← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 11 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 11 Ch. 161-162

အခန်း ၁၆၁ ။ လေးစားမှုဖြင့် ဆက်ဆံခြင်း

သတင်းသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဖုန်းရှီးနန်းဆောင်မှလူများပြန်သွားပြီးနောက် ယဲ့ယွင် သက်ပြင်းချလိုက်သည်။

"နင်တို့ ကြည့်စမ်း၊ နတ်ဘုရားတွေ တိုက်ခိုက်နေကြတာကို ငါတို့လို သာမန်လူတွေက မြေစာပင် ဖြစ်ရတော့မယ်။"

နေ့တိုင်း ဂါရဝပြုဖို့ ပြန်သွားရတော့မယ့် အလုပ်ရက်တွေ ပြန်ရောက်လာပြီဆိုတော့ ခေါင်းကိုက်စရာပဲ။

နန်ကျစ်က ပါးစပ်အုပ်ပြီး ရယ်လိုက်သည်။

"ကျယ်ယွီကလည်း၊ ဒီမနက်တင် ကိုယ့်ဘာသာ နတ်သမီးပါလို့ပြောနေပြီး အခုကျတော့ နတ်သမီး မလုပ်ချင်တော့ဘူးလား။"

"ဟွန်း... နန်းတော်ထဲမှာ နတ်သမီးတွေများတော့ ပျင်းစရာကြီး။ ငါကတော့ မြေခွေးမလေး လုပ်တာ ပိုကောင်းပါသေးတယ်။"

ယဲ့ယွင် ပါးစပ်အုပ်ပြီး သမ်းဝေလိုက်သည်။

"ငါ ထပ်အိပ်လိုက်ဦးမယ်။ နောက်နာရီဝက်နေရင် လာနှိုး။"

မနေ့ညက အရှင်မင်းကြီးနဲ့ စောင်းတီးနည်းသင်ကြားတာ နက်ရှိုင်းလွန်းပြီး သန်းခေါင်ယံအထိ ကြာသွားတော့ သူမ သေလောက်အောင် ပင်ပန်းနေပြီ။

မိဖုရားခေါင်ကြီးက နန်းတွင်းကိစ္စတွေကို ပြန်ကိုင်တွယ်မယ် ဆိုတာကို သူမ ဂရုမစိုက်ပါဘူး။ ဘယ်သူပဲ ကိုင်တွယ်ကိုင်တွယ်၊ သူမနဲ့မှ မဆိုင်တာ။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကတော့ တုံ့ပြန်မှု ရှိလာမှာပဲ။

.....

ချူရှို့နန်းဆောင်ထဲမှာ ဝမ်သယ့်ဖေး ဒေါသထွက်နေပြီ။

"မိဖုရားခေါင်ကြီးက ဘာသဘောလဲ။ ငါ့ဆီကပဲ ပြန်သိမ်းသွားတယ်ဆိုတော့ ငါ့တစ်ယောက်တည်းကို အနိုင်ကျင့်ချင်နေတာလား။ ဒီလောက် စိတ်ပူတတ်နေမှတော့ ဗိုက်ထဲက ကလေး ပျက်မကျအောင် အရင်ဂရုစိုက်ပါအုံးလား။”

"မယ်မယ်... စကားဆင်ခြင်ပါဦး။"

ပိုင်ရွှမ် လန့်သွားပြီး အမြန်တားလိုက်သည်။

ကိုယ့်အခန်းထဲမှာပြောတာကိစ္စမရှိပေမယ့် အပြင်ကြားသွားရင် ပြဿနာတက်သွားပေလိမ့်မည်။

"မယ်မယ် ဘာလို့ အဲဒီလို တွေးရတာလဲ။ ကျွန်မ ထင်တာတော့ မိဖုရားခေါင်ကြီးက မယ်မယ့်ကို ကြောက်နေလို့ နေမှာပါ။"

ပိုင်လုက လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့ပေးလိုက်သည်။

"ဒီရက်ပိုင်း အတင်းအဖျင်းတချို့ ကြားနေရတယ်။ အဲဒါကြောင့် ဒီကိစ္စ ဖြစ်လာတာ နေမှာပါ။"

ဝမ်သယ့်ဖေး မျက်မှောင်ကြုတ်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်ကာ ဆက်ပြောခိုင်းလိုက်သည်။

ပိုင်လုက အတင်းအဖျင်းများကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ဝမ်သယ့်ဖေး၏မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး နှာခေါင်းရှုံ့လိုက်သည်။

"ရှဲ့ဟွမ်က ဉာဏ်ကောင်းတယ် ထင်နေတာ၊ ကောလာဟလ နည်းနည်းလောက်နဲ့တင် မနေနိုင်တော့ဘူးလား။ အရှင်မင်းကြီးက ငါ့အပေါ်ထားတဲ့ စိတ်ထားကို သူ အာဏာပြန်သိမ်းရုံနဲ့ ပြောင်းလဲသွားမယ် ထင်နေတာလား။"

