျား ကျုပ်နဲ့ ကစားနေတာလား...”

လီမိုဟွမ် အံကို တင်းတင်း ကြိတ်လိုက်မိသည်။

သို့သော် သူလျှိုတာဝန်အတွက် သူသည် (...) ကြိမ်မြောက် သည်းခံလိုက်ရပြန်သည်။ သူသည် ဝိညာဉ်ဓားပေါ် တက်လိုက်ပြီး ရေပေါ်ဖြူမြို့တော်ဆီသို့ ပျံသန်းသွားကာ ဒုတိယတပ်မှူး ကျိုးကျားချိုင်ကို ဦးစွာ ရှာဖွေရန် ဆုံးဖြတ်လိုက်၏။

"ဝှစ်..."

လေထဲတွင် လီမိုဟွမ် ပျံသန်းနေလေသည်။

“ယဲ့ဖုန်း... သူတောင်းစား...”

သူ ဆက်လက် ကျိန်ဆဲလိုက်မှသာ စိတ်သက်သာရာ ရသွားလေတော့၏။

“ဘယ်သူလဲ...”

ရေပေါ်ဖြူမြို့တော်သို့ ရောက်သည်နှင့် တပြိုင်နက် ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ တစ်ဖွဲ့သည် သူ့ကို ဝိုင်းရံပြီး လမ်းပိတ်လိုက်ကြသည်။

ခေါင်းဆောင်မှာ ဒုတိယတပ်မှူး ကျိုးကျားချိုင်ပင် ဖြစ်ချေသည်။

“ကျွန်တော်က လီမိုဟွမ် ပါ... မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်ပါ... ချပ်ဝတ်နက် အစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူးကို လာရှာတာပါ... ပြီးတော့... ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ပါ...”

‘ရေမြောင်း ဆေးရမယ်’ ဆိုသော ကိစ္စကို ထုတ်ပြောရန် လီမိုဟွမ် အလွန် ရှက်ရွံ့နေမိသည်။

“ဪ... မြူခိုးဂိုဏ်းက ပါရမီရှင် တပည့်လေးကိုး... ကျုပ်က ကျိုးကျားချိုင်ပါ... ဘာကိစ္စများ ဆွေးနွေးချင်လို့ပါလဲ...”

ကျိုးကျားချိုင်က လက်သီးဆုပ် ဂါရဝပြုရင်း မေးလိုက်၏။

လီမိုဟွမ်သည် ဘေးပတ်လည်ရှိ ဒါဇင်နှင့်ချီသော အစောင့်တပ်သားများကို ကြည့်လိုက်ပြီး ပါးစပ် မဲ့သွားမိ၏။

ဒီလောက် လူအများကြီး ရှေ့မှာ ပြောရမှာလား...

ငါ့မှာ သိက္ခာ မရှိတော့ဘူးလား...

လီမိုဟွမ် တိတ်တဆိတ် ညည်းတွားလိုက်၏။ ထို့နောက် ဓားကို ကိုင်လျက် ပြောလိုက်၏။

“ဒီကိစ္စကို နီးစပ်ရာ သီးသန့် နေရာတစ်ခုမှာ ဆွေးနွေးလို့ ရမလားဗျာ...”

“ရတာပေါ့...”

ကျိုးကျားချိုင် သဘောတူလိုက်၏။

လူသူကင်းမဲ့သော လမ်းတစ်ခုတွင်...

“ဪ... ရေမြောင်း ဆေးဖို့ ကိစ္စကိုး... ဂိုဏ်းချုပ်ယဲ့က သူ့တပည့်တွေကို လေ့ကျင့်ပေးဖို့ တကယ် အားစိုက်ထုတ်တာပဲ... လာ... လိုက်ခဲ့...”

အကြောင်းရင်း သိသွားသောအခါ ကျိုးကျားချိုင်က လမ်းပြလေသည်။

(၁၅) မိနစ် ကြာပြီးနောက်...

