← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း-(၁၅၄)

‎

‎

‎ချန်ချန်းဖုန်း ထိုအမျိူးသားရဲ့ ဗူးအလွတ်ကို ယူပြီး ရေဖြည့် ပေးလိုက်သည်။ ထို့နောက် ကျန်သောဗူးများကိုလည်း ယူပြီး ဖြည့်ပြီးသည်။ သူတို့သောက်ပြီးတော့လည်းပြန်ဖြည့် ပေးလိုက်တယ်။

‎

‎

‎ဤအဖွဲ့က မည်မျှရက်ရောတယ်ဆိုတာကို သဘောပေါက်သွားတော့ အသက်ရှင်ကျန်ရစ်သူများက သူတို့ရဲ့စကားများကို သံသယမဝင်တော့ဘဲ ၎င်းတို့နောက်သို့ လိုက်လိုစိတ်ရှိလာကြသည်။

‎

‎

‎တစ်ဖွဲ့က နမူနာပြပြီးတာနဲ့ စကားစမြည်ပြောသံကိုကြားပြီး ရေတောင်းဖို့ အခန်းထဲကထွက်လာတဲ့ သူတွေပိုများလာတယ်။ ရေရရှိပြီးနောက်တော့ ကျန်းယွမ် နှင့် သူ့အဖွဲ့နောက်ကို အားလုံးက လိုက်လာကြသည်။

‎

‎

‎ ဝိန့်မိုနှင့် ဝိန့်ခိုင်တို့က သံချပ်ကာယာဉ်များကို မောင်းနှင်ပြီး အသက်ရှင်ကျန်ရစ်သူဦးရေကတော့ ၂၀၀ ကျော်ရှိတာကြောင့် ဂိုဒေါင်ဧရိယာသို့ လမ်းလျှောက်သွားခဲ့ကြသည်။ ဆာလောင်မှုကြောင့် လမ်းမလျှောက်နိုင်တော့သူများကို ကားများပေါ်တင်ကာ ဆာလောင်မှုကို လျှော့ချရန်အတွက် ဂျယ်လီအချို့ကို ပေးခဲ့သည်။

‎

‎

‎ထိုအချိန်တွင်တော့ ‎ ကျိူးလီဇီက စောင့်ဆိုင်းနေပြီး ရှောင်ချီ နှင့် ဖုန်းယွင်တို့ကတော့ ဆေးဝါးများကို စာရင်းကောက်ယူရန် အလုပ်ရှုပ်နေကြသည်။ အချိန်အတော်ကြာအောင် အချိန်ယူစောင့်ရတဲ့အတွက် ကျိူးလီဇီက စိတ်မရှည်တော့ဘဲ “အစ်ကိုယန်း ကျွန်မ ဓာတ်ခွဲခန်းကို စစ်ဆေးချင်တယ်” လို့ ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက သူမလုပ်ချင်တာကို သိလိုက်သည်။

‎

‎

‎ဆေးဝါးစက်ရုံအနေဖြင့် ဆေးဝါးအသစ်များကို သုတေသနပြုရန်အတွက် ဓာတ်ခွဲခန်းများလည်း ထားရှိမည်ဖြစ်သည်။ ကမ္ဘာပျက်ပြီးနောက်တွင် အကန့်အသတ်ရှိသော ပါဝင်ပစ္စည်းများကြောင့်သာမကဘဲ ကိရိယာများနှင့် သုတေသီများမရှိခြင်းကြောင့် ဆေးဝါးများ ရှားပါးလာသည်။

‎

‎

‎အဲဒီကိရိယာတွေအကြောင်း စဉ်းစားပြီး ခေါင်းညိတ်ပြကာ “သွားရအောင်” လို့ ပြောလိုက်တယ်။

‎

‎

‎မထွက်သွားခင်မှာ ရှောင်ချီဆီကိုသွားလိုက်ပြီး "ရှောင်ချီ ငါတို့က လိုက်စစ်ဆေးလိုက်အုံးမယ်။ ပြီးရင် မင်းနှင့် ဖုန်းယွင်က တံခါးကို စောင့်ထား။ ‎ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူတွေကို ပြန်ခေါ်လာခဲ့ရင် နှစ်ပတ်စာရိက္ခာအလုံအလောက်ပေးပြီး ကျန်းနင်းမြို့ကို သွားခိုင်းလိုက်" လို့ ညွှန်ကြားခဲ့သည်။

‎

‎

‎ရှောင်ချီက သူ့အမိန့်ကိုသာ လိုက်နာလေ့ရှိသောကြောင့် သူ့စကားကြားသောအခါ ဆုံးဖြတ်ချက်ကို မမေးဘဲ ခေါင်းညိတ်သည်။

‎

‎

‎"နားလည်ပြီ"

‎

‎

‎ညွှန်ကြားချက်အချို့ပေးပြီးနောက်မှ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ဂိုဒေါင်ဧရိယာမှထွက်ခွာလာပြီး အခြားဧရိယာများကို စစ်ဆေးရန် သွားခဲ့သည်။ သူတို့နှစ်ဦးက လမ်းဘေးရှိ စက်ရုံမြေပုံကို စစ်ဆေးလိုက်ပြီး ဓာတ်ခွဲခန်းသို့ တိုက်ရိုက်သွားကြသည်။

‎

‎

‎

‎

‎မိနစ်သုံးဆယ်အကြာတွင်တော့ သူတို့က သုံးထပ်တိုက်ရဲ့အပြင်ဘက်တွင် ရပ်လိုက်ကြသည်။ ချင်လူဇီ မရှိရင် အထဲမှာ ဖုတ်ကောင်တွေ ရှိ ၊ မရှိဆိုတာကို သူတို့ မသေချာနိုင်တာကြောင့် အဆောက်အဦးထဲကို မဝင်ခင်မှာ သူတို့ရဲ့ လက်နက်တွေကို ထုတ်လိုက်တယ်။