"ဟုတ်တာပေါ့။ မယ်မယ်က သူ့ကို ပြန်ပေးလိုက်ပါ။ ဒါမှ မယ်မယ် သားတော်ကြီးကို ကောင်းကောင်း ပြုစုပျိုးထောင်နိုင်မှာ။ သားတော်ကြီး ကျန်းမာလာရင် ဘာနဲ့မှ မလဲနိုင်ဘူး။ မိဖုရားခေါင်ကြီး ဗိုက်ထဲက ကလေးက ဘာဖြစ်လာမလဲမှ မသိသေးတာ။"

ပိုင်လုက သတိထားပြီး ဖျောင်းဖျလိုက်သည်။

သားတော်ကြီးအကြောင်းပြောလိုက်လျှင် ဝမ်သယ့်ဖေး စိတ်ပြောင်းလွယ်သည်။

"ထားလိုက်ပါတော့၊ သူ ပြန်ယူချင်တယ်ဆိုတော့လည်း ပေးလိုက်ရတာပေါ့။ ဒါပေမယ့် မိဖုရားခေါင်ကြီးက ငါ့ကို အဆင့်နိမ့်တဲ့ မိသားစုကလာတယ်ဆိုပြီး အမြဲတမ်း အထင်သေးတတ်တယ်။ အဆင့်နိမ့်တဲ့ မိသားစုကလာတော့ စာရင်းဇယားတွေ သေချာမလုပ်တတ်တာ မဆန်းပါဘူး။ နင်တို့ သေချာဂရုစိုက်ပြီး လုပ်လိုက်ကြ။ ဒီနေ့ ငါ့လက်ထဲက စာရင်းတွေကို ရှင်းလင်းပြီး မနက်ဖြန် ဂါရဝပြုသွားရင် စာရင်းစာအုပ်တွေကို ဖုန်းရှီးနန်းဆောင်ဆီ ပြန်ပို့လိုက်။"

"ဟုတ်ကဲ့ပါ မယ်မယ်။ သေချာစီစဉ်ပြီး မိဖုရားခေါင်ကြီး စိတ်မပင်ပန်းရအောင် လုပ်ပေးလိုက်ပါ့မယ်။"

ပိုင်လုနှင့် ပိုင်ရွှမ်တို့ အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြသည်။ သခင်မ၏ဆိုလိုရင်းကို သူတို့ နားလည်ကြသည်။

မိဖုရားခေါင်ကြီးက ဝမ်သယ့်ဖေးလက်ထဲမှ အာဏာကို ပြန်သိမ်းလိုက်သည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ကျိုချန်နန်းဆောင်တွင် နင်ချန်သည် ထိုသတင်းကို ကြားသောအခါ မကျေမနပ်ဖြစ်သွားသည်။

သူ့အမြင်တွင် မိဖုရားခေါင်ကြီးသည် ကိုယ်ဝန်ရှိနေသဖြင့် ကလေးကို အရင်ဂရုစိုက်သင့်သည်။

ယွမ်ကျိုက စဉ်းစားပြီးနောက် ကောလာဟလအကြောင်းကို လျှောက်တင်လိုက်သည်။

"ပေါက်ကရတွေ... ဘယ်အစေခံက ဒီလို အတင်းအဖျင်းတွေ ပြောနေတာလဲ။ ပြင်းပြင်းထန်ထန် ရိုက်ပြီး နန်းတော်က မောင်းထုတ်လိုက်။ မိဖုရားခေါင်ကြီးက နန်းတော်ရဲ့ သခင်မ၊ တိုင်းပြည်ရဲ့မိခင်လေ။ ဘယ်သူက စော်ကားပြောဆိုရဲတာလဲ။"

"ကျွန်တော်မျိုးလည်း အဲဒီလိုပဲ ပြောပါတယ်။ ဘိုးဘေးကန်တော့ပွဲမှာ မိဖုရားခေါင်ကြီး မသွားနိုင်ရင်တောင် တခြားကိုယ်လုပ်တော်တွေက အစားဝင်ခွင့် မရှိပါဘူး။"

ယွမ်ကျို သက်ပြင်းချလိုက်သည်။

နင်ချန်ကမူ ပို၍ စိတ်ပျက်သွားသည်။

မိဖုရားခေါင်ကြီး၏စိုးရိမ်မှုသည် သူ့ကို မယုံကြည်ခြင်းပင် ဖြစ်သည်။

သူမက သူ ဝမ်သယ့်ဖေးကို မျက်နှာသာပေးပြီး ဘိုးဘေးကန်တော့ပွဲမှာ အစားဝင်ခိုင်းမည်ကို စိုးရိမ်နေသည်။ သို့သော် သူသည် မိုက်မဲသော ဧကရာဇ်တစ်ပါး မဟုတ်ပေ။ ဓလေ့ထုံးစံများကို ချိုးဖောက်ပြီး ထိုကဲ့သို့ လုပ်ဆောင်မည် မဟုတ်ပေ။

မနှစ်မြို့ဖွယ်ကိစ္စတစ်ခုဖြစ်လာလျှင် အခြား မနှစ်မြို့ဖွယ် ကိစ္စများကိုပါ သတိရလာတတ်သည်။

