← Chapters

အခန်း (၁၁၂၇-၁၁၂၈)

Vol. 113 Ch. 1127-1128

အခန်း (၁၁၂၇-၁၁၂၈)

Vol. 113 Ch. 1127-1128

အခန်း (၁၁၂၇) မျက်နှာလိုမျက်နှာရလုပ်သူ (သို့မဟုတ်) အသေအလဲကပ်သူ

တုယွန်းရွှီဟာ လက်ထဲက ရုံးလုပ်ငန်းစာတွဲတွေကို ကိုင်တွယ်ပြီးနောက် ခေါင်းမော့ကာ ရှေ့မှာ ရှိနေတဲ့ အနည်းငယ် စိုးရိမ်တုန်လှုပ်နေတဲ့ လွင့်မျောနေတဲ့ ဝိညာဉ်ကို ကြည့်ပြီး ပြုံးကာ မေးလိုက်ပါတယ်

"မင်း နာမည်က ချူယီး မလား "

"ဟုတ်ပါတယ်... ဟုတ်ပါတယ်"

ချူယီးက ချက်ချင်း ခေါင်းညိတ်ပြီး အနည်းငယ် ဖားယားတဲ့ အမူအရာနဲ့

"လူကြီးမင်းက ကျုပ်လို လူသေးလေးရဲ့ နာမည်ကိုတောင် သိနေတာလား ကျုပ်က ယင်လောကမှာ ဘာအဆင့်အတန်းမှမရှိတဲ့ အမည်မသိ ဝိညာဉ်လေး တစ်ခုပါပဲ ဒီနေ့ ကျုပ်ကို ဘာကိစ္စများ ရှိလို့ ခေါ်တာလဲ မသိဘူးခင်ဗျာ "

"မင်းရဲ့ နာမည်က တွေ့ရခဲတယ်၊ ဒါကြောင့် တစ်ခါကြားရုံနဲ့ ငါ မှတ်မိသွားတာ"

တုယွန်းရွှီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ထရပ်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်ပါတယ်

"ဒီအရာရှိက ယင်လောက နေ့လှည့်ကင်းအရာရှိ တုယွန်းရွှီ ပါ ချူယီးမိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်"

"ဒါ... ဒါကတော့ မဖြစ်သင့်ပါဘူး... မဖြစ်သင့်ပါဘူး"

ချူယီးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူ့ရဲ့ အမူအရာက အလွန်အမင်း အံ့အားသင့်သွားပုံရကာ မျက်နှာပေါ်က အပြုံးမှာလည်း ဖားယားမှုတွေ ပါဝင်နေပါတယ်။

"မင်း လုံရို့ ကို သိတယ်မလား "

တုယွန်းရွှီက ပြုံးပြီး မေးပါတယ်။

ချူယီးရဲ့ မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း တောင့်တင်းသွားပါတယ်။

တစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် သူက ပြန်ပြီး ပြုံးပြလိုက်ပြန်တယ်

"အရမ်း ရင်းနှီးတဲ့ နာမည်ပဲ၊ ကျုပ် မြင်ဖူးကောင်း မြင်ဖူးလိမ့်မယ် ဒါပေမဲ့ သိပ်ပြီး မမှတ်မိတော့ဘူးဗျ"

"သခင်လေး ပြောတာ မှန်တာပဲ မင်းက ဝိညာဉ်သုတ်သင်ခြင်းဌာနက လာတာဆိုတော့ စကားပြောဆိုပုံက အရမ်း သတိကြီးတာပဲ"

တုယွန်းရွှီက အေးအေးဆေးဆေး ပြုံးပြီး

"ချူယီးအစ်ကို... မင်း ယင်လောကကို စရောက်တုန်းက မတော်တဆ ဝမ်ချွမ်းမြစ် ထဲကို နစ်မြုပ်သွားခဲ့တယ်လေ ဒါကြောင့် မြစ်ကမ်းပါးမှာ လုံရို့ နဲ့ ဆုံတွေ့ခွင့်ကို လွဲချော်ခဲ့ရတာပေါ့"

တစ်ဖက်လူက လုံရို့ အကြောင်းကိုလည်း ပြောတယ်၊ ဝိညာဉ်သုတ်သင်ခြင်းဌာန အကြောင်းကိုလည်း သိတယ်၊ နောက်ဆုံးမှာလည်း ဒီလို စကားမျိုး ပြောလိုက်တဲ့အခါ ချူယီးရဲ့ မျက်နှာက အရမ်း ကြည့်မကောင်း ဖြစ်သွားပါတော့တယ်။

အဲဒီ ဟန်ဆောင်အပြုံးကိုလည်း ဆက်ပြီး မထိန်းထားနိုင်တော့ပါဘူး။

သူက တုယွန်းရွှီကို စိုက်ကြည့်ပြီး

"ခင်ဗျား တကယ်က ဘာလုပ်ချင်တာလဲ ခင်ဗျားပြောတဲ့ သခင်လေးကရော ဘယ်သူလဲ ခုနက ကျုပ်က လုံရို့နဲ့ ဆုံဖို့ လွဲချော်ခဲ့တယ်လို့ ပြောတယ် ဆိုလိုတာက သူလည်း ဒီကို ရောက်နေတာလား ခင်ဗျား ကျုပ်ကို မလိမ်နဲ့နော်၊ သူက သက်တမ်း အများကြီး ကျန်သေးတာ၊ သက်တမ်းတိုတဲ့ ဝိညာဉ်မျိုး မဟုတ်ဘူး "

