အခန်း (၁၈၇-၁၈၈)
Vol. 12 Ch. 187-188
အခန်း ၁၈၇ ။ မရီး
နန်းတော်ထဲတွင် အခြေအနေ ရှုပ်ထွေးနေသော်လည်း ၄ လပိုင်းရောက်မှ တောင်ဘက်သို့ပို့သောစာ၏ အကြောင်းပြန်စာ ရောက်ရှိလာသည်။
ကျောက်ရှီကိစ္စကို ဧကရာဇ် ပြန်ရောက်မှ ရှင်းလင်းစရာ မလိုတော့ပေ။ နင်ချန်၏ ဆန္ဒအရ သူမကို တစ်သက်လုံး အကျဉ်းချထားရန်နှင့် သူမ၏မိသားစုမှ အမျိုးသားများကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ အထူးခွင့်ပြုချက် မရှိလျှင် ကျောက်မိသားစုမှ အမျိုးသမီးများသည် နန်းတွင်းရွေးချယ်ပွဲ ဝင်ခွင့်မရှိတော့သလို အမျိုးသားများသည်လည်း မျိုးဆက်သုံးဆက်
တိုင်အောင် မင်းမှုထမ်းစာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်လိုက်သည်။
ဤသို့ ဆုံးဖြတ်ရခြင်းမှာ ဒီရက်ပိုင်း နန်းတော်ထဲတွင် လူသေဆုံးမှု များပြားနေသောကြောင့် ထပ်မံ သွေးထွက်သံယို မဖြစ်စေချင်၍ ဖြစ်သည်။
မိဖုရားခေါင်ကြီးအတွက်မူ နင်ချန်သည် စာထဲတွင် နှစ်သိမ့်ပေးထားပြီး အပြစ်တင်ခြင်း မရှိပေ။
ယန်ဝမ်ရုန်ကို မယ်တော်ကြီး၏ အမိန့်အတိုင်း ရှိုးရုန်ရာထူးတိုးပေးပြီး အသုဘအခမ်းအနား ကျင်းပပေးရန်၊ ဒုတိယမင်းသားကို ရူယီအဆောင်မှာပဲ ဆက်ထားရန် မှာကြားထားသည်။
သို့သော် ယိရှိုးယွမ်နှင့် တတိယမင်းသားအကြောင်းကိုမူ သိပ်မပြောပဲ ဆုလာဘ်
အနည်းငယ်သာ ပေးရန်စေခိုင်းခဲ့သည်။ မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျထားချိန်တွင် ကိုယ်လုပ်တော်တစ်ဦး သားမွေးခြင်းကို အလွန်အကျွံ အောင်ပွဲခံ၍ မရပေ။
မိဖုရားခေါင်ကြီး စိတ်မထိခိုက်စေရန် တတိယမင်းသား၏ တစ်လပြည့်ပွဲကို အကြီးအကျယ် မကျင်းပရန်ပင် မှာကြားထားသည်။
ဒီကိစ္စကြောင့် ယိရှိုးယွမ် မကျေမနပ်ဖြစ်ပြီး အခန်းထဲတွင် ဒေါသတကြီး ဖြစ်နေသည်။
စာထဲတွင် နင်ချန်သည် တောင်ဘက်ခရီးစဉ်ကို အရှိန်မြှင့်လိုက်ပြီး ၅ လပိုင်း ၃ ရက်နေ့တွင် မြို့တော်သို့ ပြန်ရောက်မည်ဖြစ်ကြောင်း ပါရှိသည်။
ဆိုလိုသည်မှာ နောက်ထပ် တစ်လကြာလျှင် ဧကရာဇ် ပြန်ရောက်တော့မည်။
ထိုအချိန်တွင် ယဲ့ယွင်သည် အိမ်မှပေးပို့သော စာတစ်စောင် လက်ခံရရှိသည်။ အစ်ကိုကြီး ယဲ့ကျယ်နှင့် ယင်ရှီတို့၏ မင်္ဂလာပွဲကို ၄ လပိုင်းကုန်တွင် ကျင်းပမည်ဟု ဆိုသည်။
ရုတ်တရက် အလျင်လိုရခြင်းမှာ အကြောင်းရှိသည်။
ယင်ရှီ၏ အဘိုးသည် ကျန်းမာရေးမကောင်းဘဲ သေဆုံးမည့် လက္ခဏာများ ပြနေသည်။ သို့သော် အဘိုးသည် အသက် ၇၀ ရှိပြီဖြစ်၍ သေဆုံးလျှင်ပင် ကောင်းမွန်သော သေဆုံးခြင်းဟု သတ်မှတ်နိုင်သည်။