လက်ထပ်ခဲ့သည့် နှစ်များကို ပြန်စဉ်းစားကြည့်လျှင် ရှဲ့မိသားစုဝင် ဇနီးသည်သည် သူ့ကို တကယ် ယုံကြည်ခဲ့ဖူးခြင်းရှိရဲ့လား။

အိမ်ရှေ့စံဘဝတုန်းက ရှဲ့ရှီ အိမ်တော်သို့ စရောက်ချိန်တွင် အိမ်တွင်းရေးကိစ္စများကို နားမလည်မည်စိုး၍ ချင်မားမားကို ကူညီရန် လွှတ်ပေးခဲ့သည်။

သို့သော် ရှဲ့ရှီက သတိထားပြီး သံသယဝင်ခဲ့သဖြင့် သူ့စေတနာ အလကားဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင်လည်း ရှူးဖေးကိစ္စ ပေါ်လာပြန်သည်။ ယန်မိသားစု၏ စစ်အာဏာကြောင့် သူက ယန်ဝမ်ရုန်ကို အလေးထားမည်ကို စိုးရိမ်ပြီး အမြဲတမ်း ဆန့်ကျင်ဘက်လုပ်ခဲ့သည်။ သူက ယန်ဝမ်ရုန်ကို မျက်နှာသာမပေးကြောင်း သိသွားမှသာ လျှော့ချသွားခဲ့သည်။

ငယ်ရွယ်စဉ်က လက်ထပ်ခဲ့သော ဇနီးမောင်နှံဖြစ်သော်လည်း ရှဲ့ရှီနှင့် သင့်မြတ်အောင်နေရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

စရိုက်ချင်း မတူညီခြင်း၊ ရှဲ့ရှီ၏ အားငယ်စိတ်နှင့် သံသယများကြောင့် နင်ချန် မည်မျှ ကြိုးစားပါစေ အရာမထင်ခဲ့ပေ။

ကြာလာတော့ သူတို့နှစ်ဦးကြားတွင် လေးစားမှုဖြင့် ဆက်ဆံခြင်းသာ ကျန်ရှိတော့သည်။

ယခုအချိန်တွင် နင်ချန်သည် အမိန့်ထုတ်ပြီး မိဖုရားခေါင်ကြီးကို နန်းတွင်းကိစ္စများ လက်လွှတ်ကာ ကိုယ်ဝန်ကိုသာ ဂရုစိုက်ခိုင်းချင်သည်။ သို့သော် သူ ထိုသို့လုပ်လိုက်လျှင် မိဖုရားခေါင်ကြီး ပို၍ စိုးရိမ်သွားပြီး သူက ဝမ်သယ့်ဖေးကို မျက်နှာသာပေးနေသည်ဟု ထင်သွားမည်ကို စိုးရိမ်ရသည်။

ထိုအခါ ကိုယ်ဝန်ကို ပို၍ ထိခိုက်စေနိုင်သည်။

ထို့ကြောင့် လက်လျှော့လိုက်ရပြီး မျက်ဝန်းများ မှိန်ဖျော့သွားကာ အမိန့်ပေးလိုက်သည်။

"အမိန့်ထုတ်လိုက်... မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေတယ်၊ နှစ်ကုန်ခါနီးပြီဆိုတော့ အလုပ်တွေ များနေတယ်။ နန်းတွင်းထဲက ဘယ်သူမဆို ပြဿနာရှာပြီး မိဖုရားခေါင်ကြီးကို စိတ်ညစ်အောင်လုပ်ရင် ကျန်း လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။"

ယွမ်ကျို အမိန့်နာခံပြီး ချက်ချင်း ထွက်ခွာသွားသည်။ သို့သော်စိတ်ထဲတွင် ခေါင်းယမ်းလိုက်မိသည်။ မိဖုရားခေါင်ကြီး၏လုပ်ရပ်သည် အရှင်မင်းကြီးနှင့် ပို၍ ဝေးကွာသွားစေသည်။

အရှင်မင်းကြီးက ဒီကိုယ်ဝန်ကို အရမ်းအလေးထားတာ။ တကယ်လို့ မိဖုရားခေါင်ကြီးက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်လုပ်ပြီး ကလေးပျက်ကျသွားရင် နောက်ထပ် ကိုယ်ဝန်ရဖို့က ကောင်းကင်ပေါ်တက်ရသလို ခက်ခဲသွားလိမ့်မယ်။

နင်ချန်၏ဘေးတွင် ငယ်စဉ်ကတည်းကနေလာခဲ့သူဖြစ်၍ ယွမ်ကျို ကောင်းကောင်းသိသည်။ နင်ချန်ကိုယ်တိုင်က ကိုယ်လုပ်တော်သား ဖြစ်သည့်အတွက် ကိုယ်လုပ်တော်သားများကို နှိမ့်ချဆက်ဆံမည် မဟုတ်ပေ။ အကယ်၍ မိဖုရားခေါင်ကြီးအပေါ် စိတ်ပျက်သွားလျှင် ကိုယ်လုပ်တော်သားများထဲမှ တစ်ဦးကို ဆက်ခံသူအဖြစ် ရွေးချယ်လိမ့်မည်။