"ငါက သခင်လေးရဲ့ တောင်းဆိုချက်အရ မင်းကို ယင်လောကထဲကနေ ဆယ်ယူပေးဖို့ ကူညီပေးရုံတင်ပါ သခင်လေးကတော့ လုံရို့ရဲ့ အကူအညီတောင်းမှုကြောင့် ဖြစ်လိမ့်မယ် မင်းနဲ့ငါက ရန်သူတွေ မဟုတ်ဘူး ဒီလောက်အထိ သတိကြီးနေစရာ မလိုပါဘူး အချိန်ကို တွက်ကြည့်ရင် သခင်လေးလည်း ရောက်တော့မှာပါ"

တုယွန်းရွှီက ပြုံးပြီး ဆိုပါတယ်။

ချူယီးရဲ့ အမူအရာက အနည်းငယ် ဝေခွဲမရ ဖြစ်သွားပါတယ်။

တစ်ဖက်လူ ပုံစံက... မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံ မရပါဘူး။

ဒါပေမဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနက ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ ယင်လောကကို စရောက်တုန်းက လူတစ်စုကို တစ်စုံတစ်ယောက်က လာခေါ်ပြီး ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်သွားတာကို သူ ကိုယ်တိုင် မြင်ခဲ့ဖူးပါတယ်။

အဲဒီလူစုနဲ့ လာခေါ်တဲ့သူတွေ အားလုံးက ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူတွေ ဖြစ်နေတာပါ။

ဒါကြောင့် သူက ဒီယင်လောကမှာလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လက်ပါးစေတွေ ရှိနေမှန်း သိနေတဲ့အတွက် သူ့ရဲ့ ဝိသေသကို ဖုံးကွယ်ထားရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ ပုံရိပ်နှစ်ခုဟာ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲကို ဝင်လာပါတယ်။

တစ်ယောက်ကတော့ လေပြင်းမုန်တိုင်းတစ်ခုလိုပဲ ချူယီးရဲ့ ရင်ခွင်ထဲကို တိုက်ရိုက် ပြေးဝင်သွားပါတယ်။

ချူယီး ဘာမှ တုံ့ပြန်ခွင့် မရခင်မှာပဲ သူမက ချူယီးကို ပါး ဆယ်ချက်မက ရိုက်ပစ်လိုက်ပါတယ်

"ဘာလို့ ပုန်းနေပြီး ငါ့ကို လာမတွေ့တာလဲ ဘာလို့ သေမယ့်လမ်းကို သွားတာတောင် ငါ့ကို တစ်ခွန်းမှ မပြောခဲ့တာလဲ မုဆိုးမ ဖြစ်ပြီး သူများတွေရဲ့ လှောင်ပြောင်တာကို ခံရတာ အရမ်း ပျော်စရာကောင်းတယ် ထင်နေလား"

တုယွန်းရွှီရဲ့ မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း တောင့်တင်းသွားပြီး လုံရို့ကို ကြည့်တဲ့ အကြည့်တွေထဲမှာ ထူးဆန်းမှုတွေ ပါဝင်လာပါတယ်။

ဘေးနားက နေ့ကင်းလှည့် အရာရှိလေးတွေတောင်မှ ထိတ်လန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နောက်ဆုံးမှာတော့ ခေါင်းလွှဲလိုက်ကြပါတော့တယ်။

ချူယီးဟာ ပါး ဆယ်ချက်မက အရိုက်ခံလိုက်ရပေမဲ့ နည်းနည်းလေးမှ စိတ်မဆိုးပါဘူး။

လုံရို့ကိုပဲ ငေးကြည့်နေမိပါတယ်။

လုံရို့ မျက်လုံးတွေ နီမြန်းလာပြီး လက်ကို ပြန်ရုပ်လိုက်တော့မှ သူက မျက်နှာထား တင်းတင်းနဲ့ မေးလိုက်ပါတယ်

"မင်းကို ဘယ်သူ သတ်လိုက်တာလဲ "

"ဒီကိစ္စက... ပြောရရင် ရှည်တယ် ငါ အတိုချုပ်ပဲ ပြောပြမယ် နားထောင်ပြီးရင် နောက်တစ်ခါ ထပ်မမေးနဲ့တော့"

လုံရို့က ခဏလောက် စဉ်းစားပြီး စကားလုံးတွေကို စုစည်းကာ နောက်ဆုံးမှာတော့ လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာ ကိစ္စအဝဝကို ရှင်းပြလိုက်ပါတယ်။

ချူယီး မှင်တက်သွားပါတယ်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ရက်စက်မှုက ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပါဘူး။

စုန်းမိသားစုနဲ့ လုံမိသားစု ဆိုတဲ့ အင်အားကြီး မိသားစု နှစ်ခုလုံးကို ပြာဖြစ်အောင် လုပ်ခဲ့တာပဲ

"လောကမှာ ရှိတဲ့ ဓားကျင့်ကြံသူတွေက... ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လူတွေလား... ဒါဆိုရင် ဒီစစ်ပွဲက ဘာဆက်တိုက်ရမှာလဲ ဌာနမှူး ရော သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ သူ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်မှာပါနော် "