အဘိုးက သူသေဆုံးသွားလျှင် မြေးမလေးက ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ စောင့်ရမည်ဖြစ်၍ မင်္ဂလာပွဲ ကြန့်ကြာသွားမည်ကို စိုးရိမ်သဖြင့် မင်္ဂလာပွဲကို ကြိုတင်ကျင်းပရန် အကြံပြုခြင်း ဖြစ်သည်။
ယဲ့မိသားစု သဘောမတူမှာ စိုးရိမ်ခဲ့ပေမယ့် ယဲ့ကျယ်က ချက်ချင်း သဘောတူလိုက်သလို ချူရှီကလည်း ကန့်ကွက်ခြင်း မရှိပေ။
မင်္ဂလာပွဲကို လင်ကျိုးမှာ အရင်ကျင်းပပြီးမှ မြို့တော်တွင် ထပ်ကျင်းပမည်ဖြစ်သည်။ချူရှီ ကိုယ်တိုင် လင်ကျိုးကို သွားရောက်ပြီး မင်္ဂလာပွဲ တက်ရောက်ရန်
စီစဉ်ထားသည်။ သူမတစ်ယောက်တည်းမဟုတ်ပဲ ယဲ့ယွင်၏ဦးလေးနဲ့ အဒေါ်ပါ လိုက်သွားမည်ဖြစ်သည်။ မြို့တော်က အိမ်ကိုတော့ ဒုတိယအဒေါ် ယန်ဝမ်ရုန်ကို လွှဲထားခဲ့မည်ဟုဆိုသည်။
ခရီးသွားတာ အသွားအပြန် နှစ်လလောက် ကြာလိမ့်မယ်။ ယန်ဝမ်ရုန်က မြို့တော်မှာ မင်္ဂလာပွဲအတွက် ကြိုပြင်ဆင်ထားပြီး ချူရှီ လင်ကျိုးက ပြန်ရောက်တာနဲ့ ဇနီးမောင်နှံနှစ်ယောက်ကိုပါ ခေါ်လာပြီး မြို့တော်မှာ မင်္ဂလာပွဲ ထပ်ကျင်းပဖို့စီစဉ်ထားပေသည်။
ထိုကဲ့သို့စီစဉ်လိုက်သောအခါအချိန်ကုန်သက်သာပြီး ယဲ့ကျယ်လည်း လင်ကျိုးစစ်တပ်ဆီ အမြန်ပြန်သွားလို့ ရပေမည်။
ယဲ့ကျယ်က အခု စစ်အာဏာရှိသောတပ်မှူးဖြစ်သည့်အတွက် မြို့တော်တွင်ကြာကြာနေလို့ မရပေ။
ဒီအစီအစဉ်အားလုံး အတည်ပြုပြီးမှသာလျှင် ယဲ့ယွင်ကို အသိပေးခြင်းဖြစ်သည်။ မြို့တော်ပြန်လာပြီး မင်္ဂလာဆောင်ခွင့်ပြုဖို့ လျှောက်ထားတဲ့စာလည်း နင်ချန်ဆီ ရောက်နေလောက်ပြီဖြစိကြောင်းရေးသားထားခဲ့သည်။
နယ်စပ်က တပ်မှူးတွေ မြို့တော်ပြန်လာချင်ရင် ဧကရာဇ်၏ခွင့်ပြုချက် လိုပေသည်။
ယဲ့ယွင် စာဖတ်ပြီးနောက် ပြဿနာမရှိဟု ထင်မြင်သဖြင့် မင်္ဂလာလက်ဆောင်များ ပြင်ဆင်ရန် စတင်လုပ်ဆောင်လိုက်သည်။
"ဂိုဒေါင်စာရင်း ယူလာခဲ့စမ်း။ ပစ္စည်းကောင်းတွေ ရှိရင် လင်ကျိုးကို ပို့လိုက်မယ်။"
ဟွေယွဲ့ ခေါင်းညိတ်ပြီး ဗီရိုပေါ်မှ သစ်သားသေတ္တာလေးကို ယူချပေးလိုက်သည်။ ထိုထဲတွင် ယဲ့ယွင်၏ ပိုင်ဆိုင်မှု စာရင်းများ ပါရှိသည်။
"လင်ကျိုးက လေတိုက်ပြီး သဲတွေများတယ်။ မရီးလောင်းကလည်း မြင်းစီးတိုက်ခိုက်တတ်တဲ့သူဆိုတော့ ဒီပိတ်စနုနုလေးတွေက ၆ လိပ်လောက်ဆို လုံလောက်ပြီ။ များရင်လည်း အသုံးမဝင်ဘူး။ ပိုးသားပိတ်စတွေ ပိုထည့်လိုက်။ အဝတ်အစားချုပ်ပြီးသား ၄ စုံ ထည့်လိုက်။ လက်ဝတ်ရတနာတွေကိုတော့ သူ ဘယ်လိုကြိုက်မှန်း မသိလို့ အစုံလိုက် ၆ စုံ ထည့်လိုက်။ ပြီးတော့ ကျောက်စိမ်းတုံးကောင်းကောင်းတွေ ပိုထည့်ပေးလိုက်။ သူကြိုက်တဲ့ပုံစံ ထွင်းလို့ရအောင်လို့။"
ယဲ့ယွင်သည် စာရင်းကိုကိုင်ပြီး ရက်ရက်ရောရော မှာကြားလိုက်ရာ အစေခံများက သေတ္တာ ၃ လုံးစာ ပြည့်အောင် ထည့်လိုက်ရသည်။
