← Chapters

လျှို့ဝှက်နယ်မြေ ပွင့်လာခြင်း

Vol. 13 Ch. 130

လျှို့ဝှက်နယ်မြေ ပွင့်လာခြင်း

Vol. 13 Ch. 130

“ ဂျူနီယာညီလေးဝမ်... ညီလေးကို အပြင်မှာ လူတစ်ယောက်လာရှာနေတယ် “

မနက်ဝေလီဝေလင်းအချိန်၌

ဝမ်ပေါင်လဲ့၏ မနက်ခင်း ကျင့်ကြံခြင်း ပြီးဆုံးသွားချိန်တွင် ပြင်ပရေးရာဌာနမှ တပည့်တစ်ဦး သူ့ကို လာရှာသည်။

ဝမ်ပေါင်လဲ့ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ “ သတင်းလာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို “

“ ရပါတယ်။ ဒါက ကျုပ် တာဝန်ပဲလေ “ ထိုတပည့်က တောက်ပစွာ ပြုံးရင် ဖြေသည်။

ဝမ်ပေါင်လဲ့ အချိန်ဆွဲမနေတော့ပေ။ တစ်ယောက်တည်း စခန်း၏ ပင်မတံခါးဆီသို့ သွားလိုက်သည်။

အဝေးမှနေ၍ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဝမ်ယွီလင်းပင် ဖြစ်သည်။

သူက အနီးသို့ ချဉ်းကပ်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။ “ မင်း လာတာပဲ “

ဝမ်ယွီလင်း တစ်ခဏမျှ မှင်တက်သွားသည်။ “ ငါ လာမယ်ဆိုတာ နင်သိနေတာလား “

“ ခန့်မှန်းကြည့်တာပါ။ ဘာလို့လဲဆိုတော့ နင်က မျက်စိနဲ့ မြင်ရတာကိုပဲ ယုံတတ်လို့လေ “

ဝမ်ပေါင်လဲ့၏ လေသံက သာမန်ကိစ္စ တစ်ခုကို ပြောနေသသည့်အလား ခံစားချက် ကင်းမဲ့နေသည်။

သို့သော် ထိုလေသံနှင့် အမူအရာက ဝမ်ယွီလင်းကို အလွန် နေရခက်သွားစေပြီး သူမ မကျေမနပ်ဖြင့် မေးလိုက်သည်။ “ ဘာလို့ အမှန်တိုင်း မပြောခဲ့တာလဲ “

ဝမ်ပေါင်လဲ့ ပြုံးလိုက်သည်။ “ ငါ ပြောခဲ့ရင်တောင် မင်းက ယုံမှာမှ မဟုတ်တာ “

“ ငါ... “

ဝမ်ယွီလင်းသည် ခဏတာ ပြောစရာစကားမဲ့သွားပြီး ပြန်လည် ချေပရန် စကားလုံး ရှာမတွေ့ပေ။ သူမက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ နင်... နင် အရင်တုန်းက ဒီလို မဟုတ်ပါဘူး “

“ ဟုတ်တယ်... ငါ ပြောင်းလဲသွားပြီ “

ဝမ်ပေါင်လဲ့က ရိုးရှင်းစွာ ပြောလိုက်သည်။ “ မင်း ပြောတာ မှန်ပါတယ်။ ငါတို့က ကမ္ဘာတစ်ခုတည်းက မဟုတ်ဘူး။ ပြီးတော့ အဲဒီ စေ့စပ်ပွဲကလည်း ဘိုးဘေးက ငါတို့ကို အတင်းအကျပ် စီစဉ်ပေးခဲ့တာပဲ။ လျှို့ဝှက်နယ်မြေ စမ်းသပ်မှု ပြီးသွားရင် ဘိုးဘေးနဲ့ စကားပြောပြီး စေ့စပ်ထားတာကို ဖျက်သိမ်းပေးဖို့ တောင်းဆိုလိုက်မယ် “

“ နင်... နင်က ငါနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းမလို့လား “

ဝမ်ယွီလင်းက ဝမ်ပေါင်လဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူမက ယနေ့ စေ့စပ်ပွဲ ဖျက်သိမ်းရန် လာခဲ့ခြင်း မဟုတ်ပေ။ သူမ မျက်နှာသာ ပြန်ယူရန်ပင်။ ဤကဲ့သို့ မျက်နှာဖြတ်ရိုက်ခံရမည်ဟုတော့ မထင်ထားပေ။

ဝမ်ပေါင်လဲ့ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ ဒါက မင်း အမြဲတမ်း လိုချင်ခဲ့တဲ့ အရာ မဟုတ်ဘူးလား။ အခု ငါက သဘောတူလိုက်ပြီလေ။ ဘာလို့ နောင်တရနေတာလဲ “