‎

‎

‎တံခါးဖွင့်လိုက်တော့ သူတို့ဟာ လျှပ်စစ်စီးဆင်းမှု အသံကို ကြားလိုက်ရတယ်။ ကမ္ဘာပျက်ကပ်တွင်ဖြစ်ပေါ်လေ့ရှိသော ပုပ်သိုးနံစော်နေသော လေထုနှင့်မတူဘဲ ဓာတ်ခွဲခန်းကတော့ ပိုးသတ်ဆေးကဲ့သို့ အေး၍ သန့်ရှင်းသော အနံ့ဖြင့် တည်ရှိ နေတယ်။

‎

‎

‎သူတို့ လမ်းလျှောက်သွားရင်း ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ကျိူးလီဇီက နံရံပေါ်က မြေပုံကို တွေ့လိုက်တယ်။ သူတို့နှစ်ဦးလုံးဟာ မြေပုံကိုစစ်ဆေးကြည့်လိုက်တော့ ပထမ၊ ဒုတိယနှင့် တတိယထပ်တို့ကို သုတေသီများရဲ့ ရုံးခန်းအဖြစ် အသုံးပြုခဲ့ပြီး သုတေသနဓာတ်ခွဲခန်းကိုတော့ မြေအောက်၌ တည်ဆောက်ထားကြောင်းကို သိရှိခဲ့ရသည်။

‎

‎

‎"အစ်ကိုယန်း ဒေတာကို အရင်သွားယူရအောင်။ နောက်မှ ကိရိယာတွေ ယူကြမယ်" ဟု ကျိူးလီဇီက ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ" ကျင်းရွှီယန်းကလည်း သူ့မရဲ့စကားကို အဆင်သင့်ပဲ သဘောတူလိုက်တယ်။

‎

‎

‎ဒေတာအစုအဝေးမျှသာဆိုသော်လည်း ၎င်းတို့ရဲ့တန်ဖိုးမှာ တိုင်းတာ၍မရပေ။ ဒီအချက်အလက်တွေ ရနိုင်ရင် အနာဂတ်မှာ ဆေးဝါးထုတ်လုပ်ချင်တယ်ဆိုရင် အစကနေ စပြီး လုပ်စရာ မလိုတော့ပါဘူး။

‎

‎

‎ကျင်းရွှီယန်း နှင့် ကျိူးလီဇီ တို့မှာ ဆေးသုတေသနဆိုင်ရာ ဗဟုသုတ လုံးဝမရှိခဲ့ပါ။ အချိန်က အကန့်အသတ်နဲ့ရှိတာကြောင့် စားပွဲများ၊ ကုလားထိုင်များနှင့် ဗီရိုများအပါအဝင် အရာအားလုံးကို ယူဆောင်လိုက်သည့်အခါ နံရံလေးဖက်နှင့် အခန်းဗလာဖြင့်သာ ကျန်ခဲ့တော့သည်။

‎

‎

‎ရုံးခန်းတွေကို ရှင်းလင်းဖို့ မိနစ်သုံးဆယ်ကြာတယ်။ လျှပ်စစ်ဓာတ်အားက လည်ပတ်နေသေးသဖြင့် ဓာတ်လှေကားကို အသုံးပြု၍ မြေအောက်ဓာတ်ခွဲခန်းသို့ သွားကြသည်။

‎

‎

‎ဓာတ်လှေကားတံခါးဖွင့်လိုက်တာနဲ့ ပုပ်သိုးနေသော အသားပုပ်နံ့က သူတို့ရဲ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူတို့ရဲ့ ခြေသံတွေအပြင် အခြားဘာအသံကို မှဓာတ်ခွဲခန်းထဲမှာ မကြားရဘူး။

‎

‎

‎ပထမအခန်းသို့ရောက်သောအခါတွင်တော့ မှန်ခန်းအတွင်း၌ ဖုတ်ကောင်အုပ်စုတစု လှည့်လည်သွားလာနေတာကို တွေ့လိုက်ရတယ်။ တံခါးကို သတ္တုဖြင့်ပြုလုပ်ထားပြီး၊ နံရံများကို မာကျောသောမှန်များဖြင့်ကာထားသည်။

‎

‎

မှန်ခန်းနှင့် နီးကပ်စွာ ရပ်နေသော်လည်း ဖုတ်ကောင်များက ‎သူတို့ကို တုံ့ပြန်မှုမရှိပေ။ ကျိူးလီဇီက လျှို့ဝှက်အန္တရာယ်များကို ရှောင်ရှားရန်အတွက် "အစ်ကိုယန်း ငါတို့က ဒီဖုတ်ကောင်တွေကို သတ်သင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကိုယ် အထဲဝင်မယ်" လို့ ပြန်ဖြေတယ်။

‎

‎

‎အဆောက်အဦးအတွင်းမှည မီးကို အသုံးမပြုနိုင်သောကြောင့် ဓားရှည်ဖြင့် သတ်ပစ်ရန် သူစီစဉ်ခဲ့သည်။ ဒါပေမယ့် သူ တံခါးမဖွင့်နိုင်ခင်မှာပဲ‎ ကျိူးလီဇီက သူ့ကို ရပ်တန့်စေလိုက်ပြီး "တံခါးဖွင့်စရာ မလိုဘူး" လို့ပြောလာတယ်။

‎

‎

‎

သူမရဲ့စကားကြောင့် ‎ကျင်းရွှီယန်းစိတ်ရှုပ်သွားတယ်။ တံခါးကိုမဖွင့်ဘဲ ဖုတ်ကောင်တွေကို ဘယ်လိုလုပ်ပြီးသတ်နိုင်မှာလဲ။

‎

‎

‎သူကိုကြည့်နေရင်း ကျိူးလီဇီက သူမရဲ့လက်ဖဝါးကိုဖြန့်ကာ ရေခဲအပ်ငါးချောင်းကို ဖန်တီးလိုက်သည်။ အပ်များက ပါးလွှာပြီး သေးငယ်သည်။ သူမရဲ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တာနဲ့ ရေခဲအပ်များက တံခါးဘောင်အောက်ရှိ အဟလေးကဖြတ်ကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။

‎

‎

‎အပြင်မှာရပ်နေပြီး လက်သီးဆုပ်လိုက်တော့ ရေခဲအပ်တွေက ရေဓားပြားအဖြစ် မပြောင်းသွားခင်မှာ တစ်ခုတည်းအဖြစ်သို့ အရင် ပေါင်းစပ်သွားကြသည်။