လီမိုဟွမ်သည် မြေအောက်လမ်းကြောင်းမှတစ်ဆင့် ရေပေါ်ဖြူမြို့တော်၏ ရေမြောင်းများထဲသို့ ရောက်ရှိသွား၏။

မြို့တော်၏ ရေဆင်းစနစ်သည် အတော်လေး ကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ရေမြောင်းသည် (၃) မီတာ ကျယ်ဝန်းပြီး (၃) မီတာ မြင့်မားကာ ရေပုပ်ရေစပ်များ စီးဆင်းနေသော သီးသန့် လမ်းကြောင်းများ ပါရှိပြီး မြို့ပြင်ရှိ စုဆောင်းရေး ကန် (၃) ခုဆီသို့ စီးဆင်းသွားလေသည်။

“မကြာသေးမီက ရတဲ့ သတင်းတွေအရ ရေမြောင်း (၃) နေရာ ပိတ်ဆို့နေတယ်... အားလုံးက ဒီနားတဝိုက်မှာပဲ... ကဲ... ဆရာလေး တာဝန်ယူလိုက်ပါတော့...”

ပြောပြီးသည်နှင့် ကျိုးကျားချိုင်သည် ပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။

လီမိုဟွမ် ကျန်ရစ်ခဲ့သည်။

သူသည် ဤရေမြောင်းကြီးကို ဓားဖြင့် နှစ်ပိုင်းပိုင်းပစ်ချင်စိတ် ပေါက်နေမိသည်။

“...”

သူ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ရေမြောင်းထဲတွင်...

လီမိုဟွမ်သည် ခဏကြာ လမ်းလျှောက်သွားပြီးနောက် ပိတ်ဆို့နေသော နေရာကို တွေ့လိုက်ရသည်။ အမှိုက်သရိုက်များ၊ ကျောက်ခဲကျိုးများနှင့် သစ်ကိုင်းသစ်ခက်များ ပိတ်ဆို့နေခြင်း ဖြစ်သည်။

“ကြမ်းတမ်းသော မုန်တိုင်းလှိုင်း...”

လီမိုဟွမ်သည် လက်ဟန်များ ပြုလုပ်လိုက်ပြီး မုန်တိုင်း တစ်ခုကို အမှိုက်ပုံဆီသို့ ပစ်လွှတ်လိုက်ရာ အမှိုက်များ ကွဲကြေသွားပြီး ရေပုပ်ရေစပ်များနှင့်အတူ မျောပါသွားလေတော့၏။

“စဉ်းစားကြည့်စမ်း... ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတဲ့ ငါက ရေမြောင်းရှင်းဖို့ သိုင်းနည်းစနစ်တွေ သုံးနေရတယ်တဲ့လား... ဒါက... ဘယ်သူ့ကိုမှ လုံးဝ ပေးသိလို့ မဖြစ်ဘူး...”

လီမိုဟွမ် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းရွဲ့မတတ် ဖြစ်သွားလေသည်။

တစ်နာရီ ကြာပြီးနောက်...

(၁၀) မိုင်ကျော် ခရီးနှင်ပြီးနောက် လီမိုဟွမ်သည် ပိတ်ဆို့မှု အများအပြားကို ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးသည် နံစော်နေလေသည်။

အကယ်၍ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အနံ့ကို မကာကွယ်ထားလျှင် အခုလောက်ဆို အော့အန်နေလောက်ပြီ ဖြစ်သည်။

နောက်ထပ် နာရီဝက် ကြာသွား၏။

နောက်ဆုံးတွင် လီမိုဟွမ်သည် ရေမြောင်း အားလုံးကို ရှင်းလင်းပြီးသွားပြီ ဖြစ်၍ ဒုတိယတပ်မှူး ကျိုးကျားချိုင်ထံ သွားရောက် အစီရင်ခံလိုက်လေသည်။

“ပင်ပန်းသွားပါပြီ... တာအိုရောင်းရင်းလီ... ရေပေါ်ဖြူမြို့တော်အတွက် ဒီလောက် ကြိုးစားပေးတဲ့ မြူခိုးဂိုဏ်းသား ရှိတာ တကယ့် ကံကောင်းခြင်းပါပဲ...”

“အင်း...”

