← Chapters

အပိုဆောင်း KB များ

Vol. 6 Ch. 53

အပိုဆောင်း KB များ

Vol. 6 Ch. 53

အက်ဒဝပ်က အိုင်ဗီကို ကြည့်ကာ

"သမီး တစ်ခုခု လိုလို့လား" ဟု မေးမြန်းလိုက်သည်။

အိုင်ဗီက ခေါင်းခါယမ်းလိုက်ပြီး တည်ငြိမ်စွာပင် "ဟင့်အင်း... သမီး ဒီနားက ဖြတ်သွားရင်းနဲ့ ဦးလေးတို့ တံခါးရှေ့မှာ ဆန်နှစ်အိတ်နဲ့ အသီးအရွက်ခြောက်‌ တွေ ကို တွေ့လို့ပါ... ဒါတွေက အပြင်မှာ ဒီတိုင်း ထားရမယ့်အချိန်မဟုတ်ဘူးဆိုတာ အသိပေးမလို့... တစ်ယောက်ယောက်က ခိုးသွားနိုင်တယ်လေ"

အက်ဒဝပ်က ဝေခွဲမရစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါပေမဲ့... ဦးလေးက အပြင်မှာ ဘာအစားအသောက်မှ ထားခဲ့တာ မရှိဘူး" ဟု ပြန်ပြောရှာသည်။

အိုင်ဗီက ဘာစကားမှ ထပ်မပြောတော့ဘဲ ငုံ့လျှက် ဆန်အိတ်များနှင့် အသီးအရွက်ခြောက်များကို ကောက်ယူကာ မြှောက်ပြလိုက် တော့သည်။

အက်ဒဝပ်၏ မျက်ဝန်းတို့မှာ ဝိုင်းစက်သွားပြီး မှင်တက်သွားရသည်။ "အဲဒါ... အဲဒါ ဦးလေးဟာ မဟုတ်ပါဘူး" ဟု ထိုစဉ်မှာပင် ကလေးမလေးသည် အက်ဒဝပ်၏ နောက်ကွယ်မှ ချောင်းကြည့်လာသည်။ အိုင်ဗီ၏ လက်ထဲက အစားအသောက်များကို မြင်လိုက်ရသောအခါ သူမက အသက်ရှူပင် မှားသွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ညှိုးထိုးပြတော့သည်။

"ဖေဖေ... အဲဒါ မှော်ဝင်ပါဝင်ပစ္စည်းတွေပဲ... ဖေဖေ အခု မှော်ဟင်းလျာ လုပ်ပေးလို့ရပြီ‌ ပေါ့နော်"

အိုင်ဗီ၏ နှုတ်ခမ်းထောင့်တို့တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

"ဟုတ်တယ်... သမီးလေး ဒါကို စောင့်နေတာ မဟုတ်လား"

အက်ဒဝပ် တစ်ခုခု ပြန်မပြောနိုင်ခင် အိုင်ဗီက ထိုအိတ်များကို သူ့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

သူသည် အစားအသောက်များကို ကိုင်ထားရင်း ဘာပြောရမှန်းမသိဘဲ မျက်တောင်ပုခတ်ပုခတ် ဖြစ်နေရှာသည်။ "အိုင်ဗီ... ခဏနေပါဦး... ဒါက..."

"အရင်တုန်းက ဦးလေး သမီးအတွက် ထားပေးခဲ့တဲ့ အစားအသောက်တွေကို သမီးအကုန်စားခဲ့ပြီးပြီလေ" ဟု အိုင်ဗီက တည်ငြိမ်သောအသံဖြင့် ကြားဖြတ်ပြောလိုက်သည်။ သူမ၏ အသံမှာ နူးညံ့သော်လည်း ပြတ်သားလှသည်။

ထို့နောက် သူမသည် နောက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ထွက်ခွာခဲ့တော့သည်။

ကျေးဇူးတင်စကားများလည်း မရှိ၊ ရှည်လျားသော စကားဝိုင်းများလည်း မပါ တိတ်ဆိတ်ငြိမ်သက်မှုသာ ရှိလေသည်။

သို့သော် ထိုဆန်အိတ်များနှင့် အသီးအရွက်ခြောက်များကပင် လုံလောက်သော အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။ အက်ဒဝပ်က ၎င်းတို့ကို စူးစိုက်ကြည့်နေရင်း ရင်ထဲတွင် တင်းကျပ်လာတော့သည်။