အမိန့်ထုတ်လိုက်သောအခါ နန်းဆောင်အသီးသီးတွင် မနာလိုဝန်တိုသံများ ထွက်ပေါ်လာသည်။

ယဲ့ယွင် နေ့လည်စာစားပြီး အိပ်ရာနိုးလာသောအခါ ထိုသတင်းကို ကြားလိုက်ရသဖြင့် ပြုံးလိုက်သည်။

"ကြည့်ရတာ ငါတို့ မိဖုရားခေါင်ကြီးက တော်တော်လေး အလေးထားခံရတဲ့ပုံပဲ။ မနက်ဖြန် ဂါရဝပြုပွဲမှာ ပွဲကောင်းကြည့်ရမယ်ထင်နေတာ။ အရှင်မင်းကြီးရဲ့အမိန့်ကြောင့် ဘယ်သူမှ ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး။"

ဒါက ကောင်းပါတယ်။ သူမက နှစ်ရက်ဆက်တိုက် အိပ်ဆောင်ဝင်ခွင့်ရထားတာဆိုတော့ သွားရင် ပစ်မှတ်ထားခံရမှာ သေချာတယ်။

သို့သော် အရှင်မင်းကြီးက ဒီလောက် ကာကွယ်ပေးနေတာကို မိဖုရားခေါင်ကြီးက ကိုယ်ဝန်ထိခိုက်အောင်လုပ်မိရင် နောက်ဆို ဒီလိုသံယောဇဉ်မျိုးရတော့မှာ မဟုတ်ဘူးဟု သူမ တွေးမိလိုက်သည်။

စဉ်းစားနေစဉ်မှာပင် အပြင်ဘက်မှ ဧကရာဇ် ကြွချီလာကြောင်း ကြေညာသံ ကြားလိုက်ရသည်။

ယဲ့ယွင် ကြောင်အသွားသည်။ သုံးရက်ရှိပြီ၊ ဘာလို့ လာနေသေးတာလဲ။

တချို့က မိုးခေါင်လို့ သေ၊ တချို့က ရေကြီးလို့ သေဆိုတာ ငါကတော့ အမ်း ဒါမျိုးပဲ။

စိတ်ထဲက ညည်းညူနေသော်လည်း ကြိုဆိုရဦးမည်။

စောစောက နှုတ်လှန်ထိုးပွဲကို ရှောင်လွှဲနိုင်ပြီဟု ထင်ထားသော်လည်း ယနေ့ နင်ချန် ရောက်လာပြန်သဖြင့် မနက်ဖြန် ဂါရဝပြုပွဲတွင် မိမိမှာဆန်ခါပေါက်ဖြစ်အောင် အပြောခံရတော့မည်။

နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင်သည် အစေခံများ၏ အတင်းဆွဲထူမှုကို ခံလိုက်ရသည်။

မျက်လုံးမှိတ်လျက် မျက်နှာသစ်၊ ဆန်ပြုတ်သောက်ပြီး ဟွေယွဲ့၏ တွဲထူမှုဖြင့် ယာဉ်ပေါ်တက်ကာ ဖုန်းရှီးနန်းဆောင်သို့ ထွက်ခွာခဲ့သည်။

ဆောင်းရာသီ နံနက်ခင်း၏အေးစက်မှုက ယဲ့ယွင်ကို အတင်းအကျပ် နိုးထစေခဲ့သည်။

ယွီရှို့အဆောင်၏ မကောင်းသည့်အချက်မှာ ဖုန်းရှီးနန်းဆောင်နှင့် ဝေးကွာနေခြင်းဖြစ်သည်။ လမ်းလျှောက်သွားလျှင် လေတိုက်ခံရပြီး သေသွားနိုင်သည်။

မင်ကျူတောအနီးသို့ ရောက်သောအခါ ရှေ့တွင် လူအုပ်စုလိုက် ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။

အတိအကျပြောရလျှင် နှစ်ယောက်က ဒူးထောက်နေပြီး ကျန်တစ်စုက မတ်တတ်ရပ်နေကြသည်။

မတ်တတ်ရပ်နေသူမှာ ကျောက်ကျယ်ယွီဖြစ်ကြောင်း ယဲ့ယွင် မှတ်မိလိုက်သည်။ ဒူးထောက်နေသူများကိုမူ သေချာမမြင်ရပေ။

မနက်စောစောစီးစီး ရန်ဖြစ်နေကြပြီလား။

သူမသည် ရေနောက်ထဲ မဆင်းချင်သဖြင့် ယာဉ်ထမ်းများကို လမ်းလွှဲသွားရန် အမိန့်ပေးလိုက်သည်။

မကြာမီ ကျောက်ကျယ်ယွီလည်း ယာဉ်စီးပြီး ထွက်ခွာသွားသည်။

ဒူးထောက်နေသော နှစ်ယောက်သည် အချင်းချင်း တွဲဖက်ပြီး ထရပ်လိုက်ကြသည်။ သူတို့မှာ စုမိန်ရန်နှင့် သူမ၏ အစေခံ ပိုင်ချောင်တို့ ဖြစ်ကြသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-162