နန်ကျစ်က နှမြောတသဖြင့် ပြောလိုက်သည်။
"ကျယ်ယွီ... ကိုယ့်အတွက် နည်းနည်းမှ မချန်ထားတော့ဘူးလား။ အများကြီး ပေးလိုက်တာပဲ။"
"နင်က ကပ်စေးနည်းလိုက်တာ။ ဒါတွေက အပြင်ပန်းအရာဝတ္ထုတွေပဲဟာ။"
ယဲ့ယွင် ရယ်မောရင်း စာရင်းစာအုပ်ဖြင့် သူမခေါင်းကို ခေါက်လိုက်သည်။ ထို့နောက် နောက်ထပ် ပစ္စည်းများ ထပ်မံရွေးချယ်လိုက်ပြန်သည်။
ယင်မိသားစုတစ်ခုလုံးအတွက် ယောက်ျား၊ မိန်းမ မရွေး အားလုံး ထည့်သွင်းစဉ်းစားပေးလိုက်သည်။
အစ်ကိုကြီး ယဲ့ကျယ်အတွက်လည်း ပြောစရာမလိုတော့ပေ။ သို့သော် ယဲ့ယွင်တွင် ယောက်ျားလေးဝတ်စုံ ချုပ်ရန် ပိတ်စ သိပ်မရှိသဖြင့် အခြားပစ္စည်းများ ထည့်ပေးလိုက်သည်။
သခင်နှင့် အစေခံများ ပစ္စည်းစစ်ဆေးနေစဉ် အပြင်ဘက်မှ လုဟယ် ဝင်လာပြီး ကျားရို့မင်းသမီး နင်လင် ရောက်နေကြောင်းသတင်းပို့လေသည်။
ယဲ့ယွင်သည် နင်လင် တကယ်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အံ့ဩသွားခဲ့သည်။ သို့သော်လက်ဖက်ရည်ပြင်ခိုင်းပြီး ကိုယ်တိုင် ထွက်ကြိုလိုက်သည်။
"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။ တော်ဝင်ဥယျာဉ်ထဲ လမ်းလျှောက်ရင်း ယွီရှို့အဆောင်ဘက် ရောက်လာလို့ ဝင်လာတာပါ။ ရုတ်တရက်ကြီးမို့လို့ ခွင့်လွှတ်ပါနော်။"
နင်လင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
ဒီနေ့ သူမသည် ရေပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို မိန်းမပျိုလေးပုံစံ ထုံးထားသဖြင့် ယဲ့ယွင် အားကျမိသွားသည်။
"မင်းသမီးက အားနာတတ်လိုက်တာ။ ကျွန်မလည်း တစ်ယောက်တည်း ပျင်းနေတာပါ။ မင်းသမီး ရောက်လာတော့ စကားပြောဖော် ရတာပေါ့။ ဒီနေ့ စားဖိုဆောင်က ပို့ပေးတဲ့ ပန်းမုန့်လေးတွေ ကောင်းတယ် မြည်းကြည့်ပါအုံး။”
ယဲ့ယွင် ပြုံးပြပြီး ပြန်လည်ဂါရဝပြုကာ အထဲသို့ ဖိတ်ခေါ်လိုက်သည်။
အထဲဝင်လိုက်သောအခါ ပိုင်ရှုက အစေခံများကို ဦးဆောင်ပြီး ပစ္စည်းသေတ္တာများ သယ်ထုတ်နေသည်ကို တွေ့လိုက်ရသည်။
နင်လင် နားမလည်သဖြင့် မေးလိုက်သည်။
"ဂိုဒေါင်ရှင်းနေတာလား။"
"မဟုတ်ပါဘူး။ ၄ လပိုင်းကုန်ကျရင် အစ်ကိုကြီး မင်္ဂလာဆောင်မှာမို့လို့ မင်္ဂလာလက်ဆောင်တွေ ပို့မလို့ ပြင်ဆင်နေတာပါ။"
ယဲ့ယွင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုင်ပြီးနောက် တစ်ခုခုကို သတိရသွားပြီး ပြုံးလိုက်သည်။
"ပြောရရင် မင်းသမီးရဲ့ မင်္ဂလာပွဲလည်း နီးနေပြီနော်။"
စဉ်းစားကြည့်ရင် တကယ်ရေစက်ပါပဲ။ ကျားဟယ်မင်းသမီး နင်ကျင်းက သူ့မရီးဖြစ်လုနီးပါး ဖြစ်ခဲ့ဖူးတယ်လေ။