လီမိုဟွမ်သည် ဝိညာဉ်ဓားပေါ် တက်ပြီး အမြန်ဆုံး ပျံသန်း ထွက်ခွာသွားတော့သည်။

မြို့ပြင် ရောက်သောအခါ စီးဆင်းနေသော ရေမြစ်ကို တွေ့လိုက်ရသဖြင့် ရေထဲသို့ ခုန်ဆင်းပြီး ပြောင်စင်အောင် ဆေးကြောလိုက်သည်။

ကိုယ်ပေါ်မှ ညစ်ပတ်နေသော အဝတ်အစားများကိုမူ နေရာမှာတင် လွှင့်ပစ်လိုက်လေသည်။

“ဒါက ပထမဆုံး တာဝန်ပဲ ရှိသေးတယ်... နောက်ထပ် (၃) ခု ကျန်သေးတယ်... မိုးမလင်းခင် ငါ သေချာပေါက် ပြီးအောင် လုပ်နိုင်ရမယ်...”

“ပြီးရင် မြူခိုးဂိုဏ်းကို ပြန်သွားပြီး စောင့်ရှောက်သူ သေဆုံးရတဲ့ အကြောင်းရင်းကို အခွင့်ကောင်းယူ စုံစမ်းရမယ်...”

ထိုသို့ တွေးတောရင်း လီမိုဟွမ်သည် ဝိညာဉ်ဓားကို စီးနင်းကာ မြို့တော်မြောက်ဘက်သို့ ပျံသန်းသွားတော့သည်။

*

နေရောင်ခြည် ဝက်ခြံ...

ဤနေရာသည် ဧက တစ်ထောင်နီးပါး ကျယ်ဝန်းပြီး ဝက်စာပင်များနှင့် မြက်စိမ်းများ ဝန်းရံထားလေသည်။ ရေပေါ်ဖြူမြို့တော်မှ စားကြွင်းစားကျန် အများအပြားလည်း ရှိလေသည်။

“အွတ်... အွတ်...”

ရှည်လျားသော ကောက်ရိုးတဲများ အောက်တွင် ဝက်ကောင်ရေ သောင်းချီ မွေးမြူထားပြီး ထိုဒုတိယမျိုးဆက် ညီအစ်ကိုများသည် ရံဖန်ရံခါ အော်ဟစ်မြည်တမ်းနေကြသဖြင့် အိပ်၍ မရနိုင်ပေ။

“ကျွန်တော်က လီမိုဟွမ် ပါ... မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်ပါ... ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ဝက်အကောင် (၁၀၀) လာသတ်တာပါ...”

လီမိုဟွမ်သည် ဝက်ခြံပိုင်ရှင်ကို စောင်ပုံကြားမှ ဆွဲထုတ်လိုက်ပြီး လက်သီးဆုပ် ဂါရဝပြုကာ မဲမှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

“အမယ်လေး... ဝိညာဉ်နှုတ်တဲ့ ဝက်နတ်ဆိုးကြီး...”

ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို မြင်လိုက်ရသောအခါ ဝက်ခြံပိုင်ရှင်သည် သရဲတွေ့သည်ဟု ထင်မှတ်ပြီး လန့်ဖျပ်သွားလေသည်။

လီမိုဟွမ် လက်သီးဆုပ်လိုက်မိသည်။

“ဝက်နတ်ဆိုး ဟုတ်လား...”

'ခင်ဗျား မိသားစု တစ်ခုလုံးသာ ဝက်နတ်ဆိုးတွေ…’

သူ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

ဝက်ခြံပိုင်ရှင် သတိဝင်လာရန် အချိန်အနည်းငယ် ကြာသွား၏။ သူသည် လီမိုဟွမ်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။

“ဪ... မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာလေးကိုး... ခုနက ရိုင်းပြမိတာ ခွင့်လွှတ်ပါ... ဒါပေမဲ့ ဝက်သတ်ဖို့ အချိန်ကောင်း မကျသေးဘူးဗျ...”

“ဝက်သတ်တာတောင် အချိန်ရွေးရသေးလား...”

လီမိုဟွမ် ပိုပြီး ပေါက်ကွဲချင်သွား၏။

“ဟုတ်တယ်... ပြီးတော့ ဝက်မသတ်ခင် အစာကျွေးရသေးတယ်... အင်မော်တယ် ဆရာလေး... ဝက်စာ အရင် ကျွေးလိုက်ပါလား...” ဝက်ခြံပိုင်ရှင်က စမ်းတဝါးဝါး မေးလိုက်၏။

“ဝက်စာကျွေးရမယ် ဟုတ်လား... ခင်ဗျား အဖေကိုသာ သွားကျွေးလိုက်...”

