← Chapters

နတ်ဆိုးသုတ်သင်ရေးမျှော်စင်

Vol. 26 Ch. 260

နတ်ဆိုးသုတ်သင်ရေးမျှော်စင်

Vol. 26 Ch. 260

ကျန်းချန်သည် ခုခံနေခြင်းကိုလက်လျှော့လိုက်ပြီး မည်သည့်နေရာသို့ပို့ဆောင်ခံရမည်ကိုစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မူလနေရာမှပျောက်ကွယ်သွားပြီး အခြားဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိလာ၏။

ဂိုဏ်းချုပ်ကျန်း နားလည်လိုက်သည်မှာ ဤနတ်ဆိုးသုတ်သင်ရေးမျှော်စင်သည် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရခြင်းဖြစ်ပေလိမ့်မည်။ ကျောက်စိမ်းပြားအရေအတွက်တစ်ခု စုဆောင်းမိသည်နှင့် နောက်တစ်ဆင့်သို့ အလိုအလျောက်ရောက်ရှိသွားခြင်းဖြစ်သည်။ ယခု သူသည် အဆင့်တစ်ခု တက်လှမ်းလာခဲ့ခြင်း ဖြစ်ရမည်။

မျှော်လင့်ထားသည့်အတိုင်းပင် ယခုတစ်ကြိမ်တွင် သူသိပ်မပျံသန်းရသေးမီမှာပင် စမ်းသပ်မှု သားရဲအသစ်များ ပေါ်လာသည်။ ဤသားရဲများ၏အစွမ်းမှာ အဆင့် ၅ မြင့်မြတ်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေ၏။

အစ်ကိုကြီးချန်က သားရဲများကို ဆက်လက်တိုက်ခိုက်နေစဉ် အပြင်လောကတွင်မူ အခြေအနေများမှာ အလွန်စည်ကားနေ၏။ စမ်းသပ်မှုမျှော်စင်၏အပြင်ဘက်တွင် အကြီးအကဲထောင်ပေါင်းများစွာနှင့် တပည့်သောင်းပေါင်းများစွာ ရပ်ကြည့်နေကြသည်။ အရှေ့ဆုံးမှ ဂိုဏ်းချုပ် အင်မော်တယ်အရှင်မြတ် ယွမ်ကျိမှာ မျက်စိမှိတ်ကာအနားယူနေ၏။

ထိုအတောအတွင်း တပည့်များမှာ ယခုတစ်ကြိမ် နတ်ဆိုးသုတ်သင်ရေးမျှော်စင်သို့ သွားရောက်ခြင်းမှရရှိခဲ့သော အောင်မြင်မှုများကို ဆွေးနွေးနေကြ၏။ ဤမျှော်စင်မှာ ဂိုဏ်းအတွက် အရေးကြီးသောစစ်ဆေးမှုတစ်ခုဖြစ်သည်။ ဤမျှော်စင်တွင် ၁၃ ထပ်ရှိပြီး နှစ်တစ်ရာလျှင်တစ်ကြိမ် ဂိုဏ်းသားအားလုံးပါဝင်ရသောစမ်းသပ်မှုကိုကျင်းပပြီး ရလဒ်မှာ မည်သည့်အဆင့်အထိ ရောက်ရှိသနည်းဟူသော အချက်အပေါ်မူတည်သည်။

ကျန်းချန်ခန့်မှန်းသည်မှာမှန်ကန်၏။ မည်သည့်အဆင့်တွင်မဆို ကျောက်စိမ်းပြား ၁၀ ပြား စုဆောင်းမိပါက အထက်တစ်ဆင့်သို့ တက်လှမ်းခွင့်ရရှိသည်။ အပြင်ဘက်ရှိတပည့်များမှာ စမ်းသပ်မှုမှထွက်လာရသူများ သို့မဟုတ် ရှုံးနိမ့်ခဲ့သူများ ဖြစ်၏။ စစ်ဆေးမှုတိုင်းမှာ ရက်ပေါင်း ၁၀၀ ကြာမြင့်လေ့ရှိသော်လည်း ယခု ၁၀ ရက်သာရှိသေးသဖြင့် အထဲတွင်ကျန်ရှိနေသူများမှာ အနည်းဆုံး အတွင်းစည်းတပည့်များဖြစ်ကြသည်။

