← Chapters

ကာမဂုဏ်ရောဂါ

Vol. 6 Ch. 57

ကာမဂုဏ်ရောဂါ

Vol. 6 Ch. 57

ကမ္ဘာပျက်ကပ်ကြီးအတွင်းတွင် ကိတ်သည် အိုင်ဗီကို သူမ၏ အနာဂတ်ချွေးမဟူသော အကြောင်းပြချက်ဖြင့် အိမ်သို့ခေါ်ကာ အိမ်အလုပ်အားလုံးကို ခိုင်းလေ့ရှိသည်။

အစပိုင်းတွင် အိုင်ဗီက ငြင်းဆန်ခဲ့သော်လည်း ရာ‌ဗင်ခရော့ဖ် မိသားစုက အတင်းအကျပ် ဖိအားပေးခဲ့ကြသည်။

အိန်ဂျလီနာ၏ မိသားစုက ပေးမည်ဟု ကတိပြုထားသော ခန်းဝင်ပစ္စည်း များကြောင့်သာ ရာ‌ဗင်ခရော့ဖ် မိသားစုသည် အိန်ဂျလီနာ၏ မိသားစုစကားကို မြေဝယ်မကျ နားထောင်နေကြခြင်း ဖြစ်သည်။

အိန်ဂျလီနာ၏ မိသားစုသည် ကမ္ဘာမပျက်မီ နောက်ဆုံးမိနစ်တွင် ရိက္ခာများကို အလုအယက် စုဆောင်းထားနိုင်ခဲ့ကြသဖြင့် နောက်ထပ် တစ်နှစ်ခန့်အထိ စိတ်ပူစရာမလိုဘဲ စားသောက်နိုင်သော မိသားစုများထဲတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။

.........

ဆာဖီနာက မတတ်သာသယောင် ခေါင်းကို ခါယမ်းလိုက်ရင်း

"ကျွန်မ အခု သူမကို အမိန့်မပေးနိုင်တော့ဘူးရှင်။ သူမအနား သွားဖို့ ကြိုးစားရင်တောင် ခွေးရူးတစ်ကောင်လိုပဲ ရန်မူနေတာ"

ကိတ်ကမူ ထိုစကားကို မယုံကြည်ပေ။ သူမ၏ အမြင်တွင် အိုင်ဗီသည် အမိန့်ပေးသမျှ နားထောင်မည့် အေးဆေးတည်ငြိမ်သော မိန်းကလေးတစ်ဦးသာ ဖြစ်သည်။

သူမ သားနှစ်သက်နေသော အစေခံတစ်ယောက် မဟုတ်လည်း ခေတ္တကစားစရာတစ်ခုမျှသာ။

'ဟွန်း... သူတို့က အိုင်ဗီကို အလိုလိုက်ထားကြတာနေမှာပေါ့။ ပါးတစ်ချက်လောက် ရိုက်လိုက်ရင်ဘအဲဒီကောင်မလေး သတိဝင်လာမှာပဲ။ ငါကိုယ်တိုင် ရှင်းလိုက်မယ်'

သို့သော် သူမသည် ထိုအတွေးကို ထုတ်မပြောဘဲ အစားအသောက်ကိုသာ အပြီးစားလိုက်သည်။

နေ့လယ်စာ စားပြီးနောက် ကိတ်သည် စတိုခန်းတံခါးကို သွားရောက်ခေါက်လေသည်။ ဆာဖီနာနှင့် အိုင်စလာတို့ကတော့ အခန်းတစ်ခန်းထဲတွင် ပုန်းကာ ထိုပွဲကို ဘေးကနေ စောင့်ကြည့်နေကြသည်။

ဘယ်သူက အနိုင်ရမည်ကို သူတို့ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကိတ်ကိုရော အိုင်ဗီကိုပါ မုန်းတီးကြသောကြောင့် ဖြစ်သည်။

အစပိုင်းတွင် အိုင်ဗီက တံခါးခေါက်သံကို လျစ်လျူရှုထားသော်လည်း အသံမှာ ပိုမိုကျယ်လောင်လာသဖြင့် သက်ပြင်းတစ်ချက်ချကာ တံခါးဖွင့်ပေးလိုက်သည်။

ကိတ်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ သူမက ခပ်အေးအေးပင်

"ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

ခဏကြာသည်အထိ ကိတ်၏ ပါးစပ်မှ မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။

