← Chapters

အက်ဒဝပ်

Vol. 6 Ch. 52

အက်ဒဝပ်

Vol. 6 Ch. 52

စင်များပေါ်တွင် အစားအသောက်များဖြင့် ပြည့်နှက်နေသည်။ ဤမြေအောက်ခန်းက သိုလှောင်ခန်းထက် အနည်းဆုံး ငါးဆခန့် ပိုမိုကျယ်ဝန်းလေသည်။ ဤအခန်းတွင်

အသားဘူးများ၊ သစ်သီးစည်သွပ်ဘူးများနှင့် ဟင်းသီးဟင်းရွက်ဘူးများဖြင့် ပြည့်နေသည်။

အိုင်ဗီ အံ့အားသင့်သွားရသည်မှာ ထိုပစ္စည်းသုံးမျိုးတည်းကိုသာ တွေ့ရခြင်းကြောင့်ပင်။ ပက်ထရစ်သည် သတင်းကို နောက်ကျမှရခဲ့သတာလား ကံကောင်းထောက်မစွာဖြင့် ဒီရိက္ခာ‌ တွေကို စုဆောင်းမိထားသလားဆိုတာကို သူမ တွေးနေမိသည်။

မည်သို့ပင်ဖြစ်စေကာမူ ဤအစားအသောက်များ သူမလက်ထဲရောက်ရှိလာခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူမက လက်ကို ဝေ့ယမ်းလိုက်သော်လည်း အစားအသောက်များမှာ သိုလှောင်ရုံအတွင်းသို့ ရောက်မသွားချေ။

အဲ့ဒီအစား ရရှိလာသော အမှာစကားမှာ

[နေရာလွတ် မလုံလောက်ပါ။ ကျေးဇူးပြု၍ အဆင့်မြှင့်တင်ပါ]

အိုင်ဗီ သက်ပြင်းချလိုက်မိသည်။ အရာရာ အဆင်ပြေချောမွေ့နေချိန်တိုင်းတွင် အနှောင့်အယှက်တစ်ခုက အမြဲပေါ်လာတတ်စမြဲပင်။

သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ကောင်းပြီလေ... ဟင်းလင်းပြင်ကို အဆင့်မြှင့်ဖို့အတွက် လုံလောက်တဲ့ ပမာဏကို ငါ ရှာရ‌ တော့မှာပေါ့"

အမှာစကားများ ရပ်တန့်သွားပြီးနောက် အိုင်ဗီသည် မြေအောက်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူမက တံခါးကို သော့ခတ်လိုက်ပြီးနောက် သူမကို မျှော်လင့်တကြီး ကြည့်နေသော ပက်ထရစ်ကို လှည့်ကြည့်လိုက်သည်။

အိုင်ဗီက အေးအေးလူလူပင် ဖန်ခွက်ဖြင့် ရေတစ်ခွက် ယူလာပေးရာ ပက်ထရစ်၏ မျက်ဝန်းတို့မှာ တောက်ပသွားတော့သည်။

အိုင်ဗီက သူ့ကို သနားသွားသည်ဟာု သူမအား အထင်ကြီးသွား၍ ပြန်လွှတ်ပေးတော့မည်ဟု သူ ထင်မှတ်နေခြင်းဖြစ်သည်။ သို့သော်လည်း အိုင်ဗီ၏ နောက်ထပ်လုပ်ဆောင်ချက်က သူ့ကို လုံးဝ ဒေါသထွက်သွားစေတော့သည်။

သူမသည် သူ့ကို ရေတိုက်မည့်အစား ကြမ်းပြင်ပေါ်သို့ ရေများကို သွန်ချလိုက်ကာ

"လျက်လိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။

"ဘာ" ပက်ထရစ်မှာ သူမ၏စကားကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ သူက ရိက္ခာများရှိရာနေရာကို အမှန်အတိုင်း ပြောပြခဲ့သည်ကို သူမက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းကြောင့်ပင်။

"လျက်လိုက်လို့ ငါပြောနေတယ်လေ... ဒါမှမဟုတ်ရင်လည်း ငတ်‌ သေလိုက်တော့... ရှင် အသက်ရှင်တာ မရှင်တာ ကျွန်မဂရုမစိုက်ဘူး" အိုင်ဗီ၏ အေးစက်စက် လေသံကြောင့် ပက်ထရစ် ဒေါသထွက်သွားသော်လည်း ယခုအချိန်တွင် ဒေါသပြလိုက်ခြင်းမှာ အခြေအနေများကို ပိုဆိုး‌ စေမည်ကို သူ သိနေသည်။