ဝမ်ယွီလင်း တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာကာ ပြောလိုက်မိသည်။ “ ကျေးဇူးကန်းတဲ့ ကောင်။ ဝမ်မိသားစုသာ မရှိခဲ့ရင် နင် လမ်းဘေးမှာ ငတ်သေနေတာ ကြာလောက်ပြီ “

ဝမ်ပေါင်လဲ့ ရယ်မောလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ ငါက ဝမ်မိသားစုနဲ့ အဆက်အသွယ် ဖြတ်မယ်လို့ မပြောပါဘူး။ မင်းနဲ့ စေ့စပ်ထားတာကိုပဲ ဖျက်သိမ်းမယ်လို့ ပြောတာ။ အစကနေ အဆုံးအထိ ငါက ဝမ်မိသားစုကိုပဲ ကျေးဇူးတင်စရာ ရှိတာ။ဝမ်ယွီလင်း ဆိုတဲ့ မင်းကို မဟုတ်ဘူး။ ဝမ်မိသားစုမှာ သမီးတွေ အများကြီး ရှိတာပဲ။ ငါ ဘယ်သူ့ကို လက်ထပ်လက်ထပ်၊ သူတို့အတွက်တော့ ဘာမှမကွာပါဘူး “

“ ပြီးတော့ အသုံးမကျတဲ့ သမက်လောင်း နဲ့ ပါရမီရှင် သမက်လောင်း... ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာကို ဘိုးဘေးနဲ့ မိသားစုက ကောင်းကောင်း သိပါတယ် “

သူ့စကားများက ဝမ်ယွီလင်း၏ မျှော်လင့်ချက်ကို လုံးဝ ရိုက်ချိုးပစ်လိုက်သည်။ သူမ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိသည်။ ထို့နောက် မျက်လုံးအရောင်များ မှေးမှိန်သွားပြီး တွေဝေစွာ လှည့်ထွက်သွားတော့သည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ပေါင်လဲ့သည် နှစ်ပေါင်းများစွာ စုပုံနေခဲ့သော နာကြည်းမှုနှင့် စိတ်ပျက်မှုများ ထိုအခိုက်တွင် တစ်ဝက်ခန့် လျော့သွားသလိုကို ခံစားလိုက်ရသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ထိုက်ရွှီ လျှို့ဝှက်နယ်မြေ ပွင့်မည့်နေ့သို့ ရောက်လာသည်။

ထိုနေ့ မနက်တွင် ချူဖုန်းသည် မသွားခင်လေး သူ၏ တပည့်လေးယောက်လုံးကို စုစည်းလိုက်သည်။

“ အားလုံး အဆင်သင့် ဖြစ်ပြီလား “

“ ဖြစ်ပါပြီ “ သူတို့ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

“ ကောင်းပြီ။ ဒါဆို သွားကြစို့ “

ရှောင်ချန်း ရုတ်တရက် ဝင်ပြောလိုက်သည်။ “ ဆရာ... ခဏလေး။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်နာမည်တွေကို မပြောရသေးဘူးလေ။ အထဲမဝင်ခင် ကျွန်တော်တို့ရဲ့ ရုပ်ဖျက်ထားတဲ့ ပုံစံတွေကို ထုတ်ပြထားသင့်တယ်။ မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မိနိုင်တယ် “

ချူဖုန်း ရယ်မောလိုက်သည်။ “ မင်းကတော့ ရုပ်ဖျက်ပြီး အခြား အထောက်အထား တစ်ခုနဲ့ သွားတဲ့ ကိစ္စကို တော်တော်လေး ကျွမ်းကျင်နေပြီပဲ။ ကဲ မင်းတို့ရဲ့ ရုပ်ဖျက်ထားတဲ့ ပုံစံကို ထုတ်ပြလိုက်ကြ “

ရှောင်ချန်း၏ သိုလှောင်လက်စွပ်က တောက်ပသွားကာ အနက်ရောင် ဝတ်ရုံရှည် တစ်ထည်က သူ့အပေါ် လွှမ်းခြုံသွားသည်။ “ သတ်ဖြတ်ခြင်းနတ်ဘုရား ဝတ်ရုံနက်”

ချောင်ရို့ချန်လည်း အနက်ရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ဝတ်လိုက်သည်။ “ ဒါဆို ကျွန်တော်က ဝတ်ရုံနက် အရူး ပဲ “

ချင်းချင်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး အဖြူရောင် မျက်နှာဖုံး တစ်ခုကို တပ်ဆင်လိုက်သည် “ ဝတ်ရုံဖြူ ဇီသာနတ်ဆိုး “

ဝမ်ပေါင်လဲ့ မျက်တောင်ခတ်လိုက်သည်။ “ စီနီယာအစ်ကိုတို့... ခင်ဗျားတို့ အားလုံး ဒီကိစ္စမှာ အတွေ့အကြုံ ရှိနေကြသလိုပဲ “

ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ ဆရာက အမြဲတမ်း ပြောတယ်လေ။ အပြင်သွားရင် အထောက်အထားအတုတွေနဲ့ သွားသင့်တယ်တဲ့။ မဟုတ်ရင် အာရုံစိုက်ခံရနိုင်တယ်။ ဘယ်လိုလဲ။ ဖက်တီးလေး၊ မင်းဝတ်စုံရော “

ဝမ်ပေါင်လဲ့ ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ “ ကျွန်တော်က မျက်နှာဖုံး တစ်ခုပဲ ပြင်ဆင်ထားရသေးတယ် “

ပြောရင်း သူ၏ သိုလှောင်အိတ်ထဲမှ ဝက်ခေါင်း မျက်နှာဖုံး တစ်ခုကို ထုတ်ယူလိုက်သည်။

ဖွီး...

ချောင်ရို့ချန် ရယ်ချလိုက်မိသည်။ “ ဂျူနီယာညီလေးဝမ်... ဒီလောက် ရယ်စရာကောင်းတဲ့ မျက်နှာဖုံးကို ဘယ်လိုလုပ် သုံးတာလဲ “

ချူဖုန်းလည်း ရယ်မောလိုက်ပြီး သိုလှောင်အိတ်ထဲမှ အနက်ရောင် ဝတ်ရုံတစ်ထည်နှင့် တာယန် မြင့်မြတ်နယ်မြေ၏ ပုံစံပါရှိသော မျက်နှာဖုံး တစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။

“ ဒါတွေပဲ ဝတ်လိုက်တော့။ ပြီးတော့ မင်းရဲ့ စီနီယာအစ်မကို မြင်ရင် လျှို့ဝှက်စကားလုံးကို ပြောဖို့ မမေ့နဲ့နော်။ မဟုတ်ရင် သူ မင်းကို တိုက်ခိုက်နိုင်တယ် “

“ ကျေးဇူးတင်ပါတယ် ဆရာ “ ဝမ်ပေါင်လဲ့က ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်ပြီး ဝတ်ရုံနှင့် မျက်နှာဖုံးကို ယူလိုက်သည်။

မကြာမီမှာပင် လူတိုင်းက လျှို့ဝှက်စကားလုံးကို စဉ်းစားမိသွားကြသည်။

“ ကောင်းကင်ဘုရင်က မြေကမ္ဘာကျားကို အနိုင်ယူနိုင်တယ် “

“ စေတီက မြစ်နတ်ဆိုးကို ဖိနှိပ်တယ် “

ဘေးမှနေ၍ ကြည့်နေသော မြို့စားရီရှန်းမှာ မှင်တက်သွားသည်။ တစ်ခုခုပြောရန် အကြိမ်ကြိမ် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သူ၏ စကားလုံးများကို ပြန်မျိုချထားလိုက်ရသည်။

“ ထွက်ခွာကြ “

ဌာနမှူးဟန်ကျန်းက စကားပြောရင်း အချိန်မဖြုန်းချေ။ ဌာနအားလုံး သတင်းပို့ပြီးသည်နှင့် သူက လက်ဝှေ့ယမ်းလိုက်ပြီး ထိုက်ရွှီ လျှို့ဝှက်နယ်မြေပွင့်မည့် တောင်ကြားဆီသို့ တပည့်များကို ဦးဆောင်ခေါ်သွား၏။

အချိန်ခဏလေးအတွင်း ဝမ်တောက်ကျောင်းတော်မှ တပည့် တစ်ရာကျော် တောင်ကြားသို့ ရောက်ရှိလာကြသည်။

သူတို့က လူနည်းပေမဲ့ လူတိုင်းထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်နေသည်။ အထူးသဖြင့် ဌာနမှူးဟန်ကျန်းပင်။ နေရာတွင် ရပ်နေရုံမျှဖြင့် အခြားသူများကို ကြောက်ရွံ့မှုဖြင့် အလိုလို မော့ကြည့်ချင်စိတ် ပေါက်သွားစေသည်။

မကြာမီ မြင့်မြတ်နယ်မြေ ဆယ်ခုမှ ကျင့်ကြံသူ အားလုံး တောင်ကြား၏ အစွန်းတွင် စုဝေးလာကြသည်။

ဝမ်တောက်ကျောင်းတော်နှင့် တာယန် မြင့်မြတ်နယ်မြေ အပြင် ထိုက်ချင်း မြင့်မြတ်နယ်မြေ၊ နတ်ဘုရားဓား မြင့်မြတ်နယ်မြေ၊ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်၊ ငရဲကိုးထပ် မြင့်မြတ်နယ်မြေ၊ နှလုံးသားမဲ့ နန်းတော်၊ သွေးနတ်ဘုရား ဂိုဏ်း၊ မြူခိုး မြင့်မြတ်နယ်မြေ နှင့် မဟာမိုးကြိုးကျောင်းတော် တို့ ပါဝင်သည်။