သို့သော်စိတ်ထဲမှသာတွေးလိုက်ပြီးထုတ်မပြောခဲ့ပေ။ ထုတ်ပြောလိုက်လျှင်မင်းသမီး၏ဂုဏ်သိက္ခာ ထိခိုက်သွားလိမ့်မည်။
"ကျယ်ယွီကလည်း... နောက်ပြောင်မနေပါနဲ့။"
နင်လင် မျက်နှာနီရဲသွားပြီး ခေါင်းငုံ့ကာ ရှက်နေသည်။
သူမ၏ အစေခံ ကျစ်ဟွာ က ဝင်ပြောလိုက်သည်။
"ဖုမာက နူးဘီတို့ မင်းသမီးကို အရမ်းချစ်တာ။ မင်းသမီး ခေါင်းပေါ်က စံပယ်ပန်းဆံထိုးက ဖုမာ လွန်ခဲ့တဲ့ရက်က ပို့ပေးလိုက်တာလေ။ ဖုမာကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလည်း ပါတယ်။ မနှစ်က မင်းသမီး တော်ဝင်ဥယျာဉ်ထဲမှာ ဇီးပန်းကြည့်နေတဲ့ပုံလေ။"
"နင် စကားများလိုက်တာ။"
နင်လင် ရှက်ပြီး ကျစ်ဟွာ၏ ခါးကို လှမ်းဆွဲညှစ်လိုက်သည်။
ထိုအမူအရာကြောင့် ယဲ့ယွင်လည်း ရယ်မောလိုက်သည်။
"ကြည့်ရတာ မင်းသမီးနဲ့ ဖုမာက တော်တော်လေး လိုက်ဖက်ညီပုံရတယ်။"
နင်လင် မျက်နှာတစ်ခုလုံး နီရဲသွားသည်။
"ဒီကောင်မလေးက ပါးစပ်သရမ်းတာ။ ကျယ်ယွီကလည်း လိုက်စနေတယ်။ ဒီလိုဆိုရင် ဘယ်လိုလုပ် စကားဆက်ပြောမလဲ။"
"အို... မင်းသမီးကလည်း ဘာတွေ လောနေတာလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ ရှောင်လွှဲလို့မှ မရတာ။ ရှက်စရာ မလိုပါဘူး။"
ယဲ့ယွင် ပါးစပ်အုပ်ပြီး ရယ်မောလိုက်သည်။ မုန့်ပန်းကန်ကို သူမဘက်သို့ တိုးပေးလိုက်သည်။
"ဒါလေး မြည်းကြည့်ပါဦး။ ကျွန်မတော့ ကြိုက်တယ်။ မင်းသမီး ကြိုက်မကြိုက်တော့ မသိဘူး။"
နင်လင် တစ်ခုယူစားကြည့်လိုက်ရာ ကြိုက်သွားသည်။ ထို့နောက် လက်ဖက်ရည်သောက်လိုက်ရာ ပိုပြီး သဘောကျသွားသည်။
"ဒီလက်ဖက်ရည်မျိုး တစ်ခါမှ မသောက်ဖူးဘူး။ အရသာက မွှေးပြီး တခြားလက်ဖက်ရည်တွေလို ခါးသက်သက် မဖြစ်ဘူး။ ဘာလက်ဖက်ရည်လဲ။"
"မင်းသမီး ကြိုက်တာ ဝမ်းသာပါတယ်။ ဒါက ငွေအပ်ဖြူလက်ဖက်ရည်ပါ။ လက်ဖက်ဖြူအမျိုးအစားပေါ့။ မြို့တော်မှာ သောက်တဲ့လူ ရှားတယ်။ ကျွန်မဦးလေးက ကုန်သည်ဆိုတော့ အမှတ်တမဲ့ တွေ့ပြီး ကောင်းလို့ဆိုပြီး ပို့ပေးတာ။ ကျွန်မလည်း ကြိုက်လို့ ခဏခဏ သောက်ဖြစ်တယ်။"
ပြောပြီးသည်နှင့် ဟွေယွဲ့ကို လက်ဖက်ခြောက်တစ်အိုး ယူလာခိုင်းပြီး ပေးလိုက်သည်။
နင်လင် မသောက်ဖူးသော်လည်း လက်ဖက်ရည်ကောင်းမှန်း သိသဖြင့် ရုတ်တရက် အများကြီးရလိုက်လို့ အားနာသွားသည်။
သို့သော်ယဲ့ယွင်က ရက်ရောသူပီပီ မျက်တောင်မခတ်ဘဲ ပေးလိုက်သည်။
"မင်းသမီးက ဘာလို့ အားနေတာလဲ။ မင်္ဂလာဆောင်ရင် ကိုယ်တိုင် မင်္ဂလာဝတ်စုံ ချုပ်ရတယ်လို့ ကြားဖူးတယ်။ ဟုတ်လား။ ကျွန်မကတော့ ဒီအဆင့်ကို ကျော်သွားလို့ မသိဘူး။"
ယဲ့ယွင်က စကားစမြည် ပြောလိုက်သည်။