‎

‎

‎

‎ရေဓားက ဖုတ်ကောင်များကို အလွယ်တကူပဲ ခေါင်းဖြတ်သတ်ပစ်လိုက်တယ်။ ဦးတည်ချက်မရှိလျှောက်သွားနေတဲ့ အပြင်ကဖုတ်ကောင်တွေနှင့် ယှဉ်ရင်၊ ဒီအခန်းထဲက ဖုတ်ကောင်တွေကတော့ အဆင့်သုညပဲ ရှိသေးသည်။ သုံးမိနစ်မပြည့်ခင်မှာပဲ သူမက သူတို့အားလုံးကို သတ်ပစ်လိုက်တယ်။

‎

‎

သူမရဲ့ အလုပ် လက်စသတ်တော့ ကျင်းရွှီယန်းက သော့ကို အရည်ဖျော်ပြီး တံခါးကိုဖွင့်လိုက်သည်။ ပြီးတာနဲ့ သူက အလောင်းများဆီကို အနက်ရောင်မီးလျှံတစ်ခု လွှတ်လိုက်ကာ ၎င်းကိုပဲ ထိန်းချုပ်ပြီး ဖုတ်ကောင်များကို လောင်ကျွမ်းစေလိုက်သည်။

‎

‎

‎မီးသတိပေးချက်ကို ရှောင်ပြီး အလောင်းအားလုံးကို ပြာအဖြစ်သို့ ရောက်စေရန်အတွက် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။

‎

‎

‎ပြီးတဲ့အခါမှာတော့ ပတ်ဝန်းကျင်ကို ဆက်လက်စစ်ဆေးလိုက်တယ်။ အခြားအခန်းထဲရှိ ကိရိယာများကိုလည်း သူမရဲ့နေရာထဲသို့ အရာအားလုံးကို စုဆောင်းခဲ့သည်။

‎

‎

‎ပထမ မြေအောက်ထပ်ကို ရှင်းလင်းပြီးတော့ နောက်ထပ် ဘာဖုတ်ကောင်ကိုမှ သူတို့ရှာမတွေ့တော့တာကြောင့် ဒုတိယမြေအောက်အထပ်သို့ ဓာတ်လှေကားဖြင့် ဆင်းခဲ့ကြသည်။ ဒီတစ်ခါမှာတော့ အခြေအနေက အရင်ကနဲ့ တော်တော်ကွာတယ်။

‎

‎

‎တံခါးမဖွင့်ခင်မှာပဲ ဖုတ်ကောင်တွေရဲ့ဟောက်သံတွေကိုကြား နေရပြီး လေထဲမှာလည်း အပုပ်နံ့တွေ ပြည့်နေသည်။ အာရုံစူးစိုက်ပြီး လက်နက်တွေထုတ်လိုက်တယ်။

‎

‎

"‎ဒင်"

‎

‎

" ဂါးးးးး

‎

‎

‎တံခါးကိုဖွင့်လိုက်တာနှင့် ဖုတ်ကောင်သုံးကောင်က သူတို့ကို လှမ်းပြီးတိုက်ခိုက်လာကြတယ်။

‎

‎

‎

‎

‎ကျင်းရွှီယန်းက အနီးဆုံးရှိ ဖုတ်ကောင်ရဲ့ရင်ဘတ်ကို ကန်သွင်းကာ လွှင့်ထွက်သွားစေလိုက်သည်။ တစ်ချိန်တည်းမှာပဲ ကျိူးလီဇီကလည်း ချောမွေ့သောလှုပ်ရှားမှုဖြင့် သူမရဲ့ဓားမြှောင်နှင့် ဖုတ်ကောင်များရဲ့ ဦးခေါင်းနှစ်လုံးကို ဖြတ်တောက်ပစ်လိုက်တယ်။

‎

‎

‎သူတို့အကြည့်တွေကို မြင့်လိုက်တော့ သူတို့ရဲ့မျက်လုံးထဲမှာ အံ့သြမှုတွေ ပေါ်လာသည်။

‎

‎

‎

‎

‎

‎

အခန်း-(၁၅၅)

‎

‎

‎ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ရဲ့ အရှေ့ရှိစင်္ကြံလမ်းတွင် ဖုတ်ကောင်များနှင့် ပြည့်ကျပ်နေပြီး နံရံနှင့် ကြမ်းပြင်တွင်တော့ အနက်ရောင်သွေးခြောက်များဖြင့် စွန်းထင်းနေသည်။

‎

‎

‎"ရားးးးး"

‎

‎

‎ဖုတ်ကောင်တွေ သူတို့ဆီ ပြေးမလာခင်အထိ သူတို့ရဲ့ အံ့အားသင့်မှုက တစ်စက္ကန့်ပဲ ကြာသွားတယ်။ ချွန်ထက်တဲ့ း လက်သည်းများကို မြင်လိုက်ရတော့ သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေဓါးနှစ်ချောင်း အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ပစ်ပေါက်လိုက်သည်။

‎

‎

" စလပ်က် စလပ်က် စလပ်က်"

‎

‎

‎ဖုတ်ကောင်များကို ဖြတ်တောက်သွားသော ရေဓါးများကြောင့် လမ်းတစ်ခုပွင့်သွားတာကို မြင်လိုက်ရတော့ ကျင်းရွှီယန်းက သူ့ရဲ့ဓားရှည်ကို ချိန်ရွယ်ရင်း ပြေးသွားခဲ့သည်။ ဖုတ်ကောင်များက အလွန်ပြည့်ကျပ်နေတာကြောင့် ဓါးရဲ့လမ်းကြောင်းရှိ ဖုတ်ကောင် အများအပြား သေဆုံးသွားကြသည်။

‎

‎

‎သူရဲ့ဓားရှည်မှာ ဖုံးအုပ်ထားသော အနက်ရောင်မီးတောက်များကြောင့် ဖုတ်ကောင်များဟာ သူရဲ့ဓားနှင့် ထိမိပြီးပြီးချင်းပဲ ပြာဖြစ်သွားကြတယ်။