ချူယီးက ရေရွတ်လိုက်ပါတယ်။

"ဌာနမှူးကတော့ ဆုတ်ခွာသွားပါပြီ"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။

ချူယီးကတော့ အခုမှပဲ သတိပြန်ဝင်လာပြီး ဖန့်ချန်ကို အမြန် လက်သီးဆုပ် ဂါရဝပြုလိုက်ပါတယ်

"ကျုပ် ချူယီး ပါ၊ ဖန့်မိတ်ဆွေကို ဂါရဝပြုပါတယ်ဖန့်မိတ်ဆွေရဲ့ ကူညီစောင့်ရှောက်မှုသာ မရှိရင် ကျုပ် ဒီနေ့ ဒီအချိန်မှာ ဇနီးသည်နဲ့ ဆုံတွေ့နိုင်မှာ မဟုတ်ပါဘူး"

"ဖန့်မိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ်"

လုံရော့က ဖုတ် ကနဲ အသံမြည်အောင် ဖန့်ချန်ရှေ့မှာ ဒူးထောက်လိုက်ပြီး ရိုရိုသေသေနဲ့ ဦးသုံးကြိမ် တိုက်လိုက်ပါတယ်။

ချူယီးကလည်း ဒါကို မြင်တော့ ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး လုံရို့နဲ့အတူ ဦးသုံးကြိမ် တိုက်လိုက်ပါတော့တယ်။

သူတို့ နှစ်ယောက်ကို နူးညံ့တဲ့ စွမ်းအားတစ်ခုက မ လိုက်ပါတယ်။

ဖန့်ချန်က လုံရော့ကို ပြုံးစစနဲ့ ကြည့်ပြီး

"အစတုန်းက ကျုပ်တို့ သဘောတူထားတာပဲလေ ဒါက အရောင်းအဝယ် တစ်ခုပဲ မင်းက ငါ့အတွက် လူ့လောကမှာ လူရှာပေးတယ် ငါက မင်းအတွက် ယင်လောကမှာ လူရှာပေးတယ် ဒါက တရားမျှတပါတယ်"

"ဖန့်မိတ်ဆွေ... ရှင် ကျမ ကို ကူညီခဲ့တာက တစ်ကြိမ်ထက်မကပါဘူး ဒီ ဦးသုံးကြိမ်ကတော့ မဖြစ်မနေ လုပ်ရမှာပါ"

လုံရို့က ဆိုပါတယ်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... လုပ်သင့်ပါတယ်"

ချူယီးကလည်း အမြန်ပဲ ထောက်ခံပြောဆိုပါတယ်။

သူဟာ ဝမ်ချွမ်းမြစ်ထဲမှာ ဘယ်လောက်အထိ ခံရခက်လဲဆိုတာကို အလွန် ကောင်းကောင်း သိထားတာပါ။

အခု တစ်ဖက်လူက သူ့ကို ဆယ်ယူပေးခဲ့ရုံတင်မကဘဲ၊ တကယ်လို့သာ တစ်ခုခု မှားယွင်းသွားခဲ့ရင် အခုအချိန်မှာ လုံရို့လည်း ဝမ်ချွမ်းမြစ်ထဲမှာ ဒုက္ခရောက်နေနိုင်တာ ဖြစ်ပါတယ်။

"မင်းတို့ ဇနီးမောင်နှံ နောင်ကျရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ "

ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

"ဝိညာဉ်သုတ်သင်ခြင်းဌာန ပါပဲ"

လုံရို့ရဲ့ မျက်လုံးတွေက တောက်ပနေပါတယ်

"ကျမ နဲ့ ကျမ ယောက်ျားက ဝိညာဉ်သုတ်သင်ခြင်းဌာနကို အတူတူ ဝင်ကြမယ် ဒီဘဝမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ အသေအလဲ တိုက်သွားမယ် "

"မိန်းမ... မင်း ဝေခွဲမရ ဖြစ်နေတာလား...ငါတို့က အခု လွင့်မျောနေတဲ့ ဝိညာဉ်တွေပဲလေ ပြီးတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက အရမ်း အင်အားကြီးတယ်၊ ဌာနမှူးတောင် ဆုတ်ခွာသွားရတာ ဆိုတော့လူ့လောကက ဝိညာဉ်သုတ်သင်ခြင်းဌာနကလည်း အခုလောက်ဆိုရင် လှုပ်ရှားမှုတွေ အားလုံး ရပ်နားပြီး ပုန်းအောင်းနေလောက်ပြီ"

ချူယီးက တိုးတိုးလေး ပြောပါတယ်။

"ယောက်ျား... ငါပြောတာက လူ့လောကက ဝိညာဉ်သုတ်သင်ခြင်းဌာနကို မဟုတ်ဘူး၊ ယင်လောကက ဝိညာဉ်သုတ်သင်ခြင်းဌာနကို ပြောတာ"

လုံရို့က ပြုံးပြီး ဆိုပါတယ်။

"ယင်လောက... ဝိညာဉ်သုတ်သင်ခြင်းဌာန"

ချူယီး မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားပါတယ်

"ဌာနမှူးက ဒီမှာလည်း အင်အားစုတွေ ရှိတာလားကျုပ် ပြောသားပဲ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်းကပဲ ယင်လောကအထိ လက်တံဆန့်နိုင်ရမှာလားလို့ "

"ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာနကို ဌာနမှူး တည်ထောင်ခဲ့တာ မဟုတ်ဘူး၊ ဖန့်မိတ်ဆွေ တည်ထောင်ခဲ့တာ ဖန့်မိတ်ဆွေက ယင်လောကရဲ့ အကြီးအကဲ တစ်ယောက်ပဲ"

လုံရို့က ပြောပြပါတယ်။

"ဖန့်... မိတ်ဆွေ "

ချူယီးက ဖန့်ချန်ကို ကြောင်ပြီး ကြည့်နေမိပါတယ်။

သူ ရုတ်တရက် သတိထားမိလိုက်တာက ယင်လောကရဲ့ နေ့ကင်းလှည့် အရာရှိကြီးတောင်မှ ဒီလူ့အမိန့်ကို နာခံနေရပုံ ရတာပါပဲ...

"မင်းတို့က ဝိညာဉ်သုတ်သင်ခြင်းဌာနက လာတဲ့သူတွေဆိုတော့ အခု ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာနကို ပြန်ဝင်တာကလည်း အကျိုးအကြောင်း ဆီလျော်ပါတယ် မင်းလည်း ဆန်ကျင်းမြို့မှာ နေခဲ့တာ ကြာပြီဆိုတော့ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ စစ်သေနာပတိ ရှောင်းလန် ကို တွေ့ဖူးလိမ့်မယ် မင်း ချူယီးအစ်ကိုကို ခေါ်ပြီး သွားသတင်းပို့လိုက်ပါ၊ ရှောင်းလန်က အားလုံးကို စီစဉ်ပေးပါလိမ့်မယ်"

ဖန့်ချန်က ပြုံးပြီး ဆိုပါတယ်။

"ကျေးဇူးအများကြီး တင်ပါတယ် ဖန့်မိတ်ဆွေ"

လုံရို့က ပြုံးပြီး ချူယီးနဲ့အတူ နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။

သူတို့ ထွက်သွားတဲ့ ခြေလှမ်းတွေက တော်တော်လေး ပေါ့ပါးသွက်လက်နေပါတယ်။

"ဒီ ချူယီးမိတ်ဆွေကတော့... အိမ်ထောင်ဦးစီး ပီသပုံမရဘူးပဲ..."

တုယွန်းရွှီက သူတို့နှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးကာ

"ဒါကို အိမ်ထောင်ဦးစီး မပီသတာလို့ မခေါ်ဘူး"

"သခင်လေး... ဒါဆို ဒါကို ဘာလို့ ခေါ်လဲ"

တုယွန်းရွှီက စိတ်ဝင်တစားနဲ့ ရိုရိုသေသေ မေးမြန်းပါတယ်။ ဘေးနားက နေ့ကင်းလှည့် အရာရှိလေးတွေလည်း နားစွင့်နေကြပါတယ်။

"မျက်နှာလိုမျက်နှာရလုပ်သူ (ဒါမှမဟုတ်) အသေအလဲကပ်သူ လို့ ခေါ်တာပေါ့"

ဖန့်ချန်က ရယ်ပြီး ပြောလိုက်ပါတယ်။

ဒါပေမဲ့ ကွာခြားချက်ကတော့ တစ်ဖက်က အသေအလဲ ကပ်တာက အရမ်းကို စစ်မှန်ပြီး ပြင်းပြသလို၊ နောက်တစ်ဖက်ကလည်း အဲဒီလို အကပ်ခံရတာကို ပျော်နေတာပါပဲ။

လုံရို့ က ခုနက ဦးသုံးကြိမ် တိုက်တာဟာ ဖန့်ချန်က လုံမိသားစုက ကျင့်ကြံသူ အတော်များများကို ကယ်တင်ပေးခဲ့လို့ ဆိုပေမဲ့၊ တကယ်တမ်းမှာတော့ ဖန့်ချန် ခံစားမိတာက ဒီ ဦးသုံးကြိမ်ကို သူမက ချူယီးအတွက် တိုက်ပေးလိုက်တာ ဖြစ်ပါတယ်။

"အသေအလဲ ကပ်သူ ဖြစ်တာကလည်း ဘာမှ မဖြစ်ပါဘူး၊ လူမှန်ကိုသာ ကပ်မိရင်တော့ အတူတူ အိုမင်းသွားနိုင်တာပါပဲ နောင်ကျရင် မင်းလည်း အဖော်ရှာချင်တယ်ဆိုရင် အားတဲ့အခါ ချူယီးမိတ်ဆွေကို သွားပြီး အကြံဉာဏ် တောင်းကြည့်ပေါ့"

ဖန့်ချန်က တုယွန်းရွှီရဲ့ ပုခုံးကို ပုတ်ပြီးနောက် လှည့်ထွက်သွားပါတော့တယ်။

အခန်း (၁၁၂၈) နတ်ဆေးပင်

ချောင်ဖုန်း၊ သောင်းတာအိုမျှော်စင်

လီဝူဝမ့်ဟာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ စုန့်ကျီလီရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေပါတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် မလှမ်းမကမ်းမှာရှိတဲ့ ယန်ဟောက်ရန်ကို လှည့်ကြည့်လိုက်ကြပါတယ်။

"ကိစ္စကတော့ ဒါပါပဲ၊ ဆရာကြီးပဲ ဆုံးဖြတ်ပေးပါတော့"

