← Chapters

မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး

Vol. 13 Ch. 129

မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး

Vol. 13 Ch. 129

ထိုက်ရွှီ တောင်ကြား....

ဤနေရာက ထိုက်ရွှီလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ဖြစ်သည်။

လျှို့ဝှက်နယ်မြေ မပွင့်သေးသောကြောင့် နေရာက သာမန် တောင်ကြားတစ်ခုအဖြစ်သာ ရှိနေသေး၏။ ထို့ကြောင့် မြင့်မြတ်နယ်မြေ ဆယ်ခုက တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ပြိုင်ပွဲစင်မြင့်ကို ဤနေရာတွင် ထားရန် ဆုံးဖြတ်ခဲ့သည်။

စည်းကမ်းများကတော့ ရိုးရှင်းပါသည်။ ထိုက်ရွှီလျှို့ဝှက်နယ်မြေတွင် နေရာတစ်နေရာ ရရှိရန် ဆယ်ပွဲ ဆက်တိုက် အနိုင်ယူရမည် ဖြစ်သည်။

တစ်နေ့လျှင် နေရာဆယ်ခု ပေးအပ်မည်ဖြစ်ပြီး ဆယ်ရက်အတွင်းမှာပင် ဝင်ခွင့်ရမည့် အယောက်တစ်ရာကို ဆုံးဖြတ်မှာမည်ဖြစ်သည်။ လူတစ်ဦးလျှင် အခွင့်အရေး တစ်ကြိမ်သာ ရရှိမည်ဖြစ်ပြီး တစ်ပွဲရှုံးပါက ဖယ်ရှားခံရမည် ဖြစ်သည်။

တစ်ကိုယ်တော်ကျင့်ကြံသူများက မကန့်ကွက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ အခြားသူများထက် မသာလွန်ပါက မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရာတွင် အခွင့်မသာနိုင်ပေ။

ချူဖုန်း၏ အဖွဲ့သည် သူတို့၏ ပျံသန်းရေးပစ္စည်းများဖြင့် ဝမ်တောက်ကျောင်းတော်အတွက် သီးသန့်ထားရှိသော စင်မြင့်ပေါ်သို့ ဆင်းလိုက်ကြသည်။

သူတို့ ဆင်းလာသည့် အခိုက်မှာပင် မရေမတွက်နိုင်သော အကြည့်များက သူတို့ထံသို့ ရောက်လာကြ၏။ လူအုပ်ကြီးထဲတွင် တီးတိုးပြောဆိုသံများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

“ သူတို့က ဝမ်တောက်ကျောင်းတော်ရဲ့ ဘယ်ဌာနကလဲ “

“ သောင်းပြောင်းပညာရပ်ဌာနက ဖြစ်လောက်တယ်။ ငါ ဝမ်တောက်မြို့မှာ ရှောင်ချန်းကို အဝေးကနေ တစ်ခါ လှမ်းမြင်ဖူးတယ် “

“ ဒါဆိုရင် အဓိကတပည့် ပြိုင်ပွဲက ပထမရော အတွင်းစည်း ပြိုင်ပွဲက ပထမရတဲ့သူရော နှစ်ယောက်လုံး ဒီကို ရောက်နေတာပေါ့ “

“ … “

လူအုပ်ကြီးထဲတွင် ဝမ်ယွီလင်းသည် ပွဲကြည့်စင်ပေါ်၌ ရပ်နေသော ဝမ်ပေါင်လဲ့ကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။ သူမ၏ အမူအရာမှာ မယုံကြည်နိုင်မှုကြောင့် ရှုံ့မဲ့သွားပြီး ရေရွတ်လိုက်သည်။ “ ဝမ်ပေါင်လဲ့လို ကောင်က ဒီလောက် အရေးကြီးတဲ့ ပွဲမျိုးမှာ ဝမ်တောက်ကျောင်းတော်ကို ဘာလို့ ကိုယ်စားပြုနေတာလဲ “

သူမ၏ အသံဆုံးသွားသည်နှင့် လူတိုင်းက ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြသည်။

သူမ၏ အလှအပကို စိတ်အနှောင့်အယှက်ဖြစ် နေသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက လှောင်ပြောင်လိုက်သည်။ “ ဒီတောသူမက ဘယ်က ရောက်လာတာလဲ။ အပြင်စည်း ပြိုင်ပွဲမှာ တတိယရတဲ့ စီနီယာအစ်ကိုဝမ်ကို လှောင်ရဲတယ်ပေါ့လေ။ အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ် “