လူတိုင်းက ဤစစ်ဆေးမှုကို အလွန်အလေးထား၏။ ၎င်းသည် လာမည့်နှစ်တစ်ရာအတွင်း သူတို့၏အဆင့်အတန်း (တပည့်ရင်း၊ အတွင်းစည်းတပည့် သို့မဟုတ် အပြင်စည်းတပည့်) ကို သတ်မှတ်ပေးသောကြောင့်ပင်။

ပထမအဆင့်မှာ အလွန်ရိုးရှင်းပြီး သားရဲများမှာ သူတော်စင်အဆင့်သာရှိသဖြင့် လူတိုင်း အလွယ်တကူကျော်ဖြတ်နိုင်၏။ ဒုတိယအဆင့်တွင်မူ သားရဲများမှာ အဆင့် ၁ အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည်။

"ငါခုနကအဆင့် ၇ မှာ ကျောက်စိမ်းပြားကိုးခုအထိစုမိတာ နောက်တစ်ခုဆို အဆင့် ၈ ကို ရောက်တော့မှာ"

"နှမြောစရာပဲ၊ အစ်ကိုကြီးကျန်း ဒီတစ်ခေါက် အတွင်းစည်းတပည့်ဖြစ်လာလိမ့်မယ်လို့ ထင်နေတာ"

အဆင့် ၇ ရှိသားရဲများမှာ ကောင်းကင်အင်မော်တယ်အဆင့် ၉ ဖြစ်ပြီး အဆင့် ၈ မှာ ကျန်းချန် စတင်ရောက်ရှိခဲ့သော မြင့်မြတ်အင်မော်တယ်အဆင့် ၁ ဖြစ်သည်။ ဤအဆင့်မှာ အဓိကခွဲခြားသည့် မျဉ်းတစ်ကြောင်းဖြစ်ပြီး ၎င်းကိုကျော်ဖြတ်နိုင်ပါက အတွင်းစည်းတပည့်ဖြစ်လာနိုင်သည်။

"ဟုတ်ပဗျာ... နောက်ဆုံးတစ်ကောင်ကိုသတ်ပြီးတာနဲ့ အနားယူဖို့တောင်အချိန်မရလိုက်ဘူး ဘယ်ကနေ နောက်တစ်ကောင်ထပ်ထွက်လာမှန်း မသိလိုက်ဘူး။ အရမ်းဒေါသထွက်ဖို့ကောင်းတာပဲ"

နတ်ဆိုးသုတ်သင်ရေးမျှော်စင်အတွင်း အသတ်ခံရခြင်းမှာ အမှန်တကယ်သေဆုံးခြင်းမဟုတ်ပေ။ သို့သော် အတွင်းစည်းတပည့်ဖြစ်လာရန် နောက်ထပ်နှစ်တစ်ရာစောင့်ရမည်ဖြစ်သဖြင့် သူအလွန်စိတ်ဓာတ်ကျနေခြင်းဖြစ်သည်။

"ဒီတစ်ခေါက် ဘယ်သူပထမရမယ်လို့ထင်သလဲ"

"မေးနေစရာ လိုသေးလို့လား၊ အစ်ကိုကြီး လင်ဟန်ဟန်ပေါ့။ သူက နံပါတ် ၁ တပည့်ရင်းဖြစ်သလို မဟာအကြီးအကဲရဲ့ တိုက်ရိုက်တပည့်လည်း ဖြစ်တယ်လေ"

"ဒါလည်း မသေချာသေးပါဘူး၊ အစ်မတော် ကုချင်းယွဲ့ကိုမမေ့နဲ့ဦး။ သူမက ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောတိုက်ရိုက်တပည့်ပဲ"

"ဟုတ်သားပဲ... အစ်မတော်ကုချင်းယွဲ့က ဂိုဏ်းထဲဝင်တာ နှစ်ပေါင်း ၃ သိန်းပဲ ရှိသေးပေမဲ့ အဆင့် ၂ ရွှေအင်မော်တယ်ဖြစ်နေပြီ။ ဒီလိုပါရမီမျိုးကရှားပါတယ်။ ဒီတစ်ခေါက် ပထမနေရာက သူတို့နှစ်ယောက်ရဲ့ ပြိုင်ပွဲပဲဖြစ်မှာ"