ယန်ဟောက်ရန်က ရိုရိုသေသေ လျှောက်တင်လိုက်ပါတယ်။

"နဂါးအိုကြီး၊ ဖန့်ချန်... တစ်ယောက်က မိုးကြိုးဘေးဒုက္ခကို ရှောင်တိမ်းနေတဲ့ အဆင့် ၃ လွတ်လပ်သောမသေမျိုး ၊ နောက်တစ်ယောက်က ဘယ်အချိန်က အဆင့်တက်သွားမှန်းမသိတဲ့ အဆင့် ၂ ဓားကျင့်ကြံသူ"

စုန့်ကျီလီက တိုးတိုးလေး ရေရွတ်လိုက်ရင်း

"ဒီတစ်ခေါက် ကိစ္စကို ငါ့ရဲ့ စီနီယာအစ်ကိုကြီးတောင် ကြိုတင်မခန့်မှန်းနိုင်ခဲ့တာ မဆန်းပါဘူး အရိုးစုတစ်ခု ဆုံးရှုံးသွားရတာ နှမြောစရာပဲ"

ပြောပြီးနောက် သူက တည်ငြိမ်နေတဲ့ လီဝူဝမ့်ကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးကာ

"မင်းသာ ကိုယ်တိုင်သွားခဲ့ရင် ကောင်းကင်ဓားဌာန က အဆင့် ၁ ဓားကျင့်ကြံသူ အတော်များများနဲ့ အဆင့် ၂ ဓားကျင့်ကြံသူ တစ်ယောက် ဘယ်သေပါ့မလဲ"

"ဒါဆိုရင် သေမှာက ကျုပ် ဖြစ်သွားမှာပေါ့"

လီဝူဝမ့်က အေးအေးဆေးဆေးပဲ ပြန်ပြောပါတယ်

"နဂါးအိုကြီး တောင်ပေါ်က ဆင်းလာတာက ခင်ဗျားတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဖိအားပေးလို့လို့ ကျုပ်မြင်တယ် ဟိုတစ်လောက ဝိညာဉ်နတ်ဘုရားဂိုဏ်းက လုံယွမ် ကို အပြတ်ရှင်းဖို့ မကြံစည်ခဲ့ရင် သူက အဲဒီတောင်ကြားထဲမှာပဲ အောင်းနေဦးမှာပဲလေ"

"တကယ်တော့ ဒီလူက မိုးကြိုးဘေးဒုက္ခနဲ့ မကြာခင် ကြုံရတော့မှာဆိုတော့ အရမ်းကြီး ကြောက်နေစရာ မလိုပါဘူး မင်းသာ ရှိနေရင် သူ မင်းကို တိုက်ရဲမှာ မဟုတ်ဘူး မင်းက ယွမ်ဟယ် ကို ကြောက်နေတာလား အဲဒီတုန်းက မင်းက အဆင့် ၂ ပဲ ရှိသေးတာတောင် သူ မင်းကို မဖမ်းနိုင်ခဲ့ဘဲ မင်းရဲ့ လက်တစ်ဖက်ကိုပဲ ဖြတ်နိုင်ခဲ့တာ အခု မင်းက အဆင့် ၃ ဖြစ်နေပြီပဲ၊ သူ့ကို ဘာလို့ ကြောက်နေမှာလဲ "

စုန့်ကျီလီက ပြုံးပြီး ဆက်ပြောပါတယ်

"ဟိုတစ်ယောက်ကိုပါ ခေါ်လိုက်လေ၊ မင်းတို့ နှစ်ယောက်လုံး မြေဝက်ဝံဂြိုဟ် ကို အတူတူ သွားကြရင် ဒီကိစ္စက အေးဆေး ရှင်းသွားမှာပဲ အဆင့် ၃ ဓားကျင့်ကြံသူ နှစ်ယောက်ဆိုရင် အဆင့် ၄ သာ ထွက်မလာရင် လောကမှာ ဘယ်သူက မင်းတို့ရဲ့ ပြိုင်ဘက် ဖြစ်မှာလဲ"

လီဝူဝမ့်က စုန့်ကျီလီကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ပြောပါတယ်

"ကျုပ်တို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း မတိုက်ခိုက်သလို၊ တစ်ပြိုင်တည်းလည်း လူလုံးမပြဘူး ဒါက ကောင်းကင်ဓားဌာန စတင်တည်ထောင်ကတည်းက ချမှတ်ထားတဲ့ စည်းကမ်းပဲ"

ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ခတ်သွားပါတယ်။

လီဝူဝမ့် ပြောသလိုသာ ဆိုရင် ကောင်းကင်ဓားဌာနကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ်အောင် ရှင်းပစ်ဖို့က မလွယ်ကူတဲ့ ကိစ္စပါပဲ။

"ဒီလောက်အထိ သတိကြီးနေဖို့ လိုလို့လားတကယ်လို့ ဒီတစ်ခေါက်မှာ မင်းတို့က ထူးခြားတဲ့ ပြောင်းလဲမှု ကို ဖော်ထုတ်နိုင်ခဲ့ရင် မသေမျိုးလောကငယ် က ပေးမယ့် အကျိုးကျေးဇူးတွေက နောင်ကျရင် မင်းတို့ နှစ်ယောက်ကို အဆင့် ၄ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်"