သူမကို ယခင်ဧကရာဇ်က နင်ချန်နှင့် လက်ထပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်အဆင့်သာဖြစ်သဖြင့် မင်္ဂလာဝတ်စုံ ချုပ်ခွင့်မရခဲ့ပေ။
နန်းတွင်းရေးရာဌာနက မင်္ဂလာဝတ်စုံ ပို့ပေးခဲ့သော်လည်း မဝတ်ရသေးခင် ယခင်ဧကရာဇ် နတ်ရွာစံသွားသဖြင့် ဝတ်ခွင့်မရလိုက်ပေ။ နောက်ပိုင်းတွင် ဝမ်ရုန်အဆင့်ဖြင့် နန်းတွင်းဝင်ခဲ့ရသဖြင့် ပို၍ ဝေးကွာသွားပေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-188
အခန်း ၁၈၈ ။ အဓိပ္ပာယ်ရှိတဲ့ စကား
ယဲ့ယွင်၏ ပေါ့ပေါ့ပါးပါး ပြောဆိုမှုကြောင့် နင်လင် စိုးရိမ်သွားသည်။
စကားမှားပြောမိပြီး စိတ်ဆိုးသွားမှာ ကြောက်နေသည်။ ယဲ့ယွင်က သူမ၏ အမူအရာကို သတိထားမိပြီး ရယ်မောလိုက်သည်။
"ကျွန်မက သက်သက်မေးလိုက်တာပါ။ မင်းသမီးက ဘာလို့ ကြောက်နေတာလဲ။ မင်းသမီး မပြောချင်ရင် မပြောနဲ့လေ။"
နင်လင် မျက်နှာနီရဲသွားပြီး အမြန်ရှင်းပြသည်။
"မပြောနိုင်စရာ မရှိပါဘူး။ ကျွန်မ ပန်းထိုးမတော်လို့ပါ။ မယ်တော်က နန်းတွင်းက ပန်းထိုးသမားတွေကို လုပ်ခိုင်းပြီး ကျွန်မက နောက်ဆုံးမှ လက်စသတ်လိုက်ရုံပါပဲ။ ဒီရက်ပိုင်း အိမ်တွင်းမှု အတတ်ပညာတွေ သင်နေရလို့ မအားတာပါ။ ဒီနေ့မှ အပြင်ထွက်ခွင့်ရတာ။"
"တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း ပန်းထိုးမတော်ဘူး။"
ယဲ့ယွင် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
"မတော်ရုံတင် မဟုတ်ဘူး၊ ပိုက်ဆံအိတ်တစ်လုံးတောင် တစ်ခါမှ မချုပ်ဖူးဘူး။"
"ဟင်... တကယ်လား။"
နင်လင် အံ့သြသွားပြီး မျက်လုံးပြူးကာ ကြည့်နေသည်။
သူမ၏ အမူအရာ လွန်ကဲသွားမှန်း သတိရပြီး မျက်နှာလွှဲ၍ ရှက်ရွံ့စွာ ပြောလိုက်သည်။
"မနေ့က မယ်တော်က ဆူသေးတယ်။ ယောက်ျားအတွက် ပိုက်ဆံအိတ်တောင် မချုပ်ပေးတတ်ရင် သူများတွေ လှောင်ပြောင်တာ ခံရမယ်တဲ့။"
အမျိုးကောင်းသမီးတွေထဲမှာ ပန်းမထိုးတတ်တဲ့သူ ရှားပါတယ်။
နင်လင်သည် ကြိုးစား၍သင်သော်လည်း ပါရမီမပါသည့်အတွက် မတတ်ခြင်းပေ။ ယဲ့ယွင်ကတော့ စိတ်မဝင်စားလို့ မသင်ခြင်းဖြစ်သည်။ သူမက မြင်းစီး၊ လေးပစ်ခြင်းတို့ကိုသာ ပို၍ဝါသနာပါပေသည်။
ယဲ့စစ်သူကြီးကလည်း သမီးကို အလိုလိုက်ပြီး သင်ပေးခဲ့သည့်အတွက် ယဲ့ယွင်က မြင်းစီးလေးပစ်ကို တစ်ဖက်ကမ်းခက်ကျွမ်းကျင်ခဲ့သည်။
ယဲ့ယွင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"သူများတွေ လှောင်ပြောင်တာက သူတို့ကိစ္စလေ။ ကိုယ့်ဖာသာ နေလို့ကောင်းရင် ပြီးတာပဲ။ မိန်းကလေးဆိုတာ အိမ်ထောင်ကျတာနဲ့ ယောက်ျားကို ဦးစားပေးရမယ်ဆိုတဲ့ ဥပဒေ မရှိပါဘူး။"
"ဒါပေမယ့်... ယောက်ျားနောက် လိုက်ရမယ်ဆိုတာ..."