လူအုပ်ကြီး၏ဆွေးနွေးမှုမှာ ပိုမိုပြင်းထန်လာပြီး အချို့ကလည်း အံ့ဩတကြီးအော်ဟစ်နေကြသည်။

"အဆင့် ၁၂"

အဆင့် ၁၁ ရှိ သားရဲများမှာ ရွှေအင်မော်တယ်အဆင့် ၁ ဖြစ်သည်။ အဆင့် ၁၂ သို့ ရောက်ရန် အဆင့် ၁၁ မှ သားရဲ ၃၀ ကျော်ကိုသတ်ဖြတ်ရမည်။ ရွှေအင်မော်တယ် ကျင့်ကြံသူများတွင် မှော်လက်နက်နှင့် အင်မော်တယ်ကျောက်စိမ်းပြားများရှိသော်လည်း အဆင့်မြင့်လေလေ ပတ်ဝန်းကျင်က ပို၍ရှုပ်ထွေးလေလေဖြစ်သည်။

သားရဲ နှစ်ကောင်၊ သုံးကောင် တစ်ပြိုင်နက်တွေ့ရတတ်သည်။ ၎င်းမှာ အစွမ်းအပြင် ကံတရားအပေါ်တွင်လည်း များစွာမူတည်နေ၏။ ထို့ကြောင့် နှစ်စဉ် အဆင့် ၁၂ အထိ ရောက်ရှိနိုင်သောတပည့်မှာ အလွန်ရှားပါးလှပြီး တပည့်ရင်းအများစုမှာ အဆင့် ၁၁ ၌သာ ရပ်တန့်သွားကြသည်။

လင်ဟန်ဟန်နှင့် ကုချင်းယွဲ့တို့မှာ ရှားပါးပါရမီရှင်များဖြစ်သဖြင့် အဆင့် ၁၂ အထိရောက်ရှိရန် လူတိုင်းကမျှော်လင့်နေကြသည်။ သူတို့၏စကားများကိုနားထောင်ရင်း ဂိုဏ်းချုပ်ယွမ်ကျိမှာ မေးစေ့ကိုပွတ်ကာပြုံးလိုက်၏။ ကုချင်းယွဲ့မှာ သူ့တပည့်ဖြစ်သဖြင့် သူမအကြောင်းကို သူအသိဆုံးဖြစ်သည်။

အဆင့် ၁၂ လား...

ဤမိန်းကလေး၏တိုက်ခိုက်နိုင်စွမ်းမှာ ရွှေအင်မော်တယ်အဆင့် ၄ နှင့် ယှဉ်နိုင်စွမ်းရှိသည်။ အကယ်၍ သူမ၏ကံကောင်းမှုနှင့်အတူ စွမ်းဆောင်ရည်ကောင်းမွန်ပါက အဆင့် ၁၃ အထိရောက်ရှိကာ အံ့ဖွယ်တစ်ခုကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏တပည့်က ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်အောင်လုပ်နိုင်ပါက သူလည်းဂုဏ်တက်မည်မဟုတ်ပါလား။

နတ်ဆိုးသုတ်သင်ရေးမျှော်စင်အတွင်း တိုက်ပွဲတွင်သေဆုံးသူများမှာ အပြင်သို့ အဆက်မပြတ် ပို့ဆောင်ခံနေရသည်။ အဆင့် ၈ သို့ ရောက်ရှိသွားသူများအတွက် ဝမ်းသာသံများထွက်ပေါ်လာသလို အဆင့်လျော့ကျသွားသူများအတွက် သက်ပြင်းချသံများလည်း ကြားနေရ၏။ အင်မော်တယ်အရှင်မြတ်ယွမ်ကျိမှာမူ တည်ငြိမ်နေဆဲ။ အင်မော်တယ်တစ်ဦးအတွက် ပါရမီနှင့် ကြိုးစားမှုက အရေးကြီးသော်လည်း အရေးအကြီးဆုံးမှာ ကံတရားဖြစ်သည်ဟု ဂိုဏ်းထောင်သူက ဆိုခဲ့ဖူးသည်။