စုန့်ကျီလီက ပြုံးပြီး

"အဆင့် ၁ ကနေ အဆင့် ၃ အထိက အခြေခံ ခိုင်မာရင်၊ မသေမျိုးကျောက်တုံး အလုံအလောက် ရှိရင် ရတယ် ဒါပေမဲ့ အဆင့် ၄ ကို တက်ဖို့ကတော့ နတ်ဆေးပင် ကို စားသုံးရမယ် အခု လောကမှာ နတ်ဆေးပင်တွေက နည်းသထက် နည်းလာပြီ"

" ကျုပ် ဒီနှစ်တွေထဲမှာ ကုန်သည်ကြီးတွေဆီကနေ ရှာခိုင်းထားတာတောင် သတင်း တစ်စက်မှ မရဘူး မသေမျိုးလောကငယ်ကတော့ မတူဘူးလေ သူတို့ရဲ့ အခြေခံနဲ့ဆိုရင် နတ်ဆေးပင် တစ်မျိုး နှစ်မျိုး ထုတ်ပေးဖို့က ပြဿနာ မဟုတ်ဘူး"

"သူတို့က ခင်ဗျားကို နတ်ဆေးပင် တစ်မျိုးပဲ အများဆုံး ပေးမှာ ကျုပ်တို့ နှစ်ယောက်အတွက် ဝေစု ပါဦးမှာလား "

လီဝူဝမ့်က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ပြီး

"အစတုန်းက ခင်ဗျားတို့က မသေမျိုးကျောက်တုံးတွေနဲ့ သွေးဝိညာဉ်နတ်ဆေးလုံး တွေ ပံ့ပိုးပေးလို့ ကျုပ်တို့လည်း ခင်ဗျားတို့အတွက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့ပြီးပြီ ဒီရက်ပိုင်းမှာလည်း လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတွေ အများကြီး သေခဲ့ရတယ် ကျေးဇူးကြွေးတွေကတော့ ဆပ်ပြီးသွားပြီ မြေဝက်ဝံဂြိုဟ်က ကိစ္စကိုတော့ ခင်ဗျားဘာသာပဲ နည်းလမ်းရှာပါတော့"

"နတ်ဆေးပင်လား "

ဖန့်ချန်က စဉ်းစားနေမိပါတယ်။

ကြည့်ရတာ လွတ်လပ်သောမသေမျိုး အဆင့်ကို ရောက်သွားရင် နောက်ပိုင်း အဆင့်တက်ဖို့က အတားအဆီးတွေ အများကြီး ရှိပုံရပါတယ်။

နဂါးအိုကြီး အဆင့် ၄ ကို တက်လှမ်းနိုင်တာဟာ စုန့်ကျီလီ ပြောတဲ့ နတ်ဆေးပင်ကို ကြိုပြီး ရထားခဲ့လို့ ဖြစ်နိုင်ပါတယ်။

ဒါဟာ အဆင့် ၃ ကနေ အဆင့် ၄ ကို တက်ဖို့အတွက် သော့ချက်ဖြစ်ပြီး မသေမျိုးကျောက်တုံးတွေထက် အများကြီး ပိုအရေးကြီးပုံရပါတယ်။

"မင်းက လက်ရှိ အခြေအနေကိုပဲ မကြည့်နဲ့ဦး ဒီတစ်ခေါက် မသေမျိုးလောကငယ်ဘက်က ကျုပ်ကို နတ်ဆေးပင် တစ်မျိုးပဲ ပေးမယ်လို့ ကတိပေးထားတာ အမှန်ပဲ"

စုန့်ကျီလီက ပြုံးပြီး ဆက်ပြောပါတယ်

"ဒါပေမဲ့ ဒီပူးပေါင်းဆောင်ရွက်မှု ရှိသွားပြီဆိုရင် နောင်ကျရင် ဒီဆက်ဆံရေးကနေတစ်ဆင့် မသေမျိုးလောကငယ်ဆီကနေ ဝယ်ယူလို့ ရသွားပြီ မင်းလည်း သိပါတယ်၊ လူ့လောက ကိုးနယ်မြေက ထိပ်တန်း အင်အားစုတွေနဲ့ မိတ်ဖွဲ့ဖို့က ဘယ်လောက် ခက်ခဲလဲဆိုတာ"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းဆိုတဲ့ နာမည် ရှိနေရင်တောင် အဲဒီအဆင့်ကို ရောက်သွားရင်... သူတို့က အရေးစိုက်မှာ မဟုတ်ဘူး ကျုပ် အတည်ပြောပြမယ်၊ အခု ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲမှာ အဆင့် ၄ ကို တက်ဖို့ စောင့်နေကြတဲ့ လွတ်လပ်သောမသေမျိုးတွေ အများကြီး ရှိသေးတယ်"

"ဝိညာဉ်နတ်ဘုရားဂိုဏ်းတောင်မှ မင်းတို့အတွက် နတ်ဆေးပင်ကို အလုံအလောက် မပေးနိုင်ဘူးလား"