သူက သူ့ခြေထောက်ကို ဖက်ထားကာ ပြုံးရွှင်နေသော သမီးလေးကို ငုံ့ကြည့်လိုက်သည်။

"အခု သမီးတို့ စားလို့ရပြီ မဟုတ်လား ဖေဖေ"

အက်ဒဝပ်က ခေါင်းကို ဖြည်းဖြည်းချင်းငြိမ့်လိုက်ပြီး

"ရပြီပေါ့ သမီးရဲ့... ရပြီပေါ့"

ထိုစဉ်မှာပင် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်က မမျှော်လင့်ဘဲ လိမ့်ဆင်းလာသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြောက်ရွံ့နေသည့် မိန်းကလေးငယ်တစ်ဦးအပေါ် သူ ထားရှိခဲ့ဖူးသော သေးငယ်သည့် စေတနာလေးမှာ ယခုကဲ့သို့ အံ့ဖွယ်တစ်ခုအဖြစ် သူ့ထံ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုစဉ်ကမူ ထိုအပြုအမူမှာ သာမန်မျှသာ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ရှင်သန်ခြင်းဟု အဓိပ္ပာယ်ရလေသည်။

ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်နေသော အိုင်ဗီသည် သူမ၏ နောက်ကွယ်မှ တိုးညင်းသော ရှိုက်သံကို ကြားလိုက်ရသည်။

သူမ ခေတ္တမျှ ရပ်တန့်သွားသော်လည်း နောက်သို့ လှည့်မကြည့်ခဲ့ချေ။ သူမ လုပ်ဆောင်ရမည့် အလုပ်များစွာ ကျန်ရှိနေသေးသည်။

အက်ဒဝပ်ကို သူမ ထပ်ပြီး ကူညီပေးချင်သော်လည်း ကူညီ၍ မရနိုင်သေးပေ။

သူမ၏ အတိတ်ဘဝတွင် အက်ဒဝပ်သည် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီး လေးလအကြာတွင် သေဆုံးသွားခဲ့ရသည်။ သူ၏ သမီးလေး ကွယ်လွန်ပြီး တစ်လအကြာတွင်ပင် ဖြစ်သည်။ ထိုအရာအားလုံးမှာ အစားအသောက် မလုံလောက်မှုကြောင့် ဖြစ်ရခြင်းပင်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ

အိုင်ဗီ ကာကွယ်ပေးချင်သော လူများစွာ ရှိနေသေးသည်။ သို့သော် သူမ လူတိုင်းကို မကာကွယ် ပေးနိုင်ပါ။

သူမ အလိုရှိပါက သူတို့ကို နေ့တိုင်း အသားဟင်းများ ကျွေးမွေးရန် အစားအသောက် လုံလောက်မှု ရှိသော်လည်း ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုတို့မှာမူ ဆန်နှင့် ဟင်းရည်ဖြင့် ဝယ်ယူ၍ မရနိုင်သည့်အရာများသာ ဖြစ်သည်။

တံခါးဝတွင် အက်ဒဝပ်က သူ၏ မျက်ရည်များကို သုတ်လိုက်သည်။ မိန်းကလေးငယ်လေးက ခေါင်းလေးကို စောင်းကာ "ဖေဖေ... ဘာလို့ ငိုနေတာလဲဟင်" ဟု မေးလိုက်သည်။

သူက ဝမ်းနည်းစွာ ပြုံးလိုက်ပြီး "ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ... သမီး လုပ်ခဲ့တဲ့ သေးငယ်တဲ့ ကောင်းမှုလေးကတောင် သမီးကို ပြန်ပြီး ကယ်တင်နိုင်လို့ပေါ့"

သူ၏ စိတ်ကူးတို့မှာ သူ၏ မိသားစု၊ မိဘများနှင့် ညီအစ်ကိုများဆီကို ရောက်သွားသည်။ အခြေအနေများ ဆိုးရွားလာချိန်တွင် သူတို့ထဲက ဘယ်သူကမှ သူ့ကို မကူညီခဲ့ကြပါ။ သူတို့သည် တစ်ချိန်က သူ့ကို ညီအစ်ကိုအရင်းကဲ့သို့ ခေါ်ဆိုခဲ့ကြပြီး အမြဲတမ်း အနားမှာ ရှိပေးနေမည်ဟုပင် ဆိုခဲ့ကြဖူးသည်။