အခန်း ၁၆၂ ။ စိတ်ထား

ဖုန်းရှီးနန်းဆောင်သို့ ရောက်သောအခါ ယဲ့ယွင်သည် အစောကြီးရောက်နေသူ မဟုတ်ပေ။

လမ်းကွေ့ခဲ့သောကြောင့် ကျောက်ကျယ်ယွီထက်ပင် နောက်ကျသွားလေသည်။

ယခုအခါ ကျောက်ကျယ်ယွီသည် သူမကို မထိရဲသဖြင့် တစ်ဦးနှင့်တစ်ဦး ဂါရဝပြုပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲသို့ ဝင်သွားကြသည်။

စွန်းရှိုးရုန်သည် ရောဂါပြင်းထန်သဖြင့် မလာရောက်နိုင်၊ ယိကျယ်ယွီသည် ကိုယ်ဝန်ရှိသဖြင့် ဂါရဝပြုရန် လွတ်ငြိမ်းခွင့် ရထားသည်။ ယဲ့ယွင်၏ဘယ်ညာတွင် လင်ရှိုးရုန်နှင့် ရှမိန်ရန်တို့ ထိုင်နေကြသည်။

"အစ်မတော်မင်ရဲ့ ဆံထိုးလေးက လှလိုက်တာ။ သစ်ခွရွက်ပုံစံ ထွင်းထားတာ အသက်ဝင်နေသလိုပဲ။ ကျောက်စိမ်းဖြူနဲ့ လုပ်ထားတာလား။"

ရှမိန်ရန်သည် ပြုံးရွှင်စွာဖြင့် စကားစမြည် ပြောလိုက်သည်။

ယဲ့ယွင် ပြုံးလိုက်သည်။

"ညီမတော်က မျက်စိရွေးတတ်သားပဲ။ ဒီဆံထိုးက နန်းပြင်က ပစ္စည်းပါ။ နန်းတွင်းပစ္စည်းလောက် တန်ဖိုးမကြီးပေမယ့် လက်ရာသေသပ်တယ်။ အိမ်က ဦးလေးတစ်ယောက်က တောင်ဘက်ပိုင်းကို စီးပွားရေးသွားလုပ်ရင်းတွေ့လို့ လှလို့ဆိုပြီး ပို့ပေးလိုက်တာ။ မင်း ကြိုက်တယ်ဆိုရင် ငါ့ဆီမှာ တခြားပုံစံတွေ ရှိသေးတယ်။ ခဏနေ ငါ့ဆီ လိုက်ခဲ့ပြီး ယူလိုက်လေ။"

"ဒါဆိုရင်တော့ အားမနာတမ်း လက်ခံလိုက်ပါ့မယ်။"

ရှမိန်ရန် ပြုံးလိုက်သည်။

နှစ်ယောက်သား ရင်းရင်းနှီးနှီး ရှိနေကြသည်။

"ဆံထိုးလေး တစ်ချောင်းတည်းကို ရှမိန်ရန်က တောင်းနေလိုက်တာ။ ရှက်စရာမကောင်းဘူးလား။"

ရုတ်တရက် ခြေသံများနှင့်အတူ မထီမဲ့မြင်ပြုသော စကားသံများပါ ပါလာသည်။

မော့ကြည့်လိုက်သောအခါ ရှူးဖေး ရောက်လာခြင်းဖြစ်သည်။

ရွှေချည်ထိုး ပန်းပွင့်များနှင့် လိပ်ပြာပုံများပါသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ပျံဝဲနေသောပုံစံ ထုံးဖွဲ့ထားကာ ရွှေရောင် ရတနာရှစ်ပါး ခေါင်းဆောင်းဖြင့် တွဲဖက်ထားသည်။ အနီနှင့် အပြာရောင် ကျောက်မျက်ရတနာများ စီခြယ်ထားသဖြင့် အလွန်ခန့်ညားထည်ဝါနေသည်။

ဒီပုံစံက ဂါရဝပြုဖို့ လာတာနဲ့ မတူဘူး။ အာဏာပြဖို့ လာတာနဲ့ ပိုတူနေတယ်။

ကိုယ့်နန်းဆောင်ထဲမှာ အကြာကြီး မွန်းကြပ်နေလို့ အပြင်ထွက်ပြီး ဟိတ်ဟန်ထုတ်ချင်တာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရည်ရွယ်ပြီး ဒေါသထွက်စေချင်တာလား မသိနိုင်ဘူး။

"ဒီချန်းချဲ့က နိမ့်ကျသူမို့လို့ ကောင်းမွန်တဲ့ ပစ္စည်းတွေ မရှိပါဘူး။ မယ်မယ့်လို ဘယ်တန်ဖိုးကြီးနိုင်ပါ့မလဲ။ အစ်မတော်မင် ဝတ်ထားတာလှလို့ အရှင်မင်းကြီး ကြိုက်လောက်တယ်ဆိုပြီး မျက်နှာပြောင်တိုက် တောင်းမိတာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ပစ္စည်းဖြစ်ပါစေ အရှင်မင်းကြီး မကြိုက်ရင် ကောင်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး။"