လီဝူဝမ့်က မျက်မှောင်ကြုတ်သွားပါတယ်။

"အခု သွေးဝိညာဉ်နတ်ဆေးလုံးရဲ့ အာနိသင်က အဆင့် ၃ အထိပဲ ရှိသေးတာ အဲဒီ အင်အားစုတွေရဲ့ မျက်လုံးထဲမှာတော့ ဒါက သိပ်တန်ဖိုးရှိတဲ့ အရာ မဟုတ်ဘူး သူတို့ဆီကနေ နတ်ဆေးပင်ကို ဝယ်ချင်ရင် ပိုပြီး တန်ဖိုးရှိတဲ့ အရာတွေ ရှိရမယ်"

"ကျုပ်တို့ ဂိုဏ်းရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေထဲက အချို့က ပိုပြီး အရည်အသွေးမြင့်တဲ့ သွေးဝိညာဉ်နတ်ဆေးလုံးကို သုတေသန လုပ်နေကြတယ် တကယ်လို့ အောင်မြင်သွားရင်တော့ အကျိုးအမြတ်က အများကြီးပဲ"

"ဒါပေမဲ့ ဒါက တစ်ရက်တည်းနဲ့ ဖြစ်တာ မဟုတ်ဘူး မင်းနဲ့ ငါလည်း အသက်တွေ မနည်းတော့ဘူး မင်းက ဓားကျင့်ကြံသူဆိုတော့ သက်တမ်းက ပိုတိုသေးတယ် မင်း စောင့်နိုင်မှာလား "

စုန့်ကျီလီက ပြုံးပြီး မေးလိုက်ပါတယ်။

သူဟာ လီဝူဝမ့်ရဲ့ ကောင်းကင်ဓားဌာနကို အမြောက်စာအဖြစ် သုံးချင်တာကို အစကနေ အဆုံးအထိ လုံးဝ ဖုံးကွယ်မထားပါဘူး။

ဒါပေမဲ့ သူ့ရဲ့ စကားတိုင်းက လီဝူဝမ့်အတွက် အဆုံးစွန်သော မက်လုံးတွေနဲ့ ပြည့်နှက်နေပါတယ်။

"ဟုတ်ပါရဲ့... ငါတို့ရဲ့ သက်တမ်းက အရမ်းတိုတယ်၊ မစောင့်နိုင်ဘူး..."

လီဝူဝမ့်က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

စုန့်ကျီလီက အခြေအနေ ကောင်းသွားပြီဆိုတာ မြင်တော့ ပြုံးပြီး

"ကျုပ် ကတိပေးပါတယ် ဒီကိစ္စ အောင်မြင်သွားလို့ ကျုပ် အဆင့် ၄ တက်သွားရင်၊ မင်းအတွက် အဆင့် ၄ တက်ဖို့ နတ်ဆေးပင်ကို ရှာပေးမယ် နှစ် ၃၀၀ အတွင်း မင်းရဲ့ လက်ထဲကို အရောက် ပေးမယ်"

"ဒီရက်ပိုင်း ကောင်းကင်ဓားဌာနရဲ့ ဆုံးရှုံးမှုတွေကရော..."

လီဝူဝမ့်က စုန့်ကျီလီကို တစ်ချက် ကြည့်လိုက်ပါတယ်။

စုန့်ကျီလီရဲ့ မျက်နှာပေါ်မှာ ပြုံးရွှင်မှုတွေ ချက်ချင်း ပေါ်လာပါတယ်

"အတော်ပဲ၊ မင်ဟူ နဲ့ စစ်ဝေ တို့ဆီမှာ သွေးဝိညာဉ်နတ်ဆေးလုံး အသစ် တစ်သုတ် ရောက်နေတယ်အားလုံးပေါင်း အဆင့် ၁ ဆေးလုံး ၄ လုံးပဲ အစက ကိစ္စပြီးရင် အဆင့် ၁ ဆေးလုံး ၁၀ လုံးနဲ့ အဆင့်မြင့် ဆေးလုံး ၂ လုံး ပေးမယ်လို့ ကတိပေးထားတာကို အခု အဆင့် ၁ ဆေးလုံး ၄ လုံးကို အရင် ကြိုပေးလိုက်မယ်"

လီဝူဝမ့်က ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။

ဒါက သဘောတူလိုက်တာပါပဲ။

အဆင့် ၁ ဆေးလုံးဟာ သူ့အတွက် အသုံးမဝင်တော့ပေမဲ့၊ အဆင့်မြင့်ဆေးလုံးတွေတောင်မှ သူ့အတွက် အာနိသင် မရှိတော့ပါဘူး။

ဒါပေမဲ့ အဆင့် ၁ ဆေးလုံး ၄ လုံးက ကောင်းကင်ဓားဌာနအတွက် နောက်ထပ် အဆင့် ၁ ဓားကျင့်ကြံသူ တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာကြောင့် ဒါကလည်း မဆိုးတဲ့ အကျိုးအမြတ်ပါပဲ။

"အချိန်ကို တွက်ကြည့်ရင် ယွင်တိန့် က ဒီဆေးလုံးတွေကို ရလောက်ပြီ သူ့ကို မင်းတို့ ဓားဌာနကို ကိုယ်တိုင် သွားပို့ခိုင်းလိုက်မယ်"

စုန့်ကျီလီက ပြောရင်းနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။

လီဝူဝမ့်က ခေါင်းညိတ်ပြတယ်

"ဒါဆိုရင် ကျုပ် ပြန်လိုက်ပါဦးမယ် မြေဝက်ဝံဂြိုဟ်ဘက်က ကိစ္စကိုတော့ ကျုပ်ကို ၅ နှစ်လောက် အချိန်ပေးပါ ၅ နှစ်ကြာရင် ကျုပ်ကိုယ်တိုင် သွားလိုက်မယ်"