"အဲဒါ ပြောရုံသက်သက်ပါ။ တကယ်လို့ အရာရာ ယောက်ျားသဘောအတိုင်း လိုက်လုပ်နေရင် ကိုယ့်ဘဝ ဘယ်မှာရှိတော့မလဲ။"
ယဲ့ယွင် ဖြတ်ပြောလိုက်သည်။
"ဘဝဆိုတာ ရှည်လျားပါတယ်။ စိတ်ညစ်စရာကောင်းအောင် နေရရင် ပင်ပန်းလွန်းပါတယ်။"
ယဲ့ယွင်စီမှာ ဆန့်ကျင်ဘက် စကားတွေကြောင့် နင်လင် ထိတ်လန့်သွားသော်လည်ူသေချာစဉ်းစားကြည့်ပါက အဓိပ္ပာယ်ရှိသလို ခံစားရသည်။
ယဲ့ယွင်က ဆက်ပြီး သွန်သင်ပေးလိုက်သည်။
"ပြီးတော့ မင်းသမီးက ဧကရာဇ်ရဲ့ သမီးတော်လေ။ ဖုမာဆိုတာ မင်းသမီးကို လက်ထပ်တဲ့သူကို ခေါ်တာ။ ဘယ်သူက အရှင်သခင်လဲ။ မင်းသမီးက အရှင်သခင်လေ။ ဖုန်းမိသားစုအတွက် မင်းသမီးနဲ့ လက်ထပ်ရတာ ဂုဏ်ယူစရာပါ။ မင်းသမီးက သူတို့ကို ပြုစုဖို့သွားတာမှ မဟုတ်တာ။"
နင်လင် သေချာနားထောင်ရင်း ပိုပြီး သဘောကျလာသည်။
မင်ကျယ်ယွီပြောတာတွေက မိန်းမဝတ္တရား စာအုပ်တွေနဲ့ ကွာခြားနေပေမယ့် တကယ် အဓိပ္ပာယ်ရှိတာပဲ။
နှစ်ယောက်သား ၂ နာရီလောက် စကားပြောဖြစ်ကြသည်။ နောက်ဆုံး နင်လင် နေ့လည်စာစားပြီးမှသာ ပြန်သွားခဲ့သည်။
ပြန်သွားသည့်အချိန်တွင်လက်ဖက်ရည်တွေ ပါသွားရုံမက လူပုံစံပါ ပြောင်းလဲသွားသလိုပင်။ နင်လင်သည်လာတုန်းကထက် ပို၍လန်းဆန်းတက်ကြွနေခဲ့သည်။
ယဲ့ယွင် ဒီနေ့ပြောလိုက်တဲ့ စကားများသည်နင်လင်ရဲ့ ဘဝကို အများကြီး ပြောင်းလဲစေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဒါကသေချာပေါက်နောက်ပိုင်းမှာဖြစ်လာမဲ့ကိစ္စတွေပါ။
"ကျယ်ယွီ... တကယ်ပဲ ဘာမှမကြောက်ဘူးနော်။ မင်းသမီးကို လမ်းမှားရောက်အောင် လုပ်လိုက်ပြီ။"
နန်ကျစ်က စိတ်ပူနေသည်။
ထိုက်ကွေ့ဖေး လာရန်တွေ့မှာကို ကြောက်နေသည်။
ယဲ့ယွင် လက်ဖက်ရည်တစ်ငုံသောက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။
"ငါ့အမြင်ကို ငါပြောပြတာပဲ။ မင်းသမီး နားထောင် မထောင် ငါမသိဘူး။ စကားပြောတာပဲဟာ။ ဘာလမ်းမှားရောက်စရာ ရှိလဲ။ တကယ်လမ်းမှားရောက်နေတာ နင်တို့နှစ်ယောက်လေ။"
နန်ကျစ်နှင့် ဟွေယွဲ့တို့က ငယ်ငယ်ကတည်းက ပြုစုလာခဲ့တာဆိုတော့ ယဲ့ယွင်ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးခံထားရတာ ကြာပါပြီ။
ဒါကြောင့် တခြားအစေခံတွေ အိမ်ထောင်ပြုဖို့ ပြောနေကြပေမယ့် သူတို့နှစ်ယောက်ကတော့ စိတ်မဝင်စားကြပါဘူး။
ယဲ့ယွင် တခြားကိစ္စတစ်ခုကို စဉ်းစားလိုက်သည်။