ရှမိန်ရန်သည် မျက်နှာထားတင်းတင်းဖြင့် မထီမဲ့မြင် ပြန်ပြောလိုက်သည်။

ကလေးပျက်ကျပြီးကတည်းက ရှမိန်ရန်၏ စိတ်နေသဘောထား ပြောင်းလဲသွားသည်။ ယခင်ကကဲ့သို့ အနိုင်ကျင့်ခံမနေတော့ဘဲ ပြန်လည်တုံ့ပြန်တတ်လာသည်။

"တန်ဖိုးကြီးတဲ့ ပစ္စည်းဆိုတာ သူ့ဘာသာတန်ဖိုးရှိပြီးသား။ နင့်လို နိမ့်ကျတဲ့သူက ဘယ်လောက်ကောင်းတာ ဝတ်ဝတ် နိမ့်ကျနေဦးမှာပဲ။"

ရှူးဖေးက သူမကို စိုက်ကြည့်လိုက်သည်။

သို့သော် အရှင်မင်းကြီး၏အမိန့်ကို သတိရသွားပြီး ဆက်မပြောတော့ပေ။

အမှန်တကယ်တွင် ရှူးဖေးသည် ရှမိန်ရန်ကို တမင်သက်သက် ပြဿနာရှာချင်နေခြင်း မဟုတ်ဘဲ ယဲ့ယွင်ကို တိုက်ရိုက်မထိရဲ၍သာဖြစ်ကြောင်း လူတိုင်း သိကြသည်။

ဤစကားများသည် ရှမိန်ရန်ကို အကြောင်းပြပြီး ယဲ့ယွင်ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။

ယဲ့ယွင်လည်း နားလည်သော်လည်း ဂရုမစိုက်ချင်ပေ။

ဘာလို့လဲဆိုတော့ ရှူးဖေးက ဉာဏ်မကောင်းတာ တစ်ရက်နှစ်ရက်မှ မဟုတ်တာ။

လက်ဖက်ရည်တစ်အိုးစာ ကြာသောအခါ စုမိန်ရန်သည် ခေါင်းငုံ့လျက် ဝင်ရောက်လာသည်။

သေချာကြည့်လိုက်လျှင် သူမ၏ ညာဘက်ပါးပြင်တွင် အနည်းငယ် ရောင်ရမ်းနေသည်ကို တွေ့ရသည်။ ပါးရိုက်ခံထားရသည့်ပုံ ပေါက်နေသည်။

သို့သော် သူမသည် အလွန်မှေးမှိန်နေသူဖြစ်၍ မည်သူမျှ ဂရုမစိုက်ကြပေ။

မကြာမီ မိဖုရားခေါင်ကြီးသည် တင်းမားမား၏တွဲပေးမှုဖြင့် အတွင်းခန်းမှ ထွက်လာသည်။

ယနေ့ သူမသည်လည်း အလွန်ခမ်းနားစွာ ဝတ်ဆင်ထားသည်။

အဝါရောင်ဖုန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေချည်၊ ငွေချည်များဖြင့် ပန်းမျိုးစုံ ထိုးထားသည်။ ဆံပင်တွင် ကိုးမြီးဖုန်းဆံထိုးကို တပ်ဆင်ထားပြီး လုံးဝန်းပြည့်စုံသော အရှေ့ပုလဲများ စီခြယ်ထားသည်။

ဤအရာများသည် မိဖုရားခေါင်ကြီးသာ အသုံးပြုခွင့်ရှိသော ပစ္စည်းများဖြစ်သည်။

မိဖုရားခေါင်ကြီးသည် သူမ၏ တရားဝင်နေရာကို ကြေညာနေခြင်းဖြစ်ကြောင်း သိသာသည်။

လူအများ၏ ဂါရဝပြုခြင်းကို ခံယူပြီးနောက် ဖုန်းကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။

တစ်ချက်ဝေ့ကြည့်လိုက်ရာ ထိပ်ဆုံးနေရာတစ်ခု လွတ်နေသည်ကို တွေ့လိုက်ရသည်။

ချက်ချင်း မျက်နှာပျက်သွားသည်။

"ဝမ်သယ့်ဖေး ဘာလို့ မလာတာလဲ။"

ထိုစကားထွက်လာသည်နှင့် လူတိုင်းက ရှူးဖေးဘေးမှ လွတ်နေသော နေရာကို ကြည့်လိုက်ကြသည်။

ခဏတာ မည်သူမျှ စကားမပြောကြပေ။

"တစ်ခုခုအကြောင်းရှိလို့ နောက်ကျနေတာ ဖြစ်မှာပါ။ ဝမ်သယ့်ဖေးက ပုံမှန်ဆို အချိန်မှန်ပါတယ်။"

ကျင်းဖေးက တိုးတိုးလေး ပြောလိုက်သည်။

သို့သော် သူမ၏မျက်လုံးများက လှုပ်ရှားနေပြီး စိတ်မပါသောစကားကို ပြောနေသည့်ပုံ ပေါက်နေသည်။

ဤအမူအရာများကို မိဖုရားခေါင်ကြီး မြင်လိုက်ရသောအခါ စိတ်ထဲတွင် နာကျင်သွားပြီး ဒေါသထွက်လာသည်။