သူမက သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ တိုက်ခန်းထဲမှ ထွက်ခွာခဲ့သည်။ နောက်ထပ် ၃ ရက်အတွင်း သူမ၏ KB ကို ၁၀၀ အထိ ပြည့်အောင်လုပ်ရန် သူမ စဥ်စားထားသည်။

မည်သို့ပင်ဖြစ်စေ... ထိုအချိန်ရောက်လျှင် ထိုအချိန်ကျရင်‌ တော့ ပက်ထရစ်က….. ဘာပဲဖြစ်ဖြစ် သူမ ဒီနေရာကို နောက်ထပ် ပြန်လာဖို့ အစီအစဉ်မရှိပေ။

ထိုသို့တွေးတောရင်း အိုင်ဗီသည် ဘက်စမာတီ ဆန်နှစ်အိတ်နှင့် ချောကလက်‌ ချောင်း နှစ်ခုကို ထုတ်ယူကာ အဒေါ်ဂျူးန်၏ တံခါးကို ခေါက်လိုက်လေသည်။

မကြာမီပင် အဒေါ်ဂျူးန်က တံခါးဖွင့်ပေးလာသည်။ အိုင်ဗီကို တံခါးဝတွင် တွေ့လိုက်ရသောအခါ သူမက မျက်မှောင်ကြုတ်လျက် မေးရှာသည်။

"တစ်ခုခု ဖြစ်လို့လား သမီး... သမီး မိဘတွေက ထပ်ပြီး နှိပ်စက်ကြပြန်ပြီလား... သူတို့ကို ပြန်ပြီး ပြန်တုံ့ပြန်ဖို့ သမီး အဆင်သင့် ဖြစ် နေပြီလား"

စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော သုမ၏အသံကို ကြားရသောအခါ အိုင်ဗီ၏ စိတ်နှလုံး နွေးထွေးသွားပြီး ပြုံးလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး အဒေါ်... အဒေါ်တို့ တံခါးဝမှာ ဒီဆန်အိတ်တွေနဲ့ ချောကလက်တွေကို တွေ့လို့ သူခိုးခိုးသွားမှာ စိုးလို့ သတိပေးတာပါ"

"ဟင်" အဒေါ်ဂျူးန်မှာ မှင်တက်သွားပြီးမှ ထိုပစ္စည်းများကို လက်ခံလိုက်ကာ "ဂျော့ချ်က အဒေါ်အတွက် ဝယ်လာပေးတာ ထင်တယ်... ဘာပဲဖြစ်ဖြစ် သတိပေးတဲ့အတွက် ကျေးဇူးပါပဲ သမီးရယ်" ဟု ပြောလိုက်သည်။

[ဒေါင်။ အဒေါ်ဂျူးန်သည် သင့်အကူအညီအတွက် ကျေးဇူးတင်ရှိနေပါသည်။ သင်သည် ၂၀ KB ရရှိပါပြီ။ လက်ရှိလက်ကျန် - ၆၆.၇ KB]

အိုင်ဗီက ပြန်ရန် လှည့်လိုက်သော်လည်း အဒေါ်ဂျူးန်က သူမကို တားလိုက်ပြန်သည်။

"သမီး တစ်ခုခု စားပြီးပြီလား... အဒေါ်က သမီး အကြိုက်ဆုံး ပုစွန်ဖက်ထုပ်‌ လေးတွေ လုပ်ထားတယ်"

အိုင်ဗီက ခေါင်းခါပြလိုက်ပြီး "ဟင့်အင်း... သမီး ဗိုက်ပြည့်နေပါပြီ" ဟု တိုးညင်းစွာ ပြောလိုက်သည်။

ထို့နောက် အဒေါ်ဂျူးန်က ထပ်ပြီးအတင်းအကျပ် မပြောခင် အိုင်ဗီ ထိုနေရာမှ အမြန် ပြေးထွက်ခဲ့တော့သည်။

ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ အစားအသောက် တောင်းခြင်းမှာ အသားနှင့်သွေးကို တောင်းခြင်းနှင့် အလားသဏ္ဌာန်တူလှသည်။ သို့သော် အဒေါ်ဂျူးန်သည် အိုင်ဗီအပေါ်တွင် စိုးစိအျှတွန့်ဆုတ်မှုမရှိဘဲ သူမ၏ မေတ္တာအားလုံးကို ပေးဆပ်နေဆဲပင်ဖြစ်သည်။