“ အော်မီထောဖော် “

နှလုံးသားကျောင်းတော်မှ ကိုရင်လေးတစ်ပါးက ပြောလိုက်သည်။ “ စီနီယာအစ်ကိုဝမ်က အပြင်စည်းမှာ တတိယနေရာပဲရတဲ့ သာမန်တပည့် တစ်ယောက် မဟုတ်ဘူး။ ဝမ်တောက်ကျောင်းတော်က တပည့်တွေဆီကနေ ငါ ကြားဖူးတာတော့ သူတို့အသုတ်မှာ ပထမနေရာ သုံးခု ရှိတယ်တဲ့ “

“ အမည်ခံ ပထမ၊ တကယ့် ပထမ နဲ့ တန်းတူ ပထမ တဲ့။ စီနီယာအစ်ကိုဝမ်က တန်းတူ ပထမပဲ “

မဟာယွီ မင်းဆက်မှ ကျင့်ကြံသူ တစ်ဦးက ဝင်ပြောလိုက်သည်။ “ ကိုရင်လေး... လျှို့ဝှက်ဆန်းကြယ်သလို ပြောမနေစမ်းပါနဲ့။ ကျုပ် ရှင်းပြမယ်။ စီနီယာအစ်ကိုဝမ်က ခင်ဗျားတို့ နှလုံးသားကျောင်းတော်က အနာဂတ် ဗုဒ္ဓလောင်းနဲ့ တိုက်ခိုက်ဖူးတယ်။ နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သရေကျသွားတယ်တဲ့။ နောက်ဆုံးမှာတော့ စီနီယာအစ်ကိုလျူ က အကျိုးအမြတ် ရသွားရော “

“ ခင်ဗျားတို့ ဘုန်းကြီးတွေက မကျေမနပ် ဖြစ်သွားကြတယ်။ ဝူမင် နဲ့ စီနီယာအစ်ကိုလျူသာ တကယ် တိုက်ခိုက်ရင် ဝူမင် နိုင်မယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အားလုံးက မေ့သွားတယ်ထင်တယ်။ စီနီယာအစ်ကိုဝမ်က စင်မြင့်ပေါ်မှာ ဝူမင်ကို ကပ်သီးလေး ရှုံးသွားပေမဲ့ အဲဒီနေ့ နေ့လယ်မှာလုပ်တဲ့ တတိယမြောက်ပွဲစဉ်မှာ ဝင်ပြိုင်နိုင်သေးတယ်လေ “

“ ခင်ဗျားတို့ရဲ့ ဝူမင်ကတော့ အဲဒီနောက်မှာ ရက်အတော်ကြာ အိပ်ရာက မထနိုင်တော့ဘူး။ ဝမ်တောက်ကျောင်းတော်ကလူတွေ ပြောတာကတော့ စီနီယာအစ်ကိုဝမ်ကမှ တကယ့် ပထမအစစ်ပဲ “

ကိုရင်လေး၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားသည်။ “ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ် ဆိုရင် ကျုပ် ခင်ဗျားကို ရိုက်မိတော့မယ် “

“ ဟမ့်... ကျုပ်က ခင်ဗျားက ကြောက်မယ်များ ထင်နေလား “ မဟာယွီကျင့်ကြံသူက လှောင်လိုက်သည်။

သူတို့၏ ငြင်းခုံမှုက ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များအပေါ် မသက်ရောက်ပေ။

သို့သော် ထိုအရာအားလုံးကို ကြားပြီးနောက် ဝမ်ယွီလင်းသည် တုန်ယင်သွားပြီး ယိုင်ကျသွားတော့၏။

ကံကောင်းထောက်မစွာဖြင့် စီမာယန်က လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး သူမကို ဖမ်းထိန်းထားကာ စိုးရိမ်တကြီး မေးလိုက်သည်။ “ ယွီလင်း... နင် အဆင်ပြေရဲ့လား “

ဝမ်ယွီလင်း၏ အမူအရာက မတည်မငြိမ် ဖြစ်နေသည်။ သူမ ထပ်ခါတလဲလဲ ရေရွတ်‌နေသည်။ “ မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး... ဒါက တကယ် မဖြစ်နိုင်ဘူး “

ထို့နောက် သူမက ရုတ်တရက် ထခုန်လိုက်ပြီး ထိတ်လန့်နေသော သတ္တဝါလေး တစ်ကောင်ကဲ့သို့ နေရာမှ ထွက်ပြေးသွားတော့သည်။

စီမာယန်သည် သူမ ထွက်ပြေးသွားသော ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမ၏ သူငယ်ချင်းက ဝမ်ပေါင်လဲ့ကို အတော်လေး ရွံ့မုန်းကြောင်း သိထားသည်။ ယခုအခါ ဝမ်ပေါင်လဲ့သည် စွမ်းအားကြီးလာပြီဖြစ်သည့်အတွက် ဝမ်ယွီလင်း အနေဖြင့် ၎င်းကို လက်မခံနိုင်ပေ။