အခုဆိုရင် အောက်ခြေက ကိုယ်လုပ်တော်တွေတောင် ဝမ်သယ့်ဖေးရဲ့ မကောင်းကြောင်းကို မပြောရဲကြတော့ဘူးလား။

လောကကြီးနှင့် ကင်းကွာနေသော ကျင်းဖေးတောင်မှ သူမဘက်က ကာကွယ်ပြောပေးနေသည်။

"ဘာအကြောင်းရှိလို့လဲ။ မလာချင်လို့ မလာတာ နေမှာပါ။ သားတော်ကြီးကို စောင့်ရှောက်နေရတယ်ဆိုပြီး သူ့မျက်လုံးထဲမှာ... သူတစ်ယောက်တည်း ရှိတော့တာနေမှာ။"

လင်ရှိုးရုန်သည် အေးစက်စွာ ရယ်မောလိုက်ပြီး လုံးဝ မရှောင်မကွင်း ပြောလိုက်သည်။

လူတိုင်း အံ့သြသွားကြသည်။ လင်ရှိုးရုန်က မျက်နှာသာပေးမခံရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ အခု ဘာလို့ ရုတ်တရက်ထပြီး ဝမ်သယ့်ဖေးရဲ့အပြစ်ကို ပြောနေတာလဲ။ မိဖုရားခေါင်ကြီးဘက်ကို ကူးပြောင်းချင်လို့များလား။

ယဲ့ယွင်သည် လင်ရှိုးရုန်ကို မသိမသာတစ်ချက်ကြည့်လိုက်ပြီး သူမကို ကျော်လွန်ကာ ဖုန်းကုလားထိုင်ပေါ်မှ အမျိုးသမီးကို ကြည့်လိုက်သည်။

မိဖုရားခေါင်ကြီး၏မျက်နှာထား ပို၍ တင်းမာလာသည်ကို တွေ့လိုက်ရသည်။

မျက်လွှာချလိုက်ပြီး စိတ်ထဲတွင် အခြားအဓိပ္ပာယ်များကို စဉ်းစားမိသွားသည်။

"လူလွှတ်ပြီး သွားခေါ်လိုက်။"

မိဖုရားခေါင်ကြီးသည် လက်ထဲမှ စန္ဒကူးနံ့သာပုတီးကို စားပွဲပေါ် ပစ်ချလိုက်သည်။

"မလာနိုင်စရာ အကြောင်းရှိရင်တောင် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်။ မဟုတ်ရင် အလယ်နန်းဆောင်ကို မလေးစားမှုနဲ့ အပြစ်ပေးရလိမ့်မယ်။"

"မိဖုရားခေါင်ကြီး... ဒီလောက်ထိ လုပ်စရာ မလိုပါဘူး။ ဒီချန်းချဲ့ နောက်ကျတာက သားတော်ကြီး မနက်အိပ်ရာထတော့ နေမကောင်းဖြစ်နေလို့ စိတ်မချတာနဲ့ နောက်ကျသွားတာပါ။ မယ်မယ် မယုံရင် ချူရှို့နန်းဆောင်ကို ကိုယ်တိုင်သွားကြည့်လို့ရပါတယ်။"

ဖိနပ်သံ တဖြောက်ဖြောက် ထွက်ပေါ်လာသည်။

ဝမ်သယ့်ဖေးသည် ပိုင်လု၏တွဲပေးမှုဖြင့် အပြင်မှ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

"မိဖုရားခေါင်ကြီး ခွင့်လွှတ်ပါ။ ဒီချန်းချဲ့က မိခင်ဖြစ်နေပြီမို့လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတတ်ပါတယ်။"

ဝမ်သယ့်ဖေးသည် အနည်းငယ် ဦးညွှတ်လိုက်ပြီး မိဖုရားခေါင်ကြီး၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"မယ်မယ်က ကိုယ်တိုင် မွေးဖွားဖူးတာ မဟုတ်သေးတော့ နောင်တစ်ချိန် တော်ဝင်သွေးသား မွေးဖွားလာမှ ဒီချန်းချဲ့ရဲ့ခံစားချက်ကို နားလည်လာမှာပါ။"

ဤကဲ့သို့ ရန်စခြင်းသည် အလွန်သိသာလွန်းလှသည်။

မိဖုရားခေါင်ကြီး အာဏာပြန်သိမ်းလိုက်သည့်အပေါ် ဝမ်သယ့်ဖေး ဒေါသထွက်နေကြောင်း လူတိုင်း သိလိုက်ကြသည်။