ထိုအပြုအမူက အိုင်ဗီကို သူမ၏ မိဘများအကြောင်း သတိရသွားစေကာ ခဏတာ ဝမ်းနည်းမှုများက သူမ၏ စိတ်နှလုံးကို ဝါးမြိုသွားတော့သည်။

သူတို့ ဘယ်မှာရှိနေကြသလဲ။ သူတို့ စားဖို့သောက်ဖို့ လုံလောက်ရဲ့လား။

အိုင်ဗီ တွေးတောလေလေ ရင်ထဲတွင် ပို၍ လေးလံလာလေလေဖြစ်သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမသည် ထိုနာကျင်မှုများကို လျစ်လျူရှုကာ အခြားသူများအတွက် အစားအသောက်များ ချန်ထားပေးရန်သာ ဆုံးဖြတ်လိုက်သည်။

သူမကို ကူညီခဲ့သူမှာ အဒေါ်ဂျူးန်တစ်ယောက်တည်း မဟုတ်ခဲ့ချေ။ အတိတ်ဘဝတွင် သူမကို ကူညီခဲ့ကြသူ အနည်းငယ် ရှိနေသေးသည်။

ယခုအချိန်က သူတို့ကို ကျေးဇူးဆပ်ရန် အချိန်ကောင်းပင် ဖြစ်သည်။

အခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဗလတောင့်တောင့် လူတစ်ယောက်သည် ဗလာဖြစ်နေသော သေတ္တာများနှင့် ပုံးများကြားက ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ သူ၏အမည်မှာ အက်ဒဝပ် ဖြစ်သည်။ သူက ပလတ်စတစ်ဗူးကို အထက်အောက်အားရပါးရ ခါယမ်းကြည့်သော်လည်း ဖုန်မှုန့်အနည်းငယ်သာ ထွက်ကျလာလေသည်။

"ဆန်တစ်စေ့တောင် မကျန်တော့ဘူးပဲ" ဟု သူက ပင်ပန်းနွမ်းနယ်ကာ စိုးရိမ်မှုများ ပြည့်နှက်နေသောအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့နောက်တွင်မူ ညိုမှောင်ပြီး ဝိုင်းစက်သော မျက်ဝန်းများရှိသည့် မိန်းကလေးငယ်တစ်ဦးက သူ့ကို အကဲခတ်နေသည်။ သူမက လက်ကလေးနှစ်ဖက်ကို ပူးထားရင်း "ဖေဖေ... စားစရာ တစ်ခုခု တွေ့ပြီလားဟင်" ဟု မေးလိုက်သည်။

အက်ဒဝပ်က အမြန်လှည့်ကြည့်လိုက်ပြီး ကြိတ်မှိတ်ကာ ပြုံးပြလိုက်သည်။

"ဪ.. သမီးရယ်... ဖေဖေက ဒီနေ့ မှော်ဟင်းလျာတစ်မျိုး လုပ်ပေးမလို့ ကြိုးစားနေတာလေ... ဒါပေမဲ့ အထူးပါဝင်ပစ္စည်းအချို့ လိုနေတာမလို့ အချိန်နည်းနည်း ကြာနေတာပါ"

ကလေးမလေးက မျက်တောင်ခတ်ရင်း "သမီး မှော်ဟင်းလျာ မစားချင်ပါဘူး ဖေဖေ... ရိုးရိုးဟင်းပဲ ဖြစ်ဖြစ် ရပါတယ်"

အက်ဒဝပ်၏ အပြုံးမှာ အေးခဲသွားတော့သည်။ သူ့မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာသော်လည်း အောက်သို့ မကျစေရန် ထိန်းထားလိုက်သည်။ သူက သမီးလေး၏ ခေါင်းကို သာသာလေး ပွတ်သပ်ပေးလိုက်ကာ

"ရပါတယ် သမီးလေးရဲ့... ဖေဖေ အခုပဲ ပါဝင်ပစ္စည်းတွေ သွားရှာလိုက်ဦးမယ်... သမီး ဒီမှာပဲ စောင့်နေနော်... ဟုတ်ပြီလား"

သူမက ခေါင်းညိတ်ပြပြီး သူမ၏ အရုပ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ကာ ကျန်ရစ်ခဲ့လေသည်။

အက်ဒဝပ်က ဖြည်းညင်းစွာ ထရပ်ပြီး တံခါးဆီသို့ လျှောက်သွားသည်။ သူ၏ စိတ်နှလုံးမှာ အလွန်လေးလံနေသည်။