‎

‎

ရှေ့တန်းတွင် ‎သူက တိုက်ခိုက်နေစဉ်၌ သူရဲ့နောက်ကျောနှင့် မျက်ကွယ်ရာ‌နေရာများကိုတော့ ကျိူးလီဇီက ကာကွယ်ပေးထားသည်။ သူ့နောက်က နှစ်မီတာလောက်မှာရပ်နေတာကြောင့် တိုက်ပွဲရဲ့အခြေအနေကို သူမကရှင်းရှင်းလင်းလင်းမြင်ရတယ်။ ကျင်းရွှီယန်းရဲ့ နောက်ကျော သို့မဟုတ် ဘေးနှစ်ဖက်ကို တိုက်ခိုက်လာသော ဖုတ်ကောင်များကို သတ်ရန်အတွက် သူမရဲ့ရေဓါးများကို အသုံးပြုခဲ့သည်။

‎

‎

‎သူတို့နှစ်ဦးရဲ့ ပူးပေါင်းတိုက်ခိုက်မှုက အလွန်ချောမွေ့ကာ ဖုတ်ကောင်များကိုလည်း လွယ်ကူစွာရှင်းလင်းနိုင်ခဲ့သည်။

‎

‎

‎စင်္ကြံအဆုံးရှိ အခန်းတစ်ခုအတွင်းကလူတစ်စုဟာ အပြင်ဘက်ရှိ ဆူညံသံများကို ကြားလိုက်ရသည်။ သူတို့ရဲ့မျက်နှာတွေက ဖြူဖျော့နေပြီး ပါးပြင်တွေကချိုင့်လို့ နှုတ်ခမ်းတွေက အက်ကွဲ‌နေတယ်။ ငါးရက်ကြာအောင်အထိ မစား သောက်ရဘဲ ရေမသောက်ဖြစ်တာက သုံးရက်လောက်ရှိပြီ။

‎

‎

ဒီအချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်က အလွန်အားနည်းနေသောကြောင့် မြေပြင်ပေါ်တွင်သာလှဲလျောင်းနေကာ နောက်ဆုံးသောထွက်သက်ကို ထိန်းထားရန်အတွက် ကျန်ခဲ့သော စွမ်းအင်အနည်းငယ်ကိုသာ ထိန်းထားနိုင်ခဲ့သည်။

‎

‎

‎အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်သဖြင့် ခပ်မှိန်မှိန်မျက်လုံးများက တဖြည်းဖြည်း အလင်းပြန်ရလာကြသည်။ သူတို့ထဲမှတစ်ယောက်က မျက်လုံးကိုအတင်းဖွင့်ကာ သူ့ဘေးနားက အမျိုးသမီးဆီ ခေါင်းလှည့်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည် "မိန်း ..မိန်းမ... မိန်းမ ၊ ဒီနေရာမှာ တစ်ယောက်ယောက်ရှိတယ်..."

‎

‎

‎

‎သူ့ဘေးမှာမလှုပ်မယှက် လဲလျောင်းနေတဲ့ သူ့မိန်းမကို မြင်တော့ အားနည်းနေတဲ့လက်များနဲ့ဆွဲကာ..

‎“မိန်းမ မအိပ်လိုက်ပါနဲ့။ တစ်စုံတစ်ယောက်ရှိနေတယ်… ငါတို့ အသက်ရှင်ကြမယ်…” လို့ ပြောရင်း သူ့မျက်လုံးတွေက နီရဲလာတယ်။

‎

‎

‎ဇနီးသည်ရဲ့ လက်ချောင်းများက အေးစက်နေတာကို ခံစားလိုက်ရတော့ သူ့နှလုံးသားထဲတွင် မှန်းဆချက်တစ်ခုရှိနေသော်လည်း ၎င်းကို သူလက်မခံလိုပေ။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ သူ့မိန်းမက သူ့ကိုဆက်ထိန်းထားဖို့ ပြောသေးတယ်။ ထို့ကြောင့် သူက သူမရဲ့စကားအတိုင်း လိုက်နာခဲ့တယ်။

‎

‎

‎သူ့အနားတွင်ရှိတဲ့ လူနှစ်ယောက်က မျက်လုံးများ ပွင့်လာသည်။ ကျန်တဲ့သူတွေကတော့ မျက်စိမှိတ်ပြီး အေးစက်တဲ့မြေပေါ်မှာ လှဲနေကြတယ်။ သူတို့ အသက်ရှင်နေသေးသလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

‎

‎

‎ထိုလူက တံခါးကိုကြည့်ကာ တစ်ယောက်ယောက်က တံခါးကို ဖွင့်လာမှာကို မျှော်လင့်နေမိတယ်။ တံခါးကိုသော့ခတ်ပြီးနောက် သူတို့ဟာ ဤအခန်းထဲတွင် တစ်ပတ်ကျော်မျှ ပုန်းနေခဲ့တယ်။ အခုဆို တံခါးဖွင့်ဖို့ နေနေသာသာ လှုပ်ရှားဖို့ ခွန်အားတောင် မရှိတော့ဘူး။

‎

‎

‎ငါးမိနစ်အကြာတွင် သော့ခလောက်က ဖြည်းညှင်းစွာ အရည်ပျော်သွားတာကို သူမြင်လိုက်ရတော့ မျှော်လင့်ချက်အရိပ်အ‌ယောင်များက သူ့မျက်လုံးထဲတွင် တောက်လောင်လာသည်။ ခဏအကြာမှာ တံခါးကပွင့်လာပြီး အမျိူးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

‎

‎

‎ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့သည် ဓာတ်ခွဲခန်းအင်္ကျီဝတ်ထားသော လူတစ်စုက မြေပြင်ပေါ်တွင် လဲလျောင်းနေတာကို တွေ့လိုက်ရတော့ ထိတ်လန့်သွားကြတယ်။ သူ့တို့ရဲ့ အခြေအနေကို တွက်ချက်ကြည့်ရရင်တော့ ငတ်မွတ်ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်နိုင်သည်။

‎

‎

‎အခန်းထဲကိုဝင်လာတော့ သူ့လက်ကိုမြှောက်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ ဒါကိုမြင်တော့ ကျိူးလီဇီက အိတ်ကပ်ထဲက ရေတစ်ပုလင်းကို ထုတ်ယူပြီး သူ့ဆီသွားလိုက်တယ်။