ဒါ အိုင်ဗီ ဟုတ်ရဲ့လား။

ပန်းရောင်ဆံနွယ်များနှင့် ဆွဲဆောင်မှုရှိသော အလှတရားတို့က ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု...။

သူမ၏ မျက်ဝန်းတို့မှာ ဖော်ပြမတတ်သော ယုံကြည်မှုများဖြင့် တောက်ပနေပြီး သူမ၏ လှုပ်ရှားမှုများမှာ ပျင်းရိပုံပေါက်နေသော်လည်း ကျော့ရှင်းလွန်းလှသည်။

'စိတ်ကိုထိန်း ကိတ်။ စိတ်ထိန်းစမ်း။ ဒီမိန်းမပျက်ကို သင်ခန်းစာ ပေးရမယ်။ မဟုတ်ရင် နင့်သားပဲ ဒုက္ခရောက်လိမ့်မယ်။ ဒါတင်မကသေးဘူး၊ အိမ်အလုပ်တွေကလည်း မပြီးသေးဘူးလေ၊ ဒီကျွန်မလေးကို အလုပ်ခိုင်းရဦးမယ်'

ကိတ်က အတင်းအကျပ် ပြုံးလိုက်ပြီး ပုခုံးကို မြှင့်လိုက်ကာ

"အိုင်ဗီ... သမီးလေး... သမီး အိမ်အလုပ်တွေ ခိုကပ်နေတယ်လို့ အဒေါ်ကြားတယ်နော်။ အဲဒီလို လုပ်လို့မရဘူးလေ။ အဒေါ်တို့ အိမ်မှာ အလုပ်လာကူလုပ်ပေးဦး။ ဆေးစရာ ပန်းကန်တွေနဲ့ တိုက်ရမယ့် ကြမ်းပြင်တွေ အများကြီး ရှိတယ်"

အိုင်စလာက မျက်လုံးအသာလှန်လိုက်ရင်း 'ဟွန်း... ဒီကိတ်ကတော့ မြေခွေးအိုကြီးအတိုင်းပဲ။ အခွင့်အရေးကို ဘယ်လို အမိအရ ဖမ်းရမလဲဆိုတာ ကောင်းကောင်းသိတယ်' ဟု စိတ်ထဲက ရေရွတ်လိုက်သည်။

အိုင်ဗီက တံခါးဘောင်ကို မှီကာ လက်ပိုက်လိုက်ရင်း "မလာနိုင်ဘူး" ဟု ဆိုလိုက်သည်။

ကိတ်က မျက်တောင်တခတ်ခတ်ဖြင့် "ဘာပြောလိုက်တယ်"

"မလာနိုင်ဘူးလို့ ပြောတာ" အိုင်ဗီ၏ အသံမှာ ပေါ့ပါးပျင်းရိနေသော်လည်း သူမ၏ အကြည့်မှာ ဖန်သားကိုပင် ဖြတ်တောက်နိုင်လောက်အောင် စူးရှနေသည်။

ကိတ်၏ မျက်နှာမှာ နီမြန်းလာတော့သည်။

"မိန်းကလေး... ငါက နင့်အကျိုးအတွက် ပြောနေတာနော်။ မိန်းကလေးဆိုတာ ကိုယ့်နေရာကိုယ် သိရမယ်။ နင်က ငါတို့ မိသားစုဝင် ဖြစ်လာတော့မှာဆိုတော့ ငါတို့ခိုင်းတာကို လုပ်ရမှာပေါ့"

"ကျွန်မက ရှင့်မိသားစုဝင် မဟုတ်သလို ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး" ဟု အိုင်ဗီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "တကယ်လို့ ဖြစ်လာခဲ့ရင်တောင် ကျွန်မက ရှင့်ရဲ့ အစေခံ မဟုတ်ဘူး"

ကိတ်၏ နှုတ်ခမ်းတို့ တုန်ရီလာကာ သူမသည် ပါးရိုက်ရန် လက်ကို မြှောက်လိုက်သည်။"နင် ဘယ်လိုတောင် ပြန်ပြောရဲ….."