မြင့်မြတ်နယ်မြေ ဆယ်ခုမှ ကိုယ်စားလှယ်များသည် စုဝေးပြီးသည်နှင့် တစ်ယောက်ကို တစ်ယောက် အကြမ်းဖျင်း နှုတ်ဆက်လိုက်ကြသည်။

မဟာမိုးကြိုးကျောင်းတော်မှ ဘုန်းကြီးအိုကြီးက စကားစလိုက်သည်။ “ အားလုံးပဲ... အချိန်ကျပြီ ဆိုတော့ စလိုက်ကြရအောင် “

“ ကောင်းပါပြီ “

အခြားသူများက ပြန်ဖြေလိုက်ကြသည်။ သူတို့၏ သိုလှောင်လက်စွပ်ထဲမှ ရှေးဟောင်းပုံစံ သော့တစ်ချောင်းကို ထုတ်ယူလိုက်ကြသည်။

သော့ထဲသို့ စိတ်ဝိညာဉ် စွမ်းအားများ ထည့်သွင်းလိုက်သောအခါ အလင်းတန်းတောက်ပလာတော့သည်။ ထို့နောက် ကောင်းကင်ယံသို့ အလင်းတန်းဆယ်ခု မြင့်တက်လာပြီး အလယ်တွင်စုဆုံကာ အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ထိုအခါ အစီအရင်ထဲမှ အလင်းရောင်များ ပြန်ထွက်လာပြီး အောက်ဘက်ရှိ တောင်ကြားကို လင်းထိန်သွားစေသည်။

ထိုနေရာတွင် ဧရာမ ဝင်ပေါက်ကြီး တစ်ခု ပေါ်ထွက်လာသည်။

ချူဖုန်း ဝင်ပေါက်ကို သူ၏ နတ်ဘုရားအာရုံဖြင့်စမ်းသပ်ကြည့်လိုက်သော် အဆုံးမဲ့ အမှောင်ထုကိုသာ မြင်ရသည်။

အမှောင်ထု၏ အစွန်းတစ်ဖက်တွင် ရှေးကျယိုယွင်းပျက်စီးမှု အရှိန်အဝါက နေရာယူထားသည်။

တံခါး၏ အခြားတစ်ဖက်ရှိ စိတ်ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်း ဥပဒေများသည် သူတို့ ကမ္ဘာနှင့် ကွဲပြားနေပေသည်။

သို့သော် မကြာမီမှာပင် သူ၏ နတ်ဘုရားအာရုံသည် တွန်းကန်အားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ အမှောင်ထုထဲမှ တစ်စုံတစ်ခုက သူ့ကို အပြင်သို့ တွန်းထုတ်လိုက်ပုံပင်။

ချူဖုန်း ဆက်လက် မစမ်းသပ်တော့ဘဲ သူ၏ နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ဝင်ပေါက်ကြီး ပွင့်သွားသည်နှင့်။

မြင့်မြတ်နယ််မြေ ဆယ်ခုမှ ကိုယ်စားလှယ်များက မေးလိုက်ကြသည်။ “ ဒီတစ်ကြိမ် ပထမဆုံး ဝင်ရမဲ့ အလှည့်က ဘယ်နယ်‌မြေလဲ “

ဘုန်းကြီးအိုကြီးက ပြန်ဖြေသည်။ “ အော်မီထောဖော။ အခုက မဟာမိုးကြိုးကျောင်းတော်ရဲ့ အလှည့်ပါ “

အခြား ခေါင်းဆောင်များက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ “ ဒါဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေ အရင် ဝင်လို့ ရပြီ “

“ အော်မီထော်ဖော။ တပည့်တို့... အချိန်ဆွဲမနေနဲ့။ ထိုက်ရွှီ လျှို့ဝှက်နယ်မြေထဲကို ဝင်ကြတော့ “

“ ဆရာတော်ရဲ့ အမိန့်အတိုင်းပါ “

တပည့်တစ်စုသည် ဝင်ပေါက်ကြီးထဲသို့ လျှောက်ဝင်သွားကြသည်။

ခဏအကြာတွင် ဝမ်တောက်ကျောင်းတော်၏ တပည့်များသည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားကြသည်။

ချူဖုန်းက သူတို့၏ ပုံရိပ်များ ဝင်ပေါက်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တွေးလိုက်သည်။

‘ မင်းတို့ ကောင်လေးတွေ ဒီတစ်ကြိမ် ဘယ်လို အံ့ဩစရာတွေ ယူလာဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ တကယ်ကို မျှော်လင့်နေမိပြီ ‘

All Chapters