‎

‎

‎"ရဲဘော် ၊ မင်း ငါ့အသံကြားရလား" မမေးခင်အဖုံးဖွင့်ပြီး ရေနည်းနည်းတိုက်လိုက်တယ်။

‎

‎

အမျိုးသားက ခေါင်းညိတ်ပြပြီး “ကျေးဇူးပြုပြီး ငါ့မိန်းမကို ကယ်ပါ” လို့ပြောပြီးမှ ရေကိုမျိုချလိုက်တယ်။

‎

‎

ထိုလူက သူ့ဘေးနားရှိ အမျိုးသမီးကို ကိုင်ထားတာကို ‎ကျိူးလီဇီ တွေ့လိုက်ရသည်။ လှမ်းကြည့်လိုက်ပြီးတော့ သူ့သွေးခုန်နှုန်းကို စစ်ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရဘူး။

‎

‎

‎ထိုအမျိုးသမီးသေဆုံးသွားပြီဟု သူမထင်ခဲ့သော်လည်း လက်ကောက်ဝတ်ကို မလွှတ်လိုက်မီတွင်ပဲ သွေးခုန်နှုန်းတစ်ခုကို ခံစားလိုက်ရသည်။ နှေးကွေးပြီးရင်း နှေးကွေးနေသော်လည်း သူမရဲ့ လက်ချောင်းများအောက်မှ အားနည်းသော လှုပ်ရှားမှုလေးကို သိသိသာသာ ခံစားလိုက်ရတယ်။

‎

‎

‎

‎အချိန်မဖြုန်းဘဲ ကန်ရေကိုတိုက်ကာ သူမရဲ့စွမ်းအင်ကို အမျိုးသမီးထံ လွှဲပြောင်းပေးခဲ့သည်။ သူမရဲ့ စွမ်းအင်က အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့ အမျိုးသမီးဆီမှာ ဆက်လက်တည်ရှိနေသေးတဲ့ အားနည်းသော အသက်စွမ်းအားကို ဖော်ထုတ်နိုင်ခဲ့တယ်။

‎

‎

ကျိူးလီဇီက ‎ထိုအမျိုးသမီးကို ကယ်တင်ရန် လုပ်ဆောင်နေစဉ်တွင် ကျင်းရွှီယန်းကလည်း အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက် အလားတူ လုပ်ဆောင်ပေးခဲ့သည်။ ကျိူးလီဇီရဲ့ နူးညံ့သိမ်မွေ့သောရေအမျိုးအစားစွမ်းအင်နှင့်မတူဘဲ သူရဲ့မီးအမျိုးအစားစွမ်းအင်ကတော့ ပို၍လွှမ်းမိုးသည်။

‎

‎

‎"အိုး…"

‎

‎

‎သူ့စွမ်းအင်တွေကို သူတို့ဆီ လွှဲပြောင်းပေးလိုက်တာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အနှံ့မှာ ပူလောင်တဲ့နာကျင်မှုကို ခံစားလိုက်ရပြီး ညည်းညူသံတွေ ထွက်လာကြတယ်။ ဖြစ်စဉ်က နာကျင်ပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်က အားပြည့်းတာ ပိုမြန်သည်။

‎

‎

လူပေါင်းများစွာကို သေခြင်းတရား ချောက်ကမ်းပါးအစွန်းမှ ‎သူပြန်ဆွဲထုတ်ပြီးသောအခါမှ နောက်ဆုံးတော့ ကျိူးလီဇီလည်း ထိုအမျိုးသမီးကို ကယ်တင်လို့ပြီးသွားခဲ့သည်။ ခဏကြာတော့မှ အမျိုးသမီးက မျက်လုံးဖွင့်ပြီး သူ့ခင်ပွန်းကို ကြည့်လိုက်တယ်။

‎

‎

‎သူမရဲ့ နှုတ်ခမ်းဖြူဖျော့ဖျော့တွေကို ခွဲလိုက်ပြီး " ယောင်္ကျား၊ မင်း သေသွားပြီလား" လို့ မေးလ်ိုက်တယ်။

‎

‎

‎ဇနီးဖြစ်သူ၏ စကားကိုကြားတော့ ယောက်ျားက မျက်ရည်စက်လက်ဖြင့် ပြုံးကာပြန်ဖြေသည် "မိန်းမ၊ ငါတို့ နှစ်ယောက်လုံး အသက်ရှင်နေသေးတယ်"

‎

‎

‎နောက်ဆုံးတော့ ပြန်လည်သတိဝင်လာတာကို သူမမြင်လိုက်သောအခါမှ ကျိူးလီဇီက သက်ပြင်းတစ်ချက်ချလိုက်သည်။

‎

‎သူမဆီမှာ သူတော်စင်စိတ်ဓာတ်က ရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်သလို အခြားသူများကိုကယ်တင်မယ်ဆိုတဲ့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရား နိုးထလာတာလည်း မဟုတ်ပါဘူး။ ကျင်းရွီယန်းရဲ့ အ‌ခြေစိုက်စခန်းအတွက် တန်ဖိုးရှိသော အရင်းအမြစ်များဖြစ်လာနိုင်သောကြောင့်သာ သူမက သူတို့ကိုကယ်တင်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎ဤသုတေသီအဖွဲ့ဟာ ရှားပါးသောဆေးဝါးများကို မထုတ်လုပ်နိုင်လျှင်တောင် အနည်းဆုံးတော့ သာမန်ဖျားနာမှုများကို ကုသရန်အတွက် ဆေးဝါးများကို ပြန်လည်ဖန်တီးနိုင်မည်ဖြစ်သည်။ အခြေစိုက်စခန်းတည်ဆောက်ရန်အတွက် သာမာန်လူများကို စုဆောင်းသည့်အခါ ၎င်းတို့က များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။

‎

‎

‎ကျန်တဲ့အဖွဲ့ဝင်များကိုလဲ သတိထားကာ စစ်ဆေးလိုက်ကြသည်။ လူနှစ်ဆယ့်သုံးဦးတွင် ခုနစ်ဦးသာ အသက်ရှင်ကျန်ရစ်သည်။ ကျန်တဲ့သူတွေကတော့ သေတာကြာပြီဖြစ်ပြီး အချို့က အခုမှသေသွားတာပဲ့။