အိုင်ဗီက ကိတ်၏ လက်ကောက်ဝတ်ကို လေထဲမှာတင် ဖမ်းဆုပ်လိုက်သည်။ သူမ၏ ဆုပ်ကိုင်မှုမှာ သံကဲ့သို့ တင်းကျပ်လှသဖြင့် ကိတ်၏ လက်မောင်းတစ်လျှောက် နာကျင်မှုကြောင့် အသက်ရှူပင် မှားသွားရသည်။

"သေသေချာချာ စဉ်းစားနော်" အိုင်ဗီက ကိတ်၏ မျက်နှာနားသို့ တိုးကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။

"ရှင် မပြီးဆုံးနိုင်မယ့် ကိစ္စတစ်ခုကို တကယ်ပဲ စချင်နေတာလား"

ကိတ်က လက်ကို ရုန်းသော်လည်း အိုင်ဗီ၏ လက်ချောင်းများမှာ ပိုမိုတင်းကျပ်လာသည်။ "အား... လွှတ်စမ်း"

အိုင်ဗီက ချက်ချင်း လွှတ်ပေးလိုက်ရာ ကိတ်မှာ နောက်သို့ ယိုင်သွားပြီး တံခါးဘောင်နှင့် ဆောင့်မိသွားတော့သည်။

"ဒီမှာကြည့်လေ... ဘာဖြစ်လာမလဲဆိုတာ" အိုင်ဗီက တည်ငြိမ်သောအသံဖြင့် ဆိုသည်။

"ရှင် ကျွန်မကို အေးအေးဆေးဆေး နေခွင့်ပေးမယ်ဆိုရင် ရှင့်သားမှာ ကာမဂုဏ်ရောဂါရှိနေတာကို ဘယ်သူ့ကိုမှ မပြောဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို ထပ်ပြီး နှောင့်ယှက်ဖို့ ကြိုးစားရင်တော့ ကျွန်မ ဘယ်လောက်အထိ ရိုင်းစိုင်းပြနိုင်သလဲဆိုတာ တွေ့ရလိမ့်မယ်။ ပြီးတော့ မှတ်ထားဦး..."

သူမသည် ကိတ်အနားသို့ တိုးသွားကာ ဒေါသမျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရင်း

"ရှင် ကျွန်မကို ရိုက်ဖို့ဖြစ်ဖြစ်၊ စော်ကားဖို့ဖြစ်ဖြစ် ကြိုးစားမယ်ဆိုရင် ရှင် ဖောက်ပြန်နေတဲ့ ကိစ္စတွေကို အကုန်ဖွင့်ချပြီး ပြန်လုပ်ပစ်မယ်"

ကိတ်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"နင်... နင် ဘယ်လို သိတာလဲ" သူမက တိုးညင်းသော အသံဖြင့် ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။

အိုင်ဗီက အေးစက်စက်နှင့် လှောင်ပြောင်သော အပြုံးဖြင့် ပြုံးလိုက်သည်။

"ရှင် တိတ်တဆိတ် လုပ်နေတယ်လို့ ထင်နေတာလား။ စနေနေ့တိုင်း ဘုရားကျောင်းသွားမယ်ဆိုပြီး အိမ်ကထွက်သွားပေမဲ့ ပြန်လာရင် နှုတ်ခမ်းနီတွေ ပျက်နေပြီး ဘုရားရှိခိုးစာအုပ် အတုကြီးနဲ့ ပြန်လာတာကိုလေ"

ကိတ်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားတော့သည်။

စင်္ကြံလမ်းထောင့်တွင် ခိုအောင်းနေသော ဆာဖီနာမှာ အံ့သြလွန်းသဖြင့် အသက်ပင် ရှူကျပ်မတတ် ဖြစ်သွားပြီး အိုင်စလာမှာလည်း ပါးစပ်ကို လက်ဖြင့် အုပ်ကာ မျက်လုံးများ ပြူးကျယ်နေရှာသည်။

အိုင်ဗီက ကိတ်အနားသို့ တိုးကပ်ကာ အဆိပ်အတောက်များ ပြည့်နှက်နေသော လေသံဖြင့် တိုးတိုးလေး ဆိုလိုက်သည်။

"အခြားလူရဲ့ အတိတ်ကို တူးဆွနိုင်တာ ရှင်တစ်ယောက်တည်း မဟုတ်ဘူး ကိတ်။ ကျွန်မ ဒီနှစ်တွေမှာ အသာလေး ငြိမ်နေခဲ့တာ၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ ရှင် ကျွန်မကို လူကြားထဲမှာ အရှက်ခွဲဖို့ ကြိုးစားရင် ရှင်ကိုယ်တိုင်ပဲ တစ်စစီ ပျက်စီးသွားစေရမယ်"