အရှင်မင်းကြီး ပြန်လာတော့မယ်ဆိုတော့ ကြိုဆိုဖို့ တစ်ခုခု ပြင်ဆင်ရမယ်။
ဒါကြောင့် ဟွေယွဲ့ကို ဆေးရောင်စုံတွေ ယူခိုင်းပြီး ပန်းချီဆွဲဖို့ ပြင်လိုက်သည်။
စည်းမျဉ်းအရ ဧကရာဇ်ပုံကို ဆွဲခွင့်မရှိပေ။ဒါပေမယ့် သူများမမြင်အောင် ကျောဘက်ပုံစံ ဆွဲလိုက်ရင် ရတာပဲကို။
နောက်တစ်ချက်က ယဲ့ယွင်သည် လူပုံဆွဲရာတွင် ပါရမီမပါသောကြောင့်ဖြစ်သည်။
ပန်းချီသင်တုန်းက ပန်းတွေ၊ မြက်ပင်တွေအပြင် ရှုခင်းတွေက ပိုဆွဲရလွယ်သည့်အတွက်အမြဲတမ်း ရှုခင်းပဲ ဆွဲဖြစ်ခဲ့သည်။
ရှုခင်းဆွဲတာက လူပုံဆွဲတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်သည့်အတွက်ကြောင့်ပင်။
စုတ်တံကို ကိုင်ပြီး တောင်ဘက်ရှုခင်းကို စိတ်ကူးကြည့်လိုက်သည်။
မိုးမခပင်တွေက အကိုင်းအခက်တွေ တွဲလောင်းကျနေတယ်။ တောင်ဘက်မှာ ရေလမ်းကြောင်းတွေ များတော့ လှေစီးရမှာ သေချာတယ်။ နဂါးလှေတစ်စင်း ထည့်ဆွဲလိုက်မယ်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လှေဦးတွင် လက်နောက်ပစ်ပြီး ရပ်နေသည်။ လက်ထဲတွင် ယပ်တောင်အဖြူကို ကိုင်ထားပြီး ဘေးတစောင်း လှည့်ကြည့်နေသည်။
လေပြည်ညင်း တိုက်ခတ်သဖြင့် မိုးမခပင်များ ယိမ်းနွဲ့နေပြီး ဇရက်ငှက်များ ပျံသန်းနေသည်။ နွေဦးနေရောင်ခြည်က ရေပြင်ပေါ် ကျရောက်ပြီး တောက်ပနေသည်။
ညနေခင်းတစ်ခုလုံး ယဲ့ယွင် ဒီပန်းချီကားပေါ်တွင် အသေးစိတ်အာရုံစိုက်ထားပေသည်။
မျက်နှာကို သေချာမမြင်ရသော်လည်းလက်က လက်စွပ်၊ ခါးက နဂါးပုံ ကျောက်စိမ်းပြားနဲ့ မျက်လုံးပုံစံကို ကြည့်ပါက နင်ချန်မှန်း သိသာပေသည်။
"ငါ လူပုံဆွဲရင် ဒီလောက်ကောင်းတာ တော်တော်ရှားတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး သိမ်းထားလို့မရတာနှမြောစရာပဲ။”
ယဲ့ယွင် စုတ်တံချပြီး ကျေနပ်စွာ ကြည့်လိုက်သည်။
အစေခံများ ဝိုင်းကြည့်ပြီး ချီးကျူးကြသည်။
နန်ကျစ်က ပြောလိုက်သည်။
"ဘောင်မခတ်ရပေမယ့် အခြောက်လှန်းပြီး အိပ်ခန်းထဲမှာ ချိတ်ထားလို့ ရပါတယ်။ ကျယ်ယွီ ဆွဲတာ အရမ်းကောင်းလို့ အရှင်မင်းကြီး မြင်ရင် သဘောကျမှာပါ။"
"ဟုတ်လား။"
ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။
"တစ်ခုခု လိုနေသလိုပဲ။ ကဗျာတစ်ပုဒ်လောက် ရေးထည့်ရမယ်။ ခဏထားလိုက်ပါဦး။ စဉ်းစားပြီးမှ ရေးထည့်ပြီး သိမ်းထားလိုက်မယ်။"
နန်ကျစ် ခေါင်းညိတ်ပြီး အခြားကိစ္စတစ်ခု ပြောလိုက်သည်။