အမှန်တကယ်က သူသည် နေရာ

အနှံ့သို့ သွားရောက်ခဲ့ပြီးပြီဖြစ်သော်လည်း ဘယ်သူကမှ သူ့ကို အစားအသောက် ရောင်းချပေးရန် အစီအစဉ်မရှိပါ။လူတစ်ယောက်ကကဆိုရင် "အခုအချိန်မှာ အစားအသောက် တောင်းတာဟာ ငါ့အသားကို တောင်းတာနဲ့ အတူတူပဲ" ဟု လှောင်ပြောင်ပြောဆိုခဲ့သေးသည်။

အက်ဒဝပ်က လက်သီးကို တင်းတင်းဆုပ်လိုက်ကာ သူ တစ်ခုခု လုပ်ရမည်။ ဆန်ထုပ်တစ်ထုပ်လောက်ဖြစ်ဖြစ် အကူအညီဖြစ်စေမည့်အရာ တစ်ခုခုလောက်ပေါ့။

သူ တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်စဉ်မှာပင် လူခေါ်ဘဲလ်သံ ထွက်ပေါ်လာသည်။

ဒေါင်... ဒေါင်...

အက်ဒဝပ် ရပ်တန့်သွားကာ

"ဘယ်သူပါလိမ့်" ဟု ရေရွတ်လိုက်သည်။

သူ တံခါးဖွင့်လိုက်သောအခါ ဆွံ့အသွားရတော့သည်။

အပြင်ဘက်တွင် ရပ်နေသူမှာ လေထဲတွင် ယိမ်းနွဲ့ကာ ပျော့ပျောင်းသောပန်းရောင်ဆံနွယ်များရှိသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ တည်ငြိမ်သော မျက်နှာတွင် မည်သည့်ခံစားချက်မျှ မပေါ်သော်လည်း သူမ၏ မျက်ဝန်းတို့မှာ တည်ငြိမ်ပြီး သန်မာနေသည်။

"အိုင်ဗီ..." အက်ဒဝပ် တိုးတိုးလေး ခေါ်လိုက်မိသည်။

ဟုတ်ပါသည်။ သူ သူမကို သိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အိုင်ဗီ ဆယ်ကျော်သက်ဘဝတွင် သူမ၏ ကိုယ်ပေါ်က အညိုအမဲစွဲနေသော ဒဏ်ရာများနှင့် အော်ဟစ်သံများကို ကြားရသောကြောင့် သူက သူမ၏ မိဘများကို ရဲတိုင်ခဲ့ဖူးသည်။

သူက အိုင်ဗီကို သတ္တိရှိရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် ပြောကြားခဲ့ဖူးသည်။

သို့သော် ထိုစဉ်က ရာ‌ဗင်ခရော့ဖ် မိသားစုသည် သူမကို လုံးဝ လှည့်စားထားနိုင်ခဲ့သည်။ အိုင်ဗီက သူ့ကို အော်ဟစ်ခဲ့ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရန်ပင် ပြောဆိုခဲ့ဖူးသည်။

သူမသည် သူမ၏ မိဘဘက်ကပင် ကာကွယ်ပြောဆိုခဲ့သေးသည်။

ထိုအချိန်ကစပြီး အက်ဒဝပ်သည် သူမနှင့် စကားမပြောဖြစ်တော့ချေ။ အဝေးကနေသာ စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူမကို လျစ်လျူမရှုနိုင်ခဲ့ပါ။

သူမ ဗိုက်ဆာ‌ နေတာ ချမ်းအေးနေတာကို မြင်ရတိုင်း သူမ၏ တံခါးဝတွင် အစားအသောက်များကို တိတ်တဆိတ် ထား‌ ပေးခဲ့လေ့ရှိသည်။ တစ်ခါတစ်ရံ သူမက စားသော်လည်း တစ်ခါတစ်ရံတွင်မူ မစားချေ။

မည်သို့ပင်ဖြစ်စေ သူကတော့ အမြဲမပြတ် သူ၏တာဝန်ကို လုပ်ဆောင်ခဲ့သည်။

ယခုအချိန်တွင် ထိုအိုင်ဗီသည်သူ၏အိမ်ရှေ့တွင် ရပ်နေ‌ သောကြောင့် သူ ဝေခွဲမရဖြစ်နေရသည်။

သူက "သမီး တစ်ခုခု လိုလို့လား"

All Chapters