ကိတ်က သူမကိုယ်သူမ ကာကွယ်ရန် ပါးစပ်ဟလိုက်သော်လည်း အိုင်ဗီက စကားမဆုံးသေးချေ။

"ကျွန်မ ရှင့်ရဲ့ သဘောတူညီချက်လည်း မလိုဘူး၊ ရှင့်အိမ်မှာလည်း မနေချင်ဘူး၊ ရှင့်ရဲ့ ရွံစရာကောင်းတဲ့ သားကိုလည်း မလိုချင်ဘူး။ ရှင်ကိုယ်တိုင်က အရမ်းအစွမ်းထက်တယ်လို့ ထင်နေတာလား။

ရှင်က ကမ္ဘာပျက်ကပ်ကို အကြောင်းပြပြီး တခြားသူတွေကို ကျွန်ပြုချင်နေတဲ့ အသက်ကြီးလာလို့ နေရာပျောက်မှာ ကြောက်နေတဲ့ မိန်းမကြီးတစ်ယောက်ပဲ"

ကိတ်သည် ရင်တုန်ပန်းတုန်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။

အိုင်ဗီက ခေါင်းလေးကို စောင်းကာ ချိုသာသော်လည်း အဆိပ်ပြင်းသော အပြုံးဖြင့်

"ကဲ... ရှင့်ကိုယ်ရှင် အရှက်ခွဲလို့ ဝပြီဆိုရင်တော့... ထွက်သွားတော့" ဟု ဆိုလိုက်သည်။

ကိတ်သည် စကားတစ်လုံးမျှ မပြောနိုင်တော့ဘဲ အရှက်ရမှုကြောင့် တုန်ရီလျက် ခေါင်းငိုက်စိုက်ချကာ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။

သူမ စင်္ကြံလမ်းထဲ ပျောက်ကွယ်သွားသည်နှင့် အိုင်ဗီသည် တံခါးကို အေးအေးဆေးဆေး ပိတ်ကာ ဂျက်ထိုးလိုက်သည်။

အခြားအခန်းထဲတွင်မူ ဆာဖီနာက အိုင်စလာဘက်သို့ လှည့်ကာ မယုံကြည်နိုင်စွာဖြင့် -

"ကိတ် ဖောက်ပြန်နေတာကို နင် သိလား" ဟု တိုးတိုးလေး မေးလိုက်သည်။

အိုင်စလာက မှင်တက်လျက် ခေါင်းခါပြကာ -

"မသိဘူး... ဒါပေမဲ့ အိုင်ဗီကတော့... တကယ်ကို ကြောက်စရာကောင်းလိုက်တာ မေမေရယ်။ ကျွန်မတို့ အ့ဟာမကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။ ဒီဟာမရဲ့ အရှိန်အဝါကို မြင်လိုက်လား။ ငရဲကလာတဲ့ မိစ္ဆာတစ်ကောင်အတိုင်းပဲ"

..............

ကိတ်သည် ပိတ်သွားသော တံခါးကို စူးစိုက်ကြည့်ကာ သွားကြိတ်ရင်း

"ဒီလို ရပ်ကွက်ထဲက ကောက်ရတဲ့ ကလေးကများ... ငါ့ကို အော်ရဲတယ်ပေါ့လေ။ နေနှင့်ဦးပေါ့ နင့်ကို ငါ ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်"

ထမင်းစားပွဲသို့ ပြန်ရောက်သောအခါ သူမက အေးစက်သော လေသံဖြင့် ကြေညာလိုက်သည်။

"ဒီလက်ထပ်ပွဲ မဖြစ်နိုင်တော့ဘူး"

လူတိုင်းမှာ ကိတ်၏ စကားကြောင့် မှင်တက်သွားကြပြီး အိန်ဂျလီနာက ထရပ်ကာ

"မေမေ... ဘာတွေ ပြောနေတာလဲ" ဟု မေးလိုက်သည်။

သို့သော် သူမ၏ ရင်ထဲတွင်မူ ထိတ်လန့်နေသည်။

'ငါသာ ၆ လအတွင်း ဒေမီယန်နဲ့ လက်မထပ်ရရင် သူ့ကို လက်ထပ်ဖို့ အခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်တော့ဘူး။ စနစ် စနစ်'

[ဟုတ်ကဲ့ပါ သခင်]

'ဒေမီယန်ရဲ့ လက်ရှိ အောင်မြင်မှုရမှတ်က ဘယ်လောက်လဲ'

All Chapters