လီမိုဟွမ် ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။

“ကျွန်တော့်အဖေက ဆုံးသွားပြီလေ... ဘယ်လို သွားကျွေးရမလဲ...” ဝက်ခြံပိုင်ရှင်က မျက်လုံး ကလည်ကလည်ဖြင့် တွေးတောနေပြီး ကြောင်တောင်တောင် ချစ်စရာကောင်းနေပြန်သည်။

လီမိုဟွမ် - “...”

သူသည် ဝက်ခြံအနီးရှိ မြက်ခင်းပေါ်တွင် ထိုင်ပြီး စောင့်ဆိုင်းလိုက်၏။ စိတ်မငြိမ်သက်နိုင်သဖြင့် ဝက်ခြံထဲမှ ဝက်များ၏ ဟောက်သံများနှင့် အော်မြည်သံများကို နားထောင်ရင်း ထိုင်နေလိုက်ရသည်။

“ဒီဘဝကြီးကတော့... တကယ်ကို နေ့ရက်တွေက နှစ်တွေလို ကြာရှည်နေပါလားကွာ...”

လီမိုဟွမ် သက်ပြင်းချလိုက်၏။

သူသည် တစ်ချိန်က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ ပါရမီရှင် တပည့် တစ်ဦး ဖြစ်ပြီး ချီကျင့်ကြံခြင်း အဆင့် တပည့်များထဲတွင် ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်ခဲ့သူ ဖြစ်သည်။

သူ့ကို 'ငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူ' ဟူသော နာမည်ပြောင် ပေးခဲ့ကြသည်။

ဒါပေမဲ့ အခုတော့ ဒီလို အလုပ်မျိုး လုပ်နေရတယ်တဲ့လား...

ကံဆိုးလိုက်တာကွာ...

တဖြည်းဖြည်း မိုးလင်းလာသည်။

“အင်မော်တယ် ဆရာလေး လီ... ဝက်သတ်ဖို့ အချိန်တန်ပါပြီ...”

“ငါ စောင့်နေတာ ကြာလှပြီ...”

လီမိုဟွမ်သည် သားသတ်ရုံထဲသို့ ပြေးဝင်သွားပြီး ကျောပေါ်မှ ဝိညာဉ်ဓားကို ဆွဲထုတ်ကာ ဒုတိယမျိုးဆက် ညီအစ်ကို (၁၀၀) ကို လျင်မြန်စွာ ကိစ္စတုံးလိုက်လေတော့၏။

“ကြမ်း... ကြမ်းလိုက်တာ...”

“မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာလေး ဆိုတဲ့အတိုင်း တကယ်ကို အံ့မခန်းပါပဲ...”

ဘေးပတ်လည်ရှိ သားသတ်သမားများ အံ့သြသွားကြသည်။

"ဝှီး..."

နေရောင်ခြည် ဝက်ခြံတွင် ဝက်သတ်သည့် တာဝန် ပြီးဆုံးသွားသောအခါ လီမိုဟွမ်သည် ရှည်လျားသော အာမေဋိတ်သံ တစ်ချက် ပြုလုပ်လိုက်ပြီး မြို့အနောက်ဘက်ရှိ ကြက်ခြံဆီသို့ ပျံသန်းသွားလေသည်။

‘အဲဒီမှာ ကြက်ဥ (၃၀၀၀) ကောက်စရာ ကျန်သေးတယ်လေ…’

“ချီကျင့်ကြံခြင်း အထွတ်အထိပ် ရောက်နေတဲ့ ငါက ကြက်ဥ သွားကောက်ရမယ်တဲ့လား... ယဲ့ဖုန်း... ခင်ဗျား တကယ် ပါရမီပါတယ်ဗျာ...”

လီမိုဟွမ်၏ နှုတ်ခမ်းများ လှုပ်ခါသွား၏။

ယဲ့ဖုန်းက ဒီလို ထူးဆန်းသော တာဝန်တွေကို ဘယ်လိုများ စဉ်းစားမိလဲ ဆိုတာ သူ နားမလည်နိုင်တော့ပေ။

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်းသည် အိပ်မောကျနေပြီး အိပ်ရင်း လူးလွန့်ကာ သက်သောင့်သက်သာ ရှိနေလေသည်။

သူ့ဘေးရှိ စားပွဲပေါ်တွင် စာအုပ်တစ်အုပ် တင်ထားလေသည်။

All Chapters