‎

‎

‎ကျင်းရွှီယန်းက သူတို့ရဲ့ အေးစက်နေသောအလောင်းများကို အပြင်သို့ သယ်ဆောင်ကာ မီးရှို့ခဲ့ပြီး ကျိူးလီဇီကတော့ သူမရဲ့ကျောပိုးအိတ်ကို အပြင်ဘက်သို့ယူသွားကာ နေရာလွတ်မှပစ္စည်းများကို သွားထုတ်ယူသွားခဲ့သည်။ အခန်းထဲကိုဝင်လာတော့ အစားအသောက်တွေကို ကျောပိုးအိတ်နှင့်အပြည့် ပြန်သယ်လာသည်။

‎

‎

‎ဘယ်သူကမှ သံသယမဝင်ကြဘဲ ကျောပိုးအိတ်ကို အခန်းအပြင်မှာ ထားခဲ့တယ်လို့သာ တွေးလိုက်ကြတော့တယ်။

‎

‎

‎သူမရဲ့ကျောပိုးအိတ်ကိုဖွင့်ကာ ငှက်ပျောနို့ပုံးအများအပြားကို ထုတ်ယူလိုက်ပြီး "တစ်ခုခုမစားခင် နွားနို့အရင်သောက်ပါ" ဟု ပြောကာ အသက်ရှင်ကျန်ရစ်သူများထံ ပေးအပ်ခဲ့သည်။

‎

‎

‎လူတိုင်းက သူမရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ကြပြီး နို့ကို လက်ခံပြီး အဖုံးတွေကို အမြန်ဖွင့်ကာ သောက်လိုက်ကြတယ်။ နို့က လတ်ဆတ်ပြီး သကြားအများကြီးမပါဘူး။ သောက်ပြီးတာနဲ့ ပူလောင်နေတဲ့ ဗိုက်ထဲကဝေဒနာတွေ လျော့ပါးလာသည်။

‎

‎

‎

‎

‎

‎

အခန်း - (၁၅၆)

‎

သူတို့‎နွားနို့သောက်နေစဉ်တွင် ကျိူးလီဇီက ပေါင်မုန့်များစွာကို ထုတ်ယူခဲ့သည်။ ဤမုန့်များက သူမရဲ့နေရာရှိ နောက်ဆုံးမုန့်များဖြစ်သည်။ ပြီးသွားရင်တော့ သူမအတွက် ပေါင်မုန့် လတ်လတ်ဆတ်ဆတ် ရှိတော့မှာ မဟုတ်ဘူး။

‎

‎

‎သံသယမဖြစ်စေရန်အတွက် သူမက သူတို့အတွက် အစားပစာကို အလွန်အကျွံမထုတ်ပေးခဲ့ပါ။ ထို့ကြောင့် မုန့်တစ်လုံးစီပေးပြီးနောက် ကန်ရေတစ်ပုလင်းပေးသည်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူများ စားသောက်နေစဉ်တွင် သူမက ပိန်လှီသောလူကို ကြည့်ကာမေးလိုက် "ရဲဘော်၊ မင်းက ဒီဓာတ်ခွဲခန်းက သုတေသီလား"

‎

‎

‎ပိန်လှီသောလူက ခေါင်းညိတ်ပြီးပြန်ဖြေသည် "ရဲဘော်၊ ငါတို့ရဲ့အသက်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီမှာ ပိတ်မိနေတာ တစ်ပတ်ကျော်ကြာပြီမှ ငါတို့‌တော့ သေရတော့မယ်ထင်ထားတာ"

‎

‎

သူတို့ကိုကြည့်ပြီး "ရဲဘော်၊ ဒီနေရာကထွက်သွားပြီးရင် မင်းတို့မှာ နောက်ထပ်အစီအစဉ်ရှိလား" လို့ ‎ကျိူးလီဇီကမေးလိုက်တယ်။

‎

‎

‎တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်စီတိုင်းရဲ့ မျက်လုံးတွေထဲမှာ အကူအညီမဲ့မှုတွေကို တွေ့လိုက်ရသည်။

‎

‎

လက်ရှိအခြေအနေတွင် မဆိုထားနဲ့—ယနေ့ခေတ်မတိုင်မီကပင် သူတို့မှ လေ့ကျင့်ခန်းလုပ်ရန် အချိန်မရှိသော သုတေသီ များဖြစ်သည်။ ဒါကြောင့် သူတို့ ဒီနေရာကနေ ထွက်သွားရင်တောင် သူတို့ရဲ့ အားနည်းတဲ့ ခွန်အားနှင့်ဆို အပြင်ဘက်မှာ ရှင်သန်နိုင်ပါါမလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပါပဲ။

‎

‎

‎သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သတိထားမိတော့ ကျိူးလီဇီက တိုက်တွန်းလိုက်တယ် "မင်းတို့မှာ သွားချင်တဲ့ နေရာမရှိဘူးဆိုရင် ငါ့တို့အဖွဲ့နဲ့ ဘယ်လိုမပူးပေါင်းရတာလဲ"

‎

‎

‎"ရဲဘော်၊ မင်းက စစ်သားလား" လို့ အမျိုးသမီးတစ်ယောက်က မေးသည်။

‎

‎

‎"မဟုတ်ဘူး၊ ငါ့တို့အဖွဲ့က ကြေးစားအဖွဲ့ပဲ။ ရိက္ခာတွေစုဆောင်းပြီး ဖုတ်ကောင်တွေကို သတ်ဖို့ ဒီနေရာကို လာခဲ့တယ်။ ဒီနေရာကို မတော်တဆတွေ့မိတဲ့အတွက် ငါတို့တွေ့ခဲ့တာက ကံကြမ္မာပဲ" ဟု ကျိူးလီဇီက ပြန်ပြောခဲ့သည်။

‎

‎

‎သူမရဲ့ စကားပြောသံက အလျင်စလိုမဖြစ်ဘဲ သူမရဲ့မျက်လုံးများက ကြည်လင်နေပါသည်။ သူမမျက်လုံးတွေကို ကြည့်လိုက်တော့ သူတို့က သူမကို ယုံကြည်နိုင်တယ်လို့ ခံစားလိုက်ရတယ်။ ဒါကြောင့် တခဏတာ တုံ့ဆိုင်းသွားပြီးနောက် အမျိုးသမီးက ခင်ပွန်းဖြစ်သူကို ကြည့်ကာ “ ယောင်္ကျား ၊ သူတို့နှင့် လိုက်သွားကြရအောင်” လို့ ပြောလိုက်တယ်။