"ကောင်းပါပြီ၊ နဂါးအိုကြီးက ၅ နှစ်အထိ ခံချင်မှ ခံမှာပါ ၅ နှစ်အတွင်းမှာ သူ ဘေးဒုက္ခကို မကျော်လွှားနိုင်ဘဲ ရှုံးနိမ့်သွားရင်တော့ မင်းအတွက် ပိုပြီး အလုပ်ရှုပ် သက်သာသွားတာပေါ့"

စုန့်ကျီလီက ရယ်ပြီး ပြောပါတယ်။

လီဝူဝမ့်က ဘာမှ ပြန်မပြောဘဲ လှည့်ထွက်သွားပါတော့တယ်။

သူ ထွက်သွားတာနဲ့ စုန့်ကျီလီရဲ့ မျက်နှာဟာ တဖြည်းဖြည်း အေးစက်သွားပါတယ်။ သူက ယန်ဟောက်ရန်ကို တစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်တယ်

"လီဝူဝမ့်က အရင်တုန်းက ဒီလောက်အထိ အသက်ကို နှမြောတဲ့သူ မဟုတ်ပါဘူး အခု အဆင့် ၃ ဖြစ်သွားတော့မှ ပိုပြီး ကြောက်တတ်လာတယ် ငါတို့က သူတို့ကို အကောင်းစားတွေ ကျွေးမွေးပြီး စောင့်ရှောက်ထားတာကို၊ အလုပ်လေး နည်းနည်း လုပ်ခိုင်းတာကိုတောင် အမျိုးမျိုး ငြင်းဆန်နေတယ်"

"ဆရာကြီး... သူတို့ကို သွေးဝိညာဉ်နတ်ဆေးလုံး ပေးတာကို တိုက်ရိုက် ရပ်ပစ်လိုက်ရင် မကောင်းဘူးလား ကျုပ်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းသာ မရှိရင် လီဝူဝမ့်တို့ သေသွားတာနဲ့ ဒီဓားကျင့်ကြံသူတွေ အုပ်စုကလည်း အရင်လိုပဲ ပြန်ဖြစ်သွားမှာပါ"

ယန်ဟောက်ရန်က အကြံပေးပါတယ်။

"မလိုပါဘူး၊ သွေးဝိညာဉ်နတ်ဆေးလုံး နည်းနည်း ပေးရရုံနဲ့ ဒီလောက် ကောင်းမွန်တဲ့ လက်နက်တစ်ခုကို ရတာပဲ တချို့ အချိန်တွေမှာ သူတို့က တော်တော်လေး အသုံးဝင်ပါသေးတယ်"

စုန့်ကျီလီက ပြုံးလိုက်ပြီး

"မြေဝက်ဝံဂြိုဟ်ရဲ့ အခြေအနေက မင်းရဲ့ ကျင့်ကြံမှုနဲ့ သွားရင်လည်း သိပ်ပြီး အကျိုးမရှိပါဘူး မင်း ဟုန်မော့ဂြိုဟ် ကို တစ်ခေါက် သွားလိုက်ပါ"

"အဲဒီမှာရှိတဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနကို ငါတို့တွေ ချေမှုန်းလုနီးပါး ဖြစ်နေပြီ၊ မင်းက အဆုံးသတ် ကိစ္စတွေကို သွားတာဝန်ယူလိုက် အဲဒီအခါမှာ ချွီကော တို့လို လူငယ်တွေကိုလည်း ခေါ်သွားလိုက်ဦး ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ ဝင်လာပြီဆိုမှတော့ အားစိုက်ထုတ်ပြရမှာပေါ့"

"ဟုန်မော့ဂြိုဟ်လား အဲဒီမှာ ဂိုဏ်းချုပ် တစ်ယောက်တောင် မရှိဘူးပဲ တပည့် တစ်ယောက်တည်း သွားရင်တောင် ရပါတယ်"

ယန်ဟောက်ရန်က ထူးဆန်းတဲ့ အမူအရာနဲ့ ပြောပါတယ်။

"မင်းရဲ့ စီနီယာဦးလေး (ဝမ်ချုံစုန်း) က အဲဒီမှာ ကိုယ်ပွား တစ်ခု ရှိနေတယ် မင်းတို့ သွားတွေ့လိုက်ဦး သူ မင်းတို့ကို မှာစရာ ရှိလိမ့်မယ်"

စုန့်ကျီလီက ဆိုပါတယ်။

ယန်ဟောက်ရန်က ချက်ချင်း နားလည်သွားပြီး လက်သီးဆုပ်ကာ

"တပည့် အခုပဲ သွားလိုက်ပါ့မယ်"

"သွားတော့"

စုန့်ကျီလီက လက်ကို ဝေ့ယမ်းလိုက်ပါတယ်။

"ဟုန်မော့ဂြိုဟ်လား ဝမ်ချုံစုန်းက အဲဒီမှာ နောက်ထပ် ကိုယ်ပွား တစ်ခု ရှိနေသေးတာလား "

ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အေးဆေးတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

ဒီတစ်ခေါက် လာရတာတော့ လုံးဝ မရှုံးပါဘူး။

All Chapters