သူမ လှည့်ကာ စင်မြင့်ပေါ်ရှိ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။ ယုံကြည်မှုအပြည့်ဖြင့် ရပ်နေသော ဝမ်ပေါင်လဲ့ကို မြင်သောအခါ သူမ၏ ရင်ထဲတွင် ရောထွေးနေသော ခံစားချက်များ ပြည့်နှက်သွားတော့သည်။

ထိုအချိန်တွင် စီမာရွေ့၏ ကျောပြင်တစ်လျှောက် ချွေးစေးများ စီးကျလာသည်။ ဝမ်ပေါင်လဲ့က ဝမ်တောက်ကျောင်းတော်၏ အပြင်စည်းပြိုင်ပွဲတွင် တတိယနေရာ ရထားလိမ့်မည်ဟု သူ မထင်ထားပေ။

‘ ဒီလို အဆင့်အတန်းမျိုး ရှိနေတာကို သူ ဘာလို ထုတ်မပြောတာလဲ ‘

‘ ငါ့ကို သေတွင်းထဲ ပို့ချင်နေတာလား ‘

ဝမ်ပေါင်လဲ့သည် စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက တစ်ကိုယ်တော်ကျင့်ကြံသူများ ထွက်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။

ထိုအချိန်၌ ချူဖုန်းသည် ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ ထိုင်ရင်း အနားယူနေသည်။

ရုတ်တရက် သူတို့ဆီသို့ နတ်ဘုရားအာရုံ တချို့ ဖြတ်သန်းသွားသည်ကို အာရုံခံလိုက်မိသည်။

သူ မျက်လုံးဖွင့်လိုက်ပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ တာယန် မြင့်မြတ်နယ်မြေ၏ အလံကို မြင်လိုက်ရသည်။။ ၎င်း၏အောက်တွင် ထိုင်နေကြသော ကျင့်ကြံသူများကို ကြည့်ရင်း ချူဖုန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

တာယန် မြင့်မြတ်နယ်မြေ၏ ပွဲကြည့်စင်ပေါ်တွင်....

အလယ်ဗဟို၌ ထိုင်နေသော အမှောင်ခန်းမ၏ ဌာနမှူးသည် ချူဖုန်းနှင့် အကြည့်ချင်း ဆုံမိသွားသည်။ ချူဖုန်း၏ အပြုံးကို မြင်သောအခါ သူကလည်း ဟန်ဆောင် အပြုံးတစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုသို့ အကြည့်ချင်း ဖလှယ်ပြီးနောက် ချူဖုန်းသည် ဘာမှမဖြစ်ခဲ့သည့်အလား သူ၏မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

‘ တာယန် မြင့်မြတ်နယ်မြေ... ဒီတစ်ကြိမ် ချင်းချင်းအတွက် ဘယ်လို အံ့ဩစရာမျိုးတွေ ယူလာပေးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ‘ သူ တွေးလိုက်သည်။

အမှောင်ခန်းမ၏ ဌာနမှူးက သူ၏ဘေးရှိ တပည့်တစ်ယောက်ဘက်သို့ လှည့်ကာ မေးသည်။ “ အဲဒီတစ်ယောက်က သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးလား “

“ ဟုတ်ပါတယ် ဌာနမှူး။ သူက ဝမ်တောက်ကျောင်းတော်က ဌာနမှူး ချူဖုန်း ပါ။ ကံကောင်းမှုကြောင့် ကြီးမြတ်တဲ့ ပါရမီရှင် လေးယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့တဲ့ သာမန် သေမျိုးတစ်ယောက်လို့တော့ ကြားဖူးပါတယ် “

တပည့်ဖြစ်သူက အထင်အမြင်သေးမှု အချို့ ရောယှက်ကာ ပြောလိုက်သည်။ သူ၏ အမြင်တွင် သာမန် သေမျိုးတစ်ယောက်သည် မြင့်မြတ်နယ်မြေမှ အဆင့်မြင့် ကျင့်ကြံသူများနှင့် တန်းတူရပ်ဖို့ မထိုက်တန်ချေ။

“ ဟမ့် “

အမှောင်ခန်းမ၏ ဌာနမှူးက အေးစက်စွာ နှာမှုတ်လိုက်သည်။ “ မင်းတို့ အားလုံးက အရူးတွေပဲ။ ကလေးတွေယုံမဲ့ အဲဒီလို ပုံပြင်မျိုးကို ယုံကြတယ်ပေါ့။ သာမန် သေမျိုးတစ်ယောက်က ချင်းချင်းကို သူငယ်အိမ်နှစ်ခု နိုးထလာအောင် ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ။ အဲဒီ ချူဖုန်းက သေချာပေါက် သာမန် မဟုတ်ဘူး။ သူ့ကို သေချာစစ်ဆေးစမ်း။ သုံးရက်အတွင်း သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ငါ သိချင်တယ် “