‎

‎

‎ထိုလူငယ်တွင်လည်း သူ့ဇနီးသည်တစ်ဦးတည်းကသာ မိသားစုအဖြစ်ရှိသောကြောင့် သူက မကန့်ကွက်ခဲ့ပေ။ သူက ခေါင်းညိတ်ပြီးပြောသဘောတူလိုက်တယ် "မိန်းမ၊ မင်း ဆုံးဖြတ်ချက်ချနိုင်တယ်၊ မင်းသွားလေရာကို ငါလိုက်မယ်"

‎

‎

‎အမျိုးသမီးက ခေါင်းညိတ်ပြပြီးနောက် ကျိူးလီဇီကိုကြည့်ကာ "ရဲဘော်၊ ငါတို့က မင်းတို့အဖွဲ့ထဲဝင်ဖို့ ဆန္ဒရှိတယ်။ ငါ့နာမည်က ကျောင်းလိီရှင်း ၊ ဒါက ငါ့ခင်ပွန်း ချန်ကျိရိ "

‎

‎

‎"ကျွန်မနာမည်က ကျိူးလီဇီ"

‎

‎

‎သူမကိုယ်သူမမိတ်ဆက်ပြီးပြီးချင်းမှာပဲ

‎ကျင်းရွှီယန်းက အခန်းထဲဝင်လာပြီး "အာ့ဇီ ဒီဧရိယာက ရှင်းတယ်။ သူတို့စားပြီးရင် ငါတို့ထွက်သွားလို့ရပြီ" လို့ပြောလာတယ်။

‎

‎

‎ကျောင်းလီရှင်းက သူ့လေသံနဲ့ ရင်းနှီးနေတာကို သတိထားမိလိုက်ပြီး ကျိူးလီဇီကိုကြည့်ကာ "ဒါက-" လို့မေးတယ်။

‎

‎

‎ကျိူးလီဇီက မဆိုင်းမတွ ပြုံးပြီး မိတ်ဆက်ပေးလိုက်တယ်

‎ "အစ်မကျောင်း ဒါက ကျွန်မချစ်သူ ကျင်းရွှီယန်းပါ။ သူက ကျွန်မတို့အဖွဲ့ရဲ့ ကပ္ပတိန်လည်း ဟုတ်တယ်"

‎

‎

‎သူမစကားကိုကြားတော့ ကျောင်းလီရှင်း နှင့် သူ့ခင်ပွန်းက "ဟယ်လို ကပ္ပတိန်" လို့ နှုတ်ဆက်လိုက်တယ်။

‎

‎

‎ ကျိူးလီဇီက မတ်တပ်ထရပ်ပြီး ကျင်းရွှီယန်းရဲ့လက်ကိုဆွဲကာ "အစ်ကိုယန်း၊ သူတို့က အစ်မ ကျောင်းလီရှင်း နဲ့ သူ့ခင်ပွန်း အစ်ကို ချန်ကျိရိ ပါ။ သူတို့က ကျွန်မတို့အဖွဲ့ထဲကိုဝင်မှာ"

‎

‎

‎"သူတို့နှစ်ယောက်က သုတေသီတွေလေ။ သူတို့အဖွဲ့နှင့် ပူးပေါင်းလိုက်တာနဲ့ ဆေးသုတေသနဘက်မှာ စွမ်းရည်မရှိမှာ စိတ်ပူစရာ မလိုတော့ပါဘူး" ဟု သူမက အဓိပ္ပာယ်အပြည့်နဲ့ပြောသည်။

‎

‎

‎ကျင်းရွှီယန်းက သူတို့ကိုဖိတ်ခေါ်ရတဲ့ သူမရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး ခေါင်းညိတ်လိုက်တယ်။ သူတို့ကိုကြည့်ကာ "အသင်းမှကြိုဆိုပါတယ်" ဟုပြောလိုက်သည်။

‎

‎

သူတို့ရဲ့စကားဝိုင်းကို ကြားတဲ့အခါ ‎ကျန်တဲ့ သုတေသီတွေထဲက လူငယ်တစ်ယောက်ကဝင်ပြောလာသည် "ရဲဘော်၊ ကျွန်တော်လဲ မင်းတို့ရဲ့အဖွဲ့ထဲကို ဝင်လို့ရလား၊ ကျွန်တော်က ဘွဲ့ကြိုကျောင်းသားဆိုပေမယ့် ပါမောက္ခလက်အောက်မှာ နှစ်အတော်ကြာ လေ့လာခဲ့ပါတယ်။ လက်တွေ့စမ်းသပ်မှုတွေနဲ့ ဓာတ်ခွဲခန်းတွေမှာ ကူညီပေးနိုင်တယ်"

‎

‎

‎သူ့ရဲ့စကားကြားကိုတော့ တခြားသူတွေကလည်း သူတို့ပါ အဖွဲ့ထဲဝင်ဖို့ တောင်းဆိုလာကြတယ်။ အပြင်ထွက်ပြီး တစ်ယောက်တည်း ရှင်သန်ဖို့ ကြိုးစားတာထက် အဖွဲ့တစ်ဖွဲ့ထဲဝင်တာက ပိုလုံခြုံတယ်။

‎

‎

‎ဒီစုံတွဲက သန်မာပြီး အပြင်ကဖုတ်ကောင်တွေကို သတ်လိုက်တယ်ဆိုတာကို သူတို့သိတယ်။ ထိုစုံတွဲနောက်ကို လိုက်တာက သူတို့ရဲ့ဘေးကင်းမှုကို သေချာစေမည်ဖြစ်ပြီး အစားအစာကိုအပြည့်အ၀မစားနိုင်လျှင်တောင် အနည်းဆုံးတော့ သူတို့ငတ်မည်မဟုတ်ပေ။