သူသည် ကောင်းကင်ယံရှိ အဆင့်သတ်မှတ်ချက်စာရင်းကိုကြည့်လိုက်ရာ ကုချင်းယွဲ့နှင့် လင်ဟန်ဟန်တို့မှာ အဆင့် ၈ ၌သာ ရှိနေသေးသည်ကိုတွေ့ရ၏။ သူတို့အနေဖြင့် အဆင့် ၉ သို့ လွယ်လွယ်ကူကူတက်နိုင်သော်လည်း ခက်ခဲသောတိုက်ပွဲများအတွက် အားအင်ချွေတာနေကြခြင်းဖြစ်ကြောင်း သူနားလည်သည်။

ထိုစဉ်မှာပင် လူအုပ်ကြီးထံမှ လှိုင်းလုံးကြီးများကဲ့သို့ ကျယ်လောင်သောအော်ဟစ်သံများ ထွက်ပေါ်လာပြီး သူ၏ကျင့်ကြံမှုကို အနှောင့်အယှက်ပေးလိုက်တော့သည်။

"အစ်မတော်ကု"

"ဘာ... အစ်မတော်ကု အပြင်ကိုထွက်လာပြီလား"

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဆင့် ၈ ပဲရှိသေးတာကို"

"အစ်မတော်ကုက အဆင့် ၈ က သားရဲတွေကို ချက်ချင်းသတ်နိုင်ရမှာမဟုတ်လား"

"နေပါဦး... အစ်မတော်ကုရဲ့ စီးတော်ယာဉ်ရော ဘယ်မှာလဲ"

အဆုံးမရှိသော ဆွေးနွေးသံများကြားတွင် အကြီးအကဲတစ်ဦးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"အားလုံးမျက်စိတွေမှိတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းကြစမ်း"

ကုချင်းယွဲ့၏လက်ရှိပုံစံမှာ အလွန်ဆိုးရွားနေသည်။ သူမသည် အလွန်အမင်းစိတ်ဓာတ်ကျနေပြီး အတွင်းခံဝတ်စုံအပါးလေးသာဝတ်ထားသဖြင့် တစ်စုံတစ်ဦး၏စော်ကားခြင်းကိုခံထားရသကဲ့သို့ ဖြစ်နေသည်။ ဤအရာမှာ မယုံနိုင်စရာပင်။

"ဒါကို ဘယ်သူလုပ်တာလဲ"

အင်မော်တယ်အရှင်မြတ်ယွမ်ကျိ ချက်ချင်းပျံသန်းလာပြီး တပည့်ဖြစ်သူကို သူ၏အပေါ်ဝတ်ရုံဖြင့် ဖုံးအုပ်ပေးလိုက်သည်။ သူ၏အိုမင်းသောမျက်နှာတွင် ဒေါသများဖြင့်ပြည့်နှက်နေပြီး သတ်ဖြတ်လိုစိတ်များပါဝင်သော အင်မော်တယ်အရှင်မြတ်၏ဖိအားမှာ ပတ်ဝန်းကျင်သို့ပြန့်နှံ့သွား၏။

လူတိုင်း ကြောက်ရွံ့တိတ်ဆိတ်သွားကြသည်။ မျှော်စင်အတွင်းရှိသားရဲများမှာ အသိဉာဏ်မရှိသဖြင့် အဝတ်အစားများချွတ်ယူခြင်းကဲ့သို့သောအလုပ်မျိုးကို လုပ်နိုင်မည်မဟုတ်။ သို့ဆိုလျှင် အခြားတပည့်တစ်ဦးလော။

"ဒါ... လင်ဟန်ဟန် လုပ်တာလား"

ယွမ်ကျိ၏မျက်နှာ ပြာနှမ်းသွားသည်။ အဆင့် ၈ မှာတင် ရှုံးနိမ့်ခဲ့သည်မှာ ဒုတိယအချက်သာ။ အရေးကြီးဆုံးမှာ ကုချင်းယွဲ့၏ပုံစံမှာ အလွန်ပြင်းထန်သော အခြေအနေတစ်ခုကိုပြသနေ၏။

လင်ဟန်ဟန်ကို သံသယရှိသူအဖြစ် အမည်တပ်လိုက်သော်လည်း သူကိုယ်တိုင်ပင် မယုံနိုင်ချေ။ သို့သော် မျှော်စင်အတွင်း၌ သားရဲများအပြင် ဂိုဏ်းသားများသာရှိလေရာ ကုချင်းယွဲ့ကို ခြိမ်းခြောက်နိုင်သူမှာ လင်ဟန်ဟန်တစ်ဦးတည်းသာရှိပေသည်။

All Chapters