သို့သော် ယခုမူကား... သူတို့သည် သူ့ကို လှည့်၍ပင် မကြည့်ကြတော့ပေ။

သူ၏ လက်ထဲက အစားအသောက်များကို ထပ်မံ ကြည့်လိုက်ပြီးနောက် အိုင်ဗီ ပျောက်ကွယ်သွားသည့် စင်္ကြံလမ်းဘက်သို့ ကြည့်လိုက်သည်။

"ငါသာ အခွင့်အရေး ရခဲ့မယ်ဆိုရင်... ငါ သူမကို ကျေးဇူးဆပ်ပါ့မယ်" ဟု သူ တိုးတိုးလေး ကတိပြုလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အိုင်ဗီသည် နောက်ထပ် အထပ်တစ်ခုသို့ ဆင်းသွားပြီး တံခါးတစ်ခုကို ခေါက်လိုက်သည်။

အဖိုးနှင့်အဖွား ဇနီးမောင်နှံနှစ်ဦးက တံခါးလာဖွင့်ပေးသည်။ အိုင်ဗီကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းတို့မှာ အံ့သြမှုကြောင့် တောက်ပသွားကြသည်။

အိုင်ဗီသည် သူတို့ကို အသေအချာ မှတ်မိနေသည်။ အတိတ်ဘဝတွင် ဇမ်ဘီများက သူမကို ဝိုင်းရံထားစဉ် သူမမှာ ကြောက်ရွံ့လွန်း၍ စွမ်းအားများကိုပင် မသုံးနိုင်ဘဲ တောင့်တောင့်ကြီး ရပ်နေခဲ့ဖူးသည်။

ထိုစဉ်က အဖိုးတို့လင်မယားမှာ တွန့်ဆုတ်မှုမရှိ ချက်ချင်းပင် သူမ၏ ရှေ့မှ မတ်တတ်ရပ်ကာ ကာကွယ်ပေးခဲ့ကြကာ သူတို့က သူမကို ပြေးခိုင်းခဲ့ကြသည်။ အကြောင်းမှာ သူတို့က အိုမင်းနေပြီဖြစ်၍ သူမကတော့ ငယ်ရွယ်‌ သေးကာ

သူတို့က သူမကို ကာကွယ်ပေးခဲ့ကြသည်။

ယခုမူ သူမ၏ အလှည့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"အဖို့တို့ တံခါးရှေ့မှာ ဆန်နှစ်အိတ်နဲ့ အစားအသောက်ခြောက်အချို့ကို တွေ့လို့ပါ... တခြားသူတွေ မယူခင် အမြန်သိမ်းထားလိုက်ပါ... သူခိုးခံရနိုင်တာမလို့" ဟု သူမက အစားအသောက်များကို ကိုင်ထားရင်း ပြောလိုက်သည်။

သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ ဝေခွဲမရ ဖြစ်သွားကြသည်။

"ဒါတွေက အဖွားတို့ဟာ မဟုတ်ပါဘူး ကွယ်"

အိုင်ဗီက သူတို့ကို သေချာ စူးစိုက်ကြည့်လိုက်ရင်း "အခုတော့ အဖိုးတို့ဟာ ဖြစ်သွားပြီပေါ့"

သူတို့ တစ်ခုခု ထပ်မပြောနိုင်မီမှာပင် သူမက အစားအသောက်များကို လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး ထွက်လာခဲ့တော့သည်။

သူတို့သည် အစားအသောက်များကို ကြည့်လိုက်ကာ တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြသည်။

သူတို့သည် တုံးအ‌သောသူများ မဟုတ်ကြပေ။ ဤအစားအသောက်များကို ဘယ်သူက ပေးခဲ့တယ်ဆိုတာကို သူတို့ သိနှင့်ပြီးပြီ။

အဖိုးအိုက ခေါင်းညိတ်ပြလိုက်ပြီး အဖွားအိုကမူ "ကျေးဇူးပါပဲ အိုင်ဗီရယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်လေသည်။

အိုင်ဗီသည် ခြေလှမ်းများကို ရပ်မနေခဲ့ချေ။ သို့သော် သူမ၏ သိုလှောင်ရုံဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။

[ဒေါင်။ သင်သည် ၄၀ KB ရရှိပါပြီ]

[ဒေါင်။ သင်သည် ၃၀ KB ရရှိပါပြီ]