ပုံမှန်ဆိုလျှင် ဝမ်သယ့်ဖေးသည် ဤကဲ့သို့ တမင်သက်သက် ရန်စလေ့မရှိပေ။

မိဖုရားခေါင်ကြီး မျက်နှာပျက်နေသည်ကို မြင်သောအခါ ကျောက်ကျယ်ယွီ အမြန်ဝင်ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးက တရားဝင်မိခင်လေ။ နန်းတော်ထဲက ကလေးတိုင်းက မိဖုရားခေါင်ကြီးရဲ့ ကလေးတွေပါပဲ။ သယ့်ဖေးမယ်မယ်က ဆောင်းရာသီလေတိုက်ခံရလို့ ခေါင်းမကြည်မလင်ဖြစ်ပြီး ရယ်စရာကောင်းတဲ့စကားတွေ ပြောနေတာနေမှာပါ။ ဒီချန်းချဲ့ မှတ်မိသလောက်ဆိုရင် သယ့်ဖေးမယ်မယ်လည်း တရားဝင်မွေးဖွားလာသူပဲ။ အိမ်ကခွဲထွက်လာတာနဲ့ အနိမ့်အမြင့် မခွဲခြားတတ်တော့ဘူးလား။"

"ငါက မိဖုရားခေါင်ကြီးနဲ့ စကားပြောနေတာ၊ နင် ဝင်ပြောစရာလား။ ကျောက်ကျယ်ယွီက နန်းတွင်းစည်းမျဉ်းတွေကို မေ့နေရင် ဒီနေ့ ပြန်သွားပြီး နန်းတွင်းစည်းမျဉ်းတွေကို အခေါက်ရေအများကြီး ကူးရေးလိုက်။"

ဝမ်သယ့်ဖေးသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်ရှီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"တော်ကြတော့... အကုန်လုံး ပါးစပ်ပိတ်ကြ။"

မိဖုရားခေါင်ကြီး ဒေါသတကြီး စားပွဲကို ရိုက်လိုက်သည်။

"ဝမ်သယ့်ဖေး... နင့်အရှိန်အဝါက ကြီးလှချည်လား။ ပန်ကုန်းက ဒီဖုန်းကုလားထိုင်ပေါ်မှာ ထိုင်နေတုန်းရှိသေးတယ်။ ကိုယ်လုပ်တော်တွေကို ဆုံးမဖို့ နင့်အလှည့်မရောက်သေးဘူး။"

ဝမ်သယ့်ဖေးသည် လက်ထဲမှ လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ မှိန်ဖျော့သွားကာ နောက်ဆုံးတွင် ခေါင်းငုံ့လိုက်သည်။

အလွန်မလိုလားအပ်စွာဖြင့် ဂါရဝပြုလိုက်သည်။

"ဒီချန်းချဲ့ရဲ့ စကားတွေ မသင့်တော်ပါဘူး။ မိဖုရားခေါင်ကြီး ခွင့်လွှတ်ပါ။ ဒါတွေက ဒီချန်းချဲ့ ပြင်ဆင်ထားတဲ့ စာရင်းစာအုပ်တွေပါ။ ဒီနေ့ မယ်မယ့်ကို ပြန်ပေးအပ်ပါတယ်။ မယ်မယ် စစ်ဆေးပေးပါဦး။"

ပြောပြီးသည်နှင့် ကိုယ်ကိုစောင်းပေးလိုက်ရာ နောက်မှလိုက်လာသော နန်းတွင်းအပျိုတော်လေးယောက်သည် စာရင်းစာအုပ် လေးပုံကို ကိုင်လျက် ဝင်လာကြသည်။ တစ်ပုံလျှင် ဆယ်အုပ်၊ စုစုပေါင်း အအုပ် ၄၀ ရှိသည်။

သူမ ခေါင်းငုံ့သွားသည်ကိုမြင်မှ မိဖုရားခေါင်ကြီး၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။

လက်ဝှေ့ယမ်းပြလိုက်ရာ စုချင်နှင့် စုအာတို့က စာရင်းစာအုပ်များကို လက်ခံယူလိုက်ကြသည်။

"ဒီမိဖုရားက ကိုယ်ဝန်ရှိနေပေမယ့် ကိုယ်ဝန်တည်ငြိမ်နေပြီမို့ နန်းတွင်းကိစ္စတွေကို ကိုင်တွယ်ရတာ မခက်ခဲပါဘူး။ ဒါပေမယ့် နှစ်ကုန်ခါနီးပြီဆိုတော့ အလုပ်တွေများပြီး အချိန်မလောက်မငှ ဖြစ်နေတယ်။ ဒီအချိန်မှာ နင်တို့အားလုံး တည်တည်ငြိမ်ငြိမ် နေကြပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်သူမဆို ပြဿနာရှာရင် အရှင်မင်းကြီးရော၊ ပန်းကုန်းရော ခွင့်လွှတ်မှာ မဟုတ်ဘူး။"

"ဒီချန်းချဲ့တို့ မယ်မယ့်ရဲ့ဆုံးမစကားကို နာခံပြီး နန်းတွင်းစည်းမျဉ်းတွေကို လိုက်နာပါ့မယ်။ ဘောင်ကျော်မလုပ်ရဲပါဘူး။"

လူတိုင်း တညီတညွတ်တည်း ပြန်ဖြေပြီး အတူတူ ဂါရဝပြုကြသည်။

မိဖုရားခေါင်ကြီးသည် ဤသဘောထားကို ကျေနပ်သွားပြီး မျက်ဝန်းထဲတွင် ကျေနပ်ရိပ်များ ဖြတ်ပြေးသွားသည်။

ကိုယ်လုပ်တော်များကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော အရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

***

All Chapters