“ ဟုတ်ကဲ့ပါဗျ “

ဌာနမှူးက အဘယ်ကြောင့် ဒေါသထွက်သွားတာလဲ ဆိုသည်ကို တပည့်ဖြစ်သူ နားမလည်ချေ။ သောင်းပြောင်းပညာရပ်ဌာနမှ ချူဖုန်းသည် သေမျိုးတစ်ယောက်သာ ဖြစ်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။

ထိုအချိန်တွင် တစ်ကိုယ်တော်ကျင့်ကြံသူ နေရာများအတွက် တိုက်ပွဲက တရားဝင် စတင်လာ၏။ လူတိုင်း၏ အာရုံက တောင်ကြားနားက စင်မြင်ပေါ်သို့ ပြောင်းလဲသွားကြသည်။

ညနေခင်းသို့ ရောက်သောအခါ ပထမနေ့အတွက် နေရာဆယ်ခုကို ဆုံးဖြတ်ပြီးသွား၏။

“ ဆရာ... ပွဲက ပြီးသွားပါပြီ “ ရှောင်ချန်းက ချူဖုန်း အနားယူနေသည်ကို မြင်သောအခါ တီးတိုး ပြောလိုက်သည်။

ထိုအခါမှ ချူဖုန်း မျက်လုံးပွင့်လာပြီး နေဝင်ဆည်းဆာကို တစ်ချက် ကြည့်ကာ ရေရွတ်လိုက်သည်။ “ နောက်ဆုံးတော့ ပြီးသွားပြီပဲ။ စခန်းကို ပြန်ကြတာပေါ့ “

ထိုသို့ပြောပြီးနောက် အဖွဲ့သည် သူတို့၏ မှော်ပစ္စည်းများကို စီးနင်းကာ ပျံသန်းထွက်ခွာသွားကြသည်။

ညနက်ပိုင်း...

တာယန် မြင့်မြတ်နယ်မြေ၏ စခန်းထဲတွင်

အမှောင်ခန်းမ၏ ဌာနမှူးသည် ဤခရီးစဉ်တွင် သူတို့နှင့်အတူ လိုက်ပါလာသော အကြီးအကဲများကို စုစည်းလိုက်သည်။

“ အားလုံးပဲ... ချင်းချင်းက ထိုက်ရွှီ လျှို့ဝှက်နယ်မြေ စမ်းသပ်မှုမှာ ပါဝင်မယ်ဆိုတာ အတည်ပြုပြီးပြီ။ ငါ့အမြင်ကို ပြောရရင် ငါတို့ရဲ့ တပည့်တွေကို အမိန့်ထုတ်ထားသင့်တယ်။ တကယ်လို့ စမ်းသပ်မှုအတွင်း မှာ သူ တစ်ယောက်တည်း ဖြစ်နေတာ တွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သတ်ပစ်ရမယ်။ အနာဂတ်မှာ အန္တရာယ်ပေးလာနိုင်တဲ့သူကို အမြစ်ကနေ ဖြတ်ထားမှရမယ် “

အကြီးအကဲ တစ်ဦးက ရှေ့ထွက်လာပြီး ပြောလိုက်သည်။ “ ဌာနမှူး ပြောတာ ဟုတ်တယ်။ တကယ်လို့ ကျွန်တော်တို့ သူ့ကို မရနိုင်ဘူးဆိုရင် တခြား ဘယ်မြင့်မြတ်နယ်မြေမှလည်း မရသင့်ဘူး။ ဒါပေမဲ့ ချင်းချင်းက ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက်လေ။ တကယ်လို့ ကျွန်တော်တို့ရဲ့ တပည့်တွေကို လှုပ်ရှားစေချင်ရင် ဆု ‌လာဘ်‌ကောင်းကောင်း ပေးမယ် ပြောထားရမယ် “

အမှောင်ခန်းမ၏ ဌာနမှူးက ခေါင်းညိတ်လိုက်သည်။ “ ပြောထားလိုက်။ ချင်းချင်းကို သတ်တဲ့သူ ဘယ်သူမဆို အဓိကကုသိုလ်တစ်ခု ရမယ်။ ပါဝင်တဲ့သူ အားလုံးကတော့ သာမန်ကုသိုလ်တစ်ခု ရမယ် “

၎င်းကို ကြားသောအခါ မည်သူကမျှ ကန့်ကွက်ခြင်း မရှိကြပေ။ သူတို့ အားလုံးက ပြိုင်တူ ပြောလိုက်ကြသည်။ “ ဌာနမှူးက ပညာရှိလှပါတယ် “

လူတိုင်း သဘောတူသည်ကို မြင်သောအခါ အမှောင်ခန်းမ၏ ဌာနမှူးသည် စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်သည်။

‘ ချင်းချင်း... ဒီတစ်ကြိမ်တော့ မင်း ဘယ်ကို ထွက်ပြေးဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ‘

All Chapters