"ဒီနေ့ နန်းတွင်းရေးရာဌာနကို လစာသွားထုတ်တုန်းက အပ်ချုပ်ဌာနဘက်သွားတဲ့သူတွေ အများကြီး တွေ့လိုက်တယ်။ လက်ထဲမှာ ပိတ်စတွေ ကိုင်ထားကြတယ်။ အဝတ်အစားသစ် ချုပ်ကြမလို့ ထင်တယ်။"
"မထူးဆန်းပါဘူး။ အရှင်မင်းကြီး ပြန်လာတော့မယ်ဆိုတော့ လှလှပပ ပြင်ဆင်ကြမှာပေါ့။"
ယဲ့ယွင် ပြောလိုက်သည်။
အမွှေးတိုင်မီးဖိုနားသွားပြီး အဖုံးဖွင့်ကာ ပြာများကို ဇွန်းငယ်ဖြင့် မွှေလိုက်သည်။
ဟွေယွဲ့က မေးလိုက်သည်။
"ကျယ်ယွီက အဝတ်အစားသစ် မချုပ်ဘူးလား။ ဗီရိုထဲမှာ အများကြီး ရှိပေမယ့် ဒီနှစ် ဒီဇိုင်းသစ်တွေ ပေါ်နေပြီလေ။"
ယဲ့ယွင် ခေါင်းယမ်းလိုက်သည်။
"အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဘယ်လောက်လှလှ အတူတူပါပဲ။ အဲဒီအပေါ်မှာ အချိန်မကုန်ချင်ပါဘူး။"
အစေခံနှစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။
ယဲ့ယွင် လှည့်ကြည့်ပြီး စားပွဲပေါ်က ပန်းချီကားကို ညွှန်ပြလိုက်သည်။
"လက်ဆောင် ပြင်ဆင်ပြီးပြီလေ။ အရှင်မင်းကြီး ပြန်ရောက်ရင် ဒါကို ကြိုဆိုလက်ဆောင်အဖြစ် ပေးလိုက်မယ်။"
အခုမှ နန်ကျစ်နဲ့ ဟွေယွဲ့ သဘောပေါက်သွားကြသည်။
သခင်မလေ အလကား အလုပ်ရှုပ်ခံမည့်သူမဟုတ်ပေ။ ညနေခင်းတစ်ခုလုံး အချိန်ကုန်ခံပြီး ဆွဲထားတာ ဒီနေရာမှာ သုံးဖို့ကိုး။
အရှင်မင်းကြီးကို ပေးတဲ့လက်ဆောင်တွေထဲမှာ ဒါက ထူးခြားတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် အရှင်မင်းကြီးပုံ ပါနေတာလေ။
ယဲ့ယွင် ထိုင်လိုက်သည်နှင့် ညန်ကောင်းလေးက ခြေထောက်လာပွတ်သီးပွတ်သပ် လုပ်နေသောကြောင့် လက်ဆွဲနှုတ်ဆက်တမ်း ကစားလိုက်ကြသည်။
"နင်က သက်တောင့်သက်သာ ရှိလိုက်တာ။ စားလိုက်၊ အိပ်လိုက်၊ ဆော့လိုက်နဲ့ ဘာမှ ပူစရာမလိုဘူး။"
ညန်ကောင်းလေး နားမလည်ပေမယ့် 'ဝုတ် ဝုတ်' ဟု ပြန်ဟောင်လိုက်သည်။
မျက်လုံးဝိုင်းဝိုင်းလေးတွေ လည်နေတာကို ကြည့်ပြီး ယဲ့ယွင် ခေါင်းကို အသည်းယားစွာ ပွတ်သပ်ပေးလိုက်သည်။
ဘေးနားမှာ စားပွဲရှင်းနေတဲ့ ဟွေယွဲ့က ပြောလိုက်သည်။
"ကျယ်ယွီက ကလေးကျနေတာပဲ။ ခွေးကိုတောင် အားကျနေတယ်။"
"သူက တကယ် ကံကောင်းတာပဲဟာ။"
ယဲ့ယွင် ခွေးမွေးကို သပ်ပေးရင်း ပြောလိုက်သည်။
မျက်နှာသာရဖို့ မကြိုးစားရဘူး၊ ရန်မဖြစ်ရဘူး။ ရိုးရိုးရှင်းရှင်းလေး နေရတာ။
ဒီလိုဘဝမျိုး သူမ မရနိုင်တော့ဘူး။ ခွေးလေးနေရတာကိုကြည့်ပြီး စိတ်ဖြေသိမ့်ရုံပါပဲ။
***