‎

‎

သူတို့ရဲ့ စကားများကိုကြားသောအခါ ‎ကျိူးလီဇီက ဝမ်းသာသွားသည်။ သူမက ‎ကျင်းရွှီယန်းကိုကြည့်ကာ လက်ခံရန် အရိပ်အမြွက်ပြလိုက်သည်။

‎

‎

‎သူမက သူ့ကို မျက်တောင်ခတ်ကာ အရိပ်အမြွက်ပြနေတာကို မြင်တော့ ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး "အားလုံးကို နတ်ဆိုးအဖွဲ့က ကြိုဆိုပါတယ်" လို့ပြောလိုက်တယ်။

‎

‎

‎သဘောတူညီချက်ကိုကြားတော့ ဝမ်းသာအားရနဲ့ ကျေးဇူးပြန်တင်ကြတယ် "ကျေးဇူးတင်ပါတယ် ကပ္ပတိန်"

‎

‎

‎စားပြီးတာနဲ့ ခဏလောက်အနားယူလိုက်ပြီး ဓာတ်ခွဲခန်းကနေ အတူတူ ထွက်လာကြသည်။ သူတို့က အမြန်မပြေးနိုင်/မလျှောက်နိုင်သောကြောင့် ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ရဲ့ အရှိန်က နှေးကွေးသွားသည်။

‎

‎

ဂိုဒေါင်သို့ ပြန်ရောက်သောအခါတွင်တော့ နေမွန်းတည့်နေပြီဖြစ်သည်။

‎

‎

‎သူ့ကပ္ပတိန်ပြန်ရောက်လာတာကိုမြင်တော့

‎ ရှောင်ချီက လျှောက်သွားပြီး "ကပ္ပတိန်၊ ဆေးတွေကို ကျွန်တော်တို့ သိမ်းပြီးပါပြီ" လို့ သတင်းပို့လိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီးမှ ပြောလိုက်တယ် " ရှောင်ချီ သူတို့ကို ဘေးမှာ အနားယူခိုင်းလိုက်။ ကျန်းယွမ်နှင့် ကျန်တဲ့သူတွေ ပြန်လာတဲ့အခါကြမှ နောက်ဆုံးကျန်တဲ့စက်ရုံကို သွားကြမယ်"

‎

‎

‎"ဟုတ်ကဲ့ ကပ္ပတိန်" ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး သူ့အလုပ်တွေကို ပြီးအောင်သွားလိုက်တယ်။

‎

‎

အားနည်းသောလူအုပ်စုကိုတွေ့သောအခါမှာတော့ ‎ဖုန်းယွင်က ရှောင်ချီကိုကူညီရန်သွားလိုက်သည်။

‎

‎

‎အဖွဲ့ဝင်အသစ်များက အလုပ်ရှုပ်နေချိန်တွင်‎ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ကတော့ ဂိုဒေါင်အတွင်းရှိ ကျန်ဆေးများကို စုဆောင်းရန်သွားကြသည်။

‎

‎

‎ထိုနေရာတွင် မေ့ဆေး,များ ရှိပြီး ၎င်းတို့တွင် ရှူရှိုက်ရသောဆေး၊ ထိုးသွင်းရသောဆေး၊ ဒေသဆိုင်ရာ မေ့ဆေးများနှင့် ကာလတိုလုပ်ဆောင်ချက်များအတွက် ခွဲစိတ်မှုမပြုမီဆေးဝါးများ ပါဝင်သည်။ ဂိုဒေါင်ထဲတွင် အောက်ဆီဂျင်ကိုပင် သိုလှောင်ထားသည်။

‎

‎မေ့ဆေးများအပြင် နောက်ထပ်ဂိုဒေါင်တစ်ခုတွင် အရောင်ကျဆေးများ (အယ်စီတိုင်းဆယ်လီစီလစ်အက်ဆစ်၊ အိုင်ဗျူပရိုဖန် နှင့် ပါရာစီတမောအပါအဝင်)၊ အော်ပီရွိုက်အုပ်စုဝင် အနာသက်သာဆေးများနှင့် ရောဂါလက္ခဏာသက်သာရေးစောင့်ရှောက်မှုအတွက် အခြားသောရောဂါလက္ခဏာဆိုင်ရာ ဆေးဝါးများကိုလည်း တွေ့ရှိခဲ့ကြသည်။

‎

‎

‎"နောက်ထပ်ဂိုဒေါင်များသို့ ဆက်လက်ရှာဖွေရာတွင် အာလာဂျီဆန့်ကျင်ဆေး၊ အဆိပ်ဖြေဆေး၊ တက်ခြင်းကာကွယ်ဆေး၊ သန်ကောင်ဆေး၊ ဘက်တီးရီးယားဆန့်ကျင်ဆေး၊ မှိုရောဂါကုဆေး၊ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးနှင့် ပရိုတိုဇိုးဝါးဆန့်ကျင်ဆေးများကို တွေ့ရှိခဲ့ကြသည်။

‎

‎

‎

ကျန်ဂိုဒေါင်များအတွင်း၌ အသုံးပြုရန် ရည်ရွယ်ချက်ကို မသိသော ဆေးဝါးများ၊ ကွန်ဒုံးများနှင့် အမျိုးမျိုးသော ဆေးဝါးများကိုပင် ‎သူတို့ ရှာဖွေတွေ့ရှိခဲ့တယ်။

‎

‎

‎ထိုဆေးများရဲ့ လုပ်ဆောင်ချက်ကို မသိသော်လည်း ကျိူးလီဇီကတော့ ဂိုဒေါင်အတွင်းမှာသိုလှောင်ထားတဲ့ ပစ္စည်းများ ၊ ကုန်ကြမ်းပစ္စည်းများ အပါအဝင် အရာအားလုံးကို စုဆောင်းနေဆဲဖြစ်သည်။

‎

‎

‎ပြီးသွားတော့မှ အပြင်ဘက်မှာ စကားပြောနေတဲ့ လူတွေရဲ့ အသံကို ကြားလိုက်ရတယ်။ ဂိုဒေါင်မှ ထွက်ခွာလိုက်တော့ ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူ အုပ်စုကြီးနှင့်အတူ ပြန်လာနေတာကို တွေ့လိုက်ရသည်။

‎

‎

‎

‎

‎

All Chapters