[ဂုဏ်ယူပါသည်။ မိမိဘာသာ ၁၀ KB ရှာဖွေနိုင်ခဲ့သည့်အတွက် ချီးကျူးပါသည်။ သင်၏ စုစုပေါင်းလက်ကျန်မှာ ၁၃၆.၇ KB ဖြစ်ပါသည်]

"ငါ အဆင့်မြှင့်တင်ချင်တယ်" ဟု အိုင်ဗီက တည်ငြိမ်သောအသံဖြင့် ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် အစားအသောက် အနည်းငယ် ဝေငှရုံမျှဖြင့် ၂၀ မှ ၄၀ KB အထိ ရရှိနိုင်သည်ကို သူမကိုယ်တိုင်လည်း အံ့သြနေမိသည်။

သို့သော် မကြာမီပင် သူမ အဆုံးသတ် လိုက်နိုင်သည်။

လူတစ်ယောက်သည် မည်မျှပင် စိတ်ပျက်အားငယ်နေရပါစေ... ရိက္ခာများ ရရှိချိန်တွင် ပိုမို၍ ကျေးဇူးတင်တတ်ကြသည်။

အဒေါ်ဂျူးန်ထံမှ ၂၀ KB ရရှိခြင်းမှာ သူမ၏ အိမ်တွင် ရိက္ခာများ အလုံအလောက် ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

အက်ဒဝပ်နှင့် သက်ကြီးစုံတွဲထံမှ ၃၀ နှင့် ၄၀ KB ရရှိရခြင်းမှာမူ သူတို့သည် အစားအသောက် အလွန်အမင်း လိုအပ်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးတောရင်း သူမသည် ပက်ထရစ်၏ တိုက်ခန်းသို့ တည်ငြိမ်စွာ ပြန်လာခဲ့သည်။

အခန်းထဲသို့ ရောက်သောအခါ သူမသည် ပက်ထရစ်ကို ဆက်လက် နှိပ်စက်ရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် သတိပေးချက်တစ်ခု ရရှိခဲ့ပြန်သည်။

[ဒေါင်။ သင်သည် အဒေါ်ဂျူးန်ထံမှ ၃၀ KB ရရှိပါပြီ]

နောက်တစ်ခါလား။

အိုင်ဗီမှာ ဝေခွဲမရ ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ အဒေါ်ဂျူးန်ထံမှ ၂၀ KB ရရှိခဲ့ပြီးပြီ မဟုတ်လား။ ဘာလို့ ထပ်ပြီး လက်ခံရရှိရတာလဲ။ အိုင်ဗီသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ထိုကိစ္စကို နောက်မှ စုံစမ်းရန် ဆုံးဖြတ်လိုက်ပြီး အခန်းထဲသို့ ဝင်ခဲ့ရာ ပက်ထရစ်သည် သံကြိုးများမှ ရုန်းထွက်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးတို့သည် ကြမ်းပြင်ပေါ်က ရေများဆီသို့ အလိုအလျောက် ရောက်သွားသည်။ ထိုရေများမှာ အငွေ့ပျံသွားတာလား မဟုတ်လဲ လျက်ပစ် လိုက်ပြီဖြစ်သည်။ သို့သော် ကြမ်းပြင်ပေါ်က တံတွေးများကို ကြည့်ခြင်းဖြင့် ပက်ထရစ်သည် ထိုရေများကို လျက်ခဲ့သည်ကို အိုင်ဗီ သိလိုက်သည်။

သူမက ပြုံးလိုက်ပြီး

"ပက်ထရစ်... ရေကိုလျက်ရတာ ပျော်ရဲ့လား" ဟု လှမ်းမေးလိုက်သည်။

ပက်ထရစ်က နှုတ်ဆိတ်နေ သောအခါ ထိုအခါမှ အိုင်ဗီသည် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

သူ၏ နှုတ်ဆိတ်နေမှုမှာ တစ်ခုခုကို ကြံစည်နေခြင်းသာ ဖြစ်လိမ့်မည်။ ထိုသို့တွေးရင်း သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ရှင် တစ်ခုခု ဖုံးကွယ်ထားတာလား"

ပက်ထရစ်သည် မျက်နှာပျက်သွားပြီး အိုင်ဗီ၏ စကားကို မကြားချင်ယောင်ဆောင်ကာ အခြားတစ်ဖက်သို့ မျက်နှာလွှဲလိုက်တော့သည်။

All Chapters